← Chapters

အခန်း (၁၁၅၇-၁၁၅၈)

Vol. 67 Ch. 1157-1158

အခန်း (၁၁၅၇-၁၁၅၈)

Vol. 67 Ch. 1157-1158

အပိုင်း (၁၁၅၇)

ချန်မြို့တော် နန်းတော်

ရင်ကွမ်းသည် လျှို့ဝှက်ဧည့်သည် တစ်ဦးကို လက်ခံတွေ့ဆုံ၏။ မင်းသားလျန် အသစ်ပင် ဖြစ်သည်။ မင်းသားလျန် အဟောင်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့ပြီး မင်းသားလျန်၏ အမွေခံသည် ဘွဲ့ကို ဆက်ခံခဲ့၏။

ယခင်က မင်းသမီး နင်ယန်သည် မင်းသားလျန်၏ သားနှင့် လက်ထပ်ခဲ့သည်။ လိင်စိတ်တိမ်းညွတ်မှု မရေရာသော ထိုမင်းသားသည် အမွေခံ မဟုတ်သကဲ့သို့ ယခုအခါ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုစဉ်က သူသည် နင်ဟန်၏ ရေတပ်တွင် လေ့လာသူ အဖြစ် လိုက်ပါသွားခဲ့ပြီး နဂါးနောင်တဖြင့် တိုက်ရိုက် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။

မင်းသားလျန်၏ သားသည် ဖြောင့်မတ်၊ ဉာဏ်ပညာရှိပြီး ရဲရင့်သူ ဖြစ်သည်။ သူ၏ ဖခင်နှင့်ပင် မတူပေ။ မင်းသားလျန် အဟောင်းသည် သိုင်းပညာ ကျွမ်းကျင်သော်လည်း နောက်ဆုံးတွင်မူ အရပ်ဘက် အရာရှိ တစ်ဦးသာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ မင်းသားလျန်၏ သားသည် စစ်မှန်သော စစ်ဘက် ဗိုလ်ချုပ်ကြီး တစ်ဦး ဖြစ်ပြီး အလွန် စွမ်းအားကြီးမားသူ တစ်ဦးလည်း ဖြစ်၏။

ခန်းမထဲသို့ ပထမဆုံး ဝင်လာချိန်တွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ဓားသိုင်းအရှိန်အဝါကို ရင်ကွမ်း အာရုံခံမိနေသည်။

“ကျိထျန်းက အရှင်ရင်ကို ဂါရဝပြုပါတယ်။” မင်းသားလျန် အသစ် ကျိထျန်းက သေသပ်စွာ ဦးညွှတ်လိုက်၏။

ရင်ကွမ်းက မေးလိုက်သည်။ “ဘာကိစ္စလဲ တူတော်မောင်။”

ကျိထျန်းက ပြောလိုက်၏။ “ရင် - ချောင် နယ်စပ်က တိုက်ပွဲကြီးမှာ ဦးရီးတော် ရှုံးနိမ့်ခဲ့ပြီး စစ်သည် ငါးသိန်းစလုံး လုံးဝ ချေမှုန်းခံလိုက်ရတယ်လို့ ကျုပ် ကြားပါတယ်။”

တော်ဝင်ရန်အင်ပါယာက သတင်းရတာ တကယ် မြန်၏။ ချန်မြို့တော်ထက် တစ်ရက်သာ နောက်ကျ၏။ ရင်ကွမ်းက ပြောလိုက်သည်။ “တူတော်မောင်... ကျုပ်ကို လာလှောင်တာလား။”

ကျိထျန်းက ပြောလိုက်၏။ “မဟုတ်ပါဘူး။ ကျုပ် အဲဒီလောက် အားမနေပါဘူး။ တော်ဝင်ချန်တပ်တော်ရဲ့ အင်အားက ဦးရီးတော်ရဲ့ ရင်ကလန်ကို တုန်လှုပ်စေရုံတင် မကဘူး၊ ကျုပ်တို့ ကျိကလန်ကိုလည်း တုန်လှုပ်စေပါတယ်။”

ရင်ကွမ်းက ပြောလိုက်သည်။ “ဒါ မင်းတို့ ကျိကလန်က လွှတ်ပေးထားလို့ ဖြစ်လာတဲ့ ရလဒ် မဟုတ်ဘူးလား။ စေတီတောင်နဲ့ ရင်ကလန်ကို ဖိနှိပ်ဖို့ဆိုပြီး ရှမ့်လန်ကို မင်းတို့ တိတ်တဆိတ် ထောက်ပံ့မပေးခဲ့ရင် တော်ဝင်ချန်တပ်တော်က အခုလို အခြေအနေမျိုးအထိ ရောက်လာမှာ မဟုတ်ဘူး။ မီးနဲ့ မကစားမိအောင် သတိထားပါ။”

မင်းသားလျန် အသစ်က ပြောလိုက်၏။ “ဒါဆို ကျုပ်တို့ သဘောတူညီမှု တစ်ခု လုပ်ကြရအောင်။”

ရင်ကွမ်း မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ “ဘာ သဘောတူညီမှုလဲ။”

မင်းသား ကျိထျန်းက ပြောလိုက်၏။ “ဦးရီးတော် လက်ထဲမှာ နဂါးနောင်တ ရှိသလို ရှမ့်လန်ကိုလည်း ဖမ်းထားတယ်။ ဒါပေမဲ့ သူ့တပ်တော်ကို ဖျက်ဆီးပစ်ဖို့ နဂါးနောင်တ ပစ်ခိုင်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ နဂါးနောင်တကို ပစ်ခတ်ဖို့ စိတ်ဝိညာဉ်ရေးရာ ပဲ့တင်ထပ်မှု လိုအပ်တယ်။ အတင်းအကျပ် ခိုင်းလို့ မရဘူး၊ အရင်က အဖြစ်ဆိုးမျိုးတောင် ပြန်ဖြစ်သွားနိုင်တယ်။ ရှမ့်လန်က ဒီနည်းလမ်းကို သုံးပြီး ဦးရီးတော်ရဲ့ နဂါးနောင်တ နှစ်ခုကို ဗြောင်ကျကျ ခိုးယူသွားခဲ့တာလေ။”

ရင်ကွမ်းက မဲ့ပြုံး ပြုံးလိုက်သည်။ “တူတော်မောင်... မင်း ကျုပ်ကို တကယ် လာလှောင်တာပဲ။”

ကျိထျန်းက ပြောလိုက်၏။ “ဦးရီးတော်က နဂါးနောင်တကို ပစ်ခတ်လို့ မရပေမဲ့ ကျုပ်တို့က ရတယ်။ တော်ဝင်ချန်တပ်တော် ဘယ်လောက်ပဲ အင်အားကြီးပါစေ၊ နဂါးနောင်တ တစ်ချက်တည်းကိုတောင် ခံနိုင်မှာ မဟုတ်ဘဲ ချက်ချင်း ပြာကျသွားမှာပါ။ ပြီးတော့ ဦးရီးတော်ရဲ့ ရင်အင်ပါယာက ပစ်လိုက်တာလို့ ပြောလို့ ရတယ်။ ရှမ့်လန် ကိုယ်တိုင်ပစ်လိုက်တာ လို့တောင် ပြောလို့ရတယ်။ လောကကြီးက ဘယ်သူမှ သံသယ ဝင်မှာ မဟုတ်ဘူး။

