← Chapters

ကျုပ် ခင်ဗျားကို လေးကွက်အတွင်း သတ်မယ်

Vol. 18 Ch. 260

ကျုပ် ခင်ဗျားကို လေးကွက်အတွင်း သတ်မယ်

Vol. 18 Ch. 260

တိုက်ခိုက်ရေး ကလပ်တစ်ခုလုံး အလွန် တိတ်ဆိတ်လို့နေသည်။ အခန်းထဲမှ သိုင်းပညာရှင်များ အားလုံးသည် စည်းဝိုင်းထဲသို့ စိုက်ကြည့်နေကြသည်။

လူတိုင်းသည် နေရာမှာ ရပ်မြဲတိုင်း ရပ်၍ ပြာမှုန့်များ လေနှင့်အတူ လွင့်သွားသည်ကို အလွန် ထိတ်လန့်နေဟန်များဖြင့် ကြည့်နေကြသည်။

"ဘာ … အဲ့သောက် အနက်ရောင်ချီကြီးက ဘာကြီးလဲဟ … အဲ့ဒါက ဘယ်လိုလုပ်ပြီး ဆရာသခင်အဆင့်တွေကို သတ်နိုင်တာလဲ…"

အခန်းထဲမှ လူတိုင်းသည် မယုံသင်္ကာဟန်များဖြင့် ဖြစ်နေကြသည်။ လူတော်တော်များက သူတို့ မျက်စိပြာသွားသည်ဟုတောင် ထင်နေကြသည်။ ကျိုဟမ့်ရှန်၏ နေရာမှ လူတိုင်း မှင်တက်နေကြသည်။

"အဲ့ဒါ သူပဲ … သခင်လေးကို သတ်လိုက်တာ သူပဲ"

ယခင်တုန်းက အမှောင်ဂိုဏ်းသားများသည် ယဲ့ဖန်သည် လျှို့ဝှက် လှည့်ကွက်တစ်ခုကို သုံး၍ ကျိုဟမ့်ရှန်အား ပြာအဖြစ် ပြောင်းလိုက်သည်ဟု ထင်ခဲ့ကြသည်။

သို့သော် ယခုအခါတွင် …

"ခွေးမသား … အဲ့ကောင်က လူမဟုတ်ဘူး"

ကျိုဟမ့်ရှန်က ယဲ့ဖန်အား ထိတ်လန့်တကြား ကြည့်ရင်း ကြက်သီးတဖြန်းဖြန်း ထလာသည်။ ထိုစဉ် သူတို့ ခြေသံများကို ထပ်ကြားလိုက်ရသည်။

လူအများ၏ အလွန် အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်သည် စည်းဝိုင်းထဲသို့ တစ်လှမ်းချင်း လှမ်း၍ ဝင်လာသည်။

"ယဲ့ဖန် … မင်း … မင်း ဒီကို မလာခဲ့သင့်ဘူး … အား"

ယဲ့ရှုံးသည် အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာနှင့် ခါးသီးစွာ ပြောလိုက်သည်။ ယဲ့ဖန်၏ ကျင့်ကြံခြင်း နည်းလမ်းရဲ့ ပင်ကိုအစွမ်းအစကို သူ ယုံကြည်ပါသည်။ သို့သော် အကယ်၍ သူသာ သိုင်းပညာရှင်များစွာ၏ ဝိုင်းအုံခြင်းကို ခံရပါက သူ မုချ သေသွားလိမ့်မည်။

ယဲ့ဖန် ပုန်းကွယ်နေမှ ဖြစ်မည်။ နောင်နှစ်အနည်းငယ်ကြာပြီး သူ ရင့်ကျက်ကာ သန်မာလာသည့် အခါကျမှ သူတို့၏ သေဆုံးမှုအတွက် သူ အလွယ်တကူ လက်စားချေလို့ရပါသည်။

