← Chapters

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

အခန်း (၂၁၄-၂၁၆)

Vol. 15 Ch. 214-216

(214)

စွန်ရဲအင်ပါယာစစ်သူကြီး တိုက်​လေယာဥ်ပျောက်ကွယ်သွား သောအခါမှ သူ၏စစ်သည်များအား ပြန်လည်ရှာဖွေ၏။ "အား....ကယ်ကြပါ" "နာတယ်..." ညီးညူးသံများဖြင့်ပြည့်နှက်နေသော စစ်သည်များကိုတွေ့ လိုက်ရ၏။ထိုစစ်သည်များသည် အကောင်းပကတိမရှိကြ တော့ပေ။လက်ပြတ်ရင်ပြတ်၊မဟုတ်ပါက ကိုယ်ခန္ဓာတစ်ခုခု ပျက်စီးသွားကြသူချည်းသာဖြစ်၏။ "တောက်" စွန်ရဲစစ်သူကြီး ထိုမြင်ကွင်းကြောင့်မြင်ရလေလေ ကောင်းကင်မှအရာအားဒေါသထွက်လာလေလေဖြစ်၏။ အချိန်နာရီဝက်မျှကြာသောအခါ အသက်ရှင်ကျန်နေသေး သော လူဦးရေကိုသိရှိလိုက်ရ၏။ မသန်စွမ်းဖြစ်သွားသောစစ်သည်များက230ယောက်နဲ့ အကောင်းတိုင်းကျန်ရှိနေသေးသောသူက 156ယောက်သာ ဖြစ်၏။စစ်သည်တစ်သောင်းမှ ထိုမျှသာကျန်ရှိတော့ခြင်း လည်းဖြစ်၏။အကောင်းတိုင်းကျန်ရှိနေသောသူများသည် ပလက်တီနမ်အဆင့်ရှိသူများသည်ဖြစ်ကြ၏။သူတို့သည် အ ဆင့်မြင့်မားသောကြောင့် ပေါက်ကွဲမှုအားကို ကျန်သော သူများထက် ခံနိုင်ရည်ရှိကြခြင်းလည်းဖြစ်၏။ သူတို့ပါလာသောမြင်းများရထားများ လောက်လွှဲစင်များ ကတော့ လုံးဝပျက်စီးသွားပြီဖြစ်၏။ထိုအရာများရှိခဲ့သည်ဟု သက်သေပြစရာကား လောင်ကျွမ်းနေသောအရာဝတ္ထုများ သာလျင်ဖြစ်၏။ "ဒါဒင်းတို့ကြောင့် " စွန်ရဲစစ်သူကြီး ဖက်စ်မြို့အားကြည့်ရင်းဒေါသအလိပ်လိုက် တက်လာ၏။ဒီတိုင်းပြည်ကို ဖျက်စီးရန်ကြံပြီးလာမှ ထိုကဲ့သို့ အဖြစ်ဆိုးများ ကြုံလာခဲ့ရသည်မဟုတ်ပါလား။ "မင်းတို့သေရမယ်" သူတစ်ကိုယ်တည်း ဖက်စ်မြို့ရှိရာသို့ဦးတည်လာနေလေ၏။ ကျန်သောစစ်သည်များကိုအား မသန်စွမ်းသောစစ်သည်များ အား ပြုစုစောင့်ရှောက်ရန် ချန်ထားလိုက်၏။ သူ၏လက်၌ဓားတစ်ချောင်းကိုင်ဆောင်ပြီး ဖက်စ်မြို့ရှိရာသို့ ဦးတည်လာနေလေ၏။သူ၏စိတ်ထဲတွင်ရှိသည်ကား ထို ဂရိတ်တိုင်းပြည်မှလူများသေကိုသေရမည်ပင်ဖြစ်၏။ သူ၏ဆင်ခြင်တွေးတောနိုင်စွမ်းသည် သူ၏လူများသေကြေ မှုကြောင့် ပျောက်ဆုံးသွားပြီဖြစ်၏။ "မင်းတို့တွေကလဲ ဒီအတိုင်းပဲကြောင်ကြည့်နေတော့မှာလား " ထိုအသံကြောင့် ဖက်စ်မြို့မှစစ်သည်များကအသံလားရာဖက် သို့ကြည့်လိုက်ကြ၏။ "ဟ... ဘုရင်မင်းမြတ်" သူတို့အားလုံး ဂျိတ်ကို မိမိတို့မြို့၌ရုတ်ခြည်းဆိုသလိုတွေ့ လိုက်ရမှုကြောင့် လန့်ဖြတ်သွား၏။ဂျိတ်၏ပုံစံအား နန်းတက် ပွဲနေ့၌လူတိုင်းမြင်လိုက်ကြရသည်ဖြစ်ရာ လူတိုင်းမှတ်မိနေ ကြ၏။ ယခုလက်ရှိ၌ ဂျိတ်သည် သူဝတ်နေကြအဝတ်စားကိုသာ ဆင်ယင်ထား၏။ဘုရင့်အမှတ်သားဆို၍ သူ၏အကျီ၌ချိတ် ထားသော ဘုရင့်တံဆိပ်ပြားလေးသာပါ၏။သူ၏ကေပုံစံက လည်း အများကြား၌တစ်မူထူးနေသည်ဖြစ်ရာ လူတိုင်းဂျိတ် ကိုမြင်သည်နဲ့ ဘယ်သူဘယ်ဝါမှန်းသိသာစေ၏။ "မင်းတို့ ဒီအတိုင်းငေးနေမဲ့အစား အခုချက်ချင်း ဒီ မြို့၌ပျက်စီးမှုအတိုင်းတာကို သေချာတွက်ချက်ပြီး ငါ့ဆီ စာရင်းလာတင်ပြလှည့် အဲ့စွန်ရဲအင်ပါယာစစ်သူကြီးကိုတော့ ငါ့တာဝန်ထား" "မှန်လှပါ ဘုရင်မင်းမြတ်" ဂျိတ်အမိန့်ပေးလိုက်သည်နဲ့ ဖက်စ်မြို့မှစစ်သည်များလည်း ချက်ချင်းပင်ထိုအမိန့်အားလိုက်နာဆောင်ရွက် ကြ၏။ဂျိတ်လည်း ဖက်စ်မြို့ထံလာသော