← Chapters

အစိမ်းသရဲမြို့တော်

Vol. 3 Ch. 299

အစိမ်းသရဲမြို့တော်

Vol. 3 Ch. 299

ယန့်ပုကွေး ထွက်ခွာသွားပြီ ဖြစ်လေသည်။

ဆန်းလျန်ကတော့ ကျီဖူတောင်ထိပ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေသည်။

သူက ကျီဖူတောင်ထိပ်တွင် တင်ပျဉ်ခွေ ချိတ်ထိုင် နေလေသည်။ ခရမ်းရောင် တိမ်တိုက်များက သူ့ကို ဝန်းရံ နေကြလေသည်။ သူ၏ ပုံသဏ္ဌာန်ကို မြင်တွေ့ရသည်မှာ အထီးကျန် ဆန်လွန်း လှလေသည်။

ကူးချိုင်ဝေ့က ဆန်းလျန်ကို လာကြည့် သွားသေးသည်။

ဆန်းလျန် အေးအေးဆေးဆေး တရားထိုင်နေသည်ကို တွေ့ရသည့် အတွက် သူမက မနှောင့်ယှက်တော့ဘဲ ပြန်လည် ထွက်ခွာသွားလေသည်။ ဆန်းလျန်နှင့် ကူးချိုင်ဝေ့မှာ လွန်ခဲ့သည့် တစ်လခန့်က တွေ့ဆုံ ခဲ့ပြီးသည့်နောက် တွေ့ဆုံဖြစ်ခဲ့ခြင်း မရှိပေ။ ယခု ဆန်းလျန်၏ အခြေအနေကို ကြည့်ရသည်မှာ အလွန်မှ အဆင်ပြေ နေပုံ ရလေသည်။

ဆန်းလျန်မှာ ဆံစမှ ခြေဖျား အဆုံး သန့်စင် ကြည်လင်နေပြီး ကိုယ်ရောင် ကိုယ်ဝါများလည်း တောက်ပလျက် ရှိလေသည်။ သူ့ကို ကြည့်ရသည်မှာ ဖယောင်း ရုပ်လေး တစ်ရုပ်နှင့်ပင် တူလေသည်။ သို့သော် သူ၏ ခန္ဓာကိုယ်ကတော့ ဖန်သားပြင်အလား ကြည်လင်နေပြီး ဖုံမှုန့်လေး တစ်စပင် ကပ်ငြိနေခြင်း မရှိပေ။

ဆန်းလျန်၏ သြဇာတိက္ကမနှင့် ပြည့်စုံသည့် ပုံသဏ္ဌာန်မှာ အလွန်မှ ခမ်းနား လွန်းလေသည်။ သူ၏ ပုံစံမှာ လောကကို ကျော်လွန် သွားသည့် မိုးကောင်းကင် ကိုးထပ်မှ နတ်ဒေဝါများ အလားပင် ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ မျက်ဝန်းများကို ကြည့်မိမည် ဆိုလျှင်တော့ ထိတ်လန့် တုန်လှုပ် သွားမည်မှာ အမှန်ပင် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် ဆန်းလျန်၏ မျက်ဝန်းများမှာ တောက်ပမှု မရှိဘဲ အခေါင်းပေါက်ကြီး အလား ဖြစ်နေသောကြောင့်ပင်။

ထိုမျက်လုံများမှာ လူသားတစ်ယောက်၏ မျက်လုံးများ မဟုတ်ပါ။ ထို့အတူ နတ်ဘုရား တစ်ပါး၏ မျက်လုံးများလည်း မဟုတ်ပေ။

ဆန်းလျန်မှာ ရုပ်ခန္ဓာ အခွံကြီးသာ ကျန်ရှိနေပြီး ဝိညာဉ်က ထွက်ခွာ သွားပြီ ဖြစ်လေသည်။

ဆန်းလျန်၏ ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိမနေတော့ပေ။ သူ၏ဝိညာဉ်သည် ထိုက်ဝေ့ထိုင် ခန်းမဆောင် အတွင်းသို့ ရောက်ရှိနေလေသည်။

