← Chapters

အခန်း (၁၁၄၇-၁၁၄၈)

Vol. 67 Ch. 1147-1148

အခန်း (၁၁၄၇-၁၁၄၈)

Vol. 67 Ch. 1147-1148

အပိုင်း (၁၁၄၇)

အထူး စစ်သည်တော် ၁၀၀၀ သည် နှင်းလင်းယုန်များကို စီးနင်းပြီး အမြင့်ပေ ၃၀၀၀ ကျော်တွင် ပျံသန်း နေကြသည်။ ရာသီဥတု ကောင်းမွန်နေသည်။ ကီလိုမီတာ ထောင်ချီအတွင်း တိမ်တိုက် မရှိပေ။ ကောင်းကင် တိုက်ပွဲအတွက် အသင့်တော်ဆုံး နေရာ ဖြစ်သည်။

နုရှောင့်မြို့၏ စစ်သည် ၅၀၀၀၀ သည် အလွန် အားနည်းကြောင်း သူတို့ တွေ့မြင်လိုက်ရသည်။ လူ ၅၀၀၀၀ သာ ရှိသော်လည်း ၅ ကီလိုမီတာ ရှည်လျားသော ခံစစ်စည်း ဖွဲ့စည်းထားသည်။ ထူးဆန်းသော ပစ်ခတ်စင်များ ကိုလည်း သူတို့ တွေ့လိုက်ရသည်။ အလွန် အစွမ်းထက်သော လေးမြားကြီးများ (သို့မဟုတ်) အမြှောက်ကြီးများ ဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း မဟုတ်ပေ။ အဝေးကြီး ဖြစ်နေသောကြောင့် ပုံသဏ္ဍာန် အတိအကျ မမြင်ရသော်လည်း အမြှောက်နှင့် လေးမြားကြီး မဟုတ်ကြောင်း သေချာ၏။

ရွှီး... ရွှီး... ရွှီး... ရွှီး... ရွှီး...

ထို့နောက် နုရှောင့်မြို့ စခန်းမှ အမဲစက် ၁၀၀ ကျော် ထွက်ပေါ်လာပြီး နောက်ဘက်ရှိ ရင်အင်ပါယာ တပ်တော်ဆီသို့ ပျံသန်းသွားသည်ကို သူတို့ ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ အမြန်နှုန်းမှာ အံ့မခန်း ဖြစ်ပြီး နဂါးနောင်တ နီးပါး မြန်ဆန်သည်။

အချိန်အတော်ကြာမှ ကြောက်မက်ဖွယ် အသံလှိုင်းကို ကြားလိုက်ရသည်။ မီတာ သောင်းချီ ဝေးကွာနေ သော်လည်း လေထု တုန်ယင်နေ၏။

နှင်းလင်းယုန် ၁၀၀၀ သည် မငြိမ်မသက် ဖြစ်လာပြီး အော်ဟစ်နေ ကြသည်။ သူတို့ကို ငြိမ်သက်အောင် ထိန်းသိမ်းနေရသည်။

“အဲဒါ ဧရာမအမြောက်ဆံ ပစ်တဲ့အရာပဲ။ နေရာရှာပြီး အမြန်ဆုံး ထိုးဆင်း ဖျက်ဆီးပစ်။”

ကောင်းကင် တပ်တော် တပ်မှူးက အော်ဟစ်လိုက်၏။ “၁၅ မိနစ် အတွင်း တိုက်ပွဲ အဆုံးသတ်ရမယ်။ နုရှောင့်မြို့ရဲ့ အထူးလက်နက်ကို ဖျက်ဆီးပစ်။ ဒါက တော်ဝင်ချန်အင်ပါယာရဲ့ လျှို့ဝှက်လက်နက် ဖြစ်လောက်တယ်။ ဒါကို ဖျက်ဆီးလိုက်ရင် တော်ဝင်ချန်တပ်တော်ကို တစ်ဖက်သတ် သတ်ဖြတ်နိုင်ပြီ။”

အမှန်တကယ်တွင် ဤအထူးတပ်ဖွဲ့ ခေါင်းဆောင်သည် အရှင်ရင်ကွမ်း အတွေးလွန်နေသည်ဟု ထင်မြင်မိသည်။ အကြောက်ကြီးလွန်းနေသည်ဟု ထင်မိသည်။ စစ်သည် ၅ သိန်း သုံးစရာ မလိုအပ်ချေ။ နှင်းလင်းယုန် စီးနင်းထားတဲ့ အထူး စစ်သည်တော် ၂၀၀၀ နှင့်တင် စစ်သည် ၅၀၀၀၀ ကို တစ်ရက်တည်းဖြင့် သုတ်သင်နိုင်၏။ ခမ်းနားမှု မရှိပေမဲ့ အလွယ်ကူဆုံး အနိုင်ရမည့် နည်းလမ်းဖြစ်သည်။

‘နဂါးနောင်တကလွဲရင် တခြား ဘယ်လက်နက်မှ အထူး စစ်သည်တော်တွေကို မထိခိုက်နိုင်ဘူး။ သူတို့က ရှေးဟောင်း သံချပ်ကာ ဝတ်ထားတာလေ။ မြေပြင်ပေါ်က နုရှောင့်မြို့ စစ်သည် ၅၀၀၀၀ ဆိုတာ ဒီအထူး စစ်သည်တော်တွေ ရှေ့မှာ ကြက်ကလေး၊ ခွေးကလေးတွေလိုပဲ။’

“အဆင်သင့် ပြင်...” မီတာ ၁၀၀၀၀ ကျော် ဝေးကွာနေသေးသော်လည်း တပ်မှူးက အမိန့်ပေးလိုက်၏။

ချက်ချင်းဆိုသလိုပဲ အထူးစစ်သည်တော် ၁၀၀၀ သည် ရှေးဟောင်း အိပ်မက်ဆိုးကျောက်တုံး ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်။

ဤသည်မှာ သူတို့ အနှစ်သက်ဆုံး လက်နက်ဖြစ်ပြီး ရှေးဟောင်းသတ္တုဖြင့် ပြုလုပ်ထားသည်။ အပူချိန် ၁၀၀၀၀ ကျော် ထုတ်လွှတ်နိုင်ပြီး အရာအားလုံးကို လွယ်ကူစွာ ပိုင်းဖြတ်နိုင်သည်။ ယခု ဟိန်းဟောက်နေသော နုရှောင့်မြို့ လျှို့ဝှက်လက်နက် ၁၀၀ ကျော်ကိုလည်း ဖျက်ဆီးနိုင်ပေလိမ့်မည်။ သူတို့ ထိုးဆင်းသွားပြီး ရှေးဟောင်း ဓားများဖြင့် အပိုင်းပိုင်းအစစ ခုတ်ထစ်ပစ်မည်။

“ရွှီး... ရွှီး... ရွှီး...”

