မုန်တိုင်း လာနေပြီ
Vol. 17 Ch. 245
ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ လမ်းမကြီးတစ်ခု၌ ခရစ်ယာန် ဘုရားကျောင်းအိုကြီးတစ်ခု ရှိသည်။ ၎င်း၏အပြင်ဘက် ပုံပန်းသဏ္ဌာန်အရ ထိုဘုရားကျောင်း တည်ရှိခဲ့သည်မှာ နှစ်တစ်ရာခန့် ရှိလောက်ပြီ ဖြစ်သည်။
သို့သော် အတွင်းပိုင်း အပြင်အဆင်က တောက်ပ၍ ခမ်းနားကြီးကျယ်ကြောင်းကို လူအနည်းစုခန့်သာ သိပေသည်။
ထိုနေရာသည် တစ်ကမ္ဘာလုံးရှိ မဟူရာ ကြက်ခြေခတ် အဖွဲ့၏ ဌာနချုပ် ဖြစ်သည်။ နဖူးပေါ်၌ အသားပိုရှိသော လူငယ် သေဆုံးသွားသည်နှင့် ဘုရားကျောင်းရှိ လျှို့ဝှက် ဆွေးနွေးခန်းထဲမှ ရုတ်တရက် စူးရှသော အော်ဟစ်သံကြီး ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"တစ္ဆေ မျိုးစေ့ ပျက်ဆီးသွားပြီ … ငါ့သား သေသွားပြီ"
"ဘယ်သူလဲ … ဘယ်ကောင်လုပ်လိုက်တာလဲကွ"
ထိုအသံသည် ငရဲမှ တက်လာသော အသံနှင့် ဆင်တူပြီး ဘုရားကျောင်းနံရံများအား ပြိုကျလုမတတ် ဖြစ်သွားရသည်။
အော်သံများက ဘုရားကျောင်း အတွင်းရှိ သိုင်းပညာရှင်များ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ချက်ချင်းဆိုသလိုပင် များစွာသော သန်မာပြီး ကြမ်းကြုတ်သည့်သူများ အခန်းအပြင်ဘက်၌ ရောက်ရှိလာ ကြသည်။
ထို့နောက် သူတို့က ကြမ်းပြင်ပေါ် ဒူးထောက်ချ၍ ကြောက်လန့်နေသော မျက်နှာများဖြင့် ပြိုင်တူ ပြောလိုက်ကြသည်။
"သခင်ကြီး"
သူတို့ ထိုလူနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့ ကြောက်လန့်ကာ တုန်ယင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်ဆွေးနွေးခန်း အပြင်ဘက်၌ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဆယ်ယောက် ဦးဆောင်သော လူအယောက် တစ်ရာကျော်ခန့် ဒူးထောက်နေကြသည်။
အင်အားအနည်းဆုံးသူများတောင်မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့်နှင့် ဆရာသခင် အထွတ်အထိပ်အဆင့် ရှိကြသူများ ဖြစ်နေသည်။
အကယ်၍ သူတို့အင်အားစုကိုသာ အများသိအောင် ထုတ်ဖော်လိုက်ပါက တစ်ကမ္ဘာလုံး အကြီးအကျယ် ထိတ်လန့်သွားလောက်ပေ၏။
သို့သော် ယခုအချိန်တွင် သိုင်းပညာရှင်ပေါင်းများစွာက အလွန် ထိတ်လန့်နေသော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်၍ ဝပ်တွားနေကြသည်။
"မဟူရာသခင် … ငါ့သား ဘယ်မှာလဲ"
ခက်ထန်သော အသံတစ်သံက လျှို့ဝှက်ဆွေးနွေးခန်းအတွင်းမှ ပျံ့နှံ့လာသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်က နဖူးမှ ချွေးဒီးဒီးကျကာ အလွန် ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြန်ဖြေလာသည်။
"သခင်ကြီး … သခင်လေးက ဟွာရှနိုင်ငံကို ရောက်နေတာပါ … လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ရတဲ့ သတင်းအရဆို သခင်လေးက ကျန်းနန်စီရင်စုဒေသက ကျန်းရှီမြို့မှာ ရှိနေရမှာပါ"
*ကျန်းရှီမြို့*
ထိုမြို့နာမည်ကို ကြားလိုက်ရသည်နှင့် လျှို့ဝှက်ဆွေးနွေးခန်းအတွင်းမှ လူက အလွန် ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလာ၏။
"အရင်ရက်က ကုန်းကျန့်ထျန်းနဲ့ အခြားဂိုဏ်းခွဲလေးခုက သိုင်းပညာရှင်တွေ ကျန်းရှီမြို့မှာ တိုက်ခိုက်ရင်း သေသွားခဲ့တာကို ငါ သတိရပြီ"
သူ့စကားကြောင့် မဟူရာသခင်က တစ်ချက် တုန်ယင်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် … သခင်ကြီး"
"အရှေ့အာရှ ဂိုဏ်းခွဲက ပုန်ကန်ပြီးတော့ ကျန်းရှီမြို့က လူငယ်တစ်ယောက်ကို သူတို့ရဲ့ သခင်ကြီးအဖြစ် သက်မှတ်လိုက်ကြပါတယ် …. ကုန်းကျန့်ထျန်း ဦးဆောင်ပြီး ဂိုဏ်းခွဲလေးခုက ထိပ်တန်း သိုင်းပညာရှင်တွေနဲ့ ကျန်းရှီမြို့ကို သွားခဲ့တာပါ … နောက်ဆုံးမှာတော့ သူတို့အားလုံး အသတ်ခံလိုက်ရပါတယ်"
မဟူရာသခင် သတင်းပို့လို့အပြီး၌ လျှို့ဝှက်ဆွေးနွေးခန်း အပြင်ဘက်ရှိ စင်္ကြံတစ်ခုလမ်းသည် မုန်တိုင်းမလာခင် လေငြိမ်သကဲ့သို့ တိတ်ဆိတ် ငြိမ်သက်လို့နေ၏။
တောက်! တောက်!
