အခန်း (၂၂၃-၂၂၅)
Vol. 15 Ch. 223-225
( 223 )
ဝုန်း......ဝုန်း......ဝုန်းးးး သံချပ်ကာကားတစ်စီးသည်အရှိန်ပြင်းထန်စွာမောင်းနှင်လျက် ရှိ၏။ထိုကားသည် မည်သည့်အရာက်ိုမှ မမူပဲ ဖြတ်သန်း လာ၏။ထိုကား၏လမ်းတွင်ရှိသောအပင်ကြီးငယ်မရွေးကို ဖြတ်သန်းမောင်းနှင်လာလေ၏။ "တကယ်..ဇိမ်ရှိလိုက်တာ" ထိုသံချပ်ကာကားအတွင်းမောင်းနှင်နေသော တာနာရှာမှ ရွေ ရွတ်လိုက်၏။ထိုသံချပ်ကာကားကြီးအား မြင်စဥ်က သဘောကျသောကြောင့် လေ့လာစူးစမ်းမောင်းနှင်ကြည့်ခဲ့ သေး၏။ထိုအခါ လက်နက်များအား လေ့လာစမ်းသပ်ရာ ကမ္ဘာငယ်လေးထဲ၌ မောင်းနှင်ရခြင်းဖြစ်သည်။ထိုစဥ် ကတည်းက သံချပ်ကာကားမောင်းနှင်ရခြင်းအရသာကို စွဲ မက်သွားခဲ့သည်ဖြစ်၏။ ထို့ကြောင့်လည်း လက်ရှိအိမ်ပြန်ရာ၌ထိုကားကိုမရရအောင် ဂျိတ်ထံမှတောင်းယူလာပြီးပြန်လာခဲ့ခြင်းဖြစ်၏။ "သေစမ်း အခုမှသတိရတယ်" တာနာရှာ ၏ခေါင်းကအဆက်မပြတ်အလုပ်ပေးလိုက်၏။မိမိ အား မိမိဖခင်မှဂျိတ်ထံစေလွတ်လိုက်ရသောအကြောင်းရင်း ကို ယခုမှပြန်လည်သတိရရှိလာ၏။မိမိမှာ အသစ်သစ်သော ပညာများကို လေ့လာသင်ယူနေသောကြောင့် လာရင်း အကြောင်းအားမေ့လျော့နေခဲ့၏။ ဖခင်ဖြစ်သူက မိမိအားလင်ယူစေခိုင်းသော်လည်း မိမိမှာ လက်နက်အတတ်ပညာသင်ကြားနေပြီ ခွင့်ယူပြန်လာခြင်း ဖြစ်၏။ သံချပ်ကာကားမှာ အရှိန်လည်းမြန်ဆန်လှပေရာ အချိန်ခေတ္တ အတွင်း၌ ဆာဗေ့တို့နေထိုင်ရာတောထဲရှိ ဆာဗေ့မြို့အနီးသို့ ပင်ရောက်ရှိလာလေတော့၏။ အနီးနားသို့ရောက်ခါနီးသည်နဲ့ တာနာရှာသည် သံချပ်ကာကား ခေတ္တ ရပ်လိုက်၏။ထို့နောက် သူမသိုလှောင်လက်စွပ်မှ တံဆိပ်ပြားတစ်ခုအား ထုတ်လိုက်၏။ ထိုတံဆိပ်ပြားသည် ဆာဗေ့အမှတ်သားပါရှိ၏။ထိုတံဆိပ်ပြား အား တာနာရှာအသက်သွင်းလိုက်၏။ပြီးမှသာ သံချပ်ကာကားအား ဆက်လက်မောင်းနှင်၏။ တာနာရှာ သံချပ်ကာကားရပ်ပြီး ဆာဗေ့တံဆိပ်ပြားအား အသက်သွင်းရခြင်းမှာအကြောင်းရင်းရှိ၏။ဆာဗေ့ တို့၏နေရာအား မှော်အစီရင်အဆင့်နှစ်ရှိသော မှော်အကာ ကွယ်ဖြင့်ကာကွယ်ထားသည်ဖြစ်၏။ထိုအကာကွယ်ကို ဖျက် ပြီးလာလိုပါက မှော်အဆင့်နှစ်ထက်မြင့်သော မှော်အစွမ်း အား သုံးမှသာရမည်ဖြစ်၏။ ထိုသို့မဖောက်ထွင်းပဲ အဆင့်နှစ်မှော်အကာကွယ် အားနည်းချက်လမ်းအတိုင်းဖြင့် ဆာဗေ့မြို့တော်အားရောက်ရှိ ပါက အနည်းဆုံးတစ်ပတ်မျှလျှောက်လမ်းနေကြရမည် ဖြစ်၏။ထိုကြားထဲ လျှောက်သောနေရာမှားနေသေးပါက အစကနေ၍ပြန်လည်စတင်ရမည်ဖြစ်၏။ ထိုကြောင့် ဆာဗေ့တံဆိပ်ပြားအား အသက်သွင်းပြီးသွားလာ မှာသာ အချိန်ခေတ္တ အတွင်း၌ ရောက်ရှ်ိမည်ဖြစ်၏။ ဆာဗေ့တို့၏နေရပ်ကား ပုံမှန်အတိုင်းလည်ပတ်လျက်ရှိ၏။ အေးချမ်းသာယာလှ၏။ကြီးကြီးမားမားဖြစ်ပျက်သွားသော အရာဟူ၍ ဆာဗေ့တို့နေရာအား အရိုးစုမီးတောက်ကြီးရောက် ချသည့်အချိန်သာရှိ၏။ထိုအဖြစ်ပျက်မှလွှဲ၍ ကျန်သည့်ကြီး ကြီးမားမားမရှိပေ။ မီးတောက်အရိုးစုများ၏အသက်သွင်းစီရင်မှုကြောင့် ဆာဗေ့ တို့မြေကြီးထဲမှထပျံသွားသည့်အရာကိုလည်း သူတို့မေ့ မေ့လျော့လျော့သာရှိကြ၏။နေ့စဥ်ဒူဝပုံမှန်ကိစ္စများသာ လုပ်ဆောင်နေရင်း "ဟ....ဟိုကလာနေတာဘာကြီးလဲဟ" အဝေးမှ ဖုန်တလုံးလုံးဖြင့်လာနေသောအရာများအား သူတို့ မြင်လိုက်ကြရ၏။ဆာဗေ့များသည် ဖုန်တလုံးလုံးဖြင့်လာနေ သော အရာအား အံသြမင်သက်စွာရပ်ကြည့်နေကြ၏။ ."