← Chapters

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

အခန်း (၂၀၈-၂၁၀)

Vol. 14 Ch. 208-210

(208)

ရက်စဲလည်း ဂျိတ်၏အစွမ်းကို မြင်လိုက်သည်မို့ ပိုမိုလေးစား မိ၏။လူရမ်းကားဆိုသူမှာ အလွန်ပင်အစွမ်းထက်သော စစ်သည်တော်တစ်ယောက်ပင်ဖြစ်၏။သို့သော်လည်း ဂျိတ်နဲ့ တွေ့သောအခါ လွင့်စင်ထွက်သွားရလေ၏။ ရက်စဲလည်း ဂျိတ်အားခေါ်ဆောင်၍ သူသိထားသောလမ်း အတိုင်း တစ်လျှောက်ပို့ဆောင်ပေး၏။လမ်းသွယ်များ တော်တော်ဖြတ်သန်းပြီး၍ အချိန်ငါးမိနစ်ခန့်ကြာသောအခါ ရက်စဲသည် ဆိုင်တစ်ဆိုင်ရှေ့၌ ရပ်တန့်လိုက်၏။ "ဒီဆိုင်ပါပဲ" ဂျိတ်လည်း ရက်စဲဆိုသောဆိုင်ထဲသို့ဝင်သွားလိုက်၏။ရက်စဲ ကတော့ဆိုင်ထဲမဝင်ပဲ အပြင်ကနေသာစောင့်နေမည်ဟု ဆို၏။ထို့ကြောင့် ဂျိတ်လည်း ရက်စဲအား မခေါ်တော့ပဲ တစ်ယောက်တည်းဝင်သွား၏။ ဆိုင်ထဲရောက်သည်နဲ့ လူတော်တော်များများရှိကြောင်း တွေ့ရ လေ၏။ရက်စဲပြောသည်ကမှန်သည်ဖြစ်၏။ထိုဆိုင်သည် လျှို့ဝှက်မြို့တော်တစ်ခုလုံး၌ စျေးမှန်ကန်စွာဝယ်ရောင်းသော ဆိုင်လေးတစ်ဆိုင်ဖြစ်၏။ထို့ကြောင့်လည်း လူများရှိနေခြင်း လည်းဖြစ်၏။ "လူကြီးမင်း ဘာအလိုရှိပါသလဲ" ဖော်ရွေဟန်ရှိသော လူတစ်ယောက်မှလာပြီး ဂျိတ်အား နှုတ်ခွန်းဆက်သ၏။ "ကျုပ်ကရောင်းချင်တာပါ" "ကောင်းပါပြီ ဒီဖက်ကြွပေးပါ" ထိုလူမှ ဂျိတ်အား ဆိုင်၏နောက်တစ်နေရာသို့ခေါ်သွား၏။ ဆိုင်သည်အရောင်းတစ်နေရာ အဝယ်တစ်နေရာသတ်မှတ် ထားဟန်ရှိ၏။ထို့ကြောင့် ဂျိတ်အား နောက်တစ်နေရာသို့ခေါ် သွားရခြင်းပင်ဖြစ်၏။ "ဒီလူကြီးမင်းက ရောင်းမှာပါတဲ့" ထိုလူမှ အဝယ်တော်ကောင်တာ၌ထိုင်နေသော လူကြီးအား ပြော၏။ကောင်တာ၌ထိုင်နေသောလူကြီးသည် အသက်ငါး ဆယ်ကျော် ရှိပြီး ပလက်တီနမ်အဆင့်တစ်ဖြစ်၏။ထိုလူသည် အဝယ်ပိုင်း၌ ကျွမ်းကျင်ကြောင်း သူ၏ဟန်ပန်အသွင်ပြင်က ဖော်ပြနေ၏။ "ဘာရောင်းမှာလဲ လူကြီးမင်း" "ကျုပ် ရွှေရောင်းမယ်" "ကောင်းပြီ ဒါဆိုပြပါ" လူကြီး၏စကားဆုံးသည်နဲ့ ဂျိတ်လည်း သူ၏သိုလှောင် လက်စွပ်မှ ရွှေများအားထုတ်လိုက်၏။ "ဝေါ" ရွှေများက ကြမ်းပြင်ပေါ်သို့ကျဆင်းသွား၏။ "ဟာ အများကြီးပါလား" အဝယ်နေရာ၌ရှိသမျှသောလူတိုင်း အံသြကြ၏။အဝယ် လူကြီးလည်း တစ်ခါမှ ထိုမျှများပြားလှသောရွှေရောင်းသူ အား မမြင်ဖူးသောကြောင့် အံအားသင့်၏။အဝယ်ခန်းမ ထဲ၌ဂျိတ်၏ရွှေများသည် တောင်ပူစာငယ်လေးပမာဖြစ် နေ၏။ "ဒါတွေရောင်းမယ် တန်ကြေးဖြတ်ပေးပါ" "ဟုတ်ပါပြီ" ဂျိတ်ပြောသည်နဲ့ သူ၏ငေးနေသောအတွေးများ ပြန်လည် အသက်ဝင်လာပြီး သူ၏အလုပ်အားစတင်လုပ်ဆောင် လိုက်၏။ ဂျိတ်ကတော့ အေးဆေးပင်စောင့်ဆိုင်းနေ၏။ထို အဝယ်တော်လူကြီး၏တွက်ချက်မှုအား စောင့်ဆိုင်းနေ၏။ထို အဝယ်တော်ကြီးသည် ဂျိတ်၏ရွှေများအား သေချာစုပုံပြီး လျှင် တန်ချိန်ချိန်၏။ထို့နောက် ရွှေအရည်သွေးကောင်းမ ကောင်းကြည့်ရှုစစ်ဆေး၏။စစ်ဆေးပြီးသေချာသည်ဆို သောအခါမှ "လူကြီးမင်း ရွှေကိုစစ်ဆေးတွက်ချက်ပြီးပါပြီ စုစုပေါင်း ရွှေ ဒဂ်ါးပြားသန်းလေးရာရပါမယ်" "သန်းလေးရာတဲ့ ဟူးးး" ကြားရသူတိုင်း အသက်ရှုဖို့မေ့သွားကြ၏။ရွှေဒဂ်ါးသန်းလေး ရာဆိုပါလား။ထိုပမာဏကအတော်ပင်များပြားလှ၏။ ဂျိတ်အတွက်တော့ ထိုပမာဏသည် သေးငယ်သောပမာဏ လေးသာဖြစ်၏။ "ကောင်းပြီ သဘောတူတယ် နေဦး ကျုပ်မှာ နောက်ထပ် ရောင်းစရာရွှေကျန်သေးတယ်" "ကျန်...ကျန်သေးတယ်ဟုတ်လား ဒါဆိုပြစမ်းပါဗျာ" အဝယ်တော်မှစိတ်အားထက်သန်စွာဆို၏။သူ့အနေဖြင့် အရည်သွေးကောင်းပြီးဤမျှသန့်စင်လှသောရွှေများအား မ မြင်ဖူးသည်မှာ ကြာပြီဖြစ်၏။ နောက်တစ်ကြိမ်လည်း စစ်ဆေးကြည့်ရာ သန်းလေးရာ တန်ဖိုးရှိကြောင်းတွေ့ရလေ၏။ "လူကြီးမင်း ခေတ္တ စောင့်ဆိုင်းနေပါဗျ သွားယူပေးနေပါ တယ်ဗျ" အဝယ်တော်မှ ဂျိတ်အားတတ်နိုင်သမျှအချိုသာဆုံးပြော၏။ ဤသည်မှာ မိမိရောင်းသောရွှေ၏တန်ခိုးပင်ဖြစ်ကြောင်း သိ၏။ "ရပါပြီဗျ ရော့ဒီမှာ လူကြီးမင်းအတွက် ဘဏ်ကဒ်ပါ " အဝယ်တော်မှာ ဂျိတ်အတွက်ဘဏ်ကဒ်တစ်ကဒ်ပေး၏။ထို ကဒ်ထဲ၌ သန်းရှစ်ရာဟူသောဂဏန်းကထင်ရှားစွာပြသ နေ၏။ "ကောင်းပြီ " ဂျိတ်လည်းအရောင်းဝယ်ဖြစ်မြောက်သွားသောကြောင့် ဆိုင် ထဲမှ ထွက်လာခဲ့လိုက်လေ၏။အဝယ်တော်အတွက်လည်း ဂျိ တ်အား နောက်နောင်လာရင် အသုံးပြုနိုင်သည်ဟူသော ကဒ် ပေးလိုက်၏။ထိုကဒ်သာပါလာပါက ဂျိတ်သည် ထို ဆိုင်၌20%အထူးလျော့စျေးရရှိမည်ဖြစ်၏။ ထိုကဒ်ပေးခြင်းဖြင့် အဝယ်တော်သည် မိမိတို့ဆိုင်နဲ့ဂျိတ်အား ဆက်ဆံရေးကောင်းတစ်ခုလုပ်ဆောင်လိုက်ခြင်းပင်ဖြစ်၏။ သန့်စင်လှသောရွှေများစွာရောင်းနိုင်သောသူအား အဘယ် ကြောင့်ဆိုင်မှ အလွယ်တကူမလွတ်ပေးနိုင်မည်နည်း။ "ပြီးသွားပြီလား လူကြီးမင်း" ဆိုင်ရှေ့၌စောင့်နေသော ရက်စဲမှမေး၏။ဂျိတ်ဝင်သွား သည်မှာ တစ်နာရီခန့်ကြာ၏။ "အေးပြီးသွားပြီ" ဂျိတ်မှဆို၏။ထို့နောက် ရက်စဲအား ငွေထုတ်ရာနေရာသို့ပြသ စေကာ ဘဏ်ကဒ်မှတစ်ဆင့် ငွေသားအဖြစ်သို့ပြောင်းလဲ စေ၏။ဘဏ်ကဒ်တွင်ပါသော ပမာဏမှာတော်တော်များပြား နေရာတစ်နေရာတည်းဖြင့် မရ၊ငါးနေရာမျှ ရွေးပြီးလှဲလည် နေရ၏။ထိုအခါမှသာ ငွေသားလဲလှယ်ခြင်းပြီးဆုံးသွား၏။ ငွေလဲလှယ်ပြီးသည်နဲ့ ဂျိတ်သည် ရက်စဲအား လမ်းကြို လမ်းကြားသို့ခေါ်ဆောင်သွားး၏။ "ဘာလုပ်မလို့လဲ " ရက်စဲ သည်ဂျိတ်၏အပြုမှုကို နားမလည်ဟန်ရှိ၏။ဂျိတ် ကတော့ လမ်းကြိုလမ်းကြားလေးထဲရောက်သည်နဲ့ အခြေနေ ကြည့်ရှု၏။သူတို့ရောက်နေသော လက်ရှိလမ်းကြားလေးမှာ အတော်ပင်လူပြတ်၏။လမ်းသွားလမ်းလာလေးပင်မရှိချေ။ "ကဲ တော်လိုက်ပြီ ပုန်းမနေနဲ့ထွက်ခဲ့ကြတော့" ဂျိတ်၏အသံဆုံးသည်နဲ့ ပုန်းရှိုနေကြသောလူခြောက်ယောက် မှာ ထွက်လာခဲ့လေ၏။ထိုလူများသည် တစ်ယောက်မှ လူကောင်းပုံမပေါက်ပေ။ "တော်သေးတယ် ထွက်မှထွက်လာဦးမလားလို့စိုးရိမ်နေတာ" ဂျိတ်၏စကားကြောင့် ထွက်လာသောခြောက်ယောက်မှာ အချင်းချင်းဟားတိုက်ကာလောင်ရယ်လိုက်ကြ၏။ "ကောင်လေး မင်းရဲ့ပါလာတဲ့ငွေအကုန်ငါတို့ကိုပေးရင် အသက်ရှင်စေမယ်" သေချာပေသည်။ဂျိတ်ထင်သည့်အတိုင်းပင်ဖြစ်၏။ထိုလူ​ ခြောက်ယောက်သည် မိမိရွှေရောင်းနေချိန်၌ရှိနေသော လူခြောက်ယောက်ပင်ဖြစ်၏။မိမိမှာ ရွှေရောင်းချပြီး သန်း ရှစ်ရာရထားသည်ကို သူတို့ခြောက်ယောက်လည်းသိကြ၏။ ထိုစဥ်ကတည်းကပင် သူတို့မျက်လုံးများ၌ လောဘစိတ်များ ဖုံးလွှမ်းနေပြီးဖြစ်၏။ ဤသည်ကို ဂျိတ်လည်းသိ၏။သို့သော် သူတို့မှမလှုပ်ရှားရာ ဒီ အတိုင်းနေနေခြင်းလည်းဖြစ်၏။ထိုဆိုင်သည် လျှို့ဝှက် မြို့တော်၌ အတော်တန်သြဇာသက်ရောက်မှုရှိရာ ဆိုင်ထဲ၌ အတင်းဓားပြတိုက်ဝံကြခြင်းမရှိပေ။ ထို့ကြောင့် ဂျိတ်ဆိုင်ပြင်ထွက်ချိန်မှစ၍သူတို့ခြောက်ယောက် မှာ နောက်ယောင်ခံလိုက်ကြလေ၏။အခုလို လူတိတ်ဆိတ်နေ သောနေရာ၌ ဂျိတ်မှရပ်လိုက်ရာ သူတို့အကြိုက်ဖြစ်ပြီး ထွက် ပေါ်လာကြခြင်းလည်း​ဖြစ်၏။ ထိုခြောက်ယောက်သည် အချင်းချင်းသဘောတူညီမှုလုပ်ပြီး ဂျိတ်အားတိုက်ခိုက်ကာလုယူမည်ဖြစ်၏။ဂျိန်ထံမှ သန်းရှစ်ရာ အား သူတို့အညီအမျှဝေခွဲပြီး ယူဆောင်ကြမည်ဖြစ်၏။ထို့ ကြောင့် တုံဆိုင်းနေခြင်းမရှိပဲ မိမိတို့၏လက်နက်များကို ထုတ်လိုက်ကြ၏။ ရက်စဲကတော့ ကြောက်လန့်နေ၏။ခုအခြေနေ၌ သူသည် အန္တရာယ်များသောအခြေနေ၌ရောက်ရှိနေ၏။ဓားပြတိုက် လာသောသူများ၏အနိမ့်ဆုံးစစ်သည်အဆင့်သည်ပင် ပလက်တီနမ်အဆင့်လေး၌ရှိ၏။ ဤသည်က သူ့အတွက်အန္တရာယ်ပင်။ "သေချာတယ် မင်းတို့ခြောက်ယောက်ပဲဆိုတာ" ဂျိတ်မှပြောပြီးသည်နဲ့ ရက်စဲအား နောက်ဆုတ်ခိုင်း၏။ ထို့နောက် ဂျိတ်မျက်စိမှိတ်ပြီး အာရုံယူလိုက်၏။ "ဓားပြတိုက်ခံရတော့ကြောက်နေပြီ ကြည့်လိုက်ဦး မျက်စိ တွေဘာတွေမှိတ်လို့" ဓားပြခြောက်ယောက်သည် အနိမ့်ဆုံးကပလက်တီနမ်အဆင့် လေးဖြစ်ပြီး အမြင့်ဆုံးကရှစ်၌ရှိ၏။ထို့ကြေညင့် ယေဘုယျ အားဖြင့်ဆိုပါက ဂျိတ်ကသေချာပေါက်ပင်ဆုံးရှုံးရတော့မည် ဖြစ်၏။ "ဟင် ဘာလားဟ" ရက်စဲတစ်ယောက် တုန်လှုပ်သွား၏။ဂျိတ်မျက်စိပြန်ဖွင့် သောအခါ နောက်တစ်ယောက်အသွင်သို့ပြောင်းလဲသွားသလို သူခံစားလိုက်ရ၏။ "ဘာလားဟ ဒီကောင်က" ရက်စဲသာမဟုတ် ဓားပြခြောက်ယောက်လုံးကပါ ခံစားလိုက် ရ၏။မျက်စိပြန်ဖွင့်သောအခါ ဂျိတ်သည် နောက်တစ်ယောက် အသွင်ပြောင်းလဲသွားသည်ဟု ခံစားလိုက်ကြရသောကြောင့် ဖြစ်၏။ အထူးသဖြင့်ဂျိတ်၏အကြည့်များဖြစ်၏။အကြည့်များသည် ဓားတစ်ချောင်းပမာ ထက်မြက်လှသည်ဟုခံစားမိ၏။ထိုအ ကြည့်ကို စူးစိုက်ဖို့လည်း မဝံရဲပေ။ "မပေးချင်လဲ သေလိုက်တော့" ဓားပြများက သူတို့၏ဓားများဝှေ့ယမ်းကာတိုက်ခိုက် လိုက်၏။ "ဝုန်း" ဓားများမှ ချာက္က ရာအစွမ်းများထွက်လာပြီး ဂျိတ်အား တိုက်ခိုက်လိုက်၏။ပလက်တီနမ်အဆင့်၏အစွမ်းများဖြစ်ရာ လုံးဝပင်ပြင်းထန်၏။တစ်ခြားသောလူဆိုပါက ထိုချာက္က ရာ၏အစွမ်းအောက်၌ ပြာပုံဘဝကျရောက်သွားမည်ဖြစ်၏။ အရောင်ခြောက်ရောင် ချာက္က ရာများက ဂျိတ်ထံပြေးဝင်၏။ "ဒီဟာလေးတွေက ဓားဆန္ဒအောက်မှာ မောက်မာနိုင်လားကြ ည့်ကြသေးတာပေါ့" ဂျိတ်မှရေရွတ်ပြီး သူ၏လက်ချောင်းကိုဝှေ့ယမ်း၏။ "ဓားအဖြစ်လက်ချောင်းကို အသုံးပြုခြင်း" ထိုအခိုက်မှာပင် ဂျိတ်၏စကားအတိုင်း သူ၏လက်ချောင်း သည် အလွန်ထက်မြက်သောဓားတစ်ချောင်းဖြစ်တည် လာ၏။ဤအဆင့်ကား ကိုယ်ခန္ဓာအား ဓားအသွင် တစ်သားတည်းဖြစ်တည်စေခြင်းနဲ့လည်းညီ၏။ မိမိကိုယ်ခန္ဓာအစိတ်ပိုင်းများအား မိမိအလိုရှိရာဓားအသွင် ပြောင်းလဲခြင်းဖြစ်၏။ထို့နောက် လက်ချောင်းအား ဝှေ့ယမ်း လိုက်၏။ "ဝှီး" ဓားအသွင်ရှိလက်ချောင်းမှ ဓားဆန္ဒတစ်ခုတိုးထွက်သွား၏။ ထိုဓားဆန္ဒသည် တားမရနိုင်သောအရှိန်ဝါရှိ၏။သူ၏ဆန္ဒ အောက်၌အရာအားလုံးကို ထိုးဖောက်လိုသောအရှိန်ဝါပါ၏။ "ဖြောင်း" ချာက္က ရာဓားချက်ခြောက်ချက်အား ဓားဆန္ဒတစ်ခုတည်းမှ ဖျက်စီးလိုက်၏။ထို့နောက် တားမရနိုင်သသောအရှိန်ဝါဖြင့် ဆက်လက်ပျံသန်းပြီး ဓားပြခြောက်ယောက်ထံပြေးဝင် သွား၏။ "မဟုတ်ဘူး" မိမိတို့၏ချာက္က ရာများပြတ်တောက်သွားသည်ကိုမြင်သည်နဲ့ ဓားပြများပြေးရန်ကြိုးစား၏။သို့သော် သူတို့လှုပ်ရှား၌မရ ကြောင်း သိလိုက်ရလေ၏။သူတို့၏အသိကပြေးချင် သော်လည်း ကိုယ်ခန္ဓာက မလှုပ်ရှားနိုင်ချေ။ဓားဆန္ဒက ဖိ ထားသောကြောင့်ဖြစ်၏။ "ရွှမ်း" ခြောက်ယောက်လုံး၏ကိုယ်အား ထိုးဖောက်သွားး၏။ထို့​ နောက် ထိုနေရာ၌ ဓားခုတ်ရာကြီးက မြေပြင်၌ကျန်ရစ် တည်ရှိနေတော့၏။ "သူတို့သေပြီလား" ရက်စဲမှမေး၏။ "မသေသေးဘူး သူတို့သေလို့မရဘူးလေ သေတာထက်ဆိုး တာလုပ်ခိုင်းရဦးမယ်" ထိုခြောက်ယောက်အား ပြင်းထန်သောဒဏ်ရာသာဖြစ်စေပြီး မလှုပ်ရှားနိုင်အောင်သာလုပ်လိုက်ခြင်းဖြစ်၏။ထိုကြောင့် နဂို ကတည်းက ဂျိတ်မှ ဓားဆန္ဒအား ချိန်ဆပြီးမှပစ်လိုက်ခြင်း ဖြစ်၏။မိမိတိုင်းပြည်စတင်တည်ဆောက်ချိန်၌ လူလိုနေရာအ ဘယ်ကြောင့် ဒင်းတို့အားအ​သေ သတ်နေရမည်နည်း။ သေချာပေါက် ခိုင်းစားရမည်ဖြစ်၏။ "ရက်စဲ မင်းတော်တယ် ရော့ ဘောနပ်စ်" ဂျိတ်မှအထုပ်လေးတစ်ထုပ်ပစ်ပေး၏။ ထိုအထုပ်အား ကိုင်ကြည့်ရာ ရွှေဒဂ်ါးတစ်ထောင်ပါကြောင်း ရက်စဲသိလိုက်၏။အံသြပြီး ကျေးဇူးတင်မည်အပြု "ဟင် ဘယ်ရောက်သွားတာလဲ" ရက်စဲအံသြနေ၏။ဂျိတ်နဲ့ ဓားပြခြောက်ယောက်တို့သည် စက္က န့်ပိုင်းတွင်း၌ မိမိရှေ့မှ ပျောက်ကွယ်သွားသောကြောင့်ဖြစ်၏။ "ဘာဖြစ်နေတာလဲ ဟင်" အသံကြား၌ လူရမ်းကားတစ်ယောက် ဒေါနဲ့မောနဲ့ပြေး လာ၏။သူ၏နောက်တွင်လည်း စစ်သည်တော်များပါရှိ၏။ သူတို့ရောက်ရှိသောအခါ မြင်လိုက်ရသည်ကား မြေပြင်၌ ကြီးမားပြီးသပ်ရပ်လှသော ဓားတစ်ချောင်းဖြတ်ရာကိုသာ မြင်တော့လိုက်ကြရတော့၏။

(209)

