သုံးရက်
Vol. 48 Ch. 712
ရက်အနည်းငယ် ကုန်လွန်သွားပြီးနောက် ကရုဏာဖောင်ဒေးရှင်း၏ ရုံးခန်းများကို အခြေချနိုင်ခဲ့ပြီး မူလကျောင်းဟောင်းကိုလည်း အသစ်ပြန်လည် ပြင်ဆင်မွမ်းမံခဲ့သည်။
လမ်းပျောက်နေသော ဝိညာဉ်တစ်ခုသည် ယုံကြည်မှုနှင့် ထိတွေ့ခွင့်ရသွားပါက မမျှော်မှန်းနိုင်သော စွမ်းအားများ ချက်ချင်း ထွက်ပေါ်လာတတ်စမြဲပင်။
"ဒါရိုက်တာလီ... ကျွန်မတို့ ဒီမှာ ဘယ်လောက်ကြာကြာ ဆက်နေရဦးမှာလဲ"
ဝူဝေသည် လိမ်ညာရခြင်းကို မကျွမ်းကျင်ပေ။ သူမသည် ကရုဏာဖောင်ဒေးရှင်း၏ လေထုနှင့် အသားမကျနိုင် ဖြစ်နေလေသည်။
"ဝူလေးရာ... အပြင်မှာ အခြေအနေတွေက ဖရိုဖရဲဖြစ်နေတာကွ၊ ငါတို့ ဒါရိုက်တာလီကို ကျေးဇူးတင်သင့်တယ်၊ သူက ဒီလိုပရမ်းပတာ ဖြစ်နေတဲ့ လောကကြီးထဲမှာ ငါတို့အတွက် ခိုလှုံရာတစ်ခု ရှာပေးထားတာပဲ"
ဝူဝေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ကျားယိုကျစ်ကတော့ သူကျွမ်းကျင်ရာ နယ်ပယ်ကို နောက်ဆုံး ရှာတွေ့သွားပုံရသည်။ သူသည် ကရုဏာဖောင်ဒေးရှင်းကို အလွန်သဘောကျနေလေ၏။ လူတိုင်းသည် အလွန်အမင်း ဟန်ဆောင်ကောင်းကြပြီး အမှန်တရားကို တစ်ခွန်းမှ မပြောကြပေ။ ကရုဏာကောင်စီဝင်ကို ချီးမွမ်းခြင်းနှင့် အလင်းရောင်အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုနေရုံနှင့်ပင် အကျိုးအမြတ်များစွာ ရရှိနေသည်။
"ကျွန်မလည်း အခုချိန်မှာ လျှောက်ပြေးမနေသင့်ဘူးလို့ ထင်တာပဲ"
မတော်တရော် သီလရှင်ဝတ်စုံကို ဝတ်ထားသော်လည်း တင်းရှန်းမှာ ထိုရိုးရှင်းသော အဝတ်အစားများဖြင့်ပင် ဆွဲဆောင်မှု ရှိနေဆဲဖြစ်သည်။သူမသည် ဤနေရာတွင် အကြွေးရှင်များ လိုက်ဖမ်းခံရမည်ကို စိုးရိမ်စရာမလိုပေ။ သို့သော်လည်း အားနည်းချက်မှာ လူနေမှုဘဝ နိမ့်ကျလွန်းခြင်း ဖြစ်သည်။
"အနည်းဆုံးတော့ ငါတို့ရဲ့ အကြွေးရှင်တွေ အကုန်လုံး သေသွားတဲ့အထိ စောင့်ပြီးမှ ထွက်သွားဖို့ စဉ်းစားသင့်တယ်"
ဝူဝေက သူမ၏ လုပ်ဖော်ကိုင်ဖက်များကို အားမကိုးတော့ဘဲ ကောင်းမင်၏ အဖြေကိုသာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
"အပြင်က အခြေအနေတွေ ဘယ်လိုရှိလဲ"
ကောင်းမင်နှင့် သူ့အဖွဲ့သားများ ကရုဏာဖောင်ဒေးရှင်းသို့ ရောက်ရှိလာခဲ့သည်မှာ သုံးရက်ရှိပြီဖြစ်သည်။ ခရိုင် ၃ တင်သာမက မြို့တစ်ခုလုံးသည် မမြင်ရသော အင်အားစုတစ်ခု၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိနေပြီး ပရမ်းပတာ ဖြစ်နေပုံရသည်။