ရုပ်ဆိုးလိုက်တာ" ဒါက မြင်လိုက်သည်နဲ့ မှတ်ချက်ပေးလိုက်ကြ၏။သူ တို့၏အမြင်၌ ဖုန်ထအောင်သွားလာနေသော လေးထောင့်သဏ္ဏ န်အရာကြီးသည် အလွန်ပင်ရုပ်ဆိုးသည်ဟု ခံစားမိ၏။ "အား မကောင်းဆိုးဝါးကြီး လာနေတာဟ" ဆာဗေ့တစ်ယောက်မှ ထဖောက်၍ပြေး၏။ထိုသူ၏အော်သံ ကြောင့် ရပ်ကြည့်နေကြသောသူများသည် ယခင်အဖြစ်ပျက် များအား တွေးမိကာ အကုန်လုံး ထွက်ပြေးကုန်၏။ မီးတောက်အရိုးစုအကြောင်းကို သူတို့ရင်ထဲမေ့နိုင်မည် မဟုတ်ပေ။ "ဟ ဘာလို့ပြေးကုန်တာလဲ" ဒီအတွေးက သံချပ်ကာကားမောင်းနှင်လာသော တာနာ ရှာ၏အတွေးပင်။သူမသည် သူရရှိလာသော သံချပ်ကာကား အား ဆာဗေ့ပြည်သူပြည်သားများအား ကြွားရန်ကြံရွယ်ထား သေး၏။သို့သော် သူမ၏ကားရောက်လာသည်ကိုမြင်သည်နဲ့ အကုန်လုံးထပြေးသည့်အဖြစ်ကြောင့် သူမကြွားချင်သည့် စိတ်များ ငှက်ပျောက်ကြ က်ပျောက်ကုန်သလို ပျောက်ဆုံး ကုန်တော့၏။ သူစီးနှင်လာသော သံချပ်ကာကားကိုသာ ဆာဗေ့နန်းတော်ထဲ သို့သာ ဦးတည်မောင်းနှင်လိုက်တော့၏။ "ဟ ဘာကြီးလဲဟ" ဆာဗေ့နန်းတော်အဝင်ဝအား စောင့်ကြပ်နေသော ဆာဗေ့များ က သံချပ်ကာကားအားမြင်သည်နဲ့ ခေါင်းစားကုန်ကြ၏။ထို အရာကြီးသည်ဘာကြီးနည်း။ ထိုအရာကြီးသည် မည်သည့်အရာမှန်းမိမိတို့မသိသော်လည်း ထိုအရာကြီးသည် နန်းတော်ထဲဝင်ရန်လုပ်ဆောင်သည်ကို ရိပ်စားမိသောအခါ သူတို့သည် သံချပ်ကားရှေ့မှနေ၍ လှံဖြင့် ရွယ်လိုက်ကြ၏။ မိမိကားအား ရှေ့မှနေ၍ ဆာဗေ့အစောင့်များမှ လှံဖြင့်ရွယ် နေကြသောကြောင့် တာနာရှာလည်း ကားအားရပ်ကားအပြင် သို့ထွက်လိုက်၏။ "ငလူး ဘယ်လိုအကောင်ကြီးလဲ" သံချပ်ကာကားအား လှံဖြင့်ရွယ်နေသော ဆာဗေ့စစ်သည်နှစ် ယောက်မှ ဇောချွေးများပြန်နေ၏။သူတို့သည် တာဝန် အရသာလုပ်ဆောင်နေရသော်လည်း ကြောက်လန့်နေကြ၏။ ထိုစဥ် ထိုအရာမှာ တစ်စုံတစ်ခုက ထွက်လာသောအခါ လန့် သွားကြ၏။ "ဟင် မင်းသမီး" တာနာရှာအားမြင်သည်နဲ့ သူတို့ချက်ချင်းအရိုသေပေးလိုက် ကြ၏။မင်းသမီးသည် သူတို့ရှေ့တို့ရောက်လာသည်ကို မြင်သည် ချက်ချင်းအရိုသေပေးလိုက်ကြ၏။ တာနာရှာလည်း သံချပ်ကာကားအား မိမိ၏သိုလှောင် လက်စွပ်ထဲသို့ထည့်သွင်းကာ နန်းတော်ထဲသို့ဝင်သွား လိုက်၏။နန်းတော်အထဲထိ ကားဖြင့်သွားလာရန်မသင့်တော် သည့်အပြင် အစောင့်များလို ထူးထူးဆန်းဆန်းပြုမှုကြမည် စိုးရိမ်သောကြောင့်ဖြစ်၏။ "ဒုန်း..ဒိုင်း." ပင်မနန်းတော်ထဲဝင်ခါနီး၌ တာနာရှာ ဆူညံနေသောအသံများ အား ကြားလိုက်ကြရ၏။ထို့ကြောင့် ဖြစ်စဥ်အား သိရန် အတွက် အသာလေးဝင်ရောက်လိုက်၏။သူ၏စစ်သည်အဆ င့်မှာ ပလက်တီနမ်အဆင့်အထိရောက်ရှိနေသောကြောင့် အခက်ခဲမရှိပေ။ နန်းတော်ထဲ၌ လူတစ်စုသည် မာန်ဝင့်လျက်ရှိ၏။ထိုသူ တို့၏အော်ရာသည်လည်း ပြင်းထန်လှ၏။သူတို့ဝတ်ဆင် ထားသည်ကလည်း အဆင့်မြင့်သားရဲအရေခွံများဖြစ်ကြ သလို မင်းမျိုးနွယ်တို့၏ရာဇဟန်ပန်လည်းရှိ၏။ ဟုတ်ပေသည်။ထိုလူစုသည် ဆာဗေ့လူရိုင်း များ၏အထက်တန်းစားလူမျိုးစုများဖြစ်ကြ၏။ထိုလူမျိုးစု များသည် လက်ရှိဆာဗေ့မျိုးနွယ်စု၏နန်းတော်၌ ရောက်ရှိနေ ကြခြင်းဖြစ်သည်။ ထိုလူစုမှ ငယ်ငယ်ရွယ်ရွယ်နဲ့လူတစ်ယောက်သည် သူ၏လက်ချက်ကြောင့် စားပွဲခုံများကျိုးသွားရခြင်းကြောင့် ထွက်ပေါ်လာသောအသံများဖြစ်ကြောင်း တာနာရှာသိလိုက် ရ၏။ထိုလူငယ်သည် ရောက်ရှိနေသောလူစု၏သခင်လည်း ဖြစ်၏။ ကြည့်ရသည်မှာ တာနာရှာ၏ဖခင်နဲ့ ထိုလူစုသည်လုံးဝအခြေ တင်ဖြစ်နေကြခြင်းပင်ဖြစ်၏။တာနာရှာ၏ဖခင်ကတော့ လုံး ဝတုန်လှုပ်ခြောက်ခြားခြင်းမရှိသလို ငြိမ်သက်နေလေ၏။ "ဘာလို့ ကျုပ်ရဲ့တောင်းဆိုချက်ကိုငြင်းပယ်နေရတာလဲ" မောက်မာဟန်ရှိသောလူငယ်မှ ဆာဗေ့ဘုရင်အားပြော၏။ "ဘာလို့လဲဆိုတော့ ကျုပ်သမီးကို တခြားတစ်ယောက်နဲ့ ပေးစားပြီးထားလို့ပေါ့" ဆာဗေ့ဘုရင်၏စကားကြောင့် ထိုလူစုမှမောက်မာသော လူငယ်မှာ ဒေါသဖြစ်ခဲ့ရ၏။ "ဒါဆို ခင်ဗျားက ခင်ဗျားကတိဖျက်လိုက်တာပဲ ဖြစ်လာမဲ့ အကျိုးဆက်ကိုမသိသေးဘူးလား" ထိုစကားကြောင့် တာနာရှာမှာ ချက်ချင်းဇာတ်ရည်လယ် သွား၏။သူမ၏ဖခင် ဘုရင်သည် မိမိအား ဂျိတ်အားလင် တော်စေခိုင်းသည်မှာ အကြောင်းမဲ့မဟုတ်ပေ။ထိုသို့ မောက်မာဟန်ရှိသော လူငယ်နဲ့ပေးစားရမည်ကိုသိသော ကြောင့် ဂျိတ်နဲ့လက်ဆက်စေလိုခြင်းလည်းဖြစ်၏။ ဂျိတ်၏အစွမ်းကိုလည်းတွေ့မြင်ထားရာ ဂျိတ်ကသာ ထို ဖြစ်ရပ်များအား တားဆီးနိုင်စွမ်းရှိသူလည်းဖြစ်သည်ဟု ဘုရင်ကြီးမှတထစ်ချယုံကြည်လက်ခံထား၏။ ထိုလူငယ်၏စကားပြောဟန် ဝတ်စားပုံကိုကြည့်ပြီး တစ်ခါတည်းသိသွားခြင်းလည်းဖြစ်၏။ထိုအပြုမှုအရဆိုလျှင် ထိုလူစုသည် ဆာဗေ့အထက်တန်းစားမျိုးနွယ်များ၏အပြုမှု ဖြစ်၏။ ဆာဗေ့မျိုးနွယ်များသည် တူညီသည်ဟုထင်ရသော်လည်း တကယ်တည်း၌ကွဲပြားမှုရှိ၏။တာနာရှာတို့ဆာဗေ့မျိုးနွယ်စု များသည် ဆာဗေ့မျိုးနွယ်ထဲ၌ အတော်ပင်နိမ့်ကျသော မျိုး နွယ်များဖြစ်၏။ သူတို့လိုအထက်တန်းစားမျိုးနွယ်များ တာနာရှာတို့လိုမျိုးနွယ် စုထဲသို့ရောက်နေကြရခြင်းသည်အကြောင်းရင်းတစ်ခုတည်း သာရှိ၏။ထိုအကြောင်းကား တာနာရှာအား သူတို့နဲ့လက်ဆပ် စေလိုခြင်းဖြစ်၏။တာနာရှာ၏ငယ်သော်လည်း ထက်မြက်မှု ပါရမီပါမှု ချောမောမှုတို့က သူတို့နားထဲထိရောက်ရှိသွားခြင်း ဖြစ်ရာ လာရောက်ကြခြင်းဖြစ်၏။ သို့ရာတွင် သူတို့အား ကြိုဆိုသော မျိုးရိုးနိမ့်ဆာဗေ့ ဘုရင်၏စကားကို ကြားလိုက်ရသောအခါ သူတို့ဒေါသထွက် သွားကြ၏။ ထို့ကြောင့် အထက်တန်းစားမျိုးနွယ်ဟုလူငယ်လေးမှ စားပွဲ များအား ဖျက်စီးလိုက်ခြင်းဖြစ်၏။သူ၏ဘဝ၌ သူ့အား ထိုသို့ ပြန်ပြောရဲသူမရှိပေ။ထို့ပြင် သူဘဝ၌မရသောအရာသည် ပထမကြိမ်အဖြစ်ဖြစ်သွားရာ ပိုမိုဒေါသထွက်လာပြီး ဆာဗေ့ ဘုရင်အား ရိုက်နှက်ရန်လုပ်ဆောင်လိုက်၏။ "တောက်" တာနာရှာဒေါသထွက်သွား၏။ထိုလူအား ချက်ချင်းပြေးသွား ပြီး ပါးချလိုက်၏။ "ဖြောင်း" ရိုက်ချက်အားပြင်းထန်လွန်းလှ၏။ပလက်တီနမ်အဆင့်ရှိ ရိုက်ချက်ကြောင့် ထိုလူငယ်မှာ လွင့်စင်သွား၏။လေထဲတွင် လည်း သွားနှစ်ချောင်းမှာ ဝဲသွားသေး၏။ အဖြစ်ပျက်မှာ မြန်ဆန်လှသောကြောင့် လူတိုင်း ငေးမိနေ၏။ နောက်မှ ထိုလူငယ်လေး၏အစောင့်များကသတိရလာပြီး ဒေါသထွက်ကာ တာနာရှာအား အပြစ်ပေးရန်ကြံစည်လိုက် ကြ၏။ ဘုရင်ကြီးလည်း ရိုက်လိုက်သောသူသည် သူ၏သမီး ဖြစ်ကြောင်း သိသည်နဲ့ချက်ချင်း အစောင့်များအားခေါ်ကာ စုဝေးလိုက်စေ၏။ထို့နောက် သမီးဖြစ်သူအားတိုက်ခိုက်ပါက ပြန်လည်ချရန်အသင့်ပြင်စေ၏။ အခြေနေကား တင်းမာလာ၏။တာနာရှာအား အပြစ်ပေးရန် ကြံရွယ်နေသော လူစုနဲ့ တာနာရှာအားထိပါက တိုက်ခိုက်ကြမ ည့် အဖွဲ့ပင်ဖြစ်ကြ၏။ "မင်းကပါးရိုက်ရဲရအောင်ဘယ်သူလဲ" လွင့်စင်သွားရသောလူငယ်မှ မေးလိုက်၏။သူ၏အကြည့် သည် စူးရှနေ၏။သို့သော်တာနာရှာမှာ ကြောက်လန့်ခြင်းလုံး ဝမရှိပဲ "ငါလား ငါက တာနာရှာ " ထိုစကားကြောင့် လူငယ်လည်းတစ်ချက်မှ ကြောင်သွား သေး၏။တာနာရှာသည် အရိုင်းဆန်ဆန်လှပသော မိန်းကလေးဖြစ်ကြောင်း သူတွေ့ရှိလိုက်ရ၏။သိူ့သော် သူ၏ပါးအား ချသူမှာ သူမဖြစ်ကြောင်း သိလိုက်ရသောအခါ ဒေါသများထွက်ကျလာ၏။သို့ရာတွင် ချက်ချင်းပြန်လည်ထိန်းချုပ်လိုက်၏။ထို့နောက် နောက်ပြန်ကာလည့်ထွက်သွား၏။ "အရှင်သား ကျနော်တို့" အစောင့်များ၏စကားကို လူငယ်မှဖြတ်ကာဟန့်တား လိုက်၏။ထို့နောက် "နောက်မှတွေ့ကြတာပေါ့" ချက်ချင်းပင် ပင်မနန်းတော်ခန်းမမှထွက်ခွာသွားကြလေ၏။ လူငယ်၏အပြုမှုကြောင့်လူငယ်၏ အစောင့်များလည်း ခေတ္တ မင်သက်ပြီးလျှင် လူငယ်နောက်မှလိုက်ပါကာ ထွက်သွားကြ လေတော့၏။ ("ဘယ်လိုဖြစ်တာလဲ") ဘုရင်ကြီးလည်း ထိုသို့ဖြစ်သွားသောအဖြစ်ပျက်ကြောင့် အနည်းငယ်ကြောင်တောင်တောင်ဖြစ်သွား၏။ပြသနာမှာပို ကြီးလာတော့မည်ထင်သော်လည်း ယခုသကဲ့သို့ပြီးသွားမည် မှာ မထင်မိသည်မှာ အမှန်ပင်ဖြစ်၏။ ("တာနာရှာ တာနရှာ မင်း ကို ငါလက်တုံပြန်ပြမယ်မင်းစောင့် ကြည့်နေလိုက်") လူငယ်လေးကား ပ င်မနန်းတော်ဆောင်မှတစ်ကိုယ်တည်း ကြုံးဝါးကာ ထွက်သွားလေတော့၏။
( 224)
