← Chapters

အခန်း (၄၈၁)

Vol. 49 Ch. 481

အခန်း (၄၈၁)

Vol. 49 Ch. 481

ထို့နောက် သူကခေါင်းမော့ကာ ရှန်းယီကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ "မင်းက နှိမ့်ချနေတာပါ၊ တကယ်တော့ မင်း အဲဒါကို တော်တော်လေးကျွမ်းကျင်ပါတယ်။"

သူတို့နှစ်ဦး နောက်ထပ် စကားအနည်းငယ် ထပ်ပြောဖြစ်ခဲ့ကြ၏။

သို့သော်လည်း ရွှမ်ချင်း၏ အတိတ်အကြောင်းကို တော့ သူတို့နှစ်ဦးစလုံး နားလည်မှုရှိရှိ ရှောင်ကြဉ်ခဲ့ကြသည်။

ထိုမျှမာနကြီးသော ပါရမီရှင်တစ်ဦး ယခုလို အခြေအနေမျိုး ရောက်သွားရသည့် ရှုပ်ထွေးမှုများက စကားဝိုင်းကို သေချာပေါက် ရပ်တန့်သွားစေနိုင်သည်။

ဂိုဏ်းအပြင်ဘက်ရှိ လျိုချန်းယွင်နှင့် အခြားသူများထံမှ သတင်းရောက်လာချိန်ကျမှသာ ရှန်းယီက မတ်တပ်ရပ်ကာ နှုတ်ဆက်ပြီး ဘိုးဘေးခန်းမမှ ထွက်ခွာလာခဲ့သည်။

သူက ဂိုဏ်းအပြင်သို့ထွက်ကာ အစောပိုင်းက သဘောတူထားသည့် ကြက်သွေးမျက်လုံးအမှောင် ဖီးနစ်၏ သွေးအနှစ်သာရငါးစုနှင့် သူငှားရမ်းထားသော အဖိုးတန်ဆေးဝါးများကို သွားယူခဲ့သည်။

ထို့နောက် နန်ယန်ဂိုဏ်းအတွင်း သူသဘောကျသောနေရာတစ်ခုတွင် နေရာယူလိုက်၏။

ဤသည်မှာ ဂိုဏ်းသားတစ်ဦးနှင့် လွတ်လပ်ကျင့်ကြံသူတစ်ဦးကြားရှိ ကွာခြားချက်ပင် ဖြစ်သည်။

ရှန်းယီက တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏စနစ်မျက်နှာပြင်ကို ထပ်မံဖွင့်လိုက်သည်။

ချန်အိမ်တော်သို့ သွားရသည့် ဤခရီးစဉ်တွင် စွမ်းအားကြီးသော နတ်ဆိုးအနည်းငယ်ကို ရရှိခဲ့သည့်အပြင် ထိုနတ်ဆိုးများထံမှ ရရှိသော သက်တမ်းမှာလည်း အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူ မထွက်ခွာမီက သူ့တွင် သက်တမ်း တစ်သိန်းတစ်သောင်းငါးထောင်သာ ရှိခဲ့သည်။

ဟွမ်ယွမ်နယ်ပယ်အဆင့်ရှိ ပုစွန်စစ်သည်နှင့် ဂဏန်းစစ်သူကြီးငါးဆယ်နီးပါးက သက်တမ်း နှစ်သိန်းခွဲနီးပါးကို ပေးစွမ်းနိုင်ခဲ့ပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် အစောင့်များနှင့် အနီရောင်ဝတ်စုံနှင့် မိန်းကလေးတို့ ပေါင်းလိုက်သောအခါ သက်တမ်း သုံးသိန်းခုနစ်သောင်း ထပ်မံရရှိခဲ့သည်။

[ကျန်ရှိသော နတ်ဆိုးသက်တမ်း - ၇၂၉၀၀၀ နှစ်]