ထိုက်ဝေ့ထိုင် ခန်းမဆောင်သည် ထူးဆန်းလွန်းသည့် ခန်းမဆောင် တစ်ခုဖြစ်လေသည်။ မိုးကောင်းကင် နတ်မိစ္ဆာဝိညာဉ်သည် ထိုက်ဝေ့ထိုင် ခန်းမဆောင်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ ထို့ကြောင့် မည်သူမျှ သတိမထားမိခြင်း ဖြစ်လေသည်။ ထိုမိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်သည် ထိုက်ဝေ့ထိုင် ခန်းမဆောင်နှင့် တစ်သားတည်း ပေါင်းစပ်နေဟန် ရှိပြီး မိစ္ဆာဝိညာဉ်လည်း ဖြစ်နိုင်သလို တာအိုဝိညာဉ်လည်း ပြောင်းလဲ နိုင်စွမ်း ရှိလေသည်။

ဆန်းလျန်၏ ရုပ်ခန္ဓာသည် ကျီဖူတောင်ထိပ်ရှိ အစိမ်းရောင် ကျောက်တုံးကြီးပေါ်တွင် ထိုင်လျက် ရှိနေလေသည်။ မိုးမြေစွမ်းအားများကို စုပ်ယူကာ အသက်ရှူသွင်း ရှူထုတ် ပြုလုပ် နေလေသည်။ ပတ်ဝန်းကျင်တွင် သစ်ခွပန်းလေးများက လှပစွာ ပွင့်လန်း နေလေသည်။ နှင်းစက်လေးများက ကျောက်တုံးကြီး ပေါ်သို့ တစ်စက်ချင်း ကျနေပြီး ဆန်းလျန်၏ ကောင်းမြတ်ခြင်း တရားများနှင့် ပေါင်းစပ်သွားကာ ကျောက်တုံးကြီးမှာ အသက်ဓာတ် စွမ်းအားများနှင့် ပြည့်ဝ နေလေတော့သည်။

အစိမ်းရောင် ကျောက်တုံးကြီးသည် အနည်းငယ်မျှ လောက်သော အသက်ဓာတ် စွမ်းအား ပမာဏလေးများကို နှစ်ပေါင်းများစွာ စုပ်ယူလာလေရာ ယခုအချိန်တွင်တော့ အသက်ဓာတ် စွမ်းအားများ ပြင်းထန်နေပြီး သတ္တဝါကြီး တစ်ကောင် အလားပင် ပြောင်းလဲနေပြီ ဖြစ်လေသည်။

သို့သော် ဆန်းလျန်ကတော့ ထိုကျောက်တုံးကြီး အကြောင်းကို စိတ်မဝင်စားနိုင်အားပါ။ သူ၏ ဝိညာဉ်သည် ထူးဆန်းသည့် နေရာတစ်ခုသို့ ရောက်ရှိ နေလေသည်။

အကန့်အသတ် မရှိသည့် စကြဝဠာကြီးထဲတွင် လူသားခန္ဓာဖြင့် သွားရောက်နိုင်ခြ င်းမရှိသည့် နယ်ပယ်ပေါင်း များစွာ ရှိလေသည်။ စိတ်အာရုံ စူးစိုက်မှုကို အသုံးပြုပြီး အာရုံခံ ကြည့်မည် ဆိုလျှင်ပင် ထိုကဲ့သို့သော နေရာမျိုးများကို အာရုံခံ၍ ရနိုင်မည် မဟုတ်ပေ။ သို့သော် ထိုနေရာများသည် အမှန်တကယ် တည်ရှိသည့် နေရာများ ဖြစ်လေသည်။

ထိုနေရာများသည် အိပ်မက်မက်သည်နှင့် ဆင်တူလေသည်။ တစ်ခါတစ်ရံတွင် လူသားများသည် မိမိတို့ တစ်ခါမှ မရောက်ဖူးသည့် နေရာများကို အိပ်မက်ထဲတွင် ရောက်သွား တတ်ကြလေသည်။ အိပ်မက်မှ နိုးထလာသည့် အခါ ထိုနေရာများမှာ လူ့လောကတွင် မည်သည့် နေရာတွင်မှ မရှိသည့် နေရာများ ဖြစ်နေတတ်လေသည်။