"ငါ့သမီးပြန်လာပြီကွ" ဆာဗေ့ဘုရင်ကြီးအသံက ထွက်ပေါ်လာ၏။ဘေးတွင်ရောက် ရှိနေကြသော အစောင့်များကလည်း တာနာရှာနဲ့ဘုရင်ကြီး အား အရိုသေပေးလိုက်ကြ၏။ ဘုရင်ကြီးသည် တာနာရှာပြန်လာသောကြောင့် အလွန်မင်း ပီတိဖြစ်နေ၏။သူ၏သမီးလေးပြန်လာသောကြောင့်လည်း အတိုင်းမသိပျော်ရွှင်နေ၏။ "ဟုတ်တယ် သမီးပြန်ရောက်လာပြီ" တာနာရှာလည်း ဘုရင်ကြီးအား အရိုသေပေးလိုက်၏။တာနာ ရှာအား ကြည့်ရင်းဘုရင်ကြီးလည်း "နေဦးသမီး သမီးရဲ့စစ်သည်အဆင့်က" ဘုရင်ကြီးသည် မိ မိရှေ့ပြန်ရောက်လာသောသမီးဖြစ် သူ၏အော်ရာအရှိန်အဝါပြောင်းလဲနေသောကြောင့် မေးမြန်း လိုက်၏။ "သမီးအဆင့်လား အခုမှပလက်တီနမ်အဆင့်လေးပဲရှိသေး တယ်" ချက်ချင်းပင် အားလုံး တိတ်ဆိတ်ငြိမ်သက်သွားကြ၏။ဆယ့် စက္က န့်လောက်အထိ တစ်ယောက်မှအသံထွက်လာကြခြင်းမရှိ ပေ။ "သမီး ဘာပြောလိုက်တာ" ဘုရင်ကြီးမှ နောက်တစ်ခါထပ်မေး၏။ "သမီးက ပလက်တီနမ်အဆင့်လေးမှာ နောက်တစ်လဆိုရင် အဆင့်ငါးရောက်မယ်လို့ ခံစားနေရတယ်" တာနာရှာ၏စကားကြောင့် ကြားသမျှလူတိုင်း အသက်မနည်း ရှုလိုက်ကြရ၏။ပလက်တီနမ်အဆင့်ဆိုပါလား။အချိန်မကြာ သေးသော်လည်း တာနာရှာမှာ ပလက်တီနမ်အဆင့်လေးအထိ ထိုးဖောက်ပြီးသွားပြီဖြစ်၏။ သိထားရမည်က ဆာဗေ့တို့၏အစွမ်းထက်ဆုံးလူပင် ပလက်တီနမ်အဆင့်နှစ်၌သာရှိသေး၏။အဆင့်တစ်ခုတက် ရန် မည်မျှခက်ခဲကြောင်းကို သူတို့အသိဆုံးသာဖြစ်၏။တာနာ ရှာ၏စကားတွင်တော့ အဆင့်ချိုးဖြတ်မှုသည် ထမင်းစားရေသောက်သလိုသာဖြစ်လေ၏။ "သိပ်ကောင်းတယ် ဒါမှငါ့သမီးကွ" အသက်ငယ်ငယ်လေးနဲ့ ပလက်တီနမ်အဆင့်ရောက်နေသော သမီးအတွက် ဘုရင်ကြီးမှဂုဏ်ယူလိုက်၏။ တာနာရှာလည်း မိမိလာရင်းကိစ္စကိုသတိပြန်ရကာ "ဖေဖေ ဂရိတ်ဘုရင် အရှင်ဂျိတ် မနက်ဖြန်လာပြီးဆွေးနွေး စရာရှိတယ်တဲဲ့" ဂရိတ်ဘုရင်မှာ ဂျိတ်ဖြစ်သွားကြောင်း ဘုရင်ကြီးမှ ကြားသိ ပြီးသားဖြစ်၏။မနက်ဖြန်လာရောက်ပြီး ဆွေးနွေးမည်ဆို သောသတင်းကြောင့် ပိုမိုပျော်ရွှင်သွားလေ၏။ "ကောင်းတာပေါ့ဟေ့ငါကိုယ်တော်မြတ်အမိန့်ရှိတယ် မနက်ဖြန်ကျရင် ငါ့သမက်တော်ဘုရင်အတွက် ကောင်းပေ့ ညွှန့်ပေ့ဆိုတဲ့ အရက်ဝိုင်အစားသောက်တွေ တည်ခင်းမယ် ပေါ့" အစေခံများလည်း ဘုရင်ကြီး၏အမိန့်စကားကြားပြီသည်နဲ့ စတင်ဆောင်ရွက်ရန်ပြင်ဆင်လိုက်ကြ၏။ "အဲ နေပါဦး" တာနာရှာ ကြောင်သွား၏။သူ၏ဖခင်ထံမှ ဂျိတ်အားသမက် တော်ဟု ပြောလိုက်သည်မဟုတ်ပါလား။အခြေနေမှာ လွှဲမှား နေပြီဖြစ်ကြောင်း သူမ သိလိုက်၏။ထို့ကြောင့် အခြေနေမလွှဲ မှားစေရင် တာနာရှာမှ သူ၏ဖခင်အား ခြေဟန်လက်ဟန်ပါ ရှင်းပြရန်ကြိုးစား၏။ သို့သော်လည်း သူမ၏ကြိုးစားအားထုတ်မှုမှာအရာမဝင်ခဲ့ပါ ချေ။အဘယ်ကြောင့် ဆိုသော် ဘုရင်ကြီးသည် ခြေဟန်လက်ဟန်ပါအသုံးပြုပြီးရှင်းပြရန်ကြိုးစားနေသော တာနာရှာအားကြည့်ကာ "ဂျိတ်က တကယ်ကောင်းတဲ့သမက်လေးပဲ သမီးကိုတောင် အဖိုးတန်တဲ့လက်စွပ်ကောင်းကောင်းလေးပေးထားတာပဲ သမီးလဲသူ့ကို မပစ်ထားနဲ့ သေချာလေးဂရုစိုက်နော်" ဘုရင်ကြီးမှ တာနာရှာ၏ပခုံးအား ပုတ်ကာ အားပေးပြီး အနားယူရန်ထွက်သွားလေ၏။လက်စွပ်သည်ကြည့်ရုံဖြင့် အဖိုးတန်ကြောင်းသိသာနေသည်ဖြစ်၏။ တာနာရှာကတော့ လုံးဝဆွံအသွားလေတော့၏။မိမိ၏ဖခင် ဖြစ်သူသည် တလွှဲကောက်ချက်များချကာ ထိုအလွှဲ ကောက်ချက်များကို ယုံကြည်နေ၏။ရှင်းပြရန်ကြိုးစားလိုက် သော်လည်း သူမ၏လက်၌ဝတ်ဆင်ထားသော သိုလှောင် လက်စွပ်အား ကြည့်ကာ သူမ၏ဖခင်မှာ အထင်မြင်လွှဲသွား ခြင်းဖြစ်၏။ဂျိတ်မှသူ၏သမီးလေးအား ချစ်မြတ်နိုးသော ကြောင့် ပေးခြင်းဖြစ်သည်ဟုအထင်လွှဲနေသည်ဖြစ်၏။ နောက်တစ်ချက်ဖြစ်သည့် သမီးဖြစ်သူစစ်သည်အဆင့်မြန် မြန်ဆန်ဆန်တိုးတက်လာရခြင်းသည် ဂျိတ်မှသူ၏သမီးအား ချစ်ခင်မြတ်နိုးသောကြောင့် အစွမ်းကုန်ထောက်ပံနေသည်ဟု လည်း အထင်ရောက်နေခြင်းလည်းဖြစ်၏။ အဖြစ်ရပ်မှန်သာသိပါက ဘုရင်ကြီး သွေးအန်ရမည်သာ ဖြစ်၏။တာနာရှာအနေဖြင့် ဂျိတ်အိမ်၌နေပြီး ကောင်းပေ့အစွမ်းထက်ပေ့ဆိုသော ဟင်းများကိုနေ့တိုင်းစား သောက်၍ အဆင့်မတက်လာသည်ကမှသာ ထူးဆန်းနေဦး မည်ဖြစ်၏။လက်စွပ်ကလည်း ဂျိတ်မှ သူ၏အိမ်၌နေသူတိုင်းအားပေးထားခြင်းဖြစ်၏။ ဖြစ်စဥ်များကား လွှဲရင်းလွှဲနေသည်သာဖြစ်၏။တာနာရှာ လည်း ရှင်းပြရန်ကြိုးစားသော်လည်း ဘုရင်ကြီးမှ သူ့အတွေး နဲ့သူခိုင်မာနေရာ အသုံးမဝင်တော့ပေ။ထို့ကြောင့် တာနာရှာ လည်း စိတ်ပင်ပန်းသွားပြီဖြစ်ရာ မိမိ၏နန်းတော်ဆောင်သို့ သာ အနားယူရန်ပြန်သွားလေတော့၏။ ............ ဇိုက်သည် ကြိုးစားပမ်းစား လေ့ကျင့်နေ၏။သူလေ့ကျင့်နေ သောအရာသည် ဂျိတ်မှ သူ၏ကိုယ်တွင်းသို့ထည့်သွင်းလိုက် သော တုတ်အား လေ့ကျင့်နေခြင်းပင်ဖြစ်၏။ထိုတုတ်သည် သူ၏စိတ်နယ်ပယ်ထဲ၌ တည်ရှိနေပြီး ထိုတုတ်အား လိုအပ် လျှင်အသုံးပြုနိုင်ရန် ဆင့်ခေါ်နိုင်ရန်ကြိုးပမ်းနေခြင်းလည်း ဖြစ်၏။ ဇိုက်၏ကြိုးစားမှုကြောင့် တုတ်အား သူ၏စိတ်နယ်ပယ်မှ အပြင်သို့ရောက်အောင် ထုတ်နိုင်ခဲ့ပြီလည်းဖြစ်၏။ သို့သော်လည်း အပြင်၌ထိုတုတ်၏တည်ရှိချိန်သည် ငါးစက္က န့် မျှသာ ကြာမြင့်ပြီး ကျော်လွန်သွားပါက သူ၏စိတ်နယ်ပယ်ထဲ သို့ တုတ်မှပြန်လည်ဝင်ရောက်သွားလေ၏။ ထို့ကြောင့် ဇိုက်သည် ထိုတုတ်အား အပြင်၌ကြာနိုင်သည် ထက်ကြာနိုင်စေရန် အမြဲမပြတ်ကြိုးစားနေသည်လည်း ဖြစ်၏။တုတ်အား အပြင်၌ကြာနေချိန်များပြားမှာသာလျှင် ထို တုတ်အားအသုံးပြုနိုင်မည်ဖြစ်၏။ "ကောင်လေးကြိုးစားမနေနဲ့ ကြိုးစားရင်ပင်ပန်းတယ်ကွ ငါ့လို အေးအေးဆေးဆေးနေ" ထိုစကားကို ပြောသူက ဇိုက်၏ကိုယ်ထဲ၌ရှိနေသော မျောက် ကြီးပင်ဖြစ်၏။ဇိုက်မှကြိုးစားနေသည်ကိုတွေ့သောအခါ သူမ နေနိုင်ပေ။အကြောင်းကား ဇိုက်ကျွမ်းကျင်အောင်လေ့ကျင့် နေသော တုတ်သည် သူ၏တုတ်ဖြစ်သောကြောင့်ဖြစ်၏။ ထိုတုတ်ကိုသာ ဇိုက်မှပိုင်နိုင်ကျွမ်းကျင်သွားပါက သူ့အတွက် အန္တရာယ်များစေလာသောကြောင့်ဖြစ်၏။ထိုတုတ်သာ ဇိုက်မှ ပိုင်ဆိုင်သွားပါက သူ၏အစွမ်း50%ကိုလည်း ပိုင်ဆိုင်သွား မည်ဖြစ်၏။မျောက်နဲ့တုတ်သည် အပြန်လှန်ဆက်သွယ်မှုရှိ သောကြောင့်လည်းဖြစ်၏။ ဇိုက်အား စကားဖြင့်အဆက်မပြတ် ပြောဆိုကာ မလေ့ကျင့် ရန် မျောက်ကြီးမှတိုက်တွန်းနေ၏။သူတိုက်တွန်းလေ ဇိုက်မှာ ပိုမိုကြိုးစားလေဖြစ်၏။သူကြိုးစားလေ မျောက်ကြီးမှာ ဒေါသ ထွက်လေဖြစ်၏။ဇိုက်၏စိတ်ဝိညာဥ်ကို ဖျက်စီးကာ ခန္ဓာကိုယ်အား သိမ်းပိုက်လိုသော်လည်း သူအား အဆောင်မှ ချိတ်ပိတ်ထားလေ၏။ ထိုအဆောင်အား အပိုင်းပိုင်းဖျက်စီးချင်စိတ်လည်းများ နေ၏။သို့သော် လက်ရှိအင်အားသည် ထိုအဆောင်အား အနည်းငယ်မျှထိခိုက်အောင်ပင်မလုပ်နိုင်ပေ။သူ၏အရင်ချိန် လို အစွမ်းထက်ဆုံးအချိန်၌ဆိုပါက ထိုအဆောင်သည် သူ့ အတွက်ဘောင်မဝင်သည့်အပြင် သူလေမှုတ်ရုံဖြင့် ဖျက်စီး သွားရမည်ဖြစ်၏။ ထိုအဆောင်သည် မျောက်ကြီးအား ဇိုက်၏ကိုယ်ခန္ဓာကို မ သိမ်းပိုက်နိုင်စေရန်အပြင် မျောက်ကြီးမှ တုတ်အားဆက် သွယ်ခွင့်ကိုလည်း ပိတ်ပင်ထားသေး၏။ထိုကြောင့် မျောက် ကြီးမှာ ဂျိတ်ချိတ်ပိတ်ထားပေးသောအဆောင်အား အလွန်တရာမုန်းတီး၏။ ဂျိတ်ကိုလည်း မုန်းတီးသည်လားမေးလျှင် သေချာပေါက် အလွန်ပင်မုန်းတီးသည်ဟု မျောက်ကြီးဖြေမည်ဖြစ်၏။ သို့သော် ထိုအချက်အား သူထုတ်မပြောရဲပေ။ဂျိတ်၏တကယ့် အစွမ်းသည် သူထင်သည်ထက်များပြားကြောင်းသူတစ် ယောက်သာသိသောကြောင့်ဖြစ်၏။ပျက်စီးပျောက်ကွယ်သွား သော တုတ်ချောင်းအား မူလကဲ့သို့ဖြစ်အောင်လုပ်ဆောင်ပြီး ဇိုက်စိတ်ထဲ၌ ထားနိုင်သောလူသည် လုံးဝသာမန်မဟုတ် ကြောင်း သူတပ်အပ်သိနေသောကြောင့်ဖြစ်၏။ ဇိုက်ကြောင့်သာမဟုတ်လျှင် ဂျိတ်သည်သူ့အား ဇိုက်ကိုယ်မှ ဆွဲထုတ်ပြီး မျောက်ဦးနှောက်ဖျော်ရည် မျောက်သားစွပ်ပြုတ် မလုပ်နိုင်ဟု မပြောနိုင်ရာ မုန်းတီးသည့်ဆန္ဒအား သူ၏ရင် ထဲ၌သာ သိမ်းထားလေ၏။ ထိုအခိုက်၌ သူ၏အမွှေးတစ်ပင်ကျွတ်သွားကြောင်း ခံစား လိုက်ရ၏။ထိုအမွှေးတစ်ပင်ကျွတ်ခြင်းသည် ကြီးမားသော ဒုက္ခအစပင်ဖြစ်ကြောင်း မျောက်ကြီးနားလည်လိုက်၏။ "ငလူးမ ဇိုက်" သူဆဲရေးတိုင်းထွားလိုက်၏။အမွှေးကျွတ်ခြင်းသည် ဇိုက်မှ တုတ်နဲ့စတင်မိတ်ဆက်နိုင်ကြောင်းအထောက်ထားပင်ဖြစ်၏။ သူဆဲရေးနေသည်ကိုတော့ ဇိုက်မှကြားနိုင်စွမ်းမရှိတော့ပေ။ အမွှေးကျွတ်ခြင်း၏အကြောင်းသည် တုတ်နဲ့ဇိုက်ကြား ဆက် သွယ်မှုစတင်လာသလို မျောက်ကြီး၏အစွမ်းများလည်းရယူ နိုင်မည့်သဘောပင်ဖြစ်၏။ မျောက်ထံမှကျွတ်သွားသောအမွှေးတစ်ပင်သည် မျောက်ကြီး အား ချုပ်ထားသောအဆောင်အကာကွယ်မှထွက်ခွာသွား၏။ ထိုအမွှေးအား အဆောင်မှတားဆီးခြင်းလည်းမရှိပေ။ ထိုအမွှေးသည် အဆောင်ချုပ်ရာအပြင်ရောက်သည်နဲ့ သန့် စင်လှသောစွမ်းအင်အဖြစ်ပြောင်းလဲသွား၏။ထိုဖြစ်စဥ် များသည် ဇိုက်၏ကိုယ်အတွင်း၌ဖြစ်ပွားခြင်းဖြစ်၏။ ကိုယ်အတွင်း၌ဖြစ်ပွားခြင်းဖြစ်ရာ အမွှေးတစ်ပင်မှ ပြောင်းလဲသွားသော သန့်စင်စွမ်းအားသည် ဇိုက်၏တစ်ကိုယ် လုံးအား ပြန့်နှံသွား၏။ "ဂျုန်း" အမွှေးတစ်ပင်မှပြောင်းလဲလာသောအစွမ်းများဖြစ် သော်လည်း အလွန်သန့်စင်ပြီးအစွမ်းကြီးရာ ဇိုက်ကိုယ်အား လုံးဝပြောင်းလဲပေး၏။ ကြေးအဆင့်ရှိသောဇိုက်မှ ချက်ချင်းပင်ခုန်တက်သွား လေ၏။ ကြေး.ငွေ၊ရွှေ၊ပလက်တီနမ်စသည်ဖြင့် တိုက်ရိုက်ခုန်တက် သွား၏။အကြိမ်များစွာလေ့ကျင့်ခဲ့ခြင်းအကျိုးကြောင်း အဆ င့်ခုန်တက်သွားသော်လည်း ဇိုက်အတွက်ဆိုးကျိုးမရှိပေ။ နောက်ဆုံး ဒိုင်းမွန်းအဆင့်ကိုး၌ ရောက်မှသာ အစွမ်းများက တည်ငြိမ်ကာရပ်တည်သွားလေတော့၏။ ဇိုက်လည်း ရုတ်ခြည်းခုန်တက်လာသောအစွမ်းတိုးခြင်းဖြစ်စ ဥ်ကြောင့် ခေတ္တ မေ့လဲသွားလေ၏။သူ၏လက်ရှိစစ်သည်အ ဆင့်သည် ဒိုင်းမွန်းအဆင့်ကိုးသို့ရောက်ရှိနေပြီလည်းဖြစ်၏။
( 225)
ညအချိန်၌ ဂျိတ်သည် စားပွဲခုံရှေ့၌မျက်စိပိတ်လျက်အနေ ထားဖြင့် ထိုင်နေ၏။သူ၏လုပ်နေကြအတိုင်းဖြစ်သော ကိုယ်ခန္ဓာအားအနားယူစေပြီး စိတ်ကတော့ စနစ်အတွင်းဝင် ရောက်နေခြင်းဖြစ်၏။ စနစ်၏အခန်းတွင်း၌ သူသည် ဂရိတ်တိုင်းပြည်၏အခြေနေ ကိုကြည့်ရှုနေ၏။တိုးတက်ရေးဖြစ်စဥ်များအား သေချာ အကဲခတ်လေ့လာနေ၏။ စနစ်မှကျွမ်းကျင်ပညာရှင်များ၊သယ်ယူပို့ဆောင်ရေးလေယာ ဥ်များ တခြားခြားသောပစ္စည်းများကို ထုတ်ယူကာ ဂရိတ် တိုင်းပြည်တိုးတက်ရေးအတွက် အသုံးပြုထား၏။ ထိုသို့အသုံးပြုထားမှုကြောင့် နှစ်ချီပြီးမှတိုးတက်လာမည့်ဖြစ် စဥ်သည် လပိုင်းအတွင်းတိုးတက်ပြောင်းလဲလာပြီဖြစ်၏။ ဂရိတ်တိုင်းပြည်အား သိပ္ပံနည်းပညာအရကော စစ်သည် တော်သိုင်းအဆင့်အရပါတိုးတက်ပြောင်းလဲမြင့်တင်နိုင်ရန် ရည်ရွယ်ထား၏။နောက်ထပ်ရည်ရွယ်ထားသောအရာလည်း ရှိသေး၏။ဤအရာကား မှော်ပညာပင်ဖြစ်၏။သို့သော်လည်း လက်ရှိဒေသကြီးသည် မှော်ပညာသုံးနိုင်လောက်သည့် အခြေ နေနဲ့ဝေးကွာနေသေးသလိုဖြစ်၏။ လက်ရှိအခြေနေ၌ဂရိတ်တိုင်းပြည်သည် အဘက်ဘက်မှ အရှိန်ဟုန်ဖြင့် တိုးတက်နေ၏။လမ်းဖောက်သည့်အခြေနေဆို လျှင်လည်း နောက်နှစ်လဆိုလျှင်ပြီးမြောက်နိုင်တော့မည် ဖြစ်၏။လမ်းပြီးစီးသည်နဲ့ လမ်းပေါ်တွင် တွင်တွင်ကျယ် ကျယ်အသုံးပြုနိုင်မည့်ကားများစသည်လမ်းပေါ်သွားအရာ များ ကိုလည်း အသင့်ထုတ်လုပ်ပြီးသားပင်ဖြစ်၏။ စိုက်ပျိုးရေး ကုန်သွယ်ရေးစသောအရာများကိုလည်း မ လစ်ဟင်းစေပေ။လက်ရှိ ဂျိတ်ကိုင်တွယ်ရန်ကျန်နေသော အရာကိုကြည့်လိုက်၏။ ကျန်နေသေးသောအရာကား ပညာရေးပိုင်းဆိုင်ရာ၊လူမှု ကြီးကြပ်ရေး၊သုတေသနတိုးတက်လေ့လာရေး နဲ့စစ်တပ်တိုးတက်ပြောင်းလဲရေးပင်ဖြစ်၏။ပညာရေး အားနောက်တစ်လအတွင်း၌လုပ်ဆောင်မည်ဖြစ်ပြီး ကျန် သောနှစ်ရပ်အား အထူးအစီစဥ်ဖြင့် သာမန်ပြည်သူပြည်သား များအား မပေါက်ကြားစေရန် ဆောင်ရွက်လုပ်ဆောင်မည် ဖြစ်၏။ ဂျိတ်၏တိုးတက်မှုမြန်ဆန်စေသောအစီစဥ်ကြောင့် နည်း ပညာများကရှေ့ရောက်ပြီးသားများအားအသုံးပြုထား၏။ထို့ ကြောင့် ထိုနည်းပညာများသည် ဂရိတ်တိုင်းပြည်သူပြည်သား များအတွက် အဆင့်မြင့်လွန်းနေ၏။ ထိုပြသနာအားဖြေရှင်းရန်လည်း ဂျိတ်မှကြိုတင်စီစဥ်ပြီးသား ဖြစ်၏။ထိုနည်းပညာများပညာရပ်များကို သေချာစွာတိကျစွာ အသေးစိတ်ရှင်းပြနိုင်ရန် စနစ်မှနည်းပညာရှင်များအား ခေါ် မည်ဖြစ်ပြီး ထိုနည်းပညာများ၏မူလစဖြစ်တည်ရာမှနေ၍ စတင်သင်ကြားပေးမည်ဖြစ်၏။ ထိုသို့လုပ်ဆောင်ခြင်းဖြင့်ဂရိတ်တိုင်းသူပြည်သားများသည် သိပ္ပံနည်းပညာများနဲ့အကျွမ်းတဝင်ဖြစ်တည်လာပြီး ကျွမ်းကျင်ပိုင်နိုင်လာမည်ဖြစ်၏။ လေ့လာသုံးသပ်ပြီးသည်နဲ့ လူမှုကြီးကြပ်ရေးအပိုင်း၏အစ ပိုင်းကို စတင်လုပ်ဆောင်ရန်ပြင်ဆင်လိုက်၏။ပထမဆုံးလုပ် ရမည့်အရာကား သန်းခေါင်စာရင်းကောက်ပြီး လူတိုင်းအား မှတ်ပုံတင်ကတ်ပြားများလုပ်ပေးမည်ဖြစ်သည်။ ထိုမှတ်ပုံတင်ကတ်ပြားသည် နိုင်ငံသားဖြစ်ကြောင်းသက်သေ တစ်ခုတည်းအဖြစ်တင်မဟုတ်ပဲ ကျန်သောကိစ္စအကြောင်းရာ များ၌ပါအသုံးပြုနိုင်ကြောင်း ရည်ရွယ်ကြံစည်ထား၏။ ထိုစဥ်စနစ်၏အသိပေးချက်ဝင်ရောက်လာ၏။ ("ဇိုက် သည် ဖျက်စီးခြင်းတုတ်၏ဆက်သွယ်မှုအစနဲ့ထိတွေ့ နိုင်ခဲ့ပါပြီ ထို့ကြောင့် ဒိုင်းမွန်းအဆင့်ကိုးအထိတက်လှမ်းသွား နိုင်ခဲ့ပါသည်") ထိုအသိပေးချက်ကြောင့် ဂျိတ်ပင် အံသြမင်သက်လိုက်ရ၏။ တစ်ခါတည်းဖြင့် ခုန်တက်သွားမှုက လူတိုင်းအတွက်အားကျ စရာပင်ဖြစ်၏။ "မဆိုးဘူး ဇိုက်အတွက် လုပ်စရာလေးတွေပေးလို့ရပြီ" ဇိုက်သည် မိမိအားကူညီရန်အတွက်ကြိုးစားနေကြောင်း သူသိပြီးဖြစ်၏။ထိုအဆင့်ထိရောက်ရှိလာသောကြောင့်လည်း ဇိုက် အား တာဝန်ပေးရန် ဂျိတ်လည်းဆုံးဖြတ်လိုက်၏။ ........ မနက်ခင်းအလင်းရောင်ကား ကျရောက်လာ၏။ထိုအခါ ဂျိတ် လည်း ထုံးစံအတိုင်း မိသားစုနဲ့အတူမနက်စာကို သုံးဆောင်၏။ ဒီနေ့မနက်စားသုံးသောမနက်စာကား နဂါးသွေးထမင်း အား ဖီးနစ်ငှက်ဥဖြင့် ကြော်ထားခြင်းဖြစ်ပြီး ဟင်းကတော့ အသူရာနဂါးနံရိုးချိုချဥ်ကြော်သာလျှင်ဖြစ်၏။မနက်စာစားပြီး သောအခါ သမီးဖြစ်သူအတွက် အချိုပွဲအဖြစ် ရေခဲတောင်၌သာပေါက်သော နှစ်တစ်ထောင် ရေခဲဖရဲသီး အား ကျွေး၏။ သမီးဖြစ်သူ၏အခြေနေအား စစ်ဆေးလိုက်သေး၏။သမီး ဖြစ်သူအယ်မလီသည် သားရဲသခင်ကိုယ်ခန္ဓာပိုင်ဆိုင်ပြီးဖြစ် ပြီး ပထမအဆင့်နိူးထပြီးပြီဖြစ်၏။လက်ရှိ ဂျိတ် ၏အကောင်းဆုံးကျွေးမွေးမှုကြောင့် သမီးဖြစ်သူကိုယ်ခန္ဓာမှ အစွမ်းခွန်အားများပြည့်ဝနေ၏။ဇနီးဖြစ်သူကတော့မည်မျှ ပင်စားသောက်ပါစေ တိုးတက်မှုမရှိနေသေးပေ။ထို့ကြောင့် နောက်မှအချိန်ပေးစစ်ဆေးမည်ဟုဆုံးဖြတ်လို၏။ ထို့နောက် ဆာဗေ့ဘုရင်ကြီးနဲ့တွေ့ရန်ပြောထားသောကိစ္စအား လုပ်ဆောင်ရန်အတွက် ပြင်ဆင်လိုက်၏။ "ဝုန်း" ဂျိတ်လည်း စနစ်တယ်လီပို့ဖြင့် ဆာဗေ့တို့၏နေရာအား တိုက်ရိုက်ပင်သွားချလိုက်၏။ "ဝုန်း" ချက်ချင်းပင်ရောက်ရှိသွား၏။ဂျိတ်ရောက်နေသည့်နေရာ ကား ဆာဗေ့နန်းတော်အတွင်း၌ပင်ဖြစ်၏။ ဂျိတ်၏ချက်ချင်းရောက်ချလာမှုကြောင့် ဂျိတ်ဘေးတွင် နဂို တည်းမှရှိနေသော ဆာဗေ့မှာလန့်ဖြတ်သွား၏။နောက်မှသာ ဂျိတ်ဖြစ်ကြောင်း သိသည်နဲ့ဘုရင်ကြီးအား အကြောင်းကြား လိုက်၏။ ဘုရင်ကြီး သည်လည်း ဂျိတ်အားတွေ့သည်နဲ့အားရပါးရ ကြိုဆို၏။ဂျိတ်ကလည်းလက်ခံ၏။ ပင်မနန်းဆောင်ထဲသို့ခေါ်ကာ ကြိုတင်ပြင်ဆင်ထားသော အစားသောက်များဖြင့် ဂျိတ်အား တည်ခင်းဧည်ခံ၏။ဂျိတ် လည်း စားသောက်ကြည့်ရာ ဆာဗေ့တို့၏အစားသောက် များသည် တမူထူးခြားပြီး အရာသာရှိကြောင်းတွေ့ရလေ၏။ ဆာဗေ့တို့၏အရက်များဝိုင်များသည်လည်း ကောင်းမွန် ကြောင်းတွေ့ရလေ၏။ ထိုအချိန်၌ ဂျိတ်စားသောက်နေသောနေရာသို့ တာနာရှာ ရောက်လာ၏။တာနရှာသည် ဆာဗေ့တို့၏နေရပ်ဘုရင့်သမီး တော်ဝတ်စုံကို ဆင်မြန်းထား၏။နဂိုတည်းက လှပနေသူက အဆင်တန်ဆာဝတ်ဆင်သောအခါ ပိုမိုတောက်ပလာ၏။ ထိုအချိန်၌တာနာရှာသည်လည်း လှပသောသူဖြစ်ကြောင်း ဂျိ တ်ဝန်ခံရမည်ဖြစ်၏။ဆာဗေ့ ဘုရင်ကြီးသည် စတင်ပြောဆိုလေ၏။ "အရှင်ဂျိတ် တာနာရှာကအရှင့်ဆီရောက်တဲ့အခါ ဆိုးသွမ်းပါသေးရဲ့လား" "မဆိုးသွမ်းပါဘူး လိမ္မာပါတယ်" "အရှင်ဂျိတ်နဲ့တာနာရှာရဲ့ ဆက်ဆံရေးကကော" "ကောင်းပါတယ်" ဂျိတ်ကလည်း