← Chapters

ယဲ့ဖန် မှန်တယ်

Vol. 18 Ch. 256

ယဲ့ဖန် မှန်တယ်

Vol. 18 Ch. 256

ဂီတပွဲအပြီး နောက်တစ်နေ့၌ သတင်းတစ်ပုဒ်က ယန်ကျင့်မြို့တွင် တောမီးကဲ့သို့ ပျံ့နှံ့သွားသည်။

ကျုံးဝမ်၏ ဂီတပွဲသည် အလှည့်အပြောင်းများနှင့် ပြည့်နှက်နေခဲ့သည်။ ကလေးဘဝမှ အချစ်အား လိုက်ရှာနေခြင်း ဇာတ်ဝင်သီချင်းထဲမှ သုံးလတာ သီချင်းသည် ပွဲတွင်းရှိ ပရိသတ်များအား ထိတ်လန့်သွားစေခဲ့သည်။

ယန်ကျင့်မြို့၏ နံပါတ်တစ် သခင်လေးသည် ကျုံးဝမ်၏ အချစ်ဦးအဖြစ် အယောင်ဆောင်ခဲ့သော်လည်း လူကြားထဲ၌ သူမ ငြင်းပယ်သည်ကို ခံခဲ့ရသည်။

ရုပ်ရှင်ဘုရင်မ ကျုံးဝမ်သည် သူမ၏ ဆန်းကြယ်သော အချစ်ဦးအား ရှာတွေခဲ့သည်။ ကျုံးဝမ်၏ အချစ်ဦးက ယန်ကျင့်မြို့၏ နံပါတ်တစ် သခင်လေးအား လက်ဖဝါးတစ်ချက်တည်းနှင့် ပျောက်ကွယ်သွားအောင် လုပ်ခဲ့သည်။

ထိုသတင်းသည် ယန်ကျင့်မြို့ရှိ လူတိုင်းအား ထိတ်လန့်သွားစေခဲ့သည်။ အဓိကမြို့တော်၏ နံပါတ်တစ် သခင်လေး ကျိုရို့ထျန်း ပျောက်ကွယ်သွားခဲ့သည့် သတင်းက ယန်ကျင့်မြို့၏ အထက်တန်းလွှာအား ထိတ်လန့်သွားစေခဲ့ပြီး မြို့တစ်ဝိုက် အပူတပြင်း ဆွေးနွေးကြသည်။

….

ကျိုကလန်၏ ဧည့်ဆောင်၌ လေထုသည် တင်းမာလျက် ရှိသည်။ စားပွဲဝိုင်းတစ်ခုပတ်လည်၌ အကြီးအကဲများစွာက ထိုင်နေကြပြီး နံရံပေါ်၌ ထိုးပြနေသော ပိတ်ကားအား သုန်မှုန်စွာ ကြည့်ရှုနေကြသည်။

ထိုပိတ်ကားထက်၌ ဖုန်းနှင့် ရိုက်ထားသော ဗွီဒီယိုတစ်ခုကို ပြသနေသည်။ ထိုဗွီဒီယိုထဲတွင် ဂီတပွဲ၌ ကျိုရို့ထျန်း ပျောက်ကွယ်သွားမှုကို ပြသနေ၏။

ဗွီဒီယိုထဲတွင် ယဲ့ဖန်က လက်တစ်ဘက်ကို အသာဝေ့ယမ်းလိုက်သည်။ တစ်ခဏမျှကြာသော် ကျိုရို့ထျန်း စကားပြောနေရာမှ ရပ်တန့်သွားသည်။

ထို့နောက် သူသည် ပြာအဖြစ် ပြောင်းလဲသွားကာ စတိတ်စင်ပေါ်မှ တိုက်ခတ်လာသော လေထုနှင့်အတူ မျောလွင့်သွားသည်။

ထို့နောက် ဗွီဒီယိုက ရပ်သွားပြီး ဧည့်ဆောင်တွင်း၌ မီးပြန်လင်းလာသည်။ အကြီးအကဲများသည် မယုံသင်္ကာဖြစ်နေသော မျက်လုံးများနှင့်အတူ သုန်မှုန်နေကြသည်။

ထိုအချိန်တွင် မီးခိုးရောင်သန်းနေသော ဆံပင်နှင့် နှုတ်ခမ်းမွှေးရှိသော အကြီးအကဲတစ်ယောက်က အခြားသူများအား သူ၏ သိမ်းငှက်မျက်လုံးများနှင့် ကြည့်ကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

