အခန်း (၂၀၈)
Vol. 21 Ch. 208
တောင်ပံပါကျားကြီးက အပြာရောင်လခြမ်းအလင်းတန်းတစ်ခုကို ထပ်မံထုတ်လွှတ်လိုက်သော်လည်း ထိုအလင်းတန်းသည် အကာအကွယ်ဒိုင်းနှင့် ထိမိသောအခါ ရေပြင်ပေါ်တွင် လှိုင်းကြက်ခွပ်ကလေးများ ဖြစ်ပေါ်သွားသကဲ့သို့ အနည်းငယ်မျှသာ တုန်ခါသွားစေသည်။
“ဝေါင်း...”
သူ၏တိုက်ကွက် တားဆီးခံလိုက်ရသည်ကို မြင်သောအခါ တောင်ပံပါကျားကြီးသည် ဒေါသတကြီးဖြင့် ပါးစပ်ကို ထပ်မံဟလိုက်ပြန်သည်။ ၎င်းသည် အပြာရောင်လခြမ်းအလင်းတန်းများကို ပါးစပ်မှ အဆက်မပြတ် ထုတ်လွှတ်လိုက်ရာ အလင်းတန်းများသည် အံ့မခန်းအရှိန်အဟုန်ဖြင့် အကာအကွယ်ဒိုင်း၏ နေရာအနှံ့အပြားကို ထိမှန်သွားတော့သည်။ သို့သော် ခြွင်းချက်မရှိ အားလုံးကို အကာအကွယ်ဒိုင်းက အပြည့်အဝ တားဆီးပေးနိုင်ခဲ့သည်။
မကြာမီမှာပင် မြို့ရိုး၏အလယ်ဗဟိုရှိ ထူးခြားသော ရှေးဟောင်းအက္ခရာတစ်ခု လင်းထိန်လာသည်။ ထိုအနီရောင်အက္ခရာမှာ ရှုပ်ထွေးလှသော မျဉ်းကွေးများ၊ မျဉ်းဖြောင့်များဖြင့် ဖွဲ့စည်းထားပြီး သေချာကြည့်လျှင် ပွင့်အာနေသော ကြာပန်းတစ်ခု သို့မဟုတ် တောက်လောင်နေသော မီးလျှံများနှင့် တူလှပေသည်။
အကာအကွယ်ဒိုင်းမှာ တောင်ပံပါကျားကြီး၏ တိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက်
ထိုမီးလျှံအက္ခရာမှာ နီရဲစွာ ဝင်းလက်လာပြီး လေထုထဲသို့ အရိပ်ထင်ဟပ်သွားကာ လက်သီးဆုပ်ခန့်ရှိသော စစ်မှန်သည့် မီးလျှံတစ်ခုအဖြစ် ပေါ်ထွက်လာတော့သည်။ ၎င်း၏ အပြင်ဘက်အစွန်းများမှာ အနီရောင်၊ အလယ်ပိုင်းမှာ အပြာရောင်နှင့် အတွင်းဘက်အူတိုင်မှာ အဖြူရောင်ဖြစ်သည်။ ထိုမီးလျှံ၏ အပူရှိန်မှာ အလွန်ပင် ပြင်းထန်လှသဖြင့် အနီးနားရှိ သိုင်းပညာရှင်များပင် ထိတ်လန့်တကြား နောက်သို့ ဆုတ်ခွာသွားကြရသည်။ အချို့မှာ သူတို့၏ဆံပင်ကို ပြန်ကိုင်ကြည့်ရာ အပူရှိန်ကြောင့် လိပ်ကွေးကာ ခြောက်ကပ်သွားသည်ကို တွေ့လိုက်ရသည်။
ရှူး….