အရှင်ရင်... စဉ်းစားကြည့်ပါ။ အဲဒီအချိန်ကျရင် ရှမ့်လန်က သူ့အသက်ကို ကယ်ဖို့ ကိုယ့်တပ်တော်ကို ကိုယ်ပြန်ပြီး သုတ်သင်ရှင်းလင်းဖို့ နဂါးနောင်တ ပစ်ခတ်လိုက်တာပါလို့ ပြောလို့ ရတယ်။ သူ့ဂုဏ်သိက္ခာတွေ ကျဆင်းသွားပြီး တော်ဝင်ချန်အင်ပါယာကလည်း ချက်ချင်း ပြိုကွဲသွားမှာ သေချာတယ်။ ဦးရီးတော်ရဲ့ ရင်ကလန် ဂုဏ်သိက္ခာ လည်း ပြန်တက်လာမှာပါ။”

ဤစကားကို ကြားလိုက်ရချိန်မှာတော့ ရင်ကွမ်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ အလွန်တရာ စိတ်ဝင်စားသွားခဲ့သည်။ ဤသည်မှာ အမှန်တကယ်ပင် ပြည့်စုံသော အစီအစဉ် ဖြစ်သည်။ နဂါးနောင်တကို အသုံးပြုပြီး တော်ဝင်ချန်တပ်တော်ကို သုတ်သင်ရှင်းလင်းကာ ရှမ့်လန်အပေါ် အပြစ်ပုံချမည့် အစီအစဉ်ပင်။

ထိုအချိန်တွင် မကျေမနပ် ဖြစ်နေကြသော ရင်နိုင်ငံ ပြည်သူများသည် ရှမ့်လန်ကို စွန့်ခွာပြီး ရင်ကွမ်းဘက်သို့ ပြန်လည် ရောက်ရှိလာကြပေလိမ့်မည်။ ဝူ၊ ချောင်နှင့် ရွှဲ့ပြည်နယ်များ၊ နုရှောင့်မြို့မှ လူများပင်လျှင် ထွက်ခွာသွား ကြပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ရှမ့်လန် တစ်ယောက်တည်းသာ နဂါးနောင်တကို ပစ်ခတ်နိုင်ကြောင်း လူတိုင်း သိထားကြသည် မဟုတ်ပါလား။

မင်းသားလျန် အသစ်က ဆက်ပြောသည်။ “ကျုပ်တို့ ပြဇာတ်တောင် ကလို့ ရသေးတယ်။ ရှမ့်လန်နဲ့ အရမ်းတူတဲ့ လူတစ်ယောက်ကို ရှာပြီး ပြည်သူတွေ ရှေ့မှာ နဂါးနောင်တ အတုကို ပစ်ခိုင်းလို့ ရတယ်။ အဲဒီအချိန်ကျရင် လူပေါင်းများစွာက ဒီမြင်ကွင်းကို သူတို့ မျက်စိနဲ့တပ်အပ် မြင်တွေ့ရလိမ့်မယ်။

တစ်ချိန်တည်းမှာပဲ ကျုပ်တို့က တော်ဝင်ချန်တပ်တော် အပေါ်ကို နဂါးနောင်တအစစ် ပစ်ချပြီး သုတ်သင်ရှင်းလင်းလိုက်မယ်။ ဒီလိုဆိုရင် အပြစ်ပြောစရာ မရှိအောင် ပြီးပြည့်စုံသွားပြီ။”

အပြစ်ပြောစရာ မရှိရုံသာမက အလွန် ရက်စက်လှသည်။ ထိုအချိန်ရောက်လျှင် ရှမ့်လန်၌ ပါးစပ် အပေါက် တစ်ရာ ပါလျှင်ပင် ရှင်းပြ၍ ရတော့မည် မဟုတ်ပေ။ ကြည့်ရသည်မှာ ဤသည်က ပြီးပြည့်စုံသော အစီအစဉ် ဖြစ်သည်။ ရင်ကွမ်းကို ချက်ချင်းနီးပါး ကယ်တင်နိုင်မည့် နည်းလမ်း ဖြစ်၏။

ရင်ကွမ်းက မေးလိုက်သည်။ “ဘာ အပေးအယူလဲ။ ကျုပ် ဘာပေးရမလဲ။”

မင်းသားလျန် အသစ်က ပြော၏။ “အရမ်း ရိုးရှင်းပါတယ်။ ကျုပ်တို့ကို နဂါးဥ ပေးပါ။”

ရင်ကွမ်း ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူ မဲ့ပြုံး ပြုံးလိုက်သည်။ “တူတော်မောင်... မင်း နောက်နေတာ နေမှာပါ။ ကျုပ်တို့ဆီမှာ နဂါးဥ မရှိပါဘူး။”

ထင်ထားသည့်အတိုင်းပင် အလကားရသော နေ့လယ်စာ ဆိုသည်မှာ မရှိပေ။ တော်ဝင်ရန်အင်ပါယာ၏ ကမ်းလှမ်းချက် သည် အလွန် ဆွဲဆောင်မှု ရှိသော်လည်း ပေးဆပ်ရမည့် တန်ကြေးကလည်း အလွန် ကြီးမားလှ၏။

ကျိထျန်းက ပြောလိုက်သည်။ “ပွင့်လင်းတဲ့သူက စကားကို ဝေ့ဝိုက် မပြောတတ်ပါဘူး။ ကောင်းပြီလေ၊ ဦးရီးတော်မှာ နဂါးဥ မရှိဘူး ဆိုရင်လည်း ထားလိုက်ပါတော့။ ဒါပေမဲ့ ရှိခဲ့မယ်ဆိုရင် ဒီအပေးအယူကို လုပ်ဖို့ ကြိုဆိုပါတယ်။”

ရင်ကွမ်း စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်သည်။ အခြားသူသာဆိုလျှင် ဤအပေးအယူကို လုပ်ကောင်း လုပ်လိမ့်မည်။ သို့သော်ငြား သူကတော့ လုံးဝ လုပ်မည် မဟုတ်ပေ။ ဤနဂါးဥသည် ကမ္ဘာလောကကြီးနှင့် ရင်ကလန်၏ အနာဂတ် မျိုးဆက်များကို ကိုယ်စားပြု၏။

ဤကမ္ဘာလောကတွင် နဂါးပိုင်ဆိုင်သူ မည်သူမဆို တရားဝင် အုပ်စိုးသူ ဖြစ်လာပေမည်။ ဤသည်မှာ အမည်ခံ သက်သက် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် နဂါးကို ထိန်းချုပ်ခြင်းသည် အကြီးမားဆုံးသော အာဏာကို ထိန်းချုပ်ခြင်းနှင့် အတူတူ ဖြစ်သောကြောင့်ပင်။

