← Chapters

အခန်း (၃၁၈)

Vol. 31 Ch. 318

အခန်း (၃၁၈)

Vol. 31 Ch. 318

အသက်မွေးဝမ်းကျောင်း အတတ်ပညာများနှင့် ပတ်သက်၍ ရှန်းယွီ မှာ အနည်းငယ် စိတ်ပျက်မိသွားသည်။

သူ၏ ချက်ပြုတ်ခြင်းအတတ်ပညာသည် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိပြီးနောက် ပါဝင်ပစ္စည်းများ၏ အဆင့်အတန်းအပေါ် မှီခိုနေရခြင်း မရှိတော့ဘဲ ချီအားမြှင့်တင်မှုအပေါ်တွင်သာ သန့်သန့်အခြေခံပြီး ဆောင်ရွက်နိုင်ခဲ့သော်လည်း ပန်းပဲနှင့် ဆေးဖော်စပ်ခြင်းတို့တွင်မူ ထိုကန့်သတ်ချက်များ ရှိနေဆဲပင်။

ကောင်းကင်ဘုံအဆင့်ပစ္စည်းများကို ထုတ်လုပ်နိုင်ရန်အတွက် ကောင်းကင်ဘုံအဆင့်ရှိသော သယံဇာတ အရင်းအမြစ်များကိုသာ အသုံးပြုရန် လိုအပ်နေသေးသည်။

ကောင်းကင်ဘုံအဆင့် ပစ္စည်းများကို ချက်ချင်းလက်ငင်း အမြောက်အမြား မထုတ်လုပ်နိုင်သေးသည့်အတွက် စိတ်ပျက်မိသော်လည်း သူ စိတ်မပျက်ဘဲ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ကမ္ဘာ့အနှစ်သာရလေးကို ကောင်းကောင်းမွန်မွန် ပြောဆိုဖျောင်းဖျပြီးနောက်တွင်မူ ၎င်းသည် တစ်ကမ္ဘာလုံး၌ ပျံ့နှံ့တည်ရှိနေသော များပြားလှသည့် သဘာဝရတနာများနှင့် အရင်းအမြစ်များရှိရာ နေရာများကို သူ့အား ဖွင့်ဟပြောပြခဲ့သည်။ ရှန်းယွီ သည် သူ၏ ကိုယ်ပွားများကို အသုံးပြု၍ ထိုပစ္စည်းများကို ဘေးကင်းအောင် သွားရောက်ထိန်းသိမ်းရန် စီစဉ်လိုက်တော့သည်။

မည်သို့ပင်ဖြစ်စေ ထိုပစ္စည်းများမှာ ပိုင်ရှင်မဲ့များသာ ဖြစ်သဖြင့် သူက အနည်းငယ်ယူလိုက်ခြင်းက ဘာမှပြဿနာရှိမည် မဟုတ်ပေ။

သို့သော်လည်း ဤကမ္ဘာမှာ အဆင့်အတန်းအားဖြင့် နိမ့်ကျနေဆဲဖြစ်ရာ ကောင်းကင်ဘုံအဆင့်သို့ အမှန်တကယ်မီသော ရတနာများမှာ များများစားစား မရှိလှပေ။ လောလောဆယ်တွင် ရှိသမျှနှင့်သာ အဆင်ပြေသလို လုပ်ဆောင်ရမည်ဟု သူ ယူဆလိုက်သည်။

သူ၏ ကျန်ရှိသော အသက်မွေးဝမ်းကျောင်းများမှာမူ အောင်မြင်စွာ တိုးတက်နေဆဲပင်။

သူ၏ ဆေးဝါးနှင့် ဝိညာဉ်စိုက်ပျိုးရေးကျွမ်းကျင်မှု နှစ်ခုလုံးမှာ ယနေ့အတွင်း တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ယခုအခါ ၎င်းတို့နှင့် ပတ်သက်သည့် အသိအမြင်များကို အပြည့်အဝ ရရှိနေပြီဖြစ်သည်။