သိုင်းပညာရှင်များ၏ နဖူးမှ ချွေးများက တတောက်တောက်နှင့် စီးကျနေ၏။
သူတို့သခင်ကြီး၏ ဒေါသကို သူတို့ သတိပြုမိပါသည်။ သူတို့ သခင်ကြီး ဒေါသူပုန်ထနေမှန်း သူတို့ ရိပ်စားမိသည်။
မဟူရာ ဧကရာဇ် ဒေါသထွက်လာလျင် သူသည် မိုင်တစ်သောင်းအတွင်းရှိ သိုင်းပညာရှင်အားလုံးကို ရှင်းလင်းပစ်နိုင်သည်။
အတော်ကြာပြီးနောက် အလွန် ခက်ထန်သော အသံက ပြန်လည်ထွက်ပေါ်လာသည်။
"ငါ့သားက တစ္ဆေကျင့်စဉ်မှာ ထူးချွန်တယ် … ဒဏ္ဍာရီအဆင့်တွေတောင် သူ့ကို မသတ်နိုင်ဘူး … ဒါ ယဲ့ဖန်ပဲ ဖြစ်ရမယ်"
သူ့အသံက အံ့ဩစရာကောင်းလောက်အောင် ပျော်ရွှင်နေပုံပေါက်သည်။
"ယဲ့ဖန် … မင်း ငါ့သားကိုရော ငါ့လူတွေကိုပါ သတ်ခဲ့တယ် … ငါ မင်းကို သေချင်တယ်ကွ"
သူ၏ ကြောက်မက်ဖွယ်ကောင်းသော အသံကြောင့် သိုင်းပညာရှင်များ ခေါင်းကို ငုံ့ကာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ ကတုန်ကယင် ဖြစ်လာကြသည်။
ထို့နောက် သူတို့သည် သူတို့၏ ခံယူချက်ကို ပြိုင်တူ ပြောလိုက်ကြသည်။
"ကျွန်တော်တို့ သခင်ကြီးနောက်ကို လိုက်ပြီး ကျန်းရှီမြို့ကို ရှင်းလင်းပစ်ပြီး ယဲ့ဖန်ကို သတ်ပစ်ချင်ပါတယ်"
သူတို့၏ နားကွဲမတတ် အော်သံများက ငလျင်တောင် လှုပ်စေမတတ် ဖြစ်သွားရသည်။ သိုင်းပညာရှင်တိုင်း၏ မျက်လုံးများမှ သန်မာ၍ ပြင်းထန်သော ချီဓာတ်များ ထွက်ပေါ်နေ၏။
သူတို့စကားကြောင့် အမှောင်ခန်းထဲ၌ ထိုင်နေသော လူက မကောင်းဆိုးဝါးလေသံဖြင့် ပြောလိုက်သည်။
"ငါ လဝက်အတွင်း ထွက်လာခဲ့မယ်"
"ငါ့အမိန့်ကို ဖြန့်လိုက် … အစေခံ ခုနစ်ယောက်ကို စုစည်းပြီးတော့ တစ်ကမ္ဘာလုံးက ဂိုဏ်းခွဲအားလုံးကို စုစည်းလိုက် … ဟွာရှနိုင်ငံကို ငါနဲ့ လိုက်ခဲ့ပြီး ယဲ့ဖန်ကို သတ်ကြမယ်"
အမိန့်ကို လက်ခံရလိုက်သည်နှင့် သိုင်းပညာရှင်များ စိတ်အားတက်ကြွလာကာ ကျယ်လောင်စွာ ဟစ်အော်လာကြသည်။
"ဟုတ်ကဲ့ပါ သခင်ကြီး"
….