ဆန်းလျန်၏ ဝိညာဉ်မှာ မိုးကောင်းကင် နတ်မိစ္ဆာ ဝိညာဉ်နောက်သို့ လိုက်ရင်း ထိုက်ဝေ့ထိုင် ခန်းမဆောင် အတွင်းသို့ ရောက်ရှိလာခြင်း ဖြစ်လေသည်။ သို့သော် ရုတ်တရက်ပင် ဆန်းလျန်၏ ဝိညာဉ်သည် ထူးဆန်းသည့် နေရာ တစ်ခုသို့ ရောက်ရှိ သွားလေသည်။ သူ့ရှေ့တွင် မြို့ရိုးကြီး တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုမြို့ရိုး တံခါးထိပ်တွင် စကားလုံး ခြောက်လုံး ရေးသား ထားလေသည်။

"အစိမ်းသရဲ မြို့တော်"

အစိမ်းသရဲ မြို့တော်ဆိုသည်မှာ အစိမ်းသေဖြင့်သေပြီးသည့်နောက် တစ္ဆေသရဲဖြစ်နေသူများ နေထိုင်ရာ မြို့တော် ဖြစ်လေသည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေကြသူများ၊ အန္တရာယ် ကျရောက်ပြီး သေကြသူများ၊ စစ်အတွင်း သေကြသူများ၊ မတော်တဆမှုများဖြင့် သေကြသူများ၊ အသတ်ခံရသူများ စသည့် အစိမ်းသေဖြင့် သေသည့်လူများသည် အစိမ်းသရဲ မြို့တော်သို့ ရောက်ရှိလာကြ ရလေ့ရှိလေသည်။

အစိမ်းသရဲ မြို့တော်သည် အသူရာ ချောက်ကိုးထပ်နှင့် သက်ဆိုင်သည့် နေရာတစ်ခု မဟုတ်ပေ။ အစိမ်းသေ သေကြသူများသည် များသောအားဖြင့် ကျွတ်လွတ်နိုင်ခြင်း မရှိကြပေ။ သူတို့သည် နေရာ အတည်တကျမရှိ လေလွင့် ဝိညာဉ်များ အဖြစ် ဝမ်းနည်း ပူဆွေး နေကြရလေသည်။ ဗုဒ္ဓဘာသာ ဂိုဏ်းတစ်ဂိုဏ်းမှ တရားအလင်း ရသွားသည့် ဘုန်းတော်ကြီး တစ်ပါးသည် ထိုဝိညာဉ်များကို ကိုယ်ချင်း စာသည့်စိတ်ဖြင့် အစိမ်းသရဲ မြို့တော်ကို တည်ထောင် ပေးခဲ့ခြင်း ဖြစ်လေသည်။

အစိမ်းသရဲ မြို့တော်သို့ မည်သည့် သက်ရှိ သတ္တဝါမှ ဝင်ရောက်နိုင်ခြင်း မရှိပေ။ အချို့သော လောကနတ် ဘုရားများကတော့ ထူးဆန်းသည့် ကျင့်စဉ်ပညာများ အသုံးပြုကာ ဝင်ရောက် နိုင်လေသည်။ သို့သော် သက်ရှိ လူသားများကတော့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။ ထိုနေရာသည် အစိမ်းသေ သေသူများအတွက် သီးသန့် တည်ထားသည့် နေရာတစ်ခု ဖြစ်လေသည်။

ဆန်းလျန်မှာတော့ သက်ရှိ လူသားတစ်ဦး ဖြစ်လေသည်။ သို့သော် သူက ဝိညာဉ် ခရီး သွားပုံစံမျိုးဖြင့် အစိမ်းသရဲ မြို့တော်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။

