← Chapters

အခန်း (၁၉၇၉-၁၉၈၀)

Vol. 142 Ch. 1979-1980

အခန်း (၁၉၇၉-၁၉၈၀)

Vol. 142 Ch. 1979-1980

အပိုင်း(၁၉၇၉)

တောင်အောက်ရှိ မြို့တော်မှာ နည်းပညာ တိုးတက်မှု အနည်းငယ်မျှသာရှိသော လူသားများ နေထိုင်ရာ မြို့တစ်မြို့ ဖြစ်သည်။ ၎င်းကို သာမန် သေမျိုးမြို့တစ်မြို့မျှ အရွယ်အစားရှိသော ကျေးလက်ရွာကြီးတစ်ရွာဟု တင်စားနိုင်ပြီး ဆယ်ပေခန့် မြင့်သော ကျောက်တံတိုင်းများဖြင့် မြို့လယ်နှင့် မြို့ပြင်ကို ပိုင်းခြားထားသည်။ နေအိမ်များကို ကျောက်နှင့် သစ်သားတို့ဖြင့် ကြမ်းတမ်းစွာ ဆောက်လုပ်ထားသည်။ အဆောက်အအုံ စတိုင်နှင့် ဗိသုကာ လက်ရာများမှာ ထူးခြားချက်မရှိဘဲ အလွန်ပင် ရိုးရှင်းလှ၏။

တစ်ခုတည်းသော ခြွင်းချက်မှာ မြို့လယ်ရှိ ဘုရားကျောင်းဖြစ်ပြီး ထိုနေရာတွင် ကိုးကွယ်ယုံကြည်မှု အငွေ့အသက်များ၊ ရှေးဦးလူ့အဖွဲ့အစည်းကြားရှိ ကြွယ်ဝမှုများနှင့် လျှို့ဝှက်ဆန်းကြယ်သော အော်ရာများ ကိန်းဝပ်လျက် ရှိသည်။

လူဦးရေ လေးသိန်းကျော်ခန့်ရှိသော ထိုဒေသတွင် စိုက်ပျိုးရေးနှင့် ကုန်ဖလှယ်ရေးတို့ဖြင့် အလွန်ပင် စည်ကားနေသည်။ လမ်းမများပေါ်တွင် တောက်ပသော အပြုံးများဖြင့် သက်ဝင်လှုပ်ရှားနေ၏။ ဤနေရာသည် လူသားမွေးမြူရေးခြံအဖြစ် ဖုံးကွယ်ထားခြင်း ခံရသည့်တိုင်အောင် သိသာထင်ရှားသော မှိုင်တွေမှုမျိုး မရှိပေ။

ဝေ့ဝူယင်တို့ လူသုံးဦးနှင့် အိပ်မောကျနေသော အလှနတ်ဘုရားမလေးတို့သည် မြို့လယ်ရှိ ဘုရားကျောင်းအတွင်းသို့ ရောက်ရှိသွားကြသည်။

ထို့ပိဟန်သည် လွန်ခဲ့သော ခဏကပင် 'လျှို့ဝှက်ဝိညာဉ်' အဆင့်ရှိ ကြီးကြပ်သူနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ 'လျှို့ဝှက် အာဏာရှင်' တစ်ဦးဖြစ်ပါလျက်နှင့် ထို့ပိဟန်လို သာမန်သေမျိုးတစ်ဦး၏ လက်ထဲတွင် သုံးကွက်အတွင်း ရှုံးနိမ့်သွားရခြင်းပင်။

အဆင့်အတန်း ကွာခြားမှုကို နားလည်သွားပြီး ကိုယ္ပိုင် ကျင့်ကြံခြင်းဆိုင်ရာ အမြင်များ ပျက်စီးသွားပြီးနောက်တွင် မြို့ကို အုပ်ချုပ်သော ထိုအရပ်ရှည်ရှည် အဖိုးအိုမှာ သူတို့ကို အပြုံးမျက်နှာဖြင့် အထူးဧည့်သည်တော်များကဲ့သို့ ဆက်ဆံခဲ့သည်။

ဝေ့ဝူယင်တို့သည် ဘုရားကျောင်းအတွင်း သင့်တော်သော တည်းခိုခန်းကို ရရှိခဲ့ကြသည်။ ဝေ့ဝူယင်က သီးသန့်အခန်းတစ်ခန်း ယူလိုက်ပြီး သခင်လေးရှန့်နှင့် ထို့ပိဟန်တို့မှာမူ 'ဘုရားကျောင်းသခင်' ဟု လူသိများသော ထိုအရပ်ရှည်ရှည် အဖိုးအိုနှင့်အတူ မြို့ထဲသို့ လှည့်လည်ကြည့်ရှုရန် ထွက်ခွာသွားကြသည်။ ထိုအဖိုးအိုမှာ ဝန်လေးခြင်းနှင့် သတိထားခြင်းများ ရှိနေသော်လည်း လိုက်ပါသွားရရှာသည်။ ဤသည်မှာ အင်အားကြီးမားခြင်း၏ အကျိုးကျေးဇူးပင် ဖြစ်သည်။

