အခန်း (၂၂၀-၂၂၂)
Vol. 15 Ch. 220-222
(220)
ဂျိတ်လည်း ခွေးမိုက်ကယ်သဘောကျသောစင်ရှေ့သို့သွား ပြီး ဖုန်လုံအိမ်ထဲမှ သွေးပုလင်းအားထုတ်လိုက်၏။သွေး ပုလင်းအားထုတ်လိုက်သည်နဲ့ ("စနစ်အသိပေးချက်..ထိုအရာသည် ငရဲဘုရင့်နတ်ဘုရား မျိုးဆက်သွေးအမျိုးစားဖြစ်၏။အလွန်ကြမ်းတမ်း ပြင်းထန်၏။ပေါင်းစပ်ပါက အောင်မြင်ရန် ရာခိုင်နှုန်း နည်း၏။") ထိုအသိပေးချက်ကား ရရှိလိုက်၏။ထို့ကြောင့် ဂျိတ်မှသေချာ စေရန် မိုက်ကယ် အားပြန်မေး၏။သို့ရာတွင်မိုက်ကယ်မှ သေချာနေသည့်အမူရာပြသနေရာ ဂျိတ်လည်း ထိုသွေး ပုလင်းအားယူဆောင်ပြီးလျှင် မိမိ၏နောက်သို့လိုက်စေ၏။ ဂျိတ်သည် ရေကန်ကြီးတစ်ခုအရောက်တွင် ရပ်တန့်လိုက်၏။ ထိုရေကန်ကြီးထဲ၌ အလွန်စွမ်းအင်ပြည့်ဝနေသောရေများက ရှိနေ၏။ထိုရေများသည် အသက်ဓာတ်စွမ်းအားပြည့်ဝနေ သောရေများဖြစ်ကြ၏။ရေတစ်စက်ကပင် သေအံဆဲဆဲ လူအား ပြန်လည်ရှင်သန်တက်ကြွလာအောင်လုပ်ဆောင်နိုင် စွမ်းရှိပါ၏။ "မိုက်ကယ်ပါးစပ်ဟ" မိုက်ကယ်အားပါးစပ်ဟစေပြီး သွေးပုလင်းမှ သွေးများအား လောင်းထည့်ပေးလိုက်၏။ထိုသွေးများသည် မိုက် ကယ်၏ပါးစပ်မှတစ်ဆင့် ကိုယ်ထဲသို့စီးဆင်း၏။ ချက်ချင်းပင် ဂျိတ်မှ မိုက်ကယ်အား ရေကန်ထဲထည့်ချ လိုက်၏။ရေကန်ထဲမိုက်ကယ်ရောက်သည်နဲ့ "ဝုန်း" ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်စတင်ပြီဖြစ်၏။မိုက်ကယ်သည် သာမန်မှငရဲနတ်ဘုရားသွေးမျိုးဆက်အဖြစ်သို့စတင် ကူးပြောင်းတော့မည်ဖြစ်သည်။ မိုက်ကယ်၏ကိုယ်တွင်းမှ အပြောင်းလဲများစတင်ဖြစ် ပေါ်လာ၏။သောက်သုံးလိုက်သောငရဲနတ်ဘုရားသွေး များသည် မိုက်ကယ်၏ကိုယ်တွင်းရောက်သောအခါ သက်ရောက်မှုများဖြစ်ပေါ်လာ၏။ မိုက်ကယ်တစ်ကိုယ်လုံး၌များပြားလှသောဒဏ်ရာဒဏ်ချက် များက ဆက်တိုက်ဆိုသလိုထွက်ပေါ်လာ၏။ "အီ....ဂီ..." မိုက်ကယ်သည် သူထင်သည်ထက်ပြင်းထန်သောဝေဒနါကြော င့် နာကျင်စွာအော်မိ၏။အသက်ဓာတ်ပြည့်ဝသောရေများက လည်း မိုက်ကယ်ဒဏ်ရာတစ်ခုဖြစ်ပေါ်လာတိုင်း ချက်ချင်း ဆိုလို ကုသပျောက်ကင်းစေ၏။ "ဂျုန်း" ယခုနာကျင်မှုကား အစောပိုင်းနာကျင်မှုလေးသာဖြစ်နေ သေး၏။အစစ်မှန်နာကျင်မှုကား ယခုမှစတင်မည်ဖြစ်၏။အစောပိုင်းနာကျင်မှုသည် နတ် ဘုရား သွေးများ တစ်ကိုယ်လုံးပတ်စီးဆင်းနေစဥ်ဖြစ် ပေါ်လာခြင်းဖြစ်ပြီး ယခုမှာ တစ်ကိုယ်လုံးစီးဆင်းပြန့်နှံမှု ပြီးမြောက်သွားသောကြောင့် အပြည့်ဝပြောင်းလဲခြင်းစတင် မည်ဖြစ်၏။ ငရဲနတ်ဘုရားသွေးရှိဆဲလ်များက မိုက်ကယ်ကိုယ်ထဲ၌ရှိသော သွေးဆဲလ်များနဲ့စတင်တွေ့ကြ၏။တွေ့သည်နဲ့ တိုက်ခိုက်ကြ တော့၏။ ထိုဆဲလ်များတိုက်ခိုက်မှုကြောင့် ကိုယ်တွင်းအစိတ်ပိုင်းများ ပေါက်ကွဲထွက်ကုန်၏။ပေါက်ကွဲမှုကြောင့် ကိုယ်ခန္ဓာအစိတ် ပိုင်းများမှာ ပျက်စီးကုန်၏။ပျက်စီးသည်နဲ့ သူ၏ဘေး ပတ်လည်မှအသက်ရည်များက ပြန်လည်ကုစားပေးလိုက် ကြ၏။ ဆဲလ်တိုက်ခိုက်မှုများပြီးသည်နဲ့ မိုက်ကယ်၏မူလဆဲလ်များ အစား ငရဲနတ်ဘုရားသွေးရှိဆဲလ်များနေရာယူသွားကြ၏။ ထိုသို့နေရာယူဖြစ်စဥ်တွင် မိုက်ကယ်သည် လုံးဝသေခါနီးဆဲ ဆဲအထိဖြစ်လာ၏။ "အခြေနေမဟုတ်တော့ဘူး" ဂျိတ်အခြေနေရိပ်စားမိ၏။ဒီအတိုင်းသာဆိုလျှင် ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ်မပြီးချိန် မိုက်ကယ်သည်သေဆုံးရတော့ မည်ဖြစ်၏။ထို့ကြောင့် ဂျိတ်လည်းလျှင်မြန်စွာလှုပ်ရှား လိုက်၏။ စင်များ၌ထားထားသော သွေးပုလင်းများအား မြန်ဆန်စွာပင် ယူဆောင်လိုက်၏။တစ်စက္က န့်ဟူသောပမာဏမပြည့်ခင် အတွင်း၌ များစွာသောသွေးပုလင်းများအား ယူဆောင်လိုက် ပြီး ရေကန်အနားသို့ရောက်ရှိလာ၏။ထို့နောက် အပြာနုရောင် သန်းသောသွေးပုလင်းကား ကန်ထဲသို့ထည့်လိုက်၏။ ငရဲနတ်ဘုရားသွေးဆက်သွေးများသည် အလွန်ပြင်းထန် သောအော်ရာလည်းရှိယုံသာမက အဖျက်စွမ်းအားလည်း ပါရှိ၏။ထိုအဖျက်စွမ်းအားများက မိုက်ကယ် ၏သွေး အသက်စွမ်းအင်များနဲ့စိတ်စွမ်းအင်များအား ဖျက်စီးပစ်၏။ အသက်ဓာတ်ရေကလည်း ဖြစ်လာသမျှဒဏ်ရာဒဏ်ချက်များ ကိုမြန်ဆန်စွာကုသ၏။သို့သော်လည်း ငရဲနတ်ဘုရားသွေးထဲ ရှိ ဆဲလ်တစ်ခုချင်းစီကပင် ကြီးမားပြီးအားပြင်းသောအနုမြူ စွမ်းအင်ပေါင်းဖိုများဖြစ်နေရာ အသက်ဓာတ်ရေ၏ကုသ ခြင်းက လိုက်မမှီနေပေ။ ငရဲနတ်ဘုရားသွေးဆက်ထဲ၌ ငရဲနတ်ဘုရား၏စိတ်ကလည်း ပါရှိနေသေး၏။ထိုစိတ်က မိုက်ကယ်အားလုံးဝအညံခံလိုစိတ် မရှိရာ မအောင်မြင်စေရန်လုပ်ဆောင်၏။ သေမျိုးဖြစ်ပြီးသောခွေးတစ်ကောင်အား သူ၏သွေး မျိုးဆက်လက်ခံပေးဖို့ လုံးဝမလက်ခံနိုင်ဖြစ်ရာ အတင်းငြင်း ခံ၏။ မိုက်ကယ်ကလည်း ထိုစိတ်အားတိုက်ခိုက်ကြည့်သေး၏။သိူ့ သော်လည်း နတ်ဘုရားစိတ်ဆန္ဒအား အဘယ်ကြောင့်နိုင်မည် နည်း။သူသည် ဇွဲသာရှိပြီးခွန်အားသေးငယ်သော သူပမာဖြစ် နေရာ အလုပ်မဖြစ်မြောက်ပေ။ မိုက်ကယ်၏မူလဆဲလ်နေရာများ၌ နေရာယူပြီးသော ငရဲနတ် ဘုရားသွေးဆဲလ်များက စတင်အလုပ်လှုပ်လာ၏။အလုပ် လှုပ်လာသည်နဲ့ ထိုငရဲသွေးဆဲလ်များသည် ပြင်းထန်ပြီးဖျက် အားပြင်းသောအပူဓာတ်များကိုစတင်ထုတ်လွှတ်တော့၏။ နေရာယူထားသောငရဲနတ်ဘုရားသွေးဆဲလ်တစ်သိန်းက တစ်ပြိုင်တည်းအလုပ်လုပ်လိုက်သည်ဖြစ်ရာ မိုက်ကယ်ကိုယ် မှတစ်ခါတည်း ဗုံးကြီးတစ်လုံးအလုပ်လုပ်ပြီးပေါက်ကွဲလုဆဲ ဆဲအခြေနေထိပါ တန်းရောက်ရှိသွား၏။ ထိုအခိုက်၌ ဂျိတ်မှ စောစီးစွာထည့်ထားသော အပြာနုရောင် သွေးက မိုက်ကယ်အား ဖုံးလွှမ်းပြီးအစွမ်းသတ္တိပြသလာ၏။ ထိုသွေးသည် ရေခဲနှင်းသွေးမျိုးဆက်ဖြစ်သောနှင်း မြေခွေး၏သွေးဖြစ်၏။နှင်းမြေခွေးစိတ်ဆန္ဒကလည်း မိုက် ကယ်ဘက်မှကူတိုက်ပေး၏။ ထိုသွေး၏အစွမ်းသတ္တိက မိုက်ကယ်၏ပေါက်ကွဲလုနီးဖြစ်နေ သောကိုယ်အား အေးမြစေ၏။ပေါက်ကွဲမည့်အခြေနေကို လည်း လျော့ချ၏။ပေါက်ကွဲမည့်သွေးဆဲလ်များအား အေးခဲ လိုက်၏။ သို့သော်လည်း ထိုအခြင်းရာသည် ခေတ္တ သာခံ၏။အကြောင်း ကား ငရဲနတ်ဘုရားသွေးမျိုးဆက်သည် ထင်သည်ထက်ပ်ိုမို ပြင်းထန်နေရာ ခေတ္တ အတွင်းအေးစက်နေရာမှ ချက်ချင်းပင် ပြန်လည်ဆောင့်တက်ပြီး ပူလာပြန်၏။ "လိုအပ်နေသေးတယ်" ဂျိတ်မှနောက်ထပ်သောသွေးပုလင်းများ ကန်ထဲသို့လောင်းချ လိုက်ပြန်၏။ထိုသွေးများအချင်းချင်းဓာတ်ပြုပေါက်ကွဲမည် ကိုစိုးရိမ်စရာမလိုပေ။ထိုသွေးများသည် အသက်ဓာတ်ရေ များဖြင့်ရောနှောသွားမည်ဖြစ်သောကြောင့်ဖြစ်၏။ထိုသို့ ဖြစ်သည်ကလည်း ထိုသွေးများသည် အသက်ဓာတ်ရေနဲ့ လည်း သဟဇာတဖြစ်သောကြောင့်လည်း ပါ၏။ ငရဲနတ်ဘုရားသွေးမျိုးဆက်သည် အသက်ဓာတ်နဲ့လုံးဝဆန့် ကျင်နေရာ မိုက်ကယ်ပါးစပ်ထဲသို့တိုက်ရိုက်လောင်းထည့် လိုက်ရခြင်းဖြစ်၏။ နောက်ထပ်ထည့်လိုက်သောသွေးများသည် ဖီးနစ်ငှက်၊ ကျောက်ဘီလူး၊သစ်ပင်နတ်ဘုရားသွေးများဖြစ်ကြ၏။ထို သွေးများက မိုက်ကယ်၏ကိုယ်အတွင်းသို့အသက်ဓာတ်ရေနဲ့ တကွ စိမ့်ဝင်ကြ၏။ ထိုအခါ မိုက်ကယ်ကိုယ်၌ တိုက်ပွဲစတင်လာတော့၏။ ငရဲဘုရင့်သွေးဆက်က မိုက်ကယ်အားဖျက်စီးလိုက်သည်နဲ့ သစ်ပင်နတ်ဘုရားသွေးက ဖျက်သမျှအရာတိုင်းအား အသက် ဓာတ်ပါရှိအောင် မွမ်းမံ၏။ဖီးနစ်ငှက်သွေးက လည်း အသက် ဓာတ်ပြန်လည်သက်ဝင်လာစေရန် စီမံသလို ကျောက်ဘီလူး သွေးဆက်က မိုက်ကယ် ကိုယ်ခန္ဓာကို သန်မာစေရန်လုပ် ဆောင်၏။နှင်းမြေခွေးသွေးကလည်းငရဲသွေးအား အေးခဲ နေစေပြီးအားပျော့စေရန် လုပ်၏။ သွေးမျိုးဆက်သုံးခုနဲ့အသက်ဓာတ်ရေက တစ်ဖက် ငရဲနတ် ဘုရားသွေးဆက်က တစ်ဖက် မိုက်ကယ်ကိုယ်၌ချနေကြ တော့၏။ မိုက်ကယ်စိတ်နဲ့သွေးစိတ်ဆန္ဒလေးခုမှ ငရဲနတ်ဘုရားသွေး ဆန္ဒအား တိုက်ခိုက်လိုက်ကြတော့၏။ ငရဲဘုရင့်နတ်ဘုရားသွေးသည် ဆန့်ကျင်နေရခြင်းမှာ မိုက် ကယ်သည် သေမျိုးဖြစ်ပြီး အသက်ဓာတ်ရှိသောကြောင့် ဖြစ်၏။ထို့ကြောင့် မိုက်ကယ်ကိုယ်ခန္ဓာအားသေအောင်လုပ် ခြင်းဖြစ်၏။ထိုအခြင်းရာကို ဂျိတ်သည် လက်ခံခြင်းမရှိ။သူ သာသေပါက သွေးမျိုးဆက် ဆက်ခံခြင်းကျရှုံးမည်ဖြစ်၏။ အချိန်အနည်းငယ်ကြာတော့ ငရဲဘုရင့်နတ်ဘုရားသွေး ဆက်သည် မိုက်ကယ်အားအညံ့ခံလာလေတော့၏။ထိုအခါ မိုက်ကယ်၏ကိုယ်၌ စတင်ပြောင်းလဲမှုကြီး အစစ်မှန်စတင် လာတော့၏။ ကိုယ်ထဲ၌ရှိနေသော ငရဲနတ်ဘုရားသွေးများသာမက ရေကန် ထဲရောက်ရှိနေသော သွေးမျိုးဆက်လေးခုကလည်း မိုက် ကယ်ကိုယ်နဲ့အတူတကွပေါင်းစည်းလိုက်၏။ "နောက်ဆုံးတော့အောင်မြင်ပြီ" ဂျိတ်ရေရွတ်လိုက်၏။ မိုက်ကယ်မှာအောင်မြင်သွားပြီးဖြစ်သောကြောင့် သာမန်မှငရဲ ဘုရင့်နတ်ဘုရားသွေးမျိုးနဲ့တခြားသောသွေးမျိုးဆက်လေးခု ကိုပါ ပိုင်ဆိုင်သွားပြီဖြစ်၏။ ပေါင်းစည်းနေချိန်ဖြစ်သောကြောင့် မိုက်ကယ်သည် ရေကန် ထဲ၌ မေ့မြောနေဆဲဖြစ်၏။ နောက်ဆုံးအဆင့်ဖြစ်သော ပေါင်းစည်းခြင်းပြီးဆုံးသွား သောအခါမှသာ မိုက်ကယ်သည် အလွန်အစွမ်းထက်သောနတ် ဘုရားသွေးမျိုးဆက်ပိုင်ဆိုင်သည့် နတ်ဘုရားတစ်ကောင်အ ဖြစ်နိူးထလာမည်ဖြစ်၏။
(221)
မိုက်ကယ်၏ကိုယ်ခန္ဓာအခြေနေမှာ ကောင်းမွန်သွားပြီဖြစ် သောကြောင့် ဂျိတ်လည်း စိတ်သက်သာရာရသွားသည်။မိုက်ကယ်နိူး ထလာချိန်၌ မည်သည့်အဆင့်ထိ ရောက်နေမည်ကိုသာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရန်သာကျန်တော့၏။ဂျိတ်လည်း လုပ်စရာမရှိတော့သေကြောင့် စနစ်စမ်းသပ်ခန်းမှပြန်လည် ထွက်ခွာလာလိုက်၏။ အပြင်ရောက်တော့ မနက်လင်းချိန်ပင်ရောက်ရှိနေပြီဖြစ်၏။ သို့သော်လည်း ပြသနာမရှိပေ။မအိပ်လိုက်ရသောကြောင့် အိပ်ရေးမဝခြင်းအားနည်းခြင်းစသောအသေးဖွဲ့လေးများက ဂျိတ်အားထိခိုက်စေမည်မဟုတ်ပေ။ အိမ်ထဲဝင်၌ မီးဖိုချောင်မှ အသံကြား၍ဂျိတ်လည်း ဝင်ကြည့် လိုက်၏။ "ချစ် ဘာလုပ်နေတာလဲ" ဂျိတ်၏စကားကြောင့် အယ်လီနာ လန့်သွား၏။ရုတ်ခြည်း ထွက်ပေါ်လာသောအသံကြောင့် လန့်သွားရခြင်းဖြစ်၏။ "ကျမက ဝှိုက်တီနဲ့မနက်စာလုပ်ကြည့်နေတာလေ" ဂျိတ်လည်း အယ်လီနာသည် ဝှိုက်တီနဲ့အတူ မနက်စာအတွက် ခေါက်ဆွဲလုပ်နေကြောင်းတွေ့လိုက်ရ၏။ "ဒါနဲ့ ရှင် ညကမပြန်လာဘူးနော်" အယ်လီနာ၏စကားကြောင့် သူမသည်မိမိအားစိတ်ကောက် နေကြောင်းသိလိုက်၏။ထို့ကြောင့် ဂျိတ်သည်အနားထိသွား