← Chapters

ကျီမော့တောင်ထိပ်

Vol. 4 Ch. 302

ကျီမော့တောင်ထိပ်

Vol. 4 Ch. 302

ကောင်းကင်ထက်တွင် လရောင် ထိန်ထိန်သာ နေလေသည်။

လရောင်သည် ချင်းရွှမ်တောင် တစ်ခွင်ကို အလွှာပါးလေး တစ်ခုအလား ဖုံးအုပ် ဖြန့်ကြက် ထားလေသည်။

ဆန်းလျန်သည် ထိုက်ယီ တောင်ထိပ်တွင် ရှိနေလေသည်။

ဆန်းလျန်သည် ကျောက်နံရံကြီး တစ်ခုနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး ရွှေပေလွှာကို ဖတ်နေလေသည်။ သူက ခဲသိုဝန် ရှေးဟောင်း လက်ရေးများကို နားလည်ရန် ကြိုးစားနေလေသည်။ စာလုံး တစ်လုံးချင်းစီတိုင်းသည် ဆန်းလျန်၏ စိတ်ထဲတွင် စွဲထင်သွားပြီး ဆန်းလျန်၏ နှလုံးသားထဲတွင် အသက်ဝင် နေလေသည်။ ထို့နောက် ထိုစာလုံးများသည် ဆန်းလျန်၏ စိတ်ထဲတွင်ပင် ပေါင်းစည်း သွားကြသည်။

ထိုအခါ စာလုံးများမှ ထွက်ပေါ်နေသည့် ထူးဆန်းသည့် အငွေ့အသက် များသည် ဆန်းလျန်၏ နှလုံးသား တစ်ခုလုံးသို့ ပျံ့နှံ့ သွားလေသည်။

ဆန်းလျန်၏ ဝိညာဉ် စွမ်းအားများမှာ အထွတ်ထိပ်သို့ ရောက်ရှိနေပြီး ခဲသိုဝန် စာလုံး တစ်လုံးချင်းစီသည် မူရင်းအဓိပ္ပာယ် ထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပင် ကောင်းကင်ထက်တွင် တောက်ပသည့် မြစ်တစ်စင်း၏ အရိပ်ကို မြင်တွေ့ လိုက်ရသည်။

ဆန်းလျန်သည် ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ပြီး သူ့ရှေ့တည့်တည့်ရှိ ကျောက်နံ့ရံကြီးကို လက်ညှိုးနှင့် လက်ခလယ် အသုံးပြုကာ ထိုးညွှန် လိုက်လေသည်။

ထိုကျောက်နံရံကြီးမှာ ချင်းရွှမ်နတ်တံခါးတွင် နှစ်ပေါင်း တစ်သောင်းကျော်ကြာ တည်ရှိနေခဲ့သည့် ကျောက်နံရံကြီး ဖြစ်လေသည်။ ဝိညာဉ် စွမ်းအားများနှင့် ပြည့်ဝလျက် ရှိပြီး သာမန် ဓားများဖြင့် မည်သို့မျှ ထိုးခုတ်နိုင်ခြင်း မရှိသည့် ကျောက်ဆောင်ကြီး ဖြစ်လေသည်။

သို့သော် ဆန်းလျန်၏ လက်ချောင်းများမှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားကတော့ ကျောက်နံရံကြီးကို ထွင်းဖောက် သွားလေသည်။ ကျောက်နံရံကြီး ထက်တွင် ဆန်းလျန် ရေးသားလိုက်သည့် စာလုံးတိုင်း၏ စုတ်ချက်များသည် ဓားဖြင့် ထွင်းထားသည် ထက်ပင် ထက်ရှ နေသေးသည်။ ရေးလိုက်သည့် စာလုံးတိုင်းသို့ မိုးမြေ စွမ်းအားများက လာရောက် စုစည်းသွားကြပြီး လှပသည့် ပန်းစာလုံး ပန်းပုလက်ရာ တစ်ခုနှင့်ပင် ဆင်တူလေသည်။

ဆန်းလျန်သည် စာလုံးများကို ယခုပင် ရေးသားထားခြင်း ဖြစ်သော်လည်း စာလုံးများ၏ အဓိပ္ပာယ်ကတော့ ရှေးဟောင်း တာအိုအဓိပ္ပာယ် အနှစ်သာရများဖြင့် ပြည့်နေလေသည်။ ကမ္ဘာဦးအစမှ တာအိုကျမ်းစာနှင့်ပင် ဆင်တူလေသည်။