သို့ပေမဲ့ ယခုအချိန်တွင်… ဖျောင်ထိုက်ရှင်းနှင့် ကျိုဟမ့်ရှန်တို့က ယဲ့ဖန်ကို တိုက်ခိုက်တော့မည့်ပုံကြောင့် ခေါင်းဖြတ် အသတ်ခံရတော့မည့် ယဲ့ရှုံး၊ ယဲ့ရီယွင်နှင့် အခြား ယဲ့ကလန်သားများအားလုံး ချက်ချင်း ဝမ်းနည်းလာကြသည်။

သို့သော် ယဲ့ရှုံး၏ စကားအဆုံးတွင် ယဲ့ဖန်က မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုး ပြုံးလာသည်။ ထို့‌နောက် သူသည် ယဲ့ရှုံးအား ကြိုးဖြည်ပေးလိုက်ပြီး အေးစက်စက် မျက်လုံးများဖြင့် ပြောလိုက်သည်။

"ကျုပ်တို့ ယဲ့ကလန်သားတွေဆိုတာက ကျုပ်တို့ရဲ့ ရှက်ဖို့ကောင်းတဲ့ တည်ရှိမှုကို ဆွဲဆန့်နေမယ့်အစား သေတဲ့အထိ တိုက်ပွဲဝင်ရတာကို ပိုနှစ်သက်တယ်"

….

ယဲ့ဖန်၏ တိုတိုတုတ်တုတ် အဖြေက စည်းဝိုင်းထဲရှိ ယဲ့ရှုံးနှင့် အခြားယဲ့ကလန်သားများအား စိတ်အား တက်ကြွသွားစေသည်။

*မှန်တယ် … ယဲ့ကလန်သားဆိုတာက ငါတို့ရဲ့ ရှက်ဖို့ကောင်းတဲ့ တည်ရှိမှုကို ဆွဲဆန့်နေမယ့်အစား သေတဲ့အထိ တိုက်ပွဲဝင်ရတာကို ပိုနှစ်သက်တယ်*

ထို့နောက်တွင် ယဲ့ရှုံး၊ ယဲ့ရီယွင်နှင့် အခြားယဲ့ကလန်သားများက ယဲ့ဖန်အား တလက်လက်တောက်ပ၍ တက်ကြွနေသော မျက်လုံးများနှင့် ကြည့်လာကြသည်။ ယဲ့ဖန်က သူတို့အားလုံး၏ ကြိုးများကို ဖြည်လိုက်ပြီးနောက် သူက လက်ခါပြ၍ ပြောလိုက်သည်။

"ခင်ဗျားတို့ ဒီက အရင် ထွက်သွားလို့ ရတယ် … ဒီကိစ္စကို ကျုပ် ခင်ဗျားတို့ကို ကူပြီး ဖြေရှင်းပေးမယ်"

ယဲ့ဖန်၏ စကားအဆုံးတွင် ယဲ့ကလန်သားများ တက်ကြွလာကြသည်။ ထို့နောက် သူတို့အားလုံးက ယဲ့ဖန်က ဦးညွှတ်၍ အရိုအသေပေးပြီး ယဲ့ရှုံးနောက်သို့ လိုက်ပါသွားကြသည်။

"ငါတို့ မင်းကို စည်းဝိုင်းအောက်က စောင့်နေမယ်"

ထိုသို့ပြောပြီး ယဲ့ရှုံးနှင့် အခြားယဲ့ကလန်သားများက စည်းဝိုင်းထဲမှ ထွက်သွားကြသည်။ ဤမြင်ကွင်းကြောင့် ယန့်ကျင်းမြို့မှ အဓိက ကလန်သားများက သူတို့၏ ခုံများကို သူတို့ ထိုင်ရန် အလျင်အမြန် နေရာပေးကြသည်။

သူတို့မျက်လုံးထဲတွင် ယဲ့ဖန်သည် သူရဲကောင်းတစ်ဦး ဖြစ်ပြီး အခြားယဲ့ကလန်သားများအတွက်လည်း သူရဲကောင်းတစ်ဦး ဖြစ်ပေသည်။ ထိုအချိန်တွင် တိုက်ခိုက်ရေး ကလပ်ထဲမှ လူတိုင်းက စည်းဝိုင်းထဲရှိ ယဲ့ဖန်ကို ဝိုင်းကြည့်နေကြသည်။

