← Chapters

မတွေ့ရတာ ဆယ့်နှစ်နှစ်တောင် ရှိပြီနော်

Vol. 17 Ch. 253

မတွေ့ရတာ ဆယ့်နှစ်နှစ်တောင် ရှိပြီနော်

Vol. 17 Ch. 253

ဖြောင်း…ဖြောင်း…ဖြောင်း

လက်ခုပ်သံများက အားကစားရုံအတွင်း မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ ထောင်သောင်းနှင့်ချီသော ပရိသတ်များက အလွန် စိတ်လှုပ်ရှားပြီး ထိတ်လန့်ဟန်ဖြင့် မတ်တတ်ရပ်လိုက်ကြသည်။

"ဝိုး … ငါ ငိုမိတယ်ကွာ… ငါ မငိုချင်ပင်မယ့်လည်း ငိုတာကို မရပ်နိုင်ဘူး"

"အရမ်း စိတ်ထိခိုက်ရတာပဲဟာ … ငါ ဂီတပွဲတွေ အများကြီး သွားကြည့်ဖူးပါတယ် … ဒီတစ်ခုက အံ့အားအသင့်ရဆုံး ပွဲပဲ"

"သောက်ပဲကွာ … အဲ့ကောင်က လုံးဝ မိုက်တယ်ဟ … သုံးလတာ သီချင်းက သူ့လက်ထဲမှာ တကယ် အံ့ဩဖို့ကောင်းသွားတာကွ"

ထိုအချိန်တွင် ပရိသတ်များက ယဲ့ဖန်အား အလွန် အံ့အားသင့်နေသော မျက်နှာထားများဖြင့် ဝိုင်းကြည့်နေကြသည်။

ယဲ့လန်နှင့် ယဲ့ကလန်က မျိုးဆက်လူငယ်များတောင်မှ မတ်တတ်ထရပ်ကာ မိုးခြိမ်းမတတ် လက်ခုပ်တီးကာ အားပေးမိသည်။

ယဲ့ကလန်မှ မျိုးဆက်လူငယ်များတောင်မှ ယဲ့ဖန်အား အလွန် အံ့ဩပြီး အသိအမှတ်ပြုသည့်ဟန်များဖြင့် ကြည့်နေသည်။

ယခင်တုန်းက သူတို့သည် ယဲ့ဖန်၏ ကိုးရိုးကားရား ဖျော်ဖြေမှုကို မြင်ချင်ခဲ့သော်လည်း မမျှော်လင့်ထားလဲ ဖျော်ဖြေမှုက အလွန် လှပလှ၏။

အလွန် အံ့ဩဖွယ်ရာ ကောင်းလှသည်။

ယဲ့လန်က အကြီးအကျယ် ထိတ်လန့်ပြီး မယုံနိုင်ဟန်ဖြင့် သူမပါးစပ်လေးကို လက်ဖြင့်အုပ်မိသွားသည်။

"ဘယ်….သူ ဘယ်လိုလုပ်လိုက်တာလဲ"

"တစ်ခါမှ ရင်ထဲနင့်နေအောင် မချစ်ဖူးတဲ့ သူက ဒီလို စိတ်ထိခိုက်စေတဲ့ တီးလုံးကို တီးခတ်နိုင်ရတာလဲ"

ယဲ့လန်သည် အလွန် ထိတ်လန့်နေသော မျက်လုံးများဖြင့် ရေရွတ်နေမိသည်။ သူမ ဝေခွဲမရဖြစ်နေပြီး ကတုန်ကယင် ဖြစ်နေသည်။

"သူက ဓာတ်ပုံထဲက ကောင်လေးနဲ့ ဆင်တယ်၊ ပြီးတော့ ဒီလောက် စိတ်ထိခိုက်စေတဲ့ ဂီတတီးလုံးကို တီးခတ်နိုင်တယ် … တကယ်လို့ သူသာ …"

"အကယ်၍ သူ … သူက အဲ့ကောင်လေးဆိုရင်ရော"

ယဲ့လန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေရင်း အကြီးအကျယ် ထိတ်လန့်သွားသည်။ စင်နောက်တွင်လည်း စန္ဒရား ပညာရှင်သည် ကြမ်းပြင်ပေါ်၌ သောကရောက်သလို ဖြစ်နေသည်။

တီးလုံးပြီးသွားသည်နှင့် သူသည် ထိန်းချုပ်ခြင်းငှာ မစွမ်းနိုင်ဘဲ မျည်ရည်ကျလတော့သည်။

တောက်! တောက်!