"တိုက်ပွဲတွေက ပြင်းထန်နေတယ်၊ ဝမ်ရှန့်ဂိုဏ်းက လူအင်အားနဲ့ လက်နက် ပိုများသလို သူတို့လူတွေကလည်း တိုက်ခိုက်ရေးမှာ ပိုတော်ကြတော့ အစပိုင်းမှာ အသာစီးရခဲ့တယ်၊ ဒါပေမဲ့ ကျူးချွမ်းအဖွဲ့က ညဘက်မှာ ပိုအားစိုက်လာတယ်၊ သူတို့က လူနာတွေကို ဆေးတွေ ထိုးပေးပြီး မကောင်းဆိုးဝါးတွေ ဖန်တီးခဲ့ကြတယ်၊ ဝမ်ရှန့်ဂိုဏ်း နေ့ဘက်မှာ သိမ်းပိုက်နိုင်ခဲ့သမျှ နယ်မြေတွေကို ညဘက်ရောက်ရင် ပြန်ပေးနေရတယ်"
ဂိုဏ်း တိုက်ပွဲအကြောင်း ပြောပြနေစဉ် ဝူဝေ၏ မျက်နှာသည် စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး သူမကိုယ်တိုင် တိုက်ပွဲအလယ်ထဲ ရောက်နေသည့်အလားပင်။
"ဒါနဲ့ ဝမ်ရှန့်ဘက်က သတင်းအသစ်တစ်ခု ရထားသေးတယ်၊ ယွမ်ချင်းက မသေသေးဘူးတဲ့၊ ကျည်ဆန်က သူ့ဗိုက်ကို ထိသွားတာ၊ ဆရာဝန်က သူ့အူတွေထဲက ကျည်စ ၁၀ ခုကျော်ကို ထုတ်ပေးခဲ့ရတယ်တဲ့"
"ဒီလိပ်အိုကြီးက တော်တော် အသက်ပြင်းတာပဲ"
"ဝမ်ရှန့်က အသာစီးရနေပေမဲ့ ကျူးချွမ်းအဖွဲ့က ပိုယုတ်မာတယ်၊ သူတို့က မြို့တော်ရဲ့ အဓိကလမ်းမတွေကို အဆိပ်ခတ်ပြီး ဆေးဝါးထောက်ပံ့မှုတွေ ဖြတ်တောက်ထားတယ်၊ ဒီအတိုင်း ဆက်သွားနေရင် ဝမ်ရှန့်ဂိုဏ်းသား အများစုက ဆိုးယုတ်မှုကြောင့် စိတ်လွတ်သွားပြီး အသိဥာဏ်မရှိတဲ့ မကောင်းဆိုးဝါးတွေ ဖြစ်ကုန်ကြလိမ့်မယ်"
ကျားယိုကျစ်က ဝူဝေကို ဘေးသို့ တွန်းဖယ်လိုက်သည်။ ကောင်းမင်က အေးချမ်းလှသော သူ့ဘဝကို အဆုံးသတ်ပြီး မီးပုံထဲသို့ နောက်တစ်ကြိမ် ခုန်ဆင်းမည်ကို သူစိုးရိမ်နေသည်။
"ဒါရိုက်တာလီ... သူတို့တွေ ခွေးလို ကိုက်နေကြတာကို ဒီအတိုင်း ထိုင်ကြည့်နေရအောင်ပါ"
ကျူးချွမ်းအဖွဲ့နှင့် ဝမ်ရှန့်ဂိုဏ်းတို့သည် တစ်ဖက်နှင့်တစ်ဖက် လည်မြိုတက်နင်းရန် အသင့်ဖြစ်နေကြချေပြီ။ ယခုချိန် သွားပတ်သက်ပါက ဒုက္ခရောက်ရုံသာ ရှိသည်။ ညရဲတပ်ဖွဲ့ပင်လျှင် ဒီရက်ပိုင်းအတွင်း ငြိမ်သက်နေကြသည်။
"သူတို့ တိုက်ကြပါစေ၊ ငါတို့ကတော့ ငါတို့အင်အားကို တဖြည်းဖြည်း တည်ဆောက်ထားဖို့ လိုတယ်"
ကောင်းမင်က စီမေ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ်ကို ကောက်ကိုင်လိုက်သည်။
"ဒီလို အာဟာရချို့တဲ့ပြီး ပိန်လှီနေတဲ့ အိမ်ခြေရာမဲ့တွေကို အားကိုးမလို့လား"
