← Chapters

အခန်း (၂၀၅)

Vol. 21 Ch. 205

အခန်း (၂၀၅)

Vol. 21 Ch. 205

“မောင်ရင်က အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုပေမဲ့ သိုင်းဆရာသခင်အဆင့်ရောက်ဖို့တော့ လိုပါသေးတယ်။ ငါကတော့ ဒီအဆင့်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး နက်နဲတဲ့ အသိအမြင်တွေ ရှိထားတာပါ။ ဒါတွေကို မောင်ရင့်ကို မျှဝေပေးနိုင်ပါတယ်။

ဒီလျှို့ဝှက်ချက်တွေကို ရွှီမိသားစုရဲ့ ဘယ်စာအုပ်ထဲမှာမှ ရှာတွေ့မှာမဟုတ်ဘူး။ မျိုးဆကအလိုက် နှုတ်တိုက်ပဲ လက်ဆင့်ကမ်းခဲ့တာမျိုးပါ”

ဆရာကြီးရွှီသည် နောက်ဆုံးအကြိမ်အဖြစ် အားကိုးတကြီး ကြိုးစားဖျောင်းဖျနေရှာသည်။

အနီရောင် ဝံပုလွေဘုရင်ကို အင်အားသုံး၍ သတ်ဖြတ်ခဲ့ရသဖြင့် သူ၏ လက်ရှိအခြေအနေမှာ အလွန်ပင် ဆိုးဝါးနေသည်။ သူ၏ ညာဘက်ပုခုံးမှာ သွေးအိုင်ထွန်းနေပြီး လက်မောင်းမှာလည်း အသက်မဲ့စွာ တွဲလောင်းကျနေရာ လပိုင်းအတွင်း ပြန်ကောင်းဖို့ပင် မလွယ်ကူချေ။ လက်

တစ်ဖက်မရှိတော့သော သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အထွတ်အထိပ်အချိန်၏ တစ်ဝက်ပင်

မရှိတော့ရာ ရှေ့မှ ကြောက်စရာကောင်းသော လူငယ်ကို ရင်ဆိုင်နိုင်မည်မဟုတ်ပေ။

“ဘာအသိအမြင်လဲ။ ဝက်အော်သံ တုပရတဲ့ အသိအမြင်လား”

လုံယီက လှောင်ပြောင်လိုက်သည်။

ထိုစကားကို ကြားလိုက်ရချိန်တွင် ဆရာကြီးရွှီ၏ မျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာတော့သည်။ ခုနက ဝက်အော်သံ တုပခဲ့ရသည်ကို တွေးမိသည်ကတစ်ကြောင်း သူ၏ ခန့်ညားလှသော မုတ်ဆိတ်ဖြူကြီးကို လုံယီက ရိပ်ဖြတ်လိုက်သည်ကတစ်ကြောင်းကြောင့် သူ၏ တစ်သက်တာ တည်ဆောက်ခဲ့သော ဂုဏ်သတင်းမှာ အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။

“ကလေးစုတ်... မင်း သေချင်နေပြီပဲ”

သူက ဟိန်းဟောက်လိုက်သည်။

ဆရာကြီးရွှီ စိတ်မတည်မငြိမ် ဖြစ်နေချိန်မှာပင် လုံယီက အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့ပြီ ဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးစွမ်းအင်များ တဟုန်ထိုး မြင့်တက်လာပြီး မယိုင်လဲသော စိတ်ဆန္ဒနှင့် သွေးစွမ်းအင်တို့ ပေါင်းစပ်ကာ မမြင်နိုင်သော ထည်ဝါလှသည့် အရှိန်အဝါအဖြစ် ပြောင်းလဲလျက် ဆရာကြီးရွှီကို ဖိနှိပ်လိုက်သည်။

“ရယ်စရာပဲ”

ဆရာကြီးရွှီ၏ မျက်ဝန်းများမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှလည်း ပင်လယ်ပြင်ကဲ့သို့ နက်ရှိုင်းလှသော အရှိန်အဝါများ ထွက်ပေါ်လာသည်။ သူ၏ အရှိန်အဝါမှာ လုံယီထက် ပိုမို နက်ရှိုင်းလေးလံပြီး ပတ်ဝန်းကျင်မှ ဖိအားပေးလာသော စွမ်းအင်များကို ချက်ချင်းပင် တားဆီးပိတ်ဆို့လိုက်သည်။

နှစ်ဦးသား အရှိန်အဝါချင်း အားပြိုင်နေကြသည်မှာ ခေတ္တမျှ ကြာသွားသည်။

ရှူး...