အိပ်မက်ဆိုးကျောက်တုံးဓား ၁၀၀၀ ဆွဲထုတ်လိုက်သည်နှင့် ထူးဆန်းသော အပြာရောင် မီးတောက်များ ထွက်ပေါ်လာသည်။ အထူး စစ်သည်တော် ၁၀၀၀ သည် နှင်းလင်းယုန်များကို အရှိန်မြှင့်လိုက်ကြ၏။

၁၅ မိနစ်... အများဆုံး ၁၅ မိနစ် အတွင်း နုရှောင့်မြို့ရဲ့ လျှို့ဝှက်လက်နက် ၁၀၀ ကျော်ကို ဖျက်ဆီးပစ်နိုင်ပေမည်။ သူတို့တွင် သတ်ဖြတ်လိုစိတ်နှင့် လွှမ်းမိုးလိုစိတ်များ ပြည့်နှက်နေသည်။

သို့သော်ငြား ထိုအချိန်၌ စေတီတောင် အမှတ် ၁ ကောင်းကင် တပ်တော် တပ်မှူးသည် ကြက်သီးထသွားသည်ကို ခံစားလိုက်ရသည်။ သေစေလောက်သော အန္တရာယ်ကို အာရုံခံမိလိုက်သည်။ သူ အလိုအလျောက် မော့ကြည့်လိုက်မိသည်။ ထို့နောက် အလွန် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို တွေ့လိုက်ရသည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ကောင်းကင်ထက်မှ အမဲစက် ၆ စက်သည် သူတို့ထံသို့ ပစ်မှတ်ထား ပျံသန်းလာနေ၏။ ‘ဘာ... ဘာကြီးလဲ။’

ဤအမဲစက် ၆ စက်သည် အံ့မခန်း မြန်ဆန်နေဆဲ ဖြစ်သည်။ မီတာ ၇၀၀၀ အကွာအဝေးကို စက္ကန့်ပိုင်းအတွင်း ရောက်ရှိလာသည်။

“တားဆီးကြ... တားဆီးကြ...”

အမိန့်ပေးလိုက်သည်နှင့် အထူး စစ်သည်တော် ၁၀၀၀ သည် ရှေးဟောင်း လေးမြားများကို ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။ သို့သော်ငြား အဓိပ္ပာယ် မရှိပေ။ ထိမှန်လျှင်လည်း အသုံးမဝင်ပေ။ ကြိုတင် ပေါက်ကွဲမည် မဟုတ်သောကြောင့်ပင်။ ဤသည်မှာ အချိန်ကိုက် ဖျူးစ် ဖြစ်သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ဤအသေးစား ငရဲမီး ကျည်ဆန် ၆ လုံးသည် အမှတ် ၁ ကောင်းကင် တပ်တော်ကြားထဲသို့ ချက်ချင်း ရောက်ရှိလာသည်။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

အချိန်ကိုက် ဖျူးစ် အလုပ်လုပ်ပြီး ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ ဤငရဲမီး ကျည်ဆန်များသည် ပေါ့ပါးပြီး ၂၀၀ ကီလိုဂရမ်အောက်သာ ရှိသော်လည်း စွမ်းအား အလွန် ပြင်းထန်သည်။ ပေါက်ကွဲပြီးနောက် မီတာ ၆၀၊ ၇၀ အတွင်းရှိ အရာအားလုံးကို မီးတောက်များက ဝါးမျိုလိုက်၏။

အံ့မခန်း ပေါက်ကွဲလှိုင်းနှင့် မီးတောက်များ လေထဲတွင် ပေါက်ကွဲသွားသည်။

ဤပေါက်ကွဲမှုသည် အထူး စစ်သည်တော်များ အပေါ် သက်ရောက်မှု သိပ်မရှိပေ။ သူတို့သည် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသောကြောင့် ဖြစ်၏။ သို့သော်ငြား နှင်းလင်းယုန်များတွင် ကာကွယ်မှု မရှိဘဲ အလွန် နုနယ်ကြသည်။ ပေါက်ကွဲမှုကြောင့် သူတို့၏ အမွှေးအတောင်များ လောင်ကျွမ်းကုန်ပြီး ခန္ဓာကိုယ်များ ဆုတ်ဖြဲခံလိုက်ရ၏။

“ဂါး... ဂါး...”

အော်ဟစ်သံများနှင့်အတူ နှင်းလင်းယုန် တစ်ကောင်ပြီးတစ်ကောင် ကောင်းကင်မှ ပြုတ်ကျလာကြသည်။ အထူး စစ်သည်တော်များ မည်မျှ စွမ်းပါစေ သူတို့ ကိုယ်တိုင် မပျံသန်းနိုင်သောကြောင့် မီတာ ထောင်ချီ အမြင့်မှ ပြုတ်ကျကု်နကြသည်။

သို့သော်ငြား ကောင်းကင် ခံတပ်၏ အသေးစား နဂါးအရှိန်အဝါ အမြှောက်သည် သေးငယ်လွန်းသောကြောင့် ပစ်ခတ်အား လွှမ်းခြုံမှု မရရှိနိုင်ပေ။ ပထမအကြိမ် တိုက်ခိုက်မှုတွင် မမျှော်လင့်ဘဲ တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် နှင်းလင်းယုန် ဒါဇင်အနည်းငယ်သာ ပစ်ချနိုင်ခဲ့၏။

စေတီတောင် အမှတ် ၁ ကောင်းကင် တပ်တော် တပ်မှူးသည် သေချာ ကြည့်လိုက်ရာ လေအေး တစ်ချက် ရှူလိုက်မိသည်။ ‘ဘာ... ဘာကြီးလဲဟ။’

မီတာ ၆၀၀၀၊ ၇၀၀၀ အကွာအဝေးမှ ကြည့်လျှင်ပင် ရှမ့်လန်၏ အထူး ကောင်းကင်ခံတပ်၏ ကြီးမားပုံကို မြင်တွေ့နိုင်သည်။ တကယ့် ဧရာမ သတ္တဝါကြီးပင်။

နုရှောင့်မြို့တွင် လေသင်္ဘော ရှိကြောင်း သူတို့ သိကြသော်လည်း တိုက်ပွဲတွင် အသုံးမဝင်ပေ။ စစ်မြေပြင် လေ့လာရေးလောက်သာ အသုံးပြုနိုင်သည်။ သို့သော်ငြား ဤလေသင်္ဘောသည် ကောင်းကင်တွင် ပျံသန်းနေသော သံမဏိ ဘီလူးကြီး ဖြစ်နေသည်။ အမှန်တကယ်တွင် သံမဏိ မဟုတ်ဘဲ အလူမီနီယမ် ဖြစ်သည်ကို သူ မသိပေ။

ကနဦး တုန်လှုပ်မှု ပြီးနောက် စေတီတောင်တပ်မှူးသည် ချက်ချင်း တည်ငြိမ်သွားသည်။ အဘယ်ကြောင့်ဆိုသော် နုရှောင့်မြို့၏ ကောင်းကင်ခံတပ်သည် ကြီးမားသော်လည်း ပျံသန်းမှု နှေးကွေးကြောင်း တွေ့ရှိလိုက်ရသောကြောင့်ပင်။

နှင်းလင်းယုန် အမြန်နှုန်း၏ သုံးပုံတစ်ပုံခန့်သာ ရှိသည်။ အရေးအကြီးဆုံးမှာ အလွန် လေးလံပြီး ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် သံမဏိ ခံတပ်ကြီးကို ကြီးမားသော လေအိတ်ကြီးများဖြင့် ချိတ်ဆက်ထားသောကြောင့် အလွယ်တကူ ဖောက်ထွင်းနိုင်သည်။ လုံးဝ ပျက်စီးလွယ်သော အရာ ဖြစ်သည်။

“တပ်ဖွဲ့ ပုံစံ ပြောင်း...”

