အခန်း (၁၉၇၇-၁၉၇၈)
Vol. 142 Ch. 1977-1978
အပိုင်း(၁၉၇၇)
မှတ်ဉာဏ်ရေကန် ၄၉ ကန်စလုံး - အောင်မြင်သည်။
ဝေ့ဝူယင်သည် ဒိုင်မန်းရှင်း ဟင်းလင်းပြင်၏ အစွန်းတွင် ရပ်လိုက်၏။ ထိုအခါ မွဲပြာရောင် ကောင်းကင်နှင့်တူသော မှိုင်းညို့ညို့ ဟင်းလင်းပြင်ကြီးကိုသာ မြင်တွေ့ရသည်။ အဝေးတွင် တောက်ပနေသည့် အပြာရောင် အလင်းတန်းများ မရှိတော့သလို၊ ဆက်လျှောက်ရန် မြေပြင်လည်း မရှိတော့ချေ။ လောက၏ အဆုံးသတ်သို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ရုတ်ခြည်းပင် ကမ္ဘာကြီး ပြိုပျက်လာသည်ကို သူ ခံစားလိုက်ရ၏။ ဒိုင်မန်းရှင်း တစ်ခုလုံးမှာ ကျုံ့ဝင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စုစည်းဝင်ရောက်လာကာ သူ၏ ဘယ်ဘက်လက်မောင်းတွင် အသိသာဆုံး စုပြုံသွားခဲ့သည်။ ထို့နောက် သူသည် တဖြည်းဖြည်း သတိလွတ်လာတော့၏။ ဤသည်မှာ ကပ်ဘေးတစ်ခုလုံးကို သိမ်းပိုက်ခြင်း ဟူသည်က မည်သို့ရှိသည်ကို သူ ပထမဆုံးအကြိမ် ရှင်းလင်းစွာ ခံစားလိုက်ရခြင်းပင်
ဒိုင်မန်းရှင်းတစ်ခုလုံးကို သိမ်းပိုက်လိုက်ခြင်း...
အတောင်ပံပါသော ပုဂ္ဂိုလ်နှစ်ဦးမှာ မှတ်ဉာဏ်စွန့်လွှတ်ခြင်း ဒိုင်မန်းရှင်း တစ်ခုလုံးအား ဝေ့ဝူယင် သိမ်းပိုက်လိုက်သည်ကို အံ့ဩမှင်သက်စွာ ကြည့်နေမိကြသည်။
"သူက တကယ့်ကို မူမမှန်တဲ့ ဖြစ်တည်မှုပဲ"
သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်က အော်ဟစ်လိုက်၏။
"..."
ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်မှာ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ထိတ်လန့်သွားသည့်အမူအရာဖြင့် ကြည့်လိုက်သည်။
"နောင်တ နှလုံးသား ဒိုင်မန်းရှင်း... တကယ်လို့ သူက အဲဒီ ဒိုင်မန်းရှင်းတွေကိုလည်း ပြန်ပြီး စိန်ခေါ်နေတာဆိုရင်၊ နောက်တစ်ဆင့်က အဲဒီကို ရောက်မှာပဲ"
ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်မှာ အတောင်ပံများကို အစွမ်းကုန် ဖြန့်လိုက်သော်လည်း သူ ပျံသန်းမထွက်ခွာမီမှာပင် သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်က ရှေ့မှ ပိတ်ရပ်လိုက်သည်။
"အဲဒီ သေမျိုးက တခြား ဒိုင်မန်းရှင်း နှစ်ခုကိုလည်း အမွေခံ အပြစ်သားအဖြစ်နဲ့ သိမ်းပိုက်ပြီးသားပဲ... ငါတို့ အချိန်မီမှာ မဟုတ်တော့ဘူး..."
"..."
ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ် တောင့်တင်း အေးခဲသွားခဲ့၏။ ဝေ့ဝူယင်အနေဖြင့် အခြား ငရဲနှစ်ခုကို သာမန်အတိုင်း စိန်ခေါ်နေမည် မဟုတ်ကြောင်း သူ သိလိုက်သည်။ အမှန်စင်စစ် ဝင်ရောက်လိုက်ရုံနှင့်တင် အောင်မြင်စွာ သိမ်းပိုက်ပြီးသား ဖြစ်နေပေလိမ့်မည်။ သူတို့ဖြစ်စေ၊ အခြားသူဖြစ်စေ အချိန်မီ ရောက်နိုင်မည် မဟုတ်တော့ချေ။
"စတုတ္ထအဆင့်လား..."