လုံယီသည် အင်အားသုံး၍ ထိုးဖောက်ဝင်ရောက်ကာ သံနက်ပုဆိန်ကို အားကုန် လွှဲယမ်းလိုက်သည်။ လေကို ခွင်းသွားသော အသံမှာ တစ္ဆေတစ်ကောင် ငိုကြွေးသံနှင့် တူနေပြီး ပုဆိန်ဖျားမှ ဖြူလွလွ လေစီးကြောင်းများပင် ထွက်ပေါ်နေသည်မှာ သူ၏ ဧရာမခွန်အားကို ပြသနေခြင်းပင်။

အစောင့်တပ်မှူးလင်းကို သတ်ဖြတ်စဉ်က လုံယီ၏ ခွန်အားကြီးမားပုံကို မျက်မြင်တွေ့ခဲ့သော ဆရာကြီးရွှီသည် ထိုတိုက်ကွက်ကို တိုက်ရိုက်ခုခံရန် မဝံ့ရဲချေ။ သူသည် ဝတ်ရုံများ တဖျတ်ဖျတ် လွင့်နေအောင် ဘယ်ညာ ရှောင်တိမ်းနေရတော့သည်။ ကံမကောင်းသည်မှာ ဤမြေအောက်ခန်းအတွင်းရှိ နေရာလပ်မှာ အလွန်ကျဉ်းမြောင်းလှသဖြင့် သိုင်းသမားတစ်ဦး၏ ကိုယ်ဟန်သိုင်းကို အသုံးချရန် အကန့်အသတ် ရှိနေခြင်းပင်။

သို့သော် ဆရာကြီးရွှီသည် အမြဲတမ်း ခုခံနေရုံဖြင့် တစ်ချိန်တွင် အပေါက်အလမ်း ဖြစ်သွားမည်ကို ကောင်းစွာ သိရှိနားလည်ထားသဖြင့် အခွင့်အရေးရတိုင်း တန်ပြန်တိုက်စစ် ဆင်နွှဲသည်။

“ဝိညာဉ်ချေမှုန်းခြင်း”

သူ၏လက်ထဲရှိ သွေးရောင်ကွေးဓားမှ ရုတ်တရက် နီရဲသော အလင်းတန်းများ ထွက်ပေါ်လာရာ ငရဲချောက်ကမ္ဘာမှ မျက်လုံးတစ်စုံက လုံယီကို စိုက်ကြည့်နေသကဲ့သို့ ခံစားရစေပြီး လုံယီ၏ စိတ်အာရုံကို ထုံထိုင်းသွားစေကာ မျက်လုံးများကို အလိုလို မှိတ်သွားစေတော့သည်။

“တောင်ဖြိုခွဲခြင်း”

လုံယီ၏ စိတ်ဝိညာဉ်တားဆီးမှုလှိုင်းမှာ ဤထူးဆန်းလှသော ဝိညာဉ်ချေမှုန်းခြင်းဓား၏ အာနိသင်ကို ပြန်လည်ခုခံပေးနေသည်။

တစ်ချိန်တည်းမှာပင် လုံယီ ရှေးယခင်က ရရှိထားခဲ့သော ခရမ်းဖြူရောင် ဝိညာဉ်ပုလဲများထံမှ မှိန်ပျပျအလင်းတန်းများ ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်တိုက်ခိုက်မှုကို ထပ်မံကာကွယ်ပေးလိုက်ပြန်သည်။ ၎င်း၏ ဝိညာဉ်ချေမှုန်းခြင်း ဓားမှာ အစွမ်းမပြတော့သည်ကို မြင်သောအခါ ဆရာကြီးရွှီသည် အလိုမကျစွာဖြင့် နောက်သို့ဆုတ်ကာ အခြားအခွင့်အရေးကိုသာ ရှာဖွေရတော့သည်။