စေတီတောင် တပ်မှူးက အမိန့်ပေးလိုက်၏။ “ရှေ့ကို တိုးဝင်ကြ။ တစ် ကီလိုမီတာ အကွာအဝေးထိ ရောက်ရင် ဒီပျံသန်းနေတဲ့ ဘီလူးတွေကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်ပြီ။”

အမိန့်ပေးလိုက်သည်နှင့် ကျန်ရှိသော အမှတ် ၁ ကောင်းကင် တပ်တော်မှ စစ်သည် ၉၀၀ သည် နုရှောင့်မြို့၏ ကောင်းကင် ခံတပ် ၆ စင်းဆီသို့ အရှိန်ပြင်းစွာ ပျံသန်းသွားကြသည်။ နှင်းလင်းယုန်များသည် အလွန် မြန်ဆန်သောကြောင့် ခဏအတွင်းမှာပင် ကောင်းကင် ခံတပ်များကို ဝိုင်းရံထားလိုက်ကြသည်။

“ပတ်လည် ဝိုင်းထားကြ...”

စစ်သည် ၉၀၀ သည် ကောင်းကင် ခံတပ်များကို တဖြည်းဖြည်း ချဉ်းကပ် ဝိုင်းရံထားလိုက်ကြ၏။

“ပစ်... ပစ်... ပစ်...”

အမိန့်ပေးလိုက်သည်နှင့် စစ်သည် ၉၀၀ သည် စစ်သုံး လေးမြားကြီးများနှင့် ရှေးဟောင်း လေးမြားများကို မိုးရွာသကဲ့သို့ ပစ်ခတ်လိုက်ကြသည်။

အလွန် လှပသော မြင်ကွင်းပင်။ ရှေးဟောင်း လေးမြားတစ်စင်းသည် မြားဆယ်ချောင်းကျော် ထွက်ပေါ်လာနိုင်သောကြောင့် စုစုပေါင်း မြားသောင်းချီ ပျံသန်းသွား ကြသည်။ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၃၀၀ ကျော် ရှိ၏။

သို့သော်ငြား အားလုံး လွဲချော်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် နုရှောင့်မြို့၏ ကောင်းကင် ခံတပ် ၆ စင်းသည် ပစ်ခတ်နိုင်မှု အကွာအဝေး ပြင်ပတွင် ရှိနေသောကြောင့်ပင်။ နှင်းလင်းယုန်များသည် အမြင့်ပေ ၅၀၀၀ ထက် ကျော်လွန် ပျံသန်းနိုင်ခြင်း မရှိပေ။

ထို့အပြင် ကောင်းကင်ခံတပ်များသည် အမြင့်ပေ ၆၀၀၀ တွင် ပျံသန်းနေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ရှေးဟောင်း လေးမြားများ၏ အန္တရာယ်မှ ကင်းလွတ်နေသည်။ နှင်းလင်းယုန်များသည် ဝန်အလေးချိန် ကန့်သတ်ချက် ရှိသောကြောင့် တာဝေးပစ် လက်နက်များ သယ်ဆောင်မလာနိုင်ကြပေ။

“သောက်ကျိုးနည်း... ချီးလိုကောင်တွေ ….” စေတီတောင် တပ်မှူး ဆဲရေးလိုက်မိသည်။

‘နုရှောင့်မြို့က သိပ်ကောက်ကျစ်တာပဲ။ နှင်းလင်းယုန်တပ်ဖွဲ့က ဒီအမြင့်ထိ မရောက်နိုင်ဘူး။ ရှေးဟောင်း လင်းယုန်ကြီးတွေ လိုအပ်တယ်။ ဒါပေမဲ့ ရှေးဟောင်းလင်းယုန်ကြီးတွေက ရှားပါးပြီး အရေအတွက် နည်းတယ်။ ဒီတစ်ခေါက် စစ်ချီရာမှာ ဒါဇင်အနည်းငယ်ပဲ ပါလာတာ။’

ထိုအချိန်၌ “ရွှီး... ရွှီး... ရွှီး... ရွှီး...”

အလွန် ရင်သပ်ရှုမောဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ကောင်းကင် ခံတပ် ၆ စင်းမှ သံမဏိ မိုးစက်များ ရုတ်တရက် ရွာချလိုက်သည်။ အိပ်မက်ဆိုးကျောက်တုံး စက်သေနတ်များ၊ စစ်သည် ဒါဇင်ချီ၏ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်များက ရူးသွပ်စွာ ပစ်ခတ်လိုက်ကြသည်။ ပစ်ခတ်နိုင်မှု အကွာအဝေးမှာ မီတာ ၃၀၀၀ အထိ ရှိ၏။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

တစ်ချိန်တည်းမှာပင် အသေးစား နဂါးအရှိန်အဝါ အမြှောက် ၆ လက်ကလည်း ထပ်မံ ပစ်ခတ်လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီး ဖြစ်လာခဲ့သည်။ အထူး စစ်သည်တော်များကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ နှင်းလင်းယုန်များကို သတ်ဖြတ်ခြင်း ဖြစ်သည်။

မီတာ ၁၀၀၀ ကျော် အကွာအဝေးသည် အိပ်မက်ဆိုးကျောက်တုံး သေနတ်များ၏ ထိရောက်သော သတ်ကွင်း ဖြစ်သည်။ ငရဲမီး ကျည်ဆန်များ အကြောင်း ထည့်ပြောစရာပင် မလိုပေ။ စေတီတောင် ကောင်းကင် တပ်တော်မှ နှင်းလင်းယုန်များသည် တစ်ကောင်ပြီးတစ်ကောင် အော်ဟစ်ကာ ပြုတ်ကျကုန်ကြသည်။ အိပ်မက်ဆိုး ကျောက်တုံး ကျည်ဆန်များ ထိမှန်သည်နှင့် နှင်းလင်းယုန်များ၏ ခန္ဓာကိုယ်သည် အလွယ်တကူ ဆုတ်ဖြဲခံရပြီး သနားစဖွယ် သေဆုံးသွားကြရ၏။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ကောင်းကင်ခံတပ် ၆ စင်းသည် မောပန်းခြင်း မရှိသကဲ့သို့ ရူးသွပ်စွာ ပစ်ခတ်နေကြသည်။

မရေမတွက်နိုင်သော ကျည်ဆန်များသည် လေထုထဲတွင် မျဉ်းကြောင်းများ ရေးဆွဲနေကြ၏။

“ဂါး... ဂါး... ဂါး...”

မရေမတွက်နိုင်သော နှင်းလင်းယုန်များ အော်ဟစ်နေကြပြီး လေထဲတွင် သွေးပန်းများ ပေါက်ကွဲ ထွက်ပေါ်လာသည်။

“ဆုတ်ကြ... ဆုတ်ကြ... ဆုတ်ကြ...”

စေတီတောင် တပ်မှူး အသံကုန် အော်ဟစ်လိုက်သည်။ “ဆက်နေလို့ အဓိပ္ပာယ် မရှိတော့ဘူး။ ဒီကောင်းကင် ခံတပ်တွေက အရမ်းမြင့်မြင့် ပျံသန်းနေတာ။ နှင်းလင်းယုန်တွေက မီတာ ၅၀၀၀ ထက် ပိုမပျံနိုင်တော့ သူတို့ကို ဘယ်လိုမှ မထိခိုက်နိုင်ဘူး။”

အသက်ရှင် ကျန်ရစ်သော ကောင်းကင် တပ်တော်သည် ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။ သို့သော်ငြား နုရှောင့်မြို့ ကောင်းကင် ခံတပ် ၆ စင်းက နောက်မှ ဆက်လက် လိုက်လံ တိုက်ခိုက်နေဆဲ ဖြစ်၏။

အပြန်လမ်း တစ်လျှောက်တွင် သွေးစက်များနှင့် အော်ဟစ်သံများ ကျန်ရစ်ခဲ့သည်။ စေတီတောင် ကောင်းကင် တပ်တော် လုံးဝ ဆုတ်ခွာသွားချိန်တွင် သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ ကျန်ရှိသော နှင်းလင်းယုန်များ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

..............................

