← Chapters

ရွှမ်ချင်း တံခါးခေါက်ခြင်းနှင့် ရှန်းယီ နန်းတက်ခြင်း ၃

Vol. 49 Ch. 484

ရွှမ်ချင်း တံခါးခေါက်ခြင်းနှင့် ရှန်းယီ နန်းတက်ခြင်း ၃

Vol. 49 Ch. 484

"အကယ်လို့ သူက သာမန် လွတ်လပ်ကျင့်ကြံသူတစ်ယောက် ဆိုရင်တော့..."

"သိပ်ပြီး ပြဿနာရှိမှာ မဟုတ်ပါဘူး။"

"ဒါကြောင့် မင်းအနေနဲ့ နန်ယန်ဂိုဏ်းရဲ့ အရင်က လက်အောက်ခံအင်အားစုတွေကို ပြန်ပြီး ထိန်းချုပ်နိုင်ဖို့ တခြားနည်းလမ်းတွေကို အရင်ဆုံး အားကိုးသင့်တယ်။ သူတို့ရဲ့ခွန်အားက သိပ်မပြောပလောက်ပေမဲ့ အပြင်ပန်းပုံစံကောင်းဖို့အတွက်တော့ လုံလောက်ပါသေးတယ်။ သူတို့ရဲ့ အကူအညီနဲ့ဆိုရင် နန်ဟုန်နယ်မြေအတွင်း မင်းရဲ့ သွားလာမှုတွေက ပိုပြီး ချောမွေ့လာလိမ့်မယ်။"

ဤနေရာသို့ ရောက်သောအခါ လီရွှမ်ချင်း၏ မျက်နှာတွင် အားနာရိပ် အနည်းငယ်ပေါ်လာ၏။

"ဒါက နည်းနည်းတော့ အလုပ်ရှုပ်စရာ ကောင်းလိမ့်မယ်။ ဒါပေမဲ့ မသေမျိုးဂိုဏ်းတစ်ခုကို ပြန်လည်တည်ထောင်ရတဲ့လမ်းစဉ်က သဘာဝအတိုင်းပဲ ခက်ခဲတတ်တာပဲ... အနည်းဆုံးတော့ ငါကိုယ်တိုင်လည်း အဲဒီကိစ္စတွေမှာ သိပ်မကျွမ်းကျင်ဘူး။"

သူသည် ရှန်းယီ၏ ပုံစံထဲတွင် သူ၏ အတိတ်က ပုံရိပ်ကိုမြင်ယောင်နေမိသဖြင့် စိတ်လိုက်မာန်ပါ လုပ်ဆောင်မိခြင်းလည်း ဖြစ်နိုင်သည်။

သို့သော် ဤကိစ္စတွင် နောက်ဆုတ်ရန် နေရာမရှိတော့ပေ။

လအနည်းငယ်အတွင်းမှာတင် ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အလယ်အလတ်အဆင့် သို့ တက်လှမ်းနိုင်ပြီး၊ ကောင်းကင်နန်းတော်သုံးခုပင် ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူတစ်ယောက်ကို မည်သည့်ကျင့်ကြံသူကမှ အသာတကြည်ဆက်ပြီး ကျင့်ကြံခွင့်ပေးမည် မဟုတ်ပေ။

ဤအရာက တာအိုပေါင်းစည်းခြင်းရတနာနယ်မြေအတွက် တိုက်ပွဲမဟုတ်လော။

ဝှက်ထားသည့် မြားများနှင့် ပစ်မှတ်လွဲကာ ဒဏ်ရာရတာထက်စာလျှင်၊ သူတို့ ပစ်လွှတ်လိုက်တဲ့ လှံများကို ဗြောင်ကျကျရင်ဆိုင်လိုက်သည်က ပိုကောင်းပေ၏။

အခြေအနေများက လီရွှမ်ချင်း ပြောခဲ့သည်ထက်ပင် ပို၍မြန်ဆန်နေခဲ့သည်။ တစ်နေ့ခင်းအတွင်းမှာတင် ကျောက်စိမ်းဖြူတံဆိပ်ပြား ခြောက်ခုနှင့်အတူ ကျောက်စိမ်းဖြူမြို့တော်မှ ကျင့်ကြံသူများစွာသည် မင်္ဂလာတိမ်တိုက်များ ဝန်းရံလျက် နန်ယန်ဂိုဏ်း အပြင်ဘက်တွင် ရောက်ရှိလာကြသည်။