ဆန်းလျန်၏ လက်ရေးများမှာ ခဲသိုဝန်ရှေးဟောင်း လက်ရေးများ မဟုတ်ပေ။ ချင်းမင်းဆက်ခေတ် လက်ရေးများ ဖြစ်လေသည်။ စာပေတတ်ကျွမ်းသူက ထိုလက်ရေးကို ကောင်းကောင်း ဖတ်နိုင်မည် ဖြစ်လေသည်။

သေသေချာချာ လေ့လာကြည့်မည် ဆိုလျှင် ကျောက်နံရံကြီးပေါ်တွင် ဆန်းလျန် ရေးသားထားသည့် လက်ရေးမူမှာ တိကျပြီး တန်ခိုးစွမ်းအားနှင့် ပြည့်ဝလေသည်။ ထို့ပြင် လှပပြီး လွတ်လပ်မှုကိုလည်း ခံစားရလေသည်။ သူ ရေးသား ထားသည့် စာပိုဒ်သည် တာအို ကျင့်စဉ်လမ်းတွင် အမြင့်ဆုံး စာပိုဒ်တစ်ခု ဖြစ်လေသည်။ တာအို စာလုံးတိုင်းတွင် အဆုံးမဲ့ တန်ခိုးစွမ်းအားများ ပါဝင် နေလေသည်။

ထိုတာအို စာပိုဒ်ကို ဆန်းလျန် ရေးသား ပြီးသွားသည် ကောင်းကင်ထက်တွင် မိုကြိုး မုန်တိုင်းများ တစ်ညလုံး တိုက်ခတ် လေတော့သည်။

သို့သော် ဆန်းလျန်၏ နားထဲတွင်တော့ မိုးကြိုးသံများကို ကြားရခြင်း မရှိပါ။

သူ၏နားထဲတွင် တာအို ကျမ်းစာ ရွတ်ဖတ်သံများကိုသာ ကြားနေရလေသည်။ ယခုတော့ ရွှေပေလွှာထက်တွင် ခဲသိုဝန် ရှေးဟောင်း စာလုံးများဖြင့် ရေးသားထားသည့် စာလုံးများ အားလုံး၏ အဓိပ္ပာယ်ကို ဆန်းလျန် နားလည် သဘောပေါက်သွားပြီ ဖြစ်လေသည်။

စကားလုံးတိုင်းသည် သူ၏နားထဲတွင် မြည်ဟည်း နေလေသည်။ စကားလုံးတိုင်းသည် မဟာတာအို လမ်းစဉ်တစ်ခုကို ပဲ့တင်ရိုက်ခတ် ပြနေသည့် အလားပင် ဖြစ်လေသည်။ ထိုသို့ ပဲ့တင် ရိုက်ခတ်ခြင်း ကသူ၏ စိတ်နှင့် ဝိညာဉ်ကို သန့်စင်သည်ထက် သန့်စင် လာစေလေသည်။ သူ၏စိတ်တွင် ကိလေသာ မြူမှုံများ တစ်မှုံပင် မရှိတော့ဘဲ ကြည်လင် သန့်ရှင်းလျက် ရှိလေတော့သည်။

ရွှေပေလွှာပေါ်မှ စာများအားလုံးကို နားလည်သွားသည့် အခါတွင်တော့ ထိုကျမ်းစာမှာ ဒဏ္ဍာရီထဲမှ "ဟွမ်ထင်ကျမ်းစာ" ဖြစ်ကြောင်း ဆန်းလျန် သိရှိလိုက်လေသည်။ ဟွမ်ထင် ကျမ်းစာသည် တာအို ကျမ်းစာများထဲမှ အခြေခံကျမ်းစာ တစ်ခု ဖြစ်လေသည်။ ဒဏ္ဍာရီ အရဆိုလျှင် တာအို ဆရာသခင်ကြီးသည် မြဟ္မာကြီးတစ်ဦး နေထိုင်ခဲ့သည့် ဂူတစ်ဂူ အတွင်းမှ လျှို့ဝှက် ကျမ်းစာတစ်ခုကို တွေ့ရှိခဲ့ပြီး ပြန်လည် ရေးသားထားခဲ့ခြင်း ဖြစ်သည်ဟု အဆိုရှိလေ သည်။