“ဘာ...”

အမှတ် ၁ ကောင်းကင် တပ်တော်၏ အစီရင်ခံစာကို ကြားရချိန်မှာတော့ ရင်ဝူချန် အံ့အားသင့်သွား၏။ “နုရှောင့်မြို့ရဲ့ လေသင်္ဘော ၆ စင်းက ကျုပ်ရဲ့ နှင်းလင်းယုန် ၆၀၀၊ ၇၀၀ ကို သတ်ပစ်လိုက်တာလား။”

“နှင်းလင်းယုန် ၆၀၀၊ ၇၀၀ သေဆုံးသွားပေမဲ့ အထူး စစ်သည်တော်တွေကတော့ ဘာမှမဖြစ်ပါဘူး။ ကောင်းကင်က ပြုတ်ကျလာပေမဲ့ ရှေးဟောင်း သံချပ်ကာတွေက ကာကွယ်ပေးထားလို့ မြေကြီးပေါ် ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ကြပါတယ်။ အခု စခန်းကို ပြန်ရောက်နေကြပါပြီ။ ဒါကြောင့် နှင်းလင်းယုန်တွေ ပဲ ဆုံးရှုံးသွားတာပါ။”

“ခန်းမဆောင် သခင်ရန်၊ တတိယမင်းသား၊ နန်းတွင်းအတိုင်ပင်ခံလန်... နုရှောင့်မြို့ရဲ့ ကောင်းကင် ခံတပ်တွေက အရမ်းမြင့်မြင့် ပျံသန်းနေပါတယ်။ နှင်းလင်းယုန် တပ်ဖွဲ့နဲ့ ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။ ရှေးဟောင်း လင်းယုန်ကြီးတွေကို သုံးမှ ရပါမယ်။”

အမှတ် ၁ ကောင်းကင် တပ်တော် တပ်မှူးက ပြောလိုက်သည်။ “အထူး စစ်သည်တော်တွေကို ရှေးဟောင်း လင်းယုန်ကြီးတွေ စီးနင်းစေပြီး ကောင်းကင် အမြင့်ကနေ ရုတ်တရက် တိုက်ခိုက်မှ ရမယ်။ နုရှောင့်မြို့ရဲ့ ကောင်းကင် ခံတပ် ၆ စင်းကို ဖျက်ဆီးပြီး ဝေဟင်စိုးမိုးမှုကို ရယူရမယ်။”

ရန်တန်ရှောင်က ပြောလိုက်၏။ “နုရှောင့်မြို့မှာ အသံလှိုင်း သားရဲ တစ်ကောင် ရှိနေသေးတယ်။”

အားလုံး တိတ်ဆိတ်သွားကြသည်။ အသံလှိုင်း သားရဲသည် စစ်မြေပြင် မိစ္ဆာကောင်ကြီး ဖြစ်သည်။ ၎င်း၏ ပျံသန်းနိုင်စွမ်းသည် ရှေးဟောင်း လင်းယုန်ကြီးထက် များစွာ မြင့်မားပြီး တိုက်ခိုက်နိုင်စွမ်းလည်း ပိုကောင်းသည်။ အထူးသဖြင့် အသံလှိုင်း တိုက်ခိုက်မှုသည် ကာကွယ်ရန် မဖြစ်နိုင်ပေ။

နှင်းလင်းယုန် ထောင်ပေါင်းများစွာ ဝိုင်းရံတိုက်ခိုက်လျှင် အသံလှိုင်း သားရဲကို မကြောက်သော်လည်း ယခု ရှေးဟောင်း လင်းယုန်ကြီး ဒါဇင်အနည်းငယ်သာ ပါလာသည်။ လေထဲတွင် တိုက်ခိုက်လျှင် အသံလှိုင်း သားရဲကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

တော်ဝင်ချန်တပ်တော်၏ အသေးစား နဂါးအရှိန်အဝါ အမြှောက်များသည် မောပန်းခြင်း မရှိဘဲ ဆက်လက် ပစ်ခတ်နေကြသည်။ ကျည်ဆန်များ သေးငယ်သွားသော်လည်း အသေးဆုံး ကျည်ဆန်သည်ပင် ၅၀၀ ကီလိုဂရမ် ရှိနေသေးသည်။ သေစေနိုင်စွမ်း အလွန် မြင့်မားနေဆဲ ဖြစ်သည်။ ရင်ကွမ်းနှင့် စေတီတောင် မဟာမိတ် တပ်ဖွဲ့၏ ထိခိုက်သေဆုံးမှုသည် မိနစ်တိုင်း တိုးပွားလာနေသည်။

“ဒါက အသေးစား နဂါးနောင်တပဲ။” ရင်ဝူချန် ရုတ်တရက် ပြောလိုက်၏။

အပိုင်း (၁၁၄၈)

ထိုစကားကို လူတိုင်း သဘောတူကြသည်။ နုရှောင့်မြို့၏ ဤလက်နက်သည် အသေးစား နဂါးနောင်တနှင့် တူသည်။ ၂၀၀၀၊ ၃၀၀၀ ကီလိုဂရမ်လေးသော ကျည်ဆန်ကို မိုင်ပေါင်းများစွာ အဝေးသို့ ပစ်ခတ်နိုင်သည် မဟုတ်ပါလား။ အသေးစား နဂါးနောင်တ မဟုတ်လျှင် အဘယ်နည်း။

“ဒီအသေးစား နဂါးနောင်တတွေကို မဖျက်ဆီးနိုင်ရင် ဒီစစ်ပွဲကို ဆက်တိုက်လို့ မရတော့ဘူး။” လန်ရှစ်က ပြောလိုက်သည်။

ရင်ဝူချန်က အကြံပြုလိုက်၏။ “နောက်ထပ် အစီအစဉ် တစ်ခု ရှိပါတယ်။ အထူး စစ်သည်တော် ၁၀၀၀ ကျော်ကို တိုက်ရိုက် စေလွှတ်လိုက်မယ်။ နှင်းလင်းယုန် စီးစရာ မလိုဘူး။ မြေပြင်ကနေ တိုက်ရိုက် ပြေးဝင်သွားပြီး အိပ်မက်ဆိုးကျောက်တုံး ဓားရှည်တွေနဲ့ ဒီအသေးစား နဂါးနောင်တတွေကို ဖျက်ဆီးခိုင်းမယ်။”

ရန်တန်ရှောင်က မေးလိုက်သည်။ “လင်းယန်... မင်း လုပ်နိုင်မလား။”

လင်းယန် ခေါင်းညိတ်လိုက်၏။ “လုပ်နိုင်ပါတယ်။ အမှန်အတိုင်းပြောရရင် အစတည်းက ဒီလို လုပ်သင့်တာပါ။ စစ်သည် ၅ သိန်း သုံးစရာ မလိုပါဘူး။ အထူး စစ်သည်တော် ၁၀၀၀၊ ၂၀၀၀ လောက် စေလွှတ်လိုက်ရင် ရပြီ။ ရှေးဟောင်း လေးမြားတောင် မလိုဘူး။ အိပ်မက်ဆိုးကျောက်တုံး ဓားရှည်တွေနဲ့တင် နုရှောင့်မြို့က အမှိုက် ၅၀၀၀၀ ကို သတ်ပစ်နိုင်ပါတယ်။”

"မင်း ဘာသိလို့လဲ။ ဒါက နိုင်ငံအချင်းချင်း စစ်ပွဲ၊ လမ်းဘေးရန်ပွဲ မဟုတ်ဘူး။”

"ကျုပ် နားလည်ပါပြီ။ လောကမြေ တုန်လှုပ်လောက်အောင်၊ ခမ်းနားကြီးကျယ်အောင် လုပ်ချင်တာကိုး။”

“ဒါဆိုရင် မင်းက ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားတဲ့ အထူး စစ်သည်တော် ၁၅၀၀ ကို ဦးဆောင်ပြီး နုရှောင့်မြို့ စခန်းဆီ အမြန်ဆုံး သွား။ အဲဒီ အသေးစား နဂါးနောင်တတွေကို ဖျက်ဆီးပစ်”

“ကောင်းပါပြီ။ တစ်နာရီ အတွင်း တာဝန်ပြီးမြောက်စေရမယ်လို့ အာမခံပါတယ်။”

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

အပြင်ဘက်တွင် တုန်လှုပ်ဖွယ် ပေါက်ကွဲသံများ ထွက်ပေါ်နေဆဲ ဖြစ်သည်။

..............................

