← Chapters

လင်းယွင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် ၃

Vol. 49 Ch. 490

လင်းယွင်ဂိုဏ်း၏ တိုက်ရိုက်မျိုးဆက် ၃

Vol. 49 Ch. 490

ထိုအချိန်တွင် လီယွီ၏ မျက်တောင်များ လှုပ်ခတ်သွား၏။ ရှန်းယီ သည် လူအုပ်ကြီးထဲမှ ရုတ်တရက် ခွဲထွက်သွားသည်ကို သူ သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။

အခြား မိသားစုသုံးစု၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်တွင်... သူသည် တစ်ကိုယ်တော်တည်း နတ်ဆိုးစခန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားတော့သည်။

“သူတို့ဘာလှည့်ကွက်တွေ သုံးသုံး ဂရုမစိုက်နဲ့ အားလုံးပဲ လက်နက်တွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြ”

ကြံ့နက်နတ်ဆိုးကြီး နှစ်ကောင်သည် ကောင်းကင်ယံမှ ချဉ်းကပ်လာသော မင်ရောင်ဝတ်ရုံနှင့် လူရိပ်ကို တည်ငြိမ်စွာစောင့်ကြည့်နေကြ၏။ ဤကျင့်ကြံသူများသည် အမြဲတမ်း လှည့်ကွက်ပေါင်းစုံ ရှိတတ်ကြသဖြင့် အခြားသူများ၏ အစီအစဉ်နောက်သို့ လိုက်နေမည့်အစား ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး တည်ငြိမ်စွာ ရင်ဆိုင်ခြင်းက ပိုကောင်းသည်ဟု သူတို့ ယူဆထားကြသည်။

“ဟုတ်ကဲ့”

ပေယန်တောင်တန်း တစ်ခုလုံး ပဲ့တင်ထပ်သွားလောက်အောင် နတ်ဆိုးများ၏ တုံ့ပြန်သံကြီး ထွက်ပေါ်လာ၏။ ရာနှင့်ချီသော နတ်ဆိုးများ၏ ဟိန်းဟောက်သံနှင့်အတူ သွေးရောင်နတ်ဆိုးစွမ်းအင်များ ကောင်းကင်သို့ ထိုးတက်သွားရာ မိုးမြေပင် အရောင်ပြောင်းသွားသယောင် ထင်ရသည်။

နန်ဟုန်နယ်မြေသို့ ထွက်ပြေးလာပြီး ယနေ့အထိ အသက်ရှင်နေနိုင်ရန်မှာ သူတို့သည် သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာကို ဖြတ်ကျော်လာခဲ့ရသည့် ဝါရင့်စစ်သည်တော်များ ဖြစ်ကြပေမည်။ သူတို့သည် ကောင်းကင်ယံကို စူးစိုက်ကြည့်နေကြ၏။

ချက်ချင်းဆိုသလိုပင် သူတို့၏ မျက်ဆန်းများ ကျုံ့သွားတော့သည်။ သူတို့ စိတ်ကူးထားသလို လိမ္မာပါးနပ်သော အစီအစဉ်များ မရှိခဲ့ပေ။

ကောင်းကင်ယံမှ သွေးရောင်တိမ်တိုက်များအကြားတွင် ရွှေရောင်အစက်အပြောက်များ ရုတ်တရက် ပေါ်လာရုံသာ ရှိသေး၏။

ထို့နောက် ဖူးဆိုသော အသံနှင့်အတူ ထိုရွှေရောင်အစက်အပြောက်များမှာ မီးတောက်များအဖြစ် ပေါက်ကွဲထွက်လာပြီး မိုးမြေကို ဆက်သွယ်ထားသော မီးတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြေပြင်ကို အရှိန်အဟုန်ဖြင့် လွှမ်းမိုးသွားတော့သည်။

၎င်းမှာ မျဉ်းတစ်ကြောင်းမျှသာ မဟုတ်ပေ။ ၎င်းသည် ကျယ်ပြောလှသော မီးပင်လယ်ကြီး၊ တောက်ပသော ရွှေရောင်မီးပင်လယ်ကြီးပင်။