ငွေရောင်အတောင်ပံနှင့် ပုဂ္ဂိုလ်က တိုးတိုးလေး မေးလိုက်၏။
"စတုတ္ထအဆင့်ပဲ"
သွေးရောင် အတောင်ပံနှင့် ပုဂ္ဂိုလ်က ခေါင်းညိတ်ပြသည်။ ထိုနှစ်ဦးသည် တာဝန်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးနောက် ငရဲ၏ စတုတ္ထမြောက် အဆင့်ဖြစ်သော ဆည်းဆာနီ ဒိုင်မန်းရှင်း ရှိရာသို့ အတူတကွ ထွက်ခွာသွားကြလေတော့သည်။
....
နောင်တ နှလုံးသား ဒိုင်မန်းရှင်း...
ဝေ့ဝူယင်သည် စက်လုံး တစ်ခုအတွင်’း ရောက်ရှိသွားသည်။ ပထမဆုံး စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုစက်လုံးမှာ ပြိုပျက်သွားပြီး သူ၏ ဘယ်ဘက်လက်မောင်းထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ ညာဘက်လက်မောင်းမှ ပြင်းထန်သော အောင်နိုင်ခြင်း အော်ရာများ ပေါက်ကွဲထွက်လာသည်ကို ခံစားလိုက်ရပြီးနောက် သူ နောက်တစ်ကြိမ် သတိလစ်သွားပြန်သည်။
...
ဝေဒနာ လမ်းသွယ် ဒိုင်မန်းရှင်း...
ဝေ့ဝူယင်၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်မှ မူလမီးလျှံများ ပင်ကိုယ်ဗီဇအတိုင်း ပေါက်ကွဲထွက်လာ၏။ ၎င်းတို့မှာ ဒိုင်မန်းရှင်း၏ အန္တရာယ်များမှ ကာကွယ်ပေးထားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်တွင်တော့... သူ၏ ညာဘက်လက်မောင်းမှ မေးခွန်းထုတ်စရာမလိုသော အာဏာစက် အော်ရာများ ထွက်ပေါ်လာပြီး ဒိုင်မန်းရှင်းကို ပြိုပျက်စေကာ ဘယ်ဘက်လက်မောင်းထဲသို့ စီးဝင်သွားစေတော့သည်။
...
ဝေ့ဝူယင်သည် ယခင်က ကျော်ဖြတ်ခဲ့သော ကပ်ဘေးများကို တစ်ခုပြီးတစ်ခု အဆက်မပြတ် ရင်ဆိုင်နေရခြင်း ဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူ အောင်နိုင်ခဲ့ပြီးသော ဤကပ်ဘေးများသည် သူ့ကို ထပ်မံ စမ်းသပ်နိုင်စွမ်း မရှိတော့ချေ။ အဆင့် တစ်ခုချင်းစီအား သိမ်းပိုက်ခြင်းသည် သူ့ကို အမွေခံ အပြစ်သားတစ်ဦးအဖြစ် ထူးခြားသော စွမ်းအားများ ပေးအပ်လိမ့်မည်ဟု ခံစားမိသည်။
အကယ်၍ သူ့ အနေဖြင့် အပြစ်သား သွေးမျိုးဆက် စွမ်းအား သို့မဟုတ် အပြစ်သား တက်တူးများကို တိုက်ရိုက် ထိန်းချုပ်နိုင်မည်ဆိုလျှင် အလွန်ကောင်းပေလိမ့်မည်။ ကံဆိုးစွာပင်.... သူသည် သေမျိုးအဆင့်တွင်သာ ရှိနေသေးပြီး သူတော်စင် အဆင့် သို့ မရောက်သေးသဖြင့် ထိုသို့ မလုပ်ဆောင်နိုင်သေးချေ။
အနည်းဆုံးတော့... အခုလောလောဆယ်အထိပေါ့။
မှန်ပေ၏။... အခုလောလောဆယ်အထိပါပင်။
...