"ဟူး ဒီတစ်ခေါက်ခရီးကမဆိုးဘူးပဲ " အချိန်ကားညနေစောင်းခါနီးအချိန်ဖြစ်၏။ဂျိတ်တစ်ယောက် လျှို့ဝှက်မြို့တော်မှ ပြန်လည်ရောက်ရှိလာခြင်းလည်းဖြစ်၏။ "အင်း ဘဏ္ဏာရေးဘက်သွားဦးမှပါ" ဂျိတ်လည်း ဘုရင့်ဘဏ္ဏာများထိန်းသိမ်းရာနေရာသို့ ရောက်ရှိ လာ၏။ထိုနေရာသို့ ရောက်ရှိသည်နဲ့ ထိုနေရာအားစောင့်ကြပ် နေသောအစောင့်များကအရိုအသေပေးလိုက်ကြ၏။ ဂျိတ်လည်း သူတို့အရိုသေပေးမှုအား လက်ခံပြီး ဘဏ္ဏာရေး သိုလှောင်ခန်းထဲသို့ဝင်ရောက်သွားလေ၏။ ဘဏ္ဏာရေးအခန်းထဲသို့ရောက်သည်နဲ့ အထဲရှိအခြေနေများ အား တွေ့မြင်ရလေ၏။အခန်းကြီးသည်ကြီးကျယ်ပြီး ခမ်းနားသော်လည်း အခန်းတွင်း၌ ထိန်းသိမ်းထားသောအရာ များကနည်းပါးလှသည်ထက်အခြေနေဆိုး၏။ ပုံမှန်ဆိုလျှင် ဘဏ္ဏာရေးသိုလှောင်ခန်းမထဲ၌ အထွတ်မြတ် ထားရာ ရတနာများ၊ လက်နက်များ ၊သိုင်းကျမ်းများ၊ရတနာ ပစ္စည်းဝင်များနဲ့ရွှေငွေများ​က ထိုက်သင့်သလောက်ရှိရမည် ဖြစ်၏။ ယခုမှာကား ဖုန်မရှိရုံမှတစ်ပါး အခန်းကြီးကား ပြောင်လက် သန့်ရှင်းနေ၏။ "လခွမ်း အဲ့လောက်တော့မမွဲသင့်ပါဘူးလေ" ဂျိတ်ပင်အံအားသင့်ရ၏။ထိုမျှအခြေနေဆိုးဝါးသော တိုင်းပြည်ဘဏ္ဏာရေးအခန်းအား ပထမဆုံးအကြိမ်မြင်ဖူး ခြင်းလည်းဖြစ်၏။မိဖုရားကြီး ပုန်ကန်စဥ်အခါက ထိုမျှအထိ အပြောင်ရှင်းသွားမည်ဟုမထင်မှတ်ထားသည်လည်းပါ၏။ သူပေးထားသော ရွှေသန်းတစ်ထောင်သည်လည်း တိုင်းပြည် တိုးတက်ရေးအတွက် တစ်ခါတည်းဝေခွဲ ခြမ်းလိုက်ရသည်မို့ ဘဏ္ဍာရေးအခန်းထဲမရောက်လာခဲ့ခြင်းလည်းဖြစ်၏။ "အခန်းကလည်း စုတ်ချာနေတာပဲ" အခန်းအား စောင့်ကြပ်ထားသော စည်းများအင်းများအားကြ ည့်ပြီးပြောလိုက်ခြင်းဖြစ်၏။လွန်ခဲ့သောနှစ်ပေါင်းများစွာက ချထားသော အင်းများသည် သက်တမ်းကြာလာသောကြောင့် အရည်သွေးကျဆင်းလာပြီး ပျက်စီးတော့မည်အခြေနေဆဲဆဲ ရောက်ရှိနေ၏.။ အရည်သွေးတင်မကပဲ စာလုံးများပါ ပျောက်ခါနီးသည်အထိ မွဲတဲတဲဖြစ်နေ၏။တစ်ချို့သောစာလုံးများဆိုလျှင် အားနည်း လွန်း၌ မိတ်တုတ်မိတ်တုတ် ပိုးစုန်းကြူးမီးပမာသာလင်းနေရ ရှာ၏.။ ထိုစည်းအင်းများသည် ယခင်ကဘဏ္ဍာရေးအခန်းအတွက် အကောင်းဆုံးအကာကွယ်ဟုဆိုသော်ငြားလည်း ယခုအခါ လုံးဝပျက်စီးခါနီးအခြေနေရောက်နေ၏။ "အင်း ငါပဲ ပြန်ပြင်လိုက်တာကောင်းပါတယ်လေ" ဂျိတ်ပြောရင်းဆိုရင်း သူစနစ်၏သိုလှောင်ခန်းမှ အရာတစ်ခု ထုတ်လိုက်၏။ထိုအရာကား အဆင့်မြင့်ချက္က ရာကျောက်စိမ်း တုံးပင်ဖြစ်၏။ထိုကျောက်စိမ်းတုံးအား လက်ဖြင့် မွချေ လိုက်၏။ "ဖုန်း" ကျောက်စိမ်းတုံးကွဲကြေသွားသည်နဲ့ အထဲရှိ အားကောင်း သောချာက္က ရာအငွေ့သက်များက အခန်းတွင်းထဲပြန့်နှံ သွား၏။ ထို့နောက် ဂျိတ်လည်း သူစုတ်တံကိုကိုင်ကာ လေထဲ၌ဝှေ့ယမ်း လိုက်၏။ လေထဲ၌အစီရင် အင်းရေးဆွဲခြင်း ထိုသို့ရေးဆွဲနေသည်ကိုမြင်လျှင် အစီရင်အင်းဆရာများ ဂျိ တ်အားအရိုသေပေးကြလိမ့်မည်ဖြစ်၏။အစွမ်းထက် ဆရာကြီးများပင် လေထဲ၌ရေးဆွဲကန်ခဲယဥ်း၏။အကြောင်း မှာ စိတ်စွမ်းအားများပြားရန်လိုပြီး ပါရမီပါမှသာဖြစ်နိုင်သော ကြောင့်ဖြစ်၏။ ဂျိတ်သည် အခန်းတွင်း၌ စုတ်တံကိုကိုင်ဆောင်ပြီး လေ ထဲ၌အစီရင်အင်းများရေးဆွဲလိုက်၏။ထိုအစီရင်အင်း များသည် လေထဲ၌ပင်ဖြစ်တည်လာကြ၏။ဖြစ်တည်ပြီးသည် နဲ့ စာလုံးတစ်လုံးစီတိုင်းသည်ဘတောက်ပကာလေထဲ၌ ဝဲပျံ လွင့်နေကြ၏။ "အစီရင်ကွက် အသက်ဝင်" ထိုသို့ဆိုလိုက်သည်နဲ့ လေထဲ၌ဝဲပျံနေသောစာလုံးများသည် မူလကတည်းကရှိနှင့်သော ပျက်စီးခါနီးအင်းအစီရင်များသို့ ဝင်ရောက်သွားကြ၏။ထိုအခါ မှေးမှိနိနေသောမူလအင်း စည်းများက သိသိသာသာပြန်လည်ထင်ရှားလာ၏။စာလုံး များကလည်း ကြည်လင်ပြတ်သားလာပြီး ပိုးစုန်းကြူးမီး အလင်းရောင်မှ ထိုထက်သာသောအလင်းများထွက်ပေါ်လာ ကြ၏။ ထိုအခါ အင်းစည်းများသည် တစ်ခုနဲ့တစ်ခုပြန်လည် ချိတ်ဆက်လာပြီး ဘဏ္ဍာရေးခန်းအား စောင့်ကြပ်သည်က ကောင်းစွာအသက်ဝင်လာ၏။ထိုသို့အသက်ဝင်လာသည်နဲ့ အစောပိုင်း၌ဂျိတ်ချေမွထားသောကျောက်စိမ်းမှ အဆင့်မြင့် အရည်သွေးရှိချာက္က ရာများက အင်းစည်းများအတွင်းသို့ဝင် ရောက်သွားကြ၏။ ထိုချာက္က ရာများသည် အင်းစည်းအတွင်းသို့ဝင်ရောက်သည်နဲ့ အင်းစည်းသက်တမ်းက ကြာရှည်လာတော့မည်ဖြစ်၏။ "ဒီလောက်ဆို ဒီအင်းစည်းက နှစ်နှစ်ဆယ်လောက်တော့ အေးဆေးခံတယ်" ဂျိတ် ပြန်လည်အသက်ဝင်လာသောအင်းစည်းအမျိုးစားအား သေချာကြည့်လိုက်၏။ထိုအင်းစည်းများသည် ရန်သူဝင်လာ ပါက သိရှိမည်ဖြစ်ပြီးအချက်ပေးမည့်အင်းစည်းဖြစ်ပြီး ရန်သူဝင်လာပြီး ပြန်လည်ထွက်ပါသည်ဖြစ်စေ အတင်းအဓ္ဓမ ဝင်ရောက်လာသည်ဖြစ်စေ တားဆီးမည်ဖြစ်၏။ "ဒါဆို ထပ်ဖြည့်ရမယ် မဟုတ်ရင် ရွှေဒဂ်ါးတွေထပ်ထည့်ရင် ဆန့်မှာမဟုတ်ဘူး" ဂျိတ်ရေရွတ်ပြီး နောက်ထပ်အစီရင်ထပ်ဆွဲလိုက်၏။ထို အစီရင်ကား သှိလှောင်ရုံအစီရင်ဖြစ်၏။ထို အစီရင်၏အကျိုးကျေးဇူးကား လက်ရှိဘဏ္ဍာရေးခန်းမအား မူလဆန့်သည်ထက် ငါးဆပိုမိုဝင်ဆန့်စေမည်ဖြစ်၏။ "နောက်ထပ်နည်းနည်းဆွဲလို့လည်း မထူးပါဘူးလေ" နောက်ထပ်အစီရင်နည်းနည်းထပ်မံဖြည့်သွင်းလိုက်၏။ ထို့နောက် နောက်ထပ်သောအဆင့်မြင့်ချာက္က ရာကျောက်တုံး အား ဖြိုပြီးလျှင် အစီရင်များအား အားပြည့်စေ၏.