စန္ဒရား ပညာရှင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာကာ ရေရွတ်နေမိသည်။

"ငါသိပြီ … သူပဲ … အဲ့ဒါ သူပဲ"

စန္ဒရားရှေ့က ယဲ့ဖန်ကို ကြည့်ရင်း ထိုစန္ဒရား ပညာရှင် ကတုန်ကယင် ဖြစ်လာသည်။

*အမ်*

သူ့စကားကြောင့် စီးပွားရေး အကျိုးဆောင်သည် တဒင်္ဂမျှ မှင်တက်နေပြီးမှ ပြန်မေးလိုက်သည်။

"ရှင်ဘာတွေ ပြောနေတာလဲ … သူပဲ ဆိုတာကရော ဘာလဲ"

သူ၏ ကိုယ်ပိုင်သီချင်းအား နားဆင်ပြီးနောက် ထိုစန္ဒရား ပညာရှင် အရူးအမူး ဖြစ်သွားလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။

ထိုစန္ဒရား ပညာရှင်သည် ကိုရီးယားနိုင်ငံ၏ စန္ဒရားပညာ လောက၌ နံပါတ်တစ် လူငယ်တစ်ယောက် ဖြစ်သည်။

သူသည် ခံ့ညားပြီး အခြားနိုင်ငံများ၌ များစွာသော အဆင့်မြင့် စန္ဒရား တီးခတ်ဖျော်ဖြေမှုများကို ကျင်းပနိုင်ခဲ့သည်။

သို့သော် သူသည် ကျုံးဝမ်ကို ပိုးပန်းရန်အတွက် သူမအတွက် တီးခတ်ပေးရန်သာ ရွေးချယ်ခဲ့သည်။ သူမအား အလွန် ကောင်းမွန်သော ပြသခြင်းဖြင့် သူမ၏ ရင်ထဲသို့ သူ ဝင်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့မိသည်။

နှစ်များစွာ ကြာခဲ့သော်လည်း စန္ဒရား ပညာရှင်သည် အကြိမ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရသည်။ သို့သော်လည်း သူ ဒီလောက် ကြံရာမရဖြစ်နေခဲ့သည်ကို စီးပွားရေး အကျိုးဆောင်အနေနှင့် တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ထိုအချိန်တွင် စန္ဒရားပညာရှင်က ကြမ်းပြင်ပေါ် လှဲနေရင်း မျက်ရည်များကို သုတ်နေသည်။

"ခင်ဗျား နားမလည်ပါဘူး … သူတို့ရဲ့ ပူးပေါင်းဖျော်ဖြေမှုက သူမရဲ့ အချစ်ဦးကို ပြီးပြည့်စုံလောက်အောင်ကို ပုံဖော်နိုင်တယ် … အဲ့အဓိပ္ပာယ်က ဝမ်အာရဲ့ တွေ့ကြုံခဲ့သမျှက သူ့ရဲ့ တွေ့ကြုံခံစားမှုတွေပဲ … သူက ဝမ်အာရဲ့ မောင်ငယ်လေးပဲ"

*ဘာ*

သူ့စကားကြောင့် စီးပွားရေးအကျိုးဆောင် အမျိုးသမီးသည် မယုံသင်္ကာဟန်များနှင့် ပြည့်နှက်သွားရသည်။

"အဲ့ဒါ … မဖြစ်နိုင်ဘူးလေ … ဝမ်အာက သူ့ကို ရှာနေတာ နှစ်တွေ အတော်ကြာနေပြီ … ဒါ လုံးဝ မဖြစ်နိုင်ဘူး"

"ဒါ ဘုရားသခင်ရဲ့ ဆန္ဒပဲ"

ထို့နောက် စန္ဒရားပညာရှင်က မျက်ရည် ဗလပွနှင့် ပြောလာသည်။

"ဒီဇာတ်လမ်းက အတုအယောင်ဖြစ်နိုင်တယ် … ဒီကမ္ဘာကြီးကလည်း အတုအယောင် ဖြစ်နိုင်တယ် … ဒါပေမယ့် ဒီစန္ဒရား ဖျော်ဖြေမှုကနေ ထွက်ပေါ်လာတဲ့ စွဲမက်စရာကောင်းလှတဲ့ ဆွဲဆောင်မှုက ဘယ်တော့မှ အတုမဖြစ်နိုင်ဘူး"

"သူတို့အတူအတူ သုံးလတာကို ကြုံတွေ့ခံစားခဲ့ရတာကို ငါ ခန့်မှန်းနိုင်တယ် … သူတို့ အတူ ဖြတ်သန်းခဲ့တဲ့ သုံးလတာကို ငါ ဘယ်တော့မှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီး စန္ဒရားပညာရှင်က ယဲ့ဖန်က အလွန် လေးစားကြည်ညိုဟန်ဖြင့် အချိန်အတော်ကြာ စိုက်ကြည့်နေပြီး ဆက်ပြောလာသည်။

"ဒါပေမယ့် သူက လက်ခုပ်ဩဘာသံနဲ့ ထိုက်တန်ပါတယ် … သူ့အတွက် ဝမ်အာ ဆယ့်နှစ်နှစ်လုံး စောင့်ဆိုင်းနေခဲ့ရတာ ထိုက်တန်ပါတယ်"

….

