← Chapters

ခရိုင် ၁၃

Vol. 48 Ch. 711

ခရိုင် ၁၃

Vol. 48 Ch. 711

သူတို့ခြေဖဝါးအောက်ရှိ နက်ရှိုင်းလှသော ဖောင်ဒေးရှင်းကျင်းကြီးထဲမှ စူးရှသော အော်ဟစ်သံများ ထွက်ပေါ်နေသည်။ ဤနေရာသည် ခရိုင် ၁၃၏ စည်ပင်သာယာကောင်စီ အဆောက်အအုံသစ် ဆောက်လုပ်မည့်နေရာ ဖြစ်၏။ ဆောက်လုပ်ရေးလုပ်ငန်းများပင် မစတင်ရသေးသော်လည်း ထိုကြီးမားလှသော ကျင်းကြီးထဲတွင် ပုပ်ပွနေသော အလောင်းများ တောင်ပုံရာပုံ ဖြစ်နေပြီဖြစ်သည်။

ယင်ကောင်များ တဝီဝီမြည်နေပြီး လမ်းကြောင်း၏ တစ်ဖက်တွင်မူ အရှင်လတ်လတ် လူသားများကို ကျင်းထဲသို့ အဆက်မပြတ် တွန်းချနေကြသည်။ ထိုသူများ၏ ခန္ဓာကိုယ်များသည် မပြည့်စုံကြချေ။ သူတို့သည် ဤနေရာသို့ ရောက်မလာမီ ရက်စက်ကြမ်းကြုတ်သော နှိပ်စက်ညှင်းပန်းမှုများကို ခံစားခဲ့ရကြောင်း သိသာလှသည်။

ကျင်းကြီးနှင့် မျက်စောင်းထိုးရှိ ကပ်လျက်မိုးမျှော်အဆောက်အအုံကြီး၏ ဆယ့်သုံးထပ်မြောက်တွင်မူ ဘဲဥပုံ အစည်းအဝေးစားပွဲကြီးတစ်ခု ရှိနေပြီး ၎င်းပတ်လည်တွင် ဆယ့်သုံးလုံးသော ကုလားထိုင်များက အကွာအဝေးတူညီစွာ တည်ရှိနေကြသည်။

"အခုတော့ အတည်ပြုလို့ရပြီ၊ ဒီတစ်ခေါက် မြို့ထဲကို ဝင်လာတဲ့သူတွေက ခရီးသွားတွေမဟုတ်ဘူး၊ တခြားမြို့တစ်မြို့ကနေ ခိုးဝင်လာတဲ့သူတွေပဲ ဖြစ်ရမယ်"

ကုလားထိုင် တစ်လုံးစီတွင် လူတစ်ယောက်စီ ထိုင်နေကြသည်။သူတို့၏ ဝတ်စားဆင်ယင်ပုံနှင့် ရုပ်ရည်သွင်ပြင်များက မတူညီကြဘဲ ဒေသအသီးသီးမှ လာကြသူများဟု ထင်ရသည်။ သို့သော်လည်း သူတို့အားလုံးတွင် တူညီသော အချက်တစ်ခုရှိနေသည်။ သူတို့၏ ဘယ်ဘက်လက်များသည် အကျဉ်းသားများကဲ့သို့ သံသေတ္တာတစ်ခုနှင့်အတူ ခတ်ခံထားရသည်။ သို့မဟုတ် သူတို့သည် သူတို့၏ လွတ်လပ်ခွင့်နှင့် တစ်စုံတစ်ခုကို လဲလှယ်ရန် ဆန္ဒအလျောက် အကျဉ်းချခံထားသူများ ဖြစ်နိုင်ပေသည်။

"သတိပေးချက် ထုတ်ပြန်ခဲ့တာ အခုထိ တစ်ပတ်တောင် မပြည့်သေးဘူး၊ ကျုပ်တို့ရဲ့ ခရိုင် ၁၃ ၊ ခရိုင် ၁၊ ခရိုင် ၂ နဲ့ ခရိုင် ၄ ကလွဲလို့ ကျန်တဲ့ခရိုင်တွေအားလုံးမှာ ပဋိပက္ခတွေ အပြင်းအထန် ပေါက်ကွဲနေကြပြီ၊ ဒီအပြင်လူတွေက ပဋိပက္ခနဲ့ ရန်တိုက်ပေးတဲ့နေရာမှာ အတော်လေး ကျွမ်းကျင်ကြပုံပဲ၊ နေရာအနှံ့ ပြဿနာ လိုက်ရှာနေကြတယ်၊ သူတို့က တကယ့်အန္တရာယ်ကောင်တွေပဲ"