အစိမ်းသရဲ မြို့တော်သည် ထိုက်ဝေ့ထိုင် ခန်းမဆောင်ထဲတွင် တည်ရှိနေခြင်း ဖြစ်နိုင်လေသည်။ အထူး ဖန်ဆင်းထားသည့် နေရာတစ်ခု ဖြစ်သည့်အတွက် ချင်းရွှမ်နတ်တံခါးမှ မည်သည့် ကျင့်ကြံသူကမှ ထိုနေရာကို ရှာဖွေ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ပေ။

အစိမ်းသရဲ မြို့တော်တွင် ဝိညာဉ်စွမ်းအားများ ရှိမနေပါ။ အသက်ဓာတ် စွမ်းအားများလည်း ရှိမနေပါ။

ဆန်းလျန်သည် အစိမ်းသရဲ မြို့တော် အတွင်းသို့ လှမ်းဝင်လိုက်သည်။ သို့သော် ဆန်းလျန် ခြေတစ်လှမ်း လှမ်းလိုက်ရုံသာ ရှိသေးသည်။ အလွန်လျင်မြန်သည့် အရှိန်အဟုန်ဖြင့် အစိမ်းသရဲ မြို့တော် အတွင်းသို့ ချက်ချင်း ရောက်ရှိ သွားလေတော့သည်။

အစိမ်းသရဲ မြို့တော်ထဲတွင် ဆိုင်ခန်း ပေါင်းများစွာနှင့် ပျံကျ ဈေးဆိုင်ပေါင်း များစွာကို တွေ့ရလေသည်။ ထို့ပြင် လက်ပွေ့လမ်းလျှောက် ဈေးသည်များလည်း များစွာ ရှိနေသေးသည်။ မြို့တော်ထဲတွင် မြစ်တစ်စင်းလည်း စီးဆင်း နေလေသည်။ ထိုမြစ်၏ ပုံသဏ္ဌာန်မှာ ဝိညာဉ်မြစ်နှင့် ဆင်တူလေသည်။ မတူညီသည့် အချက်မှာတော့ မြစ်ကမ်း တစ်လျှောက်လုံးတွင် လူနေ အိမ်ခြေများဖြင့် ပြည့်နေခြင်းပင် ဖြစ်လေသည်။

နွားများ၊ မြည်းများ၊ လှည်းများ၊ ဝေါယဉ်များ၊ လှေများကိုလည်း အမျိုးအစား စုံလင်စွာဖြင့် မြင်တွေ့ နိုင်လေသည်။ အိမ်များမှာလည်း အကြီးအငယ် အရွယ် စုံလင်စွာဖြင့် ရှိနေပြီး တံတားများ၊ မျှော်စင်များ၊ အဆောက်အဦကြီးများကိုလည်း တွေ့ရလေသည်။

အစိမ်းသရဲ မြို့တော်သာ ဆိုရသည် အရာအားလုံးသည် လူ့လောကမှ မြို့တစ်မြို့နှင့်မခြား အားလုံးနီးပါး ဆင်တူနေလေသည်။

ဆန်းလျန်သည် မြို့တော်ထဲတွင် စိတ်လက်ပေါ့ပါးစွာပင် လမ်းလျှောက် လာလေသည်။ သူ့ကို ကြည့်ရာသည်မှာ မြို့တော် အတွင်းသို့ အလည်အပတ် ထွက်လာသည့် သခင်လေး တစ်ပါးနှင့်ပင် ဆင်တူလေသည်။

သခင်လေး တစ်ပါးဖြင့် ပိုတူစေရန် အတွက် ယပ်တောင် တစ်ချောင်းတော့ ဝယ်မှပဲဟု ဆန်းလျန် တွေးလိုက်မိသည်။ သူ့အတွေး ဆုံးသွားသည်နှင့် ယပ်တောင်များ ရောင်းချသည့် ဈေးဆိုင်ငယ် တစ်ခု သူ့ရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။