အကွက်ပေါင်း တစ်ဆယ်ကျော်မျှ တိုက်ခိုက်ပြီးသည့်တိုင် တစ်ဦးကိုတစ်ဦး အနိုင်မရရှိနိုင်ကြသေးချေ။ တစ်ချိန်က ဆီမီးရောင်များဖြင့် ထိန်ထိန်ညီးနေပြီး နီရဲသော ဆေးသုတ်ထားသည့် တိုင်လုံးကြီးများဖြင့် ခန့်ညားထည်ဝါခဲ့သော မြေအောက်ခန်းကြီးမှာ ယခုမူ သူတို့၏ တိုက်ပွဲကြောင့် ပျက်စီးယိုယွင်းနေပြီဖြစ်သည်။ ကျောက်တိုင်မျက်နှာပြင်များမှာ အက်ကွဲရာများဖြင့် ပြည့်နှက်နေပြီး တိုင်လုံးနှစ်လုံးမှာမူ လုံးဝကျိုးပျက်သွားခဲ့ပြီဖြစ်သည်။ ဆီမီးခွက်များမှာလည်း တစ်ခုပြီးတစ်ခု ငြိမ်းသတ်ခံလိုက်ရသဖြင့် မြေအောက်ခန်းကြီးမှာ မှောင်အတိ ကျသွားတော့သည်။

သို့သော် သာမန်လူများမဟုတ်သည့် သူတို့နှစ်ဦးအတွက်မူ ဤမှောင်မိုက်မှုမှာ နေ့ခင်းဘက်ကဲ့သို့ပင် အရာအားလုံးကို မြင်တွေ့နေရဆဲပင်။

ချွမ်း…

ပုဆိန်နှင့် ဓားတို့ ထပ်မံထိတွေ့မိပြီး လက်နက်ချင်း ပြင်းထန်စွာ အားပြိုင်နေကြပြန်သည်။ ဆရာကြီးရွှီသည် အရှိန်ယူကာ လေထဲသို့ ခုန်တက်ရန် ပြင်လိုက်စဉ်မှာပင် လုံယီ၏ တိုးညှင်းသော ရွတ်ဆိုသံကို ကြားလိုက်ရသည်။

“ချပ်ဝတ်ထိုးဖောက်ခြင်း”

နောက်တစ်ခဏတွင် ဆရာကြီးရွှီ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။ အလွန်တရာ ထက်ရှလှသော စွမ်းအင်တစ်ခုသည် သူ၏ ဝိညာဉ်ချေမှုန်းခြင်းဓားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာပြီး အင်္ဂါအစိတ်အပိုင်းများအတွင်းသို့ ပျံ့နှက်သွားတော့သည်။ သူ၏ ကိုယ်တွင်းအင်္ဂါများကို မမြင်နိုင်သော လက်ကြီးများဖြင့် အတင်းဆွဲညှစ်ထားသကဲ့သို့ ခံစားလိုက်ရသဖြင့် သူ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားရသည်။ ဓားကို ကိုင်ထားသော သူ၏ ဘယ်ဘက်လက်မှ ခွန်အားများမှာလည်း သိသိသာသာပင် လျော့ပါးသွားခဲ့ပြီ ဖြစ်သည်။

ဘုန်း…

လုံယီသည် ထိုအခွင့်အရေးကို အမိအရဖမ်းဆွဲကာ နဂါးထိုးဖောက်ခြင်းလျှို့ဝှက်သိုင်းကွက်ကို အသုံးချလိုက်ရာ သူ၏ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး နှစ်ထပ်ကွမ်းခွန်အားများမှာ ဆီးနှံလှိုင်းကြီးတစ်ခုအလား စီးဝင်သွားတော့သည်။ ဆရာကြီးရွှီ၏ အဖိုးတန်ဓားမှာ ပုဆိန်တစ်ချက်တည်းနှင့်ပင် လွင့်စင်ထွက်သွားရတော့သည်။

ဝိညာဉ်ချေမှုန်းခြင်းဓားသာ မရှိတော့လျှင် သူ၏ခွန်အားက ဘယ်လောက်မှကန်တော့မည်မဟုတ်ပေ။

“ကျောက်ဖြစ်ခြင်း”

အပြာရောင် ကွန်ရက်သဏ္ဌာန်မျဉ်းကြောင်းများမှာ လုံယီ၏ တစ်ကိုယ်လုံးတွင် ပျံ့နှံ့သွားပြီး အေးစက်လှသော အရှိန်အဝါတစ်ခုမှာ ဆရာကြီးရွှီကို လွှမ်းခြုံသွားကာ သူ၏ လှုပ်ရှားမှုများကို သိသိသာသာ နှေးကွေးသွားစေသည်။ ထို့နောက် လုံယီသည် ဆရာကြီးရွှီ၏ ဘယ်ဘက်ပုခုံးကို ပုဆိန်ဖြင့် ရိုက်ချလိုက်ရာ သူ၏ခေါင်းမှာ ပြတ်လုနီးပါး ဖြစ်သွားတော့သည်။

“အား...”