စေတီတောင် အထူး စစ်သည်တော် ၁၅၀၀ စုဝေးလိုက်ကြသည်။ ယခုတစ်ကြိမ်တွင် ရှေးဟောင်း လေးမြားပင် မယူဆောင်ဘဲ အိပ်မက်ဆိုးကျောက်တုံး ဓားရှည်များကိုသာ ယူဆောင်သွားကြသည်။ လင်းယန်၏ အမြင်တွင် ဤအထူး စစ်သည်တော် ၁၅၀၀ ဖြင့် ၂ နာရီ အတွင်း တိုက်ပွဲ အဆုံးသတ်နိုင်မည် ဖြစ်သည်။ နုရှောင့်မြို့၏ အသေးစား နဂါးအရှိန်အဝါ အမြှောက်များကို ဖျက်ဆီးရုံသာမက လူ ၅၀၀၀၀ လုံးကိုပါ သတ်ဖြတ်နိုင်မည် ဖြစ်သည်။ သို့သော်ငြား အမိန့်သည် အမိန့် ဖြစ်သည်။ သူ၏တာဝန်မှာ အသေးစား နဂါးအရှိန်အဝါ အမြှောက်များကို ဖျက်ဆီးရန် ဖြစ်၏။

“ထွက်ခွာ...”

အမိန့်ပေးလိုက်သည်နှင့် အထူး စစ်သည်တော် ၁၅၀၀ သည် လျှပ်စီးကဲ့သို့ ပြေးထွက်သွားကြသည်။

ဤအရာက ပုံကြီးချဲ့ ပြောခြင်း မဟုတ်ချေ။ ရှေးဟောင်း သံချပ်ကာတိုင်းမှာ ကိုယ်ပိုင် စွမ်းအင်စနစ် ပါရှိ၏။ ချက်ချင်း မီတာ ဆယ်ချီ ခုန်ပျံနိုင်ပြီး တစ်မိနစ်ကို မီတာ ၃၀၀၀ အထိ ရောက်ရှိနိုင်သည်။ နုရှောင့်မြို့ စခန်းနှင့် မီတာ ၁၅၀၀၀ သာ ကွာဝေးသောကြောင့် ၅ မိနစ်ခန့်သာ ကြာမြင့်ပေလိမ့်မည်။

..............................

နုရှောင့်မြို့ စခန်းတွင် အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၃၀ သည် ရူးသွပ်စွာ ပစ်ခတ်နေဆဲ ဖြစ်၏။

ထိုအချိန်တွင် မင်းသမီး ဒိုဟာသည် လေထဲမှ သတိပေးလိုက်သည်။ “ရန်သူ့ အထူး စစ်သည်တော်တွေ လာနေပြီ။ အထူး စစ်သည်တော်တွေ လာနေပြီ။”

ရှမ့်လန် ကြည့်လိုက်ရာ ရှေ့မြေပြင်တွင် အမဲရောင် အရိပ် ၁၀၀၀ ကျော် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် အလွန် လျင်မြန်သော အရှိန်ဖြင့် ပြေးဝင်လာနေကြ၏။

‘အစတည်းက ဒီလို လုပ်သင့်တာ။ ဘာလို့ ဒီလောက် ကြာနေရတာလဲ။ ဒီအထူး စစ်သည်တော်တွေက တကယ့်ကို Bug တွေလိုပဲ။ ဒီလောက် မြန်တဲ့ အရှိန်နဲ့ဆို ဘယ်လက်နက်မှ သူတို့ကို မထိမှန်နိုင်ဘူး။ ရှေးဟောင်း လေးမြား၊ အိပ်မက်ဆိုးကျောက်တုံး ရိုင်ဖယ်၊ ငရဲမီး ကျည်ဆန် ဘာမှ အသုံးမဝင်ဘူး။ နဂါးနောင်တ တစ်ခုတည်းကသာ သူတို့ကို သတ်ဖြတ်နိုင်မှာ။’

“စုစုပေါင်း ၁၅၀၀... ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားတယ်။ မီတာ ၈၀၀၀ အကွာ ရောက်နေပြီ။”

“မီတာ ၇၀၀၀...”

“မီတာ ၆၀၀၀...”

“မီတာ ၅၀၀၀...”

အမြန်နှုန်းက တကယ် အံ့မခန်းပါပင်။ သူတို့သာ စခန်းထဲ ဝင်ရောက်လာပါက စစ်သည် ၅၀၀၀၀ ဖြင့် ရင်ဆိုင်နိုင်ဖို့ လွယ်ကူမည် မဟုတ်ချေ။ ရှမ့်လန်ဘက်တွင် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသူ ၁၀၀ အောက်သာ ရှိသည်။ တစ်ဖက်တွင် ၁၅၀၀ ရှိသည်။

“အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး အသစ်... အဆင်သင့် ပြင်...”

“အကွာအဝေး တွက်ချက်...”

“ပစ်...”

မင်းသားကျင်း၏ အမိန့်သံ အဆုံးတွင် အမြှောက် ၃၀၀ သည် ပြင်းထန်စွာ ပစ်ခတ်လိုက်ကြ၏။

ဤအမြှောက် ၃၀၀ အနက် ၅၀ က အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး အသစ်ကို ပစ်ခတ်ပြီး ကျန် ၂၅၀ က ငရဲမီး ကျည်ဆန်များကို ပစ်ခတ်သည်။

“ရွှီး... ရွှီး... ရွှီး... ရွှီး...” လေတိုးသံများနှင့်အတူ အမြှောက် ၃၀၀ ပစ်ခတ်လိုက်ကြ၏။

မီတာ ၄၀၀၀ အကွာအဝေးသည် နုရှောင့်မြို့၏ အမြှောက်သစ်များအတွက် ဘာမှ မဟုတ်ပေ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ အမြောက်ဆံ ရာပေါင်းများစွာ ကျရောက်လာသည်။ စေတီတောင် အထူး စစ်သည်တော်များက မထီမဲ့မြင် ကြည့်လိုက်ကြသည်။

‘နဂါးအရှိန်အဝါ အမြှောက်တောင် ကျုပ်တို့ကို မထိခိုက်နိုင်တာ၊ ဒီအမြှောက် သေးသေးလေးတွေက ဘာလုပ်နိုင်မှာလဲ။’

သို့သော်ငြား ပထမဆုံး ကျရောက်လာသော အမြောက်ဆံသည် မီးတောက်များ မထွက်ပေါ်လာပေ။ မျက်စိကျိန်းလောက်အောင် တောက်ပသော အပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာသည်။ လေထုသည် လျှပ်စစ်ဓာတ် စီးဝင်သွားသကဲ့သို့ ဖြစ်သွားပြီး လျှပ်စီးကြောင်းများ လေထဲ၌ ဖြတ်သန်း သွားသည်။ ၎င်းသည် နဂါးသွေးမျိုးဆက် အနည်းငယ် ရောစပ်ထားသော အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး ဖြစ်သည်။ သို့သော်ငြား စွမ်းအားမှာ လုံးဝ ကွဲပြား၏။

ချက်ချင်းဆိုသလိုပဲ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော အထူး စစ်သည်တော် ၁၅၀၀ သည် နေရာတွင်ပင် တောင့်တင်းသွားကြပြီး မလှုပ်ရှားနိုင် ဖြစ်သွားကြသည်။

သူတို့၏ ရှေးဟောင်း သံချပ်ကာများ ခေတ္တ ရပ်တန့်သွားခြင်း ဖြစ်သည်။ ၃ စက္ကန့်၊ ၄ စက္ကန့်ခန့်သာ ကြာမြင့်သော်လည်း လုံလောက်၏။

နောက်တစ်စက္ကန့်တွင် “ရွှီး... ရွှီး... ရွှီး... ရွှီး...”