ဝင်ပေါက်တံခါးကို စောင့်ကြပ်နေသော စောင့်ကြည့်သူများထံ သူ၏ တည်ရှိမှုကို အသိပေးပြီးနောက် ဝေ့ဝူယင်သည် ဤကမ္ဘာအား အုပ်ချုပ်သူများက သံတမန်တစ်ဦး စေလွှတ်ခြင်း သို့မဟုတ် ကိုယ်တိုင် ရောက်ရှိလာခြင်းမျိုးကို မျှော်လင့်နေခဲ့သည်။ အထူးသဖြင့် ဘုရားကျောင်းသခင်က လျှို့ဝှက်သတင်းတစ်ခုကို ပေးပို့ရန် ကြိုးစားခဲ့ပြီးနောက်တွင် ထိုမျှော်လင့်ချက်က ပို၍ သေချာသွားခဲ့သည်။ ထိုလျှို့ဝှက်သတင်းမှာ သူတို့၏ မျက်စိအောက်မှ လွတ်ထွက်သွားခြင်း မရှိပေ။

ကောက်ရိုးမွေ့ရာနှင့် ဝါဂွမ်းခေါင်းအုံးပေါ်တွင် 'ကောင်းကင်ဘုံ၏ အပိုင်းအစ' လေးမှာ ငြိမ်သက်စွာ အနားယူနေသည်။ သူမ၏ အိပ်မောကျနေသော ပုံရိပ်လေးမှာ ကြယ်တာရာများကဲ့သို့ တောက်ပပြီး ရင်ခုန်စရာ ကောင်းလှသော်လည်း ဝေ့ဝူယင်မှာမူ တုန်လှုပ်ခြင်း မရှိပေ။ သူသည် အလွန်တရာ အဖိုးတန်သော သူ၏ ကိုယ်ပိုင် လက်ဖက်ခြောက်များဖြင့် လက်ဖက်ရည် ဖျော်လိုက်သည်။ ထိုတစ်ခွက်မှာ အဆင့်ကိုး သေမျိုးအဆင့် ပစ္စည်းတစ်ခုနှင့် ညီမျှပေသည်။ အနံ့မှာ မွှေးပျံ့ပြီး စိတ်ကို တက်ကြွစေသည်။

ဝေ့ဝူယင်သည် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း အမျိုးသမီးငယ်လေးကို ကြည့်လိုက်၏။

"အိပ်ချင်ယောင်ဆောင်လို့ ဝပြီလား..."

သူ ပြုံးရင်း မေးလိုက်သည်။ မိန်းမငယ်လေး၏ လက်ချောင်းများမှာ အနည်းငယ် တုန်ယင်သွားပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူမ၏ သူငယ်အိမ်များမှာ ဂလက်ဆီတစ်ခုလုံးကို ထည့်သွင်းထားသကဲ့သို့ ရှိပြီး မျက်ဝန်းအရောင်များမှာမူ မတူညီဘဲ ဘယ်ဘက်မျက်လုံးက ငွေရောင်၊ ညာဘက်မျက်လုံးက ရွှေရောင် ဖြစ်နေသည်။ ဘယ်ဘက်မျက်လုံးရှိ ငွေရောင်မှာ ဝေ့ဝူယင်၏ ကိုယ်ပိုင်အရောင်ဖြစ်ပြီး ကြည့်ရသူကို စွဲမက်စေသော တောက်ပမှုမျိုး ရှိသည်။

ထိုမျက်လုံးများက ဝေ့ဝူယင်ကို စိတ်ခံစားချက် အနည်းငယ်မျှ မပါဘဲ အေးစက်စွာ စိုက်ကြည့်နေသည်။

ဝေ့ဝူယင်က ဂရုမစိုက်ဟန်ဖြင့် ထပ်လောင်းပြောလိုက်သည်။

"မင်းကို ဒီအထိ ပွေ့ချီလာရတာ မလွယ်ဘူးဆိုတာ သိရဲ့လား... မင်းက ထိတွေ့ရတာ သိပ်ကို နူးညံ့လွန်းနေလို့လေ"

"..."

မွေးကင်းစ မိန်းမငယ်လေးမှာ မျက်တောင်ခတ်လိုက်သော်လည်း သူမ၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။

"ကောင်းပြီ... ကောင်းပြီ"

ဝေ့ဝူယင်သည် လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်ပြီး ကျေနပ်စွာ သက်ပြင်းချလိုက်သည်။

"ဒါဆို မင်းမှာ နာမည်ရှိလား"

"..."

တစ်ဖန် ပြန်လည် ဖြေကြားခြင်း မရှိပြန်ပေ။

"အိုး... ဒါဆို ပိုင်ယင်ထျန်းလို့ ခေါ်ရင်ကော ဘယ်လိုလဲ"

ဝေ့ဝူယင်၏ နာမည်ပေးစတိုင်မှာ အခြားသူများအတွက်ဆိုလျှင် အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။

"ဝေ့..."