ဝေ့ဝူယင်သည် ငရဲဘုံ၏ အညစ်အကြေးများ ကင်းစင်သည့် သဘာဝလေရူကို အဆုတ်အတွင်းသို့ ဝဝလင်လင် ရှူသွင်းလိုက်မိသည်။ ထိုအခါမှသာ သူသည် ဤလောကသို့ အမှန်တကယ် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နားလည်သဘောပေါက်ကာ ပင့်သက်ရှိုက်နိုင်တော့သည်။
သူ၏ ရင်ခွင်ထဲတွင်မူ အိပ်မောကျနေသော အလှနတ်ဘုရားမလေး တစ်ပါးရှိနေ၏။ သူမသည် ယခင်ကကဲ့သို့ ပန်းချီကားတစ်ချပ်နှယ် ပြီးပြည့်စုံလွန်းနေခြင်းမျိုး မဟုတ်တော့သော်လည်း စိတ်၊ ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့မှာမူ အပြစ်ပြောဖွယ်မရှိ ပြည့်စုံလျက်ရှိသည်။ ယင်-ယန် မမျှတမှုကြောင့် ဖြစ်ပေါ်ခဲ့သော ကမောက်ကမ ဖြစ်ရပ်များမှာလည်း အပြီးတိုင် ချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဝေ့ဝူယင် ကိုယ်တိုင် ထည့်သွင်းပေးခဲ့သော 'ယန်ရင်းမြစ်’ ကို ကိုယ်ပိုင်အဖြစ် လက်ခံရရှိထားပြီး ၎င်းနှင့် တစ်သားတည်း ကျလျက် အနားယူနေခြင်းဖြစ်သည်။ သို့သော် ဝေ့ဝူယင်၏ မျိုးရိုးဗီဇဆိုင်ရာ ထူးခြားချက်အချို့မှာမူ သူမနှင့် လိုက်လျောညီထွေဖြစ်စေရန် ပုံတူကူးယူ ပြောင်းလဲသွားခဲ့သည်။ မိန်းကလေး၏ ဆံနွယ်များသည် ဝေ့ဝူယင်ကဲ့သို့ပင် နက်မှောင်နေသော်လည်း နေရောင်အောက်တွင် ရွှေရောင်အလင်းတန်းများ ဖျတ်ခနဲ လက်ခနဲ ဖြစ်သွားတတ်ခြင်းကသာ ကွာခြားသည်။ သူမ၏ အလှတရားမှာ ကိုယ်ခန္ဓာမှသည် မျက်နှာသွင်ပြင်အထိ မိန်းမသားဆန်လွန်းလှပြီး ဝေ့ဝူယင်ကဲ့သို့ပင် ဤလောကတွင် ပြိုင်ဘက်ကင်းကာ နတ်ဘုရားဆန်လှပေသည်။
မိန်းကလေး၏ အလှမှာ နာ့ရှင်းရီထက် အနည်းငယ်မျှ မလျော့ပါးသလို၊ ကိုယ်လုံးကိုယ်ပေါက် အချိုးအစားတွင် ယွီစွန်းလီထက် အနည်းငယ်မျှသာ လျော့နည်းပေသည်။ ထိုသို့ လျော့နည်းသည်ဆိုသည်မှာလည်း အကြီးအသေး အတိုင်းအတာကိုသာ ဆိုလိုခြင်းဖြစ်ပြီး ကိုယ်ခန္ဓာ အချိုးအစား ပြေပြစ်ပုံ၊ တင်ပါးမှ ခါးအထိ မိန်းမသားဆန်သော အလှကို ပေါ်လွင်စေပုံနှင့် ရင်သား အနေအထားတို့မှာမူ "နတ်ဘုရားများ ထုဆစ်ထားလေသလား" ဟုပင် တင်စားထိုက်ပေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ကောင်းကင်ဘုံကပင် သူမ၏ ခန္ဓာကိုယ်ကို ထုဆစ်ပေးခဲ့ခြင်း ဖြစ်သလို ဝေ့ဝူယင်၏ ယန်ဓာတ် အနည်းငယ် ပြောင်းလဲသွားမှုကပင် သူမကို ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်စေခဲ့သည်။ ဝေ့ဝူယင်နှင့် သခင်လေးရှန့်တို့ မသိရှိခဲ့သည်မှာ ယင်ဓာတ်နှင့် ယန်ဓာတ် အခြေခံထားသော 'ကောင်းကင်ဘုံ အပိုင်းအစ' များသည် မူလက ပုံတူပွားများသာ ဖြစ်ကြပြီး ၎င်းတို့ မွေးဖွားရာ ဒေသအပေါ် မူတည်၍ စရိုက်လက္ခဏာ အနည်းငယ်မျှသာ ကွဲပြားကြခြင်း ဖြစ်သည်။