တစ်ချိန်တည်းမှာပင် စင်ပေါ်ရှိ ဝမ်အာသည်လည်း လုံးဝကို တောင့်တောင့်ကြီး ဖြစ်နေ၏။ သူမ၏ လှပသော မျက်ဝန်းလေးထဲတွင် ထိတ်လန့်ကာ ပျော်ရွှင်နေဟန်များဖြင့် ပြည့်နှက်နေသည်။

သုံးလတာ သီချင်းအား ဤကဲ့သို့ ရှုမောဖွယ်ကောင်းလောက်အောင် ဖျော်ဖြေနိုင်ခဲ့ခြင်းက ဒါ ပထမဆုံးပင် ဖြစ်သည်။

သူမကလေးဘဝက ထိုကောင်လေး၏ နံဘေး၌ ရှိနေခဲ့သော သုံးလတာ အချိန်အား ပြန်ရောက်သွားခဲ့သလို သူမ ခံစားခဲ့ရသည်။

"ကျေးဇူးတင်ပါတယ် ဆရာငယ်လေး … ရှင်ရဲ့ ကျွမ်းကျင်မှုက ဩချရလောက်ပါပေတယ်"

ကျုံးဝမ်က ယဲ့ဖန်နားသို့ လျှောက်လာပြီး တလေးတစားနှင့် ဦးညွှတ်လိုက်သည်။

"ပြီးတော့ ကျွန်မတို့ အရင်က တစ်နေရာရာမှာများ တွေ့ခဲ့ဖူးသလားဆိုတာ သိလို့ရမလား"

သူမ ဤမေးခွန်း မေးချိန်တွင် ကျုံးဝမ် အလွန် ရင်ခုန်နေခဲ့သည်။ သူမ အလွန် စိတ်လှုပ်ရှားနေခဲ့သဖြင့် သူမလက်တွင် ချွေးစေးများတောင် ထွက်နေသည်။

သူမက ယဲ့ဖန်အား လှပသော မျက်ဝန်းလေးများဖြင့် ငေးကြည့်နေရင်း သူမ၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်နေသည်။

*ဘာ*

သူမစကားကြောင့် စင်အောက်မှ ထောင်သောင်းနှင့်ချီသော ပရိသတ်များ တဒင်္ဂမျှ အံ့ဩသွားကြသည်။

*တကယ်လို့များ…*

ပရိသတ်များ ဓာတ်ပုံထဲက ကောင်လေးကို ပြန်အမှတ်ရသွားကြသည်။

….

စက္ကန့်ပိုင်းအတွင်းမှာပင် အားကစားရုံထဲမှ လူတိုင်း အလွန် ပျော်ရွှင်သွားကာ ယဲ့ဖန်ကို ကြည့်ရင်း သူ့အဖြေကို စောင့်ဆိုင်းနေကြသည်။

သို့သော် ယဲ့ဖန် ပြန်ဖြေလိုက်သည်ကတော့ "မတွေ့ဖူးပါဘူး"

ဤသို့ ရိုးစင်းသော အဖြေလေးတစ်ခုက ကျုံးဝမ်နှင့် ထောင်သောင်းနှင့်ချီသော ပရိသတ်များကို အေးခဲသွားစေသည်။

ထို့နောက် ယဲ့ဖန်က မတ်တတ်ထရပ်ကာ စင်ပေါ်၌ တစ်စက္ကန့်မျှ ထပ်မနေချင်တော့ဟန်ဖြင့် စင်အောက်သို့ ဆင်းသွားသည်။

တစ်ကိုယ်လုံး တုန်ယင်နေရင်း ကျုံးဝမ်သည် နှုတ်ခမ်းကို တင်းတင်းကိုက်၍ အင်တင်တင်ဖြင့် ထပ်မေးလိုက်သည်။

"ဆရာငယ်လေး … ရှင့်ဖုန်းနံပါတ်လေး ကျွန်မကို‌ ပေးနိုင်မလား"

ကျုံးဝမ်က သူ့စကားကို လုံးဝ မယုံကြည်မှန်း ပွဲကြည့်ပရိသတ်များအားလုံး ရိပ်မိသွားကြသည်။ နတ်ဘုရားမလေးက သူ့ဖုန်းနံပါတ်ကို တောင်းနေသည်တဲ့လား။