သူမသည် မျက်တောင်ကို ဖြည်းညှင်းစွာ ခတ်လိုက်ပြီး ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ကာ စကားတစ်လုံးတည်းကို ပြောလိုက်သည်။ သူမ၏ အသံမှာ ဝပြောပြီး နားဝင်ချိုလှသလို ဝိညာဉ်ကို ထိုးဖောက်နိုင်စွမ်း ရှိသည်။ ၎င်းမှာ မွေးကင်းစကလေး တစ်ယောက်၏ အသံနှင့် မတူသလို သာမန်အမျိုးသမီး တစ်ယောက်၏ အသံနှင့်လည်း မတူပေ။ ဤသည်မှာ ပြည့်စုံသော တည်ရှိမှုတစ်ခုအဖြစ် သူမ ပထမဆုံး ပြောဆိုလိုက်သော စကားဖြစ်သည်။ ဝေ့ဝူယင်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။

"ဝေ့ယင်ထျန်းလား... မဆိုးပါဘူး... ဒါပေမဲ့ မင်းသိထားဖို့က ငါ့မျိုးနွယ်ရဲ့ နာမည်ကို ယူလိုက်ပြီဆိုတာနဲ့ မင်းရဲ့ ကံကြမ္မာက အပြီးတိုင် သတ်မှတ်ခံလိုက်ရပြီဆိုတာပဲ... ဒါ မင်းရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်လား"

ဝေ့ဝူယင်က မေးလိုက်သည်။ သူမအနေဖြင့် သူ၏ မျိုးရိုးနာမည်ကို ယူခြင်းမှာ သူမကိုယ်သူမ ဝေ့ဝူယင် ဆိုသော တည်ရှိမှုနှင့် ထာဝရ ချည်နှောင်လိုက်ခြင်း ဖြစ်သလို သူ၏ ရည်ရွယ်ချက်များကိုလည်း သဘောတူလိုက်ခြင်း ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်သည်။

"..."

မွေးကင်းစ မိန်းမငယ်လေးမှာ စကားဖြင့် ပြန်မဖြေဘဲ ဝေ့ဝူယင်ကိုသာ စိုက်ကြည့်နေသည်။ သူမ၏ အကြည့်ထဲတွင် တွန့်ဆုတ်မှု အနည်းငယ်မျှ မရှိပေ။ သူမသည် အခြားသော မွေးကင်းစများထက် ပိုမို အသိဉာဏ်ရှိပြီး လောကအကြောင်းအရာများကို နားလည်သဘောပေါက်နေသူ ဖြစ်သည်။

ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ ထို့နောက်... လက်ဖက်ရည်ခွက်ကို ဘေးရှိ စားပွဲပေါ်တွင် တင်လိုက်သည်။

"ဒါ မင်းရဲ့ ဆုံးဖြတ်ချက်ဆိုရင်တော့ ငါ ထပ်ပြီး မမေးတော့ဘူး"

သူ ဘာထပ်လုပ်နိုင်ဦးမည်နည်း။ ဤသည်မှာ သူ၏ ရည်မှန်းချက်နှင့် ကွက်တိကျနေပေသည်။ သူမကိုယ်သူမ သူ၏ လူအဖြစ် ကြေညာလိုက်ခြင်းနှင့် မခြားပေ။

"ဘာလို့... မလုပ်ခဲ့တာလဲ"

သူမက စတင် ပြောဆိုလိုက်သည်။ သူမ၏ သာယာလှသော အသံမှာ လေထုအတွင်း ပျံ့လွင့်သွားပြီး နားစည်ကို လှုံ့ဆော်ပေးနေသည်။ သူမ၏ အလွန်လှပသော မျက်ဝန်းတစ်စုံမှာမူ ရှားရှားပါးပါး တွန့်ဆုတ်မှုကို ပြသကာ အကြည့်လွှဲသွားခဲ့သည်။ ခဏအကြာမှ သူမသည် အေးစက်သော အမူအရာဖြင့် ဝေ့ဝူယင်ကို ပြန်လည် စိုက်ကြည့်လိုက်သည်။

"အဲ့ဒီတုန်းက ကျွန်မနဲ့ ဘာလို့ 'သံဝါသကျင့်စဉ်' ကို မကျင့်ခဲ့တာလဲ"

ဝေ့ဝူယင်သည် အချိန်မဆွဲဘဲ ပြုံးလိုက်၏။

"ငါက အသက်ရှည်ရှည် နေချင်သေးလို့လေ... ပြီးတော့ ငါ့ဘဝတစ်လျှောက်လုံး ကျင့်ကြံလာခဲ့တဲ့ မူဝါဒတွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ အလျှော့ပေးဖို့ ငါ ငြင်းဆန်တယ်..."

"..."

