← Chapters

သူက မင်းနဲ့ လက်ထပ်ဖို့ သဘောတူထားတဲ့ ခင်ပွန်းလေ

Vol. 17 Ch. 247

သူက မင်းနဲ့ လက်ထပ်ဖို့ သဘောတူထားတဲ့ ခင်ပွန်းလေ

Vol. 17 Ch. 247

"လက်စသတ်တော့ နင်ကိုး"

မိန်းမပျိုလေး၏ အပြောကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး တစ်ချိန်တည်းမှာပင် တွေဝေသွားကြသည်။

"သခင်မလေး … သခင်မလေးက အဘိုးယဲ့နဲ့ မစ္စတာ ယဲ့ဖန်ကို သိနေတာလား"

ယဲ့ကလန်၏ သခင်ကြီးဖြစ်သူမှ ပေးသည့် အမိန့်အရ ယဲ့စန်းသည် ယဲ့ဖန်နှင့် အဘိုးယဲ့တို့ကို တကူးတက လာကြိုရန် လာရောက်ခဲ့ခြင်း ဖြစ်သည်။ သူတို့၏ ဓာတ်ပုံများကိုလည်း သူ မြင်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့ကို သူ အလွယ်တကူ မှတ်မိပါသည်။

သို့သော် ဤထင်ရာစိုင်းတတ်သည့် သခင်မလေးကလည်း သူတို့ကို သိနေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။

ယဲ့စန်း၏ စကားကြောင့် မိန်းမပျို‌လေး၏ မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ အံကို ကြိတ်၍ ပြောလာသည်။

"တတိယဘိုးဘိုး … အဲ့ကောင်ပဲ … အဲ့ခွေးကောင်လေးက သမီးကို ရိုက်လိုက်တာ"

*ဘာ*

သူမစကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး မှင်တက်သွားကြသည်။

ယဲ့ဖန့်ချန်က အောင့်သီးအောင့်သက် အပြုံးမျိုး ပြုံးလိုက်မိသည်။ ယဲ့ဖန် ရိုက်နှက်လိုက်သည့် မိန်းကလေးက ပင်မ ယဲ့ကလန်က သခင်မလေး ယဲ့လန် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။

သို့သော် ထိုအချိန်တွင် ယဲ့ဖန်က ခပ်အေးအေး ပြောလာသည်။

"ငါက မင်းကို ရိုက်တာ မဟုတ်ပါဘူး … မင်းကို ဘယ်လို ယဉ်ယဉ်ကျေးကျေး ပြုမူရမလဲ ဆိုတာကို သင်ပေးတာပါ"

*ယဉ်ယဉ်ကျေးကျေး ပြုမူအောင် ဟုတ်လား*

သူ့စကားကြောင့် ယဲ့လန် ပေါက်ကွဲသွားသည်။

*ဒီသူတောင်းစားက ငါ့ကို ရိုက်ရုံတင်မကဘူး ငါ့ကို မယဉ်ကျေးဘူး ဆိုပြီးတော့တောင် အပြစ်တင်နေသေးတယ်*

"သူတောင်းစား နင် က ကျင့်ဝတ်ထုံးတမ်းတွေကို သိလို့လား … နင့်လို အရိုင်းအစိုင်းကောင် ခွေးသူတောင်းစားက ငါ့ကို ယဉ်ယဉ်ကျေးကျေး ပြုမူဖို့ သင်ပေးရဲတယ်…"

ယဲ့ဖန်က ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးကဲ့သို့ ယဲ့ဖန်အား ဆက်၍ အပြစ်တင်နေသည်။

သို့သော် သူမ မဆုံးသေးခင်မှာပင် သူမ ထပ်မံ၍ ပြင်းထန်စွာ အရိုက်ခံလိုက်ရသည်။ လူတိုင်း အံ့အားသင့်သွားကြသည်။

ယဲ့စန်းနှင့် သူ၏ သက်တော်စောင့်များ ရှေ့၌ ယဲ့ဖန်က ယဲ့လန်အား ရိုက်ရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။

သို့သော် ယဲ့ဖန်က သူတို့၏ နားဝေတိမ်တောင် အကြည့်များကို လုံးဝ ဂရုမစိုက်ပါ။ သူက မျက်လုံးကိုသာ အသာမှေးစင်း၍ ကြည့်နေပြီး သူ့မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်နေသည်။

"ငါ မင်းကို ပြောချင်တဲ့ ကျင့်ဝတ်ထုံးတမ်းကတော့ မင်း အရိုက်ခံရနိုင်တဲ့ အခြေအနေမှာ သောက်ရေးမပါတာတွေ မပြောဖို့ပဲ"

*သေစမ်း*

သူ့စကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

*ဘယ်လိုလူလဲဟ*

သူတို့မျက်လုံးများက ချက်ချင်း တောက်ပလာသည်။ ယဲ့လန်အား တစ်စုံတစ်ယောက်က အများရှေ့မှ ဆက်တိုက် ပါးရိုက်ခြင်းက ဒါပထမဆုံးပင် ဖြစ်သည်။

"အား…အာ…အား…."