အမှန်တိုင်းဖြေ၏။ဂျိတ်၏အဖြေကြောင့် ဘုရင်ကြီးမှာပျော်ရွှင်သွား၏။တာနာရှာကလည်း သူမ၏ဖခင် သည် တစ်ခုခုလွှဲမှားနေကြောင်း ရိပ်စားမိသော်လည်း ငြိမ် သက်လျက်သာနေ၏။ "ဒါဆို အရှင်ဂျိတ်နဲ့တာနာရှာရဲ့ မဂ်လာပွဲကိုဘယ်ချိန်လုပ်ကြ မှာလဲ" ထိုစကားကြောင့် ဂျိတ်မှ ဘုရင်ကြီးအား မျက်မှောင်ကြုံကာ ကြည့်လိုက်၏။တာနာရှာသည်လည်း ထိုအခြင်းရာအား သိ လိုက်၏။ဂျိတ်လည်း ဘုရင်ကြီးနဲ့တာနာရှာတို့၏တစ်ခုခု ထူးဆန်းမှုကို နောက်ဆုံး၌သိလိုက်ရပြီဖြစ်၏။ လက်စသတ်တော့ သူမသည် မိမိအား လက်ထပ်ရန် ရောက်လာခြင်းဖြစ်ပြီး မိမိ၏စကားကြောင့် လမ်းလွှဲကာ လက်နက်အတတ်ပညာသင်သည့်ဘက်ရောက်သွားရခြင်းဖြစ် ပေလိမ့်မည်။ ထိုအခါမှ တာနာရှာ လည်း ငြိမ်ရန်မဖြစ်တော့ပဲ ဘုရင်ကြီး အားအကြောင်းစုံရှင်းပြရလေ၏။ဂျိတ်၌ဇနီးအပြင် သမီး တစ်ယောက်ပါရှိကြောင်းနဲ့ မိမိသည် ဂျိတ်ထံ၌လက်နက် ပညာသင်ယူနေကြောင်းအဆုံးရှင်းပြရ၏။ဘုရင်ကြီး အထင်လွှဲနေသည့်အချက်များကို ထည့်သွင်းပြော ကြားလိုက်၏။ ထိုအခါမှဘုရင်ကြီးသည် ဇာတ်ရည်လည်သွားဟန်တူ၏။ဂျိ တ်နဲ့ယခုထိမကြိုက်ရသေးဟုကြားသောအခါ ဘုရင်ကြီးသည် အနည်းငယ်ညှိုးနွမ်းသွား၏။ သို့ရာတွင် ဂျိတ်၌ဇနီးတစ်ယောက်သာရှိကြောင်း ကြားလိုက်ရ သောအခါ သူ၏မျက်နှာသည် တိမ်မဲထုကြီးမှ လွတ်ထွက်လာ သော လပြည့်ကြီးပမာ ဝင်းပလာပြန်၏။ တာနာရှာမှာ သူမ၏ဖခင်၏ဝင်းထိန်သောအမှုရာအားကြည့် ကာ တစ်ခုခုလွှဲမှားနေကြောင်း သိသော်လည်း မစဥ်းစား တတ်ပေ။ "အရှင်ဂျိတ်က ကျုပ်ကိုတွေ့ချင်တယ်ဆိုတော့ ဘာကိစ္စများ လဲ" နောက်ဆုံးမှ ဘုရင်ကြီးသည် ဂျိတ်လာရင်းအကြောင်းအား မေးမြန်း၏။ "ကိစ္စကတော့ တိုင်းပြည်ရေးရောင်းဝယ်ရေးကိစ္စပါ ဆာဗေ့ တွေနဲ့စားသောက်ကုန်ဝိုင်အရက်တွေကို အလဲလှယ်လုပ်လိုပါ တယ် ပြီးတော့ ဆာဗေ့တို့ကထွက်တဲ့ တွင်းထွက်ပစ္စည်းတွေ ကောပါ အလဲလှယ်အနေနဲ့ ကြိုက်ရာတောင်းဆိုနိုင်ပါတယ်" ဂျိတ်၏စကားကြောင့် ဘုရင်ကြီးမှအံအားသင့်သွားရ၏။ထို စကားဖြစ်မည်ဟုမထင်ထားပေ။သူထင်သည်မှာ သူ၏သမီးနဲ့ ပတ်သတ်သောကိစ္စဟုထင်ထားခြင်းဖြစ်၏။ "အဖေ သမီးတောင်းဆိုလိုက်မယ် အလဲလှယ်အနေနဲ့ကျမတို့ ဆာဗေ့ဒေသကိုလည်း ဂရိတ်တိုင်းပြည်လိုတိုးတက်အောင် လုပ်ပေးပါ" ထိုစကားကြောင့် ဂျိတ်သည် "မင်းတောင်းဆိုတဲ့အလဲလှယ်က အရမ်းကြီးမားလွန်းနေ တယ်" "သိပါတယ် အရှင်ဂျိတ် ကျမတို့ဘက်ကနေ နှစ်အကန့်သတ်မ ရှိအစားစာဝိုင်တခြားအရာတွေကိုတိုးချဲ့ပြီးထပ်လဲလှယ်ပါ မယ်" ထိုစကားကြောင့် ဘုရင်ကြီးမှာလုံးဝတုန်လှုပ်သွား၏။ နှစ်အကန့်သတ်မရှိဟူသောစကားလုံးကအလွန်ပင်ပြင်းထန် သည်မဟုတ်ပါလား။ "သမီး ဒါများတယ်နော်" "သိတယ် သမီးသိတယ်အဖေ ဒါပေမဲ့ လုံးဝတန်တယ်လို့သမီး ထင်တယ်." တာနာရှာသည် သူမ၏စိတ်အားလုံးဝယုံကြည်၏။ဂျိတ်သည် ဂရိတ်တိုင်းပြည်အား ဦးဆောင်ကတည်းကလုံးဝပြောင်းလဲ တော့မည်ဟု သူမ တထစ်ချယုံကြည်ထား၏။ထိုယုံကြည်မှုနဲ့ အတူ သူမသည် ထိုတောင်းဆိုချက်အားတောင်းဆိုရခြင်း ဖြစ်၏။ယခုမှမတောင်းဆိုပါက နောင်တွင်လုံးဝနစ်နာမည် ဖြစ်ကြောင်း သူမ၏မိန်းမသားမသိစိတ်ကပြောနေသလို လည်း ခံစားနေရသောကြောင့်ဖြစ်၏။ "ကောင်းပြီ ဒါဆိုလက်ခံတယ်" ဂျိတ်လည်း သဘောတူလိုက်၏။ထို့နောက် စာချုပ်တွင်နှစ်ဦး သဘောတူလက်မှတ်ရေးထိုးလိုက်ကြ၏။တာနာရှာ၏လုံးဝ ပြတ်သားသောအမူကျင့်ကြောင့် ဘုရင်ကြီးသည်လည်း လက်ခံလိုက်သည်ဖြစ်၏။ စာချုပ်၌လက်မှတ်ထိုးပြီးသွားကြသောအခါ ဆာဗေ့အစောင့် တစ်ယောက်သည် အပြေးလွှားပြေးလာပြီး "ဘုရင်ကြီး ကျနော်တို့ရဲ့ရတနာသစ်ပင်ကို အထက်တန်းဆာ ဗေ့တွေလုယူထွက်ပြေးသွားပါတယ်" ထိုစကားကြောင့် ဘုရင်ကြီးသည်လုံးဝဒေါသထွက်သွား၏။ "ချက်ချင်း အဲ့ကောင်တွေနောက်လိုက်ပြီး အဲ့သစ်ပင်ပြန်ယူ ကြစမ်း" "အမိန့်အတိုင်းပါ" ဆာဗေ့နန်းတော်တစ်ခုလုံးသည် စတင်ပြာယာခတ်သွားပြီ ဖြစ်၏။