သတ္တိရှိသော ရုပ်သေးဂိုဏ်း ၃
Vol. 49 Ch. 487
ဤတစ်ကြိမ်မှာတော့ ရုပ်သေးဂိုဏ်းဟာ နတ်ဆိုးဘေးအန္တရာယ်နှင့် ကြုံတွေ့ခဲ့ရပြီး ဂိုဏ်း၏ အစောင့်အရှောက်ဝိညာဉ်ရုပ်သေးအျားပင် ပျက်စီးသွားခဲ့ပါသည်။
ယန်လင်းသည် ပြုပြင်ရန်အတွက် လိုအပ်သည့် မိုးမြေရတနာများကို ရှာဖွေနိုင်ခဲ့၍သာ မဟာမိတ်များ၏လာရောက်ကူညီနိုင်သည့်အထိ တောင့်ခံထားနိုင်ခဲ့ခြင်းဖြစ်ပေသည်။
စကားပြောဆိုခွင့် အာဏာက ထ်ိုအချိန်တွင် အလွန်အရေးကြီးနေခဲ့၏။
ထ်ုအရာကို ထည့်သွင်းစဉ်းစားပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။ "ကျုပ်တို့ ဒီကိုလာတာကရုပ်သေးဂိုဏ်းကို အခက်အခဲထဲကနေ ကူညီဖို့ သက်သက်ပါပဲ။ နောက်ဆက်တွဲ ဘာဖြစ်မယ်ဆိုတာကို ကျုပ်တို့မစဉ်းစားရသေးဘူး။ ညီအစ်ကိုယန်လင်းအနေနဲ့ လက်ရှိအခြေအနေကိုပဲ အာရုံစိုက်ဖို့ ကျုပ်အကြံပေးချင်ပါတယ်။"
"ဒီနတ်ဆိုးကျူးကျော်မှုကို တွန်းလှန်နိုင်ရုံနဲ့ ဘာထူးမှာလဲ"
ယန်လင်း ရုတ်တရက် အသံမြှင့်လိုက်၏။ "ခင်ဗျားတို့အားလုံး မျက်စိကန်းနေကြတုန်းပဲလား ငတုံးတွေ၊နန်ဟုန်ခုနစ်ဂိုဏ်းရဲ့ အကာအကွယ်မပါဘဲ ဒီလို ဘေးအန္တရာယ်တွေက အနာဂတ်မှာ ပိုပြီးစိပ်လာလိမ့်မယ်။ခင်ဗျားတို့က နန်ယန်မသေမျိုးဂိုဏ်းဆိုတာကြီးကိုပဲ ဆက်ပြီးမျှော်လင့်နေပြီးတော့ အဆမတန်များပြားတဲ့ အခွန်တွေကို ဆက်ပေးနေဦးမလို့လား"
သူပြောနေရင်းဖြင့် သူ၏လက်အင်္ကျီကို အားပါပါ ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်နှာမှာ နီမြန်းလာသည်။ "ဒီနေ့တော့ ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ်။ နန်ဟုန်ခုနစ်ဂိုဏ်းမှာ ဘာဖြစ်ခဲ့လဲဆိုတာ ကျွန်တော်ကြားပြီးပြီ။ အဲဒီ နန်ယန်ဂိုဏ်းဆိုတာ နတ်ဘုရားစိတ်ဝိညာဉ်အဆင့် စွမ်းရည်ရှိတဲ့ ဒေသခံတစ်စုထက် မပိုဘူး။ ပြီးတော့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့်အစောပိုင်း ကျင့်ကြံသူအနည်းငယ်ပဲ ရှိပြီး သူတို့က မဟာမိတ်ဂိုဏ်းကိုလည်း ဒေါသထွက်အောင် လုပ်ထားသေးတယ်။"
"အဲဒီလို အခြေအနေမျိုးကို ခင်ဗျားတို့က အခွန်တွေ ဆက်ပေးနိုင်ဦးမလား"
မဟာမိတ်ဂိုဏ်းကို ဒေါသထွက်အောင် လုပ်ထားတယ်။
ဤစကားလုံး အနည်းငယ်ကြောင့် လူအုပ်ကြီးဟာ တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
ယင်းကိုမြင်လျှင် ယန်လင်း၏ မျက်လုံးထဲတွင် အမှောင်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီး သူ၏ လက်မောင်းကို မြှောက်ကာကျယ်လောင်စွာ ကြေညာလိုက်သည်။ "ခင်ဗျားတို့ အခွန်ပေးချင်ရင် ပေးကြပါ၊ ဒါပေမဲ့ ရုပ်သေးဂိုဏ်းကတော့ မပေးဘူး။ ဂိုဏ်းထဲမှာပဲ ပုန်းအောင်းနေတတ်တဲ့ သူရဲဘောကြောင်တဲ့ လူတစ်စုကို ထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ပင်ပင်ပန်းပန်းစုဆောင်းထားတာတွေကို အလကား အကုန်မခံနိုင်ဘူး။"