နောက်တစ်ခဏတွင် ထိုမီးလျှံမှာ ပျောက်ကွယ်သွားပြီး တောင်ပံပါကျားကြီး၏ ဦးခေါင်းကို တည့်တည့်ချိန်ကာ လျှပ်စစ်အလား ပြေးဝင်သွားတော့သည်။ တောင်ပံပါကျားကြီးမှာ ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ရသည်။ သို့သော်လည်း ၎င်း၏ ဘယ်ဘက်တောင်ပံမှာ ထိမှန်သွားခဲ့ပြီး မီးခိုးများထွက်နေသည့် အနက်ရောင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားတော့သည်။
“ဝေါင်း...”
၎င်းသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မြေပြင်ပေါ်သို့ ယိမ်းထိုးလျက် ကျဆင်းသွားရာ ထိုအသံမှာ မိုင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားသည်။ ရှေးဟောင်းအက္ခရာ၏ သင်ခန်းစာကို ရသွားပြီဖြစ်ရာ တောင်ပံပါကျားကြီးသည် နောက်ထပ် ရမ်းရမ်းကားကား မလုပ်ဝံ့တော့ချေ။ သို့သော် ၎င်း၏ မျက်ဝန်းထဲမှ အမုန်းတရားများမှာမူ လျော့ပါးသွားခြင်း မရှိပေ။
မိုးကြိုးသံအလား ဟိန်းဟောက်သံကြီးနှင့်အတူ ၎င်းသည် ၎င်း၏ လက်အောက်ခံဖြစ်သော မရေမတွက်နိုင်သည့် သားရဲများ၊ ငှက်များနှင့် မိစ္ဆာမျိုးစုံကို မြို့ရိုးပေါ်သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ရန် အမိန့်ပေးလိုက်တော့သည်။
ပုတ်သင်ညိုမိစ္ဆာများ၊ မျောက်မိစ္ဆာများ၊ ဧရာမ မြွေဟောက်ကြီးများနှင့် ဆိတ်မိစ္ဆာမျိုးစုံတို့သည် မြို့ရိုးနံရံများပေါ်သို့ တွားတက်ကာ မြို့ရိုးပေါ်သို့ ခုန်တက်လာကြသည်။ သို့သော် သူတို့အားလုံးမှာ အတွင်းဘက်ရှိ ပန်းနုရောင် အလင်းဒိုင်းကြီးကြောင့် ရှေ့သို့ ဆက်မတိုးနိုင်ဘဲ တားဆီးခံထားရတော့သည်။
အကာအကွယ်ဒိုင်းကြီးမှာ အဆက်မပြတ် တုန်ခါနေသော်လည်း ပျက်စီးသွားခြင်းမရှိဘဲ ခိုင်
ခိုင်မာမာ တောင့်ခံထားဆဲပင်။ သို့သော် မြို့စားမင်းလီ၏ မျက်နှာတွင်မူ စိုးရိမ်ပူပန်မှုများ သိသိသာသာ ပေါ်ပေါက်လာတော့သည်။
“ဒီမိစ္ဆာတွေကို အမြန်ရှင်းကြစမ်း မသေနိုင်သော အရှင်သခင်ချန်ထားရစ်ခဲ့တဲ့ ဒီ မန္တန်အစီအရင်ရဲ့ စွမ်းအင်တွေကို အလဟဿ အကုန်မခံစေနဲ့”
မြို့သူမြို့သားများနှင့် သိုင်းသမားများသည် မသေနိုင်သော အရှင်သခင် သို့မဟုတ် မန္တန်အစီရင်စု ဆိုသည့် မြင့်မြတ်လှသော စကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်ကြသော်လည်း မြို့စားမင်း၏ အမိန့်အတိုင်းပင် မြို့စားမင်းအိမ်တော်မှ လေးသည်တော်များနှင့် အင်အားစုအသီးသီးမှ မျိုးဆက်သစ်များသည် လက်နက်ကိုယ်စီဖြင့် ရှေ့သို့ တိုးထွက်လာကြသည်။
သူတို့သည် အကာအကွယ်ဒိုင်းကို မည်သည့်အတားအဆီးမျှမရှိဘဲ လွတ်လပ်စွာ ဖြတ်သန်းသွားနိုင်သည်ကို တွေ့ရှိရသဖြင့် အံ့အားသင့်သွားကြသည်။
ဒီအရာက လူနဲ့ မိစ္ဆာကို ခွဲခြားနိုင်တာလား...