ဆရာကြီးရွှီသည် နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ၏ တစ်ကိုယ်လုံးတွင် ဖြူဖွေးသော စစမှန်သောခွန်အားများ ဝင်းလက်လာကာ ထိုရိုက်ခတ်မှုကို အသည်းအသန် ခုခံ၍ ထုတ်လွှတ်လိုက်သည်။ လုံယီသည် သူ၏ရင်ခွင်အတွင်းသို့ တိုးဝင်ကာ ငွေရောင်သန်းနေသော လက်ညှိုးနှစ်ချောင်းဖြင့် သူ၏ ရင်ဘတ်အတွင်းသို့ ပြင်းထန်စွာ ထိုးသွင်းလိုက်ပြီး လျင်မြန်စွာပင် ပြန်လည်ဆွဲထုတ်လိုက်တော့သည်။

သူ၏ ရင်ဘတ်မှ သွေးများ ပန်းထွက်လာပြီး လုံယီတစ်ကိုယ်လုံးကို စိုရွှဲသွားစေသည်။

သို့သော် ဆရာကြီးရွှီ၏ မျက်နှာတွင်မူ ရူးသွပ်နေသော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ ပါးစပ်ကို ဟလိုက်ရာ အဖြူရောင်အလင်းတန်းများ ရစ်ပတ်နေသော သွေးမြှားတစ်စင်မှာ ချက်ချင်းဆိုသလို ပန်းထွက်လာတော့သည်။

ဖောက်…

ဤမျှ နီးကပ်လွန်းသော အကွာအဝေးတွင် လုံယီမှာ ရှောင်တိမ်းရန် အချိန်မရလိုက်ချေ။ သူ၏ လည်ပင်းမှာ ထိုသွေးမြှား၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး အနက်ရောင် သွေးပေါက်ကြီး တစ်ခု ဖြစ်ပေါ်သွားတော့သည်။

“အတူတူ သေကြစို့...”

ဆရာကြီးရွှီသည် အဆိပ်ပြင်းလှသော အပြုံးဖြင့် ဆိုလိုက်သော်လည်း ထိုအပြုံးမှာ သူ၏ မျက်နှာထက်တွင်ပင် အေးခဲသွားတော့သည်။ လုံယီ၏ လည်ပင်းပေါ်ရှိ သွေးပေါက်ကြီးမှာ သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်နှုန်းဖြင့် ပြန်လည်ကျက်သွားပြီး ခဏချင်းမှာပင် နဂိုအတိုင်း ပြန်ဖြစ်သွားခဲ့သည်။ ထိုဒဏ်ရာမှာ အမြင်အာရုံ မှားယွင်းမှုတစ်ခုအလားပင်။

“မဖြစ်နိုင်တာ...”

ဘုန်းခနဲ အသံနှင့်အတူ ဆရာကြီးရွှီသည် မြေပြင်ပေါ်သို့ လဲကျသွားပြီး မျက်လုံးများ ပြူးကျယ်လျက် မကျေမနပ်ဖြင့် အသက်ပျောက်သွားတော့သည်။

“ဒီအဖိုးကြီးကတော့ တကယ်ကို သတ်ရခက်တာပဲ”

လုံယီသည် သူ၏လည်ပင်းကို ပြန်ကိုင်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ရန်သူမှာ သူ၏ အထွတ်အထိပ် ခွန်အား၏ တစ်ဝက်ပင် မရှိတော့သည့်တိုင် သူ့ကို ဤမျှအထိ ပင်ပန်းအောင် လုပ်နိုင်ခဲ့သည်။