"သူတို့ တကယ်လိုချင်တယ်ဆိုရင် သူတို့ဘာသာသူတို့ လာယူခိုင်းလိုက်"
ယန်လင်းသည် လူအုပ်အလယ်တွင် ရပ်နေပြီး လူတိုင်း၏ မျက်နှာကို ဖြည်းညင်းစွာ လှည့်ကြည့်နေသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ အကြည့်ကို မရင်ဆိုင်ရဲကြပေ။
နောက်ဆုံးတော့ သူ၏ ရင်ထဲတွင် သက်ပြင်းတစ်ချက် ချနိုင်ခဲ့၏။
သို့သော်လည်း ကောင်းကင်ယံမှ အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်အထိသာဖြစ်သည်။
"နန်ယန်ဂိုဏ်းရောက်ရှိလာပြီ၊ ဒီနေရာကို ဘယ်သူက အုပ်ချုပ်နေတာလဲ"
ထိုအသံ ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးသည် ဗီဇအရကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ဖြူဖွေးသော ဆံပင်များရှိသည့် အဘိုးအို သုံးဦးသည် လက်ကိုဘေးချကာ ရပ်နေသည်ကို မြင်လိုက်ရ၏။ သူတို့၏ အနက်ရောင်ဝတ်ရုံများ လွင့်ပျံနေပြီး ၎င်းပေါ်ရှိ နန်ယန်ငွေရောင်သင်္ကေတများမှာ သိသာထင်ရှားလှသည်။
အဘိုးအို သုံးဦး၏ နောက်ကွယ်တွင်တော့ မင်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အရပ်ရှည်ရှည် လူရိပ်တစ်ခု ရှိနေပြီး၊ သူသည် အောက်သို့ အေးဆေးတည်ငြိမ်စွာ ငုံ့ကြည့်နေသည်။ ခုနက ပြောဆိုခဲ့သော စကားများကို မကြားခဲ့သည့်အလားပင်။
"ဟမ်..။"
ယန်လင်း၏ မျက်တောင်များ လှုပ်ခတ်သွား၏။ သူ အပင်ပန်းခံ ဖန်တီးထားသော အခြေအနေတစ်ခုလုံးမှာ ဤလူများပေါ်လာသည်နှင့် တစ်ပြိုင်နက် လျင်မြန်စွာ ပြိုလဲသွားတော့သည်။
သေချာသည်မှာ၊ ချင်းဟိုင်စီရင်စု၏ ဦးဆောင်မှုအောက်တွင် ရုပ်သေးဂိုဏ်းသားများအပါအဝင် လူတိုင်းသည် ထိုလူများကို အရိုအသေပေးရန် မတ်တပ်ရပ်လိုက်ကြ၏။
"မထနဲ့ ဘယ်သူမှ ဒူးမထောက်နဲ့"
ယန်လင်းသည် ခက်ထန်သောအမူအရာဖြင့် နောက်သို့ လှည့်ကြည့်ကာ သူတို့ကို တားဆီးလိုက်ဟ။ "ခင်ဗျားတို့ နားမလည်ကြသေးဘူးလား ကျွန်တော်တို့ လဝက်လောက်စောင့်ခဲ့ရတာ၊ အခုတော့ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၄ ကျင့်ကြံသူ အနည်းငယ်ပဲရောက်လာတယ်။ သူတို့ ဒီကို ဘာလာလုပ်တာလဲ။ နတ်ဆိုးတွေကို အစာကျွေးဖို့လား ဒါမှမဟုတ် ကျွန်တော်တို့ သတိမထားမိခင်မှာ နောက်ဆုံးကျန်တဲ့အခွန်တွေကို လာယူဖို့လား"
လူအုပ်ကြီး အနည်းငယ် တုံ့ဆိုင်းသွားသည်။