သို့သော် ယခု ဤ 'ကောင်းကင်ဘုံ အပိုင်းအစ' လေးမှာမူ မည်သူ့ကိုမျှ ပုံတူကူးထားခြင်း မဟုတ်တော့ဘဲ သူမကဲ့သို့သော အမျိုးအစားထဲတွင် ပထမဦးဆုံးသော တည်ရှိမှု ဖြစ်လာခဲ့ရာ ၎င်းကပင် သူမကို တုနှိုင်းမဲ့သော အရည်အသွေးကို ပိုင်ဆိုင်စေခဲ့သည်။
ဝေ့ဝူယင်သည် သူမကို ပွေ့ပိုက်ထားရင်း ပြီးပြည့်စုံလုနီးပါးဖြစ်သော ထိုနတ်ဘုရားမဆန်သည့် မျက်နှာလေးကို အတွေးနက်စွာ စိုက်ကြည့်နေမိသည်။ မည်သည့်ယောက်ျားမဆို တစ်ချက်ကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှား တက်ကြွသွားနိုင်သော်လည်း ဝေ့ဝူယင်၏ စိတ်အာရုံ နှစ်ခုလုံးမှာမူ သူမထံတွင် အနည်းငယ်မျှ ရှိမနေခဲ့ပေ။
[ညာဘက်လက်မောင်း]
ကမ္မကံ တန်ဖိုး... ၁၆၇,၈၂၄.၂
ပထမ ကပ်ဘေး ရှင်သန်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း ... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
သူ၏ ညာဘက်လက်မောင်းပေါ်ရှိ အပြစ်သားတက်တူးမှာ မကြာသေးမီက စိန်ခေါ်မှုများ ရှိခဲ့သော်လည်း ပြောင်းလဲခြင်း မရှိပေ။ သို့သော် သူ၏ ဘယ်ဘက်လက်မောင်းမှာမူ အပြောင်းအလဲများစွာ ဖြစ်ပေါ်နေသည်။ ပထမဆုံး ကပ်ဘေးသုံးခုကို တစ်ကြိမ်တည်းနှင့် ကျော်ဖြတ်နိုင်လိမ့်မည်ဟု သူကိုယ်တိုင်ပင် မထင်မှတ်ထားခဲ့မိပေ။
[ဘယ်ဘက်လက်မောင်း]
ကမ္မကံ ကံကောင်းခြင်း တန်ဖိုး: ၀ ၇၄,၇၄၀
ပထမ ကပ်ဘေး အောင်မြင်ခြင်း ... ၇/၇
ဒုတိယ ကပ်ဘေး အောင်မြင်ခြင်း ... ၁/၁
တတိယ ကပ်ဘေး အောင်မြင်ခြင်း... ၃/၃
စတုတ္ထ ကပ်ဘေး တားဆီးခြင်း... ၁ နှစ်
***
အပိုင်း(၁၉၇၈)
'၇၄,၇၄၀ လား... ဒါက ကပ်ဘေး သုံးခုလုံးကို သိမ်းပိုက်နိုင်ခဲ့လို့ ရလာတဲ့ စုစုပေါင်း ကမ္မကံ တန်ဖိုးပေါ့... စိတ်ဝင်စားစရာပဲ'
ဝေ့ဝူယင် တွေးတောလိုက်မိသည်။ သူသည် ယခင်ရရှိခဲ့သော ဆုလာဘ်များကို အခြေခံ၍ တွက်ချက်ကြည့်ရာ ပထမကပ်ဘေးအတွက် ၄,၉၀၀၊ ဒုတိယကပ်ဘေးအတွက် ၁၅,၆၀၀ နှင့် တတိယကပ်ဘေးအတွက် ၅၄,၂၄၀ ဖြစ်ကြောင်း ကောက်ချက်ချလိုက်သည်။
'နောက်ပြီး တက်တူး နှစ်ခုက တစ်သားတည်း ဖြစ်သွားတာပဲ... ဒီလို တစ်သားတည်း ဖြစ်သွားတာကြောင့် ငါ အရင်က ကြုံတွေ့ခဲ့ရတဲ့ ကပ်ဘေးတွေကို တစ်ပြိုင်နက်တည်း ပြန်ပြီး ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ရမယ်... အဲ့ဒီ နောက်ကွယ်က ယုတ္တိနဲ့ အခြေခံ သဘောတရားက ဘာဖြစ်မလဲ... ငရဲရဲ့ ကပ်ဘေးတွေက ငါ့ရဲ့ အစစ်အမှန် ဝိညာဉ်နဲ့ ဆက်နွှယ်နေလို့လား... ဒါမှမဟုတ် အပြစ်သား မျိုးရိုးကြောင့်လား... နောက်တစ်ခါဆိုရင်ရော ငါ ကပ်ဘေးတွေကို နှစ်ကြိမ် ရင်ဆိုင်ရမှာလား၊ ဒါမှမဟုတ် တစ်ကြိမ်တည်းနဲ့ ပြီးမှာလား... တကယ်လို့ ကပ်ဘေးတစ်ခုမှာ ရှုံးနိမ့်သွားခဲ့ရင်တောင်...'