"သူတို့ကို အမြန်ဆုံး အပြတ်ရှင်းဖို့ လိုတယ်"

"သူတို့ကို ရှာတောင်မတွေ့တာ ဘယ်လိုလုပ် သတ်ရမှာလဲ၊ ကျုပ်တို့ ခရိုင် ၁၃ပဲ ဒါကို အလေးအနက် လုပ်နေတာ၊ တခြားခရိုင်တွေက သူ့တို့ကိစ္စပဲ ကြည့်နေကြတ၊ တချို့ဆိုရင် အဲ့ဒီလူတွေရဲ့ အထောက်အထားက သံသယဖြစ်စရာကောင်းမှန်း သိရက်နဲ့တောင် အပြင်လူတွေနဲ့ ပူးပေါင်းနေကြသေးတယ်"

"လုံလောက်တဲ့ အကျိုးအမြတ်မရှိရင် သူတို့ လှုပ်မှာမဟုတ်ဘူး"

"ဒီအမြင်ကျဉ်းတဲ့ကောင်တွေတော့… အပြင်လူတွေ ဘယ်လောက်ကြောက်ဖို့ကောင်းမှန်း သူတို့ မသိကြဘူးပဲ"

မှန်သားပြင်ကို ဖောက်ထွက်လာသော အော်ဟစ်သံများသည် အပြန်အလှန် ရောနှောနေပြီး မိုးမျှော်အဆောက်အအုံပေါ်မှပင် ခပ်တိုးတိုး ကြားနေရသည်။

"'တရားခံကို လွတ်ပေးလိုက်တာထက် အပြစ်မရှိသူကို မှားသတ်လိုက်တာက ပိုကောင်းတယ်' ဆိုတဲ့ စည်းမျဉ်းအရ ငါတို့သိတာကတော့ အခု အဖမ်းခံရသူတွေထဲမှာ အများစုက သာမန်ပြည်သူတွေပဲ ဖြစ်နေတာပဲ"

ကောင်စီစားပွဲမှ လူတစ်ယောက်က ခဏအကြာတွင် စကားဆိုလာသည်။

"အဲ့ဒီအပြင်လူတွေက တကယ်ကြီး အဲ့လောက်တောင် ကြောက်ဖို့ကောင်းလို့လား။ ဒီအတိုင်း ဆက်သွားနေရင် ကျုပ်တို့ကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်ကုန်တော့မယ်"

ဆယ့်သုံးထပ်မြောက် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွား၏။ အကြည့်အားလုံးက စကားပြောသူထံသို့ စုပြုံရောက်ရှိလာသည်။ နောက်ဆုံးတွင် စားပွဲ၏ အရှေ့ဆုံးမှလူက သူ့ဘောပင်ကို ချလိုက်သည်။ "ကျုပ်ရထားတဲ့ သတင်းအရဆိုရင် အခု ဒီအစည်းအဝေးခန်းထဲမှာတင် ကျုပ်တို့ရဲ့ ကိုယ်စားလှယ် ဆယ့်သုံးယောက်ထဲက တစ်ယောက်က အစားထိုးခံလိုက်ရပြီ"

အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။ သူတို့ကြားက နုနယ်လှသော ယုံကြည်မှုမှာ အလွယ်တကူပင် ပြိုကွဲသွားခဲ့ချေပြီ။

"အခုရော... သူတို့တွေ ကြောက်ဖို့မကောင်းဘူးလို့ ထင်နေတုန်းပဲလား"

ပါဝင်ပတ်သက်မိမှာ စိုးသောကြောင့် ဘယ်သူမှ ထပ်မပြောဝံ့ကြတော့ပေ။ အချို့က ဘောပင်ကိုင်၍ တစ်ခုခုရေးနေကြသည်။ အချို့က စားပွဲပေါ်မှ စာရွက်စာတမ်းများကို ဖတ်ရှုနေကြသည်။ အချို့ကတော့ အပြစ်ပေးခံရသည့် ပြည်သူများကို ငေးကြည့်နေကြလေသည်။ ကျားမခွဲခြားရခက်ပြီး လှပသော်လည်း ထူးဆန်းသည့် ရုပ်ရည်ရှိသော ကောင်စီဝင်တစ်ဦးမှာမူ သူ၏ ဘယ်ဘက်လက်ရှိ သံသေတ္တာကို စိုက်ကြည့်ရင်း သံကြိုးများကို လက်ချောင်းထိပ်ဖြင့် အသာအယာ ထိတွေ့နေမိသည်။