ဆန်းလျန် ရရှိထားသည့် ရွှေပေလွှာမှာ တာအို ဆရာသခင်ကြီး မူရင်း ရေးသားခဲ့သည့် ဟွမ်ထင်ကျမ်းစာ မဟုတ်ပေ။ ရှေးဟောင်း ကျင့်ကြံသူ တစ်ယောက်က ပြန်လည် ရေးသားထားခြင်း ဖြစ်နိုင်လေသည်။

ဟွမ်ထင်ကျမ်းစာထဲတွင် တရား အလင်းပွင့်ရန် မည်သို့ ကျင့်ကြံရမည်ကို ရေးသား ထားလေသည်။ တစ်ယောက်တည်းနေ တစ်စိတ်တည်း ထားရမည့် ကျင့်စဉ်လမ်း အခြေခံနှင့် နတ်ဘုရား တစ်ပါးဖြစ်အောင် မည်သို့ ကျင့်ကြံရမည်ကိုပါ ထည့်သွင်း ရေးသားထားလေသည်။

ကျမ်းစာက သင်ကြား ပေးထားသည်မှာ လူတစ်ယောက်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းတွင် နတ်ဘုရား တစ်ပါး တည်ရှိသည် ဟူ၍ ဖြစ်လေသည်။ ဦးနှောက်၊ မျက်နှာနှင့် ဝမ်းဗိုက် အတွင်းမှ ကိုယ်တွင်း အင်္ဂါ အားလုံးတွင် နတ်ဘုရား တစ်ပါး တည်ရှိသည်ဟု ဆိုလေသည်။ ဟွမ်ထင်ကျမ်းစာကို မကြာခဏ ရွတ်ဖတ်ပြီး စိတ်ထဲတွင် နတ်ဘုရား တစ်ပါးကို ပုံဖော်ကြည့်ခြင်း အားဖြင့် ကျင့်ကြံသူ၏ ဝိညာဉ်သည် မိုးကောင်းကင်နှင့် ချိတ်ဆက်မိမည် ဖြစ်လေသည်။ ထိုနည်းလမ်းဖြင့်ပင် နတ်ဘုရား တစ်ပါး အဆင့်သို့ အခြေခံအားဖြင့် တက်ရောက် နိုင်မည်ဟု ဖော်ပြ ထားလေသည်။

ဟွမ်ထင် ကျမ်းစာသည် လက်ရှိအချိန်တွင် ကျင့်ကြံသူများ ကျင့်ကြံနေကြသည့် တာအိုကျမ်းစာများနှင့် လုံးဝ တူညီခြင်း မရှိပေ။ မဟာတာအို လမ်းစဉ်၏ အခြေခံများ ပါဝင်လေသည်။ သို့သော် မည်သည့် ကျင့်စဉ်လမ်းက ပိုကောင်းသည်ကိုတော့ ပြောရန် ခက်ခဲ လှလေသည်။

ဆန်းလျန်သည် ကျိုင်းတံ ကိုင်ဆောင်ထားသည့် နတ်ဘုရားကို အမြဲတမ်း ပုံဖော်လေ့ရှိသလို ဒြပ်စင် စွမ်းအားငါးမျိုးနှင့် ပြဒါး စွမ်းအားများ အကြောင်းကိုလည်း နားလည်သူ ဖြစ်လေသည်။ ထို့ကြောင့် ဟွမ်ထင်ကျမ်းစာကို ဖတ်ရှုခြင်းအားဖြင့်  သူ့အတွက်တော့ များစွာ အကျိုးရှိလေသည်။ သူသာ မူလ ဝိညာဉ်ခန္ဓာ ကျင့်ကြံနိုင် အောင်မြင်သွားသည့် တစ်နေ့တွင် သူ၏ ရုပ်ခန္ဓာမှာလည်း အသက်ဓာတ် စွမ်းအာများကို ထိန်းသိမ်းထားနိုင်ပြီး တန်ခိုးစွမ်းအားများ အားလုံးကို အသုံးပြုနိုင်မည် ဖြစ်လေသည်။

သို့သော် ရွှေပေလွှာထက်မှ ဟွမ်ထင်ကျမ်းစာသည် ပြည့်စုံခြင်း မရှိပါ။ ရွှေပေလွှာပေါ်တွင် ရေးထားသည်များ ကျမ်းစာ၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်လေသည်။