ဤအချက်ကို သိရှိသွားပြီးနောက် လူတိုင်းသည် အကာအကွယ်ဒိုင်း၏ အပြင်ဘက်သို့ ပြေးထွက်ကာ မြို့ရိုးတစ်ဝိုက်ရှိ မိစ္ဆာများနှင့် သွေးချောင်းစီးတိုက်ပွဲကြီးကို ဆင်နွှဲကြတော့သည်။ မိစ္ဆာအချို့မှာ အကာအကွယ်ဒိုင်းကို ဝင်တိုက်မိနေဆဲ ဖြစ်သော်လည်း အကြိမ်အရေအတွက်မှာ ယခင်ကထက် များစွာ လျော့နည်းသွားသည်။
သို့သော်လည်း အကာအကွယ်ဒိုင်းမှာ တဖြည်းဖြည်းနှင့် ကြည်လင်ကာ ပျောက်ကွယ်လုနီးပါး ဖြစ်လာနေသည်။ အကယ်၍ ဤဒိုင်းကြီးသာ လုံးဝ ပျောက်ကွယ်သွားပါက ထိုင်မြို့အနေဖြင့် တောင်ပံပါကျားကြီးကို တားဆီးနိုင်မည့် နည်းလမ်း ရှိတော့မည်မဟုတ်ကြောင်း လူတိုင်း စိုးရိမ်နေကြတော့သည်။
အခြားတစ်နေရာတွင်မူ ရွှီမိသားစုအိမ်တော်မှ ထွက်ခွာလာပြီးနောက် လုံယီသည် သူယခင်က ငှားရမ်းထားခဲ့သော အိမ်သို့ ပြန်ရောက်လာသည်။ လုံယွမ်နှင့် လုယန်တို့မှာ ထုံးစံအတိုင်းပင် ခြံဝန်းထဲတွင် အရက်သောက်ရင်း ပျော်ပါးနေကြသည်။
ထိုင်မြို့ရိုးပေါ်မှ ကြီးကျယ်လှသော တိုက်ပွဲကြီးသည် သူတို့အပေါ် မည်သည့် သက်ရောက်မှုမျှ မရှိသကဲ့သို့ပင်။ သို့သော် လုံယီကမူ ဤသည်မှာ မလွဲမရှေသာသော ရွေးချယ်မှုဖြစ်ကြောင်း သိသည်။ အကြောင်းမှာ လုံယွမ်နှင့် လုယန်တို့၏ စွမ်းရည်မှာ အလွန်ပင် အားနည်းလွန်းနေသောကြောင့် ဖြစ်သည်။
သိုင်းပညာရှင်အဆင့်သို့ မရောက်သေးသဖြင့် သူတို့သည် မြို့ရိုးကာကွယ်ရေးတိုက်ပွဲတွင် ပါဝင်ရန်ပင် အရည်အချင်းမပြည့်မီကြချေ။ သူတို့အနေဖြင့် အိမ်ထဲ၌သာ အောင်းနေပြီး ရင်ထဲမှ ထိတ်လန့်တုန်လှုပ်မှုများကို ဖြေဖျောက်ရန် အရက်ကိုသာ ဖော်လုပ်နေကြရခြင်း ဖြစ်သည်။
လုံယီ ပြန်လာသည်ကို မြင်သောအခါ နှစ်ဦးစလုံး၏ မျက်နှာများ ဝမ်းသာအားရ လင်းလက်သွားကြသည်။
“အစ်ကိုကြီးလုံ”
“ဆရာကြီး... တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲဗျ”
“သားရဲလှိုင်းတွေ ခေတ္တဆုတ်သွားပြီ”
သူတို့နှစ်ဦး စိတ်သက်သာရာရသွားသော မျက်နှာထားကို မြင်သောအခါ လုံယီက သတိပေးလိုက်သည်။
“အပြင်မထွက်နဲ့ အိမ်မှာပဲနေကြ။ တစ်ခုခု ထပ်ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ်”