‘မင်းတို့ တော်ဝင်ရန်အင်ပါယာက ကျုပ်ကို အဲဒီလောက် အမြော်အမြင် နည်းတဲ့သူလို့ ထင်နေတာလား။ လက်ရှိ အကျပ်အတည်း အတွက်နဲ့ ကျုပ်ရဲ့ အနာဂတ်ကို ရောင်းစားပစ်မယ်လို့ ထင်နေတာလား။ ဒါပေမဲ့ နဂါးဥ အတု လုပ်ပေးလိုက်ရင်ကော ဖြစ်မလား။’

ကျိထျန်းက ပြောလိုက်သည်။ “အရှင်ရင်... နဂါးဥ အတု လုပ်ပြီး ကျုပ်တို့ကို လှည့်စားဖို့ လုံးဝ မစဉ်းစားပါနဲ့။ ကျုပ်တို့က နဂါးဥ အကြောင်း ဦးရီးတော်ထက် အများကြီး ပိုနားလည်ပါတယ်။

အရှင်ရင်... ကျုပ် ပြန်ပါရစေအုံး။ သေချာ စဉ်းစားကြည့်ပါ။ ကျုပ်တို့ အားလုံး ပြင်ဆင်ထားပြီးပါပြီ။ ဦးရီးတော် သဘောတူပြီး နဂါးဥ ပေးအပ်တာနဲ့ ကျုပ်တို့ ချက်ချင်း ပြဇာတ် ကလို့ ရပါပြီ။ ကျုပ်တို့ရဲ့ နဂါးနောင်တလည်း အဆင်သင့် ဖြစ်နေပါပြီ။ တော်ဝင်ချန်တပ်တော်ကို ကြိုက်တဲ့အချိန် သုတ်သင် ရှင်းလင်းပေးလို့ ရပါတယ်။”

ကျိထျန်းက အပြင်ဘက်သို့ ထွက်ခွာသွား၏။

ရင်ကွမ်းက ပြောလိုက်သည်။ “ပြန်လိုက်မပို့တော့ဘူး။”

မင်းသားလျန်အသစ် ကျိထျန်း ထွက်ခွာသွား၏။ ရင်ကွမ်း စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်သည်။ လက်ရှိ အကျပ်အတည်း မဆိုထားနှင့်၊ ချန်မြို့တော်နှင့် လဲလှယ်လျှင်ပင် သူ့ နဂါးဥကို ပေးမည် မဟုတ်ပေ။

သူ့အတွက် အရေးတကြီး လုပ်ဆောင်ရမည့် ရည်မှန်းချက် နှစ်ခု ရှိသည်။ တစ်ခုမှာ ချန်မြို့တော်တွင် တော်ဝင်ချန် တပ်တော်ကို အပြီးတိုင် သုတ်သင်ရှင်းလင်းရန် ဖြစ်သည်။ နောက်တစ်ခုမှာ နုရှောင့်မြို့ကို ဖိအားပေးပြီး နဂါးသေတ္တာကို ရယူရန် ဖြစ်သည်။

… …

တော်ဝင်ချန်တပ်တော် စခန်း

တော်ဝင်ရင်အင်ပါယာ၏ စစ်သည် ငါးသိန်းကို ချေမှုန်းပြီးနောက် နုရှောင့်မြို့ စစ်သည် ငါးသောင်းသည် မြောက်ဘက်သို့ ချက်ချင်း ချီတက်ခြင်း မပြုခဲ့ပေ။ ထိုအစား သူတို့သည် ရက်အနည်းငယ်ကြာ ဆက်လက် စခန်းချနေခဲ့သည်။ ကိုယ်ခန္ဓည အနားယူရန်လိုအပ်သောကြောင့် မဟုတ်ဘဲ ခဲယမ်းမီးကျောက် ဖြည့်တင်းရန် လိုအပ်သောကြောင့် ဖြစ်၏။

အသေးစား နဂါးအရှိန်အဝါ၊ အိပ်မက်ဆိုးကျောက်တုံး သံလိုက်ဗုံးများ၊ အမြှောက် အသစ်များနှင့် အိပ်မက်ဆိုး ကျောက်တုံး ရိုင်ဖယ်များ။ ဤလက်နက်အသစ်များသည် အလွန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး တစ်လောကလုံးကို တုန်လှုပ်စေခဲ့သည်။

သို့သော်ငြား ကုန်ကျမှုမှာလည်း အလွန် များပြားသည်။ ယခုတစ်ကြိမ် သယ်ဆောင်လာသော အိပ်မက်ဆိုး ကျောက်တုံး သံလိုက်ဗုံးများနှင့် ငရဲမီး အမြှောက်ဆံများသည် ၈၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားပြီ ဖြစ်သည်။ ကျည်ဆန် ၇၀ ရာခိုင်နှုန်းခန့် ကုန်ဆုံးသွားပြီ ဖြစ်၏။

လက်ကျန် ခဲယမ်းမီးကျောက်ကို အားကိုးပြီး ချန်မြို့တော်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ကံကောင်း ထောက်မစွာ ဤလနှစ်လ အတွင်း နုရှောင့်မြို့၏ လက်နက်စက်ရုံများသည် ခဲယမ်းမီးကျောက် အမျိုးမျိုးကို အဆက်မပြတ် ထုတ်လုပ်နေခဲ့သည်။ ပြီးစီးသည်နှင့် ဦးခေါင်းခွံဂိုဏ်း ရေတပ်သို့ လွှဲပြောင်းပေးပြီး ရွှဲ့ပြည်နယ် ဆိပ်ကမ်းသို့ သယ်ယူ ပို့ဆောင်စေသည်။ ရွှဲ့ပြည်နယ်၏ တပ်တော်သစ်သည် အမြန်ဆုံး အရှိန်ဖြင့် စစ်မြေပြင်သို့ ပို့ဆောင်ပေးသည်။

ထို့ကြောင့် ရှေ့တန်းစစ်မျက်နှာတွင် အသည်းအသန် တိုက်ခိုက်နေချိန်၌ လီတစ်သောင်း ထောက်ပံ့ရေး လမ်းကြောင်းသည် အဆုံးမရှိ ဖြစ်နေခဲ့သည်။ ရွှဲ့ပြည်နယ်နှင့် ချောင်ပြည်နယ် တစ်ခုလုံးသည် နေ့စဉ်နှင့်အမျှ လူအင်အား သိန်းချီ အသုံးပြုပြီး စစ်စခန်းသို့ ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ပို့ဆောင်ပေးနေရ၏။