ကောင်းကင်တစ်ခုလုံးရှိ သွေးရောင်နတ်ဆိုးစွမ်းအင်များကို ရေပေါက်ကလေးတစ်ခုကဲ့သို့ပင် အစအနမကျန် ဝါးမျိုပစ်လိုက်တော့သည်။

ရှေ့တွင်တော့... ရှန်းယီသည် လှိုင်းထနေသော မီးလျှံများပေါ်တွင် လမ်းလျှောက်လာနေပြီး သူ၏ နဖူးပေါ်ရှိ ရွှေရောင်မီးတောက်မှာ ပိုမိုသိပ်သည်းလာ၏။ ဟင်းလင်းပြင်လျှောက်လှမ်းခြင်း အဆင့် ၆ ၏ အရှိန်အဝါများ ပြန့်လွင့်လာတော့သည်။

“ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ် လား”

လီယွီက မျက်ခုံးပင့်လိုက်၏။ နန်ဟုန်ခုနစ်ဂိုဏ်းတွင် သာမန်ကျင့်စဉ်များစွာ ရှိသည့်အနက် ဤကိုယ်ခန္ဓာကျင့်စဉ်မှာ အလွန်ရိုးရှင်းသော အမျိုးအစားဖြစ်ပြီး ရှားပါးကျင့်စဉ်ဟုပင် မခေါ်ဆိုနိုင်ပေ။

သူတို့ကဲ့သို့ တိုက်ရိုက်တပည့်များသည် ဤကဲ့သို့သော ကျင့်စဉ်များအတွက် အချိန်မဖြုန်းကြပေ။

သို့သော် ယင်းကို ပြီးပြည့်စုံသော အဆင့်အထိ ကျင့်ကြံလိုက်သောအခါ ဤမျှခန့်ညားထည်ဝါသော အရှိန်အဝါ ရှိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကြံ့နတ်ဆိုးကြီးနှစ်ကောင်၏ အဆင့်မှာ ရှန်းယီထက် မနိမ့်သော်လည်း၊ ပြင်းထန်သော မီးမိုးများအောက်တွင် သူတို့၏ မျက်နှာထားမှာ တဖြည်းဖြည်းလေးနက်လာပြီး မျက်လုံးများထဲတွင် ထိတ်လန့်ရိပ်များပင် ပေါ်လာတော့သည်။

“တတိယညီလေး ငါ့ကို ကူဦး”

နတ်ဆိုးနှစ်ကောင်လုံး တစ်ပြိုင်နက် အော်ဟစ်လိုက်ကြ၏။ သူတို့၏ အတွေ့အကြုံအရ ဤရန်သူသည် ခုနက ရုပ်သေးကစားနေသော ကျင့်ကြံသူများထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေသည်။

အသံပင် မဆုံးသေးမီ ဂူထဲမှ သွေးရောင်အလင်းတန်း နှစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ကြံ့နတ်ဆိုးကြီး နှစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားရန် ကြိုးစားလိုက်သည်။

“ဟင်”

နတ်ဆိုးများသည် သူတို့၏ သွေးသားထဲမှ ရရှိနေကျခွန်အားတိုးမြှင့်မှုကို မခံစားလိုက်ရပေ။ နောက်ဆုံးတွင် သူတို့သည် ကောင်းကင်ယံမှ လူရိပ်ထံမှ အကြည့်ကို လွှဲလိုက်ပြီး ဇဝေဇဝါဖြင့် နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

သို့သော် မင်ရောင်ဝတ်ရုံနှင့် လူငယ်သည် သူတို့၏ နောက်ကွယ်တွင် မည်သို့ရောက်ရှိနေမှန်းမသိဘဲ ပေါ်လာကာ သူ၏ လက်အင်္ကျီကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး သွေးရောင်အလင်းတန်း နှစ်ခုကို ကြားဖြတ်ဖမ်းယူလိုက်သည်ကို တွေ့လိုက်ရသည်။

ထိုအလင်းတန်းများကို သွေးအနှစ်သာရများအဖြစ် ပြောင်းလဲလိုက်ပြီး သူ၏ လက်စွပ် ထဲသို့ အေးဆေးစွာ သိမ်းဆည်းလိုက်သည်။

“မင်း..”

