အခန်း (၂၁၇-၂၁၉)
Vol. 15 Ch. 217-219
(217)
ဂျိတ်သည်အာလက်မြို့ထဲ၌တစ်ကိုယ်တည်းသွားလာနေ၏။ထို အကြောင်းအား ဂျိတ်အားအလိုရှိနေသောဘလက်အဖွဲ့စည်း ကြီးမှသိရှိခြင်းမရှိပေ။မိမိအားအလိုရှိနေသောအဖွဲ့စည်းရှိရာ မြို့ထဲသို့ ဂျိတ်ကား သက်တောင့်သက်သာစွာပင်သွားလာ လေ၏။ "တဆိတ်လောက် ဂရိတ်တိုင်းပြည်အချက်လက်ရောင်းတဲ့ နေရာလေးဘယ်မှာရှိတယ်ဆိုတာသိလား" လမ်း၌တွေ့သောလူတစ်ယောက်အား အဝတ်စား ကောင်းကောင်းဝတ်ဆင်ထားသောလူမှမေးနေ၏။ "သိပါတယ် အဲ့နေရာက......*******" ဂရိတ်တိုင်းပြည်အချက်လက်ရောင်းသောနေရာသိချင်သော လူမေးသည်ကိုလည်း ဂျိတ်မှဖြတ်လျှောက်သွားရင်း ကြားလိုက်ရ၏။ ("ဒီကောင် နောက်ကျနေပြီဆိုတာသူမသိဘူး") ဂျိတ်၏အတွေးပင်ဖြစ်၏။ဂျိတ်လုပ်ရမည်ကားရှင်း၏။ အချက်လက်ရောင်းသောနေရာအားသွားမည် ။ထိုနေရာ၌ရှိ သမျှသောအချက်လက်များအား ဖျက်စီးမည်၊သိထားသော သူများရှိနေလျှင်လည်း ပြသနာမဟုတ်ပေ။သူတို့၏မှတ်ည ဏ်များပါဖျောက်ဖျက်ပစ်မည်သာဖြစ်၏။ ဂျိတ်လည်းဆက်လက်လျှောက်လမ်းရာမှ တစ်ခုသောနေရာ ရှေ့သို့အရောက်၌ရပ်တန့်လိုက်၏။တွေ့ပါပြီ။ အာလက်သတင်းရောင်းဝယ်ရေးဌာန... ဆိုင်းဘုတ်ကြီးကား ထင်းခနဲရှိလောက်အောင်ပင် တောက် ပြောင်လှ၏။စာတန်းကြီးကလည်း ကြီးမားသောကြောင့် သိသာထင်ရှားပေ၏။ "အင်း တွေ့ပြီပေါ့" ဂျိတ်မှရွေရွတ်ပြီး အထဲသို့ဝင်သွားလိုက်၏။အထဲသို့ရောက် သောအခါ လူတော်တော်စည်ကားသည်ကိုလည်းတွေ့လိုက် ရ၏။လူတိုင်းနီးပါးသည် မိမိတို့အလိုရှိရာသတင်းများဝယ်ယူ နေကြသည်ကိုလည်းတွေ့ရ၏။ သတင်းအချက်လက်များသည် ငွေပင်ဖြစ်၏။ထိုအချက်ကို အပိုင်ချုပ်တတ်သောလူများကသာ စီးပွားရေးလုပ်ဆောင် နိုင်သည်ဖြစ်၏။ ထို့နောက် လူရှင်းသောကောင်တာနေရာသို့သွားပြီးလျှင် "သတင်းဝယ်ချင်ပါတယ်" ဂျိတ်ထိုသို့ပြောလိုက်သည်နဲ့ အသက်ကြီးကြီးလူကြီးတစ် ယောက်သည် ကောင်တာအနားရောက်လာပြီးလျှင် "ဒါဆို ဘာသတင်းဝယ်ချင်ပါသလဲ" မေး၏။ "ဂရိတ်တိုင်းပြည်အချက်လက်နဲ့ပတ်သက်တာအကုန်လုံးဝယ် မယ်ပြီးတော့ အဲ့သတင်းတွေဘယ်နှယောက်ရောင်းပြီးဆိုတာ လဲသိချင်တယ် " "ဒါဆိုရင် မဖြစ်နိုင်ပါဘူး" ကောင်တာမှလူကြီးမှပြန်ပြော၏။ "ဒါဆိုလည်းဖြစ်နိုင်တာရှိပါတယ်" ("စတန်း စတားပလက်တီနမ် the world(အချိန်ရပ်တန့် ခြင်း)..) ဝီ.....ဝီ........... ကြီးမားသော ဧရိယာကြီးကချက်ချင်းပင် ထိုဌာနတစ်ခုလုံး အား သက်ရောက်ပြန့်နှံသွား၏။ အချိန်တန့်ခြင်းစွမ်းအင်ဧရိယာကြီးက သတင်းရောင်းဝယ် ရေးဌာနတစ်ခုလုံးအားဖုံးလွှမ်းသွား၏။ လေထဲ၌ငွေများကတန့်လန်းဖြစ်ပြီးပြုတ်ကျခြင်းလည်းမရှိ သလို လူများကလည်းရပ်တန့်နေကြ၏။စကားပြောနေသော သူက စကားပြောဟန်ဖြင့်ရပ်တန့်နေကြသလို ငွေကိုင်သော သူကလည်းငွေကိုင်ဟန်အနေထားဖြင့်ရပ်တန့်နေကြ၏။ အချိန်ရပ်တန့်ခြင်းဧရိယာမှအတွင်း၌ ယင်ကောင်တစ်ကောင် ပင်ချွင်းချက်မရ သက်ရောက်မှုခံထားရ၏။ လှုပ်ရှား၍ရသောတစ်ဦးတည်းသောသူကတော့ ဂျိတ်သာ ဖြစ်၏။အားလုံးရပ်တန့်နေသည်ဖြစ်ရာ ကောင်တာအတွင်းသို့ ဝင်၍ စာရင်းစာအုပ်အားကိုင်လိုက်၏။ထို့နောက် စာရင်း စာအုပ်အားဖွင့်ကာရှာဖွေ၏။ "အင်း....