သို့သော် ချန်မိသားစုမှ အကြီးအကဲများမှာ မျက်မှောင်ကြုတ်လိုက်ပြီး တည်ငြိမ်စေရန် အတင်းအကျပ်ထိန်းသိမ်းထားကြသည်။
သူတို့သည် စက္ကူကျားများမျှသာ ဖြစ်သည်။ စကားတစ်ခွန်းတည်းဖြင့် ဤလူများကို ထိန်းချုပ်ရန် မလုံလောက်ဘဲ သူတို့ ဝတ်ဆင်ထားသော အရာရှိဝတ်ရုံများ၏ အစွမ်းမှာလည်း တဖြည်းဖြည်း အားနည်းလာနေသည်။
လူအုပ်ကြီးက အရိုအသေ မပေးသေးသည်ကို တွေ့လိုက်ရသဖြင့်၊ အရှက်အကြောက်ကြီးသော ချန်မိသားစုအကြီးအကဲသည် ဂိုဏ်းချုပ်ရှန်းကို မသိမသာ လှမ်းကြည့်လိုက်၏။ အခြေအနေမှာ အလွန် ထူးဆန်းနေသည်။
ချန်မိသားစုသည်လည်း ယခင်က နန်ဟုန် ခုနစ်ဂိုဏ်း၏ အကာအကွယ်အောက်တွင် ရှိခဲ့ဖူးသည်။ ကိုယ့်ကိုယ်ကိုယ် ထိုနေရာတွင် ထားကြည့်လျှင်ပင် စိတ်ဓာတ်များ ပြောင်းလဲသွားလျှင်ပင် ဤမျှအထိ မြန်မြန်ဆန်ဆန်နှင့် ပြောင်းလဲသွားဖို့ မလွယ်လှပေ။
အကယ်၍ သူတို့က ကိုယ့်အတွက်ကိုယ်သာ ကြည့်မည်ဆိုလျှင် တာအိုပေါင်းစည်းခြင်းနယ်မြေရှိသော မသေမျိုးဂိုဏ်းတစ်ခုကို ရန်စရန် မလိုအပ်ပေ။
အကြောင်းမှာ သေခါနီး ကုလားအုတ်တစ်ကောင်သည်ပင် မြင်းတစ်ကောင်ထက် ပိုကြီးနေသေးသောကြောင့် ဖြစ်သည်။
ဤသည်မှာ... ဂိုဏ်းချုပ်ရှန်းကို တမင်တကာ အရှက်ခွဲရန် ကြိုးပမ်းနေခြင်းနှင့် ပိုတူနေ၏။
"အင်း။"
နောက်တစ်ခဏတွင် ချန်မိသားစု အကြီးအကဲသည် ဂိုဏ်းချုပ်ရှန်း မြေပြင်သို့ ဖြည်းညင်းစွာ ဆင်းသက်သွားသည်ကို မြင်လိုက်ရသည်။ သူသည်လည်း သတိပြန်ဝင်လာပြီး အလျင်အမြန် လိုက်သွားလေ၏။
မည်သို့ပင်ဖြစ်စေ ဂိုဏ်းချုပ်က စကားမပြောသေးသရွေ့ သူတို့ ခိုင်ခိုင်မာမာ ရပ်တည်ရမည်ဖြစ်သည်။
"မင်း..."
ယန်လင်းသည် စင်မြင့်ပေါ်သို့ ဆင်းသက်လာသော လူငယ်ကို စိုက်ကြည့်နေသည်။ ထိုလူငယ်သည် အလွန်တည်ငြိမ်သော မျက်နှာထားဖြင့် သူ၏ဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာနေ၏။
ရှန်းယီ ရှေ့သို့ တစ်လှမ်းတိုးလိုက်တိုင်း ပတ်ဝန်းကျင်ရှိ လူများသည် သူတို့၏ ခေါင်းများကို တဖြည်းဖြည်း ငုံ့လိုက်ကြသည်။
"အဲဒီမှာတင် ရပ်လိုက်၊ရုပ်သေးဂိုဏ်းထဲကို ကျူးကျော်ဝင်ရောက်ဖို့ ဘယ်သူက ခွင့်ပြုလို့လဲ"
ယန်လင်းက လက်နှစ်ဖက်ကို ရိုက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏နောက်ကွယ်မှ ရှစ်ကျန်း ခန့် မြင့်မားသော ဧရာမကျားပုံသဏ္ဍာန် ဝိညာဉ်ရုပ်သေးကြီး တစ်ရုပ် ထွက်ပေါ်လာသည်။
၎င်း၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းများ ထွက်ပေါ်နေပြီး ကြောက်မက်ဖွယ်ကောင်းလှကာ အသက်ဝင်သကဲ့သို့ အလွန်တူလှသည်။
