← Chapters

ကလေးဘဝက တစ်စုံ တစ်ယောက်ကို လိုက်ရှာနေခြင်း 

Vol. 17 Ch. 248

ကလေးဘဝက တစ်စုံ တစ်ယောက်ကို လိုက်ရှာနေခြင်း 

Vol. 17 Ch. 248

"သူက မင်းနဲ့ လက်ထပ်ထားဖို့ သဘောတူထားတဲ့ ခင်ပွန်းလောင်းလေ"

ဤစကားကြောင့် ယဲ့လန်နှင့် အခြားသူများအားလုံး အံ့အားသင့်သွားကြသည်။

ယဲ့ကလန်မှ အကြီးအကဲများတောင်မှ ပင်မ ယဲ့ကလန်၏ မြင့်မြတ်သော သခင်ကြီးက သခင်မလေးကို ယဲ့ဖန်နှင့် လက်ထပ်ပေးဖို့ ဆုံးဖြတ်ပြီးသားမှန်း မသိကြပါ။

ဒုတိယသခင်လေး ယဲ့ရီဖေးက ရှေ့သို့ တစ်လှမ်းတိုးလာကာ စောဒကတက်လာသည်။

"အဘိုး … အဘိုး ဘယ်လိုလုပ် လန်ကို ဒီလိုကောင်နဲ့ လက်ထပ်ပေးနိုင်ရတာလဲ … သူက ဝမ်းကွဲ မျိုးဆက်က ဆင်းသက်လာတဲ့ တရားမဝင်သားလေ … သူက ပင်မ ယဲ့ကလန်ရဲ့ သခင်မလေးနဲ့ ဘယ်လိုလုပ် လိုက်ဖက်နိုင်မှာလဲ"

*တရားမဝင်သားလား*

သူ့စကားကြောင့် ယဲ့လန်သည် အမြှီးတက်နင်းခံလိုက်ရသည့် ကြောင်လေးတစ်ကောင်လို ဖြစ်သွားသည်။

"ဘိုးဘိုး သမီး ဒီသူတောင်းစားကို သေတဲ့အထိ လက်ထပ်မှာ မဟုတ်ဘူး"

"ဘယ်လိုလုပ် ဝမ်းကွဲမျိုးဆက်က တရားမဝင်သားက ပင်မကလန်က သခင်မလေး ဖြစ်တဲ့ သမီးနဲ့ လိုက်ဖက်ညီနိုင်မှာလဲ … ပြီးတော့ သူက သမီးကို ရိုက်ထားသေးတယ် … သူက တကယ့်ကို ရက်စက်တဲ့ အရူးပဲ"

ယဲ့လန်နှင့် ယဲ့ရီဖေးသာမက အခြား အကြီးအကဲများကပါ ယဲ့ရှုံး၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်နေကြသည်။

သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး ယဲ့ရှုံးက မျက်မှောင်ကြုတ်၍ သူ၏ မြေးအကြီးဆုံးဖြစ်သူ ယဲ့ရီယွင်အား လှမ်းမေးလိုက်သည်။

"ရီယွင် … မင်းကော ဘယ်လို မြင်လဲ"

ချက်ချင်းဆိုသလိုပင် ဧည့်ခန်းမတစ်ခုလုံး တိတ်ဆိတ်လို့ သွား၏။ လူတိုင်းက ယဲ့ရီယွင်အား ဝိုင်းကြည့်လာကြသည်။

ပင်မ ယဲ့ကလန်၏ နောင်တက်လာမည့် ခေါင်းဆောင်ဖြစ်သူ ယဲ့ရီယွင်သည် ကလန်သားများကြား အတော်လေး ဩဇာညောင်းသည်။ သူ၏ စကားလုံးများသည် အတော်လေး ယုံကြည်ရသည်။

ယဲ့ရှုံး၏ စကားကြောင့် ယဲ့ရီယွင်သည် ပြုံး၍ ပြန်ပြောလိုက်သည်။

"အဘိုး … ကျွန်တော့်အထင် လန်က ယဲ့ဖန်နှင့် လိုက်ဖက်မညီဘူး ထင်တယ်"