စစ်သူကြီးဖက်ရှိရာ သို့ ဦးတည်သွားး၏။ စွန်ရဲစစ်သူကြီး လည်း ဂျိတ်အားမြင်သည်နဲ့သူ၏ဒေါသက အရှိန်တိုးတက်လာ၏။ "သေစမ်း" ဝုန်း.... စစ်သူကြီး တစ်ချက်ခုန်ပြီးဂျိတ်အား ဓားဖြင့်ပိုင်း၏။ သူ၏ခုန်အားက အားကောင်းလှ၏။ဂျိတ်နဲ့စစ်သူကြီးသည် လေးရာမီတာမျှဝေးသော်လည်း ချက်ချင်းပင် အနီးကပ် အထိရောက်ရှိ၏။ သူ၏ခုန်ခြင်းကား အတော်အားကောင်းရာ လူသန် ကြီး(hulk)ကဲ့သို့ပင်ဖြစ်၏။ထိုသို့ခွန်အားကြီးသန်မာသော ကြောင့်လည်း တိုက်လေယာဥ်၏ဗုံးများလက်ချက်ကြားမှ အသက်ရှင်သန်နေနိုင်ခြင်းလည်းဖြစ်၏။ "ထန်..." ဂျိတ်လည်း စစ်သူကြီး၏ဓားအား လက်ဖြင့်ခုခံလိုက်ရာမှ အသံထွက်ပေါ်လာခြင်းဖြစ်၏။ "ဟင်" စစ်သူကြီး ချက်ချင်း နောက်ပြန်ဆုတ်သွား၏။အဘယ်ကြော င့် သူ၏ဓားခုတ်ချက်အား လက်ချည်းသက်သက်ဖြင့် ခုခံနိုင် နေရသနည်း။ "ဂျိတ် ဒီတစ်ခါတော့ မင်းငါ့ရဲ့အစွမ်းသိစေရမယ်" စစ်သူကြီး ပြောပြီးသည်နဲ့သူ၏အစွမ်းများအစွမ်းကုန်ထုတ် လိုက်၏။သူ၏ကျင့်ကြံခြင်းစစ်သည်အဆင့်များက ဖုံးကွယ် ရာမှ တိုးတက်လာတော့၏။ သူ၏ရှိသမျှသောအစွမ်းသုံးရန် စစ်သူကြီးဆုံးဖြတ်ထား၏။ အကြောင်းကား ဂျိတ် ကိုအထင်မသေးရဲသောကြောင့် ဖြစ်၏။ ပြိုင်ပွဲတုန်းကလည်း သူ၏နောက်၌ပေါ်လာသော ပုံ ရိပ်၏အစွမ်းကိုလည်း သူခံစားမြင်တွေ့ဖူးပြီဖြစ်၏။ထို့ အပြင် မိမိ၏70%အားပါသောဓားချက်ကိုလည်း ဂျိတ်မှ လက်ချည်းသက်သက်ခုခံထားရာ မိမိမှအစွမ်းကုန်ထုတ်သုံးမှ တော်ကာ ကျမည်ဖြစ်၏။ စစ်သူကြီး၏အစွမ်းများ ကြောက်ခမန်းလိလိတိုးတက်လာ သည်ကို ဂျိတ်မြင်လိုက်ရ၏။တခြားသူများကတော့ ကြောက် လန့်နေမည်ဖြစ်သော်လည်း သူဆုံရသည်မှာ ဂျိတ်ဖြစ်သည်ကို တော့ သူမသိလိုက်ပေ။ "စစ်သူကြီးမဆိုးဘူးပဲ ခင်ဗျားကဒိုင်းမွန်းအဆင့်မှာကိုး" ဂျိတ်၏စကားကြောင့် စစ်သူကြီး အနည်းငယ်အံသြ သွား၏။ အဘယ်ကြောင့် ဂျိတ်သည် သူ၏အစွမ်းအဆင့်ကို သိနေရသ နည်း။ ဒိုင်းမွန်းအဆင့်ဆိုသည်မှာ အဘယ်နည်း။ထိုအဆင့်သည် ပလက်တီနမ်ပြီးနောက်တစ်ဆင့်ဖြစ်ပြီး သက်တမ်းလည်းပိုမို ကြာရှည်လာမည်ဖြစ်၏။ ချာက္က ရာအစွမ်းများလည်း လေထဲ၌ပင် ဖန်တီးယူနိုင်စွမ်းရှိ ပြီး ခွန်အားသန်မာမှု အစွမ်းလည်း လုံးဝတိုးပွားလာ၏။ ပလက်တီနမ်အဆင့်၌ ချာက္က ရာအစွမ်းစုစည်းနိုင်စွမ်းသည် အိုင်သဖွယ်ဟုဆိုပါက ဒိုင်းမွန်းအဆင့်သည် မြစ်ကြီးတစ်စင်း သဖွယ်ပင်ဖြစ်၏။ "သေစမ်း." စွန်ရဲစစ်သူကြီး သူ၏လက်အားလေပေါ်မြောက်လိုက်၏။ ထိုသို့မြောက်လိုက်သည်နဲ့ လေထဲ၌ ချာက္က ရာလှံများပေါ်လာ လေတော့၏။ထိုလှံများသည် ပြိုင်ပွဲ၌သုံးခဲ့သောလှံထက် လုံး ဝသာ၏။ထိုလှံများသည် နှစ်ဆယ်မျှရှိကြောင်း ဂျိတ် တွေ့ လိုက်ရ၏။ "ဝီး" စွန်ရဲစစ်သူကြီး၏လက်ညွှန်မှုအေက်၌ ချာက္က ရာလှံများသည် ဂျိတ်ထံပြေးဝင်ကုန်၏။ဂျိတ်လည်း သူ၏လှုပ်ရှားမှုဖြင့် ထို လှံများအား ရှောင်တိမ်း၏။ "ဝုန်း....