ရှန်းယီက သူ့လက်ထဲရှိ ကျောက်စိမ်းပုလင်းကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ဖွင့်ကြည့်လိုက်၏။ သို့သော် ၎င်းသည် သူထင်ထားသကဲ့သို့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၁၂ မှ မဟာနတ်ဆိုးကြီး၏ သွေးအနှစ်သာရမဟုတ်ဘဲ အလွန်ဆုံး အဆင့်‌၆ မှသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အနည်းငယ် စိတ်ပျက်သွားသော်လည်း သူ နားလည်ပေးနိုင်ပါသည်။

ချန်မိသားစုကိစ္စတွင် ဟင်းလင်းပြင်ပြန်ခြင်းအဆင့် ၆ ရေနေမျိုးနွယ်ဝင်တစ်ဦးသာ ထွက်ပေါ်လာခဲ့ခြင်းမှာ မျှော်လင့်မထားသော အခြေအနေတစ်ခု ဖြစ်သည်။ အဖိုးတန်ဆုံး သွေးအနှစ်သာရကို ဆုလာဘ်အဖြစ် မည်သို့လုပ် ရနိုင်ပါမည်နည်း။

"ဒါက လုံလောက်ပါ့မလား"

ဤသွေးအနှစ်သာရများသည် သူ၏ ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် ကို အပြည့်အဝကျင့်ကြံရန် လုံလောက်မှု ရှိမရှိ ရှန်းယီ မသေချာပေ။

နန်းတော်နောက်တစ်ဆင့်သို့ အရင်တက်လှမ်းခြင်းက အကောင်းဆုံးဖြစ်သည်။

သူက ကျောက်တိုင်များကို ချက်ချင်း စတင်ဖွဲ့စည်းလိုက်ပြီး နတ်ဆိုးမူလများကို စုဆောင်းလိုက်သည်။

အပြင်သို့ အကြိမ်အနည်းငယ်ထွက်ပြီးနောက် ရှန်းယီသည် ယခင်ကလို ခက်ခဲကျပ်တည်းမှုကို မခံစားရတော့ပေ။ နန်ဟုန်နယ်မြေသည် ရတနာနယ်မြေ အတွင်းပိုင်းထက် များစွာပိုမိုကြွယ်ဝကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။

လုံလောက်သော ခွန်အားရှိသရွေ့ နတ်ဆိုးများမှာ ကုန်ဆုံးနိုင်မည် မဟုတ်ဟု ထင်ရသည်။

ချွေတာသော ဘဝမှ ဇိမ်ကျသော ဘဝသို့ အသားကျရန် လွယ်ကူလှသည်။

ထို့နောက် သူ၏အသိစိတ်ပင်လယ်ထဲတွင် ကျောက်တိုင် ခြောက်ခု ပေါ်လာသည်။

သူက ၎င်းတို့အားလုံးကို နဂါးငါးခန်းမမှ နတ်ဆိုးများထဲမှ ရွေးချယ်ခဲ့သည်။

နဂါးငါးခန်းမဟု ခေါ်ဆိုသော်လည်း တကယ့် နဂါးငါးများအဖြစ် အရည်အချင်းပြည့်မီသူများမှာ အနီရောင်ဝတ်စုံနှင့် မိန်းကလေးနှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ အစောင့်တို့သာ ဖြစ်သည်။

ကျန်အစောင့်ငါးဦးမှာ နာမည်မကြားဖူးသော ငါးနတ်ဆိုးအမျိုးမျိုးသာ ဖြစ်ကြသည်။

သူက နတ်ဆိုးသက်တမ်းများကို အသုံးပြုကာ နတ်ဆိုးဝိညာဉ်များကို တစ်ခုပြီးတစ်ခု ပြန်လည်တည်ဆောက်ခဲ့သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေးနောက်သို့ လိုက်ရန် ရွေးချယ်ခံရသော အစောင့်များအားလုံးသည် သေချာရွေးချယ်ထားခြင်းဖြစ်ပြီး ကောင်းမွန်သော ပါရမီရှိကာ ငယ်ရွယ်ကြသည်ဟု ဆိုရမည်ဖြစ်သည်။

ပျမ်းမျှအားဖြင့် နတ်ဆိုးဝိညာဉ်တစ်ခုသည် နတ်ဆိုးမူလ ရှစ်ခု သို့မဟုတ် ကိုးခုခန့်သာ လိုအပ်သည်။