*ဘာ*

သူ့စကားကြောင့် ဧည့်ခန်းမတစ်ခုလုံး ပွက်လောရိုက်ကာ ဆူညံသွားသည်။ လူတိုင်း၏ မျက်နှာပေါ်တွင် အလွန် ထိတ်လန့် အံ့အားသင့်ဟန်များ ပေါ်လွင်နေသည်။

ပင်မ ယဲ့ကလန်၏ သခင်မလေးနှင့် တစ်ဘက်က ယဲ့ကလန်၏ ဝမ်းကွဲ မျိုးဆက်မှ တရားမဝင်သား။

သူတို့မျက်လုံးထဲတွင်တော့ ယဲ့ဖန်ကသာ ယဲ့လန်နှင့် လုံးဝ လိုက်ဖက်မညီတာ ဖြစ်သည်။ ဘယ်လိုလုပ် ယဲ့လန်က ယဲ့ဖန်နှင့် လိုက်ဖက်မညီတာ ဖြစ်နိုင်ပါမည်နည်း။

ဘေးမှ လူများ၏ အမူအရာများကို ကြည့်ပြီး ယဲ့ရီယွင် လှောင်ပြုံးပြုံးလိုက်သည်။ ကလန်သားများသည် နေ့တိုင်း သောက်စား၍ လိင်ကိစ္စ၌သာ မွေ့လျော်နေသည်ကို သူ သိပါသည်။

ကျန်းနန် စီရင်စု ဒေသမှာ ဘာဖြစ်သွားခဲ့သလဲ ဆိုတာကို သူတို့ လုံးဝ မသိကြ။ ယဲ့ဖန်က ကျန်းနန် စီရင်စုဒေသ၏ နံပါတ်တစ် ပုဂ္ဂိုလ်မှန်း သူတို့ လုံးဝ မသိကြ။

ဤနောက်ခံ အခြေအနေ နှစ်ခုနဲ့တင် ယဲ့လန်သည် ယဲ့ဖန်၏ ဖိနပ်ကို ပင့်မြှောက်ရန်ပင် အရည်အချင်း မမှီတော့ချေ။

ထို့နောက် ယဲ့ရီယွင်က ယဲ့ရှုံးအား ဦးညွတ်၍ ရှင်းပြလာသည်။

"အဘိုး … ကျွန်တော်တို့ ဖန်ရဲ့ အကြံကိုလည်း လက်ခံသင့်တယ် ကျွန်တော် ထင်ပါတယ်"

ထိုအခါ ယဲ့ရှုံးက ခေါင်းညိတ်ကာ ယဲ့ဖန်အား တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ နူးညံ့ပျော့ပျောင်းစွာ ပြုံး၍ ပြောလိုက်သည်။

"ယဲ့ဖန် မင်းသာ ယဲ့လန်ကို လက်ထပ်မယ်လို့ ကတိပေးရင် ငါ ကျန်းရှီမြို့က ယဲ့ကလန်ကို ပင်မ ယဲ့ကလန်နဲ့ ပူးပေါင်းနိုင်အောင် ငါ လုပ်ပေးနိုင်တယ် …. ပြီးတော့ ငါ မင်းကို ယဲ့ကလန်ရဲ့ မဟာ အကြီးအကဲအဖြစ် ထောက်ခံပေးနိုင်တယ် … မင်းရဲ့ လုပ်ပိုင်ခွင့်တွေက ယဲ့ရီယွင်ထက် နည်းနည်းလေးပဲ နိမ့်ကျမယ် … ဘယ်လိုလဲ"

သူ့စကားကြောင့် ယဲ့ကလန်သားများအားလုံး ဗုံးမှန်သွားကဲ့သို့ နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ကျန်းရှီမြို့က ယဲ့ကလန်ကို ပင်မကလန်ကို ပြန်လာခိုင်းတာက ယဲ့ကလန်အတွက် လက်ခံနိုင်သေးသည်။ သို့သော် မြင့်မြတ်သော သခင်ကြီးက သူ့ကို နောင်လာမည့် မဟာ အကြီးအကဲအဖြစ် ထားဖို့ ပြောနိုင်ရသနည်း။