ဝုန်း...." ထိုလှံတံများသည် မြေပြင်သို့ထိသည်နဲ့ ပေါက်ကွဲကုန်၏။ထို လှံများသည် ပြောရလျှင် ဗုံးလှံတံဟုပင်ခေါ်ဆ်ိုနိုင်၏။လှံ အချောင်းနှစ်ဆယ်အား ဂျိတ်မှရှောင်တိမ်းရာ မြေပြင်သို့သာ ကျရောက်ပြီး ပေါက်ကွဲကုန်တော့၏။ "ဒါဘုရင်မင်းမြတ်အစွမ်းလား" ခိုးကြည့်နေကြသော စစ်သည်တစ်ချို့ကရှိ၏။သူတို့သည် ဂျိ တ် ခိုင်းထားသောအမိန့်မလုပ်ပဲ တိတ်တိတ်လေးခိုးကြည့်နေ ကြခြင်းဖြစ်၏။တစ်ဖက်စစ်သူကြီး၏လှံတံများအား ဂျိတ်မှ ရှောင်တိမ်းပြသည်က သူတို့အတွက် ဆန်းကြယ်လှ၏။ ဂျိတ်၏ရှောင်တိမ်းကွက်များက သူတို့တွက်အံသြမင်သက် စေရ၏။ဂျိတ်၏ရှောင်တိမ်းပုံက အလွန်ပင်​သေ သပ်လှ၏။ လှံတစ်ချောင်းပင် ထိခိုက်စေခြင်းမဖြစ်စေခဲ့ပေ။ ဂျိတ်ရှောင်တိမ်းလေ စစ်သူကြီးမှ ဒေါသထွက်လာလေ ဖြစ်၏။သူ၏သက်တမ်းတစ်လျှောက် ထိုကဲ့သို့ရန်သူမျိုးမမြင် ဖူးပေ။ဂျိတ်ရှောင်တိမ်းလေလေ သူ၏ချာက္က ရာလှံများအား အဆက်မပြတ်ဖန်တီးကာ ဂျိတ်ထံပစ်လွတ်လေဖြစ်၏။ "သေစမ်း" ဝီး....ဝီး....ဝီး..... စစ်သူကြီး၏ယခင်ပြိုင်ဘက်များသည် ထိုမြင်ကွင်းမြင်ပါက ရူးသွပ်သွားမည်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် စွန်ရဲအင်ပါ ယာစစ်သူကြီး၏တိုက်ခိုက်မှုသက်တမ်းတစ်လျှောက် ထိုမျှ အထိချာက္က ရာလှံစွမ်းအားအသုံးမပြုဖူးသောကြောင့်ဖြစ်၏။ လှံချောင်းများက ရာချီပြီး ဂျိတ်ထံတိုးဝင်လာကြ၏။ထိုလှံ များမည်မျှပင်များပြားနေပါစေ ဂျိတ်အတွက်ကတော့ မ ထူးဆန်းပေ။လာသမျှ လှံများအား ဆက်တိုက်ဆိုသလို ရှောင်တိမ်းလိုက်၏။ရှောင်တိမ်းလေလေ စစ်သူကြီးမှဒေါသ ထွက်လာလေလေဖြစ်၏။ ထိုလှံများအား ဂျိတ်မှရှောင်တိမ်းသည်မှာ ငါးမိနစ်အထိ ကြာညောင်းလာပြီဖြစ်၏။ "မင်းကို ဒီအတိုင်းဆက်မထားတော့ဘူး" ဂျိတ်မှ ဒီအတိုင်းမနေတော့ပေ။စစ်သူကြီးအား ထိုသို့ လှံတံပစ်ခွင့်ကာ မပေးတော့ပေ။ချက်ချင်းပင်မြန်ဆန်စွာ လှုပ်ရှားလိုက်၏။ "ဝုန်း" "ဟာ မြန်လိုက်တာ" ဂျိတ်သည် အဝေးမှ လှံတံများအား ရှောင်တိမ်းနေရင်းမှ ချက်ချင်းဆိုသလို စစ်သူကြီး၏အနားသို့ရောက်ရှိလာ၏။ ချက်ချင်းဆိုသလိုရောက်ရှိလာပြီး စစ်သူကြီးအား လက်သီး ဖြင့် ထိုးချလိုက်၏။ "ဝုန်း" ဂျိတ်၏မြန်ဆန်သောလှုပ်ရှားမှုနဲ့လက်သီးထိုးချက်ကြောင့် စွန်ရဲစစ်သူကြီး ဘယ်လိုမှရှောင်တိမ်း၍မရတော့ပဲ လွင့်စင် သွားလေ၏။ အင့် လက်သီးပြင်းအားကြောင့် စွန်ရဲစစ်သူကြီး ခြေလှမ်းနှစ်ဆယ် မျှဆုတ်ခွာလိုက်ရ၏။ "ဘုရင်မင်းမြတ်ကတကယ်ကြမ်းတာပဲ" ကြည့်နေသောစစ်သည်များ အံသြတုန်လှုပ်သွားကြ၏။သူတို့ ဘုရင်အသစ်သည် စစ်သူကြီးအားယှဥ်နိုင်သည်အထိ ကြမ်း မည်ဟုမထင်မှတ်ထားသောကြောင့်ဖြစ်၏။ "လာပါ မင်းရဲ့တကယ့်အစစ်မှန်အစွမ်းပြပါ" ဂျိတ်မှ ဆို၏။ထိုစကားကြောင့် ကြည့်နေသောစစ်သည်များ အံသြရ၏။စစ်သူကြီးမှအစစ်မှန်အစွမ်းမထုတ်ရသေးဘူးဆို ပါလား။ "ကောင်းပြီ မင်းတောင်းဆိုတော့လဲ ငါပြသပေးရတာပေါ့" စွန်ရဲအင်ပါယာစစ်သူကြီး သူ၏ကိုယ်အကြောလျော့လိုက်၏။ ထို့နောက် သူ၏အစွမ်းများထုတ်ဖော်လိူက်၏။ထိုအခါ သူ၏ကိုယ်မှ ပြောင်းလဲသွားလေ၏။သာမန်ကိုယ်ခန္ဓာမှ စိန် ရောင်တလက်လက် လက်လာပြီး ဖျက်စီး၍မရသောစိန်ခန္ဓာ အသွင်ပြောင်းလဲသွားလေ၏။ "ကဲ စချကြတာပေါ့" စွန်ရဲအင်ပါယာစစ်သူကြီး မှဆိုလိုက်၏။

(215)စစ်သူကြီးအားဖမ်းမိခြင်း