အများဆုံးဖြစ်သည့် ဟင်းလင်းပြင်လျှေက်လှမ်းခြင်းအဆင့် ၆ နဂါးငါးမှာမူ ဆယ့်နှစ်ခု လိုအပ်ခဲ့သည်။

စုစုပေါင်း ငါးဆယ့်လေးခု ဖြစ်သည်။

ရှန်းယီက နတ်ဆိုးငါးအားလုံးကို ထုတ်ယူလိုက်ပြီး ၎င်းတို့သည် မြစ်တစ်စင်းအဖြစ် ပြောင်းလဲကာ သူ၏မျက်ခုံးကြားသို့ စီးဝင်သွားသည်ကို ကြည့်နေလိုက်သည်။

ကျောက်တိုင် ခြောက်ခုလုံး တစ်ပြိုင်နက်တည်း အစိုင်အခဲ ဖြစ်တည်လာ၏။

ထိုနဂါးငါးခန်းမမှ မင်းသမီး၏ နတ်ဆိုးခန္ဓာကိုယ်နှင့် ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ အစောင့်တို့ကို ကျောက်တိုင်တစ်ခုတည်းတွင် ပေါင်းထည့်ထားသည်။

ပုစွန်စစ်သည်များနှင့် ဂဏန်းစစ်သူကြီးများအဖွဲ့ထဲမှ အစောင့်များနှင့် မျိုးနွယ်တူသည့် မည်သူ့ကိုမဆို ကျောက်တိုင်များထဲသို့ ပေါင်းထည့်ခဲ့သည်။ ဘာမှမရှိတာထက်စာလျှင် ပိုကောင်း၏။

"ဟူး..."

ကျောက်တိုင်များကို စုဆောင်းရသည့် အတွေ့အကြုံများစွာရှိလာသောကြောင့် တိုင်းအ

တာပေတံသည် လုပ်ရိုးလုပ်စဉ်အတိုင်းသာ လုပ်ဆောင်နေပြီး လွတ်ထွက်သွားနိုင်သည့် ထူးခြားသော ပါရမီရှင်များ ရှိမရှိကို အမှတ်မထင် စစ်ဆေးပေးရုံသာ ဖြစ်ကြောင်း ရှန်းယီ သိလိုက်ကာ သူ၏ စိတ်လှုပ်ရှားမှုများကို ငြိမ်သက်စေလိုက်သည်။

သူက ပေတံကို ခေါ်ထုတ်လိုက်ပြီး သေချာစွာ နေရာချလိုက်၏။

မကြာမီမှာပင် သူသည် ကျောက်တိုင် ခြောက်ခုလုံး၏ အရည်အသွေးကို အကဲဖြတ်ပြီးသွားသည်။

နန်းတော်တစ်ဆင့် တက်လှမ်းတိုင်း ဒုတိယအဆင့် ကျောက်တိုင်များကိုသာ အသုံးပြု၍ နန်းတော်သုံးခုတည်ဆောက်နိုင်ခဲ့ပြီး ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်ဟု ရွှမ်ချင်းက ပြောခဲ့ဖူးသော်လည်း၊

ထိုလူ၏ စကားများမှာ ယုံကြည်ရလောက်ခြင်း မရှိပေ။

မမှီတမှီ ဒုတိယအဆင့်နှင့် ပထမအဆင့်နီးပါး ရှိသောကျောက်တိုင်များ နှစ်မျိုးလုံးကို ရွှမ်ချင်း၏ စကားအရ ဒုတိယအဆင့်ဟု သတ်မှတ်နိုင်သော်လည်း ၎င်းတို့ကြားရှိ ကွာခြားချက်မှာ အလွန်ကြီးမားလှသည်။

ရလဒ်များ ထွက်ပေါ်လာသောအခါ၊ကျန်ရှိသော ကျောက်တိုင် ငါးခုမှာ ရှန်းယီ မျှော်လင့်ထားသည့်အတိုင်း တတိယအဆင့်ထက် အနည်းငယ်သာ ပိုမြင့်မားကြသည်။