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...” ငရဲမီး ကျည်ဆန် ၂၀၀ ကျော် ကျရောက် ပေါက်ကွဲသွားသည်။

ချက်ချင်းဆိုသလိုပဲ စေတီတောင် အထူး စစ်သည်တော်များ၏ ကံဆိုးမိုးမှောင်ကျမှု ရောက်ရှိလာ၏။ ကြောက်မက်ဖွယ် ငရဲမီးတောက်များ လွှမ်းခြုံသွားပြီး ပြင်းထန်သော ပေါက်ကွဲလှိုင်းနှင့် အပူချိန်သည် ရှေးဟောင်း သံချပ်ကာ အကွာအဟများမှ တဆင့် ဝင်ရောက်သွားသည်။ ရပ်တန့်နေသော ရှေးဟောင်း သံချပ်ကာများသည် မည်သည့် အကာအကွယ်မှ မပေးနိုင်တော့ပေ။

“.......” သနားစဖွယ် အော်ဟစ်သံများ မထွက်ပေါ်လာပေ။ သူတို့ အော်ဟစ်ချိန်ပင် မရလိုက်ပေ။ ဤ အစွမ်းထက်သော အထူး စစ်သည်တော်များသည် သံချပ်ကာများ အတွင်း၌ပင် အရှင်လတ်လတ် မီးလောင်ကျွမ်းသွားပြီး အများအပြား သေဆုံးကုန်ကြ၏။

၃ စက္ကန့်၊ ၄ စက္ကန့် ကြာချိန်မှာတော့ ခေတ္တ ရပ်တန့်မှု ပြီးဆုံးသွားပြီး ကျန်ရှိသော အထူး စစ်သည်တော်များ လှုပ်ရှားနိုင်စွမ်း ပြန်ရလာကြသည်။ သူတို့ ရူးသွပ်စွာ ရှေ့ဆက် တိုးဝင်လာကြသည်။ သို့သော်ငြား တပ်မှူး လင်းယန်သည် သူတို့၏ အရှိန် နှေးကွေးသွားကြောင်း သတိပြုမိလိုက်သည်။

အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး၏ တိုက်ခိုက်မှုကို ခံရပြီးနောက် စွမ်းအင် ပြန်လည် ရရှိလာသော်လည်း ကြီးမားသော ထိခိုက်မှု ရှိနေဆဲ ဖြစ်သည်။ သို့သော်ငြား သူတို့ ဆက်လက် တိုက်ခိုက်နိုင်သည်။ နုရှောင့်မြို့ စခန်းထဲ ဝင်ရောက်ပြီး အသေးစား နဂါးအရှိန်အဝါ အမြှောက်များကို ဖျက်ဆီးပစ်နိုင်သည်။ စစ်သည် ၅၀၀၀၀ ကို သတ်ဖြတ်နိုင်သည်။ ထိုနေရာသို့ ရောက်ရှိရန်သာ လိုအပ်၏။

သို့သော်ငြား စက္ကန့် အနည်းငယ် ကြာချိန်မှာတော့

“ရွှီး... ရွှီး... ရွှီး... ရွှီး...”

ဒုတိယအကြိမ် ပစ်ခတ်မှု ရောက်ရှိလာသည်။ အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံး ဒါဇင်ချီ ထပ်မံ ပစ်ခတ်လိုက်သည်။ ဗုံးတစ်လုံးစီ၏ ပေါက်ကွဲမှု အချင်းဝက်သည် ကျယ်ပြန့်ပြီး စတုရန်းမီတာ သောင်းချီ လွှမ်းခြုံနိုင်သည်။

ချက်ချင်းဆိုသလို စေတီတောင် အထူး စစ်သည်တော်များသည် ထပ်မံ တောင့်တင်းသွားပြန်သည်။ ရှေးဟောင်း သံချပ်ကာများ ထပ်မံ ရပ်တန့်သွားပြန်သည်။ ထို့နောက် ငရဲမီး ကျည်ဆန် ၂၀၀ ကျော် ထပ်မံ ကျရောက် ပေါက်ကွဲသွားသည်။ မြေပြင် တစ်ခုလုံး ပေါက်ကွဲမှုများဖြင့် ဖုံးလွှမ်းသွား၏။

“ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...”

ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်၊ နောက်ဆုံး၌ တပ်မှူး လင်းယန်သည် လက်ကျန် အထူး စစ်သည်တော်များနှင့်အတူ ရှမ့်လန် တပ်တော် ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သို့သော်ငြား ဝမ်းနည်းစရာ ကောင်းသည်မှာ လူ ၁၀၀ အောက်သာ ကျန်ရှိတော့သည်။ ကျန်ရှိသော ၁၄၀၀ ကျော်သည် ရူးသွပ်ဖွယ် ပစ်ခတ်မှုများအောက်တွင် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ထိခိုက်သေဆုံးမှု အလွန် များပြားလွန်းလှသည်။

‘ရောက်ပြီ။ ရောက်ပြီ။’ တပ်မှူး လင်းယန် ဝမ်းသာမျက်ရည် ကျလိုက်မိသည်။ စောစောက ကီလိုမီတာ အနည်းငယ်သည် အလွန် ခက်ခဲကြမ်းတမ်းလွန်းလှ၏။

နုရှောင့်မြို့သည် ထပ်ခါတလဲလဲ ပစ်ခတ်ခဲ့ပြီး အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများသည် သူတို့၏ ရှေးဟောင်း သံချပ်ကာများကို ထပ်ခါတလဲလဲ ရပ်တန့်စေခဲ့သည်။ လူ ၁၅၀၀ အနက် ၉၀ ရာခိုင်နှုန်း သေဆုံးခဲ့ရသည်။ ကျန်ရှိသော လူ ၁၀၀ သည် လုံလောက်သည်။

“သတ်ကြ... သတ်ကြ... သတ်ကြ...” လင်းယန်သည် အိပ်မက်ဆိုးကျောက်တုံး ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။ နောက်ပါ အထူးစစ်သည်တော် ၁၀၀ လည်း ဓားရှည်များကို ဆွဲထုတ်လိုက်ကြပြီး ထူးဆန်းသော အပြာရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။ သူတို့သည် ရှမ့်လန် တပ်တော်ဆီသို့ ပြေးဝင်သွားကြ၏။