မကြာမီ သူတို့သည် တော်ဝင်ရင်အင်ပါယာ နယ်မြေထဲသို့ ဝင်ရောက်ကြတော့မည်။ ဤစစ်ပွဲကိုနိုင်လျှင် ချန်မြို့တော်သို့ သွားရာလမ်းတစ်လျှောက် ခုခံမှုနှင့်မျှ ကြုံတွေ့ရချင်မှ ကြုံတွေ့ရမည်။ သို့သော်ငြား ရန်သူ့နယ်မြေထဲတွင် ရှိနေသေးသောကြောင့် ရိက္ခာဖြည့်တင်းရန် လွယ်ကူမည် မဟုတ်ပေ။ သူတို့သည် တစ်ကြိမ်တည်းဖြင့် ရိက္ခာ အပြည့်အဝ ဖြည့်တင်းပြီးမှ မြောက်ဘက် ချန်မြို့တော်သို့ ချီတက် တိုက်ခိုက်ရပေမည်။

… …

တော်ဝင်ချန်တပ်တော် စခန်း အတွင်းသို့ အလွန်ငယ်ရွယ်သော ဧည့်သည် တစ်ဦး ရောက်ရှိလာခဲ့သည်။ သူသည် လျှို့ဝှက် သံတမန် တစ်ဦး ဖြစ်သည်။

“မင်းသားကျင်း... ကျုပ်က တော်ဝင်ရန်အင်ပါယာရဲ့ မင်းသားလျန် ကျိထျန်း ပါ။” လျှို့ဝှက် သံတမန်က ပြောလိုက်၏။

မင်းသားကျင်းက ပြောလိုက်သည်။ “မင်းသားလျန်က တကယ် ငယ်ရွယ်တာပဲ။”

ကျိထျန်းသည် အသက် လေးဆယ်ဝန်းကျင် ရှိနေပြီ ဖြစ်သော်လည်း အများဆုံး သုံးဆယ် အရွယ်ခန့်သာ ထင်ရ၏။

မင်းသားလျန်က ပြောလိုက်သည်။ “ကျုပ် အရှင်ရှမ့်လန်ကို တွေ့ချင်လို့ လာခဲ့တာပါ။”

မင်းသားကျင်းက ပြောလိုက်၏။ “အရှင် ရှမ့်လန် ချန်မြို့တော်မှာ ရှိနေပါတယ်။ ကျုပ်တို့ အရှင့်ကို ကယ်တင်ဖို့ ချန်မြို့တော်ကို တိုက်ခိုက်တော့မှာပါ။”

မင်းသားလျန်က ပြောလိုက်သည်။ “မင်းသားကျင်း... ကျုပ် မပြောချင်တဲ့ စကားတချို့ ရှိနေတယ်။ ကျုပ် အရှင် ရှမ့်လန်ကို တွေ့ချင်ပါတယ်။ သူနဲ့မှ ဆွေးနွေးလို့ ရမယ့် ကိစ္စတချို့ ရှိနေလို့ပါ။”

မင်းသားကျင်း ခါးသီးစွာ ပြုံးလိုက်၏။ “မင်းသားလျန်... ခင်ဗျားအဖေ သေဆုံးမှုက ကျုပ်တို့ တော်ဝင်ချန် အင်ပါယာနဲ့ အတိုင်းအတာ တစ်ခုအထိ ပတ်သက်နေပါတယ်။ ဘာကိစ္စ ကျုပ် ခင်ဗျားကို ဖုံးကွယ်ထားရမှာလဲ။ အရှင်ရှမ့်လန် တကယ်ပဲ ရင်ကွမ်းဆီမှာ အဖမ်းခံထားရတာပါ။ လောကကြီးတစ်ခုလုံး ဒါကို သိပါတယ်။ မင်းသားလျန်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ချန်မြို့တော်ကိုသွားပြီး အရှင်ရှမ့်လန်နဲ့ တွေ့နိုင်ပါတယ်။ ဖြစ်နိုင်ရင် ကျုပ် မင်းသားလျန်ကို စကားပါးပေးစေချင်ပါတယ်။”

မင်းသားလျန်က ပြောလိုက်သည်။ “ကပ်ဘေးနန်းဆောင်ကြီး”

“ဟမ်”

မင်းသားကျင်း စိတ်ထဲမှ ကျိန်ဆဲလိုက်၏။ ‘သောက်ကျိုးနည်း...’

ထို့နောက် သူက မျက်နှာ အမူအရာ မပြောင်းဘဲ ပြောလိုက်သည်။ “မင်းသားလျန်... ကျုပ်နောက် လိုက်ခဲ့ပါ။”

ထိုဖြစ်စဉ် တစ်လျှောက်လုံးတွင် သူ လုံးဝ အရှက်ရခြင်း မရှိပေ။ သူ လိမ်ညာခဲ့သည် မဟုတ်သည့် အတိုင်းပင်။

…

မြေအောက် လျှို့ဝှက်ခန်း တစ်ခုတွင် မင်းသားလျန်သည် ရှမ့်လန်နှင့် တွေ့ဆုံ၏။

မင်းသားလျန်က ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ကျုပ်တို့ အပေးအယူ တစ်ခု လုပ်ကြရအောင်။”

ရှမ့်လန်က ဆို၏။ “ပြောပါ။”

မင်းသားလျန်က ပြောလိုက်သည်။ “ချန်မြို့တော်မှာ ရင်ကွမ်း ဖမ်းထားတဲ့ ရှမ့်လန်က အတုပါ။ ရင်ကွမ်း လက်ထဲက နဂါးဥကလည်း အတုပါ။ ဒီသတင်း အချက်အလက် နှစ်ခုက သေစေနိုင်လောက်အောင် အရေးကြီးပါတယ်။”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ သေစေနိုင်လောက်အောင် အရေးကြီးတယ်။ ဒါကြောင့် ရင်ကွမ်းကို လုံးဝ မပြောရဘူး။”

မင်းသားလျန်က ပြောလိုက်သည်။ “ဒါက အရှင်ရှမ့်လန်ရဲ့ ရိုးသားမှု အပေါ် မူတည်ပါတယ်။”

ရှမ့်လန်က မေးလိုက်၏။ “ဘာ ရိုးသားမှုလဲ။”

မင်းသားလျန်က ပြောလိုက်သည်။ “နဂါးသေတ္တာကို ပေးပါ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား ပါးစပ်ပိတ်ပြီး ကျုပ် လျှို့ဝှက်ချက်ကို ဖုံးကွယ်ပေးထားဖို့ အတွက်နဲ့ ကျုပ်က နဂါးသေတ္တာ ပေးရမှာလား။”

မင်းသားလျန်က ပြောလိုက်သည်။ “ဒါတင် မကသေးပါဘူး။ ခင်ဗျား နဂါးသေတ္တာ မပေးရင် ကျုပ်တို့က ရင်ကွမ်း နာမည်သုံးပြီး တော်ဝင်ချန်တပ်တော်အပေါ်ကို အထူးနဂါးနောင်တ ပစ်လွှတ်လိုက်လို့ ရတယ်။ အဆိုးရွားဆုံး ကိစ္စက ကျုပ်တို့ လူတစ်ယောက်ကို ခင်ဗျားအဖြစ် ဟန်ဆောင်ခိုင်းပြီး ချန်မြို့တော် ပြည်သူတွေရှေ့မှာ နဂါးနောင်တ အတုကို ပစ်လွှတ်ခိုင်းလိုက်လို့ ရတယ်။