ဆန်းလျန်၏ စိတ်ထဲတွင် ထူးဆန်း သွားရလေသည်။

ဆန်းလျန်က ယပ်တောင်များကို တစ်ချောင်းပြီး တစ်ချောင်း ရွေးချယ်နေပြီးမှ ယပ်တောင် တစ်ချောင်းကို ကောက်ကိုင်လိုက်သည်။

"ဒီယပ်တောင်က ဘယ်လောက်လဲ"

ဟု မေးလိုက်လေသည်။

"ကြေးပြားဆယ်ပြား"

ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။

ဆန်းလျန်က ယပ်တောင်ကို ပြန်ချလိုက်ပြီး နောက်ထပ် ယပ်တောင် တစ်ချောင်းကို ကောက်ကိုင် လိုက်ပြန်သည်။

"ဒီယပ်တောင်ကရော ဘယ်လောက်လဲ"

"ကြေးပြား ဆယ်ပြား"

ဆိုင်ရှင်က ပြန်ဖြေလိုက်ပြန်သည်။

ဒုတိယ ယပ်တောင်မှာ ပထမ ယပ်တောင်ထက် ပိုပြီး လှပသလို လက်ရာလည်း သေသပ် လှပလေသည်။ သို့သော် ရောင်းသူကတော့ "ကြေးပြားဆယ်ပြား" ဟူ၍သာ တွင်တွင် ပြောနေလေတော့သည်။

ဆန်းလျန်က ယပ်တောင် တစ်ချောင်းပြီး တစ်ချောင်းပြကာ ဈေးများ မေးလိုက်လေသည်။ သို့သော် ဈေးနှုန်းမှာ "ကြေးပြား ဆယ်ပြား" မှ လွဲပြီး ပြောင်းလဲ သွားခြင်း မရှိပေ။

ဆန်းလျန်သည် အခြား ဈေးသည်များဆီသို့ လှည့်လည် သွားလာရင်း ဈေးများမေးကာ စမ်းသပ်မှုများ ပြုလုပ်ကြည့် လိုက်လေသည်။ ဈေးသည် အများစုသည် တူညီသည့်စကား တစ်ခွန်း နှစ်ခွန်းမျှကိုသာ ပြောကြလေသည်။ အချို့ဈေးသည်များ ဆိုလျှင် စကားပင် မပြောကြပေ။ သူတို့ အားလုံး၏ အပြုအမူများမှာလည်း အတူတူပင် ဖြစ်နေကြလေသည်။

သူတို့သည် သေပြီးသော သူများ၏ ဝိညာဉ်များ ဖြစ်ကြလေသည်။

သို့သော် သစ်ပင်များနှင့်  ကျောက်တုံးများ အလား ခံစားချက်လည်း မရှိ၊ အသိစိတ်လည်း မရှိကြပေ။

အတိအကျ ပြောရလျှင် အစိမ်းသရဲ မြို့တော်မှ ဝိညာဉ်များကို ဝိညာဉ်ဟူ၍ပင် ဆို၍မရနိုင်ပေ။ ဝိညာဉ်၊ တစ္ဆေသရဲ ဆိုသည်က အသိစိတ် ရှိနေသေးသည်။ အချို့တစ္ဆေ သရဲများဆိုလျှင် လူနှင့်ပင် အင်မတန် နီးစပ်ပြီး အသိစိတ် မြင့်မားကြသေးသည်။

အစိမ်းသရဲ မြို့တော်မှ ဝိညာဉ်များကတော့ အရေးကြီးသည့် တစ်စုံတစ်ခုကို ဆုံးရှုံးထားကြပုံ ရလေသည်။ ထိုအရာမှာ "ဝိညာဉ် အလင်းဓာတ်" ဖြစ်လေသည်။

သက်ရှိ သတ္တဝါတိုင်းနှင့် ဝိညာဉ်တိုင်းတွင် ဝိညာဉ် အလင်းဓာတ် ရှိကြလေသည်။ ထို့ကြောင့် ကိုယ်ပိုင် ဖြစ်တည်မှုနှင့်အသိတရား ရှိကြခြင်း ဖြစ်လေသည်။