*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*

*မဟာ အကြီးအကဲရဲ့ လုပ်ပိုင်ခွင့်က ကလန်သားထက် နည်းနည်းပဲ နိမ့်ကျတာဆိုတော့ သူ့နေရာက တော်တော်လေး ဩဇာညောင်းနေပြီ …. မယုံနိုင်စရာကြီးပါလား*

ထိုအချိန်တွင် ယဲ့လန်နှင့် အခြား ယဲ့ကလန်သားများ အားလုံး ယဲ့ဖန်ကို စိုက်ကြည့်လာကြသည်။

ဒီလူ၏ အင်အားအဆင့်အတန်းကို သူတို့ နားမလည်နိုင်ပါ။ ဘယ်လိုလုပ် သူက မြင့်မြတ်သော သခင်ကြီးနှင့် ယဲ့ရီယွင်၏ နှစ်သက် သဘောကျခြင်းကို ရသွားတာပါလိမ့်"

စစ်လားဆေးလား မျက်လုံးများကို သတိထားမိပြီး ယဲ့ဖန်က ခေါင်းခါ၍ ပြုံးကာ အထင်သေးသော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

"ပထမအချက် ကျန်းရှီမြို့က ယဲ့ကလန်က ပင်မ ယဲ့ကလန်ကို ပြန်လာမှာ မဟုတ်ဘူး … အကယ်၍ ပင်မ ယဲ့ကလန်က ကျန်းရှီမြို့က ယဲ့ကလန်ထဲ ဝင်လာချင်ရင်တော့ ကြိုဆိုပါတယ်"

"ဒုတိယအချက် ပင်မ ယဲ့ကလန်ရဲ့ မဟာ အကြီးအကဲဆိုတဲ့ နေရာကို ကျုပ် စိတ်မဝင်စားဘူး"

"တတိယအချက် … တစ်ကမ္ဘာလုံးက အခြားမိန်းမတွေ သေသွားရင်တောင် ကျုပ် ဒီလို ထင်ရာစိုင်းတတ်တဲ့ မိန်းမကို ဘယ်တော့မှ လက်ထပ်မှာ မဟုတ်ဘူး"

….

ယဲ့ဖန်၏ စကားကြောင့် ဧည့်ခန်းမတစ်ခုလုံး ပြန်၍ ပွက်လောရိုက်လာသည်။ မည်သည့် ယဲ့ကလန်သားမျှ ကိုယ့်နားကိုယ် မယုံနိုင်ကြပါ။

ရဲတင်းလွန်းလှသည်။ ပေါ့ပြက်ပြက် နိုင်လှသည်။

သူတို့တစ်ယောက်မှ သည်လို ရဲတင်း၍ ပေါ့ပြက်ပြက်နိုင်သော လူမျိုး တစ်ခါမှ မမြင်နိုင်ခဲ့ဖူးပါ။

*ရူးချင်စရာပဲ*

ယဲ့လန်၏ မျက်နှာက ဒေါသကြောင့် ဝက်အသည်းကဲ့သို့ နီမြန်းကာ ဆူပုပ်ပုပ် ဖြစ်လာသည်။ သူမက ယဲ့ဖန်အား ဝါးစားချင်နေဟန်ဖြင့် စိုက်ကြည့်နေသည်။

ယဲ့ရှုံးနှင့် ယဲ့ရီယွင်တို့သာ မချိပြုံး ပြုံးနေရသည်။ သူတို့ ယဲ့ဖန်၏ ပင်ကိုစရိုက်ကို စုံစမ်းထားပြီးသား ဖြစ်သည်။ သို့ဖြစ်၍ သူ့စကားကြောင့် သူတို့ ထူးပြီး အံ့ဩမနေတော့ပါ။