ဝူဝေက ပန်းကန်အကွဲများ ကိုင်၍ ဆန်ပြုတ်စောင့်နေကြသော အိုမင်းမစွမ်းသူများနှင့် ဖျားနာနေသူများကို ညွှန်ပြလိုက်သည်။ ထို့နောက် တခြားတစ်ဖက်တွင် စီမေ၏ နာမည်ကို ရွတ်ဆိုနေကြသော အရူးယုံကြည်သူများကို ညွှန်ပြကာ
"ဒါမှမဟုတ် စကားပြောရုံပဲသိတဲ့ ဒီအရူးတွေကို အားကိုးမှာလား"
"တခြားလူတွေဆိုတာ နောက်ဆုံးကျရင် အားကိုးလို့ မရပါဘူး၊ ငါ သူတို့ကို ဘယ်တော့မှ အားမကိုးဘူး"
ကောင်းမင်က ခေါင်းခါလိုက်သည်။
"ဒါရိုက်တာလီ... ဝူဝေ ပြောတာတွေကို နားမယောင်ပါနဲ့"
ကျားယိုကျစ်က သူ့ကိုယ်သူ ကောင်းကောင်းသိသည်။
"ကျွန်တော်တို့က ပိုလို့တောင် အားကိုးလို့ မရသေးတယ်၊ ကျွန်တော်ကတော့ ဒီရက်ပိုင်းလေးမှာမှ အသက်ရှင်ရတဲ့ ပျော်စရာလေးနည်းနည်းကို ရှာတွေ့ထားတာပါဗျာ"
"မင်းတို့ကတော့ အတော်လေး အားကိုးလို့ ရပါသေးတယ်၊ အနည်းဆုံးတော့ ငါ့ရဲ့ နောက်ထပ် အစီအစဉ်အတွက် အကြံဉာဏ်တွေ အများကြီး ပေးထားတာပဲ"
ကောင်းမင်က စီမေ၏ အတ္ထုပ္ပတ္တိစာအုပ်ကို ပြန်ချလိုက်သည်။ ထိုစာအုပ်ထဲတွင် တားမြစ်ထားသော အကြောင်းအရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များစွာကို ဝှက်ထားပေသည်။
"ဘာလို့ တားမြစ်အကြောင်းအရာတွေကို ကြည့်နေတာလဲ"
တင်းရှန်းမှာ မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။
"ကျွန်မတို့ တားမြစ်ထားတဲ့ ရုပ်ရှင်တွေ ရိုက်ဖို့ မလိုတော့ဘူးလေ၊ ဒီလို စွန့်စားစရာ မလိုတော့ပါဘူး"
"စိတ်မပူပါနဲ့၊ ငါ တားမြစ်ထားတဲ့ ရုပ်ရှင်တွေ မရိုက်ပါဘူး၊ ကျူးချွမ်းအဖွဲ့က လူနာတွေကို လက်နက်အဖြစ် သုံးပြီး လူသတ်နိုင်ရင် ကန့်သတ်နယ်မြေတွေကိုရော အသုံးချလို့ မရဘူးလားလို့ စဉ်းစားနေတာ"
ကောင်းမင်က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ လီဆန်းစီ၏ မျက်နှာသည် မုတ်ဆိတ်ကျင်စွယ်များဖြင့် ကြမ်းတမ်းသည့် ပုံစံမျိုး ပေါက်နေလေသည်။
"ဒါရိုက်တာလီ... အစ်ကိုကြီး... ဘိုးဘေးကြီး... သတိထားပါဦး"
သင်းအုပ်ဆရာ ဝတ်စုံဝတ်ထားသော ကျားယိုကျစ်က ကောင်းမင်၏ ပုခုံးကို စိုးရိမ်တကြီးဖြင့် ဆွဲယမ်းတော့သည်။
"ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် နေရတာ ရက်ပိုင်းပဲ ရှိသေးတယ်လေ၊ ဘာလို့ ဒီလောက်တောင် အဆိုးမြင်နေရတာလဲ"