ပြီး အယ်လီနာ၏နဖူးပြင်လေးအား နမ်းရှိုက်လိုက်၏။ဂျိ တ်၏ရုတ်ခြည်းအပြုမှုကြောင့် အယ်လီနာ မင်သက်သွားပြီး ပါးမှာပန်းရောင်သန်းလာလေ၏။ "ကိုယ့်ကို စိတ်မဆိုးနဲ့နော်" ဂျိတ်၏ကြိုတင်တိုက်စစ်ဆင်ကာ ပြောဆိုမှုကြောင့် အယ်လီနာ မှာ စိတ်ကောက်ပြေသွားတော့၏။သူမ စိတ်ကောက်ပြေသည် နဲ့ ဂျိတ်လည်း အပေါ်ထပ်၌အိပ်ပျော်နေသော သမီးလေးအား သွားရောက်နိူးလိုက်၏။ သမီးလေးအားနိူးပြီး ခြေလက်မျက်နှာသန့်စင်စေပြီးသည်နဲ့ မနက်စာစားသောက်ရန် ခေါ်ဆောင်လာလိုက်၏။ စားပွဲတွင်လည်း အယ်လီနာနဲ့ဝှိုက်တီမှ အသင့်ပြင်ဆင်ပြီး သားဖြစ်၏။မနက်စာစားချိန်ဖြစ်သောကြောင့် ဇိုက်နဲ့တာနာရှာ ကလည်း အချိန်မခြားရောက်ရှိလာကြ၏။ မနက်စာစားသုံးရန်ခေါက်ဆွဲသည် ပုဇွန်ခေါက်ဆွဲဖြစ်၏။ဂျုံ သားဖြင့် သေချာလုပ်ထားသောခေါက်ဆွဲအား ပင်လယ်မှ လတ်လတ်ဆတ်ဆတ်ရရှိထားသော ပုဇွန်များအား သေချာ ဆေးကြောချက်ပြုတ်ကာ ပေါင်းစပ်ထားခြင်းဖြစ်၏။ ဂျိတ်မှ ဦးဆောင်ကာ စတင်စားသောက်လိုက်၏။ "ဝါး ကောင်းလိုက်တာ" ဂျိတ်မှစားကြည့်ပြီး ဇနီးဖြစ်သူအားချီးမွန်းလိုက်၏။သမီး လေး အယ်မလီမှာလည်း မနက်စာသည်သူ၏မိခင်လုပ်ပေး ထားမှန်းသိလိုက်ရသောအခါ ချီးမွန်း၏။ အယ်လီနာသည်လည်း ယောကျာ်းဖြစ်သူနဲ့သမီးဖြစ်သူမှ ချီး မွန်းခြင်းခံရသောကြောင့် ပျော်ရွှင်သွား၏။ဇိုက်နဲ့တာနာရှာ တို့သည်လည်း ထပ်မံချီးမွန်းကြ၏။အမှန်တကယ်လည်း မနက်စာခေါက်ဆွဲသည် စားကောင်းသောကြောင့်ဖြစ်၏။ ဇိုက်လည်းမနက်စာစားသောက်ပြီးသည်နဲ့ လေ့ကျင့်၏။တာ နာရှာကတော့ မနက်စာစားသောက်ပြီးသည်နဲ့ ဆာဗေ့တို့ နေရပ်ဆီပြန်လေ၏။လာစဥ်တုန်းကလို မဟုတ်ပဲ ဂျိတ်ထံမှ သိုလှောင်လက်စွပ်ရထားပြီးဖြစ်သောကြောင့် သက်တောင့် သက်သာစွာပြန်လေ၏။ မိမိမှာမပြန်သည်မှာ ကြာမြင့်နေပြီဖြစ်သလို ဂျိတ်၏ပြော ကြားချက်ကြောင့်လည်း တာနာရှာအိမ်ပြန်ခဲ့ပြီဖြစ်၏။ "ဝီး.....ဝီး..." ဂျိန်း..းးးဂျိန်း သူမ အိမ်ပြန်ရာ၌ လမ်းတစ်လျှောက်လုံး ဖုန်တလိမ့်လိမ့်ထ သွားလေ၏။ဘေးကကြည့်သူများကတော့ လေးထောင့်ပုံစံရှိ သောမွန်းစတားကြီးက လမ်းပေါ်၌ ဒုန်းစိုင်းပြေးသွားသည် ကိုမြင်မည်သာဖြစ်၏။ ဟုတ်ပေသည်။လာစဥ်ကလို လမ်းလျှောက်ပြီးပြန်ခြင်း မဟုတ်တော့ပေ။လက်နက်အတတ်ပညာသင်ကြားစဥ်က ကျောက်ပြား၌မတော်တဆတွေ့ရှိလာသော ယာဥ်က်ုအသုံးပြု ကာ အိမ်ပြန်ခြင်းပင်ဖြစ်၏။ ထိုယာဥ်သည်တခြားမဟုတ် မည်သည်နေရာမျိုးမဆိုသွားလာ လှုပ်ရှားနိုင်သော သံချပ်ကာကားကြီးဖြစ်၏။ဂျိတ်ထံ မတရား ပူဆာသောကြောင့်သာရရှိလာခြင်းလည်းဖြစ်၏။ ဇိုက်ကတော့ လေ့ကျင့်ရင်းတန်းလန်း ခြံထဲမှထွက်သွားသော သံချပ်ကာကားကြီးကြောင့် ရုတ်ခြည်းဆိုသလိုလန့်ဖြတ်ရ သေး၏။နောက်မှမိမိလေ့ကျင့်ခန်းများကို ဆက်လက် လုပ်ဆောင်နိုင်၏။ ဂျိတ်လည်း သမီးငယ်၊ဇနီးနဲ့အတူ အချိန်အနည်းငယ်မျှပေး ကာ ပျော်ရွှင်ကြ၏။ထို့နောက်သမီးငယ်လေးနဲ့ဇနီးဖြစ်သူ အား နှုတ်ဆက်ပြီး နန်းတော်ထဲသို့ပြန်ရန်ဆုံးဖြတ်လိုက်၏။ ပြန်ခါနီး၌ သူသည် အိမ်ရှေ့စံအိုရစ်က်ိုလည်း အခန်းမှထည့် ပြီး လည်ကုပ်ကိုကိုင်ထား၏။ပြီးမှ တယ်လီပို့အစီရင်ဖြင့် နန်းတော်သို့ပြန်၏။ နန်းတော်သို့ပြန်ရောက်သည်နဲ့ အစေခံတစ်ယောက်အား အို ရစ်အားပေးထားကာ လိုအပ်သည်များဆောင်ရွက်နေပေးရန် ညွှန်ကြားလိုက်၏။ထို့နောက် မိမိမှာကား