← Chapters

တားမြစ်နယ်မြေက ယဇ်ပလ္လင်ရဲ့ဒဏ်ရာတစ်ခုလား

Vol. 48 Ch. 719

တားမြစ်နယ်မြေက ယဇ်ပလ္လင်ရဲ့ဒဏ်ရာတစ်ခုလား

Vol. 48 Ch. 719

“အရင်က ငါလည်း ဆေးဝါးတွေကို ကိုင်တွယ်ဖူးတယ်၊ ဒါပေမဲ့ အခုလိုမျိုးတော့ တစ်ခါမှ မကြုံဖူးဘူး၊ ကြည့်ရတာ ယွီဟွေးရဲ့ ပင်မခန္ဓာကိုယ်မှာ ပြဿနာကြီးတစ်ခု ရှိနေပုံပဲ၊ အဲ့ဒါက အခုနောက်ဆုံးထုတ် ဆေးဝါးတွေအပေါ်မှာ သက်ရောက်မှုရှိနေတာ”

သူ့လက်ချောင်းထိပ်မှ ဒဏ်ရာသည် ကျက်သွားခြင်းမရှိသေးပေ။ ထိုသေးငယ်သော ပြတ်ရှရာလေးသည် ယွီဟွေး၏ နှလုံးသားနှင့် ဆက်သွယ်ထားသော ပြတင်းပေါက်တစ်ခုနှင့် တူပေသည်။ မှတ်ဉာဏ်များကို ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ အတင်းအကျပ် ခတ်နှိပ်ရန် ကြိုးစားနေသကဲ့သို့ ယွီဟွေး၏ သွေးနှင့်ကောင်းမင်၏ သွေးတို့သည် တစ်ခုကိုတစ်ခု ဝါးမြိုရန် ကြိုးစားနေကြသည်။

“ဒါရိုက်တာလီ... ကျွန်တော်တို့ နောက်ဆုတ်ကြမလား၊ ဒီနေရာက အရမ်းကြက်သီးထစရာ ကောင်းလွန်းတယ်”

“ဟုတ်တယ်... ဆေးဝါးစက်ရုံဆိုတာ ကျူးချွမ်းအဖွဲ့ရဲ့ အသည်းနှလုံးပဲလေ၊ အခုတော့ လူတစ်ယောက်မှ မရှိတော့ဘူး၊ အဲ့ဒီလူတွေ... အကုန် သေကုန်ကြပြီလား မသိဘူး”

ကျားယိုကျစ်နှင့် တင်းရှန်းတို့သည် ကောင်းမင်၏ ဘေးတစ်ဖက်တစ်ချက်တွင် ကပ်၍ ရပ်နေကြသည်။ တားမြစ်နယ်မြေ၏ အပြင်ဘက်တွင်မူ ကောင်းမင်မှာ သူတို့အတွက် ဒုက္ခပေးမည့်သူဟု ထင်မှတ်ခဲ့သော်လည်း တားမြစ်နယ်မြေအတွင်းသို့ ရောက်ရှိလာချိန်တွင်တော့ ကောင်းမင်သည်သာ သူတို့၏တစ်ဦးတည်းသော အားကိုးရာ ဖြစ်လာခဲ့သည်။ သူတို့နှစ်ဦးသည် အအေးဒဏ်ကို ကာကွယ်ရန်အတွက် ကောင်းမင်၏ လက်မောင်းကို ကပ်ထားသော လက်နွေးအိတ်များကဲ့သို့ ဘေးမှ ကပ်လိုက်နေကြလေသည်။

“ဒီမြို့ခံတွေအတွက်တော့ ယွီဟွေး(ဆေး) ဟာ တားမြစ်နယ်မြေတစ်ခု ဖြစ်သွားခဲ့ပြီ၊ ဒါပေမဲ့ အပြင်လူတွေအတွက်တော့ ဒီကလေထုက ပိုပြီး လတ်ဆတ်လွတ်လပ်သလို ခံစားရတယ်”