သက်ပြင်းရှည်ကြီး ချပြီးနောက် မြင့်မြတ်သော သခင်ကြီး ယဲ့ရှုံးက စိတ်ပျက်သွားသောဟန်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ … ဒီအကြောင်းကို နောက်မှပဲ ပြောကြတာပေါ့"

ထိုသို့ပြောပြီး သူက ယဲ့ရီယွင်ကို ပြောလိုက်သည်။

"ရီယွင် … ယဲ့ဖန်က ယန်ကျင့်မြို့ကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးတော့ သူ့ကို ဒီည မြို့အနှံ့ လိုက်ပြလိုက်ပါဦး"

ယဲ့ရီယွင်က ပြုံး၍ ပြန်ပြောလိုက်သည်။

"ကိုရီးယားနိုင်ငံက နိုင်ငံ့ အလှနတ်ဘုရားမလေး ကျုံးဝမ်က ယန့်ကျင်းမြို့မှာ သူ့ဂီတပွဲ ကျင်းပမှာ … ကျွန်တော် အရှေ့တန်းက ဆယ်ခုံကို သီးသန့် ဖယ်ထားခိုင်းပြီးပါပြီ … ဖန် ဒီည အဲ့ပွဲ သွားကြည့်ကြရအောင်"

*ကျုံးဝမ်ရဲ့ ဂီတပွဲ*

သူ့စကားကြောင့် ယဲ့ရီဖေး၊ ယဲ့လန်နှင့် အခြား ဂျူနီယာအငယ်လေးတို့ တော်တော်လေး ပျော်ရွှင်သွားကြသည်။

"ရီယွင် ငါလည်း လိုက်ချင်တယ်"

"ငါ့ကိုလည်း ခေါ်ပါ … ကျုံးဝမ်က ငါ့နတ်ဘုရားမလေးလေ … ဘာပဲဖြစ်ဖြစ် ငါ အဲ့ပွဲကြည့်ချင်တယ်"

များစွာသော ယဲ့ကလန် ဂျူနီယာလေးများက ပွဲကို တက်ချင်လွန်း၍ ပြောဆိုနေကြသည်။ ယဲ့ရီဖေးနှင့် ယဲ့လန်တို့က အရူးအမူး ပြုမူနေကြ၏။

ကျုံးဝမ်သည် ကိုရီးယားနိုင်ငံ၏ နိုင်ငံ့အလှနတ်ဘုရားမလေး ဖြစ်ပြီး အာရှ၏ အလန်းဆုံး ရုပ်ရှင်ဘုရင်မလည်း ဖြစ်ပေသည်။

သူမ၏ ရုပ်ရှင်တစ်ခုချင်းစီတိုင်းက စံချိန်ချိုးနိုင်သည်။ သူမ၏ သီချင်းတိုင်းက အာရှတစ်ခွင်၌ ကျော်ကြား၏။

သူမသည် သေချာပေါက်ကို အာရှ၏ ရုပ်ရှင်ဘုရင်မလည်း ဖြစ်ပေသည်။

"ဖန် … လုပ်ပါကွာ … အတူကြည့်ကြတာပေါ့"

ယဲ့ရီယွင်က အခြားသူများကို လျစ်လျူရှုကာ ယဲ့ဖန်ကိုသာ ဦးတည်၍ ဖိတ်နေသည်။

သူ့စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ ချီတုံချတုံ ဖြစ်သွားသည်။ သူက ဂီတပွဲတွေကို လုံးဝ စိတ်မဝင်စားပါ။ သို့သော် သူ ယဲ့ရီယွင်အပေါ် အတော်လေး သဘောကျသည်။

ထိုအချိန်တွင် ယဲ့ရှုံးနှင့် ယဲ့ဖန့်ချန်တို့တောင်မှ ယဲ့ဖန်အား ပွဲသွားကြည့်ရန် အတင်း တိုက်တွန်းနေကြသည်။

ယဲ့ဖန်သည် သူတို့၏ ဖော်ရွေမှုကို ငြင်းဆန်ရန် ဝန်လေးနေမိသည်။ ထို့ကြောင့် သူ ခေါင်းသာ ညိတ်ပြလိုက်မိသည်။

….