စစ်သူကြီး၏ကိုယ်ထည်မှစိန်အသွင်ပြောင်းလဲပြီးနောက် ဂျိ တ်အားထပ်မံတိုက်စစ်ဆင်၏။ "မဟာဓားချက်" စစ်သူကြီး၏ဓားသိုင်းကွက်တစ်ကွက်အားစတင်ထုတ်သုံး လိုက်၏။စစ်သူကြီးသုံးစွဲသောဓားသည် ပလက်တီနမ်အဆင့် နိမ့်ဓားတစ်ချောင်းဖြစ်ပြီး အလွန်အစွမ်းထက်၏။ လက်နက်များကိုလည်း စစ်သည်တော်အဆင့်ကဲ့သို့ပင် သတ်မှတ်ထား၏။တစ်ခုကွာခြားသည်က အဆင့်တစ်ဆ င့်၌သုံးဆင့်သာရှိခြင်းဖြစ်၏။အဆင့်နိမ့် ၊အလယ်လတ်အဆ င့်နှင့် အဆင့်မြင့်တို့ပင်ဖြစ်၏။ ယခုစစ်သူကြီးကိုင်ဆောင်ထားသော လက်နက်သည် ပလက်တီနမ်အဆင့်နိမ့်လက်နက်ဖြစ်ပြီး စစ်သူကြီးမှထို လက်နက်အား ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချနိုင်၏။ "ဝုန်း...ဝုန်း. ဓားချက်များကကြောက်ခမန်းလိလိပြင်းထန်လှ၏။ဂျိတ်မှ ဆက်တိုက်ဆိုသလိုထပ်မံရှောင်တိမ်းနေ၏။ရှောင်တိမ်း ရာတွင်လည်း ဓားနဲ့လူသည် ကပ်သီးလေးသာဖြစ်ရာ ကြည့်မိ သောလူတိုင်း ကြက်သီးမွှေးညင်းများထကြရကုန်၏။ မဟာဓားချက်သိုင်းသည်လည်း ပလက်တီနမ်အဆင့်နိမ့်အဆ င့်ရှိ၏။ထိုဓားသိုင်းကို စစ်သူကြီးလိုဒိုင်းမွန်းအဆင့်ရှိသူမှ ပလက်တီနမ်အဆင့်နိမ့်ဓားနဲ့ပေါင်းစပ်သုံးသောအခါ ဓား အစွမ်းမှာ ကြောက်မက်ဖွယ်ရာအဆင့်သို့ရောက်ရှိလေ တော့၏။ ("မြန်ချက်ပဲ ဒါကြောင့်သူ့ကိုကြောက်ကြတာမဆန်းပါဘူး") ဂျိတ်ရှောင်တိမ်းရင်းတွေးနေသည်ဖြစ်၏။အဆင့်မြင့်သိုင်း၊ ဓားနဲ့အပြည့်စုံပါရှိသော သူအား အဆင့်နိမ့်လူမှတိုက်ခိုက်ရန် မပြောနဲ့ အဆင့်တူခြင်းချလျှင်ပင်နိုင်ရန်လွယ်ကူမည်မဟုတ် ပေ။ စွန်ရဲစစ်သူကြီး၏ဓားချက်က မြန်ဆန်လှသလို တည်နေရာ လည်းခန့်မှန်းရန်ခက်ခဲလှ၏။တစ်စက္က န့်လျှင်လေးချက်နှုန်း ဖြင့် ခုတ်ပိုင်းနေရာ ပို၍ပင်ဆိုးဝါးလှ၏။ ရှောင်တိမ်းလိုက်သောအခါ ဓားချက်များက မြေပြင်သို့ ကျ၏။မြေပြင်သို့ကျသောအခါ မြေကြီးများဖွာကျဲလေ၏။ "ထုတ်စမ်း..မင်းရဲ့နတ်ဝိညာဥ်ကြီးထုတ်စမ်းပါ" စွန်ရဲစစ်သူကြီးဓားဖြင့်ပိုင်းရင်း အော်ပြောနေ၏။သူ၏ဓား ချက်များအား ဂျိတ်မှရှောင်တိမ်းနေသည်ကိုကြည့်ရင်း အော် ပြောလိုက်ခြင်းဖြစ်၏။ပြိုင်ပွဲကျင်းပတုန်း၌ သူကိုယ်တိုင်မြင် တွေ့ပြီးပြီမဟုတ်ပါလား။ထိုနတ်ဝိညာဥ်အား ယခုထိမမြင် သေးရာ ဂျိတ်သည် သူ၏အစွမ်းကုန်မထုတ်သေးဟု စစ်သူကြီးယူဆခြင်းဖြစ်၏။ ("စတန်းကို နတ်ဝိညာဥ်ထင်နေပုံရတယ်") ဂျိတ်မျက်မှောင်ကြုံလိုက်၏။စစ်သူကြီး၏အစွမ်းစအကန့် သတ်သိစေရန် အနီးကပ်တိုက်ခိုက်ရှောင်တိမ်းနေခြင်းဖြစ်ပြီး စစ်သူကြီးအားမျက်နှာသာပေးနေခြင်းဖြစ်၏။ယခုမှ တစ်ဖက်သားမှအတင်းတောင်းဆိုနေ၏။ "ကောင်းပြီ မင်းတောင်းဆိုမှတော့ ငါလဲလုပ်ပေးရတာပေါ့" ဂျိတ် စစ်သူကြီး ဓားချက်များအားရှောင်တိမ်း​ခြင်းမရှိတော့ပဲ ဒီအတိုင်းရပ်နေလိုက်၏။ "ဟာ ဘုရင်ကြီး" အကြောင်းရင်းမသိသောသူများစစ်သည်များကတော့စိုးရိမ် ထိတ်လန့်သွားကြ၏။စစ်သူ​ကြီး၏ဓားချက်ပိုင်းခြင်းအား ခံရ ပြီဟုတွေးလိုက်ကြ၏။ သူတို့တွေးသည်ကလည်း တွေးချင်စရာပင်။ပလက်တီနမ်အ ဆင့်မှဘုရင်က ဒိုင်းမွန်းအဆင့်ကစစ်သူကြီးအား တစ်ဆင့် ကျော်တိုက်နေခြင်းဖြစ်၏။တိုက်ပွဲကြာလေလေ ချာက္က ရာ စွမ်းအင်ကုန်ခမ်းရလေဖြစ်၏။ထိုအခါ အဆင့်နိမ့်သူက အ ရင်ကုန်မည်ဖြစ်ရာ ဘုရင်ကြီးရပ်သွားခြင်းသည် ချာက္က ရာ အစွမ်းကုန်ဆုံးသွားခြင်းကြောင့်ဟုထင်နေခြင်းဖြစ်၏။ စစ်သူကြီး ၏ဓားကလည်း ဂျိတ်၏အနားသို့ရောက်ရှိလာ ချိန်၌ "ထန်...." မီးပွှားများလွင့်စင်လာလေ၏။ ("နောက်ဆုံး တော့ သူရဲ့လျှို့ဝှက်ဝှက်ဖဲထုတ်လိုက်ပြီးပဲ") စစ်သူကြီး တွေးလိုက်၏။ထိုဝှက်ဝဲထုတ်သုံးစေရန်လည်း လုပ်နေခြင်းဖြစ်၏။ထိုဝှက်ဖဲ ဖြစ်သောနတ်ဝိညာဥ်ကြောင့် သာ ပလက်တီနမ်အဆင့်ရှိဂျိတ်သည် မိမိအားယှဥ်နေနိုင်ရ ခြင်းဟု အထင်ရောက်နေသည်ဖြစ်၏။ နာကျင်စရာအမှန်တရားဖြစ်သည့်အရာကိုတော့ သူမသိပေ။ဂျိတ်အတွက်တော့ စစ်သူကြီးသည် ဘယ်အချိန် ဖြစ်ဖြစ်ရိုက်သတ်ပြီးချက်စား၍ရသော ကြက်တစ်ကောင် သာသာ ဖြစ်၏။ "ဟာ ဘာ...