ဤသည်မှာ ရုပ်သေးဂိုဏ်း၏ တန်ဖိုးအထားရဆုံးသော ကြက်သွေးရောင်မုတ်ဆိတ်သွေးလက်သည်းရုပ်သေးဖြစ်သည်။ ၎င်း၏ စွမ်းအားမှာ ဟင်းလင်းပြင်လျှောက်လှမ်းခြင်းအဆင့် ၆ နှင့် နှိုင်းယှဉ်နိုင်လေ၏။
အသစ်စက်စက်ပြုပြင်ထားသော ဤရုပ်သေးရုပ်သည် ယန်လင်း ဤမျှရဲတင်းနေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
"အခုချက်ချင်း မရပ်ဘူးဆိုရင် ငါ့ကို ယဉ်ကျေးမနေဘူးလို့ အပြစ်မတင်နဲ့တော့။"
ယန်လင်းသည် တည်ငြိမ်ဟန်ဆောင်နေသော်လည်း မသိမသာဖြင့် နေရာတစ်ခုသို့ လှမ်းကြည့်လိုက်၏။ ယခုတော့ နောက်ဆုတ်ဖို့ လမ်းမရှိတော့ပေ။
ထိုသို့တွေးပြီး သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများ ပြည့်နှက်လာကာ လက်ချောင်းများဖြင့် ဂါထာမန္တန်များကို ကျင့်သုံးလိုက်ရာ၊ သူ၏နောက်မှ ရုပ်သေးကြီးသည် တောတောင်များကို တုန်ခါသွားစေလောက်သော ဟိန်းဟောက်သံကြီးကို လွှတ်လိုက်ပြီး အနီရောင်အလင်းတန်းများ ကောင်းကင်သို့ ထိုးတက်သွားသည်။
ဧရာမ ခန္ဓာကိုယ်ကြီးသည် လေထဲသို့ လှမ်းတက်လိုက်ပြီး ရှန်းယီ၏ ရှေ့တွင် ပြင်းထန်စွာ ဆင်းသက်လိုက်၏။ ၎င်း၏ သွေးရောင်မျက်လုံးအစုံမှာ ယန်လင်း၏ မျက်နှာထားအတိုင်းပင် ဖြစ်နေသည်။
သူသည် အောက်တွင်ရှိသော သေးသွယ်သော လူရိပ်ကလေးကို အပေါ်မှ စီးမိုးကြည့်လိုက်၏။
ယခုလိုလုပ်ရပ်ကြောင့် တက်ရောက်လာသူအားလုံး ထိတ်လန့်သွားကြပြီး ရုပ်သေးဂိုဏ်းမှ အကြီးအကဲများပင် ထွက်ပြေးလာကြသည်။ "ယန်လင်း၊ ဘာလို့ ဒီလောက်အထိလုပ်ရတာလဲ၊ ကိုယ့်ကိုယ်ကိုယ် မြန်မြန် ထိန်းချုပ်စမ်း"
"ကျွန်တော်က ဒီလောက်အထိ မလုပ်ချင်ပါဘူး၊ သူ့ကို ရုပ်သေးဂိုဏ်းကနေ ယဉ်ယဉ်ကျေးကျေး ထွက်သွားစေချင်ရုံတင်ပါ" ဟု ယန်လင်း၏ အက်ရှရှအသံသည် ရုပ်သေးကြီး၏ ပါးစပ်မှ ထွက်ပေါ်လာသည်။
ထိုမျှကြောက်မက်ဖွယ်ကောင်းသော အဆင့်တွင်ရှိသည့် ဝိညာဉ်ရုပ်သေးကို ရင်ဆိုင်ရချိန်တွင် ချန်မိသားစု အကြီးအကဲများ၏ မျက်နှာများမှာ အနည်းငယ် လှုပ်ခတ်သွားသော်လည်း ရှန်းယီ၏ နောက်ကွယ်တွင် ခိုင်မာစွာရပ်နေဆဲဖြစ်သည်။
သူတို့သည် ဤထက်ပိုပြီး ကြောက်စရာကောင်းသည့် အရာများကို မြင်တွေ့ခဲ့ဖူးပြီးမဟုတ်ပါလား။
အမှန်စင်စစ် ရှန်းယီသည် သူ၏ ခြေလှမ်းများကို တစ်ချက်ကလေးမျှ မရပ်တန့်ခဲ့ပေ။ ယန်လင်း၏ စကားများကို မကြားခဲ့သည့်အလား၊ ကြောက်မက်ဖွယ်ကောင်းသော ရုပ်သေးကြီးကိုလည်း သူ၏ မျက်လုံးထဲတွင် ထည့်မထားသကဲ့သို့ပင်။
ရုပ်သေးကြီး၏ ရှေ့သို့ ရောက်ရှိသွားသော ခဏတွင် သူသည် အလွန် တည်ငြိမ်နေဆဲဖြစ်ပြီး လက်တစ်ချောင်းကိုပင် လှုပ်ရှားလိုက်ခြင်း မရှိဟု ထင်ရသည်။