ကောင်းမင်က သူ့လက်ချောင်းထိပ်မှ စီးကျလာသော သွေးစက်များကို စိုက်ကြည့်လိုက်သည်။ ထိုသွေးစက်များသည် အသက်ရှိနေသကဲ့သို့ သူ့အား နေရာတစ်ခုသို့ လမ်းပြနေကြသည်။

“ငါ့နောက်က လိုက်ခဲ့”

ဆေးဝါးစက်ရုံ၏ ဂိတ်တံခါးကို တွန်းဖွင့်လိုက်သောအခါ မှိန်ပျပျမီးရောင်များ အနည်းငယ် လင်းလက်လာပြီး ညအမှောင်ထုကို ဖယ်ခွာသွားစေ၏။ သို့သော်လည်း ၎င်းက လူကို ပို၍ စိတ်မသက်မသာ ဖြစ်စေရုံသာ ပြုလုပ်နေသည်။

နေရာအနှံ့တွင် ဆေးဝါးများ ပြန့်ကျဲနေပြီး မြေပြင်ပေါ်၌ ရှုပ်ထွေးနေသော ခြေရာများ စတင် ပေါ်ပေါက်လာသည်။

“ခြေရာတွေအားလုံး စက်ရုံအပြင်ဘက်ကိုပဲ ဦးတည်နေကြတာ၊ သူတို့တွေ အသက်လုပြီး ပြေးခဲ့ကြတာ ထင်ရှားနေတယ်၊ အဖိုးတန်ဆုံး ဆေးဝါးတွေကိုတောင် ယူဖို့ မေ့ခဲ့ကြတာပဲ ကြည့်တော့၊ ကြည့်ရတာ သူတို့တွေ ကြောက်စရာကောင်းတဲ့ အရာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပုံရတယ်”

တင်းရှန်းသည် အလွန်အကဲခတ်တော်သော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် ကောင်းမင်၏ လက်မောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထား၏။ သူမ၏ လှပသော မျက်ဝန်းအစုံမှာလည်း ဝိုင်းစက်နေလျက် ရှိသည်။

“ဒါရိုက်တာလီ... စက်ရုံဝန်ထမ်းတွေတောင် အသက်လုပြေးသွားကြတာလေ၊ ကျွန်မတို့ ဒီအတိုင်းကြီး ဝင်သွားတာ တကယ်သင့်တော်ရဲ့လားဟင်”

“ဟုတ်တယ်... ကျွန်တော်တို့ ဒီလောက်အထိ လမ်းလျှောက်လာတာတောင် အလောင်းတစ်လောင်းမှ မတွေ့သေးဘူး၊ ဒါက နောက်ဆုံးမှာ အလုပ်သမားတွေ မလွတ်မြောက်ခဲ့ကြဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ ဒါက မျှော်လင့်ချက်မဲ့နေတဲ့ လမ်းဆုံးအခြေအနေပဲ”

ကျားယိုကျစ်မှာ အမှန်တကယ်ပင် ကြောက်လန့်နေခြင်းဖြစ်သည်။သူ့ ခန္ဓာကိုယ်သည် တုန်ခါစက်တစ်ခုကဲ့သို့ တဆတ်ဆတ် တုန်ယင်နေတော့သည်။

“ငါတို့ ဒီရောက်လာမှတော့ အထဲဝင်ကြည့်တာပေါ့”

“ဒါက အပျော်ခရီးထွက်တာ မဟုတ်ဘူးနော်၊ သတိထားပါဦး”

သူ့ လက်ချောင်းထိပ်များက ယားယံလာလေသည်။ ဒဏ်ရာအတွင်းရှိ သွေးစက်လေးများသည် ထိတ်လန့်တုန်လှုပ်နေသော ပိုးကောင်ငယ်လေးများကဲ့သို့ ရှေ့တိုးနောက်ငင် ဖြစ်နေကြသည်။