ညခုနစ်နာရီအချိန်တွင် ကျုံးဝမ်၏ ပရိသတ်များက ယန်ကျင့် အပြည်ပြည်ဆိုင်ရာ အားကစားရုံသို့ ပြုံတိုး၍ ဝင်လာကြသည်။

အားကစားရုံ၏ အပြင်ဘက် ဂိတ်ဝ၌ ပိုစတာကြီးတစ်ခု ကပ်ထားပြီး ထိုပိုစတာတွင် ကျုံးဝမ်၏ ဆွဲဆောင်မှု ရှိသော ဓာတ်ပုံနှင့် စာသားတစ်ချို့ ပါဝင်သည်။

ကျုံးဝမ်က တကယ့် ထိပ်တန်း အလှပိုင်ရှင်လေးဆိုတာကို‌တော့ ယဲ့ဖန် ဝန်ခံပါသည်။

သူမ၏ မျက်နှာလေးက မည်သည့် အပြစ်အနာအဆာမျှ မရှိဘဲ လောကီရေးရာ ကိစ္စများနှင့် ဝေးကွာသော နတ်သမီးပျိုလေးလိုပင်။

ပို၍ ဆွဲဆောင်မှု ရှိသည့်အရာကတော့ စာသားတစ်ချို့ဖြစ်သည်၊ ထိုစာသားကတော့ …. ကလေးဘဝမှ တစ်စုံတစ်ယောက်ကို လိုက်ရှာနေခြင်း … ကျုံးဝမ် ဟူ၍ပင်။

ထို့အပြင် ကောင်လေးတစ်ယောက်၏ အဖြူအမည်း ပုံလေးလဲ ပါသေးသည်။ ထိုကောင်လေးသည် အနည်းငယ် ကြောက်တတ်၍ စိတ်ဓာတ်ပြင်းပြပုံ ရသည်။

"နတ်ဘုရားမလေး ကျုံးဝမ်က အရမ်း ချစ်တတ်တာပဲ … အဲ့ကောင်လေးက သူမရဲ့ အချစ်ဦးလို့ ပြောကြတာပဲ … သူမအသက်ကို သူက တစ်ခါ ကယ်ခဲ့ဖူးတယ်တဲ့"

"တကယ်လား … ဒါဆို အဲ့ကောင်လေးက ဟွာရှသားပေါ့ … မဟုတ်ရင် နတ်ဘုရားမလေး ကျုံးဝမ်းက ကလေးဘဝက အဲ့ကောင်လေးကို ဟွာရှနိုင်ငံမှာ ပြန်လာရှာပါ့မလဲ"

"နားထားလိုက်စမ်းပါကွာ … အဲ့ဒါ ဗန်းပြထားတဲ့ ထွင်လုံးပဲ ဖြစ်မှာ သေချာတယ် … ပွဲရဲ့ ဇာတ်ဝင်တေးသီချင်းပဲ ဖြစ်မှာ … သူမကလေးဘဝက အချစ်ဦး ဆိုပြီးတော့လေ"

အခြားယဲ့ဂျူနီယာများကလည်း စ၍ ဆွေးနွေးနေကြသည်။ ယဲ့ကလန်၏ အကြီးဆုံး သခင်လေး ယဲ့ရီယွင်က ယဲ့ဖန်က ပြုံး၍ စနောက်ဟန်ဖြင့် ပြောလိုက်သည်။

"ဖန် …. အဲ့ဓာတ်ပုံထဲက ကောင်လေးက မင်းနဲ့ တူတယ်လို့ မခံစားရဘူးလား"

ထိုအချိန်တွင် ယဲ့ဖန်ကလည်း ထိုကောင်လေးသည် သူနှင့် တူသည်ဟု ခံစားမိဟန်ဖြင့် ထိုကောင်လေးပုံအား တွေဝေစွာ ငေးကြည့်နေသည်။

All Chapters