တစ်နေ့တွင် ဟွမ်ထင် ကျမ်းစာတစ်ခုလုံးကို ရှာဖွေတွေ့ရှိသည့် အခါတွင်တော့ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်မည်ဟု ဆန်းလျန် တွေးလိုက်လေသည်။ ထိုအခါ သူ၏ အဆင့်သည် တာအိုဆရာ သခင်ကြီးကိုပင် ယှဉ်ပြိုင်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။

ထို့ပြင် ကျင့်စဉ်လမ်းတွင် ကျင့်ကြံရင်း ဒဏ်ရာရရှိခဲ့ပါက ဟွမ်ထင်ကျမ်းစာကို ရွတ်ဆိုရုံမျှဖြင့် ဒဏ်ရာသက်သာ ပျောက်ကင်း စေနိုင်လေသည်။

ထို့ကြောင့် ဆန်းလျန်သည် ထိုက်ယီ တောင်ထိပ်ရှိ ကျောက်နံရံကြီး ထက်တွင် သူရေးသား ထားသည့် ဟွမ်ထင်ကျမ်းစာကို ချင်းရွှမ်နတ်တံခါးမှ ဟိုင်သန်းအဆင့် ကျင့်ကြံသူများ အားလုံးကို လာရောက် ဖတ်ရှုမှတ်သား ခိုင်းလိုက်လေသည်။

ဟွမ်ထင်ကျမ်းစာသည် မတူညီသည့် ကျင့်ကြံသူများကို မတူညီသော နည်းလမ်းများဖြင့် အကျိုးပေးမည် ဖြစ်ကြောင်း ဆန်းလျန် ကောင်းကောင်း သဘောပေါက် ထားလေသည်။ ကျင့်ကြံသူများ၏ ကျင့်စဉ်လမ်းများ မတူညီသကဲ့သို့ အကျိုးပေးပုံလည်း ကွဲပြားသွားမည် ဖြစ်လေသည်။

အချိန် နှစ်နှစ် ကြာသွားခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်သည် ဟွမ်ထင်ကျမ်းစာကို နေ့တိုင်း ရွတ်ဆိုခဲ့သည့် အတွက် တန်ခိုး စွမ်းအားများလည်း သိပ်သည်းလာပြီး ဝိညာဉ် စွမ်းအားများမှာလည်း ထိပ်ဆုံး အဆင့်သို့ ရောက်ရှိ လာလေသည်။ သူ့အတွက် နတ်ဘုရား တစ်ပါးအဖြစ် အဆင့် တက်ရောက်ရန် အသက်တစ်ချက် ရှူမျှသာ လိုတော့သည်။

ဆန်းလျန်သည် "လေးနှစ်ကြာလျှင် ကျီမော့ တောင်ထိပ်သို့ လာခဲ့မည်" ဟု ကျောက်ရှောင်ယွီကို ပေးထားသည့် ကတိကို မမေ့ခဲ့ပေ။ ယခု ကတိတည်ရမည့် အချိန်သို့ ရောက်ရှိ လာခဲ့လေပြီ။

ထို့ကြောင့် ဆန်းလျန်သည် ချင်းရွှမ်တောင်ပေါ်မှ ဆင်းလာ ခဲ့လေတော့သည်။

သို့သော် ယခု တစ်ကြိမ်တွင်တော့ တောင်အောက်တွင် အချိန်အများကြီး မဖြုန်းမိစေရန် မျှော်လင့် ထားမိလေသည်။ ဆန်းလျန်က သူ တောင်ပေါ်သို့ ပြန်ရောက်လာသည့် အချိန်တွင် သူလည်း နတ်ဘုရားတစ်ပါး ဖြစ်နေလောက်ပြီဟု တွေးလိုက်မိလေသည်။ ချင်းရွှမ် နတ်တံခါးမှ လူများအားလုံးကို သူက အံ့သြ သွားစေချင်သောကြောင့် ထိုသို့ပြုလုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လေသည်။

ကျီမော့တောင်….

ကျီမော့တောင်သည် လော်ဝါဒကို တည်ထောင်သူ ဆရာသခင် မွေးဖွားကြီးပြင်းရာ နေရာ ဖြစ်လေသည်။

တောင်ထိပ်တွင် လော်ဝါဒဝတ် ကျောင်းတော်ကြီး တည်ရှိလေသည်။ လော်ဝါဒ ဂိုဏ်းကြီးသည် နှစ်ပေါင်း တစ်သောင်းကျော် ရှင်သန် ရပ်တည်ခဲ့သည့် ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်လေသည်။ ကျီမော့တောင်ထိပ်တွင် "လော်ဝါဒစည်းဝေး ပွဲကြီး" ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြုလုပ်ပြီးခဲ့ပြီ ဖြစ်လေသည်။ မျိုးဆက် တစ်ဆက်တိုင်းတွင် လော်ဝါဒ၏ သူတော်စင် မိန်းမပျို ဖြစ်သည့် လော်ဝါဒ ခေါင်းဆောင် တစ်ယောက် ပေါ်ထွက်လာစမြဲ ဖြစ်လေသည်။

လော်ဝါဒ စည်းဝေးပွဲကြီးတွင် တန်ခိုးစွမ်းအား အမြင့်မားဆုံး ပြသနိုင်သည့် သူတော်စင် မိန်းမပျိုသည် လော်ဝါဒဂိုဏ်းကို တည်ထောင်သူ ဆရာသခင်၏ အလိုတော်ကို ခံယူရမည် ဖြစ်ပြီး လောကတွင် အရည်အချင်း အရှိဆုံး သူတစ်ယောက် ဖြစ်လာမည် ဖြစ်လေသည်။

လောဝါဒ၏ သူတော်စင် မိန်းမပျို နောက်ဆုံး ပေါ်ထွက်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ထောင်ခန့်က ဖြစ်လေသည်။ ကောလာဟလများအရ လော်ဝါဒ၏ ရှေးဟောင်းပစ္စည်း နှစ်ခု ၊ သုံးခု ပျောက်ကွယ် သွားခဲ့ရာမှ လော်ဝါဒမှာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားခဲ့ရခြင်း ဖြစ်လေသည်။ ထို့ကြောင့်ပင် လော်ဝါဒ၏ ခမ်းနားမှုများ ကုန်ဆုံးခဲ့ပြီး ဘုန်းကျက်သရေများလည်း ကျဆင်း ခဲ့ရလေသည်။

သို့သော် လော်ဝါဒ၏ ဂိုဏ်းခွဲများမှာ အင်အားကြီးမားကြပြီး နတ်ဘုရား ဂိုဏ်းများအလား အောင်မြင်မှု ရရှိကြလေသည်။

ထို့ကြောင့် လော်ဝါဒသည် အစိတ်စိတ် အမြွှာမြွှာ ကွဲပြားသွားသည့်တိုင် လောကတစ်ခွင်တွင် ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် လွှမ်းမိုးထားဆဲ ဖြစ်လေသည်။

ကျီမော့တောင်ထိပ်တွင် သမိုင်းဝင် နေရာဟု သတ်မှတ်ရမည့် အချက်နှစ်ချက် ရှိလေသည်။

ပထမအချက်မှာ လော်ဝါဒ တည်ထောင်သူ ဆရာသခင် မွေးဖွားခဲ့ရဒေသ ဖြစလေသည်။ ကျီမော့တောင်တွင် လောဝါဒ တည်ထောင်သူ ဆရာသခင်၏ ဉာဏ်စဉ်များ ကျန်ရစ်ခဲ့သည့် အတွက် ကျင့်ကြံသူများ အနေဖြင့် ကျင့်စဉ် လမ်းတွင် တိုးတက်မှု ရရှိနိုင်လေသည်။

ဒုတိယအချက်မှာ လော်ဝါဒ၏ ရှေးဟောင်း သင်္ချိုင်းကြီး တည်ရှိသောကြောင့် ဖြစ်လေသည်။ ထိုရှေးဟောင်း သင်္ချိုင်းကြီးတွင် လော်ဝါဒ၏ သူတော်စင်ပေါင်း များစွာကို မြှုပ်နှံ သင်္ဂြိုဟ် ထားလေသည်။ ထိုနေရာတွင် လော်ဝါဒ၏ လျှို့ဝှက် ကျမ်းစာများပင် မြှုပ်နှံထားသည်ဟု ပြောစမှတ် ရှိကြလေသည်။