သို့သော် ရှန်းယီကို အံ့သြသွားစေသည်မှာ နဂါးငါး ကျောက်တိုင်ပင် ဖြစ်သည်။

အနီရောင်ဝတ်စုံနှင့် မိန်းကလေး၏ သွေးမျိုးဆက်မှာ မဆိုးလှပုံရသည်။ သူမတွင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း ဒုတိယအဆင့် ခွန်အားသာ ရှိသော်လည်း ဤကျောက်တိုင်ကို ဒုတိယအဆင့် မျဉ်းကိုကျော်လွန်သွားစေရန် အမှန်တကယ် ကူညီပေးနိုင်ခဲ့ပြီး အကွာအဝေး၏ သုံးပုံတစ်ပုံခန့်အထိ ဆက်လက် မြင့်တက်သွားစေခဲ့သည်။

"ဒါဆို အတော်ပါပဲ။"

ရှန်းယီက မျက်လုံးများကို မှိတ်လိုက်ပြီး နန်းတော်တက်လှမ်းခြင်းနည်းစနစ်ကို တစ်ဖန် ပြန်လည်လုပ်ဆောင်လိုက်သည်။

အလားတူ ဆူညံပွက်လောရိုက်မှုများ ထပ်မံဖြစ်ပေါ်လာသည်။

အနန္တအက်ပါယာနတ်ဆိုးနန်းတော်ကြီးသည် ကောင်းကင်ယံသို့ ပျံတက်သွား၏။

ကျောက်တိုင်များ ပြိုကျပျက်စီးသွားပြီး ကြီးမားလှသောတိုင်ကြီးခြောက်တိုင်သည် လေထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင်။

ဘိုးဘေးခန်းမအတွင်း၌ရှန်းယီ ပြန်လာမည်၊ မလာမည်ကို လီရွှမ်ချင်း မသေချာသောကြောင့် သူသည် တရားထိုင်သည့် အခြေအနေသို့ ချက်ချင်း မဝင်ရောက်ခဲ့ပေ။

သူက ဘိုးဘေး၏ရုပ်တုကို ကြောင်ငေးကာ ကြည့်နေပြီး သူ၏ အတွေးများကို မည်သူမျှ မသိနိုင်ပေ။

ရုတ်တရက် ရင်းနှီးနေသော သွေးပင်လယ် အရှိန်အဝါများခန်းမထဲသို့ ထွက်ပေါ်လာပြီး ခန့်ညားသောအရှိန်အဝါကိုထုတ်လွှတ်နေသည့် ရုပ်တုဘေးတွင် သွေးမိစ္ဆာအနှစ်သာရ အရိပ်အယောင် အနည်းငယ်ကိုပင် ထပ်ပေါင်းထည့်လိုက်၏။

"..."

လီရွှမ်ချင်းက သွေးအရှိန်အဝါများကို ပျောက်ကွယ်သွားစေရန် လက်ကို ဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူက အမွှေးတိုင်များအစား အသုံးပြုရန် သူ၏ခန္ဓာကိုယ်မှ သစ်ကိုင်းအချို့ကို ချိုးယူလိုက်သည်။

၎င်းတို့ကို မီးညှိပြီးနောက် ဘိုးဘေးထံ အပြစ်ဖြေရန်အတွက် အမွှေးတိုင်ခွက်ထဲသို့ စိုက်လိုက်သည်။

သူ့လက်ထဲရှိ အလုပ်များကို ပြီးစီးပြီးနောက်၊

သူက မတ်တပ်ရပ်ကာ ခန်းမအပြင်ဘက်ရှိ လှေကားထစ်ရှည်ကြီးများဆီသို့ တစ်လှမ်းချင်း လျှောက်သွားခဲ့၏။

အဝေးမှ ကောင်းကင်ယံတွင်ရှိသော ခရမ်းရောင် ဟုန်မုန့်ချီလမ်းကြောင်းနှစ်ခုကို သူ စောင့်ကြည့်နေခဲ့သည်။

လီရွှမ်ချင်း၏ သစ်သားမျက်နှာပေါ်တွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ရုတ်တရက် ပေါ်လာပြီး၊