လုံယီ၏ စကားကို ကြားသောအခါ သူတို့နှစ်ဦးစလုံး တည်ကြည်စွာ ခေါင်းညိတ်ကြသည်။ သူတို့သည် လုံယီအပေါ် အမြဲတမ်း အကန့်အသတ်မဲ့ ကြည်ညိုအားကိုးကြသူများပင်။
အိမ်ထဲသို့ ပြန်ဝင်လာပြီးနောက် လုံယီသည် ဖိနပ်ကိုချွတ်ကာ ခုတင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ ရွှီမိသားစုထံမှ ရရှိလာသော ရတနာနှစ်ပါးဖြစ်သည့် နှင်းဖြူကျောက်နှင့် ကြယ်စင်သံအေးတို့ကို ထုတ်လိုက်သည်။
နှင်းဖြူကျောက်မှာ ကြက်ဥခန့်ရှိသော ကျောက်စိမ်းဖြူရောင်ဖြစ်ပြီး အေးစိမ့်သော အငွေ့အသက်များ ထွက်ပေါ်နေကာ မျက်နှာပြင်တွင်လည်း ဆီးနှံလွှာတစ်ခု အမြဲဖုံးလွှမ်းနေသည်။ ကြယ်စင်သံအေးမှာမူ အရိုးထဲထိ အေးစိမ့်စေသော အနီရောင် သတ္တုတစ်မျိုးဖြစ်ပြီး ၎င်းကို ထိတွေ့လိုက်သည်နှင့် လုံယီ၏ သွေးများပင် ခဲသွားတော့မတတ် ခံစားလိုက်ရသည်။
သူသည် ကျောက်ဖြစ်ခြင်း ပါရမီနောက်တွင် ပေါ်လာသော အပေါင်းသင်္ကေတကို အာရုံစိုက်ကာ အင်အားတစ်ခုဖြင့် ဖိနှိပ်လိုက်သည်ဟု စိတ်ကူးလိုက်သည်။
စွမ်းအင်အမှတ် ၁,၀၀၀ ကုန်ဆုံးသွားသည်။
နှင်းဖြူကျောက်နှင့် ကြယ်စင်သံအေးတို့မှာ အေးစက်သော အရည်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားကာ ကျောက်ဖြစ်ခြင်း အခြေအနေမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်
[ကျောက်ဖြစ်ခြင်း (အဆင့်နိမ့်အောင်မြင်မှု ၀/၁၀၀၀ + နှင်းဖြူကျောက် ၅ လုံး + ကြယ်စင်သံအေး ၁ ခု) → ကျောက်ဖြစ်ခြင်း (ပြီးပြည့်စုံခြင်းအဆင့် ၀/၁၀၀၀၀ + ရေခဲဝိညာဉ် ၁ ခု)]
ထူးဆန်းသော မှတ်ဉာဏ်များ သူ၏စိတ်ထဲတွင် ပေါ်လာပြန်သည်။ ၎င်းတို့မှာ ယခင်မှတ်ဉာဏ်ဟောင်းများနှင့် ဆက်စပ်နေခြင်းပင်။
မျောက်မင်းသည် သူ၏မျိုးနွယ်စုမှ ထွက်ခွာလာပြီးနောက် အရပ်ရပ်သို့ လှည့်လည်သွားလာခဲ့သည်။ သူသည် သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံနေရသော မုဆိုးများကို မကြာခဏ ကယ်တင်ခဲ့သဖြင့် နတ်မျောက်ဟူသော အမည်ဖြင့် ကျော်ကြားလာခဲ့သည်။ နောက်ပိုင်းတွင် လူသားဘုရင်နိုင်ငံမှ ဝန်ကြီးတစ်ဦး၏ အာရုံစိုက်ခြင်းကို ခံလိုက်ရပြီး သူ့ကို ဖမ်းဆီးရန် စစ်တပ်များ စေလွှတ်ခြင်း ခံခဲ့ရသည်။ အကျပ်အတည်းဖြစ်နေစဉ်အတွင်း သူသည် မြစ်ထဲသို့ ခုန်ချလိုက်ရာမှတစ်ဆင့် အနောက်ဖျားဒေသသို့ မျောပါသွားပြီး ရေခဲတောင်ကြီးတစ်ခုအတွင်း နှစ်ပေါင်းတစ်ရာကျော်ကြာ ပိတ်လှောင်ခြင်း ခံခဲ့ရသည်။