ဂရိတ်တိုင်းပြည်အချက်လက်တွေကတော်တော် များပြားတာပဲအားလုံးပေါင်းရင် ပမာဏကတော်တော်များ တာပဲ" စာအုပ်ထဲရှိဂရိတ်တိုင်းပြည်၏အချက်လက်များအား တန် ကြေးမည်မျှရှိကြောင်းရေးချထားရာ ဂျိတ်မှ သိရှိလိုက်ရခြင်း ဖြစ်၏။ဂရိတ်အချက်လက်တန်ကြေးသည်အနည်းဆုံးရွှေ ဆယ်သန်းမျှအထိသွားကြောင်း ရေးသားထား၏။ "ဒါကိုဘယ်နှယောက်ရောင်းချထားပြီလဲမသိနိုင်သေးဘူး" စာရင်းစာအုပ်အား ဘေး၌ခေတ္တ ချပြီးရောင်းချသည့်စာရင်း စာအုပ်အားကြည့်လိုက်၏။ထိုစာအုပ်၏စစ်တမ်းအရဆိုလျှင် ဂရိတ်တိုင်းပြည်အချက်လက်ဝယ်ယူသွားသည့်လူသည် တစ် ထောင်နဲ့နှစ်ယောက်ထိပင်ရှိကြောင်းတွေ့ရလေ၏။ "တော်တော်များတာပဲ ဒါကြောင့်လည်းသတင်းအချက်လက် တွေကတန်နေတာကိုး" သတင်းအချက်လက်များကို ရောင်းချရာ၌မူရင်းသတင်း အချက်လက်များအား သေချာထိန်းသိမ်းထားပြီး မိတ္တူများ ထုတ်လုတ်ပြီးရောင်းချခြင်းဖြစ်၏။ဝယ်သောသူကလည်း စျေးကြီးပေးဝယ်ထားရသည်ဖြစ်ရာ တခြားသူအား အလွယ်တကူပြသရန်မဖြစ်နိုင်ရာ သတင်းအချက်လက်တစ်ခု တည်းအား ဘယ်နှကြိမ်ရောင်းချနိုင်မည်ကို မသိနိုင်ပေ။ ကောင်တာ၌ရှိနေသေးသောစာအုပ်များဂျိတ်ဆက်လက်ဖတ် ရှု၏။ထိုအခါ ဂရိတ်အချက်လက်နဲ့ပတ်သတ်ပြီးထားရှိသော နေရာအားသိလိုက်ရပြီဖြစ်၏။ "လာပြန်ပြီ ဒိီ ဘလက်အဖွဲ့စည်း" သတင်းရောင်းချသောအဖွဲ့စည်းမှာဘလက်အဖွဲ့စည်းပင် ဖြစ်ကြောင်းထပ်မံတွေ့လိုက်ရပြီဖြစ်၏။ယခုလက်ရှိသတင်း ရောင်းချသောအဖွဲ့စည်းသည်ပင် ဘလက်အဖွဲ့စည်းနဲ့ ဆက်နွယ်နေကြောင်းပါတွေ့ရှိရလေ၏။ "လက်ရှိဒီဟာပဲအရင်ရှင်းပါဦးမယ်လေ" အချိန်ရပ်တန့်ထားခြင်းအခိုက်တန့်၌ ဂျိတ်သည်သာ အရှင်သခင်ဖြစ်၏။ထို့ကြောင့် ဌာနထဲ၌ဂျိတ် တစ်ယောက်တည်းလှုပ်ရှားသွားလာခြင်းအား မည်သူမျှဟန့် ထားနိုင်ခြင်းမရှိပေ။ "ဒါတွေပဲဆိုတော့အရင်လက်စဖျောက်ရမယ်" ဂျိတ်လည်း မိမိရှေ့၌ပုံနေသောစာရွက်ထုပ်ကြီးအားကြည့် လိုက်သည်။ထိုစာရွက်ပုံကြီးသည် ဂရိတ်တိုင်းပြည်၏အချက် လက်များရေးသားထားသော မူရင်းမိတ္တူများပင်ဖြစ်လေ၏။ "ဖျက်စီးလိုက်" "ဝိုးရားးးးးး" ထိုစာရွက်ပုံကြီးအား စတန်းမှလေပေါ်မြောက်ကာ ဆက်တိုက် ထိုးချလိုက်၏။ထိုးချက်မှာ အလွန်ပင်မြန်ဆန်ပြင်းထန်သော ကြောင့် စာရွက်များမှာချက်ချင်းဆိုသလို အမှုန့်ဘဝသို့ ပြောင်းလဲသွားရတော့၏။ စာရွက်များဖျက်စီးပြီးပြီဖြစ်သောကြောင့် ဂျိတ်လည်းစနစ်မှ ဟော်ရီပေါ်တာကိုင်ဆောင်သောမှော်တုတ်တံကိုထုတ် လိုက်၏။ဒီတစ်ခေါက်လုပ်ရမည်ကား ဂရိတ်တိုင်းပြည် အချက်လက်ရောင်းဝယ်သောသူများ၏မှတ်ညဏ်ကိုပါ ဖျောက်ပစ်ရန်ဖြစ်၏။ "မှတ်ညဏ်ဖျောက်မယ်..ဂရိတ်တိုင်းပြည်အချက်လက် အကြောင်းသိနေတဲ့ဒီကလူတွေရဲ့မှတ်ညဏ်တွေဖျောက်ပစ် မယ်" မှော်တုတ်အား ဝှေ့ယမ်းရင်းဆိုလိုက်၏။ထိုအခါ မှော်တုတ်မှ အလင်းတန်းများက သတင်းအရောင်းဌာနတစ်ခုလုံး၌လင်း ထိန်သွား၏။ထိုအလင်းတန်းများသည် ဌာန၌ရှိသော ဂရိတ် တိုင်းပြည်အကြောင်းရာသိရှိထားသောလူများ၏မှတ်ညဏ် များအား ဖျက်ချလိုက်၏။ ထို့ကြောင့်သူတို့၏မှတ်ညဏ်များ၌ဂရိတ်တိုင်းပြည် အကြောင်းရာနဲ့ပတ်သတ်သောအရာတစ်ခုမျှ ကျန်ရစ်နေခြင်း မရှိတော့ပေ။ "ပြီးသွားပြီ ကဲ နောက်တစ်နေရာကတော့ဘလက်အဖွဲ့စည်း ပေါ့" ဂျိတ်လည်းမှော်တုတ်အားစနစ်ထဲသို့ပြန်လည်ထည့်လိုက်ပြီး ဌာနအပြင်သို့ထွက်လာခဲ့လိုက်၏။ဌာနအပြင်ရောက်မှ "မူလအတိုင်းဖြစ်စေ" .ဝီ.......ဝီ.......... အချိန်ရပ်တန့်ထားခြင်းကား ပြန်လည်ပျောက်ကွယ်သွား၏။ ထိုအခါ ဌာနအတွင်း၌စကားသံများ ငွေပေးသံများက ပြန်လည်ထွက်ပေါ်လာ၏။လူတိုင်းအသီးသီးကလည်း မိမိတို့ လှုပ်ဆောင်နေကြအတိုင်းပြန်လည်လှုပ်ရှားနေကြ၏။ "အင် ငါဘာလုပ်နေတာလဲ" ကောင်တာ၌ဂျိတ်အားအကြောင်းရင်းရှင်းပြနေသောလူကြီး ကြောင်တောင်တောင်ဖြစ်နေ၏။သူ၏မှတ်ညဏ်မှာဖျက်ချ ခံထားရသောကြောင့် မှတ်မိရန်မဖြစ်နိုင်ပေ။ "နေပါစေ ငါစာရင်းစာအုပ်ကိုင်ရဦးမှာပဲ" ထိုလူကြီးမှာစာရင်းစာအုပ်ကိုင်ပြီးအလုပ်ရှုပ်နေ၏။ "နေပါဦး စာအုပ်ထဲတစ်ခုခုလိုသလိုပဲ" စာအုပ်အားကြည့်ပြီးတစ်ခုခုလိုနေမှန်းသိသော်ငြားလည်း မည်သည်အကြောင်းရာလိုနေသည်ကိုတော့ သူမသိပေ။ "ဟိုလူပြောသလိုဆိုဒီနေရာပဲ" ဂျိတ်ဖြတ်သွားစဥ်က ဂရိတ်တိုင်းပြည်သတင်းဝယ်ရန်မေး သောလူမှာ ယခုမှ သတင်းရောင်းဝယ်ရေးဌာနသို့ရောက်ရှိ လာ၏။သူသည်ဌာနထဲသို့သတင်းဝယ်ရန်ဝင်သွား၏။ ငါးမိနစ်ခန့်ကြာသောအခါ..... သတင်းဝယ်ရန်ဝင်သွားသောလူသည် ဗျစ်တောက်ဗျစ်တောက်ဖြင့်မြည်တမ်းပြီးထွက်လာ၏။ သူ၏ရုပ်သည်သတင်းအချက်လက်မရလာမှန်းသိသာပေ၏။ "မရှိဘူးတဲ့..ဒါကိုဟိုကောင်ငါ့ကိုသက်သက်မဲ့အာချောင်သွား တာပဲ ပြန်လာမှ ဟိုကောင်ကိုတီးလွှတ်ပစ်ရမယ်" သတင်းအချက်လက်မရသောကြောင့် ထိုလူမှာဒေါသထွက် နေ၏။သတင်းအချက်လက်များအားဖျက်စီးပြီးသော ဂျိတ် ကား ဘလက်အဖွဲ့စည်း၏ဝင်ပေါက်တည့်တည့်သို့ပင် ရောက် ရှိနေပြီဖြစ်၏။
(218)
"ဟေ့ကောင်ဘာလာလုပ်တာလဲ" ဘလက်အဖွဲ့စည်း၏အဆောက်ဦးအပေါက်ဝ၌စောင့်ကြပ်နေ ရသော စစ်သည်တစ်ဦးမှ ဂျိတ်အား မေးမြန်းလိုက်၏။ "အကြွေးလာယူတာပါ" ဂျိတ်၏စကားကြောင့် ထိုစစ်သည်မှာ သူ၏ဘေး၌ရှိနေသော စစ်သည်ကို မေးငေ့ါပြရင်းရယ်မောကာ ဆက်မေး၏။ "ဘယ်သူ့ဆီကနေလာတောင်းတာလဲ" "ဘလက်အဖွဲ့စည်းကနေပါ" ဂျိတ်၏စကားအဆုံးမှာတော့ ဝါးလုံးကွဲအောင်ရယ်မောလိုက် ကြ၏။ "ဟား...ဟား..ဟား..ဟားး ဟေ့ကောင် ငါတို့စောင့်ကြပ်လာ တာကြာလှပြီ ဒီလိုနောက်ရဲတဲ့ကောင်မရှိဘူး ကွ" "ဟုတ်တယ် ဒီကောင်ရူးနေတာလားပဲ" အစောင့်နှစ်ယောက်သား ဗိုက်အားနှိပ်ကာရယ်မောနေကြ၏။ ဂျိတ်၏စကားကသူတို့တစ်သက်အရယ်ရဆုံးသောဟာသတစ် ပုဒ်လိုပင်ဖြစ်၏။ ဘလက်အဖွဲ့စည်းဆိုသည်မှာအဘယ်နည်း။မိမိတို့အဖွဲ့အားမ ကြောက်သောသူမရှိအောင်ရှားပါးသည်မဟုတ်ပါလား။ ထို့ပြင် အာလက်မြို့၌ထိုနာမည်ကြားရုံဖြင့် ဖိန့်ဖိန့်တုန်အောင် ကြောက်နေကြရာ ဂျိတ်မှာသူတို့အား လာရောက်စနောက် နေသည်ဟုအထင်ရှိနေကြခြင်းဖြစ်၏။ ဂျိတ်ကတော့ထိုနှစ်ယောက်အားဂရုစိုက်ဟန်မတူ အထဲသို့သာ ဝင်လိုက်၏။ "ဟေး ဒီလိုဝင်လို့မရဘူးလေ" အစောင့်တစ်ယောက်မှ ဓားဖြင့်ဂျိတ်အားရွယ်၏။ရွယ်လိုက် သည်နဲ့ "ဖြောင်း" လက်သီးတစ်လုံးက ဓားရွယ်သောစစ်သည်အစောင့်အားထိ ပြီးသားဖြစ်၏။ပါးစောင်းအား ထိုးချခြင်းဖြစ်ရာ တန်း မေ့မြောသွားလေ၏။ "ဟင်" ကျန်တစ်ယောက်လည်း ထိုအခြင်းရာကြောင့် ဂျိတ်အားတုံ ပြန်ရန်ဓားကိုဓားအိမ်မှချွတ်၏။သို့သော် ဂျိတ်ကပိုသွက်ပေ ရာ "ခွပ်" ဓားအိမ်မှဓားမထွက်ခင်၌ သူ၏လက်သီးကအရင်ကြွေးပြီး သားဖြစ်၏။နောက်တစ်ယောက်မှာလည်း မေ့မြောသွားရ ပြန်၏။ နှစ်ယောက်လုံးအား မေ့အောင်ထိုးပြီးသောအခါ ဂျိတ်လည်း ဘလက်အဖွဲ့စည်းထဲသို့ဝင်ရောက်လာ၏။ဘလက်အဖွဲ့စည်း အဆောက်ဦးတည်နေရာပုံစံသည် အတော်ပင်သေသပ်လှပ သည်ဟုဆိုနိုင်၏။ ဘလက်အဖွဲ့စည်း၏အဆောက်ဦးအားလုံးကား ကျောက် သားများဖြင့်တည်ဆောက်ထား၏။ခိုင်ခံမှုကား ပြောစရာမလို ပေ။ သူတို့၏အဖွဲ့စည်းရှိရာနေရာသည် အမြဲလိုလိုအချိန်ပြည့် ကင်းစောင့်နေကြ၏။ (အဲ..ဝင်ပေါက်နေရာကိုတော့လွှဲလို့ပေါ့) ဂျိတ်ကလည်းခပ်တည်တည်ပင် ဝင်လာခြင်းဖြစ်ရာ ကင်း စောင့်နေကြသောဘလက်အဖွဲ့လူများက သူစိမ်းဟုမထင်မိ ကြပေ။အကြောင်းကား မိမိတို့အဖွဲ့သည်လူတန်းစားမရွေး ဖွဲ့စည်းထားရာ အမြဲတမ်းမိမိတို့နေရာသို့ လူစိမ်းများကအမြဲ မပြတ်လာရောက်နေကြသည်မဟုတ်ပါလား။ ဂျိတ်လည်းဘလက်အဖွဲ့စည်းဧရိယာထဲသို့ဝင်ပြီးသည်နဲ့ ဆက်လက်ပြီး ဘလက်အဖွဲ့စည်းအဆောက်ဦးထဲသို့ဝင်ရန် ပြင်ဆင်လိုက်၏။ဂျိတ်ဝင်မည့်နေရာသည် ဘလက်အဖွဲ့ စည်း၏စားနပ်ရိက္ခာများငွေကြေးများစုဆောင်းထားသောအ ဆောက်ဦးဆီသို့ပင်ဖြစ်၏။ ဂျိတ်သည်စနစ်အစွမ်းဖြင့် ဘလက်အဖွဲ့စည်းထဲမဝင်ခင် ကတည်းကပင် သေချာစစ်ဆေးလာပြီးဖြစ်၏။ထိုဘလက် အဖွဲ့စည်း၌အမြင့်ဆုံးသည် ပလက်တီနမ်အဆင့်ငါးသာ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် အာလက်မြို့၌တည်ထားသောဘ လက်အဖွဲ့စည်းသည် တကယ့်ဘလက်အဖွဲ့စည်း ကြီး၏လက်အောက်ခံဌာနခွဲတစ်ခုဖြစ်သောကြောင့်ဖြစ်၏။ ဌာနခွဲတစ်ခုသာဖြစ်သော်လည်း အဓိကအကြောင်းရင်းသည် ဘလက်အဖွဲ့စည်းဖြစ်သောကြောင့်ဖြစ်၏။ပြသနာရှာရန် အကြောင်းရင်းကားများများစားစားမလိုအပ်ပေ။ ဂရိတ်တိုင်းပြည်အချက်လက်ကိစ္စနဲ့သွားရင်းလမ်းကြုံနေရာ အဘယ်ကြောင့် ညှာတာပေးနိုင်မည်နည်း။ထို့ပြင် လက်ရှိ ဂရိတ်တိုင်းပြည်သည် ဝင်ငွေပြနုတ်နေသောအခြေနေရောက် ရှိနေရာ တိုင်းပြည်အတွက် ဂျိတ်မှ ရှာဖွေပေးရမည်ဖြစ်၏။ ဘလက်အဖွဲ့စည်း ၏ဌာနခွဲမို့ သေးငယ်သည်ဆိုပြီး လက်မ လွတ်ထားနိုင်။သားကောင်သည်ငယ်သော်ငြားလည်း အသား ပင်ဖြစ်သည်မဟုတ်ပါလား။ ဂျိတ်သည်သိုလှောင်ခန်းအဆောက်ဦးထဲသို့ဝင်မည်အပြု အ ဆောက်ဦးရှိအစောင့်မှထပ်မံပြီးမေးမြန်းပြန်၏။ "ဟေ့လူ စကားဝှက်ပြော" ဂျိတ်သည် ဘလက်အဖွဲ့စည်း၏အထာအကြောင်းသိလိုက်ပြီ ဖြစ်၏။မည်သည့်လူဝင်ဝင် ဝင်စေခိုင်းသည်မှာ အထဲ၌စကားဝှက်များ ထားရှိသောကြောင့်ဖြစ်၏။စကားဝှက် မှားယွင်းပါက ဘလက်အဖွဲ့စည်းတစ်ခုလုံး၏အမဲဖျက်ခြင်း ကိုခံစားရမည်ဖြစ်၏။ "လက်သီး" "မှားတယ် နောက်တစ်ခါထပ်ပြော" အစောင့်မှသုံးကြိမ်အထိစောင့်ဆိုင်းနေမည်ဖြစ်ပြီးမှားယွင်း ပါက ရန်သူအဖြစ်သတ်မှတ်ပြီးဧရိယာတစ်ခုလုံး လှုံဆော် လိုက်မည်ဖြစ်၏။ "မဟုတ်ဘူး လက်သီးလို့ပြောတာ မင်းကိုငါ့လက်သီးကျွေးမ လို့" ခွပ်........ ဂျိတ်၏လက်သီးက အစောင့်အားထိုးချလိုက်၏။ထိုအစောင့် သည်လည်း လက်သီးချက်ကြောင့်မေ့မြောရပြီဖြစ်၏။ အစောင့်လဲကျမေ့မြောသွားသည်နဲ့ ဂျိတ်လည်းအဆောက်ဦး ထဲသို့ဝင်လိုက်၏။အထဲသို့ရောက်သည်နဲ့ အကောင်းစား ပစ္စည်းများဖြင့်ပြည့်နှက်နေကြောင်းတွေ့ရ၏။စားနပ်ရိက္ခာဆို လျှင်လည်း စျေးကြီးသည့်အရာများဖြင့်ပြည့်နှက်နေ၏။ ဆေးမြစ်များကလည်းပေါများပြည့်ဝနေ၏။ ငွေထားရာနေရာကြည့်ပြန်တော့လဲ အပြည့်လျှံသာဖြစ်၏။ "အင်း..ငါတိုင်းပြည်ကဘုရင့်ဘဏ္ဍာတောင် သူတို့လောက်မ သားနားခဲ့ဘူးပဲ" ဤမျှအထိမွဲတေခဲ့သော ဘဏ္ဍာခန်းအားပင်ပြန်လည်သတိရ မိလာ၏။ " ဒီရောက်နေမှတော့ ဒါတွေမယူရင်လဲမသင့်တော်ပေတော့ ဘူး" ဂျိတ်တစ်ကိုယ်တည်းပြောဆိုရင်း ဘလက်အဖွဲ့စည်းဌာနခွဲတ စ််ခုလုံး၏ရင်းမြစ်သိုလှောင်ရာအရာမှန်သမျှအား သိမ်းကြုံး လိုက်၏။ထို့နောက် စနစ်သိုလှောင်ခန်းထဲထည့်ကာ သိုလှောင် လိုက်၏။ "မဟုတ်သေးပါဘူးလေ ယူမှယူအကုန်ယူရမယ်" ဂျိတ်လည်းမိမိယူဆောင်ပြီး၌ကျန်ရှိနေသော အလွတ်ဖြစ်နေ သော တောင်းများတင်းများ ခုံများ ဗီဒိုများအားကြည့်ကာ စိတ်မလုံသည်နဲ့ အကုန်လုံးအား စနစ်သိုလှောင်ရုံထဲသို့ထည့် လိုက်၏။ "အခုမှ နေသာထိုင်သာရှိသွားတော့တယ်" ထိုအခိုက်မှာပင်... "တိန်...တိန်....တိန်.....တိန်.....တိန် အချက်ပေးခေါင်းဆောင်သံကား ဘလက်အဖွဲ့စည်းဌာနခွဲ တစ်ခုလုံးပြန့်နှံသွား၏။အကြောင်းရင်းမှာ ဝင်ပေါက်ရှိအ စောင့်များနဲ့ ရင်းမြစ်သိုလှောင်ရာအဆောက်ဦးရှိအစောင့်ပါ မေ့မြောနေသည်ကို အဖွဲ့သားတစ်ယောက်မှ မြင်သွားရာ အသိပေးခေါင်းလောင်းတီးလိုက်၏။ ထိုခေါင်းလောင်းကြောင့် ဌာနခွဲ၌ရှိရှိသမျှသောအဖွဲ့သား များသည် ရင်းမြစ်သိုလှောင်ရာ အဆောက်ဦးဝင်ပေါက်အနီး သို့စုပြုံရောက်ရှိလာကြ၏။ ဌာနခွဲတစ်ခုလုံးရှိ ရှိရှိသမျှသောအဖွဲ့သားများက ရင်းမြစ် သိုလှောင်ရာ အဆောက်ဦးအပေါက်ဝ၌ရောက်ရှိလာချိန်တွင် ဂျိတ်သည်လည်းအပြင်သို့ထွက်လာချိန်ဖြစ်၏။ "မင်းဘာလာလုပ်တာလဲ ငါတို့ဌာနကို" ဌာနခွဲ၌အစွမ်းထက်ဆုံးဖြစ်သော ပလက်တီနမ်အဆင့်ငါးရှိလူ မှာ ဂျိတ်အား အော်ပြော၏။ "အကြွေးလာတောင်းတာ" "ဘာကွ" ဂျိတ်၏စကားကြောင့် သူတို့ဒေါသထွက်သွားကြရ၏။ "အဲ့ကောင်ကို အသေသတ်ကြစမ်း" "ကျား..ကျားး......သေပေတော့" လူအုပ်ကြီးသည် ဂျိတ်ထံပြေးဝင်သွား၏။ လူအုပ်ကြီးသည် ခြောက်ရာကျော်ခုနှစ်ရာနီးနီးအထိရှိပေ၏။သူတို့၏အဆင့်နိ မ့်သည်ပင် ငွေအဆင့်ဖြစ်၏။ လူအုပ်ကြီးသည်လက်နက်အစုံဖြင့်လာကြခြင်းဖြစ်ပြီးဂျိတ် ကတော့သူ၏လက်သီးသာစွဲမြဲစွာသုံး၏။ "ဝီး..(မြှားပစ်သံ) ရွှမ်း(ဓားပိုင်းသံ) ဝစ်(လက်နက်ပုန်းပစ်သံ) ဝုန်း....(ချာက္က ဂာအတွင်းအားများ) ဒုတ်...(တုတ်ဖြင့်ရိုက်သံ) ခွပ်...(လက်သီးသံ) အသံပေါင်းစုံကား ဘလက်ဌာနာခွဲတစ်လုံး၌ပွက်လော ရိုက်ခတ်နေ၏။ထိုအသံများသည် ဆယ်မိနစ်မျှအထိ ပူညံ ပွက်လောရိုက်ခတ်လျက်ရှိ၏။ ဆယ့်သုံးမိနစ်..ဆယ့်ငါးမိနစ်ကြာသောအခါဝယ် "ခွပ်...ခွပ်.....ခွပ်....ခွပ်...." လက်သီးသံချည်းသာ ထွက်ပေါ်လာလေ၏။ကျန်သောအသံ များတဖြည်းဖြည်းနည်းသထက်နည်းပါးလာလေကာ နောက်ဆုံး၌လက်သီးသံသာ ညံနေတော့၏။ "ခွပ်. "ဒါနောက်ဆုံးလက်သီးချက်ပဲ... " ဂျိတ်ရေရွတ်ပြီး ပတ်ဝန်းကျင်ကားပြန်ကြည့်လိုက်၏။မိမိနဲ့ ချခဲ့ကုန်သောဘလက်အဖွဲ့သားများအားလုံး လက်သီးစာမေ့ ကာ မေ့မြောနေကြဖြစ်၏။ "ငါလဲ အကြွေးယူပြီးပြီဆိုတော့ ပြန်တာပေါ့" ဝင်ပေါက်သို့ဂျိတ်၏ခြေလှမ်းများက ဦးတည်ပြီးဆယ်လှမ်း မျှလှမ်းပြီးချိန်၌ ဂျိတ်၏ခေါင်းက နောက်သို့တဖန်ပြန်လှည့် လာ၏။သူ၏အကြည့်များကား မေ့မြောနေသောလူ များ၏လက်၌တောက်ပနေသော လက်နက်များပင်။ "အင်း....