"နန်ဟုန်သားတော်ခုနစ်ပါး၊ ဂိုဏ်းချုပ်ရဲ့ အမိန့်တော် ရောက်ရှိလာပါပြီ"

"နန်ယန်မသေမျိုးဂိုဏ်းကို တာဝန်ယူလိုက်တဲ့ မိတ်ဆွေရှန်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျုပ်တို့က အဖိုးတန်လက်ဆောင် နှစ်မျိုးကို ဆက်သလိုက်ပါတယ်။"

ဟိန်းထွက်လာသော အသံကြီးသည် ကောင်းကင်ယံတစ်ခုလုံးသို့ ပြန့်နှံ့သွားရာ၊ ၎င်းကို ကြားရသော သက်ရှိအားလုံးမှာ ထိတ်လန့်တုန်လှုပ်လျက် ငြိမ်သက်သွားကြသည်။

အသံ ပဲ့တင်ထပ်မဆုံးမီမှာပင် ရွှေသားကွပ်ထားသော ကျောက်စိမ်းအမည်စာရင်းတစ်ခုသည် နန်ယန်ရုပ်ကြွပေါ်သို့ ရောက်ရှိလာသည်။ ထိုစာရင်းထဲတွင် နန်ယန်ဂိုဏ်း၏ ယခင် လက်အောက်ခံ အင်အားစုအားလုံးကို မှတ်တမ်းတင်ထား၏။

"ဒီနေ့ကစပြီး ကျုပ်တို့ မဟာမိတ်ဂိုဏ်းတွေဟာ နန်ယန်ရဲ့အတွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်တော့ပါဘူး။ အားလုံးကို ဂိုဏ်းချုပ်ရှန်းရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်နိုင်ဖို့ ပြန်လည်လွှဲပြောင်းပေးလိုက်ပါတယ်။"

"ဒါက ပထမဆုံး လက်ဆောင်ပါ။"

"ဒီနေ့ကစပြီး ကျုပ်တို့ဟာ အဝေးက လူအားလုံးကို တာအိုချပ်ပြားတွေနဲ့ ဖိတ်ကြားပါမယ်။ နောက်ထပ် သုံးလအကြာမှာတော့ နန်ဟုန်ရဲ့ရေမြေတောတောင်တွေကို ဂုဏ်ပြုဖို့နဲ့ နန်ယန်ဂိုဏ်းချုပ်ကို ချီးမြှောက်ဖို့အတွက် ဂိုဏ်းခုနစ်ဂိုဏ်းညီလာခံကြီး ကို ကျင်းပပါမယ်။"

"ဒါက ဒုတိယမြောက် လက်ဆောင်ပါ။"

"လက်ဆောင် ဆက်သခြင်း ပြီးဆုံးပါပြီ။"

အမိန့်တော်ကို ကိုင်ထားသော ကျောက်စိမ်းဖြူမြို့တော် အကြီးအကဲသည် ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားပြီး ကျင့်ကြံသူရာပေါင်းများစွာကို ဦးဆောင်ကာ ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။

ထို့နောက် သူသည် ပြန်လည်မတ်တပ်ရပ်ကာ ဆက်ပြောသည်။ "အခု ဂိုဏ်းချုပ်အချို့ရဲ့ ကိုယ်စား ရိုးသားတဲ့ စကားအချို့ပြောပါရစေ။ အကယ်၍ ဂိုဏ်းချုပ်ရှန်း အနေနဲ့ မလုံလောက်ဘူးလို့ ခံစားရရင်၊ ကျုပ်တို့ မဟာမိတ်ဂိုဏ်းတွေက မင်းအတွက် တံခါးတွေကို အမြဲဖွင့်ထားပါသေးတယ်။ အရာအားလုံးက အရင်အတိုင်းပဲ ဖြစ်နေမှာပါ။"