ထိုနှစ်ပေါင်းတစ်ရာအတွင်း မျောက်မင်း၏ ခန္ဓာကိုယ်သည် ကြည်လင်သော ရေခဲတောင်ကြီးမှတစ်ဆင့် လရောင်စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေခဲ့သည်။ သူ ပြန်လည်လွတ်မြောက်လာချိန်တွင် သူ၏ အမွေးအမှင်များမှာ မီးခိုးရောင်မှ ငွေဖြူရောင်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်ဝန်းများမှာလည်း အားမာန်များဖြင့် တောက်ပနေပြီး ရှေ့ရှိ ဟင်းလင်းပြင်ကိုပင် ဖောက်ထွင်းမြင်နိုင်တော့မည့်အတိုင်း ရှိနေတော့သည်။ ရာစုနှစ်တစ်ခုကြာ စုဆောင်းခဲ့သော စွမ်းအင်များက မျောက်မင်းကို နယ်ပယ်သစ်တစ်ခုသို့ မြှင့်တင်ပေးလိုက်ခြင်းပင်။
သူသည် လူသားနိုင်ငံသို့ ပြန်ရောက်လာပြီး သူ့ကို ဝိုင်းရံဖမ်းဆီးရန် အမိန့်ပေးခဲ့သော ဝန်ကြီးကို လက်စားချေရန် ရှာဖွေသော်လည်း ထိုဝန်ကြီးမှာ ကွယ်လွန်သွားသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် သူ၏ မိသားစုဝင်များပင် သမိုင်းစာမျက်နှာများထဲတွင် ပျောက်ကွယ်သွားပြီဖြစ်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရသည်။
စိတ်မကောင်းဖြစ်သွားသော မျောက်မင်းသည် သူ၏ မျိုးနွယ်စုဟောင်းဆီသို့ ပြန်သွားခဲ့သည်။ သို့သော် ဆံပင်ဖြူမျောက်များမှာ ထိုနေရာမှ ပြောင်းရွှေ့သွားကြပြီဖြစ်ပြီး လက်ရှည်မျောက်မျိုးစိတ်တစ်ခုနှင့် ပေါင်းစပ်ကာ မျောက်မျိုးစိတ်သစ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ဆိုလိုသည်မှာ သူ၏ မူလမျိုးနွယ်စုမှာ မရှိတော့ပေ။
လောကီလောကတွင် တွယ်တာစရာ ဘာမျှမကျန်တော့သည့်အတွက် မျောက်မင်းသည် ပိုမိုသန်မာလာစေရန်သာ အာရုံစိုက်တော့သည်။
၎င်းသည် တိုက်ခိုက်ယှဉ်ပြိုင်ရန် အစွမ်းထက်သော သားရဲကြီးများကို နေရာအနှံ့ လိုက်လံရှာဖွေခဲ့သည်။
တောင်တန်းများစွာကို စိုးမိုးထားသည့် တောင်ပိုင်ရှင် ပိုးကောင်ကြီး၊ နဖူးတွင် ဦးချိုပါပြီး အသက် ၃၀၀ မှ ၄၀၀ အထိ ရှည်ကြာကာ ကိုယ်အလျား ပေ ၉၀ ခန့်ရှိသော ရွှေရောင်မြွေဟောက်ကြီး၊ ဝေလငါးထက်ပင် ကြီးမားပြီး ခြေလက် ၃၆ ချောင်းပါသည့် သမုဒ္ဒရာနက်ပိုင်းမှ ဧရာမ ကပ်ပြယ်ကောင်ကြီး...