ကြံ့နတ်ဆိုးကြီးမှာ အံ့သြဒေါသထွက်စွာဖြင့် စိုက်ကြည့်နေစဉ်၊ အခြားတစ်ကောင်မှာ ဗီဇအရ ကောင်းကင်သို့ မော့ကြည့်လိုက်ရာ မီးလှိုင်းများပေါ်တွင် ရှိနေသော ရှန်းယီ၏ပုံရိပ်မှာ လေပြေတစ်ခုနှင့်အတူ ပျောက်ကွယ်သွားသည်ကိုသာ မြင်လိုက်ရသည်။

သူ နောက်သို့ လှည့်ကြည့်ရန်ပင် အချိန်မရလိုက်ပေ။ ပြင်းထန်လှသော လက်ဝါးချက်တစ်ခုက နတ်ဆိုးနှစ်ကောင်လုံး၏ ကျောပြင်ပေါ်သို့ အားပါပါ ကျရောက်သွားတော့သည်။

သူတို့သည် အဆင့်တူ ကျင့်ကြံသူများ ဖြစ်ကြ၏။ သို့သော် ကြံ့နတ်ဆိုးကြီး နှစ်ကောင်လုံး၏ ခန္ဓာကိုယ်မှ အရိုးကျိုးသံများ တစ်ပြိုင်နက် ထွက်ပေါ်လာသည်။

တောင်တစ်လုံးကဲ့သို့ ခိုင်မာလှသော သူတို့၏ ခန္ဓာကိုယ်ကြီးများသည် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေးပင် မရလိုက်ဘဲ လွင့်ထွက်သွားတော့သည်။

မမြင်နိုင် မရှောင်နိုင် မတားဆီးနိုင်ခြင်းပင်။

ပြီးပြည့်စုံသော ကောင်းကင်ဘုံဖီးနစ်ထာဝရမူလခန္ဓာကိုယ်၏အားဖြည့်မှုအောက်တွင် ထျန်းယန် ၄၉ သည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

ဝုန်း

မီးပင်လယ်ကြီးမှာ အောက်သို့ အဟုန်ဖြင့် စီးဆင်းသွားပြီး၊ စနစ်တကျ စောင့်ဆိုင်းနေကြသော နတ်ဆိုးများမှာ ထိုအသက်ရှူကျပ်ဖွယ် ဖိအားအောက်တွင် ဗီဇအရအရပ်မျက်နှာ အနှံ့အပြားသို့ ထွက်ပြေးကြတော့သည်။

ကြံ့နတ်ဆိုးကြီး နှစ်ကောင်မှာ လက်ဝါးချက်ကို အပြည့်အဝ ခံလိုက်ရသဖြင့် သူတို့၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ်များမှာ ပြိုကွဲလုနီးပါး ဖြစ်သွား၏။

သူတို့သည် သူတို့၏ မူလပုံသဏ္ဍာန်ကို ပြန်ပြောင်းကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ကြိုးစားလိုက်ကြသည်။ လေထဲတွင် ခန္ဓာကိုယ်များ ကြီးထွားလာပြီး ပေယန်တောင်တန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားနိုင်လောက်သော ဧရာမ နတ်ဆိုးကြီးနှစ်ကောင် ပေါ်လာသည်။

သို့သော် ထူးဆန်းသည်မှာ... သူတို့၏ ဦးခေါင်းများမှာ မူလအရွယ်အစားအတိုင်း ရှိနေဆဲဖြစ်သည်။

အကြောင်းမှာ သူတို့၏ရှေ့တွင် မင်ရောင်ဝတ်ရုံနှင့် လူရိပ်က လေထဲတွင် ဝဲပျံနေပြီး၊ သူ၏ဖြူဖျော့ သွယ်လျသော လက်ချောင်းများဖြင့် သူတို့၏ နဖူးများကို အသာအယာ ဖိထားသောကြောင့်ပင်။

ထိုရိုးရှင်းလှသော လက်ဝါးမှာ အဆုံးမရှိသော ညဉ့်နက်သဖွယ်ပြောင်းလဲသွားပြီး နတ်ဆိုးများ၏ မြင်ကွင်းကို ကွယ်သွားစေတော့သည်။ သူတို့ မြင်တွေ့နိုင်သည်မှာ ကြည်လင်လှသော မျက်ဝန်းအစုံကိုသာ ဖြစ်သည်။

All Chapters