ဘာကြီးလဲ" လူတိုင်းတုန်လှုပ်ကြ၏။အကြောင်းကား ဘုရင်နားရောက်လာ သောဓားချက်အား လက်ကြီးတစ်ဖက်က ကာကွယ်လိုက် သောကြောင့်ဖြစ်၏။ "ဝိုးရား" စတားပလက်တီနမ်စတန်းကြီး ပေါ်ထွက်လာပြီဖြစ်၏။ စစ်သူကြီး၏ဓားချက်အား ထိုစတန်းလက်ဖြင့်အသာပင်ကာ ကွယ်လိုက်ရာမှ မီးပွှားများထွက်လာခြင်းဖြစ်သည်။ "ဝိုးရား" ထွက်ထွက်ခြင်းစတန်း၏တိုက်စစ်ကား မြန်ဆန်လှ၏။ "ဝုန်း..ဝုန်း" ("ဟ မြန်လိုက်တာ") စစ်သူကြီးလုံးဝအငိုက်မိရပြန်၏။သူ၏ဓားချက်ကို စတန်းမှ လက်တစ်ဖက်ဖြင့်ကာကွယ်နေချိန်တွင်မှာပင် ကျန်တစ်ဖက်ဖြ င့် မိမိကိုယ်အား နှစ်ချက်ဆင့်မြန်ဆန်ထိုးချလိုက်သောကြောင့် ဖြစ်၏။ စိန်ခန္ဓာအသွင်ဖြစ်နေသောကြောင့် စစ်သူကြီးကံကောင်းသွား သည်ဟုဆိုနိုင်၏။မဟုတ်ပါက တောင်ဖြိုနိုင်စွမ်းရှိသော လက်သီးချက်က သူ့၏ကိုယ်အား ပေါက်ကွဲထွက်စေမည် ဖြစ်၏။ "ဝိုးရား" နောက်ထပ်ဆက်တိုက်သောတိုက်စစ်ကို စတန်းမှပင်ထိုးစစ် ဆင်လေ၏။သူ၏ပုံစံသည် မနားမပေးမည့်လက်သီးထိုးမည့် အသွင်ပြင်ရှိ၏။ "ဝုန်း...ဝုန်း....ဝုန်း....ဝုန်း" လေထဲ၌လက်သီးများကများစွာပျံဝဲကာ စစ်သူကြီး၏ကိုယ် အနှံပေါ်သို့ကျရောက်လာကြ၏။ထိုသို့လက်သီးများစွာ ဝဲလာ ရခြင်းသည် အချိန်တိုတွင်း၌မြန်ဆန်စွာထိုးသောအခါကြောင့် ဖြစ်ပေါ်လာရခြင်းလည်းဖြစ်၏။ စိန်ခန္ဓာအသွင်ကိုယ်ပေါ်အား စတန်းလက်သီးများက တစ်ပြိုင်တည်းဆိုသလိုကျရောက်လာ၏။ကျရောက်လာသော လက်သီးချက်များအား စစ်သူကြီးမှကာကွယ်သေး၏။ သို့ရာတွင်သူ၏ကာကွယ်မှုထက် လက်သီးချက်ကမြန်ဆန် နေရာအပြည့်ဝမကာကွယ်​နိုင်ပေ။ (."ဘာမှမဖြစ်ဘူးကွ ဒါကဖျက်စီးလို့မရနိုင်တဲ့စိန်ခန္ဓာပဲ") စစ်သူကြီးသည် ဂျိတ် ၏နတ်ဝိညာဥ်အား တိုက်ရိုက်စိန်ခေါ်ရဲ ခြင်းသည် သူ၏ဖျက်စီးမရနိုင်သောစိန်ခန္ဓာကြောင့်ဖြစ်၏။ သူ၏ကိုယ်ခန္ဓာအားမဖျက်စီးနိုင်ဟုထင်နေခြင်းလည်း ဖြစ်၏။ "ခရက်...ခရက်....ခရက်" ("မဖြစ်နိုင်တာ...မဖြစ်နိုင်ဘူး") စစ်သူကြီးသွေးစတင်ပျက်ယွင်းလာသည်။သူ၏ဖျက်စီးမရ နိုင်ဟုဆိုသော စိန်ခန္ဓာကြီးက စတင်ကာအက်ရာများစတင် ပေါ်ပေါက်လာ၏။ထိုအက်ရာများက သေးငယ်သော်လည်း စ တန်း၏ဆက်တိုက်ထိုးချက်များကြောင့် ဆက်တိုက်ဆိုသလို အက်ကွဲလာရ၏။ "မဖြစ်ဘူးကြာလာရင် သေနိုင်တယ်" စစ်သူကြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ဤသည်ကား ထွက်ပြေးရန်ဖြစ်၏။ဖျက်စီးမရသောကိုယ်ခန္ဓာသည် စတင် အက်ကွဲနေမှတော့ ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ ပေ။ "သက်တမ်းလောင်ကျွမ်းခြင်း" စွန်ရဲစစ်သူကြီးသည် သူ၏သက်တမ်းသုံးနှစ်အဆုံးခံကာ လောင်ကျွမ်းလိုက်၏။ထို့နောက် ဆက်လက်မခုခံတော့ပဲ ထွက်ပြေးတော့၏။ ချက်ချင်းဆိုသလို ဂျိတ်အနားရှိရာမှ မီတာတစ်ရာအကွာဝေး သို့ ရောက်ရှိသွား၏။ "စပြီးမှတော့လွတ်မယ်ထင်နေလား" ဂျိတ်မှပြောလိုက်၏။ထို့နောက်ဆက်ပြီးဆို၏။ "စတားပလက်တီနမ် the world" ("အချိန်ရပ်တန့်ခြင်း") "ဂျိန်းးးးးးးးးးး" စတန်းမှနေ၍ဧရိယာတစ်ခုထွက်ပေါ်လာပြီး မီတာတစ်ရာ အထိပြန့်နှံသွား၏။ထိုဧရိယာသည် မီတာတစ်ရာထိပြန့်နှံသွား သည်ကလည်း မြန်ဆန်လှ၏။မြန်ဆန်သောကြောင့် မီတာတစ် ရာရောက်နေသော စွန်ရဲစစ်သူကြီးလည်း စတန်း၏ဧရိယာ အတွင်းသက်ရောက်မှုအကျိုးဆက်ထဲပါရှိသွား၏။ ထိုဧရိယာအတွင်း၌ရှိသောအရာဝတ္ထုမှန်သမျှ ရပ်တန့်သွား ကြကုန်၏။ထိုသို့ဖြစ်ရခြင်းမှာ ဂျိတ်၏စတန်းဖြစ်သော စ တားပလက်တီနမ်၏အစွမ်းပင်ဖြစ်၏။ "ဝိုးရားးးးးးးးးးးးးး" ဒီတစ်ခါတော့ ရှယ်ထိုးပလန်ဖြင့်ထိုးခြင်းဖြစ်၏။အချိန်ရပ်တ န့်ထားခြင်းကြောင့် စစ်သူကြီးသည်လည်း ရပ်တန့်နေရ၏။ ပြန်လည်ခုခံနိုင်စွမ်းမရှိပေ။ဆက်တိုက်အထိုးခံနေရတော့၏။ ဂျွတ်..... စိန်ခန္ဓာကိုယ်ထည်ကြီးသည် ထိုးချက်များကြောင့် ပျက်စီး သွားပြီဖြစ်၏။ထိုအခါမှ "ပြန်ရုပ်သိမ်းမယ်" "ဂျိန်းးးးးးး" အချိန်ရပ်တန့်ခြင်းကား ပြန်လည်ပျောက်ကွယ်သွား၏။ "ဘာဖြစ်သွားတာလဲ" ကြည့်နေသောလူတိုင်းအဖြစ်ပျက်များအား နားမလည်နိုင် ဖြစ်နေကြရ၏။ လက်ရှိသူတို့ မြင်နေရသည်ကတော့ ကြမ်းပါပေ့ဆိုသော စစ်သူကြီးသည် ကွဲကြေနေသည့်စိန်ခန္ဓာဖြင့်သွေးများစွာယို ဆင်းလျက် မြေပြင်ပေါ်၌မေ့မြောနေ၏။ စစ်သူကြီးကတော့သွေးအလိမ်းလိမ်းဖြင့်မြေပြင် ပေါ်၌မေ့မြောနေသော်လည်း ဂျိတ်ကတော့ ထိခိုက်ဒဏ်ရာရ ရန်ဝေလာဝေးပေစွ ဖုန်ပင်တစ်မှုန့်မှမစွဲကပ်ပဲ သပ်ရပ်စွာရှိ နေလေ၏။သူ၏နောက်တွင်လည်း ကြီးမားသော လူကြီးတစ် ယောက်လေထဲ၌တန့်ကာ ရပ်တည်နေလျက်ရှိလေ၏။ တိုက်ပွဲရလာဒ်ကားရှင်းလင်းနေ၏။ ယခုတိုက်ပွဲ၌ စွန်ရဲစစ်သူကြီးသည် ဂျိတ်အား လုံးဝရှုံးလိမ်းသွားခဲ့ရပြီဖြစ်၏။ဂျိတ်သည်လည်း မေ့မြောနေ သောစစ်သူကြီးအားဖမ်းဆီးလိုက်ပြီဖြစ်သည်။

(216)

"ဟာ မဖြစ်နိုင်တာ" မြင်တွေ့လိုက်ရသော စွန်ရဲစစ်သည်တော်တို့မှာကြောက်လန့် တုန်လှုပ်သွားကြ၏။ကြောက်လန့်နေကြသော စွန်ရဲစစ်သည် များဘက်သို့ ဂျိတ်ထပ်မံလမ်းလျှောက်လာပြီး ဒဏ်ရာရနေ သောသူများအား ခေါ်ဆောင်သွားရန်ကြံ၏။ ထိုအခါ စွန်ရဲစစ်သည်များက တားဆီးကြသော်လည်းအရာမ ထင်ပေ။ "အင့်.." တိုက်ခိုက်သူမှန်သမျှ လွင့်စင်သွားရချဥ်းသာဖြစ်၏။ "အားနေတဲ့စစ်သည်တွေလာပြီး ဒီကောင်တွေကိုလာခေါ်လှ ည့်" ဖက်စ်မြို့မှစစ်သည်များအား ဂျိတ်မှပြောလိုက်၏။ထိုအခါ စစ်သည်တော်များမှ ဒဏ်ရာရသောစစ်သည်များအား မြို့ထဲ သို့ခေါ်ဆောင်သွားကြ၏။ သတင်းစကားပေးပို့စေနိုင်ရေးအတွက် စွန်ရဲစစ်သည်တော် ဆယ်ယောက်အား ချန်ပေးလိုက်၏။ကျန်သောလူများကိုအား သုံပန်းအနေဖြင့်ဖမ်းဆီးခေါ်ဆောင်လိုက်ပြီဖြစ်၏။ "သွား မင်းတို့အင်ပါယာအရှင်ကိုသွားပြောလိုက် နောက်တစ် ခေါက် ဒီလိုလာလုပ်ရင် မင်းတို့အင်ပါယာကြီးပါဖျက်စီးပစ် မယ်လို့ လောဆယ် မင်းတို့စစ်သူကြီးကို ငါခေါ်သွားမယ် လာ ရွေးလို့" ထိုသို့ပြောဆိုပြီးသည်နဲ့ ဂျိတ်လည်း ချာက္က ရာအစွမ်းဖြင့် စစ်သူကြီးအား ခေါ်ဆောင်သွား၏။ထိုသို့ခေါ်ဆောင်သွား သည်ကို စွန်ရဲစစ်သည်များမြင်သော်လည်း ပြန်လည်တိုက်နိုင် လုယူနိုင်စွမ်းမရှိပေ။ ဂျိတ်၏အစွမ်းအား