အမှန်စင်စစ် သိုင်းဆရာသခင်အဆင့်အချင်းချင်းကြားတွင်ပင် ကွာဟချက်များစွာ ရှိနေသည်။ အဆင့်တက်ခါစဖြစ်သော ကျန်းချီ ကဲ့သို့သောသူမှာ အားအနည်းဆုံး အမျိုးအစားဖြစ်သည်။ ခေါင်းဆောင်ဖန်းနှင့် အစောင့်တပ်မှူးလင်းတို့မှာမူ သိုင်းဆရာသခင်များအကြား ကျွမ်းကျင်သူများဟု သတ်မှတ်နိုင်သည်။ သို့သော် ထိုင်မြို့၏ နံပါတ်တစ်ဖြစ်သော ဆရာကြီးရွှီမှာမူ ဝမ်ကျန်းခရိုင်တစ်ခုလုံးတွင် ထိပ်တန်းငါးဦး သို့မဟုတ် ထိပ်တန်းသုံးဦးစာရင်းဝင်နိုင်သည့် အဆင့်မြင့် သိုင်းဆရာသခင်တစ်ဦးပင်။

သို့သော်လည်း လုံယီသည် ရန်သူမှာ အကောင်းဆုံး အခြေအနေတွင် ရှိနေလျှင်ပင် အနည်းငယ် ပို၍ ပင်ပန်းမည် ဖြစ်သော်လည်း သတ်ဖြတ်နိုင်မည့် နည်းလမ်းကို ရှာတွေ့နိုင်မည်ဟု ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိနေသည်။

သူသည် ဆရာကြီးရွှီ၏ အလောင်းနားသို့ လျှောက်သွားလိုက်ရာ စွမ်းအင်အမှတ် ၂၀ ထပ်မံရရှိခဲ့သည်။ အလောင်းကို ရှာဖွေကြည့်သောအခါ တန်ဖိုးရှိသည့်အရာ ဘာမျှရှာမတွေ့ခဲ့ချေ။ သို့သော် ဆရာကြီးရွှီ သေဆုံးသွားပြီဖြစ်ရာ ရွှီမိသားစု၏ မြေအောက်ဘဏ္ဍာတိုက်ကြီးမှာ သူ့အတွက် လုံးဝပွင့်လင်းသွားပြီ ဖြစ်သည်။

မလှမ်းမကမ်းတွင် လျှို့ဝှက်အခန်းအချို့၏ ကျောက်တံခါးများမှာ ခုနက တိုက်ပွဲကြောင့် ပွင့်ထွက်နေပြီး အတွင်းဘက်တွင် စီစီရီရီရှိနေသော သေတ္တာများမှာ မရေမတွက်နိုင်သော ရတနာများဖြင့် ပြည့်နှက်နေပုံရသည်။ လုံယီသည် ထိုနေရာသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ခြေလှမ်းများ တန့်သွားခဲ့သည်။

သူ့အနားတွင် သံနက်ဖြင့် ပြုလုပ်ထားသော ငွေရောင်လှောင်အိမ်တစ်ခုရှိပြီး ထိုအထဲတွင် အသားစတစ်ပုံ၊ အဖြူရောင်သားရဲအမွေးအမှင်များနှင့် လတ်လတ်ဆတ်ဆတ် သွေးစက်များ ရှိနေသည်ကို သူ သတိထားမိသွားသည်။

ဒါက ဘာကြီးလဲ...

လုံယီသည် မသိစိတ်ဖြင့် လက်လှမ်းလိုက်မိသည်။

စွမ်းအင် +၂၀

ဘာကြီးလဲဟ။

လုံယီ လုံးဝ အံ့အားသင့်သွားသည်။ သေဆုံးနေသော သားရဲသားပေါက်လေး၏ အသားစတစ်ပုံလေးက ဆရာကြီးရွှီကို သတ်လိုက်ရသကဲ့သို့ စွမ်းအင်အမှတ်များစွာ ပေးနိုင်သည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ သူ၏ စွမ်းရည်ပြမျက်နှာပြင်တွင် နောက်ထပ် အချက်ပေးချက်တစ်ခု ပေါ်လာပြန်သည်။

[လေဓာတ်သဟဇာတဖြစ်မှုကို အနည်းငယ် မြှင့်တင်ရန် စွမ်းအင်အမှတ် တစ်ရာ အသုံးပြုမလား]