မိန်းမငယ်လေးမှာ သူ့ကို နာရီပေါင်းများစွာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။ သူမ၏ အကြည့်မှာ အလွန်ပင် စူးရှလှ၏။ သူမ၏ အတွေးများကို အပြင်လူတစ်ယောက်အနေဖြင့် ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သို့သော် ဝေ့ဝူယင်ကမူ ထိုအချက်ကို ဂရုမစိုက်ဘဲ သူမကို ငြိမ်သက်စွာသာ စောင့်ကြည့်နေခဲ့သည်။ တစ်ခါတစ်ရံတွင် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံသောက်လိုက်သေးသည်။

"ဝေ့ရှောင်ထျန်း..."

သူမက ရုတ်တရက် ပြောလိုက်သည်။

"ကျွန်မ အဲ့ဒီနာမည်ကို ကြိုက်တယ်"

"ရှောင် ဟုတ်လား..."

ဝေ့ဝူယင် ထိုနာမည်၏ အဓိပ္ပာယ်ကို စဉ်းစားကြည့်ရာ ကောင်းကင်ဘုံ၏ အလိုတော် အတိုင်း မွေးဖွားလာသော အမျိုးသမီးငယ်တစ်ဦးအတွက် အလွန်ပင် သင့်လျော်ကြောင်း တွေ့ရှိလိုက်သည်။ ထို့ပြင် ထိုနာမည်မှာ သူမကိုယ်တိုင် သီးခြားရပ်တည်နိုင်သည့် လွတ်လပ်မှုကိုလည်း ပေးစွမ်းနိုင်သည်။

"နာမည်ကောင်းပဲ"

ဝေ့ဝူယင်က အားရပါးရ ရယ်မောလိုက်တော့၏။

***

အပိုင်း(၁၉၈၀)

'သူ ဘယ်လို သိသွားတာလဲ'

ကောက်ရိုးမွေ့ရာပေါ်တွင် မတ်မတ်ထိုင်လျက်၊ ဤသီးခြားလောက၏ ဖန်တီးထားသော ကောင်းကင်စက်ဝန်းကြောင့် မှောင်မိုက်နေသည့် ညဉ့်ကောင်းကင်ယံကို ငြိမ်သက်စွာ စိုက်ကြည့်ရင်း ယနေ့မှ မွေးဖွားခဲ့သော မိန်းမငယ်လေးမှာ လက်တွေ့ဘဝအပေါ် သံသယဝင်နေမိသည်။ အထူးသဖြင့် သူမကို ယန်ဓာတ် ချို့တဲ့သည့် ဘေးဒုက္ခမှ ကယ်တင်ခဲ့သော ထိုသေမျိုး လူသားအပေါ် ဖြစ်သည်။ အကယ်၍ သူ၏ အချိန်ကိုက် ကူညီမှုသာ မရှိခဲ့ပါလျှင် သူမသည် ဆဲလ်အဆင့်နှင့် ဝိညာဉ်အဆင့်အထိ ပျက်စီးယိုယွင်းမှုကို ခံစားရမည်ဖြစ်ပြီး မွေးဖွားသည့် နေ့မှာပင် သေဆုံးခြင်းကို ကြုံတွေ့ရမည် ဖြစ်သည်။

စောစောက ခဏက ဆွေးနွေးမှုအတွင်း ထိုသေမျိုးလူသားက သူသည် ဆက်လက် အသက်ရှင်လိုသောကြောင့် သူမနှင့် သံဝါသကျင့်စဉ် မကျင့်ခဲ့ခြင်းဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ ၎င်းမှာ သိမ်မွေ့သော မှတ်ချက်တစ်ခု ဖြစ်သည်။ သို့သော် သူမသည် ကောင်းကင်ဘုံမှ ပေးသနားသော အသိဉာဏ်များနှင့်အတူ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မည့် ထူးခြားသော နည်းလမ်းမျိုးစုံကို လက်ခံရရှိထားသူဖြစ်သည်။ ထိုကာကွယ်ရေး နည်းလမ်းများထဲမှ တစ်ခုမှာ ဝိညာဉ်၊ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ကို အံ့ဩဖွယ်ရာ ပြောင်းပြန်လှန်နိုင်သော အတတ်ပညာ တစ်ခုပင်။