သို့သော်လည်း နားကွဲလုမတတ် ဟိန်းဟောက်သံကြီးက လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။
ဂျွတ်
ဧရာမ ရုပ်သေးကြီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး နောက်သို့ လွင့်ထွက်သွားတော့သည်။ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီးအဖိုးတန်ပစ္စည်းများမှာ ခဏချင်းအတွင်းမှာပင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွား၏။
ကြောက်မက်ဖွယ်ကောင်းသော အင်အားလှိုင်းအောက်တွင် ရုပ်သေးရုပ်၏ အကြွင်းအကျန်များက ယန်လင်း၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားပြီး သွေးများမှာ ကျောက်စင်မြင့်ထက်တွင် ရဲရဲနီသွားတော့သည်။
ရုပ်သေးရုပ်၏ အကြွင်းအကျန်များ တုန်ခါနေပြီး အောက်တွင်ပိနေသော ယန်လင်းမှာလည်း မကြာမီ သေဆုံးသွားခဲ့၏။
ထိုအချိန်မှသာ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
"…"
ရှန်းယီသည် ကြောင်အမ်းကာ ကြည့်နေကြသော ရုပ်သေးဂိုဏ်းသားများကို ကျော်ဖြတ်ကာ ကုလားထိုင်တစ်လုံးကို ဆွဲယူလိုက်ပြီး၊ ရှေ့ဆုံးတန်းတွင် ထိုင်ကာ အဝတ်အစားများကို ခါလိုက်ပြီး မှီချလိုက်သည်။
"အား..."
လူအုပ်ကြီးသည် အသက်ရှူရန်ပင် မေ့လျော့နေကြပြီး ထိုတည်ငြိမ်သော လူရိပ်ကို စိုက်ကြည့်နေကြသည်။ ထိုခဏတွင် သူတို့သည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြ၏။ "နန်ယန်ဂိုဏ်းက မသေမျိုး အရှင်ကို ရုပ်သေးဂိုဏ်းကနေ ကြိုဆိုပါတယ်၊ အဝေးကနေ ကြိုမနှုတ်ဆက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်အပ်ပါတယ်"
ရှန်းယီသည် ရှေ့သို့ အသာအယာ လှည့်ကြည့်လိုက်ပြီး သူ၏လေသံမှာ တည်ငြိမ်နေဆဲပင်။ "ဒူးထောက်နေဖို့ မလိုဘူး၊ မင်းတို့ရဲ့ ကိစ္စတွေကို ပြောကြစမ်း။"
ချန်မိသားစု အကြီးအကဲများသည် ကုလားထိုင်နောက်တွင်ရပ်နေရင်း ရှေ့တွင်ရှိသော ဦးခေါင်းများ နိမ့်ချည် မြင့်ချည် ဖြစ်နေသည်ကို ကြည့်ကာ တစ်ခါက မြင်ဖူးခဲ့သလိုခံစားလိုက်ရ၏။
အမှန်တော့ လူအများစုကပုံမှန်ပင်။ ယန်လင်း တစ်ယောက်သာ... သူက အမြဲတစေ ထိုလောက်အထိ ရဲရင့်နေခြင်းလော။
ရှန်းယီသည် ကုလားထိုင်တွင် အေးဆေးစွာ ထိုင်နေသော်လည်း သူ၏အကြည့်မှာ မသိမသာဖြင့် နေရာတစ်ခုသို့ ရောက်သွားပြီး သူ၏ နှုတ်ခမ်းများတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။
အရာအားလုံးကို ပွင့်ပွင့်လင်းလင်းချပြလိုက်ပြီ ဖြစ်သော်လည်း၊ အချို့သူများမှာ သူတို့၏ ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်မှုများကို ရပ်တန့်ရန် ဆန္ဒမရှိကြသေးပေ။