ဝေ့ဝူယင်သည် မာန အပြစ်နှင့် ရမ္မက် အပြစ်တို့မှ ရရှိသော ‘မူလ အပြစ်သားမျိုးစေ့' နှစ်ခု ပိုင်ဆိုင်ထားခြင်း၏ ဖြစ်နိုင်ခြေများကို တွေးတောနေစဉ်တွင် တစ်စုံတစ်ယောက်က သူ့ကို စူးစိုက်ကြည့်နေသည့် ခံစားချက်ကို ရရှိလိုက်သည်။
မှန်ပေသည်။ သခင်လေးရှန့်က သူ့ကို မယုံကြည်နိုင်လောက်အောင် ငေးကြည့်နေခြင်းပင်။ ဝေ့ဝူယင်သည် 'ကောင်းကင်ဘုံ၏ အပိုင်းအစ' ကို ပွေ့ပိုက်ထားပြီး သူ၏ ယန်အော်ရာမှာလည်း (ယန်ရင်းမြစ်ကို ကိုယ်ခန္ဓာအတွင်းမှ အတင်းအဓမ္မ ထုတ်ယူကာ မိန်းကလေး၏ ခန္ဓာကိုယ် အတွင်း ထည့်သွင်းပေးခဲ့သော်လည်း) တည်ငြိမ်နေဆဲဖြစ်သည်။ ဝေ့ဝူယင်နှင့် ပတ်သက်ရလေလေ၊ ပုံမှန်မဟုတ်သော ထူးခြားဖြစ်စဉ်များကို ပို၍ တွေ့မြင်ရလေလေပင် ဖြစ်တော့သည်။
မိမိ၏ ယန်ရင်းမြစ်ကို မိမိဘာသာ အတင်းဆွဲထုတ်ရန် ဆုံးဖြတ်ခြင်းမှာ သာမန်စိတ်ရှိသူတို့ လုပ်ရက်နိုင်သည့် အလုပ်မဟုတ်ပေ။ ယောက်ျားတစ်ယောက်အတွက် မျိုးပွားအင်္ဂါကို ဖြတ်တောက်ခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းလှပြီး တစ်ကိုယ်လုံးရှိ အရေခွံများကို နွှာကာ ဆားနှင့် အက်စစ်တို့ဖြင့် လောင်းထည့်ခံရသလို၊ အာရုံကြောများ အကုန်လုံး ပွင့်ထွက်သွားသလို ခံစားရသည့် နာကျင်မှုမျိုးထက်ပင် မလျော့ပါးပေ။ ယန်ရင်းမြစ်သည် လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် အလွန်နက်နဲစွာ အမြစ်တွယ်နေသောကြောင့် ဖြစ်ကြောင်း သူ ဖတ်မှတ်ဖူးခဲ့သည်။
ထိုစဉ် ထို့ပိဟန်၏ မျက်လုံးများတွင်လည်း သတိတရား အလင်းရောင်များ ပြန်လည် ဝင်ရောက်လာခဲ့သည်။ သူ သတိပြန်ဝင်လာသောအခါ ဝေ့ဝူယင်က ဂလက်ဆီတစ်ခုလုံးကို တုန်ဟည်းစေနိုင်သော အလှပိုင်ရှင်လေးကို ပွေ့ပိုက်ထားသည်ကို တွေ့လိုက်ရသည်။ သို့သော် ယခင်ကကဲ့သို့ စိတ်ကို ညှို့ယူဖမ်းစားခြင်း မခံရတော့ဘဲ ထိုအမျိုးသမီးလေးမှာ မူလက 'ယင်ဓာတ်' စစ်စစ် အခြေအနေထက် သိသိသာသာ ပြောင်းလဲသွားသည်ကို သတိပြုမိသည်။
အကယ်၍ သူမ၏ ယခင်ပုံစံမှာ အမျိုးသမီးတို့၏ ပြည့်စုံခြင်း အထွတ်အထိပ်ဟု ဆိုပါက ယခုပုံစံမှာ သေမျိုး အလှတရား၏ အမြင့်ဆုံး အဆင့်အတန်းဟု ဆိုရပေမည်။ ထိုကွာခြားချက်ကို ဖော်ပြရန် ခက်ခဲလှသော်လည်း နှိုင်းယှဉ်၍လည်း မရနိုင်ပေ။ ထို့ပြင် သူမကို ကြည့်မိတိုင်း သူ၏ စိတ်နှလုံးထဲတွင် အမည်မဖော်နိုင်သော ရင်းနှီးကျွမ်းဝင်မှုနှင့် ခိုင်မာသော ကြည်ညိုလေးစားမှုတို့ လွှမ်းမိုးလာခဲ့သည်။ ထိုလေးစားမှုမှာ ဝေ့ဝူယင်အပေါ် ထားရှိသော လေးစားမှုထက်သာ အနည်းငယ် လျော့နည်းပေသည်။
ထို့ပိဟန် စကားတစ်လုံးမျှ မပြောဝံ့ပေ။ ဝေ့ဝူယင်က သူ၏ စိတ်အာရုံကို နှိုးဆွပေးကာ 'အာရုဏ်ဦး ပုံရိပ်ယောင် နည်းလမ်း' ကို အသုံးပြု၍ သူ့ကို သတိလစ်မေ့မြောစေခဲ့ကြောင်း သူ နားလည်လိုက်သည်။ ၎င်းမှာ သူ့ကို အန္တရာယ်ဖြစ်စေရန် မဟုတ်ဘဲ လိုအပ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ပေးလိုက်ခြင်းက သူ့အား တစ်သက်တာ စွဲလမ်းမှု ဝေဒနာမှ ကယ်တင်လိုက်ခြင်း ဖြစ်သည်ကိုမူ ထို့ပိဟန် မသိရှိခဲ့ပေ။
သေမျိုးတစ်ဦးအနေဖြင့် ဤလောကတွင် ဝိညာဉ်ကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်သည့် အရာများစွာရှိရာ ကောင်းကင်ဘုံ၏ အော်ရာနှင့်အတူ မွေးဖွားလာသော အစစ်အမှန် 'ယင်' တည်ရှိမှု၏ အလှတရားမှာ လူတစ်ယောက်၏ ဘဝတစ်ခုလုံးကိုပင် ပြောင်းလဲသွားစေနိုင်ပေသည်။
သခင်လေးရှန့်နှင့် ဝေ့ဝူယင်တို့ကဲ့သို့ ထူးခြားသော စိတ် အကာအကွယ် သို့မဟုတ် ပြင်းထန်သော စိတ်ခွန်အား ရှိသူများသာ ထိုဒဏ်မှ လွတ်ကင်းနိုင်သော်လည်း 'လျှို့ဝှက် အာဏာရှင်များ' ပင်လျှင် ထိုဝိညာဉ်ညှို့ယူသော စွဲလမ်းမှုမှ လွတ်မြောက်ရန် ခဲယဉ်းလှပေသည်။
ဝေ့ဝူယင်သည် မိန်းမငယ်လေး၏ အနေအထားကို ဂရုတစိုက် ပြုပြင်ပေးလိုက်၏။ သူမ၏ ဦးခေါင်းလေးမှာ သူ၏ ပုခုံးပေါ်တွင် သက်သောင့်သက်သာ မှီနွဲ့နေပြီး သူမ၏ ညင်သာလှသော ထွက်သက်ဝင်သက်မှာ စိတ်ဝိညာဉ်ကို လှုပ်ခတ်စေသော တေးသံသာနှယ် ထွက်ပေါ်နေသည်။ ထို့နောက် ဝေ့ဝူယင်၏ အကြည့်များမှာ ကောင်းကင်ဘုံ၏ ထူးခြားဖြစ်စဉ်များကြောင့် ပြောင်းလဲသွားခဲ့သော ရွှေရောင်ရေကန်ကြီးထံသို့ ရောက်ရှိသွားခဲ့၏။
" သံသယဖြစ်စရာမလိုဘူး... ဒါတွေက လျှို့ဝှက်ဝိညာဉ် ထုတ်ကုန်တွေ၊ ရတနာတွေထက် မနိမ့်ကျတဲ့ ရှားပါး ကောင်းကင်ဘုံ ရေစင်ပဲ..."