ယဲ့လန် ပေါက်ကြွလို့လာသည်။ ဒေါသထွက်နေသော ခြင်္သေ့မလေးကဲ့သို့ သူမက ဆက်တိုက် အော်ဟစ်နေရင်း ယဲ့စန်းနှင့် သက်တော်စောင့်များက မာန်မဲနေသည်။

"နင်တို့ ဘာရပ်ကြည့်နေကြတာလဲ … ငါ သူရိုက်တာ ခံနေရတာလေ …. သူ့ကို မြန်မြန် ပြန်ရိုက်နှက်ကြပါလား … သူ့လက်တွေကို ချိုးပစ်လိုက်ကြ"

ယဲ့လန်က အလွန် မုန်းတီးနေဟန်ဖြင့် အော်ဟစ်နေသည်။ သို့သော် သူမ၏ တောင်းဆိုမှုကို ကြားပြီးနောက် ယဲ့စန်းက သူမကို စကားသာ ပြောလာသည်။

"သခင်မလေး … ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ … မစ္စတာယဲ့က လူအိုကြီး ထောက်ခံမှုပေးတာကို ရထားတဲ့သူပါ … အစေခံ ဖြစ်တဲ့ ကျွန်တော်တို့ အနေနဲ့ ဒီလို လုပ်လို့ မဖြစ်ပါဘူး … သခင်မလေးအနေနဲ့ မကျေနပ်တာ ရှိရင် လူအိုကြီးကိုသာ တိုက်ရိုက်ပြောပေးပါ"

*ဘာ*

သူ့စကားကြောင့် မီးထဲ ဆီကောက်ထည့်လိုက်သလို ပို၍ ဒေါကန်သွားသည်။

"ခွေးကောင် … ခွေးကောင် … နင်တို့အားလုံး ခွေးကောင်တွေ"

"ငါက ယဲ့ကလန်က သခင်မလေးဟဲ့ …. ဒါပေမယ့် ငါက လူဆိုးကောင်ရဲ့ ရိုက်နှက်တာကို ခံနေရတယ် … ငါ …"

ဖြန်း!

သူမ ဆုံးအောင်တောင် မပြောလိုက်ရသေးခင်မှာပင် နောက်ထပ် ရိုက်ချက် တစ်ချက်က ထပ်ရောက်လာသဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။

အလွန် ခက်ထန်သော အကြည့်များဖြင့် ယဲ့ဖန်က ယဲ့လန်အား ကြည့်ကာ ပြောလိုက်သည်။

"မင်း နောက်ထပ် အသံတစ်သံတောင် ထပ်ထွက်ရဲမယ်ဆို ငါ မင်းလျှာကို ဖြတ်ပစ်မယ်"

ချက်ချင်းဆိုသလိုပင် ယဲ့လန်တစ်ယောက် သားရဲရိုင်းတစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ မျက်နှာပေါ်မှ နာကျင်မှုကို သူမ မေ့လျော့နေပြီ ဖြစ်သည်။ သူမ တစ်ကိုယ်လုံး ချမ်းစိမ့်စိမ့် ဖြစ်နေသည်ကိုသာ ခံစားနေမိသည်။

ယဲ့ဖန်က သူမအား သားရဲရိုင်းတစ်ကောင်ကဲ့သို့ ရက်စက် ကြမ်းကြုတ်စွာ ကြည့်နေသည်။ ယဲ့လန်သည် အကယ်၍ သူမသာ အသံတစ်သံ ထပ်ထွက်ပါက ဒီလူ သူမကို တကယ် လျှာဖြတ်ပစ်မည်ဟု ခံစားနေမိသည်။

ထို့ကြောင့် သူမ လျှာသိမ်း၍ ဆဲဆိုချင်သည့် စကားလုံးများကို မျိုချထားလိုက်ရသည်။ သူမ၏ အပြုအမူကို ကြည့်ပြီး ယဲ့ဖန်က ကျေနပ်သွားသလို ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ကြည့်ရတာ မင်း ယဉ်ယဉ်ကျေးကျေး ဘယ်လို ပြုမူရမယ်ဆိုတာကို အနေအထားတစ်ခုလောက်ထိ သိသွားပြီနဲ့ တူတယ်"