"ဒါက ကျုပ် ပရိသတ်တစ်ယောက်ဆီကနေ ဝယ်လာတဲ့ ဗွီဒီယိုအတိုလေး တစ်ခုပဲ … ကျုပ်တို့ သခင်လေး ပျောက်ကွယ်သွားတာနဲ့ ပတ်သတ်နေတဲ့ ဗွီဒီယိုပေါ့"

ထိုအကြီးအကဲသည် ကျိုဟမ့်ရှန်ဖြစ်ပြီး ကျိုကလဲ၏ အကြီးဆုံး အကြီးအကဲတစ်ယောက် ဖြစ်ပြီး အမှောင်ဂိုဏ်း၏ အကြီးအကဲတစ်ယောက်လည်း ဖြစ်သည်။

ကျိုဟမ့်ရှန်၏ စကားအဆုံး၌ သူ၏ လက်အောက်ငယ်သား တစ်ယောက်က တဲ့ဒိုးပြောလာသည်။

"အဲ့အနက်ရောင်နဲ့ လူငယ်က ယဲ့ဖန်ပါ … အရင်တုန်းက ကျုပ်တို့ သူ့ကို ဂိုဏ်းချုပ်ရဲ့အမိန့်အရ ကျုပ်တို့နဲ့ ပူးပေါင်းဖို့ တစ်ခါ သွားပြောခဲ့ဖူးတယ် … ကျန်းရှီမြို့ကို သွားခဲ့တဲ့ ရင်းလုံရဲ့ ဆရာသခင်အဆင့် မူလ သလင်းကျောက်က ဒီကောင် ခိုးယူတာကို ခံလိုက်ရတယ် … ဒုတိယအကြိမ် သူ့ကို ဖိတ်ခေါ်ဖို့ သွားခဲ့တဲ့ နန်ရှန့်အကြီးအကဲလည်း ယဲ့ဖန်ကြောင့် လက်မောင်းတစ်ဘက် ဆုံးရှုံးသွားခဲ့တယ်"

"သူက သူပုန်ပဲ … သခင်လေးက သူ့ရဲ့ ထူးဆန်းပြီး မိစ္ဆာဆန်တဲ့ သိုင်းကွက်ကြောင့် အသတ်ခံလိုက်ရတာ နေမှာ"

….

သူ့စကားကြောင့် ဧည့်ဆောင်ထဲမှ အကြီးအကဲများ အံ့ဩစိတ်ကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

"အဲ့ခွေးမသားလေးက ငါတို့သခင်လေးကို သတ်ခဲ့တယ် … ဒါကို ငါတို့ သခင်ကြီးနဲ့ အကြီးအကဲ လေးယောက်ကို သူတို့ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာရင် ငါတို့ ဘယ်လိုရှင်းပြကြမလဲ"

"သူ့ကို သတ်မယ် … ငါတို့ သခင်လေးရဲ့ သေဆုံးမှုအတွက် လက်စားချေဖို့ ငါတို့ သူ့ကို နုတ်နုတ်စင်းပစ်ရမယ်"

…

ချက်ချင်းဆိုသလိုပင် ဧည့်ဆောင်ထဲ၌ ဒေါသတကြီး ပြောဆိုနေသံများနှင့် ပြည့်နှက်နေသည်။ အကြီးအကဲ တစ်ယောက်ချင်းစီက သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များကို မျက်လုံးမှတစ်ဆင့် ထုတ်လွှတ်နေကြသည်။

အလွန် ကြမ်းကြုတ်သော အမူအရာများကို ကြည့်ရင်း အမှောင်ဂိုဏ်း၏ အကြီးဆုံး အကြီးအကဲဖြစ်သူ ကျိုဟမ့်ရှန်က စကားစလိုက်သည်။

"မင်းတို့ ပြောတာမှန်တယ် … ဒီကောင်လေးက အမှောင်ဂိုဏ်းကို ပျက်ရယ်ပြုနေတာ များနေပြီ … သူ သေကို သေမှရမယ်"

"ဒါပေမယ့် သူက မနေ့ညကပဲ ရှန့်ကျန်းမြို့ကို လေယာဉ်နဲ့ ထွက်သွားတယ်လို့ ငါ သတင်းရထားတယ်"

*ဘာ*

*သူ အဝေးကို ထွက်ပြေးသွားတာလား*

ထိုအခိုက်တွင် အမှောင်ဂိုဏ်း၏ အကြီးအကဲများက ယဲ့ဖန်သည် အမှောင်ဂိုဏ်း၏ သခင်လေးကို သတ်ပြီးနောက် အဝေးသို့ ထွက်ပြေးသွားသည်ဟု ထင်သွားကြသည်။