၎င်းကို 'ကောင်းကင်ဘုံ ပြောင်းပြန်လှန်ခြင်း အတတ်' ဟု ခေါ်ဆိုသည်။

၎င်း၏ အာနိသင်မှာ ရိုးရှင်းသော်လည်း ကောင်းကင်ဘုံကိုပင် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။ ၎င်းသည် အရာဝတ္တုတစ်ခု သို့မဟုတ် နယ်မြေတစ်ခု၏ အကြောင်းနှင့် အကျိုး ကို လိမ်ကျစ် ပြောင်းလဲပစ်နိုင်သည်။ အကယ်၍ သူမသည် သေခါနီးဖြစ်နေခြင်း၊ စွမ်းအင်အားလုံး ကုန်ခမ်းနေခြင်း သို့မဟုတ် သူမ၏ တိုက်ခိုက်ရေး စွမ်းရည်ကို ကျဆင်းစေသော ပြင်းထန်သည့် ဒဏ်ရာများ ရရှိထားခြင်းမျိုး ကြုံတွေ့ရပါက ဤအတတ်ပညာကို အသုံးပြုခြင်းဖြင့် ကောင်းကင်ဘုံ၏ လက်တွေ့ဘဝကို လိမ်ကျစ်လိုက်ကာ သူမ၏ ဘဝကို အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိစေမည် ဖြစ်သည်။ ကုန်ခမ်းသွားသော စွမ်းအင်များ အကုန်လုံး ပြန်လည် ပြည့်ဝလာမည်ဖြစ်ပြီး အားနည်းသွားမည့်အစား သူမ၏ စွမ်းအားကို မြှင့်တင်ပေးမည့် အံ့ဖွယ် ကောင်းချီးများကို ခံစားရမည်ဖြစ်သည်။

၎င်းမှာ ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုဖြင့် အကျိုးဆက် တစ်စုံတစ်ရာ မရှိဘဲ သေခြင်းနှင့် ရှင်ခြင်းကို ပြောင်းပြန်လှန်နိုင်သည့် တစ်ခုတည်းသော 'အစစ်အမှန် ရှင်ပြန်ထမြောက်ခြင်း' နည်းလမ်းလည်း ဖြစ်သည်။

ထိုသို့ ယုတ္တိကင်းမဲ့သော အစွမ်းမျိုးကို ရရှိရန်အတွက် သူမ၏ ကောင်းကင်ဘုံနှင့် သဘာဝအလျောက် ဆက်နွှယ်နေမှုကို စတေးရမည်ဖြစ်သော်လည်း ရလာဒ်မှာမူ အရာအားလုံးကို ဖျက်ဆီး လိမ်ကျစ်နိုင်သော ပြိုင်ဘက်ကင်း အင်အားပင် ဖြစ်သည်။

သူမ၏ တစ်သက်တာတွင် ၎င်းကို တစ်ကြိမ်သာ အသုံးပြုခွင့်ရှိပြီး 'ကောင်းကင်ဘုံ ဖယ်ခွာမှု' မှ အမှန်တကယ် မွေးဖွားလာသူများက ၎င်းကို အကြီးမားဆုံးသော လျှို့ဝှက်လက်နက်အဖြစ် သတ်မှတ်ကြသည်။ ပုံမှန်အားဖြင့် ကောင်းကင်ဘုံမှ အသစ်စက်စက် မွေးဖွားလာသူများသည် ကလေးဘဝတွင်ပင် အမြတ်ထုတ်ခြင်း ခံရလေ့ရှိပြီး ထိုအတတ်ပညာကို ကောင်းမွန်စွာ အသုံးပြုနိုင်လောက်အောင် ရင့်ကျက်သော ခန္ဓာကိုယ် မရှိကြပေ။

သူမကမူ ထိုသူများနှင့် မတူပေ။

သူမ၏ ခန္ဓာကိုယ်မှာ 'ယန်အမတေ'၊ 'ယန်အနှစ်သာရ' နှင့် 'ယန်စွမ်းအင်' များ ကုန်ခမ်းမှုကြောင့် ရက်ရက်စက်စက် အရှိန်မြှင့်တင်ခံခဲ့ရပြီး ယင်ဓာတ်သက်သက်သာ ကျန်ရှိတော့သည့် မပြည့်စုံသော တည်ရှိမှု ဖြစ်ခဲ့သည်။ သူမသည် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန်အတွက် ဤအစွမ်းကို အသုံးပြုရန် တွေးတောခဲ့သော်လည်း ရလာဒ်မှာ မလွဲမသွေ ပြောင်းပြန် ဖြစ်သွားမည် ဖြစ်သည်။ ဆိုလိုသည်မှာ ယင်ဓာတ်အားလုံး ကုန်ခမ်းသွားပြီး ယန်ဓာတ်သက်သက်သာ ကျန်ရှိတော့သည့် တူညီသော အခြေအနေမျိုးကိုသာ ရရှိမည်ဖြစ်သည်။

ထိုအစွမ်းမှာ လောကရှိ တည်ရှိမှုပေါင်းများစွာကို အံ့အားသင့်စေနိုင်လောက်သော အာနိသင်ရှိသော်လည်း ၎င်း၏ ပြောင်းပြန်အသုံးချမှုတွင် လိုသလို ပြောင်းလဲ၍မရသော အားနည်းချက်မှာ ယခုကဲ့သို့သော အခြေအနေမျိုးတွင် အဟန့်အတား ဖြစ်နေခဲ့သည်။

"ငါက အသက်ရှည်ရှည် နေချင်သေးလို့လေ..."