သခင်လေးရှန့်က ရွှေရောင်ရေကန်ကြီးကို ကြည့်ကာ အသံထွက် ပြောလိုက်သည်။ ၎င်းမှာ သဘာဝ ကောင်းကင်ဘုံ အော်ရာများစွာဖြင့် ကောင်းချီးပေးခြင်း ခံထားရသဖြင့် ဆေးဖော်စပ်ရာတွင်ဖြစ်စေ၊ ဥပဒေသများကို ကျင့်ကြံရာတွင်ဖြစ်စေ များစွာ အသုံးဝင်လှပေသည်။ ထို့ပြင် ၎င်းမှာ ယင်ဓာတ်နှင့် အလွန်အမင်း ကိုက်ညီနေသဖြင့် နာ့ရှင်းရီကဲ့သို့သော ယင်ကျင့်စဉ် ကျင့်ကြံသူများအတွက် အလွန် သင့်လျော်လှသည်။
"ငါ ဒါကို ကောင်းကင်ယင်ရွှေရည် လို့ ခေါ်မယ်"
ဝေ့ဝူယင်က ကြေညာလိုက်သည်။ ရုတ်ချည်းပင် ရေကန်တစ်ခုလုံး တုန်ခါသွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားရာ ထိုနေရာတွင် လောကနယ်မြေ၏ အမြုတေအထိ နက်ရှိုင်းသော တွင်းကြီးတစ်ခုသာ ကျန်ရစ်တော့သည်။ ဝေ့ဝူယင်က မြေပြင်ကို ညင်သာစွာ နင်းလိုက်သောအခါ သူ၏ 'မူလ အယ်ဖာ ကြယ်တာရာ စွမ်းအား' ဖြင့် ဖန်တီးထားသော မြေထုအသစ်များက ထိုတွင်းကြီးကို လျင်မြန်စွာ ပြန်လည် ပြည့်နှက်သွားစေသည်။ ဤနေရာမှာ ကျင့်ကြံရန်အတွက် ကောင်းချီးပေးထားသော မြေထုအဖြစ် ကျန်ရှိနေဦးမည် ဖြစ်သော်လည်း ယခုမူ 'ကြယ်တာရာ အမြုတေအဆင့်' ရှိ မြေဓာတ်ကျင့်ကြံသူများအတွက် ပို၍ သင့်လျော်သွားခဲ့ပြီ ဖြစ်သည်။
သခင်လေးရှန့်နှင့် ထို့ပိဟန်တို့မှာမူ ဤပြကွက်ကြောင့် အံ့အားသင့်မနေတော့ပေ။ ကြယ်တာရာ အမြုတေအဆင့်၏ နဝမအဆင့်ဖြစ်သော 'ကြယ်အမြုတေ အဆင့်' ရှိသူများအတွက် ဂြိုဟ်များကို ဖန်တီးရန်မှာ စွမ်းအင် အနည်းငယ် စိုက်ထုတ်ရုံမျှဖြင့် လွယ်ကူသော ကိစ္စဖြစ်ရာ ဤမျှ သေးငယ်သော တွင်းကြီးကို ပြန်လည် ဖို့ရန်မှာ မပြောပလောက်သော ကိစ္စသာ ဖြစ်သည်။
"မင်းတို့ နှစ်ယောက်လုံး ကောင်းကောင်း လုပ်နိုင်ခဲ့တယ်"
ဝေ့ဝူယင်က ထို့ပိဟန်နှင့် သခင်လေးရှန့်တို့ကို ပြောလိုက်သည်။ ထို့ပိဟန်မှာ အားတက်သရော ပြုံးလိုက်မိသည်။ ဤသည်မှာ ဝေ့ဝူယင်က သူ့ကို ထူးထူးခြားခြား ဆုလာဘ် ချီးမြှင့်တော့မည့် နိမိတ်ပင် ဖြစ်သည်။
'အာဏာရှင်များ' အားလုံးမှာ သူတို့၏ အဆင့်အတန်းနှင့် ရာထူးပေါ် မူတည်၍ သတ်မှတ်ထားသော စရိတ်များကို ရရှိကြသော်လည်း ဝေ့ဝူယင်ကို တိုက်ရိုက် အလုပ်အကျွေး ပြုရသူများ၊ 'မူလ အာဏာရှင်များ' နှင့် ‘ဗာကရီ’ များမှာမူ ပိုမိုမြင့်မားသော ခံစားခွင့်များကို ရရှိကြသည်။ သို့သော် ထိုခံစားခွင့်များမှာလည်း အောင်မြင်မှုနှင့် ပေးဆပ်မှုများအပေါ် မူတည်၍ ကွဲပြားကြသေးသည်။
'ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ' အတွင်းကဆိုလျှင် 'အာဏာရှင် အမှတ်’ တစ်ခုရရန် ပြင်းထန်သော တိုက်ပွဲများ ဆင်နွှဲခဲ့ကြရသည်။ သို့သော် အာဏာရှင် တစ်ယောက်စီတိုင်းကို ပေးအပ်ထားသော အနိမ့်ဆုံး အရင်းအမြစ်မှာပင် 'ရှေးဟောင်း ချိပ်ပိတ်နယ်မြေ' မှ ရွေးချယ်ခံများ မနာလိုဖြစ်ပြီး သေသွားနိုင်လောက်အောင် များပြားလှပေသည်။