ကောင်းမင်သည် ယွီဟွေး၏ မှတ်ဉာဏ်များကို ဖတ်ရှုရင်း ဆေးဝါးထုတ်လုပ်ရေးစက်ရုံ၏ ထူထဲလှသော တံခါးကြီးကို တွန်းဖွင့်လိုက်သည်။

အသံချဲ့စက်မှ ဝန်ထမ်းလက်စွဲလမ်းညွှန်ကို အဆက်မပြတ် ထုတ်လွှင့်နေပြီး လေထုထဲတွင် ဆေးဝါးများ၏ စူးရှသော အနံ့အသက်များ ဖုံးလွှမ်းနေသည်။ နံရံပေါ်တွင် လှပသောအမျိုးသမီးတစ်ဦးကို ဆေးဝါးများ ထိုးသွင်းခြင်းနှင့် နှိပ်စက်ခံထားရသော ဓာတ်ပုံများကို အကာအကွယ်မရှိ ဗလာကျင်းစွာ ကပ်ထားသည်။ ထိုအမျိုးသမီး ခံစားခဲ့ရသော ဆင်းရဲဒုက္ခအားလုံးကို လူတိုင်းမြင်နိုင်စေရန် ဖော်ပြထားခြင်း ဖြစ်သည်။

ဝူဝေနှင့် တင်းရှန်းတို့သည် အမျိုးသမီးများ ဖြစ်ကြသဖြင့် ထိုပုံရိပ်များကို ဆက်မကြည့်နိုင်ကြတော့ပေ။ ပုံမှန်အားဖြင့် အကြင်နာမဲ့တတ်ကြသော ထိုနှစ်ဦးပင်လျှင် ထိုဓာတ်ပုံများကိုကြည့်ရင်း စိတ်နှလုံး နာကျင်ခဲ့ရသည်။

“သူ့မိသားစုဝင်တွေသာ ဒါကို မြင်ရင် ဘယ်လောက်တောင် နာကျင်ရမလဲဆိုတာ စဉ်းစားလို့တောင် မရဘူး”

ကောင်းမင်၏ လက်ချောင်းများသည် ဓာတ်ပုံအောက်ရှိ စာသားများကို လိုက်လံစမ်းသပ်ကြည့်နေသည်။ ဝက်ဝံနက်သည် အလုပ်သမား နံပါတ် ၀၃၁ အား ပေးအပ်သော ပြစ်ဒဏ်ကို အခြားသူများကို သတိပေးရန်အတွက် ဤနေရာ၌ လူသိရှင်ကြား ရေးသားထားခြင်း ဖြစ်သည်။ မည်သူပင်ဖြစ်စေ ဤနေရာ၌ အမိန့်ကို နာခံရမည် ဖြစ်သည်။

“ဒါရိုက်တာလီ... ဟိုဘက်ကို ကြည့်လိုက်ဦး”

ဝူဝေသည် သူမပါးစပ်ကို ပိတ်၍ ဆေးဝါးထုတ်လုပ်ရေး စက်ကိရိယာများ၏ နောက်သို့ ညွှန်ပြလိုက်သည်။ သူမ၏ ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် အေးခဲသွားသည်။

ဝူဝေ ညွှန်ပြရာသို့ ကြည့်လိုက်သောအခါ ကောင်းမင်၏ မျက်ခွံများ အနည်းငယ် လှုပ်ရှားသွားသည်။ မြို့ကြီးသည် အပြင်ပန်းအားဖြင့် ‘ပုံမှန်’ အတိုင်း တည်ရှိနေပြီး သရဲပုံပြင်များ သို့မဟုတ် မူမမှန်ဖြစ်ရပ်များ ကင်းစင်နေသကဲ့သို့ ရှိသည်။ သို့သော်လည်း ဆေးဝါးစက်ရုံအတွင်း၌မူ သွေးပျက်ဖွယ်ရာ မြင်ကွင်းတစ်ခုမှာ ပြန့်ကျဲလျက် ရှိနေသည်။