"ဘယ်သူ ငါ့ကို သတ်ချင်တာလဲ … လာခဲ့လေ"

ယဲ့ဖန်က စည်းဝိုင်းပတ်လည်ကို ခက်ထန်စွာ ကြည့်၍ သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်လိုက်သည်။

သူ၏ ချီဓာတ်များက ကလပ်အတွင်း ဖုံးလွှမ်းလိုက်သည်နှင့် သူသည် တိုက်ပွဲနတ်ဆိုးတစ်ပါး ဖြစ်လာသည်။ ယဲ့ဖန်၏ ချီဓာတ်ကို အာရုံခံမိပြီးနောက် ဘေးပတ်လည်မှ အခြားလူများ အမူအရာ ပြောင်းသွားကြသည်။

"ဆရာသခင် ဖြစ်ခါနီးအဆင့်လား"

အခန်းထဲမှ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။ သူတို့၏ခန့်မှန်းချက်အရ ယဲ့ဖန်သည် သန်မာ၍ ကြမ်းကြုတ်သော ချီဓာတ်ရှိသော်လည်း ဆရာသခင် ဖြစ်ခါနီးအဆင့်သာ ရှိချေသေးသည်။

*မဖြစ်နိုင်ပါဘူး*

အဓိက ကလန်များသည် ရှန့်ကျန်းမြို့မှ ယဲ့ဖန်၏ တိုက်ပွဲစွန့်စားခန်းများကို ကြားထားခဲ့ပြီးသား ဖြစ်သည်။ ဆရာသခင်အဆင့် ဆယ်ယောက်ကျော် သတ်ခဲ့ပြီးသည့်အပြင် ကျင့်ကြံခြင်းအဆင့်တူသည့် လူတိုင်းထက် ပြိုင်ဘက်ကင်းသော ကိုရီးယားလူမျိုး ဒဏ္ဍာရီတစ်ပိုင်းအဆင့် ဖြစ်သည့် ဖျောင်ကျင်းတျောင်အား သူ သတ်ခဲ့သေးသည်။

*ဒါပေမယ့် ဘယ်လိုလုပ် သူက ဆရာသခင် ဖြစ်ခါနီးအဆင့်ပဲ ရှိသေးရတာလဲ*

ကျိုဟမ့်ရှန်နှင့် သူ့လူများ ချက်ချင်း မျက်လုံးပြူးသွားကြသည်။ ကုန်းကျန့်ထျန်းနှင့် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ အခြား သိုင်းပညာရှင်များသည် ယဲ့ဖန်၏ လက်အောက်ငယ်သား ဖြစ်သော ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ရှစ်ယောက်၏ လက်ချက်ဖြင့် သေခဲ့သည်ဟု သူတို့ ယုံကြည့်ခဲ့သည်။

ထို့ကြောင့် ယဲ့ဖန်၏ ချီဓာတ်အရ ကျိုဟမ့်ရှန်နှင့် သူ့လူများသည် ပြိုင်တူ လှောင်ပြုံးပြုံးလိုက်ကြသည်။

"ဆရာသခင်အဆင့်အောက်က ကောင်တွေတိုင်းက ပမွှားတွေပဲ … သူလည်းပဲ ပမွှားကောင် ဖြစ်နေတာကိုး … ငါတို့ သူ့ကို အထင်ကြီးထားမိတာပဲ"

အမှောင်ဂိုဏ်းမှ သိုင်းပညာရှင်တိုင်းက ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးငယ်အား ကြည့်သကဲ့သို့ ကြည့်နေကြသည်။ ကိုရီးယားလူမျိုးများ ရှိရာနေရာ၌လည်း ပြင်းထန်သော ဝေဖန်မှုများ ပေါ်ပေါက်နေသည်။

"ရှက်ဖို့ကောင်းလိုက်တာကွာ"