အဲဒီအချိန်ကျရင် ဘာဖြစ်သွားမလဲ။ အရှင် ရှမ့်လန်က သေရမှာ ကြောက်ပြီး ကိုယ့်တပ်တော် ငါးသောင်းကို သုတ်သင်ဖို့ နဂါးနောင်တ ပစ်လွှတ်လိုက်တယ်လို့ တစ်လောကလုံးက ထင်သွားကြလိမ့်မယ်။

ပိုဝမ်းနည်းစရာ ကောင်းတာက ဒီစစ်သည် ငါးသောင်းဟာ သူ့ကိုကယ်ဖို့ အသက်စွန့်ပြီး ချန်မြို့တော်ကို လာခဲ့ကြတာလေ။ အဲဒီအချိန်ကျရင် အရှင် ရှမ့်လန်တင် မကဘူး၊ ကျန်းကလန် တစ်ခုလုံးပါ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလိမ့်မယ်။ နုရှောင့်မြို့၊ ဝူ၊ ချောင်နဲ့ ရွဲ့မင်းဆက်တွေ အားလုံးလည်း အချင်းချင်း ရန်ဖြစ်ကုန်ကြလိမ့်မယ်။”

ရှမ့်လန်သည် အေးစက်သော လေကို တစ်ဝကြီး ရှူသွင်းလိုက်၏။ “သောက်ကျိုးနည်း... တကယ် ယုတ်မာတဲ့ အကြံအစည်ပဲ။”

အပိုင်း (၁၁၅၈)

မင်းသားလျန်က ပခုံးတွန့်ကာ ပြောသည်။ “ကျုပ်လည်း ရွေးချယ်စရာ မရှိပါဘူး။ အသက်ဆက်ဖို့ ကြိုးစားနေရုံပါ။”

ရှမ့်လန်က ပြောလိုက်၏။ “မင်းသားလျန်... ခင်ဗျားအဖေထက် ခင်ဗျားက ပိုယုတ်မာတာပဲ။”

မင်းသားလျန်က ပြောလိုက်သည်။ “သူက လုံလောက်အောင် မယုတ်မာခဲ့လို့ အသေစောခဲ့ရတာပေါ့။”

ရှမ့်လန်က လက်ခုပ်တီးလိုက်ပြီး ပြောလိုက်၏။ “ကျုပ် သဘောမတူနိုင်ဘူး။”

မင်းသားလျန်က ပြောလိုက်သည်။ “တကယ်လား။”

ရှမ့်လန်က ပြောလိုက်၏။ “ဟုတ်တယ်။ ချန်မြို့တော်မှာ အဖမ်းခံထားရတဲ့ ရှမ့်လန်က အတု၊ ရင်ကွမ်းဆီမှာ ရှိတဲ့ နဂါးဥကလည်း အတုပဲ။ ခင်ဗျား သွားတိုင်ချင်ရင် ကြိုက်တဲ့အချိန် သွားတိုင်လို့ ရတယ်။ အခုပဲ သွားတိုင်လိုက်။ ပြီးတော့ တော်ဝင်ချန်တပ်တော်ကို နဂါးနောင်တနဲ့ ပစ်ချင်တယ်ဆိုရင်လည်း ပစ်လိုက်၊ ကိစ္စ မရှိဘူး။ လက်တွန့်မနေနဲ့၊ ပစ်သာပစ်လိုက်။”

မင်းသားလျန် ကျိထျန်းက ပြောလိုက်သည်။ “အရှင် ရှမ့်လန်... ကျုပ် သတိပေးပြီးပြီနော်။ အချိန်တန်မှ ကျုပ်ကို အပြစ်မတင်နဲ့။”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ် သတိမပေးဘူးလို့ မပြောနဲ့အုံး။ ခင်ဗျားလည်း အဲဒီစကားကို သုံးလို့ ရတယ်။ ခင်ဗျားတို့ရဲ့ နဂါးနောင်တ လာမှာကို ကျုပ် စောင့်နေမယ်၊ လုံးဝ စောင့်နေမယ်။”

မင်းသားလျန်၏ မျက်နှာသည် ပြာနှမ်းသွားခဲ့သည်။ သူ မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။ “ခွင့်ပြုပါအုံး။”

ရှမ့်လန်က ပြောလိုက်၏။ “လိုက်မပို့တော့ဘူး မင်းသားလျန်။ ကျုပ်ရဲ့ တပ်တော်က မနက်ဖြန် မြောက်ဘက်ကို ချီတက်ပြီး ချန်မြို့တော်ကို တိုက်ခိုက်တော့မယ်။ ကျုပ်ဆီကို နဂါးနောင်တ ပစ်ဖို့ မမေ့နဲ့အုံး။ သေချာပေါက် ပစ်ရမယ်နော်။”

မင်းသားလျန် ကျိထျန်းက ပြောလိုက်သည်။ “ခင်ဗျားရဲ့ တပ်တော်က သေလမ်းရှာနေတာပဲ။ ကျုပ် ခင်ဗျားကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ စောင့်ကြည့်နေလိုက်ပါ။”

မင်းသားလျန် ကျိထျန်း ထွက်ခွာသွား၏။

ရှမ့်လန်သည် အထင်အမြင်သေးစွာ ပြုံးလိုက်ပြီး မျက်လုံးမှိတ်ကာ ပြန်အိပ်လိုက်သည်။

“အရှင်... သူ့ကို သတ်ဖို့ နည်းလမ်း ရှာရမလား။” ရွှယ်ရင်က မေးလိုက်၏။

ရှမ့်လန် ခေါင်းခါလိုက်သည်။ “နှစ်နိုင်ငံ စစ်ဖြစ်နေချိန်မှာ သံတမန်ကို မသတ်ရဘူး။”

… … …

ဆယ်ရက်ကျော် အနားယူပြီးနောက် နုရှောင့်မြို့၏ စစ်သည်ငါးသောင်းသည် ခဲယမ်း မီးကျောက်နှင့် ရိက္ခာများ ထပ်မံ ဖြည့်တင်းပြီး ဖြစ်သည်။ မင်းသားကျင်း၏အမိန့်နှင့်အတူ စစ်သည် ငါးသောင်းသည် မြောက်ဘက်သို့ ချီတက်လာပြီး တော်ဝင်ရင်အင်ပါယာ နယ်စပ်ကို တရားဝင် ဖြတ်ကျော်ကာ ချန်မြို့တော်ဆီသို့ ဦးတည်လိုက်ကြ၏။