ဆန်းလျန်သည် အစိမ်းသရဲ မြို့တော် တစ်ခုလုံးကို လှည့်လည်ကြည့်ရှု စစ်ဆေး ကြည့်လိုက်လေသည်။ နောက်ဆုံးတွင်တော့ ဝိညာဉ် အားလုံးမှာ ဝိညာဉ် အလင်းဓာတ်များ ဆုံးရှုံး ထားကြသည်ကို သူသဘောပေါက် လိုက်လေသည်။

သို့သော် ဆန်းလျန်သည် ထိုလေလွင့် ဝိညာဉ်များထဲတွင် မိုးကောင်ကင် နတ်မိစ္ဆာဝိညာဉ်ကို အရိပ်အယောင်ပင် မတွေ့ရပေ။

အစိမ်းသရဲ မြို့တော်တွင် ဆန်းလျန် မသွားရသေးသည့် နေရာ တစ်နေရာ ကျန်ရှိ နေသေးသည်။

အဘယ်ကြောင့် ထိုနေရာသို့ မသွားရ သေးပါသနည်း။ ထိုနေရာသည် ရုတ်တရက်ပင် ပေါ်ပေါက်လာသည့် နေရာတစ်ခု ဖြစ်သောကြောင့် ဖြစ်လေသည်။

ရုတ်တရက် ပေါ်ပေါက်လာသည့် တာအို ကျောင်းဆောင် တစ်ခုဖြစ်လေသည်။

ဆန်းလျန်သည် တာအို ကျောင်းဆောင် အတွင်းသို့ ဝင်ရောက်

သွားလေသည်။ သူ၏စိတ်ထဲတွင် ထိုတာအို ကျောင်းဆောင်ကို ရင်းနှီးနေသလို ခံစား လိုက်ရလေသည်။ ထိုတာအို ကျောင်းဆောင်မှာ ကျီဖူတောင်ထိပ်မှ ဆရာဘွားဘွား လီချင်းဆွေ၏ ကျောက်နံရံများဖြင့် ကာရံထားသည့် တာအို ကျောင်းဆောင်နှင့် ဆင်တူနေလေသည်။ ကျောင်းဆောင်ထဲတွင် ဆရာဘွားဘွား လီချင်းဆွေ၏ ပုံတူ ပန်းချီကားကို တွေ့ရလေသည်။ အထီးကျန် ဆန်သည့်တိုင် စိုးရိမ်စိတ်မရှိ လွတ်လပ်သည့် အမူအရာကို တွေ့မြင်ရလေသည်။

ဆရာဘွားဘွား၏ ပန်းချီကား ဘေးတွင် နောက်ထပ် ပန်းချီကား တစ်ခု ချိတ်ဆွဲ ထားလေသည်။ ထိုပန်းချီကားမှာ မိန်းမပျို တစ်ယောက်၏ ပုံတူ ပန်းချီကား ဖြစ်လေသည်။ အမျိုးသမီး တာအိုကျင့်ကြံသူ တစ်ယောက် ဖြစ်ကြောင်းကို မြင်ရုံဖြင့် သိနိုင်လေသည်။

သူမ၏ အလှတရားမှာ ထူးခြားပြီး ကျက်သရေ ရှိလှလေသည်။ သူမကို တွေ့မြင်ရသည်မှာ နူးညံ့သည့် အပြာရောင် တိမ်တိုက်လေး တစ်ခုကို တွေ့မြင်ရသည့် အလားပင် ခံစားရလေသည်။

ထိုမိန်းမပျို၏ ပန်းချီကားကို ယခင်ကလည်း ဆန်းလျန် မြင်တွေ့ဖူးလေသည်။ သူမသည် ကျိလင် နတ်သမီး၏ တပည့်၊ ဆန်းလျန်နှင့် တစ်ကြိမ် တစ်ခါမျှပင် ဆုံတွေ့ လိုက်ရခြင်း မရှိသည့် ဆန်းလျန်၏ ဆရာဖြစ်သူ ပိယွင်နတ်သမီးပင် ဖြစ်လေသည်။