ဖျောင်ထိုက်ရှင်း၏ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

"ဆရာသခင် ဖြစ်ခါနီးအဆင့် ပမွှားလေးက ကိုရီးယားပြည်သူ့ သမ္မတနိုင်ငံရဲ့ ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို သတ်သွားတာလား … ဒါ ကိုရီးယား သိုင်းပညာ သမိုင်းမှာ ရှက်ဖို့အကောင်းဆုံး အဖြစ်အပျက်ပဲ"

ထိုအချိန်တွင် တိုက်ခိုက်ရေး ကလပ်ထဲမှ မည်သူမျှ ဂုဏ်သတင်းကြီးသော ယဲ့ဖန်သည် ဆရာသခင် ဖြစ်ခါနီးအဆင့်သာ ဖြစ်လိမ့်မည်ဟု မယုံကြည်ကြပါ။

သို့သော် အကယ်၍ ဆရာသခင် ဖြစ်ခါနီးအဆင့် ဖြစ်သည့် ယဲ့ဖန်က မဟာ ဝူနတ်ဘုရား၊ ကုန်းကျန့်ထျန်းနှင့် မဟူရာ ကြက်ခြေခတ်အဖွဲ့မှ အခြား သိုင်းပညာရှင်များအား သူ တစ်ယောက်တည်း သတ်ခဲ့သည်ကို သူတို့ သိခဲ့ပါက အံ့ဩလွန်းလို့ မေးရိုးတောင် ပြုတ်ထွက်သွားလောက်သည်။

"သောက်ပုရွက်ဆိတ်ကောင်"

ဖျောင်ထိုက်ရှင်း ကျိန်ဆဲလိုက်ရင်း သူ့မျက်နှာပေါ်တွင် ကြမ်းကြုတ်သော ချီစွမ်းအင်များနှင့် ပြည့်နှက်လာသည်။ ထို့နောက် သူက တစ်ဘက်လည့်ကာ နှုတ်ခမ်းမွှေး ကောက်ကောက်နှင့် လူသန်ကြီးတစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"ကျင်းရှင်းယွီ … သူ့ခေါင်းကို သွားယူလာခဲ့"

"ဟုတ်ကဲ့ပါ ဆရာ"

နှုတ်ခမ်းမွှေး ကောက်ကောက်နှင့် လူသန်ကြီးသည် ဟွာရှနိုင်ငံ၏ ဒဏ္ဍာရီအဆင့် လေးယောက်ကို တစ်ခါတည်း သတ်ခဲ့သည့် သူဖြစ်သည်။ သူက ယခုထိ လူထပ်သတ်ချင်နေသေး၏။

သူ့အမိန့်ကို ရသည်နှင့် ထိုလူ၏ မျက်နှာက တက်ကြွလာသည်။ သူ ချက်ချင်း စည်းဝိုင်းထဲသို့ လှစ်ခနဲ ခုန်ဝင်သွားသည်။

…

ထိုစဉ် ဟွာရှနိုင်ငံ၏ သိုင်းပညာရှင်များ အားလုံး အလွန် စိုးရိမ်သွားကြသည်။ ကျင်းရှင်းယွီသည် ဒဏ္ဍာရီ နောက်ဆုံးအဆင့် ဖြစ်သည်။ သူသည် သူ၏ အရေပြားအား ကျစ်လျစ်အောင် ပြုလုပ်ပြီး ထူးဆန်းသော သံမဏိ အရိုးနှင့် လက်သီးများ ဖြစ်အောင် ပြုလုပ်ထားပြီးသား ဖြစ်သည်။

ဟွာရှနိုင်ငံသား ဒဏ္ဍာရီအဆင့် လေးယောက်ကို တစ်ယောက်တည်း သတ်နိုင်ကတည်းက သူ့၌ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အား ရှိကိုရှိရပေမည်။

သူ့နှင့် ဆန့်ကျင်ဘက်တွင်တော့ ယဲ့ဖန်သည် သူ့ထက် အဆင့် ရှစ်ဆင့် နိမ့်နေသည်။ ကျင်းရှင်းယွီသည် သေချာပေါက် ဖိနှိပ်နိုင်သော ခွန်အားကို ပိုင်ဆိုင်ထားပေသည်။