အစည်းဝေးလုပ်ရာ နေရာသို့သွားလိုက်၏။ ယနေ့သည် ဂရိတ်တိုင်းပြည်၌ရှိကြသောလူချမ်းသာသူဌေး များနဲ့ဘုရင်သစ်တို့၏စေ့စပ်ဆွေးနွေးပွဲပင်ဖြစ်၏။ ခန်းမထဲ၌ လူချမ်းသာသူဌေးပေါင်း သုံးရာကျော်က စုဝေး ရောက်ရှိနေကြ၏။သူတို့သည် ဘုရင်မင်းမြတ်အသစ်မှ တွေ့ဆုံလိုသောကြောင့် ထိုနေရာတို့ရောက်ရှိနေကြခြင်း ဖြစ်၏။ "ဘုရင်ကြွလာပြီ" အစောင့်တစ်ယောက်၏အသံကြောင့် တိုးတိုးလေးပြောကြား နေကြသောလူများ ချက်ချင်းဆိုသလိုတိတ်ဆိတ်သွားကြ၏။ လူငယ်တစ်ယောက် ခန်းမတွင်း၌တစ်လမ်းချင်းလျှောက်လာ ပြီးအစည်းဝေးကျင်းပရာ စားပွဲ၏အဓိကနေရာဖြစ်သော ထိုင်ခုံ၌ ထိုင်လိုက်သည်ကိုလူတိုင်းတွေ့လိုက်ကြ၏။ "ငယ်သေးတယ်နော်" ယခုမှမျက်မြင်ကိုယ်တွေ့မြင်သူအပေါင်းမှာ ဘုရင် သစ်၏ငယ်ရွယ်မှုကိုကြည့်ကာ တုန်လှုပ်နေကြ၏။ "ဘုရင် ကျနော်တို့ တိုင်းပြည်ကိုတခြားတိုင်းပြည်တွေ က ကုန်သွယ်ရေးမလုပ်ဖို့ပိတ်ပင်ထားတယ်ဆိုတဲ့ပြသနာရှိနေ ပါတယ် ဖြေရှင်းပေးပါ" တစ်ယောက်မှ အရိုသေမရှိစွာဖြင့် ပြောဆိုလာ၏။ထိုလူအား ဂျိတ်မှကြည့်ရာ အသက်ငါးဆယ်ကျော်လူဝကြီးတစ်ယောက် ဖြစ်ကြောင်းတွေ့ရ၏။ထိုလူဝကြီးသည် သူ၏လက်ချောင်း များတွင်လည်း ရတနာအပြည့်စီချယ်ထား၏။ "အဲ့ကိစ္စကိုဖြေရှင်းပေးပါမယ် မပူပါနဲ့ တစ်လအတွင်းဖြေ ရှင်းပေးပါမယ်" ဂျိတ်မှ ဖြေရှင်းပေးမည်ဖြစ်ကြောင်းဝန်ခံ၏။ ကျန်သောသူဌေးများကလည်း မိမိတို့ကုန်သွယ်ရေးအခက်ခဲ များကိုပြောပြလာကြ၏။သူတို့၏အများဆုံးကြုံတွေ့နေသော အခက်ခဲသည် မိမိတိုင်းပြည်မှကုန်ပစ္စည်းများက တခြားသို့ သွားရောင်းရပါသော်လည်း မိမိတို့တိုင်းပြည်အား တခြား သောတိုင်းပြည်များမှ လာရောက်ကူးသန်းရောင်းဝယ်ခြင်းမ လုပ်ကြသည်ပင်ဖြစ်၏။ နောက်တစ်ခုကား မတရားစျေးနှိမ်ခြင်းခံရသည်များပင် ဖြစ်၏။ ထိုအခက်ခဲများကို ဂျိတ်မှအမြန်ဆုံးဖြေရှင်းပေးမည် ဖြစ်ကြောင်း ကတိပေး၏။ "ကောင်းပြီ ဒါပြီးရင် ကျုပ်ကိုနန်းတွင်းမှာတစ်နေရာပေးပေး ပါ ဒါဆိုရင် ကျနော်တို့ဖက်က လုံလောက်ပါပြီ" ထိုစကားကိုလည်း အစောပိုင်း၌ပြောခဲ့သော လူဝကြီးကပင် ပြော၏။သူသည် ဂျိတ်အားအထင်မြင်သေးသောအကြည့်ဖြ င့်ပြောခြင်းဖြစ်၏။သူ့အမြင်၌ဂျိတ်သည် ငယ်ရွယ်သေး၏။ ထိုသို့စီးပွားရေးကိစ္စ၌ သူသည်မထက်မြက်နိုင်ရာဟုထင်နေပုံ ရ၏။ "ကျနော်တို့ကိုလည်း တစ်နေရာပေးရင် ကျေအေးသွားနိုင်ပါ တယ်" "ဟုတ်ပါတယ်" ကျန်သောလူများကလည်း အလျှိုလျှိုထွက်လာကြ၏။သူ တို့သည် တိုင်းပြည်အသစ်ပြန်လည်ထူထောင်ချိန်၌နေရာ ကောင်းတစ်နေရာ ရယူလိုဟန်ရှိကြ၏။ "ဟားဟားဟား ဟား..." ဂျိတ်၏ရယ်သံက ခန်းမထဲ၌ ပြန့်နံသွား၏။ထိုရယ်သံကြောင့် တောင်းဆိုနေကြသောလူများအသံပင်ပျောက်ကွယ်ကုန်၏။ "မင်းတို့တွေက တစ်လက်မလောက်ပေးရင် တစ်ပေလောက် လိုချင်ကြတာပဲ" ပြောနေရင်း ဂျိတ်သူ၏အော်ရာထုတ်လွင့်လိုက်၏။ "ဂျုန်း" ဂျိတ်၏အော်ရာကြောင့် သူဌေးများမျက်လုံးပြူးကာ အသက် ရှုရခက်ခဲလာကြ၏။ "ပလက်တီနမ်အဆင့်..