ပိယွင်နတ်သမီး၏ ပန်းချီကားကို ကူးချိုင်ဝေ့ သူ့ကို ပြသည့် အချိန်တုန်းက သူဂါရဝ ပြုခဲ့ဖူးလေသည်။

အမှန်တော့ ကျိလင် နတ်သမီးသည် ပိယွင်အပေါ်တွင် မျှော်လင့်ချက်များစွာ ထားရှိခဲ့သူ ဖြစလေသည်။

ထို့ကြောင့်လည်း ကျိလင် နတ်သမီးသည် ချင်းရွှမ် နတ်တံခါးအတွက်ရော တပည့်ဖြစ်သူ ပိယွင် အတွက်ပါ ယန်ရွှီးကို အလွတ် မပေးဘဲ လက်စား ချေခဲ့ခြင်း ဖြစ်လေသည်။ သူမသည် ယန်ရွှီးနောက်သို့ ဆယ်နှစ်ကျော် ကြာအောင် လိုက်လံ လက်စားချေခဲ့သူ ဖြစ်လေသည်။

အကယ်၍ ပိယွင်သာ သေဆုံးသွားခြင်းမရှိဘဲ နတ်ဘုရား တစ်ပါးအဖြစ် တက်ရောက် နိုင်ခဲ့ပါက ချင်းရွှမ် နတ်တံခါးသည် ယခုကဲ့သို့ ဆုတ်ယုတ် ကျဆင်းသည့် အနေအထားသို့ ရောက်ရှိလာမည် မဟုတ်ပေ။

ဆန်းလျန် အတွေးထဲတွင် နစ်မျော နေသည့်အချိန်…

ဓားဝိညာဉ် တစ်ခုသည် တိတ်ဆိတ်စွာဖြင့် ထွက်ပေါ်လာလေသည်။

ထိုဓားဝိညာဉ်မှာ အလွန် ရင်းနှီးနေသည်ဟု ဆန်းလျန် ခံစားလို က်ရလေသည်။ ထိုဓားဝိညာဉ်မှာ ချန်ကျန့်မေ၏ သဏ္ဌာန်မဲ့ ဓားဝိညာဉ်ပင် ဖြစ်လေသည်။ သဏ္ဌာန်မဲ့ ဓားဝိညာဉ်မှာ ပြီးပြည့်စုံလုနီးပါး ထက်မြက် နေလေသည်။ ကြည်ရသည်မှာ ချင်းရွှမ် နတ်တံခါးတွင် ချန်ကျန့်မေအပြင် သဏ္ဌာန်မဲ့ ဓားသိုင်းပညာဖြင့် ဟိုင်သန်း အဆင့်ကို တက်ရောက်ခဲ့သည့် တပည့် တစ်ယောက် ရှိခဲ့ပေလိမ့်မည်။

သို့သော် ထိုသူ၏ သဏ္ဌာန်မဲ့ ဓားသိုင်းပညာသည် ချန်ကျန့်မေ ထက်တော့ သာလွန်ခြင်း မရှိပေ။

ဓားဝိညာဉ်သည် ဆန်းလျန်နှင့် နီးကပ် လာလေသည်။ ဆန်းလျန်သည် ပါးစပ်ကို အသာ ဖွင့်ဟ လိုက်လေသည်။ ဆန်းလျန် ပါးစပ်အတွင်းမှ ကြီးမားသည့် တန်ခိုးစွမ်းအား တစ်ခု ထွက်ပေါ်လာပြီး ဓားဝိညာဉ်ကို မျိုချ ပစ်လိုက်လေတော့သည်။

ထိုအချိန်မှာပင်…

ကောင်းကင်ထက်မှ ဓားတစ်လက်ကို ကိုင်ထားသည့် တာအိုဆရာ တစ်ယောက်သည် ဆန်းလျန်ကို ဓားဖြင့် ထိုးစိုက်ရန် ခုန်ဝင် လာလေတော့သည်။

***

All Chapters