… … …

ချန်မြို့တော် နန်းတော်၊ လျှို့ဝှက်ခန်းတစ်ခု အတွင်း၌ နုရှောင့်မြို့ သံတမန်အဖွဲ့ဝင် တစ်ရာကျော်ကို မြေပြင်ပေါ်တွင် ဖိထားပြီး လည်ပင်းပေါ်တွင် ဓားကြီးများ တင်ထားသည်။ အမိန့်တစ်ခွန်း ပေးလိုက်သည်နှင့် သူတို့အားလုံး ခေါင်းဖြတ်ခံရတော့မည်။

သို့သော်ငြား စုနန်နှင့် ချောင်ယောင်းအာတို့ ထိုနေရာတွင် မရှိကြပေ။ ရင်ကွမ်းသည် စိတ်ဓာတ်စစ်ဆင်ရေး လုပ်လိုသောကြောင့် ဤသာမန် အရာရှိ ၁၀၀ နှင့် စတင်လိုက်ခြင်း ဖြစ်သည်။

“အရှင်ရှမ့်လန်... ဒီလူတွေအားလုံးက ခင်ဗျားရဲ့ အရာရှိတွေပဲ။ တချို့ဆိုရင် ခင်ဗျားနောက်ကို အနောက်လောက ကနေ လိုက်လာကြတာ။ ခင်ဗျား သူတို့အပေါ် သံယောဇဉ် ရှိသင့်တယ် မဟုတ်လား။” ရင်ကွမ်းက မဲ့ပြုံး ပြုံးကာ ပြောလိုက်သည်။

မှန် မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် တွန့်သွား၏။

ရင်ကွမ်းက ပြောလိုက်သည်။ “ကျုပ် သတ်မှတ်ထားတဲ့ ရက်ချိန်း ပြည့်ဖို့ ရက်အနည်းငယ် လိုသေးပေမဲ့ တော်ဝင်ချန်တပ်တော်က မြောက်ဘက်ကို ချီတက်လာနေပြီ။ နောက်ကျသွားရင် အချိန်မမီတော့မှာ စိုးလို့။ ဒီနေ့ ကျုပ်ရဲ့ ဆန္ဒနဲ့ ပြတ်သားမှုကို ပြသဖို့ လူတစ်ရာကို အရင် သတ်ပြမယ်၊ ဘယ်လိုလဲ။”

“အရှင်ရှမ့်လန်... ရှေးဟောင်း နဂါးသေတ္တာကို ပေးလိုက်ပါ။ မဟုတ်ရင် ကျုပ် ဒီလူတစ်ရာကျော်နဲ့ စလိုက်တော့မယ်။ ဒါပေမဲ့ သူတို့က လူကောင်သေးလေးတွေပဲလေ၊ အရေးမပါပါဘူး။ သူတို့အသက်ကို ခင်ဗျား ဂရုစိုက်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်တယ်။ သူတို့နဲ့ စလိုက်မယ်၊ ပြီးရင် အဆင့်မြှင့်သွားမယ်။ နေ့တိုင်း လူတစ်ရာ သတ်မယ်။ နောက်ဆုံးကျမှ စုနန်နဲ့ ချောင်ယောင်းအာကို သတ်မယ်။

လူတစ်ယောက်ရဲ့ စိတ်ဓာတ် ခံစစ်စည်းကို ချိုးဖျက်ဖို့ဆိုရင် ဒီနည်းလမ်းက တစ်ခုတည်းသော နည်းလမ်းပဲလို့ ကျုပ် ကြားဖူးတယ်။ အခု ကျုပ် ရေတွက်တော့မယ်။ သုံး... နှစ်... တစ်...”

ရင်ကွမ်း ရုတ်တရက် လက်ဝှေ့ယမ်းလိုက်ရာ တော်ဝင်ရင်အင်ပါယာ၏ စစ်သည် တစ်ရာသည် ခေါင်းဖြတ်ရန် ဓားများကို ဝှေ့ယမ်းလိုက်ကြ၏။

“နေအုံး။”

မှန်က ပြောလိုက်သည်။ “ကျုပ်... ကျုပ် ကတိပေးတယ်။”

“ခင်ဗျား တကယ် ကတိပေးတာလား။”

ရင်ကွမ်းက ပြောလိုက်သည်။ “ဒါ ပထမဆုံး ဓားစာခံ အသုတ်ပဲ ရှိသေးတာ။ သူတို့ အားလုံးက အရေးမပါတဲ့ အရာရှိလေးတွေပါ။”

မှန်က ပြောလိုက်၏။ “ဒီနေ့ ကတိပေးတာ၊ မနက်ဖြန် ကတိပေးတာ၊ သဘက်ခါ ကတိပေးတာ ဘာကွာခြားလို့လဲ။ ကျုပ်ကို စုတ်တံနဲ့ မှင် ပေး၊ မင်းသားကျင်းဆီ အမိန့်တော် ပြန်တမ်း ရေးပေးမယ်။”

ခဏအကြာတွင် မှန်ရှေ့၌ မှင်၊ စက္ကူနှင့် မှင်အိုးတို့ ရောက်ရှိလာသည်။

မှန်သည် အသက်ပြင်းပြင်း ရှူသွင်းပြီးနောက် အမိန့်တော် ပြန်တမ်း တစ်စောင် ရေးလိုက်၏။ “မင်းသားကျင်း... နုရှောင့်မြို့ကို လူလွှတ်ပြီး နဂါးသေတ္တာ သွားယူခိုင်းလိုက်ပါ။ ပြီးရင် ရင်ကွမ်းကို ပေးပြီး စုနန်၊ ချောင်ယောင်းအာနဲ့ တခြား ဓားစာခံတွေ၊ ကျုပ်ကလွဲလို့ ကျန်တဲ့လူ အားလုံးနဲ့ လဲလှယ်လိုက်ပါ။”

တရုတ်ဘာသာစကားဖြင့် ရေးသားပြီးနောက် ရင်ကွမ်း လုံးဝ နားမလည်နိုင်သော စာအချို့ကို ရေးသားလိုက်သည်။

“ဒါက လျှို့ဝှက်စကားတွေလား။”

ရင်ကွမ်းက ရယ်မောလိုက်၏။ “ပြောမပြနိုင်တဲ့ သတင်းအချက်အလက် တချို့များ ပါနေသလား။”

ရှမ့်လန်က ပြောလိုက်သည်။ “ဒါက စကားဝှက်ပါပဲ။ မင်းသားကျင်းက ဒါ ကျုပ်ရဲ့ အမိန့်အစစ် ဆိုတာ သိလိမ့်မယ်။ အခုခေတ်မှာ အတုအပတွေက များလွန်းတယ်လေ။”

ရင်ကွမ်းသည် စာကို ယူကြည့်လိုက်သော်လည်း သိပ်ဂရုမစိုက်ပေ။ အတွင်းထဲတွင် လျှို့ဝှက်စကားလုံးများ ပါနေလျှင်ကော ဘာဖြစ်သနည်း။ မည်သို့ပင်ဆိုစေကာမူ သူ နဂါးသေတ္တာ မရလျှင် လူသတ်ပွဲ စတင်တော့မည် ဖြစ်သည်။ ရှမ့်လန်၏ စိတ်နေသဘောထားအရ သူ၏လူများ အသတ်ခံနေရသည်ကို လက်ပိုက်ကြည့်နေမည့် နည်းလမ်း မရှိပေ။