မြင်တွေ့ပြီးပြီဖြစ်ရာ ဒီအတိုင်းရပ်ကြည့် ရုံသာတတ်နိုင်ကြ၏။ "ဟိုကောင်တွေ ဘာလို့ချောင်းကြည့်နေကြတာလဲ လုပ်ခိုင်း တာပြီးကြပြီလား" ဂျိတ်၏အသံကြောင့် ချောင်းကြည့်နေကြသောဂရိတ် စစ်သည်တော်တို့မှာ ကပျာကယာဖြင့် ပြေးလွှားပြီး ဂျိတ်ခိုင်း ထားသောအမှုအား ပြီးစီးရန်ဆောင်ရွက်ကြလေတော့၏။ ညနေစောင်းသည့်အချိန်ပင်ရောက်ရှိ၍လာပြီဖြစ်၏။ "ရလာဒ်ရလာပြီ ဘုရင်မင်းမြတ် ကျနော်တို့မြို့ရဲ့ ပျက်စီးဆုံးရှုံးမှုက70%ပါ" စစ်သည်လေးတစ်ယောက်မှ ဒေါသထွ​က်သောအမူရာဖြင့်ဆို လေ၏။စွန်ရဲအင်ပါယာမှစစ်သည်များအား မြင်သည်နဲ့ ထို စစ်သည်လေးသည် ပိုင်းဖြတ်ပစ်ချင်သည့်အမူရာရှိ၏။ "ကောင်းပြီ မြို့ကိုပြန်ပြင်ဖို့က ငါ့တာဝန်ထားလိုက် လက်ရှိမင်း တို့လုပ်ရမှာက မြို့ထဲမှာနေထိုင်ကြတဲ့ပြည်သူတွေကိုအကျိုး ကြောင်းရှင်းပြလိုက် ဒီသုံပန်းတွေကိုတော့ ငါခေါ်သွားမယ် " "ကောင်းပါပြီ ဘုရင်မင်းမြတ်" ဂျိတ်လည်း မိမိအနားမှ မိမိစစ်သည်တော်များထွက်သွား ပြီးသည်နဲ့သုံပန်းများအား မေ့မြေအောင်ဦးစွာလုပ်၏။ နောက်ပြီးမှမိမိနဲ့အတူ တယ်လီပို့လုပ်ဆောင်လိုက်ပြီး နန်းတော်သို့ခေါ်ဆောင်သွား၏။ "ရော့ သူတို့ကို ကုသပြီး ဖမ်းဆီးထားလိုက် ကောင်းနေတဲ့သူ တွေကို ငါချိတ်ပိတ်ပေးထားတယ် အဲ့ကောင်တွေကိုကျ ကျောက်တူးတဲ့နေရာမှာခိုင်းချေ" ဂျိတ်လည်း တာဝန်ကျေစစ်သည်တော်များအား မိမိခေါ်​ ဆောင်လာသောစစ်သည်သုံပန်းများအား ပေးအပ်လိုက်၏။ ထို့နောက် မိမိ၏သမီးဖြစ်သူအား တွေ့ရန် ထွက်လာလေ တော့၏။ "ပါးပါး မီးမီးကိုပွေ့ပေး" ဂျိတ်အားမြင်သည်နဲ့ သမီးလေးမှပွေ့ခိုင်း၏။ဂျိတ်ကလည်း သမီးလေးအားပွေ့ချီလိုက်၏။ "မေမေကော " "မီမီကနန်းတော်ထဲကစာအုပ်တွေဖတ်နေတယ်" ဂျိတ်သက်ပြင်းချလိုက်၏။ ("ဒီကောင်မလေးကတော့") အယ်လီနာသည် အလွန်ပင်စူးစမ်းဆင်ခြင်လေ့လာသော ဝါသနာပါရှိသူဖြစ်၏။ဒီယေဂိုမြို့မှနေစဥ်ကလည်း အိမ် မှာထားထားသော စာအုပ်စင်မှစာအုပ်များ ကိုမလွတ်တမ်း ဖတ်ရှုလေ့လာသူဖြစ်၏။ခုလည်း နန်းတော်မှစာအုပ်များအား ဖတ်နေပြန်သည်။ ဂျိတ်လည်း အယ်လီနာအား စာဖတ်နေသည့်နေရာထိလိုက် ခေါ်၏။ညစာအတူစားကြရန် ဒီယေဂိုမြို့ရှိနေအိမ်သို့ ပြန် ကြ၏။ ထိုသို့ပြန်ကြရာတွင် တယ်လီပို့နည်းအစွမ်းကိုမသုံးပဲ နောက် တစ်နည်းအား အသုံးပြုထား၏။ထိုနည်းကား မှော်တံခါးပင် ဖြစ်၏။ဘုရင်၏နန်းဆောင်ထဲ၌ ဂျိတ်သည်မှော်တံခါးထား ထား၏။ထိုမှော်တံခါး၏အစွမ်းသည် ကိုသြဒီနိတ်သတ်မှတ် ထားပြီးသောနေရာများသို့ ပို့ပေးနိုင်စွမ်းရှိ၏။ ထိုတံခါးအားမည်သို့မည်ပုံရထားကြောင်းလည်းပြောပြပြီးပြီ ဖြစ်၏။ထိုမှော်တံခါး၏အစွမ်းအား အယ်လီနာအားပြောပြ ပြီးသည်ဖြစ်ရာ ထိုတံခါးမှတစ်ဆင့် ဒီယေဂိုမြို့သို့ပြန်ကြ၏။ ဂျိတ်လည်းရောက်သည်နဲ့ ကိုယ်တိုင်ကိုယ်ကျပြင်ဆင် ချက်ပြုတ်၏။အယ်လီနာကလည်း ကူညီပေး၏။ "ညစာချိန်ရောက်ပြီ" ထိုသို့ဆိုလိုက်သည်နဲ့ ခွေးမိုက်ကယ်ခမျာ မြန်ဆန်စွာပင်ပြေး လာ၏။နောက်မှရောက်လာသူက ဇိုက်ဖြစ်ပြီးနောက်ဆုံး ရောက်လာသောသူကတော့ တာနာရှာပင်ဖြစ်၏။ ဒီညအတွက် ဂျိတ်ချက်ပြုတ်ထားသည်ကတော့ ရွှေလင်းယုန် တောင်ပံအား နူးညံအောင်ကင်ထားပြီး အသီးရွက်များဖြင့် ရောထားသည့်ဟင်း၊အမဲကင်နဲ့ စပါဂတီခေါ်ခေါက်ဆွဲပင်ဖြစ်၏။ "အား...