စက်ပစ္စည်းများ၏ နောက်ကွယ်တွင် ကြောက်မက်ဖွယ် ဆိုးယုတ်မှုများ ပြင်းထန်စွာ ပေါက်ကွဲနေသည့် လူနာများမှာ အုံခဲနေကြသည်။ သူတို့သည် စက်ရုံဝန်ထမ်းများ မဟုတ်ကြဘဲ ကျူးချွမ်းအဖွဲ့၏ လူသားစမ်းသပ်မှုတွင် အသုံးချခံထားရသော လူနာများသာ ဖြစ်သည်။ ယခုအခါ ၎င်းတို့သည် ပြွန်ပိုက်မျိုးစုံဖြင့် ချိတ်ဆက်ခံထားရပြီး ဆေးအိတ်များဖြင့် ချည်နှောင်ခံထားရသည်။ ထိုဆေးအိတ်များထဲမှ ပျစ်ခဲနေသော သွေးရောင်ဆေးရည်များကို ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် ထိုးသွင်းလျက်ရှိနေသည်။

ယွီဟွေး တားမြစ်နယ်မြေအဖြစ် မပြောင်းလဲမီက ထိုဆေးများကို ဆိုးယုတ်မှုများ နှိမ်နင်းရန် အသုံးပြုနိုင်ခဲ့သော်လည်း ယွီဟွေးမှာ ထိန်းချုပ်မှု လွတ်သွားပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းသမျှ ဆေးဝါးအားလုံးသည် အဆိပ်အတောက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

“Fuck! လူနာတွေ အများကြီးပဲ… ဒါရိုက်တာလီ... သွားကြစို့”

ကျားယိုကျစ်၏ သက်တမ်းတစ်လျှောက်တွင် ယခု မြင်တွေ့နေရသော လူနာအရေအတွက်သည် သူ့ဘဝတစ်ဝက်စာ တွေ့ခဲ့ရသမျှလူများထက်ပင် ပိုမိုများပြားနေတော့သည်။

“မကြောက်နဲ့၊ ကျူးချွမ်းအဖွဲ့ရဲ့ လူသားစမ်းသပ်မှုမှာ အသုံးချခံခဲ့ရတဲ့ သားကောင်တွေ အခုထိ အသက်ရှင်နေသေးတယ်ဆိုတာက ဒီတားမြစ်နယ်မြေဟာ လူတိုင်းကို ရမ်းသန်းသတ်ဖြတ်နေတာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ၊ သူက တရားခံအစစ်က ဘယ်သူလဲဆိုတာကို ခွဲခြားနိုင်ပုံရတယ်”

ကောင်းမင်တွင် ထူးခြားသော အရည်အချင်းတစ်ခု ရှိသည်။ သူသည် အမြဲတမ်းလိုလို မျှော်လင့်ချက်မဲ့နေသော အခြေအနေများထဲမှ မျှော်လင့်ချက်ကို ရှာဖွေတွေ့ရှိတတ်ခြင်းဖြစ်သည်။

လူနာများ များပြားလွန်းလှသဖြင့် ကောင်းမင်ပင် အနားသို့ မကပ်ရဲပေ။ ထိုလူနာများမှာ ညရဲစခန်းမှ ခွေးအိုကြီးများလောက် ယုတ်မာသည့်စိတ် မရှိကြသော်လည်း ၎င်းတို့အားလုံးသာ စုပြုံတိုက်ခိုက်လာပါက လွတ်မြောက်ရန် လမ်းစရှိတော့မည် မဟုတ်ပေ။

“သူတို့တွေက စိတ်ဓာတ်တွေ ပျက်စီးကုန်ကြပြီ၊ သူတို့ရဲ့ အတွင်းစိတ်ဆန္ဒတွေအတိုင်းပဲ လုပ်ဆောင်နေကြတာ၊ အဲ့ဒါကြောင့်လည်း သူတို့က အဲ့ဒီဆေးတွေကို အငမ်းမရ ရှူသွင်းနေပြီး ထိုးသွင်းနေကြတာ၊ တားမြစ်နယ်မြေကလည်း သူတို့ကို နှောင့်ယှက်ချင်ပုံမရဘူး”