ချက်ချင်းဆိုသလိုပင် ဟွာရှ သိုင်းပညာရှင်များအားလုံး အလွန် စိတ်ဖိစီးလာကာ ယဲ့ဖန်အား စိုးရိမ်တကြီး ကြည့်နေကြသည်။

"ဟီးဟီး … ဟွာရှ ပုရွက်ဆိတ်ကောင် … မင်း အဆင့်ရှစ်ဆင့်ကို ဘယ်လိုမှ ကျော်တက်လို့ မရဘူးကွ"

"စိတ်မကောင်းစရာက ငါနဲ့မှ မင်းက လာဆုံရတယ်လို့ကွာ"

ကျင်းရှင်းယွီသည် အလွန်ရက်စက်ပြီး သူ၏ မျက်လုံးထဲတွင် သွေးဆာ၍ ကြမ်းကြုတ်မှုများနှင့် ပြည့်နေပြီး ယဲ့ဖန်အား သိုးပေါက်လေးတစ်ကောင်ကို ကြည့်သလို ကြည့်နေသည်။

ယဲ့ဖန်က ကျင်းရှင်းယွီ၏ သွေးပေနေသော လက်သီးအား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သန်မာ ကြမ်းကြုတ်သော ချီဓာတ်နှင့်အတူ သူ ပြန်မေးလိုက်သည်။

"ခင်ဗျား အဲ့ ဟွာရှနိုင်ငံသား ဒဏ္ဍာရီအဆင့်တွေကို သတ်ခဲ့တာလား"

"အမှန်ပဲ"

ကျင်းရှင်းယွီက မောက်မာဟန်နှင့် ပြန်ဖြေလိုက်ပြီး သူ၏ သံမဏိလက်သီးပေါ်မှ သွေးများကို လျက်၍ လှောင်ပြောင်ကာ ဆက်ပြောလာသည်။

"ငါ တစ်ယောက်ရဲ့ ခေါင်းကို ငါ့သံမဏိလက်သီးနှင့် ထိုးခွဲလိုက်တာ … နောက်တစ်ယောက်ရဲ့ ရင်ဘတ်ကို တစ်ပတ်လည် ကန်ချက်နဲ့ ငါ ထိုးခွင်းလိုက်တာ … တတိယတစ်ယောက်ရဲ့ မေးရိုးကို ငါ့ဒူးခေါင်းနဲ့ အက်ကွဲအောင် လုပ်လိုက်တယ် … နောက်ဆုံးတစ်ယောက်ရဲ့ ရင်ဘတ်ကို ငါ့ခေါင်းနဲ့ တိုက်ပြီး ကျိုးကြေအောင် လုပ်လိုက်တယ်"

"အမှန်အတိုင်းပြောရရင် ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့်တွေရဲ့ သွေးက တော်တော် အရသာရှိတယ်ကွ … မင်းရော ဘယ်လို အရသာရှိမလဲ ငါ သိချင်မိသား"

ကြမ်းကြုတ်သည်။ ကြောက်မက်ဖွယ်ကောင်းသည်။

ကျင်းရှင်းယွီ၏ ကြမ်းကြုတ် ရက်စက်သော ချီဓာတ်အား အာရုံခံမိပြီး ဟွာရှ သိုင်းပညာရှင်များ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

ထိုသူသည် တကယ့်ကို လူထူးလူဆန်းဖြစ်သည်။ သူ၏ ခန္ဓာကိုယ်အား ဓားများ သို့မဟုတ် လှံများဖြင့် မထိုးဖောက်နိုင်ပါ။ သူ့တွင် သံမဏိ ဦးခေါင်းနှင့် သံမဏိ အရိုးများ ရှိသည်။ ဤမျှ အံ့ဩဖွယ်ကောင်းသော တိုက်ပွဲဝင် ခွန်အားနှင့် သူသည် သူနှင့် အဆင့်တူသော မည်သူကိုမဆို အသာလေး ဖိနှိပ်နိုင်၏။