လေဓာတ်သဟဇာတဖြစ်မှု ဆိုတာက ဘာလဲ။ ပြီးတော့ စွမ်းအင်အမှတ် တစ်ရာတောင် လိုအပ်တာလား။

သူ သိထားသလောက်ဆိုလျှင် ပါရမီတစ်ခု ရယူရန်ပင် အများဆုံး စွမ်းအင် ၁၀ မှတ်သာ ကုန်ကျတတ်သည်။ သို့သော် စွမ်းရည်ပြမျက်နှာပြင်က သူ့ကို လိမ်မည်မဟုတ်သဖြင့် ၎င်းမှာ သေချာပေါက် ကောင်းမွန်သည့်အရာ ဖြစ်ရမည်။

“အသုံးပြုမယ်”

စွမ်းအင်အမှတ် တစ်ရာ လျော့နည်းသွားသည်။ ထို့နောက်တွင်မူ ဟင်းလင်းပြင်ထဲမှ အားနည်းသော စွမ်းအင်တစ်ခု သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး နွေးထွေးကာ နေလို့ကောင်းသွားသည်။ ထိုခံစားချက်မှာ ခဏချင်းပင် ပေါ်လာပြီး ပြန်ပျောက်ကွယ်သွားခဲ့သည်။

လုံယီသည် စွမ်းရည်ပြမျက်နှာပြင်ကို ပြန်ကြည့်လိုက်သော်လည်း လေဓာတ်သဟဇာတဖြစ်မှု ဆိုသည့် စကားလုံးကို မည်သည့်နေရာတွင်မှ ရှာမတွေ့ပေ။

[အမည်: လုံယီ]

[အသက်: ၁၉/၈၀]

[အဆင့်: ပဉ္စမချီစွမ်းအားအဆင့် သိုင်းသမား (၄၀/၆၀၀)]

[ကျင့်စဉ်: အဝါရောင်အစွန်းရောက် အသက်ရှူနည်းစနစ် (အဆင့် ၂၊ ပြီးပြည့်စုံခြင်းအဆင့် ၀/၁၀၀၀၀ + ဝိညာဉ်ချေပန်း ၁ ပွင့်)၊ ဟူမိသားစု အသက်ရှူနည်းစနစ် (မစတင်ရသေး ၀/၁၀)]

[အတတ်ပညာများ: လုံမိသားစု ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်းအဆင့် ၀/၅၀၀၀)၊ အစွန်းရောက်လက်သီး (ပြီးပြည့်စုံခြင်းအဆင့် ၀/၃၀၀၀)၊ ကျောက်ခဲပစ်အတတ် (ကျွမ်းကျင် ၀/၃၀)၊ ကိုယ်ဟန်သိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ အခြေခံလှံသိုင်း (အဆင့်သစ် ၀/၆)၊ လျှို့ဝှက်သိုင်း: နဂါးထိုးဖောက်ခြင်း အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့ခြင်းအတတ် (အဆင့်သစ် ၀/၃)]

[ပါရမီများ: ကျောက်ဖြစ်ခြင်း (အဆင့်နိမ့်အောင်မြင်မှု ၀/၁၀၀၀ + နှင်းဖြူကျောက် ၅ လုံး + ကြယ်စင်သံအေး ၁ ခု)၊ လျင်မြန်ခြင်း (ကျွမ်းကျင် ၀/၁၀၀ + နတ်ဘုရားပိုးချည် ၁ ခု)၊ ရုပ်ဖျက်ခြင်း (ကျွမ်းကျင် ၀/၃၀၀ + မြေကြောဝိညာဉ်ရည် ၁ ခု)၊ ခိုင်ခံ့ခြင်း (ကျွမ်းကျင် ၀/၂၀၀ + ရွှေနု ၁ ခု)၊ အဆိပ် (အဆင့်သစ် ၀/၂၀ + အရိုးဆွေးမြက် ၁ ပွင့်)၊ ထိန်းချုပ်ခြင်း (မစတင်ရသေး ၀/၃)]

[စွမ်းအင်: ၁၆၈၈]

အကြီးမားဆုံး ပြောင်းလဲမှုမှာ အနီရောင်ဝံပုလွေမိစ္ဆာထံမှ ရရှိခဲ့သော ထိန်းချုပ်ခြင်းဆိုသည့် ပါရမီအသစ် တိုးလာခြင်းပင်။ ဆရာကြီးရွှီနောက်သို့ လိုက်လံတိုက်ခိုက်နေရသဖြင့် ထိုအရာကို လေ့လာရန် အချိန်မရခဲ့သော်လည်း ယခုမူ သေချာစွာ စစ်ဆေးနိုင်ပြီ ဖြစ်သည်။

All Chapters