ကောင်းမင်တွင် ထွက်သွားရန် ဆန္ဒမရှိချေ။

“ဒါရိုက်တာလီ... ခင်ဗျား ရုပ်ရှင်တွေ အရမ်းရိုက်လွန်းလို့ စိတ်ရှုပ်ထွေးနေတာလား၊ ဘာလို့ တားမြစ်နယ်မြေကို လူသားတစ်ယောက်လို ဆက်ဆံနေရတာလဲ၊ အဲ့ဒီအရာက လူတွေကို စိတ်ကြိုက်သတ်နေတာဗျ၊ ဘယ်လောက်အသက်တွေများများ သူကျေနပ်မှာ မဟုတ်ဘူး”

ကျားယိုကျစ်သည် ကောင်းမင် တစ်စုံတစ်ခုပြုလုပ်ရန် ကြိုးစားနေသည်ကို သတိပြုမိသွားသည်။ ကောင်းမင် ဘာလုပ်မည်မှန်း သူမသိသော်လည်း ထိုအရာက ကောင်းသောကိစ္စ မဟုတ်သည်မှာ သေချာလှသည်။

“ငါဘာလုပ်နေတယ်ဆိုတာ ငါသိပါတယ်”

ကောင်းမင်က လက်ဝေ့ယမ်းပြလိုက်ပြီး လူတိုင်းကို စက်ရုံအပြင်သို့ ခေါ်ဆောင်လာခဲ့သည်။ လူတိုင်း စိတ်သက်သာရာ ရသွားကြစဉ်မှာပင် သူသည် သွေးစက်များ၏ ဆင့်ခေါ်သံ အပြင်းထန်ဆုံးဖြစ်သည့် ဝန်ထမ်းအဆောက်အဦးဆီသို့ ဦးတည်လိုက်ပြန်သည်။

ဆေးဝါးစက်ရုံနှင့် မတူသည်က ကောင်းမင်နှင့် အဖွဲ့သားများ ဝန်ထမ်းဆောင်နားသို့ နီးကပ်လာသည်နှင့်အမျှ သူတို့၏ ကိုယ်ပေါ်ရှိ အမွေးအမှင်များ ထောင်ထလာခြင်း ဖြစ်သည်။ သူတို့အား ချက်ချင်းထွက်ပြေးရန်အတွက် ဇီဝဗေဒဆိုင်ရာ ဗီဇစိတ်များက နှိုးဆော်လာကြသည်။

ဝန်ထမ်းအဆောက်အဦးခြံဝင်း၏ ဂိတ်တံခါးမှာ သော့ခတ်မထားပေ။ ညင်သာစွာ တွန်းဖွင့်လိုက်သောအခါ ကောင်းမင်သည် တားမြစ်နယ်မြေအတွင်းရှိ ပထမဆုံး အလောင်းကို တွေ့လိုက်ရသည်။

ယွီဟွေး၏ မှတ်ဉာဏ်များထဲတွင် ပါဝင်ခဲ့သော ဂိတ်စောင့်ဘိုးဘိုးလီသည် သံတံခါးတွင် ကြိုးဆွဲချကာ မိမိကိုယ်ကိုယ် အဆုံးစီရင်ထားခြင်း ဖြစ်သည်။ သူ၏ ရုပ်အလောင်းသည် နဂိုအတိုင်း မပျက်မယွင်းဘဲ ရှိနေခဲ့သည်။သူ့ မျက်နှာပေါ်တွင်လည်း အကြောက်တရားများ မရှိဘဲ စိတ်သက်သာရာ ရသွားသည့် အမူအရာသာ ရှိနေလေသည်။