ကျောက်စိမ်းဖြူတံဆိပ်ချပ်ပြားခြောက်ခုစလုံးမှ မည်သည့်အသံမှ မထွက်ချေ။ ဒါဟာ ထိုအကြီးအကဲ၏ စကားကို အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်။

ရွှမ်ချင်း၏ မျက်နှာက အတော်လေး ကြီးမားလှသဖြင့် နန်ဟုန်သားတော်ခုနစ်ပါးဂိုဏ်းအားလုံးက ဤကဲ့သို့သော ပြဇာတ်ကို ဗြောင်ကျကျ ကပြရန်အထိပင် လိုက်လျောပေးခဲ့ကြသည်။

သို့သော် ဤကဲ့သို့ ဂုဏ်သိက္ခာကို ပခုံးပေါ် ထမ်းတင်ထားရပြီဆိုလျှင်၊ တာအိုပေါင်းစည်းခြင်းအဆင့်၏ ဘီလူးကြီးတစ်ကောင်ကဲ့သို့ တာဝန်ဝတ္တရားများကိုလည်း ထမ်းဆောင်ရတော့မည် ဖြစ်သည်။

"ကျုပ်တို့ကို သွားခွင့်ပြုပါဦး"

ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူများသည် ထပ်မံဦးညွှတ်ကာ တိမ်တိုက်များကို စီးနင်းလျက် ပြန်လှည့်သွားကြသည်။ အားကောင်းလှသော အရှိန်အဝါများ စုစည်းမှုကြောင့် မိုးမြေပင် အရောင်ပြောင်းသွားသယောင် ရှိသည်။

သူတို့သည် လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ပြန်ထွက်သွားကြ၏။ တိမ်တိုက်များ ကြည်လင်သွားပြီး လေထု ငြိမ်သက်သွားသည့်အခါ နန်ယန်ဂိုဏ်းအပြင်ဘက်သည် ယခင်ကကဲ့သို့ တိတ်ဆိတ်ခြင်းသို့ ပြန်လည်ရောက်ရှိသွားသည်။

ရှန်းယီသည် ဘိုးဘေးခန်းမအတွင်း ထိုင်နေရင်း အမည်စာရင်းကို ကိုင်ထားကာ လီရွှမ်ချင်းကို ဆွံ့အနေသော အမူအရာဖြင့် ကြည့်လိုက်သည်။

"ဒါပဲလား တကယ့် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အကျိုးအမြတ်တစ်ခုမှ မရှိဘူးလား"

စကားတွေများစွာပြောခဲ့သော်လည်း ဘာမှမဟုတ်သည့် အနှစ်မဲ့စကားလုံးများသာ ဖြစ်နေသည်။

နန်ဟုန်သားတော်ခုနစ်ပါးက အဲဒီလောက်တောင် ဆင်းရဲသွားကြတာလား။

"ဟင်း..." လီရွှမ်ချင်းက ခေါင်းခါရင်း ရယ်မောလိုက်ပြီး ရှန်းယီကို လေးနက်စွာ ကြည့်လိုက်၏။

"မင်းက ဂိုဏ်းချုပ်ပဲလေ။ ပေါင်းစည်းခြင်းအဆင့် ရဲ့ဘီလူးကြီးတစ်ယောက်နဲ့ အဆင့်အတန်း တူတူပဲ။ မိုးနဲ့မြေ ဒါမှမဟုတ် မင်းနဲ့ အဆင့်တူတဲ့သူတွေကပဲ မင်းကိုဂုဏ်ပြုနိုင်တာ။ ဒီလို သာမန် ပစ္စည်းလေးတွေကို မင်းက ဘာလို့ဂရုစိုက်နေမှာလဲ"

သာမန်လောကီပစ္စည်းများက မသေမျိုးများ၏ လက်ကို ညစ်ပတ်စေရုံသာ ရှိမည်မဟုတ်လော။

"စည်းမျဉ်းတွေအရဆိုရင် အခုက မင်းဘက်က သူတို့ကို ကောင်းချီးတွေပြန်ပေးရမယ့် အလှည့်ပဲ။" လီရွှမ်ချင်းက ညင်သာစွာ သတိပေးလိုက်သည်။