"ကျူးချွမ်းအဖွဲ့ရဲ့ ဆေးဝါးစက်ရုံဟောင်းက တားမြစ်နယ်မြေ ဖြစ်သွားပြီး သိပ်မကြာခင်ပဲ သူတို့က ဆေးအသစ်တစ်မျိုး အောင်အောင်မြင်မြင် ထုတ်နိုင်ပြီလို့ ကြေညာခဲ့တယ်၊ အဲ့ဒီဆေးရဲ့ အာနိသင်က အရင်ကထက် အများကြီး ပိုပြင်းတယ်၊ အဲ့ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှုတစ်ခုခု ရှိရမယ်" ကောင်းမင်သည် ဆေးဝါးများနှင့် ကန့်သတ်နယ်မြေများအကြောင်းကို လေ့လာနေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ကျီးကန်းနက်က သူ့သွေးကို ရရှိသွားပြီးနောက် ဆင်းရဲသားရပ်ကွက်ထဲတွင် အလုပ်ရုံတစ်ခု တည်ထောင်ပြီး ပထမဆုံး ဆေးအသုတ်ကို ထုတ်လုပ်ခဲ့သည်။ ထိုဆေး၏ အာနိသင်က ကျူးချွမ်းအဖွဲ့၏ ဆေးအသစ်နှင့် ဆင်တူသော်လည်း ပြဿနာကြီးတစ်ခု ရှိနေသည်။ ဆေးသောက်ရသည့် ဖြစ်စဉ်မှာ အလွန်နာကျင်လွန်းလှသည်။ ယင်းက သာမန်နာကျင်မှုမျိုး မဟုတ်ပေ။ အချို့ ဒေသခံများမှာ ဆေးသောက်ပြီးနောက် နာကျင်လွန်းသဖြင့် သေဆုံးသွားကြသည်။
ကျီးကန်းနက်ကတော့ ဆေးသောက်ပြီးနောက် ဘာပြဿနာမှ မရှိခဲ့ပေ။ အကြောင်းမှာ သူသည် ကောင်းမင်ကဲ့သို့ပင် အပြင်လောကမှ လာသူတစ်ဦး၏ ဝိညာဉ် ကပ်ငြိနေသောကြောင့် ဖြစ်ပေလိမ့်မည်။ သို့သော် မြို့ခံဒေသခံများမှာမူ ထိုသို့ မဟုတ်ကြပေ။
အကြောင်းရင်းကို သိရှိရန်နှင့် မြို့၏ဒေသခံများအတွက် သင့်တော်သော ဆေးဝါးကို ဖန်တီးရန် သူတို့သည် ကန့်သတ်နယ်မြေထဲသို့ စွန့်စားဝင်ရောက်ရပေလိမ့်မည်။
"ကျူးချွမ်းအဖွဲ့က ဘယ်လောက်တောင် ရင်းနှီးမြှုပ်နှံခဲ့ရသလဲ၊ ဒီဆေးအသစ်ကို ထုတ်ဖို့ လူဘယ်လောက်တောင် သေခဲ့ရသလဲ၊ ဒါရိုက်တာလီ... ကိုယ့်အရည်အချင်းကို ကိုယ်သိပါဦး၊ ရည်မှန်းချက်တွေ သိပ်မကြီးပါနဲ့"
ကျားယိုကျစ်က ကောင်းမင်၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။
"ခင်ဗျားမှာ ရည်မှန်းချက် ရှိတာ ကောင်းပါတယ်၊ ဒါပေမဲ့ အသက်ရှင်နေမှ အကောင်အထည်ဖော်လို့ ရမှာလေ"
"မင်းက ငါ့ကို သေမင်းဆီ သွားနေတယ်လို့ ထင်နေတာလား"
"ဒါက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ ဘာမှမခြားဘူးလေဗျာ ၊ ခြားနားတာတစ်ခုကတော့ ခင်ဗျား ဘယ်လို ဆိုးဆိုးဝါးဝါး သေရမလဲဆိုတာ မသိတာပဲ"
ကျားယိုကျစ်က ကောင်းမင်ကို တားဆီးရန် အခိုင်အမာဆုံးဖြတ်ထားသည်။ ဝူဝေကလည်း စတင်ဖျောင်းဖျလာသည်။ သူမသည် ဟန်ဆောင်ကောင်းသော ဤလေထုကို မကြိုက်၍ ထွက်ပြေးချင်ရုံသာ ဖြစ်သည်။ ကောင်းမင်တစ်ယောက် ငရဲပြည်သွားမည့် ရထားပေါ် ခုန်တက်ရန် ပြင်နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"မင်းတို့တွေ ဒီခဏတာ ချမ်းသာမှုအောက်မှာ မျက်စိကန်းနေကြပြီ ထင်တယ်"