ငါး" တစ်ယောက်မှပြောလိုက်၏။ထိုအခါ ဘုရင်သစ်အား လန့် ဖြတ်ကြ ကုန်၏။မာန့်ဝင်နေသောလူဝကြီးပင် မျက်နှာဖြူ လျော်သွား၏။ငယ်ရွယ်သောဘုရင်သစ်မှာ မိမိတို့တောင်းဆို သလိုလိုက်လျောနေသောကြောင့် မာန်တက်ပြီး လောဘကြီး ကာတောင်းဆိုကြခြင်းဖြစ်၏။သို့သော်ဘုရင်သစ်မှာ အလွန် အစွမ်းကြီးကြောင်း သူတို့မသိလိုက်ကြပေ။ "အစကတော့ မင်းတို့တောင်းဆိုတာတွေလိုက်လျောဖို့အစီစဥ် ရှိပြီးသား အခုမင်းတို့လုပ်ပုံနဲ့မျိုးတော့ ငါလည်း မ လိုက်လျောနိုင်တော့ဘူး အဲ့အစားငါတောင်းဆိုတာကိုသာ လိုက်လျောကြပေတော့" ဘုရင်သစ်အော်ရာ၏ဖိအားအောက်၌ သူဌေးများမှာ ရိုကျိုး သောကြောင်သူငယ်လေးများပမာဖြစ်လာကြရ၏။ဂျိတ် သည် အစောင့်တစ်ယောက်အား မကြာမီမှရေးဆွဲထားသော ဥပဒေသစ်အား ဖတ်ပြခိုင်း၏။ထို့နောက် သူဌေးတိုင်းအား ထိုဥပဒေသစ်ကိုလိုက်နာမည်ဖြစ်ကြောင်း လက်မှန်ရေးထိုး ခိုင်း၏။ လက်မှတ်ထိုးပြီးမှသာ သူဌေးများအကုန်လုံး ခန်းမမှ ပြန်လည်ထွက်ခွာကြရ၏။သူတို့မျက်နှာများအားလုံး ချီးမှန် သည့်ပမာဖြစ်နေကြ၏။ အကြောင်းကား ဥပဒေသစ်၌ မိမိရရှိသော ကုန်သွယ် ရောင်းဝယ်ရေး၏အမြတ်ငွေပမာဏ၏5%ကို တိုင်းပြည်သို့ အခွန်ဆောင်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်ပိုင်စစ်တပ်များဖွဲ့စည်း ခြင်းအား ပိတ်သိမ်းထားခြင်းဖြစ်၏။ထို့ပြင် မိမိလုပ်ကိုင် သောစီးပွားရေးကိုလည်း နန်းတော်၌တရားဝင်မှတ်ပုံတင်ရ မည်ဖြစ်၏။နှစ်တိုင်းလည်း မိမိ၌ရှိသောလုပ်ငန်းကြီးလျှင် ကြီးသလောက် အခွန်ကောက်ခံနေဦးမည်ဖြစ်၏။ ဥပဒေအသစ်ကြောင့် သူတို့၏ဝင်ငွေများသည် ကုန်ဆုံးသွား သကဲ့သို့ခံစားလိုက်ကြပြီး မိမိတို့အင်အားတောင့်တင်းမှုမှာ လျော့ကျသွားသည်ဟု သူတို့ခံစားလိုက်ကြရ၏။ ဘုရင်ဟောင်းနဲ့အတိုင်ပင်ခံကတော့ ထိုဖြစ်ရပ်အားနောက် ကွယ်မှကြည့်ရင်း မင်သက်နေကြ၏။မိမိတို့ခေတ်၌ အလွန် ပင်ရှုပ်ထွေးပွေလီကာ ရှင်းရခက်သော ပြသနာကြီးအားဂျိတ် မှ အော်ရာထုတ်လွင့်ရုံဖြင့်ဖြေရှင်းပြသွားသောကြောင့် ဖြစ်၏။
(222)
"ဘုရင်က ဘာတွေလုပ်ချင်နေတာလဲ" သူဌေးများကြားထဲမှ တစ်ယောက်သောလူကြီးက အံသြ နေ၏။သူဌေးအများစုသည် ဥပဒေအသစ်ကိုမကျေမနပ်ဖြစ် ကာ ညီးတွားနေကြခြင်းဖြစ်ပြီး သူကတော့ မဟုတ်ပေ။ ဥပဒေသစ်အကြောင်းရာကို စဥ်းစားနေပိုမိုအံသြလာရ လေသာဖြစ်၏။ လက်ရှိသူဌေးများသည် မိမိတို့ကုန်သွယ်ရေးလုပ်လျှင်ပေးရ မည့်အခွန်ခ နဲ့ ကိုယ်တိုင်စစ်တပ်အဖွဲ့စည်းမထောင်ရခြင်းတို့ အားသာ မြင်နေကြပြီးအဓိကအချက်လက်များမမြင်ကြဟု သူထင်၏။ ဥပဒေသစ်ထဲ၌ အခွန်ခပေးဆောင်သော သူဌေးများအား ရ သင့်ရထောက်သောအကျိုးမြတ်များပေးထားသေးသည်ကို လည်း တွေ့ရှိရ၏။ထို့ပြင် စီးပွားရေးလုပ်ဆောင်ရာ၌ တွင်ကျယ်စေရန် မနည်းမနောလှသည့် အကျိုးမြတ်ခံစားခွင့် များအားလည်းပေးထားသေး၏။အထူးသဖြင့် ကုန်သွယ် ရောင်းဝယ်ရာ၌ နစ်နာမှုမရှိစေရန် အထူးအာမခံပေးထားပြီး လိုအပ်လျှင် စောင့်ရှောက်ကာကွယ်ပေးမည်ဖြစ်ကြောင်းပါ ပေးထား၏။ မည်သို့ပင်ဖြစ်စေ သူဌေးတိုင်းသည် လက်မှတ်ရေးထိုးပြီး ဖြစ်သောကြောင့် လိုက်နာဆောင်ရွက်ရတော့မည်ဖြစ်၏။မ လိုက်နာပါက ဘုရင်သစ်၏ပြင်းထန်သောသက်ရောက်မှုကို သူတို့ခံစားသိရှိတော့မည်ဖြစ်၏။ "ဘုရင်ကြီး ဒီလိုလုပ်လို့အဆင်ပြေမလား" အတိုင်ပင်ခံ မှမေး၏။ "မပြေစရာမရှိဘူး နောက်မှသူတို့သေသေချာချာနားလည်လာ ပါလိမ့်မယ်ဒါနဲ့ ဟိုဘုရင်ကိုပြောပေးပါ သူ့သားအိုရစ်က ဆေးကုသဆောင်မှာရောက်နေပါပြီလို့" "နားလည်ပါပြီ" အတိုင်ပင်ခံ မှအရိုသေပေးပြီး ပြန်လည်ထွက်ခွာသွား၏။ ဘုရင်ဟောင်းလည်း ဂျိတ်ထံမှသတင်းရသည်နဲ့ သူ၏သား တော်အိုရစ်အား အပြေးလွှားသွားတွေ့၏။ထိုသားတော်သည် သူ့အတွက် ရင်နှစ်သည်းခြာတစ်ပါးပင်ဖြစ်၏။ လက်ရှိအချိန်၌ ဂျိတ်၏လုပ်ဆောင်ချက်များကို သူဌေး များသည်ယခုချိန်တော့ သိသေးမည်မဟုတ် နောက်မှ သူတို့ သေချာနားလည်သဘောပေါက်လာကြမည်ဖြစ်၏။ ("သခင်...