ယူမှယူအကုန်ယူရမယ်" ထိုသို့ဖြင့် နောက်ပြန်လှည့်သွားပြီး အချိန်အားဖြင့် ဆယ်မိနစ် ကြာသွား၏။ "ရပြီ အခုမှစိတ်သက်သာတော့တယ်" ဂျိတ်လည်း ယူငင်ပြီးသည်နဲ့ ဝင်ပေါက်သို့သွား၏။သွား ပြီးသည်နဲ့ ဝင်ပေါက်အနီးရှိအဆောက်ဦးသို့သွား၏။ထိုအ ဆောက်ဦး၌မေ့မြောနေသော အိမ်ရှေ့စံအိုရစ်ရှိနေသော ကြောင့်ဖြစ်၏။ အိုရစ်အား တွေ့လျှင် ကုတ်မှကိုင်၏။ထို့နောက် တယ်လီပို့ အစွမ်းဖြင့် မိမိနေထိုင်ရာ ဒီယေဂိုမြို့သို့ပြန်လာခဲ့လေ၏။ ပြန်ရောက်သည်နဲ့ အိုရစ်အားလွတ်နေသောအခန်းထဲပစ်ထ ည့်ထားလိုက်၏။အချိန်ကား ညဆယ်နာရီဝန်းကျင်ရှိနေပြီ ဖြစ်၏။ "မိုက်ကယ်လာတော့ဟေ့" ဂျိတ် မိုက်ကယ်အားလှမ်းခေါ်လိုက်၏။မိုက်ကယ်အတွက် ထူးခြားစရာအရာပေးရမည်မဟုတ်ပါလား။
(219)
"ဝုတ်..." ဟောင်သံပေးပြီးသည်နဲ့ မိုက်ကယ်လည်း ဂျိတ်ထံသို့ပြေးလာ လေ၏။ညအနည်းငယ်နက်နေပြီဖြစ်သောကြောင့် အယ်မလီ ကောအယ်လီနာပါ အိပ်ရာဝင်နေကြပြီဖြစ်၏။ ဇိုက်နဲ့တာနာရှာတို့သည်လည်း တစ်နေကုန်လေ့ကျင့်ထား သောကြောင့်ပင်ပန်းနေသည်ဖြစ်ရာ စောစောစီးစီးအိပ်ရာဝင် ကြ၏။ထို့ကြောင့် ခြံထဲ၌ကျန်ရစ်နေသူများဆို၍ ဂျိတ်နဲ့မိုက် ကယ်သာရှိပေ၏။ "မိုက်ကယ် မင်းတကယ်ပဲလုပ်ချင်တာလား" "ဝုတ်" ဂျိတ်သည်သေချာစေရန်မိုက်ကယ်အားမေးနေ၏။ထိုခွေး သည် အလွန့်လွန်ညဏ်ကောင်းသောခွေးတစ်ကောင်ဖြစ်၏။ သူ၏သခင်ဖြစ်သောဇိုက်အားကူညီချင်စိတ်ကအလွန်မင်း ထက်သန်ပြင်းပြ၏။ထို့ပြင်ဂျိတ်အားလည်း ကူညီချင်၏။ ထို့ကြောင့် ဂျိတ်ကမျိုးရိုးဗီဇဆေးပေးသောအခါတုန်းက လည်း နာကျင်မှုကိုတောင့်ခံကာ သန်မာလာအောင် ဆောင်ရွက်ခဲ့သည်မဟုတ်ပါလား။ထိုဆေးများကြောင့်သူ သည် လက်ရှိ၌အလွန်သန်မာသောခွေးကြီးတစ်ကောင် ဖြစ်လာ၏။ သူ၏လက်ရှိအခြေနေအရဆိုလျှင် ပလက်တီနမ်အဆင့် ခြောက်ရှိသောလူကိုပင် အသေ သတ်နိုင်စွမ်းရှိသူဖြစ်၏။ထို မျှအထိအစွမ်းထက်လာပြီဖြစ်၏။ သို့ရာတွင် မလုံလောက်သေးကြောင်း မိုက်ကယ်သိ၏။ဂျိ တ်၏စကားအရ သူ၏သခင်ဇိုက်သည် အလွန်ထူးခြားသူ ဖြစ်၏။သူ၏ကိုယ်တွင်းမှ အရာနဲ့သာလိုက်လျောညီထွေ ဖြစ်လာပါက တဟုန်ထိုးတိုးတက်သွားမည်ဖြစ်၏။ မိုက်ကယ်ကိုယ်တိုင်ကလည်း သူ၏သခင်ကိုယ်ထဲမှအရာအား ခံစားမိ၏။ထိုအခါသည်လုံးဝမရိုးရှင်းကြောင်းလည်း သိ၏။ အကယ်၍သူ့၏သခင်သာ အလွန်အစွမ်းထက်မြက်သွားပါက သူသည်လိုက်မှီတော့မည်မဟုတ်ပေ။ထိုအခါ သူ၏သခင်အား ကူညီနိုင်တော့မည်မဟုတ်ပေ။ ဂျိတ်ပေးထားသောဆေး၏အစွမ်းသည်လျှင်ပင် ပလက်တီနမ်အဆင့်ကနောက်ဆုံးဖြစ်စေတော့မည်ဖြစ်၏။ ဆေးမစွမ်း၍မဟုတ်ပဲ သူကိုယ်တိုင်အသုံးမကျသောခွေးတစ် ကောင်ဖြစ်သောကြောင့်ဟုသိ၏။ဆေးအစွမ်းမည်မျှ ကောင်းမွန်သော်လည်း လက်ခံသူကမကောင်းသောကြောင့် ဆေး၏အစွမ်းသည် ပလက်တီနမ်အဆင့်ထိသာ တွန်းတင် ပေးနိုင်စွမ်းရှိလေ၏။ထို့ကြောင့် ဆေးအရှိန်ဖြင့် တိုးတက် လာသောမိုက်ကယ်သည် သူ၏နောက်ဆုံးအကန့်သတ်လစ် မစ်ကား