ဝေ့ဝူယင်၏ ရယ်မောသံနှင့် လေသံတို့မှာ သူ၏ ယောက်ျားဆန်သော ချောမောသည့် မျက်နှာသွင်ပြင်နှင့်အတူ သူမ၏ အတွေးထဲတွင် ပဲ့တင်ထပ်နေသည်။

သူမ ဒုက္ခနှင့် ကြုံတွေ့နေရစဉ်အတွင်း သူမသည် လက်ခံလိုစိတ် အနည်းငယ်နှင့်အတူ တွန့်ဆုတ်နေသော အကြည့်မျိုး ပြသခဲ့သည်။ ၎င်းမှာ သူမ၏ အပျိုစင်ဘဝ ခြိမ်းခြောက်ခံရမည် သို့မဟုတ် သူမ၏ ကောင်းကင်ဘုံနှင့် ဆက်နွှယ်မှုကို သူစိမ်းတစ်ယောက်က သိမ်းပိုက်သွားမည်ကို စိုးရိမ်ခြင်းကြောင့် မဟုတ်ပေ။ သူမသည် 'ကောင်းကင်ဘုံ ပြောင်းပြန်လှန်ခြင်း အတတ်' ကို အသုံးပြုရန် ဆုံးဖြတ်ချက် ချထားသောကြောင့် ဖြစ်သည်။

အကယ်၍ ဝေ့ဝူယင် ဖြစ်စေ၊ သခင်လေးရှန့် ဖြစ်စေ သူတို့၏ ယန်ရင်းမြစ်ကို အသုံးပြု၍ သူမ၏ 'မူလယင်' နှင့် ဆက်နွှယ်ကာ သူမ၏ ကောင်းကင်ဘုံဆိုင်ရာ သတင်းအချက်အလက်များနှင့် ဆက်နွှယ်မှုများကို စုပ်ယူရန် ကြိုးစားပြီး သူမ၏ ယန်ချို့တဲ့မှုကို 'ကုစား' ရန် ကြိုးပမ်းခဲ့မည်ဆိုလျှင်၊ ထိုအဆုံးအဖြတ်ပေးမည့် အခိုက်အတန့်တွင် သူမသည် အကြောင်းနှင့် အကျိုးကို လိမ်ကျစ် ပြောင်းလဲပစ်မည် ဖြစ်သည်။

ထိုသို့ ပြောင်းလဲလိုက်ပါက သူမသည် သူတို့ထံမှ အရာအားလုံးကို ပြန်လည် သိမ်းပိုက်လိုက်မည် ဖြစ်သည်။ သူတို့မှာမူ ယင်ချို့တဲ့မှု ဝေဒနာကို ခံစားရမည်ဖြစ်ပြီး သူမကမူ သူတို့ထံမှ အရာအားလုံးကို ရရှိမည်ဖြစ်သည်။ သူမ၏ အပျိုစင်ဘဝမှာလည်း 'မူလယန်' သည် 'မူလယင်' ကဲ့သို့ ပျက်စီးသွားခြင်း မရှိနိုင်သဖြင့် ထိခိုက်မှု ရှိမည်မဟုတ်ပေ။ သူမ၏ စိတ်ပိုင်းဆိုင်ရာတွင် အပျိုစင်ဘဝ ဆုံးရှုံးသွားသည်ဟု ထင်မှတ်ရသော်လည်း ခန္ဓာကိုယ်နှင့် ဝိညာဉ်ပိုင်းတွင်မူ သူမ၏ 'မူလယင်' မှာ အကောင်းတိုင်း ကျန်ရှိနေမည် ဖြစ်သည်။

ထိုမျှမက ဝေ့ဝူယင် သို့မဟုတ် သခင်လေးရှန့်တို့၏ ဝိညာဉ်တွင် ကပ်ငြိနေသော 'ဥပဒေသ' များ၊ 'ရည်ရွယ်ချက်' များ၊ သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများ အပါအဝင် အရည်အသွေးနှင့် သတင်းအချက်အလက် အားလုံးမှာလည်း သူမ၏ အပိုင် ဖြစ်လာခဲ့ပေလိမ့်မည်။

အားလုံးမှာ သူမ၏ အပိုင်သာ ဖြစ်ပေမည်။

'သူ ဒါကို သိနေခဲ့တာလား'

သူမ ကိုယ်တိုင် ပြန်လည် မေးခွန်းထုတ်နေမိသည်။ သူမ၏ ထိုစွမ်းရည်မှာ ကောင်းကင်ဘုံကပင် တားမြစ်ထားသော အရာဖြစ်ရာ မည်သူမျှ သိခွင့်မရှိသလို အခြားသူများကို ထုတ်ဖော်ပြောဆိုရန်လည်း မဖြစ်နိုင်ပေ။ ၎င်းမှာ ကြီးမားသော ကမ္မဆိုင်ရာ အကျိုးဆက်များကို သယ်ဆောင်ထားသည်။