"တစ်ပြားဖိုးတောင် မပေးနိုင်ဘူး။"

ရှန်းယီက သူ၏ အကြည့်ကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်၏။ အစောပိုင်းက ကျောက်စိမ်းဖြူမြို့တော် ကျင့်ကြံသူများ၏မျက်နှာတွင် မနာလိုမှု၊ မကျေနပ်မှုနှင့် နက်ရှိုင်းသော လောဘများကို သူ မြင်တွေ့ခဲ့ရသည်။ စိတ်ရင်းနှင့် ဂုဏ်ပြုသည့်သူ တစ်ယောက်မှ မရှိသလောက်ပင်။

ဤကဲ့သို့ ဗြောင်ကျကျခြိမ်းခြောက်မှုက ခုခံဖို့ တကယ်ကို ခက်ခဲလိမ့်မည်။

"ငါ မင်းကို သူတို့နဲ့ မိတ်ဆက်ပေးမယ်။" လီရွှမ်ချင်းက အမည်စာရင်းကို ယူကာ ဖြည်းဖြည်းချင်း လှန်လှောကြည့်လိုက်၏။

"ဒီ မိသားစု လေးခုမှာ ကျောက်စိမ်းဖြူမြို့တော်ရဲ့ စောက်ရှောက်မှုတွေ ရှိတယ်။ မင်းအပေါ် ရန်လိုမှု အနည်းဆုံးသူတွေပေါ့။"

"ရန်လိုမှု" ရှန်းယီက ဘေးတစောင်း ကြည့်လိုက်၏။

"ရန်လိုမှာပေါ့။ ဒီလက်အောက်ခံ မိသားစုတွေဟာ တစ်ချိန်က ပေါင်းစည်းခြင်းအဆင့်ရဲ့ ကာကွယ်မှုကို ရခဲ့ကြတာ။ အခုတော့ ငါတို့ပဲ ကျန်တော့တယ်၊ ဒါပေမဲ့ သူတို့ဆက်သရမယ့် အခွန်အတုတ်တွေကတော့ အပြောင်းအလဲမရှိဘူးလေ။"

လီရွှမ်ချင်းက ဆက်ပြီးလှန်ကြည့်နေရင်း သူ၏ မျက်လုံးထဲတွင် ဝမ်းနည်းရိပ်များပေါ်လာသည်။

"အခု မိသားစုပေါင်း ၁၈၂ ခုပဲ ကျန်တော့တာလား။"

လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းအတွင်း နန်ယန်ဂိုဏ်း၏လက်အောက်ခံ မိသားစုများ၏ ဘဝမှာ သိပ်ပြီး အဆင်မပြေခဲ့ကြောင်း ထင်ရှားသည်။

"အနည်းဆုံးတော့ အခုလောလောဆယ် သူတို့ကို ထိန်းချုပ်ထားပါ။ ပုန်ကန်မှုတွေ မဖြစ်အောင်နဲ့ သုံးလအကြာမှာ ကျင်းပမယ့်ဂိုဏ်းခုနစ်ဂိုဏ်း ညီလာခံအထိ အချိန်ဆွဲထားရမယ်။ မဟာမိတ်အဖွဲ့က မင်းကိုအကျပ်ရိုက်အောင် လုပ်နေတာ ဖြစ်ပေမဲ့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး။" လီရွှမ်ချင်းက စာရင်းကို ပိတ်လိုက်၏။

"ဘယ်လို ထိန်းချုပ်ရမှာလဲ" ရှန်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။

"မင်း ချင်းယွဲ့ဂိုဏ်းက အထောက်တော်တွေနဲ့ အပြင်သွားဖူးတယ်မလား။ ဒီလက်အောက်ခံတွေ ပြဿနာတစ်ခုခုကြုံရရင် မသေမျိုးဂိုဏ်းကို လာသတင်းပို့ကြတာ မင်းသိမှာပါ။" လီရွှမ်ချင်းက ရှင်းပြသည်။

"သူတို့ရဲ့ပြဿနာတွေကို ဖြေရှင်းပေးပါ... ဒါမှမဟုတ် သူတို့ကို အမြစ်ပြတ်သုတ်သင်ပစ်လိုက်ပါ။"