ပလက်တီနမ်အဆင့်သာဖြစ်သည်။ "ဝုတ်" ဂျိတ်၏စကားအား နားလည်ကြောင်းနဲ့မိမိကိုယ်တိုင်လုပ်လို ကြောင်း ဟောင်ကာအသိပေး၏။ "ကောင်းပြီ ဒါဆိုလုပ်ကြတာပေါ့ " "ဖျောက်" ဂျိတ် လက်ဖျောက်တီးလိုက်၏။လက်ဖျောက်တီးလိုက်သည်နဲ့ လူကောခွေးပါ ခြံထဲမှပျောက်ကွယ်သွားကြ၏။ သူတို့ပြန်ပေါ်လာသည်ကတော့ အလွန်ကြီးကျယ်ခမ်းနားလှ သောအခန်းကျယ်ကြီး၌ပင်ဖြစ်၏။သေချာတိကျစွာပြောရ လျှင် စနစ်၏စမ်းသပ်မှုလေ့ကျင့်ရာအခန်းပင်ဖြစ်ပေ တော့၏။မိုက်ကယ်အတွက်အထူးသီးသန့်ထားသောအခန်း ပင်ဖြစ်သည်။ "ကဲ မင်းကြိုက်သာရွေး တော့" မိုက်ကယ်အား ဂျိတ်မှ ပြောလိုက်၏။မိုက်ကယ်လည်း သူ တစ်ခါမှမမြင်ဖူးသောအခန်း၏ကြီးကျယ်ခမ်းနားပုံကိုကြည့် ကာ မြင်သက်နေ၏။ထိုအခန်းသည် တခြားမဟုတ်ပေ။ အစွမ်းရှိသောသတ္တ ဝါများ၏သွေးမျိုးဆက်များထားရှိသော အခန်းကြီးလည်းဖြစ်၏။ ဂျိတ်သည်မိုက်ကယ်အတွက်လုပ်ပေးမည်ဆိုသည်ကတော့ မိုက်ကယ်အား အစွမ်းထက်ကြမ်းတမ်းသောခွေးတစ်ကောင် ဖြစ်စေရန်ဖြစ်၏။ထိုသို့ဖြစ်စေအောင်လုပ်ဆောင်ပေးမည် ဖြစ်သော်လည်း အဓိကကြိုးစားရမည့်သူကတော့ မိုက်ကယ် ကိုယ်တိုင်သာလျှင်ဖြစ်၏။ ယခင်သူပေးထားသော ဆေးအစွမ်းများက ကြမ်းသည်ဆို သော်ငြားလည်း လက်ရှိအခန်းထဲ၌ရောက်ရှိနေသောသွေး မျိုးဆက်များအား မှီမည်မဟုတ်ပေ။လက်ရှိအခန်းထဲ၌ထားရှိ ထားသောသွေးများသည် တခြားသူများမြင်ပါက လုံးဝသွပ် သွပ်ခါရူးစေသည်အထိဖြစ်စေနိုင်ကာ စကြာဝဠာတစ်ခုလုံး စစ်ပွဲနွှဲယူသည်အထိဖြစ်စေနိုင်၏။ ယခင်ဆေးများက လက်ရှိနေရာ၌ရှိနေသောအရာများဖြင့် နှိုင်းယှဥ်ပါက အခြေ ခံအဆင့်ဆေးပမာသာဖြစ်၏။ အခန်းထဲ၌သွေးမျိုးဆက်များအား ပုလင်းငယ်တစ်လုံးစီဖြင့် ထားရှိ၏။ထိုပုလင်းငယ်များသည် အရောင်သွေးအစုံလင်ရှိ ကြပြီးအော်ရာအမျိုးမျိုးထွက်ပေါ်နေကြ၏။ထိုပုလင်းငယ် တိုင်းအား ဖန်လုံအိမ်ငယ်လေးတစ်ခုစီဖြင့်ထားရှိ၏။ထိုဖန် လုံအိမ်ငယ်လေးတိုင်းကိုလည်း စင်တစ်ခုစီဖြင့်တင်ထား ရှိ၏။ မိုက်ကယ်လည်း သူရွေးချယ်လိုသောသွေးမျိုးဆက်များအား သေချာကြည့်၏။သွေးမျိုးဆက်များထားရှိရာစင်များသည် အနည်းဆုံးတစ်သိန်းကျော်ရှိ၏။ မိုက်ကယ်လည်း စင်တစ်ခု၏ရှေ့၌ရပ်လိုက်၏။ထိုစင် ပေါ်၌တင်ထားသောဖန်လုံအိမ်ငယ်ထဲရှိသွေးမျိုးဆက်ပုလင်း သည် အပြာနုရောင်ဖြစ်၏။အေးစက်သောအော်ရာရှိ၏။ မိုက်ကယ်ထိုစင်ရှေ့ရောက်သည်နဲ့ ထိုစက်မှ ပုံရိပ်တစ်ခု ပေါ်ပေါက်လာကာ ရှင်းပြတော့၏။ ထိုပုံရိပ်သည် လူတစ်ယောက်ဖြစ်ပြီး မိုက်ကယ်အား တိရစ္ဆာန် ဘာသာစကားဖြင့်ရှင်းပြနေသည်ဖြစ်ရာ မိုက်ကယ်အတွက် နားလည်ရလွယ်ကူစေ၏။ "ဒီသွေးမျိုးဆက်ပုလင်းကတော့ နတ်ဘုရားသွေးမျိုးဆက် နှင်းဝက်ဝံကြီး၏သွေးမျိုးဆက်ပဲဖြစ်ပါတယ်.. ဒီသွေး မျိုးဆက်ကိုဆက်ခံနိုင်တဲ့သူဟာ နှင်းဝက်ဝံကြီးရဲ့အစွမ်းတွေ ကိုရရှိမှာဖြစ်ပါတယ်" ထိုပုံရိပ်လူကြီးက နောက်ထပ်ပုံရိပ်တစ်ခုထုတ်ပြ၏။ထိုပုံရိပ် တွင် အလွန်ကြီးမားပြီးအစွမ်းထက်သောနှင်းဝက်ဝံကြီးတစ် ကောင်ပါရှိ၏။ထိုနှင်းဝက်ဝံကြီး၏အကြည့်ကပင် ကြည့်မိ သောလူ၏စိတ်ဝိညာဥ်ကိုပါအေးခဲစေနိုင်၏။ထိုနှင်းဝက်ဝံ ကြီး၏အစွမ်းသည် ရေခဲနယ်မြေပိုင်နက်ဖြစ်ပြီးသူ၏ပိုင်နက် ဖြန့်ကျက်သည်နဲ့ ပိုင်နက်အတွင်းရှိလူတိုင်း အေးခဲပြီး သေကြေကြရ၏။ဝက်ဝံကြီး၏အော်ရာကလည်း ကြောက်မက်ဖွယ်ရာကောင်းသလို သူ၏ခွန်အားကလည်း အလွန်ပင်သန်မာပေ၏။ မိုက်ကယ် လည်း ထိုအကြောင်းရာကြည့်ပြီးတုန်လှုပ်နေ၏။ ထိုအပြာနုရောင်သွေးကထိုမျှအထိစွမ်းမည်ဟု သူ မထင်ထား သောကြောင့်ဖြစ်၏။ ထို့နောက်အခန်းအားပတ်ကြည့်သေး၏။အခန်းထဲများပြား စွာရှိနေသည်မဟုတ်ပါလား။ဂျိတ်ကတော့ မိုက်ကယ်ရွေးချယ် ရခက်နေသည်ကို ပြုံးလျက်သာကြည့်နေ၏။ဘယ်ဟာရွေးပါ ဟုအတင်းလည်းမတိုက်တွန်းပေ။ မိုက်ကယ်လည်း အခန်းပတ်ကြည့်နေ၏။ထို့နောက် သူထင် ရာ စင်ရှေ့၌ထိုင်ရပ်၏။သူထိုင်ရပ်ရာစင်၌ ပုံရိပ်ကပေါ်လာ ပြီး မိုက်ကယ်အားရှင်းပြပေး၏။ မိုက်ကယ် နောက်တစ်ခေါက်ရပ်သောနေရာရှိသွေးပုလင်း ကတော့ မီးတောက်နတ်ဘုရားမျိုးဆက်ဖီးနစ်ငှက်ပင်ဖြစ်၏။ ထိုဖီးနစ်ငှက်သည် မီးနယ်မြေပိုင်ဆိုင်ပြီး တိုက်ခိုက်ရေး အားကောင်း၏။စိတ်ဝိညာဥ်ထိခိုက်မှုအသံလည်းထုတ်လွင့် နိုင်သလို အသက်ခုနှစ်ခုပိုင်ဆိုင်၏။ ထိုရှင်းပြချက်အား နားထောင်ပြီးသည်နဲ့ နောက်တစ် နေရာထပ်သွားပြန်၏။ထိုစင်မှရှင်းပြချက်နားထောင်ပြီးနာက် တစ်နေရာပြီးတစ်နေရာသွားပြန်၏။ကြည့်ရသည်မှာ သူ့၏အကြိုက်တွေ့သေးဟန်မတူပေ။ အခေါက်ငါးဆယ်မျှရှာပြီးသော မိုက်ကယ်သည် တော်တော် ဝေးဝေး၌ရှိသော စင်တစ်ခုအား သတိထားမိလာ၏။ထိုစင် ပေါ်၌ ပုလင်းတစ်ခုသည်လည်း တစ်ခြားပုလင်းများလိုပင် ရှိ၏။မတူသည်ကား တခြားပုလင်းများလို အရောင်တောက်ပ မှုမရှိုသလို အရောင်လည်းဆန်းကြယ်လှ၏။လိမ္မော်လိုလို အဝါရောင်သန်းနေပြီး မဲညစ်ညစ်အရောင်များလည်းပါရှိနေ သေး၏။အရောင်လည်းဖျော့တော့နေ၏။ သို့သော်လည်း မိုက်ကယ်သည်ထိုပုလင်းသည် သူနဲ့ဆက်နွယ် နေသည်ဟုပင်ခံစားမိနေ၏။ထို့ကြောင့် သူသည် ထိုစင်နေရာ ထိသွားပြီး ရှေ့၌ထိုင်ချလိုက်၏။ ထိုအခါပုံရိပ်ကရှင်းပြပြန်၏။ "ဒီသွေးမျိုးဆက်ကတော့ အလွန်ရှားပါးတဲ့သွေးမျိုးဆက်ပါပဲ ငရဲဘုရင့်နတ်ဘုရားသွေးမျိုးဆက်ပါ ဒီသွေးမျိုးဆက်ကတော့ အောင်မြင်နိုင်ချေနည်းပါးပါတယ်" ထို့နောက်ရုပ်ရှင်လိုပြသပြန်၏။ထိုထဲ၌ အလွန်ကြီးမားသော အကောင်ကြီးသည် စစ်သည်တစ်သန်းရှေ့၌ရပ်တည်နေ၏။ ထိုအကောင်ကြီးသည် ကြီးမားသလို အလွန်ပင်ကြောက်မက် ဖွယ်ကောင်းလှ၏။သူ၏တစ်ကိုယ်လုံးလည်း မီးများတောက် လောင်နေသလို ကိုယ်ခန္ဓာကလည်း ချော်ရည်များတောက်ပ နေ၏။မျက်လုံးများ၌လည်း ငရဲမီးတောက်များတောက်ပ နေ၏။စင်စစ်တော့ထိုအကောင်ကြီးသည် ငရဲခွေးကြီးတစ် ကောင်ဖြစ်၏။ "ဝရော" ထိုအကောင်ကြီးဟိန်းသည်နဲ့ သူ၏ရှေ့၌ရှိသောစစ်သည် တစ်သန်းမှာ ငရဲချော်ရည်များကြောင့် အရည်ပျော်သွားရ၏။ သူ၏နယ်မြေသည် ငရဲချော်ရည်နယ်မြေဖြစ်ပြီး နတ်ဘုရား မျိုးဆက်အတိုင်းပင် သန်မာမှုအမြန်နှုန်းလည်း တခြား တိရစ္ဆာန်များလိုပင်ဖြစ်၏။သို့သော်သူ၏ထူးခြားချက်မှာ ငရဲ ပြည်ကိုပါသွားလာခွင့်ရှိသလို ကျန်သောအရာများလည်းရှိနေ သေး၏။ "ဝုတ်..ဝုတ်." မိုက်ကယ်သဘောကျစွာဖြင့်ကြည့်လိုက်ပြီး ဂျိတ်အားဟောင် ပြလိုက်၏။ဂျိတ်လည်းသိလိုက်ပြီဖြစ်၏။မိုက်ကယ်သည် သူ လိုချင်သောအရာအားရှာတွေ့သွားပြီဖြစ်၏။