သခင်တောင်းဆိုထားသည့်ဂရိတ်တိုင်းပြည်နေရာ အနှံ၌ လေယာဥ်ကွင်းဆောက်လုပ်ပြီးစီးသွားပါပြီ") စနစ်မှအသံပေးပို့လာ၏။ထိုအသိပေးချက်ကိုတမင်ဂျိတ်မှ စနစ်အားတောင်းဆိုထားခြင်းလည်းဖြစ်၏။တိုင်းပြည် တိုးတက်လာရန် အချိန်တော်တော်များများသက်သာစေရန် အတွက် တိုင်းပြည်နေရာအနှံပြား၌ လေယာဥ်ကွင်းများ လုပ်ဆောင်စေခိုင်း၏။ပြီးဆုံးမှပါက စနစ်မှလေယာဥ်များ ထုတ်ကာ ထိုလေယာဥ်များအား အသုံးပြု၍ တိုင်းပြည် တိုးတက်ရေးအား အရှိန်ဟုန်ဖြင့် လုပ်ဆောင်နိုင်တော့မည် ဖြစ်၏။ မိမိအစွမ်းဖြင့် တိုင်းပြည်တစ်ခုလုံးတိုးတက်သွားအောင် စွမ်းဆောင်နိုင်သော်လည်း ထိုအခြင်းရာကအလွန်မင်းပင် သိသာစေနိုင်၏။ထို့ကြောင့် သိသာသော်လည်း တိုင်းပြည်ရှိ ပြည်သူပြည်သားများလက်ခံနိုင်သည့်အတိုင်းတာတစ်ခုထိ ထားကာ မြန်ဆန်စွာတိုးတက်အောင်ဆောင်ရွက်ပေးမည် ဖြစ်၏။ "ဟုတ်ပြီ စနစ်ဒါဆို ကျုပ်တောင်းဆိုထားပြီးသားအစီစဥ် အတိုင်းစလုပ်လိုက်တော့" ("ကောင်းပါပြီ") .................. ဂရိတ်တိုင်းပြည်၏စစ်တပ်နေရာတစ်နေရာ၌စစ်သည်သုံးရာ သည် သဲကြီးမဲကြီးလုပ်ဆောင်ပြီးသောကြောင့် နားချိန်တစ် ရက်ရသည်ဖြစ်ရာ အနားယူနေကြ၏။သူတို့အနားယူနေသော ရှေ့၌ ကြီးမားသောကွင်းပြင်ကြီးတစ်ခုရှိ၏။ ထိုကွင်းပြင်ကြီးသည် အလွန်ပင်ကြီးမားကျယ်ပြန့်လှပြီး ထို ကွင်းပြင်ကြီး၌အမှိုက်ပေါင်းပင်မြက်ပင်များလည်း တစ်ပင် ပင်မရှိနေပေ။ထို့ပြင် ထိုကွင်းပြင်ကြီးကိုလည်း ကွင်းပြင် ကျယ်အကွာဝေးအမှတ်သားများက ပြုလုပ်ထားသေး၏။ထို အမှတ်သားများသည် ကွင်းပြင်ကြီး၏နယ်နမိတ်အကွာဝေး လည်းဖြစ်၏။ ထိုအမှတ်သားများသည် ထင်ရှားသိသာစေရန်လည်း ဆေးတ စ်မျိုုးသုံးစွဲထားသေး၏။သူတို့သာအသေးစိတ်ကြည့်တတ်ပါ က ထိုဆေးများထဲ၌ သေးငယ်သော အက္ခရာသင်ကေတများ ကို မြင်နိုင်ဦးမည်ဖြစ်၏။ "ဘာကြောင့် ဒီလိုလုပ်ခိုင်းတာလဲ" စစ်သည်တစ်ယောက်မှပြော၏။သူ့အနေဖြင့် ထိုသို့ လုပ်ဆောင်ခိုင်းရသည့်အကြောင်းရင်းကို မသိပေ။ "အထက်ကပြောတာကတော့ ဒီကွင်းပြင်ကြီးက နောင်ကျရင် သယ်ယူပို့ဆောင်ရေးအတွက်အရမ်းအရေးပါမဲ့နေရာဖြစ်လာ မယ်တဲ့" ထိုစကားကြောင့် ပထမဆုံးပြောသောစစ်သည်မှာအနည်းငယ် တွေဝေသွား၏။ဘယ်လိုများ အရေးပါလာမည်နည်း။သူ တွေးချင်လည်း တွေးချင်စရာပင်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိကွင်းပြင်ကျယ်ကြီးသည် မိမိတို့စစ်တပ်အထိုင်ချရာနေရာ၌လုပ်ဆောင်ထားသောကြော င့်ဖြစ်၏။ထိုနေရာသည် ယခင်က စစ်တပ်၏သစ်ပင်ချုံနွယ် များသာရှိပြီးအလွန်ထူထဲသောနေရာကြီးဖြစ်သည့်အပြင် လမ်းသွားလာရေးအတွက်လည်းအလွန်ပင်ခဲယဥ်း၏။ စစ်တပ်တည်ထားသောနေရာကိုပင် လူသူထူထဲသောနေရာ၌ အနည်းငယ်လှမ်းကွာသေး၏။ ကွင်းပြင်ကြီးအဖြစ်ဖန်တီးလိုက်သောကြောင့်သာ ပြန့်ပြူး လာရခြင်းကလွှဲလျှင် ကျန်သော အခက်ခဲများကရှိနေဆဲ ဖြစ်၏။ ထိုလိုကွင်းပြင်ကျယ်ကြီးများအား