သခင်လေးရှန့်၏ တိုက်တွန်းမှုများနှင့် အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြချက်များ ရှိနေလင့်ကစား ဝေ့ဝူယင်က လုံးဝခြားနားသော ချဉ်းကပ်ပုံမျိုးကို ရွေးချယ်ခဲ့ခြင်းမှာ သူမအတွက် အလွန်ပင် ထူးဆန်းနေသည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို စမ်းကြည့်မိသောအခါ အစားထိုး ထည့်သွင်းထားသော ယန်ရင်းမြစ်မှာ ထူးကဲသော ယန်စွမ်းအင်များဖြင့် ခုန်လှုပ်နေပြီး သူမ၏ ခန္ဓာကိုယ်ကို ခွန်အားပေးကာ သူမ၏ ယင်ဓာတ်ကို ကြွယ်ဝစေနေသည်ကို ခံစားလိုက်ရသည်။

သူမသည် ညကောင်းကင်ယံကို စိုက်ကြည့်ရင်း မျက်တောင်ခတ်လိုက်ရာ ဂလက်ဆီ သဏ္ဌာန် သူငယ်အိမ်များမှာ အတွေးနက်စွာဖြင့် လည်ပတ်နေကြသည်။

'ငါ့ကို ငတ်မွတ်နေတယ် ဟုတ်လား... ငါ ထင်တာတော့... ငါ တကယ် ငတ်မွတ်နေခဲ့တာပဲ...'

သူမ၏ ဘဝတွင် ပထမဦးဆုံးအကြိမ်အဖြစ် နှုတ်ခမ်းအစုံမှာ သဘာဝအလျောက် ပြုံးယောင်သန်းသွားခဲ့၏။ ထိုအလှမှာ လောကအနှံ့ရှိ သက်ရှိတို့၏ နှလုံးသားနှင့် ဝိညာဉ်များကို ဖမ်းစားနိုင်လောက်ပေသည်။ ၎င်းမှာ မွေးကင်းစကလေးတစ်ဦး၏ ပြည့်စုံလွန်းသော အပြုံးတစ်ခုပင် ဖြစ်သည်။

ဤလောကတွင် ကောင်းချီးခံများသာ အကျိုးဆက်မရှိဘဲ သိရှိခွင့်ရသော လျှို့ဝှက်ချက်အချို့ ရှိပေသည်။ နောင်တစ်ချိန်တွင် ဝေ့ဝူယင်သည် အကြောင်းအမျိုးမျိုးကြောင့် 'ကောင်းကင်ဘုံ ပြောင်းပြန်လှန်ခြင်း အတတ်' ဆိုင်ရာ အချက်အလက်များကို ရရှိနိုင်ကောင်း ရရှိနိုင်မည် ဖြစ်သော်လည်း ယနေ့တွင်မူ သူသည် ၎င်း၏ တည်ရှိမှုကို အစအနမျှပင် မသိရှိသေးပေ။ သူမ၏ ထိုစွမ်းရည်အပေါ် သူသည် အမှောင်ကျနေဆဲ ဖြစ်သည်။

သူသည် ဤကဲ့သို့ ကံကြမ္မာကို ပြောင်းပြန်လှန်နိုင်သော 'ဖြတ်လမ်းနည်း' ကို မသိရှိသော်လည်း 'အပြစ်သား ထုံးတမ်း' စတင်နေပြီဖြစ်ကြောင်းကိုမူ နက်နက်ရှိုင်းရှိုင်း သိရှိထားသည်။ ဝေ့ဝူယင်၏ စိတ်ထဲတွင် အကယ်၍ သူသာ အဆုံးစွန်သော မာနတရားကို လက်ကိုင်ထားပြီး ကောင်းကင်တံတိုင်းကို ရင်ဆိုင်ရန် ရွေးချယ်ခဲ့ပါက ထိုနေ့သည် သူ၏ သေနေ့သာ ဖြစ်ပေလိမ့်မည်။ တစ်ဖက်တွင်လည်း သူသည် ပိုင်လင်းကို မကယ်တင်ခဲ့ဘဲ မိမိ၏ အသက်ကို ကယ်ရန် ကြိုးစားရင်း အသက်ကုန် လောင်ကျွမ်းခဲ့သော မိမိ၏ လက်တွဲဖော်ကို တစ်ပါးသူ၏ အနိုင်ကျင့်မှုအောက်တွင် အသေခံခိုင်းလိုက်မည်ဆိုလျှင် သူသည် မာနတရား၏ အပြစ်တွင် ကျဆုံးသွားမည် ဖြစ်သည်။

ဤအသိတရားများကို အခြေခံ၍ 'အပြစ်သား ထုံးတမ်း’ နှစ်ခုကို တစ်ပြိုင်နက် ရင်ဆိုင်ရခြင်းဟူသော အလွန်ရှားပါးသည့် အခြေအနေတွင် ဝေ့ဝူယင်သည် တစ်စုံတစ်ခုကို တွက်ချက်လိုက်နိုင်သည်။ ၎င်းမှာ ဤအလှနတ်ဘုရားမလေးအပေါ် အစွန်းကုန်သော ကာမဇောကို မစဉ်းစားမဆင်ခြင်ဘဲ လွှတ်ပေးလိုက်ခြင်းမှာ ကျရှုံးခြင်း၏ အကြောင်းရင်းဖြစ်ပြီး မုချသေဆုံးခြင်းသို့ ဦးတည်သွားစေမည် ဖြစ်ကြောင်းပင်။