ထိုသို့ပြောပြီး ယဲ့ဖန်က Bentley အမှတ်တံဆိပ် ဇိမ်ခံကားပေါ်သို့ ယဲ့ဖန့်ချန် နှင့်အတူ တက်သွားသည်။

*ကောင်စုတ် ကြည့်ကြသေးတာပေါ့ … ငါတို့ ယဲ့အိမ်တော်ကို ရောက်တာနဲ့ နင့်ကို အရေခွံ ဆုတ်ပစ်ဖို့ ငါ့အဘိုးကို ပြောမယ်*

ယဲ့လန်က ထိုသို့တွေး၍ ကားပေါ်သို့ မကျေမနပ်နှင့် တက်လိုက်သည်။

….

ယန်ကျင့်မြို့ရှိ ယဲ့ကလန်သည် ကျော်ကြားသော ကလန်တစ်ခု ဖြစ်သည်။ သူတို့၏ ကလန်ခွဲများက ဟွာရှ နိုင်ငံအနှံ့ ရှိသည်။

ယန်ကျင့်မြို့ရှိ ဆင်ခြေဖုံးဒေသ၌ ဧရာမ အိမ်တော်ကြီးတစ်ခု တည်ရှိသည်။ ထိုအိမ်တော်သည် ယဲ့ကလန်၏ ပင်မ အိမ်တော် ဖြစ်ပေသည်။

Bentley အမှတ်တံဆိပ် ဇိမ်ခံကားတစ်စီးသည် ထိုအိမ်တော်၌ ရပ်လိုက်ပြီးနောက် ယဲ့စန်းက ယဲ့ဖန်နှင့် ယဲ့ဖန့်ချန်တို့အား ဧည့်ခန်းမသို့ ဖြည်းဖြည်းချင်း လမ်းပြလာသည်။

ဧည့်ခန်းထဲ မဝင်ခင်တွင် ခပ်ချောချော လူငယ်လေးတစ်ယောက်က သူတို့ထံသို့ ပြုံး၍ လျှောက်လာသည်ကို မြင်လိုက်ရသည်။

ထိုလူငယ်လေးသည် တစ်မူထူးခါးပြီး ယဉ်ကျေး သိမ်မွေ့စွာ ပြုမူ၏။ သူသည် ယဲ့ဖန့်ချန်အား အနည်းငယ် ဦးညွတ် ဂါဝရပြု၍ နှုတ်ဆက်လာသည်။

"အဘိုးယဲ့ … တွေ့ရတာ ဝမ်းသာပါတယ် … ကျွန်တော်က ယဲ့ရီယွင်ပါ"

*ယဲ့ရီယွင်*

သူ့နာမည်ကို ကြားပြီးနောက် ယဲ့ဖန့်ချန် အလွန် ထိတ်လန့်သွားရသည်။ ယဲ့ရီယွင်သည် ပင်မ ယဲ့ကလန် မှ လူငယ်များ၏ ခေါင်းဆောင်ဖြစ်ပြီး ပင်မ ယဲ့ကလန်၏ နောင်ကလန်ခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သည်။

"သခင်လေးယွင် … မင်းက အတော်လေး ယဉ်ကျေးနေပါပြီ … ဒီလူအိုကြီးကသာ မင်းကို အရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမှာပါ"

ယဲ့ကလန်သည် စည်းမျဉ်းနှင့် ပတ်သက်၍ တင်းကျပ်စွာ လိုက်နာရန် သတ်မှတ်ထားသည်။

ပင်မ ယဲ့ကလန်၏ နောင်ကလန်ခေါင်းဆောင် ဖြစ်လာမည့် ယဲ့ရီယွင်၏ အဆင့်အတန်းသည် ပင်မ ယဲ့ကလန်၌ လူအိုကြီးယဲ့နှင့် တန်းတူနီးပါး ရှိသည်။

ယဲ့ကလန်ခွဲများ၏ ခေါင်းဆောင်များတောင်မှ သူ့အား ပင်မ ယဲ့ကလန်၏ နောင် ကလန်ခေါင်းဆောင်အဖြစ် ဆက်ဆံရမည် ဖြစ်မည်။

သို့သော် ယဲ့ရီယွင်က ယဲ့ဖန့်ချန်အား အလွန် ယဉ်ကျေးစွာ ဆက်ဆံသဖြင့် ယဲ့ဖန့်ချန် အလွန် ပျော်ရွှင်သွားသည်။