(T/N - ကျင့်ကြံရေးကိုစိုက်ပျိုးရေးလို့မှားပြန်တာမဟုတ်ပါဘူးဗျ။ မူရင်းစာမှာထဲက ရှန်းယွီက ဝိညာဉ်ဆေးဖက်ဝင်အပင်တွေကိုစိုက်ပျိုးတဲ့အတွက် အဲ့ဒီစိုက်ပျိုးရေးစွမ်းရည်ကိုပါရသွားလို့ ဝိညာဉ်စိုက်ပျိုးရေးလို့ဘာသာပြန်ရခြင်းဖြစ်ပါတယ်ဗျ။ Cultivation ဆိုရင်ကျင့်ကြံရေးလို့သုံးပေမဲ့ Spirit Farmer Cultivation ဆိုရင်တော့ ကျွန်တော်က ဝိညာဉ်စိုက်ပျိုးရေးလို့ဘာသာပြန်လိုက်ပါတယ်ဗျ။ ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီအတွက်ကျေးဇူးပါဗျ)

ထို့အတူ သုတေသနပညာရှင်အတတ်ပညာမှာလည်း စတုတ္ထအဆင့်သို့ တက်လှမ်းသွားခဲ့ပြီဖြစ်သည်။

သုတေသနပညာရှင် အဆင့်မှာ ယခုအခါ တစ်ဝက်ကျော်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ နောက်တစ်ကြိမ် ပြန်လည်သတ်မှတ်ခြင်းတွင် ဖြစ်စေ သို့မဟုတ် မနက်ဖြန်အတွင်းမှာပင် ဖြစ်စေ ထပ်မံအဆင့်တက်ဖွယ် ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။ နောက်ဆုံးတွင်မှ တိုးတက်မှုအရှိန် ရလာပုံပင်။ ၎င်းမှာလည်း အဓိပ္ပာယ်ရှိလှသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ သူသည် အချိန်ပြည့် သုတေသနပညာရှင်တစ်ဦးကဲ့သို့ပင် ဖြစ်နေပြီး ရှေ့လျှောက်တွင်လည်း ဤအတတ်ပညာကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုရန် စီစဉ်ထားသောကြောင့်ပင်။

ယနေ့၏ တိုးတက်မှုရလဒ်များကို ကျေနပ်အားရစွာဖြင့် ရှန်းယွီသည် စနစ်မျက်နှာပြင်ကို ပိတ်လိုက်ကာ သူ၏ အာရုံကို ခန္ဓာကိုယ်အတွင်းပိုင်းဆီသို့ ပြန်လည်ပို့ဆောင်လိုက်တော့သည်။

ရှန်းယွီ၏ ဝိညာဉ်ပင်လယ်အတွင်း၌ သူ၏ဝိညာဉ်သည် သဘာဝအတိုင်း မိစ္ဆာအသွင်ဖြင့် ပေါ်ထွက်လာပြီး အဆုံးအစမရှိ ကျယ်ပြောလှသော သမုဒ္ဒရာကြီးထက်တွင် လွင့်မျောနေသည်။

သူသည် အာရုံစူးစိုက်မှုကို အပြည့်အဝမြှင့်တင်ထားစဉ် "တကယ်ကို နှမြောစရာကောင်းတာပဲ" ဟု တွေးတောမိသည်။ သူ၏ စိတ်စွမ်းအားမှာ အဆင့် ၁၀ ရှိနေသဖြင့် သူ၏ ဝိညာဉ်ပင်လယ်မှာ မဟာယာနနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ အဆင့်အထိ ကျယ်ပြန့်နေပြီဖြစ်သည်။ ထိုကဲ့သို့သော ကြီးမားလှသည့် ချီသိုလှောင်ကန်ကြီးကို အသုံးချနိုင်မည်ဆိုပါက ယခုထက်မကသော အရာများကို သူ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