သို့သော် ကျိုဟမ့်ရှန် ထပ်ပြောလိုက်သည့် စကားကြောင့် သူတို့အားလုံး ကျေနပ်ပျော်ရွှင်သွားကြသည်။

"ယဲ့ဖန်က အဝေးကို ထွက်ပြေးသွားပင်မယ့် ငါတို့ရထားတဲ့ သတင်းအရ သူ့အဘိုး ယဲ့ဖန့်ချန်က ယန်ကျင့်မြို့က ယဲ့ကလန်ထဲမှာ ရှိနေသေးတယ်"

ကျိုဟမ့်ရှန်ဘေးမှ အကြီးအကဲတစ်ယောက်က မေးလာသည်။

"အကြီးဆုံး အကြီးအကဲ ခင်ဗျား ဆိုလိုချင်တာက …"

"ဟမ့်"

ကျိုဟမ်ရှန့်က ကြမ်းကြုတ်သော ချီဓာတ်ကို မျက်လုံးမှတစ်ဆင့် ထုတ်ဖော်ရင်း ပြောလိုက်သည်။

"ယဲ့ကလန်ကို သူ့ကို နှစ်ရက်အတွင်း လွှဲပေးဖို့ ဖိအားပေးလိုက် …ယဲ့ဖန့်ချန်ကို ငါတို့ ထိန်းချုပ်နိုင်တာနဲ့ ငါတို့ ယဲ့ဖန်ကို သေချာပေါက် ဖမ်းမိနိုင်ပြီ"

"ပြီးတော့ နှစ်ရက်အတွင်း ကိုရီးယားလူမျိုး ဖျောင်ထိုက်ရှင်းက ယဲ့ဖန်ကို သူ့သားသေသွားတဲ့အတွက် သတ်လိမ့်မယ် … အဲ့အခါကျရင် ငါတို့ သူ့ကို သတ်ဖို့ အချိန်တန်ပြီ"

ကျိုဟမ့်ရှန် အမိန့်ပေးလိုက်ပြီးနောက် ယန်ကျင့်တစ်မြို့လုံး၌ ကြမ်းတမ်းသော ချီဓာတ်မုန်တိုင်းများ ထန်လာလေသည်။

…

နှစ်ရက်တာက မကြာခင်မှာပင် ကုန်ဆုံးလို့သွားသည်။

ယန်ကျင့်မြို့ရှိ ယဲ့ကလန်မှာတော့ လုံးဝကို ပျာယာခတ်လို့နေသည်။ မနက်ခင်းပိုင်းမှာပင် လူများစွာက ယဲ့အိမ်တော်၏ ဧည့်ဆောင်၌ စုစည်းရောက်ရှိလာကြသည်။

သူတို့အားလုံးသည် ယဲ့ကလန့်၏ အင်အားစုအကုန် ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီ၌ အလွန် များပြားသော တိုက်ပွဲဝင်ခွန်အားများကို ပိုင်ဆိုင်ထားကြသည်။

ယဲ့ကလန်၏ ခေါင်းဆောင်ဖြစ်သူ ယဲ့ရှုံးက အဓိက ထိုင်ခုံ၌ ထိုင်နေသည်။ ထိပ်ပြောင်ပြောင်နှင့် အကြီးအကဲတစ်ယောကက်က သူ့ဘေး၌ ထိုင်နေသည်။

သူသည် ယဲ့ကလန်၏ အကြီးဆုံး အကြီးအကဲဖြစ်သူ ယဲ့မုန့်ထန်ပင်။ ယဲ့မုန့်ထန်သည် ယဲ့ရှုံးကဲ့သို့ အာဏာရှိသူ ဖြစ်ပြီး ယဲ့ကလန်သားများ ကြားတိုင်း အလွန် ကျော်ကြားသည်။

"နာရီဝက်ပဲကျန်တော့တယ်"

ယဲ့မုန့်ထန်က သူ့နာရီကို တစ်ချက်ကြည့်ပြီး ယဲ့ရှုံးအား စိုးရိမ်တကြီး ပြောလိုက်သည်။

"သခင်ကြီး … ယဲ့ကလန်မှာ အချိန်မကျန်တော့ဘူး … ကျုပ်တို့ ယဲ့ဖန့်ချန်ကို ထုတ်မပေးဘူးဆိုရင် ယဲ့ကလန်က ကျိုကလန်ရဲ့ အရူးအမူး လက်စားချေခြင်းကို ခံရလိမ့်မယ်"