ယဲ့ဖန့်ချန်၏ မျက်နှာထားကို ကြည့်ပြီး သဘောထားကြီးသော အပြုံးဖြင့် ပြောလိုက်သည်။

"အဘိုးက ကျွန်တော့်ရဲ့ အကြီးအကဲပဲဗျာ …ကျွန်တော်က အဘိုးကို အငယ်တစ်ယောက်အနေနဲ့ အရင် နှုတ်ဆက်သင့်တာပေါ့"

ထိုသို့ပြောပြီး သူက ယဲ့ဖန်အား လှည့်ကြည့်ကာ သဘောကောင်းဟန်ဖြင့် ပြောလိုက်သည်။

"ဒီကတစ်ယောက်က နာမည်ကြီးနေတဲ့ အစ်ကို ယဲ့ဖန်ဖြစ်မယ်"

"တွေ့ရတာ ဝမ်းသာပါတယ် … ငါက ယဲ့ရီယွင်ပါ"

ယဲ့ရီယွင်သည် အတော်လေး တည်ငြိမ်၍ ကြင်နာတတ်ပုံ ပေါ်သဖြင့် သူ့ကို မြင်သည့် သူတိုင်း သဘောထားကောင်းသည်ဟု ခံစားရစေသည်။

အနည်းငယ် အံ့အားသင့်သွားပြီးနောက် ယဲ့ဖန်က လက်ဆန့်၍ နှုတ်ဆက်လိုက်သည်။

"ယဲ့ဖန်ပါ"

နှစ်ယောက်သား အသာအယာ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။

"ဟားဟားဟား … ခင်ဗျားနဲ့ တွေ့ရတာ ကျွန်တော့်အတွက် အတော်လေး ဂုဏ်ယူစရာပါပဲ … ဖန် … အထဲဝင်ကြပါဦး … ကျွန်တော့်အဘိုးက ခင်ဗျားတို့ကို စောင့်နေတာ အတော်လေး ကြာပါပြီ"

ထိုသို့ပြောပြီး သူက သူတို့အား ဧည့်ခန်းထိသို့ ခေါ်သွားရန် ပြင်လိုက်သည်။

"ရီယွင်"

ထိုအချိန်တွင် ယဲ့လန်က ပြေးလာပြီး ယဲ့ရီယွင်၏ လက်မောင်းကို ဖက်၍ ပြောလိုက်သည်။

"ရီယွင် … အဲ့ကောင်က ငါ့ကို ရိုက်တယ် … နင် ငါ့နစ်နာမှုအတွက် လက်စားချေပေးရမယ်"

ယဲ့လန်သည် ယဲ့ရီယွင်နှင့် အလွန် ရင်းနှီးပုံရသည်။ သူမသည် အလိုလိုက်ခံရ၍ ပျက်စီးနေသော ကလေးကဲ့သို့ ပြုမူနေသည်။

သူမတောင်းဆိုမှုကြောင့် ယဲ့ရီယွင်သည် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက ပြုံး၍ ပြောလိုက်သည်။

"ယဲ့လန် … တော်တော့ … နောက်မှ ပြောကြရအောင်"

ထိုသို့ပြောပြီး ယဲ့ရီယွင်က သူမ ခေါင်းလေးကို ပုတ်၍ ယဲ့ဖန်နှင့် ယဲ့ဖန့်ချန်တို့အား ဧည့်ခန်းမထဲသို့ ခေါ်ဆောင်သွားသည်။

ပင်မ ယဲ့ကလန်၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ရှုံးသည် ဧည့်ခန်းမတွင်း၌ ငြိမ်၍ ထိုင်နေပြီး ကျန်သိုင်းပညာရှင်များနှင့် ယဲ့ကလန် တိုက်ရိုက်မျိုးဆက်များက ဘေးတစ်ဘက်တစ်ချက်စီ၌ ငြိမ်သက်စွာ ရပ်နေကြသည်။

သိပ်မကြာခင်မှာပင် ယဲ့ဖန့်ချန် ဧည့်ခန်းမထဲသို့ ဝင်လာသည်၊ သူက ပင်မ ယဲ့ကလန်၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ရှုံးအား ဦးညွှတ် အရိုအသေပေး၍ နှုတ်ဆက်လာသည်။

"အရိုအသေပေးပါတယ် … မြင့်မြတ်တဲ့ သခင်ကြီးခင်ဗျား … ကျွန်တော်က ယဲ့ဖန့်ချန်ပါ"

"ဟားဟားဟား…"