သို့သော်လည်း သူ၏ လက်ရှိကျင့်ကြံမှု နယ်ပယ်က သူ့ကို ကန့်သတ်ထားဆဲပင်။

အခြေတည်ဝိညာဉ်နယ်ပယ်သို့ မရောက်ရှိသေးသရွေ့ အမြုတေသည် ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်နိုင်မည်မဟုတ်သလို စွမ်းအင်ကြောများကလည်း ဒန်ထျန်အစား ဝိညာဉ်ပင်လယ်မှ ချီကို တိုက်ရိုက်ဆွဲယူနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဝိညာဉ်ပင်လယ်အတွင်း သိုလှောင်ထားသော ချီကို အသုံးပြုရန်မှာ အလွန်ပင် ထိရောက်မှုနည်းပါးလှသည်။

ယခုအချိန်တွင် သူ၏ ဝိညာဉ်ပင်လယ်မှာ သိုလှောင်နိုင်စွမ်း အလွန်ကြီးမားသော်လည်း ထုတ်ယူသုံးစွဲမှုနှုန်းနှေးကွေးသည့် စက်အကြီးကြီးတစ်ခုနှင့် တူနေသည်။ အပြန်အလှန်အားဖြင့် သူ၏ အမြုတေမှာမူ အဆင့်မြင့်တင်ခြင်းနှင့် တူသည်။ ချီသိုလှောင်နိုင်စွမ်းမှာ ဝိညာဉ်ပင်လယ်နှင့် ယှဉ်လျှင် အလွန်နည်းပါးသော်လည်း တိုက်ပွဲများတွင် ချက်ချင်းလက်ငင်း ထုတ်ယူသုံးစွဲရန်အတွက်မူ အလွန်လျင်မြန်ပြီး အသင့်အတော့် ဖြစ်နေသည်။

ဝိညာဉ်ပင်လယ်အတွင်းရှိ ချီများကိုမူ အချိန်ယူလုပ်ဆောင်ရသော အသက်မွေးဝမ်းကျောင်း လုပ်ငန်းများမှာ ဥပမာ- ဆေးဖော်ခြင်း၊ ပန်းပဲထုခြင်းအတွက်သာ ထိရောက်စွာ သုံးနိုင်သည်။ စက္ကန့်ပိုင်းအတွင်း ဆုံးဖြတ်ရသည့် တကယ့်တိုက်ပွဲများတွင်မူ ဝိညာဉ်ပင်လယ်သည် အမြုတေလောက် အားကိုး၍မရသေးပေ။

သို့သော်လည်း သူသည် ဝိညာဉ်ပင်လယ်အတွင်းရှိ များပြားလှသော အရန်စွမ်းအင်များကို စစ်

မှန်သောချီအဖြစ် ပြောင်းလဲရန် ကြိုးစားနေဆဲပင်။ နောင်တစ်ချိန်တွင် အမြုတေနှင့် ဝိညာဉ်ပင်လယ်ကြား ဆက်သွယ်မှုတံတားကို ရှာဖွေတွေ့ရှိသွားပါက ထိုကြီးမားသော စွမ်းအားကို တိုက်ပွဲတွင် အသုံးချနိုင်မည်ဟု သူ မျှော်လင့်ထားသည်။ သို့မဟုတ် ပို၍ အံ့အားသင့်စရာကောင်းသည်မှာ သူသည် ဝိညာဉ်နှင့် ခန္ဓာကိုယ် ပေါင်းစည်းခြင်းနယ်ပယ်အတွက် ကြိုတင်

ပြင်ဆင်မှုများ စတင်နိုင်ခြင်းပင်။

သူ၏ ဝိညာဉ်ပင်လယ်မှာ အလွန်တရာ ကြီးမားလှသဖြင့် ကြိုတင်ပြင်ဆင်ထားခြင်းက သူ့အတွက် မဆိုးလှပေ။

တစ်ဖက်တွင်မူ သစ်သားဒြပ်စင်ကိုယ်ပွားရှန်းယွီမှာ သူ၏ ဥယျာဉ်အတွင်း၌ ဝိညာဉ်ဆေးပင်များကို ပြုစုပျိုးထောင်ရင်း လှုပ်ရှားနေသည်။