ကျိုကလန်က ယဲ့ကလန်အား ယဲ့ဖန့်ချန်ကို လွှဲပေးရန် အချိန်နှစ်ရက် ပေးထားခဲ့သည်။ ယခု အချိန် နာရီဝက်မျှသာ ကျန်တော့သည်။ ယဲ့မုန့်ထန်သာမက ယဲ့ကလန်၏ အင်အားစုများသည်လည်း အလွန် စိုးရိမ်ပူပန်နေပုံရသည်။

"သခင်ကြီး …. သတိထားပါဦး … ကျိုရို့ထျန်းကို သတ်ပြီးတော့ ယဲ့ဖန်က အဝေးကို ထွက်ပြေးသွားပြီ … အခုလို သေရေးရှင်ရေး အခြေအနေမှာ သူ ပြန်လာမယ်လို့ သခင်ကြီး မျှော်လင့်နေတာလား"

"ဟုတ်ပါတယ် … သူ ပြန်လာရင်တောင်မှ ဘာထူးမှာမို့လို့လဲ … ဖျောင်ထိုက်ရှင်းက သူ့ကို ဒီနေ့ သတ်မယ်လို့ ဆုံးဖြတ်ထားတာလေ … သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ပြီးတော့ ယဲ့ကလန်တစ်ခုလုံးလည်း ရှင်သန်နိုင်မှာ မဟုတ်ဘူး"

"သခင်ကြီး … မြန်မြန် ဆုံးဖြတ်ပါတော့ … ကျုပ်တို့ ယဲ့ဖန့်ချန်ကို လက်လွှဲပေးလိုက်ရင် ယဲ့ကလန်က ဒီကပ်ဘေးကနေ လွတ်မြောက်နိုင်ပါတယ်"

….

ထိုအချိန်တွင် ယဲ့ကလန်၏ အင်အားစုအားလုံးနီးပါးက ယဲ့ဖန်ချန်ကို လွှဲပေးချင်နေကြပြီး ကလန်ခေါင်းဆောင် ယဲ့ရှုံးကသာ မသေချာသော အမူအရာနှင့် ယခင်အတိုင်း ရှိနေသည်။

ထိုစဉ် ခြေသံများ ထွက်ပေါ်လာသည်။ ရုတ်တရက် ယဲ့ရီယွင်က ဧည့်ဆောင်ထဲ ဝင်လာပြီး သူ့နောက်မှ အခြား ယဲ့ကလန်၏ မျိုးဆက် လူငယ်များ လိုက်ပါလာသည်။

"ရီယွင် … မင်း ဒီကို ဘာလာလုပ်တာလဲ … ဒါက အဆင့်မြင့် ဆွေးနွေးပွဲပဲ … မင်းက နောင်တက်မယ့် ကလန်ခေါင်းဆောင်လောင်း ဖြစ်ရင်တောင်မှ မင်းက ဒီကို တက်ရောက်ဖို့ အဆင့်မမှီသေးဘူး … ဒီနေရာကနေ မြန်မြန် ထွက်သွားစမ်း"

အကြီးဆုံး အကြီးအကဲဖြစ်သူ ယဲ့မုန့်ထန်က ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များကို ရှုံ့ချလိုက်သည်။

ထိုစဉ် ဒုန်းခနဲ အသံနှင့်အတူ ယဲ့ရီယွင်၊ ယဲ့လန်၊ ယဲ့ရီဖေးနှင့် အခြား ယဲ့ကလန် မျိုးဆက် လူငယ်များက ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြသည်။

"အကြီးဆုံး အကြီးအကဲ … ယဲ့ဖန်က ယဲ့ကလန်ရဲ့ မိသားစုဝင်ပါ … ပြီးတော့ သူက ကျွန်တော် အလေးစားရဆုံး မိသားစုဝင်ပါ"

ထိုသို့ပြောပြီး ယဲ့ရီယွင်က ဝပ်တွား၍ သနားစဖွယ် မျက်နှာထားနှင့် အနူးအညွတ် တောင်းပန်လေသည်။

"ကျွန်တော်တို့ ယဲ့မျိုးဆက် လူငယ်များက ကျွန်တော်တို့ ကလန်သားတစ်ယောက်ကို သစ္စာဖောက်မယ့်အစား ကျွန်တော်တို့ ကလန် ပျက်သုဉ်းသွားတာကိုပဲ လိုလားပါတယ်"