ဤနေရာသို့ ရောက်သောအခါ လီရွှမ်ချင်း၏ လေသံမှာ အေးစက်သွား၏။ မသေမျိုးလမ်းစဉ် ဆိုသည်မှာ သတ်ဖြတ်ခြင်းလမ်းစဉ်ပင် ဖြစ်သည်။

နန်ဟုန်ကို ကာကွယ်မလား၊ ဒါမှမဟုတ် တခြားသူတွေ ကြောက်သွားအောင် စံနမူနာပြ သတ်ဖြတ်မလား ဆိုတာကတော့ ကိုယ့်စိတ်ဆန္ဒအတိုင်းပင်။

"သိပ်တော့ မများလောက်ပါဘူး၊ ဟုတ်တယ်မလား"

ရှန်းယီ သက်ပြင်းတစ်ချက်ချလိုက်၏။ ယခုအခါ သူ တစ်ယောက်တည်း ရုန်းကန်ရတော့မည်ကို သူ သိလိုက်ပြီ။

ထိုအတွေးဖြင့် သူသည် ဘိုးဘေးခန်းမထဲမှ ဖြည်းဖြည်းချင်း လျှောက်ထွက်လာခဲ့သည်။

သူ မသိလိုက်ဘဲ အပြင်ဘက်တွင် လူအုပ်ကြီး ရောက်ရှိနေပြီ ဖြစ်သည်။

မဟာချန်၊ ရွှီမိသားစု၊ ဝူထုံတောင်၊ ယွီမျိုးနွယ်စု၊ ချန်မိသားစု...

"ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်"

ပဲ့တင်ထပ်နေသော အသံများကို ကြားလိုက်ရသော်လည်း ရှန်းယီ၏ အမူအရာမှာ ပို၍ပင် တည်ငြိမ်သွားသည်။ သူ ကာကွယ်ပေးရမည့် လူဦးရေမှာ မည်သည့်အချိန်က ဤမျှလောက် များပြားသွားသည်ကို သူ မသိလိုက်ပေ။

ရင်းနှီးနေသော မျက်နှာများ သူ၏ ရှေ့တွင် ဖြတ်သန်းသွားကြ၏။ ကျန်းချိုလန်သည် လူအုပ်ထဲတွင် တိတ်ဆိတ်စွာရပ်နေရင်း၊ သူမ၏ နီရဲသော နှုတ်ခမ်းကို ကိုက်ကာ သူမ၏မြင့်မားလှသော တောင်ကြီးကို မော့ကြည့်နေသည်။

"..."

ဒါဟာ သိပ်ပြီးကြီးမားတဲ့ ပြဿနာတော့ မဟုတ်လောက်ပါဘူး။

ရှန်းယီက လက်ကို ဝှေ့ယမ်းကာ လူအုပ်ကို လူစုခွဲလိုက်၏။ ထို့နောက် ဂိုဏ်းတံခါးကို ဖွင့်ကာ နန်ယန်ရုပ်ကြွမှ အထောက်တော်အချို့ကို ကြိုဆိုလိုက်သည်။

လျိုချန်းယွင်သည် ထူးဆန်းသော မျက်နှာအမူအရာဖြင့် ရှေ့ဆုံးမှလျှောက်လာ၏။ သူမသည် အရင်ဆုံး ရိုသေစွာ ဦးညွှတ်ပြီး "ဂိုဏ်းချုပ်ရှန်း" ဟု ခေါ်လိုက်သည်။

ထို့နောက် သူမ၏ ခေါင်းထက်ပင် မြင့်မားလှသော မှတ်တမ်းစာတွဲကြီးကို သေသေချာချာ ကမ်းပေးလိုက်သည်။

ဂျွတ်

ရှန်းယီသည် လက်သီးကို တင်းတင်းဆုပ်လိုက်သည်။ သူသည် တရားထိုင်သည့် အခြေအနေသို့ ပြန်ဝင်သွားသော ရွှမ်ချင်းကို လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် အန္တရာယ်ရှိသော အရှိန်အဝါများ ထွက်ပေါ်လာ၏။

"သောက်ကျိုးနည်းကောင်"

All Chapters