ဟွာရှ သိုင်းပညာရှင်များ ယဲ့ဖန်ကို ပို၍ ပို၍ စိုးရိမ်လာသည်။ သို့သော် ထိုစဉ် ယဲ့ဖန်၏ မာထန်နေသော အသံက ထွက်ပေါ်လာသည်။

"သောက်ကိုရီးယား ခွေးမသား"

"အဲ့လိုဆိုရင်လည်း ငါ မင်းလက်ကို တစ်ချက်တည်းနဲ့ ချိုးပစ်မယ် … မင်း ခြေထောက်တွေကို ဒုတိယ တစ်ချက်တည်းနဲ့ ချိုးခြေပစ်မယ် … မင်းရဲ့ ဒူးခေါင်းကို တတိယအချက်အတွင်း ချိုးပစ်မယ် … မင်း ခေါင်းကို လေးကွက်မြောက်အတွင်း ဖြတ်ပစ်မယ် … မင်းရဲ့ ခေါင်းနဲ့ ကျဆုံးသွားတဲ့ ဟွာရှသားတွေရဲ့ ဝိညာဉ်တွေအတွက် ယဇ်ပူဇော်ပေးမယ်"

*ဘာ*

ယဲ့ဖန်၏ စကားကြောင့် ကျင်းရှင်းယွီနှင့် ကလပ်ထဲမှ အခြားသူများအားလုံး တစ်ခဏမျှ မှင်တက်သွားကြသည်။

ထို့နောက် ကျင်းရှင်းယွီက အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ဟားတိုက်ရယ်မောနေသဖြင့် သူ့ခန္ဓာကိုယ်က ရှေ့၊နောက် ယိမ်းယိုင်လို့နေသည်။ သူ အူတက်မတတ် ရယ်မောနေခြင်း ဖြစ်သည်။

"ဟားဟား… အရူး … မင်းက ငါ့ကို လေးချက်တည်းနဲ့ သတ်ချင်နေတာလား … မင်းက ငါ့ကို ဖျောင်ကျင်းတျောင်များ မှတ်နေတာလား"

"ကောင်းတယ် … ပြိုင်ဘက်ကင်း ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်ဆိုတာ ဘာလဲဆိုတာကို မင်းသွေးကို သုံးပြီး ငါ ပြောပြမယ်ကွ"

ထို့နောက် ကျင်းရှင်းယွီက ကြမ်းကြုတ်သော ချီဓာတ်အား မျက်လုံးမှတစ်ဆင့် ထုတ်ဖော်ရင်း သိမ်းငှက်တစ်ကောင်က ယုန်တစ်ကောင်အား သုတ်ချီတော့မည့်ဟန်ဖြင့် ယဲ့ဖန်ထံသို့ ခုန်ဝင်သွားသည်။

"ခွေးမသားလေး … သေလိုက်တော့"

သူ၏ ကြမ်းတမ်းသော ချီဓာတ်သည် သူ၏ သံမဏိလက်သီးမှတစ်ဆင့် တစ်ဟုန်ထိုး ထိုးထွက်လာသည်။ သူသည် ယဲ့ဖန်အား တစ်ချက်တည်းဖြင့် အပြတ်ဖြုတ်ပစ်ချင်နေသည်။

ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းကို ကြည့်ရင်း ဟွာရှ သိုင်းပညာရှင်များအားလုံး ကြောက်လန့်ကာ မျက်နှာပျက်ကသွားကြသည်။ တစ်ဘက်တွင်တော့ ယဲ့ဖန်သည် ကြောက်မက်ဖွယ် ကောင်းသော အပြုံးမျိုး ပြုံးနေသည်။

"ကြည့်ကြသေးတာပေါ့"

ဒုန်း!

ချက်ချင်းဆိုသလိုပင် သံမဏိလက်သီးနှစ်ခု ထိပ်တိုက်တွေ့ဆုံသွားသည်။

ဂျွတ်!

ဂျွတ်ခနဲ အသံကျယ်ကြီး ထွက်ပေါ်လာလေသည်။

All Chapters