သူ အလုပ်လုပ်နေစဉ် သူ အလွန်မျှော်လင့်နေခဲ့သော ကောင်းကင်ဘုံအဆင့် အစီအရင်

အကြောင်းကို တွေးတောနေမိသည်။ သူ၏ ကြီးထွားမှုမြှင့်တင်ဆေးကို အပြည့်အဝ အသုံးချနိုင်ရန် ထိုအစီအရင်ကို အားကိုးတကြီး စောင့်ဆိုင်းခဲ့သော်လည်း ရလဒ်မှာ စိတ်ပျက်စရာသာ ဖြစ်ခဲ့သည်။

အစီအရင်ကို အဆင့်မြှင့်တင်လိုက်သော်လည်း ချီသိပ်သည်းဆမှာ သိသိသာသာ တိုးတက်မလာဘဲ ပထမအဆင့် အစီအရင်တစ်ခု၏ အဆင့်လောက်သာ ရှိနေသည်။ ပိုဆိုးသည်မှာ ထိုစွမ်းအင်များမှာ အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းလာနေသည်ကို သူ ခံစားနေရခြင်းပင်။

လက်ရှိတွင် ကမ္ဘာကြီးသည် ပျက်စီးလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသဖြင့် စွမ်းအင်များ ယုတ်လျော့လာခြင်းဖြစ်သည်ဟု သူက ကောက်ချက်ချလိုက်သည်။ ယခင်က ဗဟိုတိုက်ကြီးသည် ဝိညာဉ်စွမ်းအင်များကို မိမိတို့နယ်မြေအတွင်းသို့ စုပ်ယူခဲ့ကြသော်လည်း ကျန်ရှိသော ကမ္ဘာ့အစိတ်အပိုင်းများ ရှင်သန်နိုင်စေရန်အတွက် စွမ်းအင်အချို့ကိုမူ ချန်လှပ်ပေးခဲ့ကြသည်။ ထိုလုပ်ရပ်သည် တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုနိုင်သော်လည်း အနည်းဆုံးအားဖြင့် ရေရှည်တည်တံ့မှုကိုမူ ဖြစ်ထွန်းစေခဲ့သည်။

သို့ရာတွင် ယခုအခါ၌မူ အဆိုပါရတနာသည် ကမ္ဘာကြီး၏ အကျိုးစီးပွားကို အလေးမထားသူ၏ လက်ဝယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းပုဂ္ဂိုလ်သည် နောင်ဖြစ်လာမည့် ဆိုးကျိုးများကို လုံးဝထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကမ္ဘာကြီး၏ စွမ်းအင်အရပ်ရပ်ကို ဝါးမြိုရန်

အတွက် အဆိုပါ ရှေးဟောင်းလက်နက်ကို အသုံးချနေခြင်းပင်။ ထို့ကြောင့် အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်ဖွယ်ရာ ဖြစ်လာနေပြီး ဤပြဿနာကို အမြန်ဆုံး ဖြေရှင်းရန် လိုအပ်လျက်ရှိသည်။

ကံကောင်းသည်မှာ စွမ်းအင်များကို အဆက်မပြတ် ထုတ်လွှတ်ပေးနေသည့် သူ၏ ကိုယ်ပိုင် ဝိညာဉ်ကြောကိုမူ အားကိုးနိုင်သေးခြင်းပင်။ အမှန်တကယ်တွင် အဆိုပါ ဝိညာဉ်ကြောသည် နောက်တစ်ဆင့်သို့ တိုးတက်ရန် လေးပုံတစ်ပုံခန့် ရောက်ရှိနေပြီဖြစ်သော်လည်း သူကိုယ်တိုင်အတွက် ကောင်းကင်ဘုံအဆင့် လက်နက် တစ်ခုကို ဦးစားပေး ဖန်တီးရန် စီစဉ်ထားသဖြင့် အဆင့်မြင့် သယံဇာတများကို ဝိညာဉ်ကြောအတွက် အသုံးမပြုသေးဘဲ ခေတ္တဆိုင်းငံ့ထားသည်။ သူ၏ ကိုယ်ပွားဖြစ်သူက ပြင်ပမှ သယံဇာတများ ယူဆောင်လာနိုင်သည့် အချိန်ကျမှသာ ဝိညာဉ်ကြောကို အဆင့်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။