နားလည်ရခက်သော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ ဖြစ်နေသည်။

"ဘာလို့များ... အို ဘာလို့များလဲ။"

သူကိုယ်တိုင် တီးတိုးရေရွတ်လိုက်သည်။

တာအိုပေါင်းစည်းခြင်း အောက်တွင် သူသည် ဤကမ္ဘာလောက၏ တာအိုအားလုံးကို အကြွင်းမဲ့ မြင်တွေ့ခဲ့ပြီးပြီဟု သူ ထင်ခဲ့သည်။

သို့သော် ထွက်ပေါ်လာသော အနန္တအင်ပါယာနတ်ဆိုးနန်းတော်ကြီးကို ကြည့်လိုက်သောအခါ သူ၏ နှလုံးသားသည် ရှင်းပြ၍မရသော ရှုပ်ထွေးတွေဝေမှုများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ကြီးမားသောတိုင်ကြီးခြောက်တိုင် အပြည့်အဝ ဖွဲ့စည်းသွားသည့်တိုင်အောင်ပင်။

ခန်းမ၏ အဆင့်သစ်တစ်ခုသည် ကောင်းကင်သို့ တိုက်ရိုက်ရောက်ရှိသွားသကဲ့သို့ နေရာလွတ်မှ ရုတ်တရက် ပေါ်ထွက်လာသည်။

နတ်ငှက်များသည် တိမ်တိုက်များကြားတွင် လမ်းလျှောက်နေသကဲ့သို့ ကောင်းကင်ဘုံမှ တေးဂီတသံများ အသစ်တဖန် စတင်လာသည်။

တစ်ချိန်က သူတို့သည် ရွှမ်ချင်းအတွက် အောင်ပွဲခံခဲ့ကြသော်လည်း ယခုအခါ အခြားတစ်ယောက်အတွက် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။

ကောင်းကင်အမိုးခုံး၏ အစွန်းမှ တတိယမြောက် ခရမ်းရောင်ဟုန်မုန့်ချီလမ်းကြောင်း ထွက်ပေါ်လာသည်ကို မြင်သောအခါ၊လီရွှမ်ချင်း၏ မျက်လုံးများမှာ တဖြည်းဖြည်း ကြည်လင်လာပြီး နန်ယန်ရုပ်ကြွပေါ်တွင် လက်နှစ်ဖက်ကို အောက်ချကာ ရပ်နေလိုက်သည်။

သူ၏ ရိုးရှင်းသော သစ်သားခန္ဓာကိုယ် ရှိနေသော်လည်း သူ၏ပုံရိပ်မှာ ရုတ်တရက် လွန်စွယပိုမို မြင့်မားသွားသကဲ့သို့ ထင်ရသည်။

"ဆရာ... နောက်ထပ် ရွှမ်ချင်း တစ်ယောက်ကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။"

လီရွှမ်ချင်းက ဖြည်းညှင်းစွာ လှည့်ကာ ဘိုးဘေးရုပ်တုဆီသို့ ဒူးထောက်လိုက်သည်။

ခဏအကြာတွင် သူ၏ နှုတ်ခမ်းပေါ်၌ ဖျော့တော့သော အပြုံးတစ်ခု ပေါ်လာ၏။

"သူတို့ ဗိုက်ဆာနေတာကြာပြီဆိုတာ ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဒီအသားတုံးကိုတော့ ကျွန်တော်တို့ ကိုယ့်မိသားစုကိုယ်တိုင်စားဖို့ ချန်ထားချင်ပါတယ်။"

"သူသာ ဆန္ဒရှိမယ်ဆိုရင်ပေါ့။"

"ဒီ နန်ယန် ရတနာနယ်မြေကို ရွှမ်ချင်း ကာကွယ်ပေးခဲ့ပြီးပါပြီ။"

သူ၏စကား ဆုံးသွားသည်နှင့် မြေပြင်ပေါ်သို့ လေးလံစွာ ဦးချလိုက်သည်။

ဘိုးဘေးရုပ်တုသည် သက်မဲ့အရာဝတ္ထုတစ်ခုကဲ့သို့ ငြိမ်သက်နေပြီး မည်သည့် တုံ့ပြန်မှုမျှ မပေးချေ။