‘ကျုပ်တို့ လူ ၁၀၀ ပဲ ကျန်တော့ပေမယ့် နုရှောင့်မြို့ရဲ့ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၀၀ ကို အပြတ် ဖျက်ဆီးနိုင်တယ်။ မင်းတို့ နုရှောင့်မြို့ တပ်တော်ကို သတ်ဖြတ်နိုင်တယ်။ ကျုပ်တို့မှာ ရှေးဟောင်း သံချပ်ကာ ရှိတယ်။ ကျုပ်တို့ အားလုံးက မဟာပညာရှင်တွေ။ ကောင်းကင်အောက်မှာ ပြိုင်ဘက်ကင်းတယ်။’

“သတ်... သတ်... သတ်...” တပ်မှူး လင်းယန်သည် လူ ၁၀၀ ကျော်ကို ဦးဆောင်ပြီး လျှပ်စီးကဲ့သို့ နုရှောင့်မြို့ စခန်းထဲ ဝင်ရောက်လာသည်။ သူတို့ကိုသာ လွတ်လွတ်လပ်လပ် သတ်ဖြတ်ခွင့် ပေးလိုက်လျှင် လူ ၁၀၀ သာ ရှိသော်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။ အသေးစား နဂါးအရှိန်အဝါ အမြှောက် ၁၃၀ ကို တကယ် ဖျက်ဆီးပစ်နိုင်ပေလိမ့်မည်။

သို့သော်ငြား နောက်တစ်စက္ကန့်တွင် ရှမ့်လန် ညာလက်ကို ရုတ်တရက် မြှောက်လိုက်သည်။ အစွမ်းထက်သော စိတ်စွမ်းအား ထွက်ပေါ်လာပြီး နဂါးနှလုံးသားနှင့် ပေါင်းစပ်သွားသည်။

“ဘုန်း...” ထူးဆန်းပြီး အစွမ်းထက်သော စွမ်းအင်ဗုံးတစ်လုံး လေထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ အသံမရှိ၊ အသွင်သဏ္ဍာန် မရှိချေ။ မျက်နှာပေါ်တွင် ထုံကျင်သွားသကဲ့သို့သာ ခံစားလိုက်ရသည်။ ထို့နောက် အလွန် အံ့အားသင့်ဖွယ် ကောင်းသော၊ ထူးဆန်းသော မြင်ကွင်းတစ်ခု ပေါ်လာသည်။ တပ်မှူး လင်းယန် ဦးဆောင်သော အထူး စစ်သည်တော် ၁၀၀ သည် လေထဲတွင် ရုတ်တရက် တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်သွားကြ၏။

..............................

ဤမြင်ကွင်းသည် အလွန် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။ စေတီတောင်တပ်မှူး လင်းယန် လုံးဝ ကြက်သေ သေသွားခဲ့ရသည်။ ဘာဖြစ်သွားမှန်း သူ မသိတော့ပေ။ စောစောက အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးကြောင့် ရှေးဟောင်း သံချပ်ကာ ရပ်တန့်သွားသည်မှာ လက်ခံနိုင်သည်။ သို့သော်ငြား ယခု အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံး ပေါက်ကွဲခြင်း မရှိပေ။

ထို့အပြင် နုရှောင့်မြို့သည် သူတို့၏ ကိုယ်ပိုင် ရှေးဟောင်း ပစ္စည်းများကို ထိခိုက်မည် စိုးရိမ်သောကြောင့် သံလိုက်ဗုံးကို အနီးကပ် မဖောက်ခွဲရဲပေ။ ထို့သို့ဆိုလျှင် အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံး ပေါက်ကွဲလျှင်ပင် လေထဲတွင် တောင့်တင်းသွားစရာ အကြောင်း မရှိပေ။

ရှမ့်လန်သည် ရှေးဟောင်း လက်နက်များကို လေထဲတွင် ကြားဖြတ် ဟန့်တားနိုင်သည်။ ကံမကောင်းစွာဖြင့် ရှေးဟောင်း သံချပ်ကာသည်လည်း ထိုအထဲတွင် ပါဝင်နေသည်။ အိပ်မက်ဆိုးကျောက်တုံး ပါဝင်ပြီး ရှေးဟောင်း စွမ်းအင် ရှိနေသရွေ့ သူ ကြားဖြတ် ဟန့်တားနိုင်ပြီး ထိန်းချုပ်ထားနိုင်သည်။

ချက်ချင်းဆိုသလို လက်ကျန် စေတီတောင် အထူး စစ်သည်တော် ၁၀၀ သည် ကောင်းကင်မှ ပြုတ်ကျလာ ကြသည်။ တစ်ချိန်တည်းမှာပဲ ရှမ့်လန်ဘက်မှ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသော မဟာပညာရှင် ဒါဇင်အနည်းငယ်သည် အိပ်မက်ဆိုးကျောက်တုံး ဓားရှည်များကို ကိုင်ဆောင်ပြီး ပြေးထွက်လာကြ၏။

“ရွှီး... ရွှီး... ရွှီး...”

ဓားချက် တစ်ချက်တည်းဖြင့် လက်ကျန် စေတီတောင် အထူး စစ်သည်တော် ၁၀၀ သည် ခေါင်းပြတ်သွားကြသည်။ စက္ကန့်ပိုင်းအတွင်း အားလုံး သေဆုံးသွားကြသည်။ တပ်မှူး လင်းယန်၏ သိုင်းပညာ သည် အလွန် မြင့်မား၏။ ရှေးဟောင်း သံချပ်ကာ အလုပ်မလုပ်တော့သော်လည်း သူ၏ ကိုယ်ပိုင် သိုင်းပညာဖြင့် ဖောက်ထွက်ရန် ကြိုးစားသည်။

သို့သော်ငြား ထိုအချိန်တွင် ကြီးမားသော အမဲရောင် အရိပ်တစ်ခု ပြေးဝင်လာသည်။ အရူးကြီး ဖြစ်သည်။ သူသည် အလွန် လေးလံသော နက်ရွှေရောင် တုတ်ကြီးကို ကိုင်ဆောင်ပြီး ရိုက်ချလိုက်၏။

“ကျုပ် ရှောင်မယ်။ ကျုပ် ရှောင်မယ်။”

တပ်မှူး လင်းယန်သည် အရူးကြီး၏ သေစေလောက်သော တိုက်ခိုက်မှုကို ရှောင်ရှားရန် အတွင်းအားကို အစွမ်းကုန် ထုတ်သုံးလိုက်သည်။

သို့သော်ငြား အရူးကြီးသည် သိုင်းပညာ လေ့ကျင့်လာသည်မှာ ၁၀ နှစ် ရှိပြီဖြစ်သည်။ လွန်ခဲ့သော ၇၊ ၈ နှစ်တုန်းက မဟာပညာရှင်အဆင့်မှလွဲ၍ မည်သူမှ သူ၏ ဓားချက်ကို မရှောင်နိုင်ခဲ့ပေ။ ယခု သူ၏ သိုင်းပညာ သည် အလွန် မြင့်မားနေပြီဖြစ်ပြီး ချောင်ယောင်းအာ၏ အောက်တွင်သာ ရှိတော့သည်။ ဆရာ ကျုံးချူကဲ့ ထက်ပင် သာလွန်နေပြီ ဖြစ်၏။

တပ်မှူး လင်းယန်သည် မဟာပညာရှင် တစ်ဦး ဖြစ်သော်လည်း အရူးကြီး၏ ရှေ့မှောက်တွင် မလုံလောက်ပေ။ ထို့အပြင် သူ၏ ရှေးဟောင်း သံချပ်ကာ အလုပ်မလုပ်တော့ပေ။

ဒုန်းကနဲ အသံနှင့်အတူ တပ်မှူး လင်းယန် မျက်လုံးပြာသွားပြီး သွေးတစ်လုတ် အန်လိုက်ရသည်။

“ဒုန်း... ဒုန်း... ဒုန်း... ဒုန်း...”