ယခု တစ်ကြိမ်ကျင်းပမည့် လော်ဝါဒ စည်းဝေးပွဲကြီးကတော့ လွန်စွာမှ ပြင်းထန်လေသည်။ ကျီမော့ တောင်တစ်ခွင်လုံးတွင် မိုးနှင့်မြေကို တုန်လှုပ်စေသည့် အလင်းတန်းများဖြင့် ပြည့်နှက် နေလေသည်။ အသက်ဓာတ် စွမ်းအားများမှာ လည်း လေထဲတွင် လွင့်မျော နေလေသည်။

တောင်ခြေတွင် ကျင့်ကြံသူများ လိုအပ်သည်များကို ရောင်းချသည့် ဈေးလေးတစ်ခုပင် ရှိနေပြီ ဖြစ်လေသည်။ ဈေးထဲတွင် လော်ဝါဒ စည်းဝေးပွဲကြီးသို့ ရောက်ရှိ လာကြသည့် ကျင့်ကြံသူများမှာ အုတ်အော်သောင်းနင်း တရုံးရုံးဖြင့် ရှိနေကြလေသည်။ ဈေးအတွင်းရှိ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များတွင် သတင်း အချက်အလက်များကို ဖလှယ် နေကြလေသည်။

"ကြည့်ရတာ သူတော်စင် မိန်းမပျိုချင်းယင်းက ဝူယွမ်ဂိုဏ်း၊ ဝူဝေဂိုဏ်းနဲ့ လောင်ကွမ်း ဂိုဏ်းတွေကို နှိမ်နင်းလိုက်ပြီတဲ့၊ သူမက တော်တော် ပြင်ဆင်ထားခဲ့တာပဲ၊ အဲဒီဂိုဏ်းတွေ အောက်မှာ ဟိုင်သန်း အဆင့်ကျင့်ကြံသူ အယောက် နှစ်ဆယ်လောက် ရှိတာ၊ ကြည့်ရတာ သူက လော်ဝါဒရဲ့ သူတော်စင် အမျိုးသမီး နေရာကို ရအောင် ယူတော့မယ် ထင်တယ်"

"ပြောရတော့ ခက်တယ်၊ နှစ်ပေါင်း သုံးရာလောက် ပျောက်နေတဲ့ ကျောက်စိမ်းဘုရား ဟွမ်ကျီက အခု ကျီမော့တောင် ကိုရောက်နေတာ၊ သူနဲ့အတူ သူတော်စင် မိန်းမပျို တစ်ယောက်လည်း ပါလာတယ်၊ သူကလည်း လွယ်လွယ်နဲ့တော့ အလျှော့ပေးမယ့်ပုံ မပေါ်ဘူးနော်"

"ကျောက်စိမ်း ဘုရားဟွမ်ကျီရဲ့ မဟာရန်သူ ဟုန်ယန်ကျီလည်း ရောက်နေတာနော်၊ တစ်နေ့ကတောင် သူတို့ နှစ်ယောက် တိုက်ခိုက်ကြလို့ တောင်ထိပ်တစ်ခု ပြိုကျ သွားသေးတယ်၊ အရမ်း ကြောက်စရာ ကောင်းတဲ့ တိုက်ပွဲပဲ"

"အဲဒါတွေက မဟုတ်သေးပါဘူးကွာ၊ ကြာပန်း ကိုးပွင့်ကျောင်းတော်က ကျောက်ရှောင်ယွီ နတ်သမီးကမှ တကယ် အစွမ်းထက်တာ၊ ကြားရတာတော့ ထျန်းဝိုက်ထျန်းက ဆရာသခင် ဆယ့်ငါးပါးက သူမကို ဝိုင်းတိုက်ကြတာ၊ သူမက ဒဏ်ရာတစ်ချက်တောင် မရဘဲ လွတ်မြောက် သွားတာတဲ့၊ အရမ်းတန်ခိုး စွမ်းအားကြီးမားတာပဲ၊ ကျုပ်ကတော့ လော်ဝါဒဂိုဏ်းမှာ သူမကို ပထမ ပေးထားတာပဲ"

ထျန်းဝိုက်ထျန်းဆိုသည့် အမည်ကို ကြားသည်နှင့် စားသောက်ဆိုင် အတွင်းမှ ကျင့်ကြံသူများ အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသည်။ ထို့နောက် မည်သည့် စကားသံမှ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ ခဏတာမျှ တိတ်ဆိတ် သွားကြလေတော့သည်။

***

All Chapters