သို့သော် လီရွှမ်ချင်းသည် ကျန်းလေ့ဖူ မဟုတ်ပေ။

ဤနေရာတွင် သူ၏စကားသည် ဆရာတစ်ဦး၏ အမိန့်ကို အစားထိုးနိုင်သည်။

ကျယ်လောင်စွာ ငါးကြိမ်တိုင်တိုင် ဦးချပြီးနောက်၊

လီရွှမ်ချင်းသည် ထပ်မံ၍ မတ်တပ်ရပ်လိုက်ပြီး အဝေးဆီသို့ ကျယ်လောင်စွာ မေးလိုက်၏။

"မင်း နန်ယန်ရဲ့ ဂိုဏ်းချုပ် ဖြစ်ချင်သလား"

ယခင်ကထက် ပို၍လေးနက်သော သူ၏အသံသည် နန်ယန်ဂိုဏ်း၏ အတွင်းစည်းတစ်ခုလုံးသို့ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့သည်။

အဝေးမှ တောင်ထိပ်တစ်ခုပေါ်တွင်။

မင်ရောင်ဝတ်ရုံနှင့် ပုံရိပ်သည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏ နက်နဲသော သူငယ်အိမ်များတွင် ခရမ်းရောင်များ ပြည့်နှက်နေသည်။

ရှန်းယီသည် အဝေးဆီသို့ ပြန်လှည့်ကြည့်ကာ ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော့်ထက် ပိုသင့်တော်တဲ့သူ ရှိသေးလို့လား"

ကောင်းကင်အမိုးခိုးဖြင့် ခြားနားထားသော်လည်း၊

လီရွှမ်ချင်းက ပေါ့ပါးစွာရယ်မောလိုက်ပြီး သူ၏ သစ်သားခန္ဓာကိုယ်ကို ငုံ့ကြည့်ကာ လွတ်လပ်ပေါ့ပါးသော သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။

"မရှိဘူး ထင်ပါတယ်။"

နောက်တစ်စက္ကန့်တွင် သူက သူ၏နှလုံးသားဆီသို့ လက်ဖြင့် ရုတ်တရက် ထိုးသွင်းလိုက်၏။

မာကျောသော သစ်သားခန္ဓာကိုယ်ကြီး ပြင်းထန်စွာ ကွဲအက်သွားသည်။

နှလုံးသားရှိရာ နေရာတည့်တည့်တွင်၊

ကျောက်စိမ်းဖြူတာအိုချပ်ပြား တစ်ခု တွဲလောင်းကျနေသည်။

သူသည် အိမ်ပြန်ရန်သော့ကို အမြဲတမ်း ပိုင်ဆိုင်ထားခဲ့သည်။

သူက ထိုအရာကို အသုံးမပြုရဲခဲ့သလို အသုံးပြုရန် မျက်နှာလည်း မရှိခဲ့ပေ။

"ဒါကို သေချာသိမ်းထားပါ။"

လီရွှမ်ချင်းသည် ကျောက်စိမ်းဖြူတာအိုတံဆပ်ပြား ကို ကိုင်ဆောင်ကာ ဂိုဏ်းတံခါးမဟာအစီအရင် ကို ပြန်လည်အသက်သွင်းလိုက်ပြီးနောက် ကျောက်စိမ်းဖြူတံဆိပ်ပြားကို ၎င်း၏ မူလနေရာတွင် ပြန်လည်ထားရှိရန် ကိုင်းညွတ်လိုက်သည်။

ထို့နောက် သူသည် နန်ယန်ဂိုဏ်းမှ ထွက်ခွာသွားခဲ့သည်။

ဂိုဏ်းခုနစ်ဂိုဏ်းအနက် နန်ယန်ရှိနေသေးကြောင်း နန်ဟုန်သားတော်ခုနစ်ယောက်ကို သတိပေးရန် အချိန်ရောက်လာပြီ ဖြစ်သည်။

All Chapters