ခြွင်းချက်မရှိပဲ ဤမိစ္ဆာကြီးများအားလုံးသည် မျောက်မင်း၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ကြချေ။ အစပိုင်းတွင် အသာစီးရခဲ့သော သားရဲကြီးများပင်လျှင် မျောက်မင်းက လရောင်စွမ်းအင်များကို ပိုမိုကြာရှည်စွာ စုပ်ယူလာနိုင်သည့်အခါ တစ်ဦးပြီးတစ်ဦး ရှုံးနိမ့်သွားကြရတော့သည်။
နောက်ဆုံးတွင် မျောက်မင်းသည် မည်သူမျှ မယှဉ်နိုင်အောင် အစွမ်းထက်လာခဲ့ပြီး အနိုင်ယူရန် ပြိုင်ဘက် မရှိတော့သည့်အခါ ကောင်းကင်နှင့် မြေကြီးကို စိန်ခေါ်လိုစိတ်များ ပေါ်ပေါက်လာခဲ့သည်။ နတ်ပုလဲတောင်ထိပ်ဖျားသို့ မိုးကြိုးများ မကြာခဏ ပစ်ချတတ်သည်ကို သိရှိသဖြင့် မျောက်မင်းသည် ထိုနေရာတွင် သွားရောက်စောင့်ဆိုင်းနေခဲ့သည်။
နောက်ဆုံးတွင် ခရမ်းရောင်မိုးကြိုးတစ်စင်းသည် တိမ်တိုက်များကို ဖောက်ထွက်ကာ ကောင်းကင်ယံသို့ ထိုးစိုက်နေသည့် ဧရာမ ဓားကြီးတစ်လက်အလား ပေါ်ထွက်လာသည့်နေ့သို့ ရောက်ရှိလာသည်။ မျောက်မင်းသည် သစ်ပင်ထိပ်ဖျားမှနေ၍ ကောင်းကင်သို့ ခုန်တက်ကာ ထိုမိုးကြိုးဓားကြီးအတွင်းသို့ ကြောက်ရွံ့ခြင်းမရှိဘဲ တိုးဝင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှာ သန်းပေါင်းများစွာသော လျှပ်စစ်ဗို့အားများအတွင်း ချက်ချင်း နစ်မြုပ်သွားတော့သည်။
ဘုန်းခနဲ အသံနှင့်အတူ သူသည် မီးလောင်ထားသော ထင်းတုံးတစ်တုံးအလား သစ်ပင်အောက်သို့ ပြုတ်ကျသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များ၏ ၉၉.၉% မှာ တစ်ခဏချင်းအတွင်း သေဆုံးသွားခဲ့ရသည်။ သို့သော် အနည်းငယ်သော ဆဲလ်အချို့မှာမူ မိုးကြိုးစွမ်းအင်နှင့် ကြွင်းကျန်နေသော လရောင်စွမ်းအင်တို့ ပေါင်းစပ်မှုကြောင့် ဗီဇပြောင်းလဲသွားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုတက်ကြွသော ဆဲလ်များမှာ ပွားများလာပြီး မျောက်မင်းသည်လည်း တဖြည်းဖြည်း အသက်ဓာတ် ပြန်လည်ရရှိလာခဲ့သည်။
လက်တွေ့လောကတွင်မူ လုံယီ မျက်လုံးများကို ဖွင့်လိုက်သည်။ ဟင်းလင်းပြင်ထဲမှ မမြင်နိုင်သော စွမ်းအင်လှိုင်းကြီးတစ်ခု သူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်လာတော့သည်။ တဖြတ်ဖြတ် ဟူသော အဆက်မပြတ် မြည်ဟည်းသံများကိုသာ ကြားနေရသည်။