ယဲ့ရီယွင်၏ စကားအဆုံးတွင် သူ့ဘေးမှ ယဲ့လန်ကလည်း ဝမ်းနည်းဟန်ဖြင့် အရေးတကြီး တောင်းပန်လေသည်။

"ဘိုးဘိုးတို့နဲ့ ဦးလေးတို့ … အရင်တုန်းက သမီး အဲ့ဒီရက်စက်တဲ့ အရူးကောင်ကို မုန်းခဲ့ပါတယ် … ဒါပေမယ့် သူ့အကြောင်းတွေကို ရီယွင်ဆီက ကြားခဲ့ပြီးနောက်ပိုင်း သမီး သူ့ကို သမီးရဲ့ သူရဲကောင်းအဖြစ် မှတ်ယူမိသလို ယဲ့ကလန်တစ်ခုလုံးရဲ့ သူရဲကောင်းအဖြစ် မှတ်ယူမိပါတယ်"

ထို့နောက် ယဲ့လန်က ကြမ်းပြင်ပေါ် ဝပ်တွား၍ ဆက်ပြောလာသည်။

"ကျိုရို့ထျန်းက သေသင့်ပါတယ် … ယဲ့ဖန် မှန်ပါတယ်"

…

သို့ပေမဲ့ အခုက အစသာ ရှိသေးသည်။ ယဲ့လန် ပြောပြီးနောက်တွင် ဒုတိယသခင်လေး ယဲ့ရီဖေးနှင့် အခြား ယဲ့မျိုးဆက် လူငယ်များက စောဒကတက်လာသည်။

"ကျိုရို့ထျန်းက သေသင့်ပါတယ် … ယဲ့ဖန် မှန်ပါတယ်"

….

ဧည့်ဆောင်တစ်ခုလုံး သူတို့၏ စကားသံများနှင့် ဟိန်းထွက်သွားသည်။ ယဲ့ကလန်၏ အင်အားစုများအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။

သူတို့သည် ယဲ့မျိုးဆက် လူငယ်များက ယဲ့ဖန်၏ လှည့်ကွက်များအတွင်း ကျဆင်းသွားပြီဟု ယုံကြည်သွားကြသည်။

သို့မဟုတ်ပါက သူတို့က သူ့အား သူတို့၏ သူရဲကောင်းအဖြစ် မှတ်ယူပါမည်နည်း။ ယခင်တုန်းက သူတို့အားလုံး ယဲ့ဖန်က အရမ်း မုန်းတီးခဲ့ကြလေသည်။

သူတို့၏ တောင်းဆိုသံများကို နားထောင်ပြီးနောက် ယဲ့ရှုံး၏ မျက်လုံးများမှ စူးရှရှ အလင်းတစ်ချက် ဖြာထွက်လာပြီး ပြောလိုက်သည်။

"မင်းတို့မှန်တယ်"

*ဘာ*

ယဲ့ရှုံး၏ စကားကြောင့် ယဲ့ကလန်၏ အင်အားစုများအားလုံး အလွန် ထိတ်လန့်သွားကြသည်။

"ငါလည်း ကျိုရို့ထျန်းက သေသင့်သလို ယဲ့ဖန် လုပ်တာ မှန်တယ်လို့ ထင်တယ်"

…

ယဲ့ရှုံး၏ စကားအဆုံးတွင် ယဲ့မုန့်ထန်နှင့် အခြား ယဲ့ကလန်၏ အင်အားစုများ မယုံနိုင်ဟန်များ ဖြစ်သွားကြသည်။ ယဲ့မုန့်ထန်၏ မျက်လုံးများက ဒေါသကြောင့် မီးဝင်းဝင်းတောက်လာပြီး ပြောလာသည်။

"ကောင်းတယ် … သိပ်ကောင်းတယ် … မင်းတို့အားလုံးက အဲ့တရားမဝင်သားနဲ့အတူ သေချင်နေကြတာပဲ … ဒါပေမယ့် ငါ သဘောမတူဘူး"

ထိုသို့ပြောပြီး ယဲ့မုန့်ထန်က ယဲ့ကလန်၏ အခြားအင်အားစုများကို မာန်မဲလိုက်သည်။

"လှုပ်ရှားကြစမ်း … သူတို့အားလုံးကို ဖမ်းပြီး ယဲ့ဖန့်ချန်နဲ့အတူ အမှောင်ဂိုဏ်းလက်ထဲ လွှဲပေးလိုက်ကြ"

All Chapters