“ရင်ရင် ... ဝင်ခဲ့။” ရင်ကွမ်းက ပြောလိုက်သည်။

ခဏအကြာတွင် အမျိုးသမီး တစ်ဦး ဝင်လာသည်။ သူမသည် ရင်ကွမ်း၏ သမီး၊ တော်ဝင်ရင်အင်ပါယာ၏ မင်းသမီး ရင်ရင် ဖြစ်၏။

“သွား... အရှင်ရှမ့်လန်ရဲ့ ဒီအမိန့်တော်ကို မင်းသားကျင်းဆီ ပို့ပေးလိုက်။” ရင်ကွမ်းက ပြောလိုက်သည်။

“အမိန့်တော် အတိုင်းပါ။”

မင်းသမီး ရင်ရင်က ပြောလိုက်၏။ ဆယ့်ငါးမိနစ်အကြာတွင် သူမသည် ရှေးဟောင်းလင်းယုန်ကို စီးနင်းလျက် တောင်ဘက်သို့ ပျံသန်းထွက်ခွာသွား၏။

… …

တော်ဝင်ချန်တပ်တော်သည် တစ်ရက်လျှင် ကီလိုမီတာ ၁၅၀ နှုန်းဖြင့် မြောက်ဘက်သို့ ချီတက်လာကြသည်။ ချန်မြို့တော်သို့ ရောက်ရှိရန် ဆယ်ရက်ခန့် ကြာမြင့်ပေလိမ့်မည်။

တစ်ရက်ခွဲအကြာတွင် သူတို့သည် ယခင် ချင်နိုင်ငံသစ်၏ တောင်ဘက်အစွန်ဆုံး ခရိုင် ဖြစ်သော အန်းနန်ခရိုင်သို့ ရောက်ရှိလာကြသည်။

ထင်ထားသည့်အတိုင်း မည်သည့် ခုခံမှုနှင့်မျှ မကြုံတွေ့ရပေ။ မြို့ထဲမှ စစ်တပ်သည် လုံးဝ ပျောက်ကွယ် သွားသကဲ့သို့ ဖြစ်နေသည်။ ထိုတင် မကသေးပေ။ မင်းသားကျင်းသည် တပ်တော်ကို ဦးဆောင်ပြီး မြို့သို့ ရောက်ရှိလာချိန်မှာတော့ မြို့တံခါးများသည် တိတ်ဆိတ်စွာ ပွင့်သွားခဲ့၏။

မည်သည့် အရာရှိကမှ ထွက်မကြိုဆို၊ ပြည်သူများကလည်း အိမ်ထဲတွင် ပုန်းအောင်းနေကြသော်လည်း တစ်ဖက်တွင် ခုခံမည့် အရိပ်အယောင် လုံးဝ မပြပေ။ သူတို့သည် မြို့တံခါး ဖွင့်ပေးပြီး ကြိုဆိုနေကြသည်။ ယခင် တိုက်ပွဲ ပြီးနောက် အခြေအနေသည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

ယခင်က ချင်နိုင်ငံသစ်မှ ပြည်သူများသာ ရှမ့်လန်ကို ထောက်ခံခဲ့ကြသည်။ သို့သော်ငြား ခရိုင်မြို့မှ အရာရှိများ သည် ရင်ကွမ်းဘက်မှ ရပ်တည်နေဆဲ ဖြစ်သည်။ ယခုအခါ ခရိုင်မြို့မှ အရာရှိများပင် သူတို့၏ ရပ်တည်ချက်ကို ပြောင်းလဲလိုက်ကြပြီ ဖြစ်၏။

မင်းသားကျင်း ခေါင်းမော့ပြီး မြို့ကို တစ်ချက် ကြည့်လိုက်သည်။ တပ်တော်ကြီးသည်လည်း လုံးဝ ရပ်တန့်သွားခဲ့၏။ ယခုအချိန်တွင် မြို့ကို ဖြတ်သွားလျှင် အချိန်များစွာ သက်သာပေလိမ့်မည်။ မြို့ထဲသို့ မဝင်ဘဲ ရှောင်သွားမည် ဆိုပါက ကီလိုမီတာ ၁၀၀ နီးပါး ကွေ့ဝိုက်သွားရပေလိမ့်မည်။

ထိုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးများက သူ့တပ်တော်ကို စိုက်ကြည့်နေကြောင်း မင်းသားကျင်း ခံစားမိနေသည်။ အချိန် အတော်ကြာပြီးနောက် မင်းသားကျင်းက ပြောလိုက်သည်။ “တပ်တော်က မြို့ထဲ မဝင်ဘူး။ ရှောင်သွားကြမယ်။”

မင်းသားကျင်း၏ အမိန့်နှင့်အတူ စစ်သည် ငါးသောင်းသည် မြို့ကို ကွေ့ဝိုက်ပြီး မြောက်ဘက်သို့ ဆက်လက် ချီတက်သွားကြ၏။

ချက်ချင်းပဲ မြို့ထဲမှ အရာရှိများနှင့် ပြည်သူများသည် အခြားသော စိုးရိမ်ပူပန်မှု တစ်မျိုးထဲသို့ ကျရောက်သွားကြသည်။

‘ဒါက ဘာသဘောလဲ။ တော်ဝင်ချန်အင်ပါယာရဲ့ တပ်တော်က ကျုပ်တို့ကို စိတ်မချတာလား။ ကျုပ်တို့က အရမ်း အေးစက်လွန်းတယ်၊ တန်းစီပြီး ကြိုဆိုသင့်တယ်လို့ ထင်နေကြတာလား။ ရေနွေးကြမ်း တိုက်ရမလား။ ဒါက နည်းနည်း မများလွန်းဘူးလား။

ဘာပဲပြောပြော တော်ဝင်ရင်အင်ပါယာ တစ်ခုလုံးက ရင်ကွမ်း လက်ထဲမှာ ရှိနေတုန်းပဲလေ။ ချန်မြို့တော် ကလည်း သူ့လက်ထဲမှာ ရှိနေတုန်းပဲ။ အင်ပါယာရှမ့်လန်တောင် သူ့လက်ထဲ ရောက်နေတာ။ နောက်ပိုင်း တော်ဝင်ချန်အင်ပါယာသာ ရှုံးသွားရင်၊ ကျုပ်တို့က လုံးဝ အညံ့ခံလိုက်မယ်ဆိုရင် ဘာဖြစ်သွားမလဲ။ အရာရှိတွေနဲ့ သူတို့ မိသားစုတွေ အသက်အန္တရာယ် မစိုးရိမ်ရဘူးလား။ ဒါမှမဟုတ် တော်ဝင်ချန်အင်ပါယာရဲ့ တပ်တော်က မကျေနပ်မှုကို ပြသနေတာ မဟုတ်ဘဲ ကျုပ်တို့ကို မထိခိုက်စေချင်လို့များလား။’

သို့သော်ငြား မြို့ထဲမှ အရာရှိများနှင့် ပြည်သူများ မည်သို့ပင် တွေးနေပါစေ၊ မင်းသားကျင်းသည် တပ်တော်ကို ဦးဆောင်ပြီး ထွက်ခွာသွား၏။

… …

သုံးရက်မြောက်နေ့ စခန်းချနေစဉ် ....