ကျော်ဖြတ်နိုင်မည့် အခြေအနေမှာ ဘာဖြစ်မည်နည်း။ ယခုအချိန်အထိ ဝေ့ဝူယင်ကိုယ်တိုင်ပင် အတိအကျ မသိသေးပေ။ ထိုအမျိုးသမီးငယ်ကို ရှင်သန်ရန် ကူညီပေးခြင်းလော။ သို့မဟုတ် ရမ္မက်ကို ငြင်းပယ်ခြင်းလော။ သို့မဟုတ် စိတ်ရင်းစေတနာအပေါ်တွင်သာ မူတည်သလော။

ဖြစ်နိုင်သည်က... သူ၏ အတွင်းစိတ်ရှိ ငတ်မွတ်မှုကို လမ်းကြောင်းပြောင်းကာ ခဏတာ ခံစားချက်အတွက် မဟုတ်ဘဲ၊ 'ကောင်းကင်ဘုံ ပြောင်းပြန်လှန်ခြင်း အတတ်' ကို အသုံးမပြုစေဘဲ သူမကို စည်းရုံးကာ တစ်သက်တာ အကျိုးကျေးဇူးဖြစ်စေမည့် 'ကောင်းကင်ဘုံ၏ အပိုင်းအစ' ကို ပိုင်ဆိုင်ရန် ကြိုးစားခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် သူပြောခဲ့သော စကားများမှာ သူမ၏ လျှို့ဝှက်အတတ်ပညာကို ရည်ရွယ်ခြင်း မဟုတ်ဘဲ သတ်မှတ်ထားသော အခြေအနေများ မပြည့်စုံဘဲ လုပ်ဆောင်ခြင်းသည် အစောတလျင် ကျရှုံးခြင်း ဖြစ်သည်ဟူသော သူ၏ ယုတ္တိဗေဒဆိုင်ရာ ကောက်ချက်သာ ဖြစ်သည်။ သူသာ ကျရှုံးခဲ့ပါက သူ၏ 'အပြစ်သား သွေူမျိုးဆက်' နှင့် ‘မူလ အပြစ်သားမျိုးစေ့ - ရမ္မက်' တို့မှာ ရုပ်သိမ်းခံရမည်ဖြစ်ပြီး ဖြစ်တည်မှု တစ်ခုလုံး ပျက်သုဉ်းသွားမည်ကို သိရှိထားသည်။ ဤသည်မှာ အနက်ရောင် အရိုးစု အရိပ်အမြွက် ပြောခဲ့သော အချက်လည်း ဖြစ်သည်။

ဝေ့ရှောင်ထျန်းသည် ယခုအခါ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ မတက်လှမ်းရသေးသော သေမျိုးအမျိုးသမီးတစ်ဦးသာ ဖြစ်သော်လည်း သူမ၏ ပါရမီမှာမူ အနှိုင်းမဲ့လှပေသည်။ ထို့ပြင် သူမသည် သူမ၏ ကိုယ်ပိုင် ရွေးချယ်မှုဖြင့် အခြားသူတစ်ဦးနှင့် ချည်နှောင်ထားသော ကံကြမ္မာဖြင့် မွေးဖွားလာခဲ့သည်။ ထာဝရ ကမ္မကြိုးတစ်စပင် ဖြစ်တော့သည်။

ဝေ့ဝူယင်သည် သူမ အတွက် ကိုယ်ပိုင် ကံကြမ္မာကို ဆုပ်ကိုင်ရန် အခွင့်အရေး ပေးခဲ့ပြီး သူမ၏ အနာဂတ်ကို သူမဘာသာ ရွေးချယ်ခိုင်းခဲ့သည်။ သူမကို မည်သည့် မတရားသော သဘောတူညီချက်မျိုးမှ မတောင်းဆိုခဲ့ဘဲ သူ၏ လမ်းစဉ်တွင် ကူညီရန် ကတိတစ်ခုသာ တောင်းခဲ့သည်။ သို့သော် သူမကိုယ်တိုင်ကပင် သူ၏ မျိုးရိုးနာမည်ကို ယူကာ တစ်ဆင့်တိုး လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ ကိုယ်ပိုင်ဆန္ဒဖြင့် ဝေ့ဝူယင် မမျှော်လင့်ထားသော်လည်း မျှော်လင့်ခဲ့မိသော အနာဂတ်လမ်းစဉ်ကို သူမ ရွေးချယ်ခဲ့သည်။

'ဝေ့ဝူယင်...'

***

All Chapters