"ပထမဆုံးယဇ်ပလ္လင်က စုံစမ်းစစ်ဆေးရေးဌာနရဲ့ လက်ထဲမှာ ရှိရမယ်၊ ဒါမှ ငါတို့နဲ့ ခြောက်ခြားဂိမ်းကစားသမားတွေကြားမှာ အင်အားချင်း မျှခြေ ပြန်ဖြစ်လာလိမ့်မယ်"

...

ကောင်စီဝင် စီမေ၏ တိုက်တွန်းချက်ဖြင့် တည်ထောင်ထားသော ကရုဏာဖောင်ဒေးရှင်းဟူသည့် ပရဟိတအသင်းသည် ဂိုဏ်းပေါင်းစုံ ပြည့်နှက်နေသော ဤမြို့ကြီးတွင် ထူးခြားချက်တစ်ခုအဖြစ် တည်ရှိနေလေသည်။ နောင်တရခြင်း၊ ပေးဆပ်ခြင်းနှင့် တန်းတူညီမျှခြင်းတို့ကို အလေးထားသော ထိုဖောင်ဒေးရှင်းတွင် လက်နက်ကိုင်အင်အားစုများ မရှိဘဲ ငြိမ်းချမ်းစွာဆန္ဒပြခြင်းနှင့် လူနာများကို ကုသပေးခြင်းတို့ကိုသာ အဓိကလုပ်ဆောင်သည်။

၎င်း၏ အဓိက အဖွဲ့ဝင်များမှာ ဆေးပညာရှင်များ ဖြစ်ကြသည်။ သူတို့တွင် ဆေးကုသခွင့်လိုင်စင် မရှိကြသော်လည်း ရှေးရိုးကုထုံးများစွာ ရှိနေကြပြီး ဆေးဖိုးမတတ်နိုင်သော ဆင်းရဲသားများစွာသည် သူတို့ထံမှ အကူအညီတောင်းခံကြသည်။ အသက်ရှင်ကျန်ရစ်သူများမှာမူ "ရောဂါပျောက်ကင်း" သွားကြသည်ဟု ဆိုရမည်။

အားလပ်ရက်များတွင် ကရုဏာဖောင်ဒေးရှင်းသည် ဆန်ပြုတ်နှင့် နွေးထွေးသော အဝတ်အထည်များကို ဝေငှလေ့ရှိသည်။ ၎င်းမှာ ဟန်ပြသက်သက် ဖြစ်နိုင်သော်လည်း မြို့ကြီး၏ အဆိုးရွားဆုံးသော အခြေအနေတွင် ရှင်သန်နေရသူများအတွက်မူ ၎င်းသည် နောက်ဆုံးအလင်းတန်းတစ်ခုပင် ဖြစ်သည်။ သူတို့၏ ရည်ရွယ်ချက်က ဆိုးယုတ်နေလျှင်ပင် အနည်းဆုံးတော့ သူတို့သောက်ရသော ဆန်ပြုတ်သည် အစစ်အမှန်ဖြစ်ပြီး သူတို့ဝတ်ရသော အဝတ်အစားများက နွေးထွေးပေသည်။

ဂိုဏ်းများသည် ကရုဏာဖောင်ဒေးရှင်း၏ တည်ရှိမှုကို မျက်စိမှိတ် လွှတ်ထားပေးကြသည်။ မြို့တော်၏ ရပ်ကွက်အသီးသီးတွင် လှုပ်ရှားခွင့်ပေးထားသော်လည်း ၎င်းတို့၏ အင်အားကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပြီး ပေးကမ်းမှုကိုသာ ခွင့်ပြုထားကာ ပြန်လည်ရယူမှုကို လုံးဝ တားမြစ်ထားသည်။

ကောင်စီဝင် စီမေသည် ရက်စက်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူမသည် ဂိုဏ်းများ၏ ထောက်ခံမှုကို ရယူရန်နှင့် ကရုဏာဖောင်ဒေးရှင်း၏ လုပ်ငန်းများကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ရပ်ကွက်အသီးသီးတွင် သူမကိုယ်သူမ ထိခိုက်စေမည့် သက်သေများနှင့် အပြစ်များကို ချန်ထားခဲ့လေ့ရှိသည်။