ကောင်းလိုက်တာ" စားမိသူတိုင်း လျှာလည်သွားသည်အထိကောင်းမွန်လှ၏။ဂျိ တ်၏လက်ရာကို စားမိပြီးသော သူတို့၏အကြီးဆုံးနောင်တ မှာ နောက်နောင်ရက်များ၌ ထိုသို့သောဟင်းလျာများထပ်မံမ စားရတော့မည်ကိုပင်ဖြစ်၏။ စားသောက်ပြီးသည်နဲ့ အချိုပွဲအဖြစ် စတော်ဘယ်ရီရေခဲမှုန့် အား ထပ်မံစားသုံးကြပြန်၏။ထိုစတော်ဘယ်ရီရေခဲမှုန့်က လည်း သမီးလေးအယ်မလီ၏တောင်းဆိုချက်ကြောင့်ပင် ဖြစ်၏။သမီးလေးတောင့်တသမျှ ဖြည့်စီးပေးရန်လည်း ဂျိတ် မှ ဆုံးဖြတ်ထားပြီဖြစ်၏။ "တာနာရှာ မင်းအိမ်ပြန်ပြီးမင်းအဖေကိုပြောပေးပါလား ညှိနှိုင်းစရာရှိလို့လာခဲ့မယ်လို့" "ဟုတ်ကဲ့ပါရှင့် " တာနာရှာမှာလည်း အိမ်မပြန်ရသည်မှာကြာပြီဖြစ်သောကြော င့် ခေါင်းညိတ်လိုက်၏။သူမသင်ယူနေသော လက်နက် အတတ်ပညာမှာလည်း အဆင့်တစ်ခုထိရောက်ရှိနေပြီဖြစ်၏။ "ဇိုက် မင်းကတော့ဆက်ကြိုးစားနေရမယ်နော်" "ဟုတ်ကိုကြီး ကျနော်ဆက်ကြိုးစားပါမယ်" ဂျိတ်လည်းခေါင်းညိတ်လိုက်၏။သူ၏ညီဇိုက်မည်မျှကြိုးစား ကိုလည်း သူလည်းသိသည်ဖြစ်၏။ "မိုက်ကယ်မင်းကတော့ ဒီညမှာပဲ ရွေးချယ်စရာရှိတယ်" "ဝုတ်" မိုက်ကယ်ကလည်း နားလည်ကြောင်း ဟောင်ပြ၏။ ထို့နောက် လူတိုင်း ညအချိန်အနားယူရန်မိမိတို့နေရာ အသီးသီးတို့သွားလိုက်ကြ၏။ "ချစ် ကိုယ့်ကိုမစောင့်နဲ့တော့နော် ကိုယ်သွားစရာရှိသေး တယ်" ဂျိတ်မှ အယ်လီနာအား ပြောပြ၏။ "ဟုတ်ပါပြီ ဂရုစိုက်" အယ်လီနာအား ဂျိတ်မှအနမ်းချွေပြီးနောက် ခြံအပြင်သို့ထွက် လာခဲ့လိုက်၏။ခြံအပြင်သို့ရောက်သည်နဲ့ "စနစ်" ("အမိန့်ရှိပါ") "ငါ့ကို ဂရိတ်တိုင်းပြည်အချက်လက်ရောင်းစားတဲ့နေရာကို တည်နေရာရှာပေး ပြီးတော့ အိမ်ရှေ့စံအိုရစ်ကိုလည်းခြေရာ ခံမယ်" ("ကောင်းပါပြီ") စနစ်ကလည်းဂျိတ်တောင်းဆိုသမျှကိုအတည်ပြုပြီးသည်နဲ့ ရှာဖွေလေ၏။အိမ်ရှေ့မင်းသားအိုရစ်သည်လည်း အာဏာသိမ်းခံရစဥ်၌ပျောက်ဆုံးနေသည်ဖြစ်သောကြောင့် ဘုရင်ဟောင်းမှာ ဂျိတ်အားအကူညီတောင်းထားသည် ဖြစ်၏။ ("တည်နေရာရှာတွေ့ပါပြီ အဆင့်ခြောက်တိုင်းပြည်အာ ဗိန်း၏အာလက်မြို့၌ဖြစ်၏။အိမ်ရှေ့စံအိုရစ်သည်လည်း ထို နေရာ၌ပင်ဖြစ်၏။) "ဟုတ်ပြီ အဲ့နေရာသွားမယ်" ("ကောင်းပါပြီ ယခုပို့ဆောင်ပေးနေပါပြီ") ဂျိတ်အားအလင်းတန်းများဖုံးလွှမ်းပြီးသည်နဲ့နောက်တစ်စက္က န့်ဆိုသောအချိန်ကာလ၌ ဂျိတ်သည်အာလက်မြို့၌ရောက်ရှိနေ ပြီဖြစ်၏။ အာလက်မြို့သည် အဆင့်ခြောက်အာဗိန်းဒေသ၌ အဓိက အချက်ချာကျသောနေရာဟုဆိုလျှင်လည်းမမှားပေ။ တိုင်းပြည်များ၏သတင်းအရင်းမြစ်များလည်းရရှိနိုင်ရာ ပစ္စည်းမျိုးစုံလည်းရရှိနိုင်သောနေရာဖြစ်၏။ အဘယ်ကြောင့်ထိုသို့ပေါကြွယ်ဝသနည်း။အဖြေကားရှင်း၏။ ဘလက်အဖွဲ့စည်းကြီးရှိနေသောကြောင့်ပင်ဖြစ်၏။ "ဝိုး တစ်နေရာတည်းမှာဂိမ်းပေါင်းငါးရာ...အဲ..မဟုတ်သေးပါ ဘူး..တစ်နေရာတည်းမှာရှင်းရမဲ့ရန်သူတွေစုနေတော့ငါ့ အတွက်သက်သာသွားတာပေါ့" ဘလက်အဖွဲ့စည်းနဲ့ဂရိတ်တိုင်းပြည်အချက်လက်ရောင်းစား သော​နေရာကတစ်နေရာတည်းဖြစ်နေရာ ဂျိတ်အတွက် လွယ်ကူပြီးအချိန်ကုန်သက်သာစေခဲ့သည်ဖြစ်၏။ "ကဲ စရှင်းကြတာပေါ့" ဂျိတ်လည်း အာလက်မြို့ထဲရှိသတင်းအချက်လက်များ ရောင်းချသောနေရာသို့ဦးတည်၍သွားလိုက်သည်ဖြစ်၏။

All Chapters