အကယ်၍ နတ်ဘုရားမလေးက သာမန်လူတစ်ယောက်၏ ဖုန်းနံပါတ်ကို တောင်းပါက ထိုသူအတွက် အကောင်းမွန်ဆုံး နေ့တစ်နေ့ ဖြစ်နေလိမ့်မည်မှာ အသေအချာပင်။

ယဲ့ဖန် တစ်ခဏမျှ တန့်သွားသည်။ ထို့နောက် သူက သက်ပြင်းချ၍ ခပ်အေးအေး ပြန်ပြောလိုက်သည်။

"ကျုပ် စိတ်မကောင်းပါဘူး"

သူ၏ ရိုးစင်း၍ ရက်စက်သော စကားအဆုံးတွင် ယဲ့ဖန်သည် စင်အောက်သို့ ဆင်းသွားသည်။ သူ ကျုံးဝမ်၏ ဝမ်းနည်းနေသော မျက်နှာလေးကို မမြင်ချင်သလို သူက သူမ ငယ်ဘဝက ကောင်လေးပါဟုလည်း ဝန်မခံလိုပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဆဋ္ဌမအာရုံက ထိုသို့သာ လုပ်လိုက်ပါက သူမအား ပိုနာကျင်စေလိမ့်မည်ဟု ပြောနေ၍ပင်။

သူမ တစ်ဘဝလုံးကို သူ စိုးမိုးသွားလောက်သည်။ ဝုန်းခနဲ အသံနှင့်အတူ ကျုံးဝမ်သည် ဖြူဖပ်ဖြူရော် မျက်နှာနှင့် ကြမ်းပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားသည်။

ဘာရယ်ကြောင့်မှန်းမသိသော်လည်း သူမ၏ နှလုံးသားက ကွဲကြေကာ သူမဆီမှ အရေးပါသော အရာတစ်ခု ဆွဲထုတ်ခံလိုက်ရသလို သူမ ခံစားနေမိသည်။

ယဲ့ဖန် စင်၏ အစွန်နားသို့ ရောက်ချိန်တွင် အဖြူရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်က လက်ပါးစေနှစ်ယောက်နှင့်အတူ စင်ပေါ်သို့ တန်းတက်လာသည်။

အဖြူရောင် ဝတ်စုံနှင့် လူငယ်လေးက အလွန် ခံ့ညားသည်၊ သူ့နောက်မှ လိုက်လာသည့် လက်ပါးစေ နှစ်ယောက်တို့တွင် တစ်ယောက်က လီလီပန်း ကိုးရာကိုးဆယ့်ကိုးပွင့်ကို သယ်ဆောင်လာပြီး ကျန်တစ်ယောက်က သစ်သားဘူးလေးတစ်ဘူးကို ပိုက်လာသည်။

ထောင်သောင်းနှင့်ချီသော ပရိသတ်များ ထိုလူငယ်လေးကို မြင်သည်နှင့် ချက်ချင်း အုတ်အော်သောင်းနင်း ဖြစ်သွားကြသည်။

"ကျိုရို့ထျန်း … မြို့တော်ရဲ့ နံပါတ်တစ် သခင်လေးမလား … သူက ဒီကို ဘာလာလုပ်တာလဲ"

"ချီးပဲကွာ … သူက နတ်ဘုရားမလေး ကျိုးဝမ် အကြိုက်ဆုံး လီလီပန်းနဲ့ သူမကို ပိုးပန်းမလို့လား"

"မဖြစ်နိုင်ဘူးလေ … သူမ ရင်ထဲမှာ ယောက်ျားလေးတစ်ယောက်ပဲ ရှိတယ်လို့ သူမ ပြောထားပြီးသားလေ"

ချက်ချင်းဆိုသလိုပင် ထောင်သောင်းနှင့်ချီသော ပရိသတ်များကြား ပွက်လောရိုက်လာပြီး ကျိုရို့ထျန်းအား ဝိုင်းကြည့်လာကြသည်။

ကျိုရို့ထျန်း စင်ပေါ် တက်လာပြီးနောက် ပြောလိုက်သောစကားကြောင့် ကျုံးဝမ်နှင့် အားကစားရုံထဲမှ လူတိုင်း အံ့အားသင့်သွားကြသည်။

"ဟိုင်း … ဝမ်အာ … မတွေ့ရတာ ဆယ့်နှစ်နှစ်တောင် ရှိပြီနော် … မင်း အဆင်ပြေရဲ့လား"

All Chapters