ကျန်းရှီမြို့ရှိ ယဲ့ဖန်အိမ်တော်၏ အခန်းတစ်ခန်းထဲ၌ ရုတ်တရက် တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများ ပဲ့တင်ထပ်လာသည်။
ထိုအချိန်တွင် အခန်းထဲ၌ သက်စောင့်စွမ်းအင်များ ပေါများစွာ ပြည့်လျှံ့လျက် ရှိနေသည်။
"ဒါ လတ်ဆတ်တဲ့ ချီဓာတ်ပဲ"
လင်းလန်၊ အန်းရှီ နှင့် ခြံဝန်းထဲရှိ အခြားနောက်လိုက်များ တက်ကြွလာကြသည်။ ပေါများသော ချီဓာတ်များကို စုပ်ယူပြီးနောက် သူတို့ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားရပြီး ခွန်အားများ ပို၍ တိုးလာသလို ခံစားလိုက်ရသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်မှ သစ်ပင်ပန်းမန်များ အလွန်အမင်း ကြီးထွားလာသည်ကို သူတို့ မြင်လိုက်ရသည်။
သစ်ပင်များသည် စင်တီမီတာ နှစ်ဆယ်ထပ် ပို၍ ထူထပ်ပြီး အရှိန်ပြင်းပြင်းနှင့် ရှည်လျား မြင့်မားလာသည်။
အကိုင်းအခက်များနှင့် အရွက်များက ပို၍ ကျယ်ပြန့်လာပြီး သစ်ပင်အကြောများလည်း မလျှော့တမ်း ဖုဖောင်းလာ၏။
စက္ကန့်အနည်းငယ်အတွင်းမှာတင် ခြံဝန်းထဲရှိ သစ်ပင်များအားလုံး မိုးထိမတတ် မြင့်တက်လာသည်။
နှစ်တစ်ထောင်နီးပါး သက်တမ်းရှိသော မိုးထိမတတ် သစ်ပင်များနှင့် တောအုပ်ကြီးကဲ့သို့ ဖြစ်နေပြီး ခြံဝန်းတစ်ခုလုံးသည် ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်များနှင့် ပြည့်နှက်လို့နေ၏။
မကြာခင်မှာပင် သစ်ပင်ပန်းမန်များသည် လူ့တစ်ရပ်နီးပါးထက် မြင့်တက်လာသည်။ ပန်းပင်များအားလုံးသည် လန်းဆန်းလို့နေပြီး ရနံ့များနှင့် မွှေးကြိုင်လို့နေ၏။
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ခြံဝန်းထဲရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
"ဒါ … ဒါ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် အဆင့်တက်သွားတာရဲ့ အကျိုးရလဒ်များလား"
မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။ သို့သော် သည်လောက်နှင့် မပြီးသေးပါ။
တဖျောက်ဖျောက် မြည်သံများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက် သူတို့၏ တက်ကြွသော ဟစ်အော်သံများက နောက်မှ ကပ်၍ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်သည် အလွန် အံ့ဩသွားရသည်။ သူသည် ယဲ့ဖန်၏ နောက်လိုက်များထဲတွင် ဒဏ္ဍာရီအဆင့်သို့ တက်သွားနိုင်သည့် ကိုးယောက်မြောက် သူလည်း ဖြစ်သည်။
အခြားသူများက သူ့ကို အလျင်အမြန် ဝမ်းမြောက်စကား ပြောဆိုကြသည်။ သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။
တဖျောက်ဖျောက် မြည်သံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် လက်ရှိအဆင့်မှ အဆင့်သစ်တို့ တက်ရောက် သွားကြသည်။
"ဒဏ္ဍာရီတစ်ပိုင်းအဆင့် … ဟားဟား … နောက်ဆုံးတော့ ငါက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ"
"သောက်ကျိုးနည်း …. ငါ့ချီဓာတ်တွေက ကောင်းကင်အထိ ထိုးတက်သွားမလားလို့တောင် ငါ ခံစားမိတယ် … ဆရာသခင် အလယ်အလတ်အဆင့် ၊ ဆရာသခင် နောက်ဆုံးအဆင့် ၊ ဆရာသခင် အထွတ်အထိပ်အဆင့် … သေစမ်းကွာ"
….
ခြံဝန်းထဲ၌ ကျယ်လောင်စွာ ပြောဆိုနေသံများ ဆက်တိုက် ထွက်ပေါ်လို့နေသည်။
မွေးရာပါ စိတ်ဝိညာဉ် ချီဓာတ် ကျဲပါးလာချိန်တွင် ခြံဝန်းထဲရှိ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် အကျိုးအမြတ် ရသွားကြပြီ ဖြစ်သည်။
သူတို့အားလုံး၏ ခွန်အားများသည် အလွန် အံ့ဩဖွယ်ကောင်းသည့် နှုန်းထားဖြင့် တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဆယ်ယောက်၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် အယောက် နှစ်ဆယ်၊ ဆရာသခင် အထွတ်အထိပ်အဆင့်နှင့် ဆရာသခင် နောက်ဆုံးအဆင့် အယောက် နှစ်ရာလေးဆယ့်တစ်ယောက်အထိ ရှိသွားပြီ ဖြစ်သည်။
မည်မျှ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလိုက်သည့် အင်အားပါလိမ့်။
ကျွိခနဲ မြည်သံနှင့်အတူ အိမ်ထဲမှ ယဲ့ဖန်နှင့် ဖန့်ယင်းတို့ ထွက်လာကြသည်။ တစ္ဆေမျိုးစေ့ထဲရှိ ကြွယ်ဝသည့် တစ္ဆေချီဓာတ်များကို စုပ်ယူပြီးနောက် ယဲ့ဖန်သည် ပို၍ ဆန်းကြယ်လာသည်။
သူ၏ လှုပ်ရှားမှုတိုင်းက အန္တရာယ်ရှိပုံ ပေါ်လာသည်။ တစ္ဆေ သန္ဓေသားလောင်းအား ဝါးမျိုပြီးနောက် ဖန့်ယင်းသည် သာမန်လူအဆင့်မှ ဆရာသခင်အဆင့်သို့ ညတွင်းချင်း အဆင့်တက်သွားသည်။
အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည့် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပါတကား။
သို့သော် ထိုအချိန်တွင် သူတို့ ခပ်သုတ်သုတ် လှမ်းလာသည့် ခြေသံအချို့ကို ကြားလိုက်ရသည်။
ခြံဝန်းအပြင်ဘက်အား စောင့်ကြပ်နေသည့် ညအဖွဲ့ဝင်သား တစ်ယောက်သည် ယဲ့ဖန်ထံသို့ ခပ်သွက်သွက် ပြေးလာနေပြီး ပြောလာသည်။
"သခင်ကြီး ယန်ကျင့်မြို့ကနေ စိန်ခေါ်စာတစ်စောင် ရလာပါတယ်"
*ဘာ*
သူ့စကားကြောင့် ခြံဝန်းထဲရှိ လူတိုင်း ချက်ချင်း မျက်နှာပျက်သွားကြသည်။ ယဲ့ဖန်တောင်မှ တစ်ခဏမျှ အံ့ဩသွားသည်။
ထို့နောက် စာကိုယူ၍ ဖတ်ကြည့်လိုက်သောအခါ တရုတ်လို ရေးသားထားသော စာတစ်ချို့ကို တွေ့လိုက်ရသည်။
____ ကိုရီးယားနိုင်ငံမှ နံပါတ်တစ် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်းနှင့် နောက်ထပ် ဒဏ္ဍာရီအဆင့် ခြောက်ယောက်တို့က ငါ့သား ဖျောင်ကျင်းတျောင်နဲ့ ငါ့မြေး ဖျောင်ကျိုးယိုတို့ သေဆုံးမှုအတွက် ဟွာရှနိုင်ငံက သိုင်းပညာရှင်အားလုံးကို စိန်ခေါ်တယ်
____ ဟွာရှနိုင်ငံက သိုင်းပညာရှင်တွေ အားလုံးကို သတ်ပြီး ငါ့သားနဲ့ ငါ့မြေးတို့ရဲ့ သေဆုံးခြင်းအတွက် လက်စားချေမယ်
____ လူသတ်သမား ယဲ့ဖန်ကို ငါတို့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် သုံးရက် စောင့်မယ်
____ အနိုင်ရတဲ့သူပဲ အသက်ရှင်မယ်
____ မင်း မလာရင် ငါတို့ ဟွာရှနိုင်ငံရဲ့ အခြားဒေသက သိုင်းပညာရှင်တွေကို သုတ်သင်ပစ်မယ်၊ ငါတို့ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ပြီး မင်းကို သတ်မယ်
မနှစ်မြို့ဖွယ်ကောင်းသော သွေးများနှင့် ရေးထားသော စာလုံးတစ်လုံးက စာစောင်၏ အောက်ခြေ၌ ရေးသားထားသည်။
____ သေစေရမယ်