အခြေခံအားဖြင့် စီမေသည် လီဆန်းစီကဲ့သို့ အကြွေးနွံနစ်နေသူဖြစ်ပြီး ဂိုဏ်းများကို အလွန်လှပသော အနာဂတ်အိပ်မက်များ ပေးထားကာ ကရုဏာဖောင်ဒေးရှင်းကို သူတို့ လုံးဝဝါးမြိုနိုင်လိမ့်မည်ဟု ယုံကြည်အောင် လုပ်ထားသည်။ ထို့နောက် သူမသည် ကရုဏာဖောင်ဒေးရှင်းကို အာမခံထား၍ ဂိုဏ်းပေါင်းစုံကို သူမ၏ အကြွေးရှင်များအဖြစ် ဖန်တီးထားခဲ့သည်။ ထို့ကြောင့် ဂိုဏ်းများသည် တစ်ဖွဲ့ကိုတစ်ဖွဲ့ ကြောက်ရွံ့နေကြရပြီး ဘယ်သူမှ လက်လွတ်စပယ် မလုပ်ရဲကြတော့ပေ။ အကယ်၍ ကရုဏာဖောင်ဒေးရှင်းကို ဖျက်ဆီးလိုက်ပါက သူတို့၏ ရင်းနှီးမြှုပ်နှံမှုအားလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

ထိုမျှအထိ လုပ်နိုင်ရန်အတွက် စီမေသည် သာမန်လူတော့ မဟုတ်ပေ။ သူမသည် အရာအားလုံးကို အသုံးချရန် အသင့်ရှိနေပြီး ကိုယ်ကျင့်တရားအောက်ခြေစည်းလည်း မရှိပေ။ ဤအမျိုးသမီးသည် လူတိုင်းထင်ထားသည်ထက် ပိုရူးသွပ်လှသည်။

"ခဏလောက် မိတ်ဆက်ပေးပါရစေ၊ ဒါကတော့ ခရိုင် ၃ က ကရုဏာဘုရားကျောင်းရဲ့ သင်းအုပ်ဆရာ လီဆန်းစီ ဖြစ်ပါတယ်၊ သူဟာ တစ်ချိန်က မရေမတွက်နိုင်အောင် မှောင်မိုက်လှတဲ့ အမှောင်ညတွေထဲမှာ ကြောက်ရွံ့မှုနဲ့ အမုန်းတရားတွေကြောင့် လမ်းပျောက်နေခဲ့သူ ဖြစ်ခဲ့ရပါတယ်၊ ဒါပေမယ့် တစ်နေ့မှာတော့ သူဟာ ကောင်စီဝင် စီမေနဲ့ တွေ့ဆုံခဲ့ပါတယ်၊ သူတို့ရဲ့ ခဏတာ စကားပြောဆိုမှုဟာ သူ့ဘဝရဲ့ အချိုးအကွေ့တစ်ခု ဖြစ်လာခဲ့ပါတယ်၊ သူ့နားတွေက အမှန်တရားကို ကြားခဲ့ရတယ်၊ သူဟာ အလင်းထဲမှာ မနေတော့ဘူး၊ ဆင်းရဲဒုက္ခကို မခံစားရတော့ဘူး၊ လမ်းပျောက်မှုကိုလည်း မခံစားရတော့ပါဘူး"

ကရုဏာဖောင်ဒေးရှင်း ဝန်ထမ်းများက လမ်းဖယ်ပေးလိုက်ကြသည်။ အနက်ရောင် သင်းအုပ်ဆရာ ဝတ်စုံကို ဝတ်ဆင်ထားသော ကောင်းမင်သည် ယာယီစင်မြင့်ပေါ်သို့ တက်ရောက်လာခဲ့သည်။

ခရိုင် ၃ ရှိ ကရုဏာဘုရားကျောင်းမှာ သေးငယ်သော်လည်း ဆင်းရဲသားရပ်ကွက်များနှင့် နီးကပ်နေသောကြောင့် စီမေ၏ နောက်လိုက်များက အလွန်ပင် များပြားလှသည်။သေးငယ်သော ဝတ်ပြုကျောင်းလေးသည် လူအုပ်ကြီးဖြင့် ဝိုင်းရံထားခြင်း ခံနေရသည်။