ဘိုးဘိုးလီ၏ အလောင်းကို ဘေးသို့ တွန်းဖယ်လိုက်ပြီးနောက် ကောင်းမင်၏ ခြေလှမ်းများက နှေးကွေးသွား၏။ သူ့မျက်စိထဲတွင် အဆောင်၏ ပြင်ပပုံသဏ္ဌာန်မှာ ဝေဝါးလာပြီး မြို့ကြီး၏ ဟန်ဆောင်မျက်နှာဖုံးကို ခွာချလိုက်သကဲ့သို့ ၊ လူသားအရေပြားပေါ်တွင် သွေးစိမ်းရှင်ရှင် ထွက်နေသော ဒဏ်ရာတစ်ခု ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

ကောင်းမင်တို့အဖွဲ့ မတုံ့ပြန်နိုင်မီ သူတို့သည် အဆောက်အဦးတံခါးဝသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ လှေကားထစ်များ၏ တံခါးပေါက်သည် မတူညီသော ကမ္ဘာနှစ်ခုကို လမ်းဖွင့်ပေးထားသည့်အလား ထင်ရပေသည်။

တံခါးကို အသာအယာ တွန်းဖွင့်လိုက်သည်။ ကောင်းမင်သည် ရှုပ်ထွေးနေသော သစ်မြစ်များကို မြင်တွေ့လိုက်ရသည်။ ထိုအမြစ်များတွင် တီကောင်များကဲ့သို့ တွန့်လိမ်နေသော မရေမတွက်နိုင်သည့် ဆေးဝါးစက်ရုံဝန်ထမ်းများ၏ အလောင်းများကို အစုလိုက်အပြုံလိုက် ချိတ်ဆွဲထားလေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် အဆောက်အဦးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြန်သည်။ လှေကားထစ်များ၊ လက်ရန်းများနှင့် အခန်းများမှာ လက်တွေ့ကမ္ဘာနှင့် မခြားနားပေ။

ဤကဲ့သို့ လုံးဝကွဲပြားနေသော မြင်ကွင်းနှစ်ခုက သူတို့၏ မျက်စိရှေ့တွင် ခြောက်ခြားဖွယ်ရာ တလှည့်စီ ဖြစ်ပေါ်နေခဲ့သည်။ ကျားယိုကျစ်နှင့် တင်းရှန်းတို့မှာ ကြောက်လန့်လွန်းသဖြင့် မလှုပ်မယှက် ဖြစ်နေကြတော့သည်။ ကောင်းမင်တစ်ဦးတည်းသာလျှင် စဉ်းစားခန်းဝင်နေသော အမူအရာဖြင့် ရှိနေသည်။

“ဒါက တားမြစ်နယ်မြေရဲ့ ပုံစံအစစ်လား၊ ယွီဟွေးက အထဲမှာ ရှိနေတာလား”

ကောင်းမင်သည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သာမန်လှေကားထစ်များပေါ်သို့ တက်နင်းလိုက်သည်။ သို့သော် ကျားယိုကျစ်တို့၏ မျက်စိထဲတွင်မူ ကောင်းမင်သည် ပူးကပ်ခံထားရသည့်အလား တစ်စုံတစ်ခုကို စိုက်ကြည့်ရင်း လူသေဦးခေါင်းများကို နင်းလျှောက်နေသကဲ့သို့ မြင်နေရလေသည်။

“ဒါရိုက်တာလီ... မြန်မြန် ပြန်လာခဲ့”

ကောင်းမင်၏ အမြင်တွင် သူသည် လှေကားပေါ်သို့ တက်နေခြင်း ဖြစ်သည်။ သို့သော်လည်း အခြားတစ်ဖက်မှ ကြည့်မည်ဆိုပါက သူ့ခန္ဓာကိုယ်သည် လူသေကောင်များစွာ၏ ဝါးမြိုဖိသိပ်ခြင်းကို တဖြည်းဖြည်း ခံနေရပြီ ဖြစ်သည်။

All Chapters