ယဲ့ရှုံးက အလျင်အမြန် ထကာ ယဲ့ဖန့်ချန်အား ဆွဲထူလိုက်ပြီး ဖော်ရွေ ပျူငှာစွာ ပြုံး၍ နှုတ်ဆက်လိုက်သည်။

"ဖန့်ချန် … မတွေ့ရတာ ကြာပြီပဲ … ခုံမှာ မြန်မြန်ထိုင်လိုက်"

ထိုသို့ပြောပြီး ယဲ့ရှုံးက ယဲ့ဖန့်ချန်အား သူ့အနားမှ ခုံတွင် ထိုင်ရန် ပြောလိုက်သည်။ ထို့နောက် သူတို့အားလုံးက ယဲ့ဖန်ကို ဝိုင်းကြည့်ကြသည်။

ယဲ့ဖန်က ယဲ့ရှုံးရှေ့၌ လုံးဝ ဒူးထောက်ခြင်း မပြုသည်ကို သိလိုက်ရပြီးနောက် ပင်မ ယဲ့ကလန်၏ သိုင်းပညာရှင်များနှင့် တိုက်ရိုက် မျိုးဆက်များအားလုံး ချက်ချင်း မျက်မှောင်ကြုတ်သွားကြသည်။

"အတင့်ရဲလိုက်တဲ့ ဂျူနီယာပါလား … မင်း ဘာလို့ မြင့်မြတ်တဲ့ သခင်ကြီးရှေ့မှာ ဒူးမထောက်ရတာလဲ"

ပင်မ ယဲ့ကလန်ရဲ့ ဒုတိယသခင်လေး ယဲ့ရီဖေးက ယဲ့ဖန်အား ခက်ထန်စွာ ကြည့်၍ မာန်မဲ ပြောဆိုလိုက်သည်။

ထို့နောက် ယဲ့လန်က ယဲ့ရှုံးရှိရာသို့ တန်းနေအောင် ပြေးလာပြီး ယဲ့ဖန်အား လက်ညှိုးထိုး၍ ကျယ်လောင်စွာ ပြောဆိုလိုက်သည်။

"ဘိုးဘိုး အဲ့ကောင်က သမီးကို ရိုက်တယ် … သူ သမီးကို ရိုက်တယ်"

*ဘာ*

သူမစကားကြောင့် ခန်းမထဲရှိ လေထုသည် ချက်ချင်း အေးစိမ့်လာကာ လူတိုင်းက ယဲ့ဖန်အား မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ဝိုင်းကြည့်လာကြသည်။

သူက ပင်မ ယဲ့ကလန်၏ မြင့်မြတ်သော သခင်ကြီးရှေ့မှာလည်း ဒူးမထောက်ခဲ့။ သူက ပင်မ ယဲ့ကလန်ရဲ့ သခင်မလေးကိုလည်း ပါးရိုက်ခဲ့သေးသည်။

သူ တော်တော် လွန်နေပြီပဲ။ သို့သော် သူမစကားကို ကြားပြီးသော်လည်း ယဲ့ရှုံးက မည်သည့် ထင်မြင်ချက်မှ မပေးပေ။

သူက ယဲ့ဖန်အား မျက်လုံးကို မှေးစင်း၍ ကြည့်နေပြီး ပြုံးလိုက်ပြီး စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလိုက်သည်။

"မဆိုးဘူး … သူက အရည်အချင်း ရှိတယ် … သူက တကယ့်ကို ယဲ့ကလန်ရဲ့ ပါရမီရှင်ပဲ"

ထို့နောက် သူက ယဲ့ဖလန်အား ကြည့်ကာ ပြောလိုက်သည်။

"လန် … မင်းရဲ့ သတို့သားလောင်းကို နှုတ်ဆက်လိုက်ဦးလေ"

*ဘာ*

ယဲ့ရှုံး၏ စကားကြောင့် ယဲ့လန် တစ်ခဏမျှ မှင်တက်သွားပြီးမှ ပြန်မေးလိုက်သည်။

"ဘယ်သူက သမီးရဲ့ သတို့သားလောင်းလဲ"

ထိုအခါ ယဲ့ရှုံးက ယဲ့ဖန်အား လက်ညှိုးထိုးပြလိုက်သည်၊ ထို့နောက် လျင်မြန်စွာ လက်ပြန်ရုတ်လိုက်သဖြင့် ယဲ့လန်နှင့် အခြားကလန်သားများကို တွေဝေသွားစေသည်။

"သူက မင်းနဲ့ လက်ထပ်ထားဖို့ သဘောတူထားတဲ့ ခင်ပွန်းလောင်းလေ"

All Chapters