၎င်းနောက်တွင်မူ ရှန်းယွီသည် အခြားသော အတွေးများကို ဘေးဖယ်ထားကာ လက်ရှိလုပ်ဆောင်ရမည့် လုပ်ငန်းရပ်ကိုသာ အာရုံစိုက်လိုက်သည်။ ယခုအချိန်သည် သူ၏ ကြီးထွားမှုမြှင့်တင်ဆေးကို အသုံးပြုရမည့် အချိန်ပင်။ ၎င်းသည် နတ်ဆိုးနတ်ဘုရား၏ ဘဏ္ဍာတိုက်မှ ရရှိလာသော တန်ဖိုးကြီး ဆေးဖက်ဝင်အပင်များကို ရွေးချယ်၍ ဥယျာဉ်အနှံ့တွင် စိုက်ပျိုးလိုက်သည်။ ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုလုပ်ပြီးနောက်တွင် ထူးဆန်းသော မျိုးစပ်ဆေးပင်အချို့ကိုပင် ဖန်တီးနိုင်ခဲ့ပြီး အဆိုပါ အပင်များကိုလည်း စိုက်ပျိုးထားရှိသည်။

ပထမအဆင့်နှင့် ဒုတိယအဆင့် ဆေးပင်များ ကြီးထွားမှုနှုန်းမှာ ၂၅ ရာခိုင်နှုန်း နှင့် ၅၀ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာသည်။ သို့သော် အဆိုပါ အပင်များသည် ယခုတိုင် အပင်ပေါက်ခြင်း မရှိသေးသဖြင့် ကြီးထွားရန် မည်မျှကြာမြင့်မည်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲနေသည်။ ရှန်းယွီ၏ နည်းစနစ်များကြောင့် အကျိုးကျေးဇူးများ ရရှိနေသည့်တိုင် အပင်ပေါက်ရန်အတွက် သုံးလထက်မနည်း ကြာမြင့်ဦးမည်ဟု ခန့်မှန်းထားသည်။ ၎င်းတို့မှာ အဆင့်မြင့် ဝိညာဉ်ဆေးပင်များ ဖြစ်သည့်အတွက် ယခုကဲ့သို့ ကြာမြင့်ခြင်းမှာ မျှော်လင့်ထားပြီးသားပင်။

တတိယအဆင့် ဆေးပင်များ ကြီးထွားမှုနှုန်း ၁၀၀ ရာခိုင်နှုန်း မြင့်တက်လာသဖြင့် တစ်လမှ နှစ်လလျှင် တစ်ကြိမ် ရိတ်သိမ်းနိုင်ပြီး စတုတ္ထအဆင့် ဆေးပင်များ ကြီးထွားမှုနှုန်း ၂၀၀ ရာခိုင်နှုန်း အထိ မြင့်တက်လာသဖြင့် နေ့စဉ် ရိတ်သိမ်းနိုင်သော အခြေအနေသို့ ရောက်ရှိသွားသည်။

ပဥ္စမအဆင့် ဆေးပင်များသည် ကြီးထွားမှုနှုန်း ၄၀၀ ရာခိုင်နှုန်း အထိ အားကောင်းလာသဖြင့် တစ်ရက်တည်းမှာပင် အကြိမ်ပေါင်းများစွာ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။

စာရေးသူ၏ မှတ်ချက်

အချက်အလက်လေးတစ်ခု ထပ်ဖြည့်ချင်လို့ပါ။ စိတ်မပူကြပါနဲ့။ ကော်ကျိန်းမင် အဆင်ပြေပါတယ်။ လီယောင်းက သူမရဲ့ မူလပုံစံကို ပြန်ပြောင်းသွားပြီးတဲ့နောက်မှာတော့ သူ့ကို ဂရုမစိုက်တော့ဘဲ လွှင့်ပစ်လိုက်တာပါ။ သူကတော့ ဂိုဏ်းရဲ့ အကာအကွယ်အတားအဆီးထဲမှာ ရှိနေပါတယ်။ သတိမေ့နေပြီး ခြင်ကိုက်ခံနေရလောက်ပေမဲ့ သူ ဒါကို တောင့်ခံနိုင်မှာပါ။

All Chapters