ကောင်းမင်က ကျားယိုကျစ်နှင့် ဝူဝေတို့၏ ပုခုံးကို ဖက်လိုက်ပြီး သူ့ငယ်သားသုံးယောက်ကို ထောင့်တစ်နေရာသို့ ခေါ်သွားလိုက်သည်။ သူ့မျက်နှာပေါ်မှ တည်ငြိမ်မှုများ ပျောက်ကွယ်သွား၏။
"ငါ ကောင်စီဝင် စီမေရဲ့ ယုံကြည်မှုကို ဘယ်လိုရခဲ့သလဲဆိုတာ မင်းတို့ မသိချင်ဘူးလား၊ အမှန်အတိုင်း ပြောပြမယ်၊ ဝူဝေနဲ့ ငါ ကန့်သတ်နယ်မြေထဲ ရုပ်ရှင်သွားရိုက်တဲ့နေ့က တကယ်တော့ ငါတို့ အထဲကို မဝင်ခဲ့ဘူးကွ၊ ငါက အပြင်ဘက်ကနေ ညရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်စာအုပ်ကို ခိုးခဲ့တာပဲ"
ကောင်းမင်က ထိုသို့ပြောလိုက်သောအခါ ကျားယိုကျစ်မှာ သူ့နားများကို ပိတ်ထားချင်စိတ် ပေါက်သွားသည်။ ညရဲတပ်ဖွဲ့ရဲ့ ကျင့်ဝတ်စာအုပ်ကို ခိုးယူခြင်းသည် ညရဲအားလုံးနှင့် ရန်သူဖြစ်လာခြင်းပင်။ ဤသည်ကို သိသူတိုင်း ပါဝင်ပတ်သက်သူများ ဖြစ်ကုန်ပေလိမ့်မည်။ ယင်းက ကြီးမားသော ပြစ်မှုတစ်ခုပင်။
"အဲ့ဒီနေ့က ငါတို့ အသက်လုပြီး ပြေးနေရတာ၊ ကောင်စီဝင် စီမေက ကြင်နာတတ်တယ်လို့ သိထားတော့ သူ့ဆီမှာ ခိုလှုံဖို့ ကြိုးစားခဲ့တာပဲ၊ ဒါပေမဲ့ မထင်မှတ်ဘဲ သူ့ရဲ့ တခြားတစ်ဖက်ကို ငါ မြင်လိုက်ရတယ်၊ သူသတ်တာ မခံရအောင် ငါက ညရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်ကုဒ်တွေ သုံးပြီး ညရဲကိုယ်စားလှယ်အဖြစ် ဟန်ဆောင်ခဲ့ရတာပဲ"
ကောင်းမင်၏ စကားတစ်လုံးချင်းစီက သူ့လူများကို တုန်လှုပ်သွားစေသည်။
"ငါက ကောင်စီဝင် စီမေဆီမှာ ညရဲအဖြစ် ဟန်ဆောင်ထားသလို၊ ညရဲတွေ လာစစ်ရင်လည်း သူ့ရဲ့လူအဖြစ် ဟန်ဆောင်ထားတာ၊ ဒါပေမဲ့ ဒါက တစ်နေ့ကျရင် ပေါ်သွားမှာပဲ၊ အဲ့ဒီအခါကျရင် ဝမ်ရှန့်ဂိုဏ်း၊ ညရဲတပ်ဖွဲ့နဲ့ မြို့တော်ကောင်စီ သူတို့တွေအားလုံး ငါတို့ကို လိုက်ဖမ်းကြတော့မှာ"
ကောင်းမင်၏ စကားများကို ကြားပြီးနောက် သုံးယောက်လုံး သေချင်စိတ် ပေါက်သွားကြသည်။ အေးချမ်းတဲ့ ဘဝဆိုတာ မရှိပါပေ။ တစ်စုံတစ်ယောက်က သူတို့ရဲ့ အနာဂတ်နဲ့ အသက်တွေကို အပေါင်ဆုံးပြီး ရယူထားရုံသာ။
"ငါတို့ ဘယ်ဘက်ရဲ့ လက်ထဲကိုပဲ ရောက်ရောက် သေရတာတောင် တကယ့်ကို ကံကောင်းတယ်လို့ ဖြစ်လာလိမ့်မယ်၊ အခုထိ ငါ ကန့်သတ်နယ်မြေထဲ သွားတာက ကိုယ့်ကိုယ်ကိုယ် သတ်သေတာလို့ ထင်နေတုန်းပဲလား"