။ အစီရင်ရေးဆွဲပြီးသည်နဲ့ ဂျိတ်လည်း မိမိရွှေရောင်း၍ရရှိ သော ငွေများအား ထည့်လိုက်၏။ထိုအခါမှ ဗလာဖြစ်နေ သော အခန်းကြီးသည် ဂျိတ်၏ငွေများကြောင့် အနည်းငယ် ကြည့်ကောင်းသွားရလေတော့၏။. "အခုမှပဲ စိတ်ချမ်းသာသွားတော့တယ်" ဂျိတ်လည်း အခန်းထဲရောက်ရှိနေပြီဖြစ်သော ငွေပုံကြီးအား ကြည့်ကာ ခေါင်းညိတ်ပြီးအပြင်သို့ပြန်လည်ထွက်ခွာသွား တော့၏။ ထိုည၌ပင် ဖြစ်ရပ်ကား ပေါ်ပေါက်လာခဲ့လေတော့၏။ ........ အမှောင်ထဲ၌ လူနှစ်ယောက်ကား စကားပြောနေကြ၏။သူတို့ နှစ်ယောက်သည် တစ်ကိုယ်လုံးအား အနက်များဖြင့် ဖုံးကွယ် ထား၏။ထို့ကြောင့် ထိုလူများသည် လူကောင်းမဟုတ်ဟု တော့ ပြောနိုင်၏။ "ဟေ့ကောင် သေချာလို့လား " "သေချာတယ်ကွ ငါတောင် ရှိသမျှရောင်းပြီးဝယ်ထားတာ သူ တို့ဆီကသတင်းအချက်လက်တိုင်းက မှန်တယ်ဆိုတာလဲ မင်း သိရဲ့သားနဲ့" အရင်ဆုံးသူတို့နှစ်ယောက် မြေလိုဏ်ဂူတစ်ခုသို့ရှေးဦးစွာဝင် လိုက်ကြ၏။ထို့နောက် ရေနံဆီမီးအသုံးပြုထားသော မီးတုတ် များကိုင်ဆောင်လိုက်ကြ၏။မီးတုတ်မှလာသော အလင်းရောင်ဖြင့် မြေပုံကြည့်ကာ ဆက်လက်လှုပ်ရှားလိုက် ကြ၏။ နှစ်ယောက်သား မိမိတို့လက်မှကိုင်ဆောင်လာသော မြေပုံ စာရွက်အတိုင်း မလွှဲမှားစေရန် လှုပ်ရှားနေကြ၏။မြေပုံစာရွက်အားကိုးဖြင့် သွားလာလှုပ်ရှား နေသည်မှာ တစ်နာရီမျှကြာမြင့်လာပြီဖြစ်၏။ ထိုမြေပုံစာရွက်အတိုင်း သူတို့ဆက်လက်သွားနေရာ နောက်ဆုံး အခန်းကြီးတစ်ခု၏အောက်ဘက်သို့ရောက်ရှိ လာ၏။ "တွေ့လာသေချာပါတယ်ဆိုနေ " "ပြီးတာပဲ ငါတို့အဆင့်လေးတိုင်းပြည်ရဲ့ပစ္စည်းတွေရရင် တော့ ဒီတစ်သက်ထောပြီကွ" နှစ်ယောက်သား မိမိတို့ရည်မှန်းချက်ကိုယ်စီပြန်တွေးပြီး ရယ်မောလိုက်ကြ၏။ သူတို့နှစ်ယောက်သည် ရွှေဒဂ်ါးတစ်သိန်းသုံးပြီး သတင်း အချက်လက်များနဲ့မြေပုံဝယ်လာကြခြင်းဖြစ်၏။သတင်း ရောင်းသူဆိုအရ ထိုမြေပုံသတင်းအချက်လက်များသည် အင်မတန် တန်ကြေးကြီးသောငွေတွင်းကြီးဖြစ်ကြောင်း ဆွယ်ရာမှ မရှိရှိတာထုတ်ရောင်းပြီး နှစ်ယောက်သားရောက်ရှိ လာကြခြင်းဖြစ်၏။ "ကျွီ " ဂရိတ်ဘဏ္ဍာရေးခန်းမ၏အောက်ခံကြမ်းပြားတစ်ချက်ရွေ့ သွား၏။ထို့နောက် ထိုရွေ့သွားသောနေရာမှာ အပေါက်ဖြစ် သွားရာ ထိုအထဲမှ အစောပိုင်းကအနက်ဝတ်လူနှစ်ယောက် ထွက်ပေါ်လာကြ၏။ သူတို့သည် မိမိတို့ရောက်ရှိနေသောအခန်းတွင်း၌ ရှိသောငွေ ပုံကြီးကို ကြည့်ကာ အံအားသင့်ပြီး "အေး ငါတို့တော့ ချမ်းသာပြီကွ" နှစ်ယောက်သား အချိန်မိနစ်အနည်းငယ်အထိ ကခုန်မိလိုက် ကြသေး၏။မိမိတို့တွေ့ရသောငွေပုံကြီးကာ အင်မတန် ကြီးမားသောကြောင့်ဖြစ်၏။ ငွေတစ်သိန်းရင်းလိုက်ရသည် ကပင် တန်ကြောင်း တွေးမိလိုက်၏။ ထို့နောက် မိမိတို့ယူဆောင်လာသောအိတ်ဖြင့် ဘဏ္ဍာရေးခန်း မှ ငွေပုံအား ကျုံးသိမ်းထည့်လေတော့၏။ "ဒီလောက်ဆိုရပြီ နောက်မှငါတို့ယူရင်လဲဖြစ်တယ်" "အင်း ဟုတ်တယ်" နှစ်ယောက်သား တစ်ယောက်ငွေထုပ်ငါးထုပ်စီကိုင်ဆောင် ကာ ပြောလိုက်ကြ၏။သူတို့သည် ဒီဘဏ္ဍာရေးခန်းမလာရာ လမ်းကြောင်းကား သိနေပြီဖြစ်ရာ နောက်ထပ် ပြန်လာ၍လည်းရသည်ဖြစ်၏။ "နေဦး ဘယ်မှလဲ ငါတို့လာခဲ့တဲ့အပေါက်" အခုမှ သူတို့နှစ်ယောက်၏အပျော်ပျောက်ဆုံးသွား၏။ယခုမှ သဲ ကြီးမဲကြီး ရှာလိုက်ကြ၏။သိူ့ရာတွင် မိမိတို့ဝင်လာသော နေရာမှ အပေါက်မှာ ယခုအခါ မျက်လှည့်ပြသည့်အလားပင် ပျောက်ကွယ်နေ၏။ "ဒါဆိုလည်းမထူးဘူး ငါတို့အစီရင်တွေဖျက်စီးကြရမယ်" ထိုအပေါက်ပျောက်သွားရခြင်းသည် အစီရင်ကြောင့်မှန်းသူ တို့သိလိုက်၏။ထို့ကြောင့်အစီရင်ပျက်စေရန်လုပ်ဆောင်ကြ မည်ဖြစ်၏။ ထို့ကြောင့် အဆင့်နှစ်အစီရင်ပျက်စေနိုင်သော အတားဆီး အစီရင်ဖျက်အင်းအား ထုတ်ယူလိုက်၏။ထိုအင်းချပ်အား သူ တို့ဝယ်စဥ်က ရွှေဒဂ်ါးနှစ်ထောင်ပေးချေခဲ့ရ၏။ထိုအခါဝယ်စ ဥ်က သူတို့မနည်းကြိတ်မှိတ်ပြီး ဝယ်ခဲ့ရသည်လည်းဖြစ်၏။ ထိုအင်းသည် အဆင့်နှစ်အင်းချပ်ဖြစ်ပြီး ဒီဟူသောစာလုံးက တောက်ပနေ၏။ဒီ(D)destroy ဖျက်စီးခြင်းအဓိပ္ပါယ်ပင် ဖြစ်၏။ ယခုအစီရင်ဖြိုရာ၌သုံးရတော့မည်ဖြစ်၏။မိမိတို့သည် အောင်မြင်စွာပြန်သွားနိုင်ပါက နောက်ထပ်ပြန်လည်ဝယ်နိုင် သောကြောင့်ဖြစ်၏။ "ဖျက်စေ" ထိုအင်းသည် အစီရင်သို့ပေါက်ချလိုက်၏။ထိုအခါ အင်း သည် တောက်ပလာပြီး အစီရင်အားတိုက်ခိုက်လိုက်၏။ "ဟားဟား..ငါတို့သွားကြမယ်" "မဟုတ်ဘူးမှားနေပြီ" အကြောင်းကား နံရံ၌ရှိနေသေးသော အင်းအစီရင်များက အလုပ်လုပ်နေသေးသောကြောင့်ဖြစ်၏။ထိုအချက်အား ထောက်ကြည့်ပြောရလျှင် ထိုအင်းများသည် အနည်းဆုံးအ ဆင့်သုံးပင်ဖြစ်၏။ "ငလူး စောက်ကျိုးတော့နဲပြီ" နှစ်ကောင်သား ကိုင်ဆောင်ထားသောငွေထုပ်များအား ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်ကြ၏။မိမိတို့၏အားကိုးရသော အင်းက အစီရင်အား ထိုးဖောက်နိုင်ခြင်းမရှိရာ သူတို့ထွက် စရာလမ်းစပျောက်ဆုံးသွားခဲ့ရပြီဖြစ်၏။

(210)

မနက်ခင်းအလင်းရောင်ကား ပြန်လည်ထွက်ပေါ်လာ၏။ အချိန်ကားမနက်​ခြောက်နာရီခန့်ဖြစ်၏။ခြောက်နာရီခန့်သာ ရှိ သေးသော်လည်း ဂျိတ်ကတော့ ထနှင့်ပြီးဖြစ်၏။ သူ၏ကိုယ်ခန္ဓာသည် အလွန်ပင်သန်မာနေပြီဖြစ်ရာ အိပ်ရေး မဝသည်က သူ့အတွက်တော့ဖြစ်ရန်အကြောင်းမရှိပေ။ စနစ်ရရပြီးခြင်း သူ၏ကိုယ်ခန္ဓာကိုအဆင့်မြင့်လိုက်သော ကြောင့်လည်းဖြစ်၏။ထိုကြောင့် သူ၏ကိုယ်ခန္ဓာအသစ်တဖန် ပြန်လည်မွေးဖွားလာပြီး သာမန်ထက်ကိုလုံးဝအပြတ်သတ် သာနေပြီဖြစ်၏။ ကိုယ်ခန္ဓာမှာ အလွန်ပင်သန်မာနေပြီး မနှိုင်းယှဥ်နိုင်သောအဆ င့်တစ်ခုထိရောက်နေသော်လည်း သူ၏သိုင်းအဆင့်မှာ ပလက်တီနမ်အဆင့်သာရှိသေး၏။ ထို့ကြောင့် ယခုဂျိတ်၏ကိုယ်ခန္ဓာအား ဂျိတ်မှချိတ်ပိတ် ထားသည်ဖြစ်၏။ချိတ်ပိတ်ထား၍သာ တော်သေး၏။ ကိုယ်ခန္ဓာအဆင့်မြင့်စဥ်က သွေးမျိုးဆက်များစွာပါ ပေါင်းစည်းထားသေးရာ ဂျိတ်သည် အနုမြူဓာတ်ပေါင်းဖို ပမာသာဖြစ်၏။ ထိုအရာများ၏အော်ရာလေးသာ ပွင့်ထွက်သွားသည်ကပင် သက်ရှိများသေကြေရန်လုံလောက်နေပြီဖြစ်၏။ ထိုသို့မဖြစ်စေရန် စနစ်ဖြင့်ဂျိတ်မှအသေချာအတိကျညှိနှိုင်း တည်ဆောက်ထား၏။လက်ရှိ၌ ဂျိတ်သည် ပလက်တီနမ် အစွမ်းရှိသော ကိုယ်ခန္ဓာစွမ်းအား၏0.00001ကိုသာ သုံးနိုင် မည်ဖြစ်၏။စစ်သည်တော်အဆင့်များတက်လာမှသာ ချိတ် ပိတ်ထားသည်ကလည်း တဖြေးဖြေးခြင်း လျော့ပေါ့လာမည် ဖြစ်၏။ ယခုချိန်ထိတော့ ဂျိတ်သည် သူ၏သွေးမျိုးဆက်အား အသုံးပြုခြင်းမရှိသေး။သူ၏သွေးမျိုးဆက်သည် အလွန်ပင် အန္တရာယ်များပြားသောသွေးမျိုးဆက်များစွာနှောနေပြီး ပေါင်းစပ်ဆင့်ကဲပြောင်းလဲထားသည်ဖြစ်ရာ အလွန်ပင် အစွမ်းထက်လှပေသည်။စနစ်ကိုယ်တိုင်က ဂျိတ်၏သွေး မျိုးဆက်သည် အလွန်အစွမ်းကြီးမားကြောင်း သတိပေးထား ရရာ ဂျိတ်ကိုယ်တိုင်လည်း သွေးမျိုးဆက်အား နိူးထရာ၌တစ် ဆင့်ခံထပ်မံချိတ်ပိတ်ထားလိုက်၏။ ("အသိပေးချက် ဘဏ္ဍာရေးခန်းမ၌ သူခိုးမိထားပါသည်။") မနက်စောစောစနစ်၏အသိပေးချက်ကြောင့် ဂျိတ် အနည်းငယ်အံအားသင့်သွား၏။မိမိစည်းအင်းများအသေ ချာဆွဲသော်လည်း ဘယ်လိုဝင်လာရသနည်း။ကံကောင်းသည် က ဝင်သာဝင်လာနိုင်ပြီး ပြန်မထွက်နိုင်ကြခြင်းပင်ဖြစ်၏။ "သွားကြည့်ရတာပေါ့" မနက်စောနေသေးသဖြင့် သမီးလေးနဲ့ဇနီးမှအိပ်ရာမှထသေး ခြင်းမရှိပေ။ထို့ကြောင့် သူတို့အတွက် စားသောက်ဖွယ်ရာများ အား စနစ်မှထုတ်ကာ စားပွဲတစ်ခုပေါ်၌တင်ထားလိုက်၏။လို သည့်အချိန်၌စားသောက်ပါကလည်း အဆင်ပြေစေရန် အုပ်ဆောင်းအဖုံးပါ ဖုံးပေးထားလိုက်၏။ မိမိအတွက်မနက်စာကို စနစ်မှ အသားမျိုးစုံနဲ့ဆလပ်ရွက် ကြက်သွန်ဆော့ချိစ်များပါဝင်သော ဟမ်ဘာဂါတစ်လုံး ထုတ်ယူကာ စားသုံးလိုက်၏။တစ်ကိုက်ကိုက်လိုက်သည်နဲ့ ဟ မ်ဘာဂါ၏အရသာက လျှာ၌ရှိသမျှသော အရသာခံဖုလေး များတစ်လျှောက်ပြန့်နှံသွား၏။ထို့နောက် နောက်ထပ်တစ် ကိုက်ကိုက်ရန်အတွက်ထိုအရာသာခံအဖုလေးများ အရသာခံ ဆဲလ်များကထပ်မံတောင်းတနေပြီဖြစ်၏။ စနစ်ထဲမှ ဟမ်ဘာဂါသုံးလုံးခေါက်အထိ ထုပ်စားလိုက်မှသာ နေသာထိုင်သာရှိသွားတော့၏။စားသောက်ပြီးသွား သောအခါ၌ ဂျိတ်သည် ဘဏ္ဍာရေးခန်းမသို့ရောက်ရှိလာ လေ၏။ ကျွီ အခန်းတံခါးဖွင့်သံကထွက်ပေါ်လာ၏။ "ဘယ်သူဝင်လာတာလဲ" တစ်ညလုံးစိတ်ပျက်စွာထိုင်နေကြသော သူခိုးနှစ်ယောက် တက်ကြွသွား၏။အကြောင်းကား အပြင်မှာတံခါးဖွင့်လိုက် သောသူကြောင့် မိမိတို့အားထွက်မရရန်ပိတ်ထားသော အ တားဆီးများကပျောက်ကွယ်သွားသောကြောင့်ဖြစ်၏။ "ငါ့ကောင် အသင့်ပဲ ထွက်ကြစို့" တံခါးဖွင့်ပြီးစက္က န့်ပိုင်းအတွင်း၌ ပိတ်မိနေသောသူခိုးနှစ် ယောက်သည် ငွေထုပ်ကိုယ်စီကိုင်ကာ သူတို့၏ချာက္က ရာများ လည်ပတ်လိုက်ကြ၏။ထို့နောက် သူတို့၏ခြေထောက်၌ချာက္က ရာအစွမ်းများစွာပို့လွတ်လိုက်ကြ၏။ "ဝုန်း" ငွေထုပ်ကိုင်ဆောင်ထားသောသူခိုးနှစ်ယောက်သည် အရှိန် ပြင်းထန်စွာဖြင့် ပွင့်လာသောတံခါးမှထွက်ပြေးလိုက်ကြ၏။ "ဟ ဝီရိယထက်လှပါလား" တံခါးပေါက်ဖွင့်သောသူ၏အသံက ထွက်လာ၏။ သို့သော်လည်း တံခါးပေါက်ဖွင့်သူကို သူတို့နှစ်ယောက်က အထင်သေးလိုက်ကြ၏။ "ဆောရီးပဲ မင်းငါတို့ကိုမမိနိုင်ပါဘူးကွာ" မိမိတို့၏ချက္က ရာ60%ကို ခြေထောက်၌ထည့်သွင်းပြီးအရှိန် မြန်ဆန်စေထားရာ အဘယ်ကြောင့်ဖမ်းမိနိုင်မည်နည်း၏။ သို့ရာတွင်ထင်သလိုမဟုတ်ကြောင်း နောက်မှသိလိုက်ရ၏။ "ငင့် ဘာလို့ငါတို့ခြေထောက်တွေက ကြမ်းပြင် နဲ့ထိတယ်လို့မခံစားရတာလဲ" "အေးဟ ငါကောပဲ" သူခိုးနှစ်ယောက်အချင်းချင်းပြောပြီးဘေးဘီဝဲယာကြည့် လိုက်၏။ "ဟိုက်" သူတို့လန့်ဖြတ်သွား၏။သူတို့နှစ်ယောက်အား ကုတ်မှကိုင်ကာ မြှောက်ထားသောကြောင့် သူတို့နှစ်ယောက်သည်လေထဲ၌ ဝဲ နေရခြင်းဖြစ်ပြီး ကြမ်းပြင်နဲ့မထိနေခြင်းဖြစ်၏။ "နည်းနည်းတော့ မြန်သားပဲမဆိုးဘူး" ဂျိတ်မှ သူကုတ်မှဆွဲကိုင်ထားသောနှစ်ကောင်အားမှတ်ချက် ပေး၏။သူတို့နှစ်ကောင်သည် မိမိတံခါးဖွငွသည်နဲ့ အရှိန်ဖြင့် ပြေးလာသောကြောင့် အထူးဆန်းဖြစ်လိုက်ရသေး၏။သူ တို့၏အရှိန်သည် မြန်ဆန်သည်ဟုဆိုနိုင်သော်လည်း ဂျိတ် အတွက်တော့မထူးမခြားနားသာဖြစ်၏။ "မင်းတို့နှစ်ကောင်ဘယ်လိုဝင်လာလဲဆိုတာငါစစ်ဆေးရဦး မယ်" ဂျိတ်ပြောဆိုရင်း နှစ်ကောင်လုံးအား ကုတ်အားဆွဲကိုင်နေရာ မှ ဘဏ္ဍာခန်းထဲ ပြန်ကိုင်ပစ်လွင့်လိုက်၏။ငွေထုပ်များကို လည်း အခန်းထဲသို့ပြန်လည်ထည့်လိုက်၏။ ဂျိတ်၏လက်ဆကြောင့် နှစ်ကောင်သား အခန်းနံရံနဲ့မိတ်ဆက် လိုက်ရ၏။ "ဂျွတ်..." "အားကျီ ..ကျီ ...ငါ့ခါးလေးတော့သွားပြီ" နှစ်ယောက်သား မျက်နှာများရှုံတွံသွား၏။ "ကဲ မင်းတို့ဘယ်လိုဝင်လာတာလဲ ပြော" "မပြောဘူး သေရင်တောင်မပြောဘူး" ဂျိတ်အား နာကျင်စွာဖြင့်ပြန်လည်တုံပြန်လိုက်ကြ၏။မိမိ တို့၏ခါးအားနာကျင်အောင်လုပ်သောသူအား အဘယ်ကြော င့် အမှန်တိုင်းပြောပြရမည်နည်း။ "မပြောဘူးဆိုတော့လဲ မတတ်နိုင်ဘူး နောက်လူတွေထပ်မ လာရဲအောင် သတ်ပေးရတာပေါ့" ဂျိတ်၏စကားကြောင့် နာကျင်ရှုံတွနေသောသူတို့နှစ်ယောက် နာကျင်ရမှန်းမသိအောင် ချက်ချင်းတုံဆိုင်းသွားကြ၏။ဂျိ တ်၏အပြုမှုမှာ သူတို့အားတကယ်သတ်မည်ရုပ်ပင်ဖြစ်၏။ "မသတ်ပါနဲ့ ပြောဆိုပြောပြပါမယ်" ပါးစပ်သွက်လှသောတစ်ယောက်မှ အရင်ဦးအောင်ပြောချ လိုက်၏။သူပြောသည်မှာ သူတို့မည်သည့်နေရာမှာ အချက် လက်သတင်းများဝယ်လာသည်မှအစ ဒီနေရာသို့ မည်သို့မည်ပုံရောက်လာပြီး ပိတ်မိသည်အထိပင်ဖြစ်၏။ နောက်တစ်ယောက်ကတော့ ဂျိတ်၏ပုံစံကြောင့် ဂရိတ် တိုင်းပြည်၏အချက်လက်ရောင်းစားသောအကြောင်းရာပုံစံ အားပြောပြလေ၏။လက်ရှိသူတို့စိတ်ထဲ၌သူတို့ချမ်းသာခြင်း ကိုမလိုလားတော့ မသေလျှင်ရပြီဖြစ်၏။ ထိုသူ၏စကားကြောင့် ဂျိတ်လည်း