"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
ထို့ပိဟန်က ဦးညွှတ်လိုက်သည်။ သူသည် 'ရှန့်ထိုလက်စွပ်' မှတစ်ဆင့် အချိန်မရွေး လဲလှယ်နိုင်သော 'အာဏာရှင် အမှတ်’ သုံးမှတ်ကို အပြည့်အဝ ရရှိခဲ့သည်။ ထိုဂုဏ်ထူးဆောင် အမှတ်များကို မိမိအတွက်သာမက အခြားသူများအတွက်လည်း အသုံးပြုနိုင်သဖြင့် ခေါင်းမာလှသော ကောင်မလေး ချင်းရိုင်အား ဘာပေးရမလဲဆိုသည်ကို သူ တွေးတောမနေတော့ပေ။
သခင်လေးရှန့်မှာမူ နှုတ်ဖြင့် ချီးမွမ်းခြင်းကိုသာ ရရှိခဲ့သော်လည်း သူသည် 'အာဏာရှင်များ' ကြားရှိ အမှတ်များ၏ အရေးပါပုံကို မသိရှိသေးပေ။
"ငါတို့ သွားကြစို့"
ဝေ့ဝူယင်က ကြေညာကာ အနီးနားရှိ မြို့တော်ဆီသို့ ဦးတည် လျှောက်လှမ်းလိုက်သည်။ ထို့ပိဟန်ကလည်း ဘာကန့်ကွက်မှုမှ မရှိဘဲ သူ့နောက်မှ နှစ်လှမ်းအကွာတွင် အတွေးပေါင်းစုံဖြင့် လိုက်ပါလာခဲ့သည်။
သခင်လေးရှန့်မှာမူ ဖြစ်ပျက်ခဲ့သမျှကို တွေးတောကာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ ဝေ့ဝူယင်သည် သူ၏ ကျင့်ကြံခြင်းလမ်းစဉ်တွင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်မည့် အဖိုးတန်ဆုံး အခွင့်အရေးကို ရရှိပါလျက်နှင့် မတွန်းလှန်နိုင်သော ထိုမြူဆွယ်မှုကို ငြင်းပယ်ရန် ဆုံးဖြတ်ခဲ့သည်။ ထို့ပြင် သူ၏ ရှေ့မှောက်တွင် ထိုကဲ့သို့ အဖိုးတန် ရတနာကြီး ရှိနေပါလျက်နှင့်၊ ၎င်းကို အခြားသူများ သိရှိသွားနိုင်သည့် အန္တရာယ် ရှိနေပါလျက်နှင့် သူ့ကိုလည်း ရန်မပြုခဲ့ပေ။ သခင်လေးရှန့်မှာ မည်သို့ တွေးတောရမှန်းပင် မသိတော့ပေ။
သူသည် သက်ပြင်းသဲ့သဲ့ ချလိုက်ရင်း သူ့ အမြင်များမှာ အလွန်ပင် ကျဉ်းမြောင်းလွန်းနေပြီဟု စတင် ခံစားမိလာသည်။ ဝေ့ဝူယင်၏ အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များမှာ သူနှင့် များစွာ ကွာခြားလွန်းလှပေသည်။ ထို့ကြောင့်လည်း သူသည် ကောင်းကင်ဘုံကို ဖီဆန်ပြီး ရိုးရာထုံးတမ်းများကို ဖြိုဖျက်နိုင်သော ပါရမီရှင်တစ်ဦး ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုသော်လည်း သခင်လေးရှန့်ကိုယ်တိုင်မှာလည်း ထူးချွန်ထက်မြက်သူတစ်ဦး မဟုတ်ဟုတော့ မဆိုလိုပေ။
ဝေ့ဝူယင်နှင့် ထို့ပိဟန်တို့မှာ သတိမထားမိလိုက်ဘဲ မီတာရာဂဏန်းခန့် အလှမ်းဝေးရာသို့ ရောက်ရှိနေပြီဖြစ်သည်။
"ကျွန်တော့်ကို စောင့်ကြပါဦးဗျ"
သခင်လေးရှန့်သည် သူ၏ အရက်ဘူးကို ကောက်သိမ်းကာ မျက်နှာတွင် အပြုံးတစ်ခုဖြင့် သူတို့နောက်သို့ အပြေးအလွှား လိုက်ပါသွားတော့သည်။
***