"ကျွန်တော်တို့မှာ အမည်းရောင်မျက်လုံးတွေ ရှိကြတယ်၊ အမှောင်ထုထဲမှာ နေထိုင်ကြတယ်၊ ပြီးတော့ အမှောင်ထဲမှာပဲ သေဆုံးသင့်ကြတယ်၊ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီမျက်လုံးတွေက အလင်းကို မြင်ခဲ့ရတယ်၊ ကောင်စီဝင် စီမေရဲ့ စကားလုံးတိုင်းဟာ ကျွန်တော့်ရဲ့ ကွဲအက်နေတဲ့ နှလုံးသားကို ထင်ဟပ်စေခဲ့တယ်၊ ကျွန်တော့်ရဲ့ အရုပ်ဆိုးမှုကို ပြသခဲ့တယ်၊ ပြီးတော့ ကျွန်တော့်ကို ဘဝသစ်တစ်ခု ပေးအပ်ခဲ့တယ်၊ အခုတော့ ကျွန်တော်ဟာ အဲ့ဒီအလင်းကို ဒီကို သယ်ဆောင်လာခဲ့ပါပြီ၊ ပိုများတဲ့ လူတွေ သူကို မြင်တွေ့ရပြီး သူ့ရဲ့ အလင်းရောင်ကို ရရှိကြဖို့ မျှော်လင့်ပါတယ်"

အိပ်မက်ယဇ်ပလ္လင်၏ အရှင်သခင်ဖြစ်သူ ကောင်းမင်သည် နားထောင်သူများကို တိတ်တဆိတ် လွှမ်းမိုးနိုင်သော ထူးဆန်းသည့်စည်းမျဉ်းများ ပါသည့် စကားလုံးများကို ဆိုလိုက်သည်။

စီမေသည် ယခုအခါ အလင်းရောင်ကို ကိုယ်စားပြုနေပြီဖြစ်သည်။ သို့သော် တစ်နေ့တွင် သူမ "ပျောက်ကွယ်" သွားခဲ့ပါလျှင်။

ယုံကြည်သူများ၏ သဒ္ဓါတရားက ကောင်းမင်အာား တစ်စုံတစ်ခု သတိပြုမိစေသည်။ လူတစ်ယောက်သည် ဘာမှမရှိလေလေ တစ်ခုခုကို ပိုပြီး တောင့်တလေလေပင်။ ဤမှောင်မိုက်နေသော မြို့ကြီးတွင် နေထိုင်သူများသည် အမှောင်ထု၏ စည်းမျဉ်းများကို ကျင့်သားရနေကြသော်လည်း သူတို့၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးတွင်မူ အလင်းရောင်ကို တောင့်တနေကြဆဲ ဖြစ်သည်။

"ဒါက ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ ကမ္ဘာကြီးပဲ၊ ကျွန်တော်က အဲ့ဒီအမှားတွေကို ပြင်ဆင်ဖို့ ကြိုးစားသွားမှာပါ"

ဤနောက်ဆုံးစာကြောင်းသည် ပြင်ဆင်ထားသည့် မိန့်ခွန်းထဲတွင် ပါဝင်ခြင်းမရှိသော်လည်း သူ့အသံမှာ ဆင်းရဲသား ယုံကြည်သူများထံမှ ပြင်းပြသော တုံ့ပြန်မှုများကို ရရှိခဲ့သည်။

စင်နောက်တွင်မူ သူနှင့်မတော်သည့် သင်းအုပ်ဆရာဝတ်စုံကို ဝတ်ဆင်ထားသော ကျားယိုကျစ်က သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်သည်။သူသည် ဟိန်းထွက်နေသော အသံကို နားထောင်နေခြင်းဖြစ်သည်။

"ကြောက်စရာကောင်းလိုက်တာ၊ ခရိုင် ၃ က အဲ့ဒီဂိုဏ်းတွေက ကရုဏာဖောင်ဒေးရှင်းကို ကန့်သတ်ထားတာ မှန်တယ်၊ သူတို့တွေက ဆင်းရဲသားရပ်ကွက်တွေထဲမှာ အသက်ရှင်ဖို့ ရုန်းကန်နေရတဲ့ ဒီသနားစရာကောင်းတဲ့ လူတွေကို မကောင်းဆိုးဝါးတွေအဖြစ် ပြောင်းလဲပစ်ကြလိမ့်မယ်"

All Chapters