တစ်ခုတည်းလုပ်ဆောင် ထားခြင်းမဟုတ်ပေ။ဂရိတ်တိုင်းပြည်တစ်ခုလုံးရှိစစ်တပ်ထိုင် ရာနေရာတိုင်း၌ ပြုလုပ်ဆောင်ထားစေခြင်းဖြစ်၏။ စစ်သည်များအေးဆေးစွာအနားယူနေရင်း ရုတ်ခြည်းဆို သလို မိုးအုံသွားသည်ဟုခံစားလိုက်ကြရ၏။ "ဘယ်နှယ်ရုတ်ခြင်းကြီး မိုးအုံသွားပါလား တိမ်တွေထူထပ် လာလို့တူပါရဲ့" တစ်ယောက်မှ ပြောဆို၏။ "တိမ်တွေကြောင့်မဟုတ်ဘူး အဲ့တာအကောင်ကြီးကြီးကြောင့် ဗျ" ကောင်းကင် သို့မော့ကြည့်နေသော စစ်သည်တစ်ယောက်မှ ကြောက်လန့်စွာပြောဆိုလာ၏။ထိုသူပြောကြားမှုကြောင့် ကျန် သောစစ်သည်တော်များအားလုံး မိုးပေါ်မော့ကြည့်လိုက် ကြ၏။ ကြည့်မိသောသူတိုင်း တုန်လှုပ်ချောက်ချားကြ၏။မျက်လုံး များကပြူးကျယ်နေပြီ တစ်ကိုယ်လုံးအားအင်မရှိတော့ သည့်နှယ်ပင်ဖြစ်၏။ သူတို့မြင်လိုက်ကြသည်ကား အလွန်ကြီးမားသောအရာကြီး တစ်ခုက ကောင်းကင်ပေါ်၌ပျံသန်းနေသောကြောင့်ဖြစ်၏။ ထိုအရာက ကြီးသောကြောင့် အမှောင်ရိပ်ကျဆင်းစေသလို ပင်ဖြစ်သွားစေခဲ့ရ၏။ "..ဝီ......ဝီ..." ထိုအရာကြီးမှ အသံတစ်မျိုးကလည်းထုတ်လွှင့်နေသေး၏။ ထို့အပြင် ထိုအရာကြီးသည် ငှက်ကဲ့သို့အသွင်ရှိသော်လည်း ငှက်နဲ့လည်းမတူကြီးကြောင်း တွေ့ရလေ၏။ ထိုအရာကြီးသည် သူတို့ကြည့်ရင်းနေတန်းလန်း၌ တ ဖြေးဖြေး မြေပေါ်သို့ကျဆင်းလာ၏။ထိုအရာကြီးကျဆင်း လာသည့်နေရာသည် မိမိတို့ပြုလုပ်ထားသောကွင်းပြင်ကျယ် ကြီး၌ဖြစ်ကြောင်းတွေ့ရှိရလေ၏။ထိုအရွယ်စားကြီးမား သောအရာက ကွင်းပြင်ကျယ်၏လေးပုံတစ်ပုံနီးနီးထိ နေရာ ယူနေကြောင်းတွေ့ရှိလေ၏။ ထိုအရာကြီးသည် တခြားမဟုတ်။ဂျိတ်စနစ်မှထုတ်ယူထား သော လေယာဥ်ကြီးဖြစ်၏။ထိုလေယာဥ်ကြီးသည် အမေရိ ကန်သုံးc-17သယ်ယူပို့ဆောင်သည့်ဧရာမစစ်လေယာဥ်ကြီးနဲ့ တူညီ၏။ အောက်မှာပုံပြသပေးထားပါတယ်။ သို့သော်လည်း စနစ်မှထွက်လာသောလေယာဥ်များသည် နောက်ထပ်အဆင့်အထိမြင့်တင်းထားသောလေယာဥ်များဖြစ် သည့်အလျောက် ပို၍အဆင့်မြင့်ပေ၏။လေယာဥ်တက်ရန် ဆင်းရန်အတွက် အရှိန်ယူကာ တက်ရန်ဆင်းရန်လုပ်စရာမလို ပဲ ဒေါင်လိုက်အနေထားဖြင့် ပျံတက်နိုင်ဆင်းသက်နိုင်၏။ ထို့ပြင် လေယာဥ်၏သယ်ယူနိုင်သောပစ္စည်းကုန်ပမာဏ သည် မူလလေယာဥ်၌ဆန့်သောပမာဏထက် ဆယ်ဆမက ပို၍ကျယ်ပေ၏။အကြောင်းကား လေယာဥ်အတွင်းပစ္စည်း ထားရာနေရာအား နေရာချဲ့ထွင်ထားသောကြောင့်ဖြစ်၏။ နောက်ပြီးအားသာချက်အနေဖြင့် ထိုလေယာဥ်ကိုယ်ထည် ထဲ၌ အရေးကြုံပါက ပြန်တိုက်ခိုက်ရန်အတွက် ဒရုန်းငယ် လေးနှစ်စင်းအပြင် တခြားသောစစ်လက်နက်များပါထည့် သွင်းထားရှိပေ၏။ မြန်ဆန်စွာပျံသန်းနိုင်ခြင်း အသံကျယ်မှုမရှိခြင်း ပစ္စည်းများ စွာကို တစ်ချိန်တည်း၌သယ်ဆောင်နိုင်ခြင်းတို့က ထိုလေယာ ဥ်၏အားသာချက်များပင်ဖြစ်လေတော့၏။ ထိုလေယာဥ်မှ အသံတစ်သံအားကြားလိုက်ရ၏။ထိုအသံ သည် တံခါးဖွင့်သံဖြစ်ကြောင်း စစ်သည်တော်များနောက်မှ သိရှိလိုက်ကြရ၏။ထိုလေယာဥ်များထဲမှ မိမိတို့တစ်သက်လုံး မမြင်ဖူးမတွေ့ဘူးသော အရာများနဲ့လူများထွက်ပေါ်လာသည် ကို တုန်လှုပ်ခြောက်ခြားစွာမြင်လိုက်ကြရတော့၏။ ထိုလေယာဥ်သည် တစ်စင်းတည်းမဟုတ်ပဲ ဂရိတ် တိုင်းပြည်၏လေယာဥ်ကွင်းရှိရာနေရာတိုင်းသို့ သက်ဆင်း နေကြ၏။ ထိုလေယာဥ်များဆင်းသက်သောနေ့မှစတင်၌ ဂရိတ် တိုင်းပြည်သည် တိုးတက်ရေး၌ဒုံးကျည်သဖွယ် မြန်ဆန်လှ လာလေတော့၏။