အနည်းငယ်တော့အံအား သင့်လိုက်ရ၏။တိုင်းပြည်၏အချက်လက်များအား ထိုသို့ ရောင်းစားသွားကြမည်ဟုလုံးဝမထင်မှတ်ထားမိသည်မှာ အမှန်ပင်ဖြစ်၏။ ရောင်းစားနေကြသောဂရိတ် တိုင်းပြည်အချက်လက်များတွင် ဂရိတ်တိုင်းပြည်၏အုပ်ချုပ် ပုံစီမံခန့်ခွဲသည်မှ အစမည်သည့်နေရာ၌မည်သူနေသည် ၊ အရာရှိသည်မည်သည့်နေရာ၌နေပြီး မည်သို့ဝတ်စားဆင်ယင် သည်မှအဆုံးထိရောင်းစားနေခြင်းဖြစ်ရာ ဂရိတ်ဘဏ္ဍာရေး ခန်းမတည်နေရာ ရောင်းစားခံရသည်ကတော့ သာမန်ကိစ္စပင် ဖြစ်နေမည်မှာသေချာ၏။ ထိုရရှိလာသောသတင်းကြောင့် ဂျိတ်ပင်စိတ်အနည်းငယ်ညစ် သွား၏။ရောင်းစားသွားသောကောင်များကားလည်းဆုံးမရန် ကြံစည်မိလိုက်၏။လောဆယ်တွင်တော့ ထိုသတင်းအားသိရှိ ရပြီဖြစ်ရာ အရင်ဆုံးလုပ်ဆောင်ရမည်က ထိုရောင်းစားခံရ သောသတင်းအချက်လက်များနဲ့လုံးဝကွဲပြားအောင် လုပ်ဆောင်ရန်သာဖြစ်၏။ အရင်ဆုံး မိမိရှေ့မှသကောင့်သားနှစ်ယောက်အား မေ့မြော အောင် လုပ်လိုက်၏။ထို့နောက် ထိုနှစ်ကောင်အား စောင့်ကြပ် နေကြသောစစ်သည်များ၏လက်ထဲထည့်ကာ ထောင်ထဲသို့ပို့ ရန်စေလိုက်၏။လာခိုးသောသူခိုးနှစ်ကောင်မှာ ဂျိတ် လက်ချက်ဖြင့် ထောင်ထမင်းထောင်နေရာ၌စံမြန်းကြရတော့ မည်ဖြစ်၏။ ထိုအခိုက်၌ အတိုင်ပင်ခံဖယ်ရောက်ရှိလာရာ ကြုံကြိုက်သည် ဖြစ်၍ ရွှေသန်းတစ်ထောင်အား လုံးဝဂရုစိုက်စရာမလို သုံး နိုင်ကြောင်း တိုင်းပြည်စီမံကိန်းများမြန်မြန်ပြီးဆုံးလေ ကောင်းလေသာဖြစ်ကြောင်း မိမိသည်နောက်ထပ်သော ရွှေ သန်းရှစ်ရာအား ဘဏ္ဍာရေးခန်းမသိုလှောင်ရာ၌ထည့်ထားပြီ ဖြစ်ကြောင်းပြောလိုက်၏။ ထိုအခါ တိုင်ပင်ခံသည် ဂျိတ်အား လုံးဝယုံကြည်လေးစား သောအပြုမှုဖြင့်အရိုသေပေးလိုက်၏။ ရွှေသန်းတစ်ထောင်အပြင် နောက်ထပ်သန်းရှစ်ရာထပ်မံရှာ ထားသည်သတင်းက သူ့အတွက်လုံးဝကြောက်လန့်ဖွယ် ကောင်းလှ၏။ ရွှေတစ်သိန်းပင်မည်မျှရှာရန်ခက်ခဲကြောင်းသူသိ၏။ဂျိ တ်၏ရှာနိုင်စွမ်းအား လက်ဖျားပင်ခါလောက်ရအောင် ​မင် သက်ရ၏။မည်သို့ပင်ဖြစ်စေ ထိုငွေအားလုံးသည် တိုင်းပြည် အတွက်သာ သုံးရမည်ဖြစ်ရာပိုလေကောင်းလေသာဖြစ်၏။ နောက်ပြသနာတစ်ခုအား ဖြေရှင်းရန် ဂျိတ်စဥ်းစားလိုက်၏။ ဂရိတ်တိုင်းပြည်၏အချက်လက်များ ရောင်းစားခြင်း ခံထား ရသည်ဖြစ်ရာ ယခုချိန်၌ဂရိတိုင်းပြည်သည် လုံခြုံရေးကင်းမဲ့ သော အိမ်ငယ်လေးပမာဖြစ်နေ၏။ဝင်ချင်တိုင်းဝင် ထွက် ချင်တိုင်းထွက်၍ရနေသော ဇရပ်ငယ်လေးတစ်ဆောင်ပမာ ကဲ့သို့ဖြစ်နေ၏။ ဂရိတ်တိုင်းပြည်၏အချက်လက်များဝယ်ယူထားသောလူ များသည်လည်း အငြိမ်နေကြမည်မဟုတ်။တစ်ခုခုတော့လုပ် ကြမည်ဖြစ်၏။မည်သို့ပင်ဖြစ်စေ သူတို့၏လုပ်ဆောင်ချက် များသည် တိုင်းပြည်အားထိခိုက်နစ်နာစေမည်သာဖြစ်၏။ထို ကြောင့် အချက်လက်များဝယ်ယူထားပြီး လုပ်ရှားကြမည့်ငနဲ သားများအား အရင်ဆုံး ဆုံးမရန် ဂျိတ်ကြံစည်လိုက်၏။သူ တို့အားပညာပေးရန်အစီစဥ် ကိုလည်း ဆုံးဖြတ်ပြီးပြီဖြစ်ရာ လုပ်ဆောင်ရန်သာကျန်ရှိတော့၏။ အတိုင်ပင်ခံအား ပြောပြီးသည် ဂျိတ်သည် ရာဇပလ္လ င်ရှိရာသို့ သွားပြီးထိုင်လိုက်၏။ထို့နောက် စနစ်ကိုခေါ်ထုတ်ကာ "စနစ် ငါ့ကို ဒီတိုင်းပြည်ကိုချုပ်ကိုင်လုပ်ပိုင်ခွင့်လုပ်ပေး" "ကောင်းပါပြီ" စနစ်သည်လည်း သူ၏အစွမ်းအား ဂရိတ်တိုင်းပြည်နဲ့ ချိတ်ဆက်လိုက်၏။ထို့နောက် ဂရိတ်တိုင်းပြည်တစ်ခုလုံးအား သူ့၏အစွမ်းဖြန့်ကျက်လိုက်၏။ထို့​နောက် ဂရိတ်တိုင်းပြည်ကို လုံးဝထိန်းချုပ်ပြီးသွားသောအခါ ဂျိတ်၏ရှေ့၌ ဂရိတ် တိုင်းပြည်ပုံစံငယ်သည် သုံးဖက်မြင်ပုံရိပ်သဖွယ် တည်ရှိ လာ၏။ "လုပ်ဆောင်ပြီးပါပြီ သင်အလိုရှိရာပြောင်းလဲလိုပါက သင့် ရှေ့၌ရှိသော သုံးဖက်မြင်ပုံရိပ်ယောင် ဂရိတ်တိုင်းပြည်အား ထိတွေ့ပြောင်းလဲခြင်းဖြင့် ပြောင်းလဲနိုင်ပါပြီ" ဂျိတ်သည်လည်း သူ၏ရှေ့မှ ဂရိတ်တိုင်းပြည်ပုံစံငယ် သုံး ဖက်မြင်ပုံရိပ်အားကြည့်ပြီး "ကဲ... ဂရိတ်တိုင်းပြည်ရဲ့အချက်လက်တွေဝယ်ပြီးရေသာခို အချောင်လိုက်တဲ့လူတွေ ကြည့်ကြသေးတာပေါ့ကွာ"

All Chapters