လုံယီသည် သူ၏ သွေးနှင့် အသားစများအတွင်း ထုံကျင်သော်လည်း သာယာသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရသည်။ သူ၏ ဆဲလ်များမှာ မသိအပ်သော အသွင်ကူးပြောင်းမှုတစ်ခုကို ဖြတ်သန်းနေခြင်းပင်။ လုံယီသည် သူ၏ စွမ်းရည်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။
[အမည်: လုံယီ]
[အသက်: ၁၉/၈၈]
[အဆင့်: ပဉ္စမချီစွမ်းအားအဆင့် သိုင်းသမား (၈၀/၆၀၀)]
[ကျင့်စဉ်: အဝါရောင်အစွန်းရောက် အသက်ရှူနည်းစနစ် (အဆင့် ၂၊ ပြီးပြည့်စုံခြင်းအဆင့် ၀/၁၀၀၀၀ + ဝိညာဉ်ချေပန်း ၁ ပွင့်)၊ ဟူမိသားစု အသက်ရှူနည်းစနစ် (မစတင်ရသေး ၀/၁၀)]
[အတတ်ပညာများ: လုံမိသားစု ပုဆိန်သိုင်း (ပြီးပြည့်စုံခြင်းအဆင့် ၀/၅၀၀၀)၊ အစွန်းရောက်လက်သီး (ပြီးပြည့်စုံခြင်းအဆင့် ၀/၃၀၀၀)၊ ကျောက်ခဲပစ်အတတ် (ကျွမ်းကျင် ၀/၃၀)၊ ကိုယ်ဟန်သိုင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ အခြေခံလှံသိုင်း (အဆင့်သစ် ၀/၆)၊ လျှို့ဝှက်သိုင်း: နဂါးထိုးဖောက်ခြင်း အပိုင်းအစ (၁)၊ စွမ်းအင်ပိတ်ဆို့ခြင်းအတတ် (အဆင့်သစ် ၀/၃)]
[ပါရမီများ: ကျောက်ဖြစ်ခြင်း (ပြီးပြည့်စုံခြင်းအဆင့် ၀/၁၀၀၀၀ + ရေခဲဝိညာဉ် ၁ ခု)၊ လျင်မြန်ခြင်း (ကျွမ်းကျင် ၀/၁၀၀ + နတ်ဘုရားပိုးချည် ၁ ခု)၊ ရုပ်ဖျက်ခြင်း (ကျွမ်းကျင် ၀/၃၀၀ + မြေကြောဝိညာဉ်ရည် ၁ ခု)၊ ခိုင်ခံ့ခြင်း (ကျွမ်းကျင် ၀/၂၀၀ + ရွှေနု ၁ ခု)၊ အဆိပ် (အဆင့်သစ် ၀/၂၀ + အရိုးဆွေးမြက် ၁ ပွင့်)၊ ထိန်းချုပ်ခြင်း (အဆင့်သစ် ၀/၂၀ + ဝိညာဉ်အာဟာရကြာပန်း ၁ ပွင့်)]
[စွမ်းအင်: ၆၈၅]
ကျောက်ဖြစ်ခြင်းပါရမီမှာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့်အမျှ သူ၏ သက်တမ်းမှာလည်း ၈ နှစ်တိတိ တိုးလာခဲ့သည်။ လုံယီသည် မြှင့်တင်လိုက်သော ပါရမီကြောင့် ပြောင်းလဲလာသည့် ထူးခြားချက်များကို သိရှိရန် စမ်းသပ်မှုများ စတင်ပြုလုပ်တော့သည်။
“ကျောက်ဖြစ်ခြင်း”