အရူးကြီး၏ တုတ်ချက်များသည် မုန်တိုင်းကဲ့သို့ ကျရောက်လာသည်။ တစ်မိနစ်တိတိ ရိုက်နှက်သည်။ သို့နှင့် တပ်မှူး လင်းယန်၏ ခန္ဓာကိုယ်ရှိ အရိုးအားလုံး ကြေမွသွားပြီး အတွင်းကလီစာများ ရွှံ့အိုင်ကဲ့သို့ ဖြစ်သွားသည်။ သူ ဘယ်အချိန် သေသွားမှန်းပင် မသိလိုက်ပေ။ အခြား စေတီတောင် အထူး စစ်သည်တော်များမှာ ခေါင်းဖြတ်ခံရရုံသာ ရှိသော်လည်း တပ်မှူး လင်းယန်မှာမူ လူရုပ်ပင် မပေါက်တော့ပေ။

တုတ၊ တုအာနှင့် လန်ပေါင်တို့ ပြေးဝင်လာကြသည်။ သူတို့ ၃ ဦးသည် အရူးကြီးကို တစ်ချက်ကြည့်လိုက်ပြီး မြေကြီးပေါ်မှ လင်းယန်ကို ကြည့်လိုက်ကြ၏။

“ရွှံ့အိုင် ဖြစ်နေပြီ။ အရူးကြီး... မင်းက သူငယ်ချင်းကောင်း မဟုတ်ဘူး။ ငါတို့ကို တစ်ချက်တောင် ချန်မထားဘူး။ ပြီးတော့ ညီအစ်ကိုတွေလို့ ပြောရဲသေးတယ်။” လန်ပေါင်က ညည်းညူလိုက်သည်။

ဤအချိန်တွင် ရန်သူ စေလွှတ်လိုက်သော ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားသည့် အထူး စစ်သည်တော် ၁၅၀၀ အားလုံး သေဆုံးသွားခဲ့ပြီ ဖြစ်၏။

..............................

“တပ်မှူးလင်းယန် သေသွားပါပြီ။ သူ ဦးဆောင်သွားတဲ့ အထူး စစ်သည်တော် ၁၅၀၀ လည်း သေကုန်ပါပြီ။” လေထဲမှ ကင်းထောက်တစ်ဦး တုန်ယင်စွာ သတင်းပို့လိုက်သည်။

“ဒါ... ဒါ မဖြစ်နိုင်ဘူး။”

ရင်ဝူချန် အော်ဟစ်လိုက်၏။ “စေတီတောင်ရဲ့ အထူး စစ်သည်တော်တွေ ဘယ်လောက် စွမ်းသလဲ။ လုံးဝ ယှဉ်ပြိုင်ဘက် ကင်းတယ်။ အထူး စစ်သည်တော် ၁၅၀၀ ဆိုတာ နုရှောင့်မြို့က လူ ၅၀၀၀၀ ကို သတ်ဖို့ လုံလောက်တယ်။ ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။”

“နုရှောင့်မြို့မှာ အထူး စစ်သည်တော်တွေကို သုတ်သင်နိုင်တဲ့ နည်းလမ်း ရှိနေရင် နဂါးနောင်တကို ခိုးဖို့ ဘာလို့ အသက်စွန့်ခဲ့ရတာလဲ။” လန်ရှစ်က မေးခွန်းထုတ်လိုက်သည်။

“နဂါးနောင်တကလွဲရင် အထူး စစ်သည်တော်တွေကို သုတ်သင်နိုင်တဲ့ လက်နက် မရှိနိုင်ပါဘူး။” ရန်တန်ရှောင် က ပြောလိုက်၏။

ထို့နောက် ဒုတိယ၊ တတိယ၊ စတုတ္ထ ကင်းထောက်များ ဆင်းသက်လာပြီး အသေးစိတ် သတင်းပို့ကြသည်။ “ကျုပ်တို့ရဲ့ အထူး စစ်သည်တော် ၁၅၀၀ က နုရှောင့်မြို့ စခန်းနဲ့ မီတာ ၄၀၀၀ အကွာကို ရောက်တဲ့အခါ သူတို့ရဲ့ အမြှောက် ရာပေါင်းများစွာ စပစ်ပါတယ်။ သာမန် အမြှောက်တွေပါပဲ။ အသေးစား နဂါးအရှိန်အဝါ အမြှောက် မဟုတ်ပါဘူး။

ကျည်ဆန် ရာပေါင်းများစွာ ပစ်ခတ်တိုင်း ပထမဆုံး အပြာရောင် အလင်းတန်း ထွက်ပေါ်လာတဲ့ သံလိုက်ဗုံး ပစ်ပါတယ်။ အဲဒါက ကျုပ်တို့ရဲ့ အထူးစစ်သည်တော်တွေရဲ့ သံချပ်ကာကို စက္ကန့်ပိုင်း ရပ်တန့်သွားစေပါတယ်။ ပြီးမှ ထူးဆန်းတဲ့ အစိမ်းရောင် မီးတောက်တွေ ပါတဲ့ ဗုံးတွေ ပေါက်ကွဲပါတယ်။

၁၀ စက္ကန့်တိုင်း တစ်ကြိမ် ပစ်ခတ်ပြီး သံချပ်ကာတွေကို ထပ်ခါတလဲလဲ ရပ်တန့်စေပါတယ်။ ကျုပ်တို့ရဲ့ အထူး စစ်သည်တော်တွေ နှေးကွေးသွားတယ်။ မီတာ ထောင်ဂဏန်းအတွင်းမှာ အမြှောက်ဒဏ် အကြိမ်ကြိမ် ခံရပြီး နောက်ဆုံး နုရှောင့်မြို့ စခန်းရောက်တော့ လူ ၁၀၀ အောက်ပဲ ကျန်ပါတော့တယ်။”

“လူ ၁၀၀ ဆို လုံလောက်ပါတယ်။ နုရှောင့်မြို့ စခန်းထဲ ရောက်တာနဲ့ လူ ၁၀၀ က သူတို့ရဲ့ အသေးစား နဂါးအရှိန်အဝါ အမြှောက်တွေ၊ အမြှောက်တွေကို ဖျက်ဆီးပစ်နိုင်တယ်။ သတ်ဖြတ်ပွဲတောင် စလို့ရတယ်။”

“တပ်မှူး လင်းယန်လည်း အဲဒီလို တွေးခဲ့ပုံ ရပါတယ်။ နောက်ဆုံးကျန်တဲ့ လူ ၁၀၀ နဲ့ စခန်းထဲ ဝင်သွားပေမဲ့ ရုတ်တရက် လေထဲမှာ တောင့်တင်းသွားပါတယ်။ ပြီးတော့ တူညီတဲ့ ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားတဲ့ အထူး စစ်သည်တော် ဒါဇင်အနည်းငယ် ထွက်လာပြီး အိပ်မက်ဆိုးကျောက်တုံး ဓားတွေနဲ့ သတ်ပစ်လိုက်ပါတယ်။ ခဏလေး အတွင်းပါပဲ။”

“ဆိုလိုတာက နုရှောင့်မြို့ဘက်က ဘာအထိအခိုက်မှ မရှိဘူးပေါ့။”

“မရှိပါဘူး... ကျုပ်တို့ရဲ့ အထူး စစ်သည်တော် ၁၅၀၀ က ဓားတစ်ချက်တောင် မခုတ်လိုက်ရဘဲ အသတ်ခံ လိုက်ရတာပါ။”

All Chapters