“မင်းသား... ချန်မြို့တော်က သံတမန် ရောက်နေပါတယ်။”

မင်းသားကျင်း အံ့သြသွားခဲ့သည်။ ချန်မြို့တော်က သံတမန်က ဘယ်သူ ဖြစ်သနည်း။ ခဏအကြာတွင် မင်းသားကျင်း ရှေ့၌ အမျိုးသမီး တစ်ဦး ပေါ်လာသည်။ သူမသည် အသက် ၃၀ ခန့် ရှိမည်။

“ကျွန်မ နာမည် ရင်ရင် ပါ။ တော်ဝင်ရင်အင်ပါယာရဲ့ မင်းသမီးပါ။” အမျိုးသမီးက ပြောလိုက်သည်။

မင်းသားကျင်းက ပြောလိုက်၏။ “မင်းသမီးရင်... ဘာကိစ္စ ရှိပါသလဲ။”

ရင်ရင်သည် ပစ္စည်းတစ်ခုကို ကမ်းပေးပြီး ပြောလိုက်သည်။ “ဒါက ရှမ့်လန်ရဲ့ အမိန့်တော် ပြန်တမ်းပါ။”

မင်းသားကျင်း ယူကြည့်လိုက်သည်။ သူသည် အောက်ခြေရှိ လျှို့ဝှက်စာသားကို အရင် ကြည့်လိုက်ပြီးမှ အပေါ်ရှိ စာသားများကို ဖတ်လိုက်၏။

မင်းသမီး ရင်ရင်က ပြောလိုက်သည်။ “အမိန့်တော်ကို နာခံမှာလား။”

မင်းသားကျင်းသည် စာကို စားပွဲပေါ် တင်လိုက်ပြီး ဦးညွှတ်လိုက်၏။ “အမိန့်တော် အတိုင်းပါ။”

ထို့နောက် မင်းသားကျင်းက တော်ဝင်ရင်အင်ပါယာ မင်းသမီးကို ပြောလိုက်သည်။ “မင်းသမီး ပြန်ပြီး သတင်းပို့လို့ ရပါပြီ။”

မင်းသမီး ရင်ရင်သည် မလှုပ်မယှက် ရပ်နေ၏။

မင်းသားကျင်းက ပြောလိုက်သည်။ “သခင်မ ရွှယ်ရင်ကို ဖိတ်လိုက်စမ်း။”

ခဏအကြာတွင် ရွှယ်ရင် ဝင်လာပြီး အလိုအလျောက် ရင်ရင်ကို တစ်ချက် ကြည့်လိုက်သည်။ တော်ဝင်ချန် အင်ပါယာခေတ်က ရင်ရင်သည် ကလေးမလေး တစ်ယောက်သာ ရှိသေးသည်။ အခုတော့ အိမ်ထောင်ကျနေပြီဖြစ်၏။

မင်းသမီး ရင်ရင်မှာ အလွန် အေးစက်ပြီး မာနကြီးပုံ ပေါ်သည်။ သူမသည် ရွှယ်ရင်ကို လုံးဝ လျစ်လျူရှုထားသည်။ သူမသည် ရင်ဝူမင်၊ ရင်ဝူချယ်တို့နှင့် မတူညီသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ သူမသည် များစွာ ငယ်ရွယ်သည်။ အရှင် ကျန်းလီ ပျက်စီးသွားချိန်တွင် သူမသည် သုံးနှစ်၊ လေးနှစ် အရွယ်သာ ရှိသေးသည်။ ထို့ကြောင့် တော်ဝင်ချန်အင်ပါယာ မည်မျှ အင်အားကြီးမားခဲ့ကြောင်း သူမ လုံးဝ မသိရှိပေ။

သူမ မှတ်မိသလောက် သူမသည် တော်ဝင်ရင်အင်ပါယာ၏ မင်းသမီး ဖြစ်နေခဲ့ပြီ။ သူမသည် ဇိမ်ခံဘဝဖြင့် နေထိုင်ရရုံသာမက သူမ ပြောသမျှ အတည်ဖြစ်ခဲ့သည်။ သူမ၏ ညီမနှစ်ယောက်အနက် တစ်ယောက်သည် တော်ဝင်ရန် အင်ပါယာနှင့် လက်ထပ်ခဲ့ပြီး အခြားတစ်ယောက်သည် ကျင်းနိုင်ငံနှင့် လက်ထပ်ခဲ့သည်။

သူမ တစ်ယောက်တည်းသာ စေတီတောင်မှ ရန်တန်ရှောင်နှင့် လက်ထပ်ခဲ့သည်။ သူမသည် စေတီတောင်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သည်။ ထို့ကြောင့် သူမ၏ညီမနှစ်ယောက်နှင့် ယှဉ်လျှင် ပိုမို မျက်နှာသာပေးခံရသည်။ မည်သို့ပင် ဆိုစေကာမူ သူမသည် သေချာပေါက် စေတီတောင်၏လူ တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။

မင်းသားကျင်းက စာကို ရွှယ်ရင်အား ပေးလိုက်ပြီး ပြောလိုက်၏။ “ဒါ အရှင်ရဲ့ အမိန့်တော်ပါ။”

ရွှယ်ရင် စာကို ယူကြည့်လိုက်သည်။ သူမသည် စာလုံးတိုင်းနှင့် လျှို့ဝှက်စာသားတိုင်းကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။

မင်းသားကျင်းက ပြောလိုက်၏။ “သခင်မ ရွှယ်ရင်... ဒီကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ပေးပါ။ နုရှောင့်မြို့ ကနေ နဂါးသေတ္တာ သွားယူဖို့ နည်းလမ်း ရှာပါ။ ဒါပေမဲ့ လျှို့ဝှက် လုပ်ဆောင်ရပါမယ်။”

ရွှယ်ရင်က ပြောလိုက်သည်။ “ကောင်းပါပြီ။ ကျွန်မ အခု သွားလိုက်ပါ့မယ်။”

ထို့နောက် သူမ ထွက်ခွာသွားပြီး ပျံသန်း သားရဲကို စီးနင်းလျက် နုရှောင့်မြို့ ရှိရာဘက်သို့ ပျံသန်းထွက်ခွာသွား၏။

တော်ဝင်ရင်အင်ပါယာ မင်းသမီး ရင်ရင်က ပြောလိုက်သည်။ “ခွင့်ပြုပါအုံး။”

သူမသည် သတင်းပို့ရန် ချန်မြို့တော်သို့ ပြန်သွား၏။

… …

All Chapters