← Chapters

ထျန်းဝိုက်ထျန်း

Vol. 4 Ch. 303

ထျန်းဝိုက်ထျန်း

Vol. 4 Ch. 303

ကျင့်ကြံသူ လောကတွင် ဆိုရိုးစကား တစ်ခုရှိလေသည်။

"အပြာရောင် ကောင်းကင်ကို ကျော်လွန်ပြီး စကြဝဠာသည် အဆုံးမရှိ"

ဟူ၍ ဖြစ်လေသည်။

ထိုဆိုရိုးစကားမှာ ထျန်းဝိုက်ထျန်းကို ပြောခြင်း ဖြစ်လေသည်။ ထျန်းဝိုက်ထျန်း ဆိုသည်မှာ နေရာ တစ်နေရာ၏ အမည်လည်း ဖြစ်သလို ဂိုဏ်းတစ်ဂိုဏ်းလည်း ဖြစ်လေသည်။

ကျင့်ကြံသူများက နတ်ဘုရား ဖြစ်ရေးအတွက် ကျင့်ကြံ ကြလေသည်။ သို့သော် ထျန်းဝိုက်ထျန်းမှ လူများကတော့ ထိုသို့ မဟုတ်ပေ။ သူတို့က တာအို ကျင့်စဉ်ကို လူသတ်ရန်အတွက် ကျင့်ကြံကြသူများ ဖြစ်လေသည်။ သူတို့သည် လူ့လောကမှ ကြေးစား လူသတ်သမားများနှင့် မခြားပေ။ သို့သော် လူ့လောကမှ ကြေးစား လူသတ်သမားများကတော့ အခကြေးငွေယူကာ လူများကို သတ်လေ့ရှိပြီး ထျန်းဝိုက်ထျန်းမှ ကြေးစား တာအို ဆရာများကတော့ အခကြေးငွေယူကာ ကျင့်ကြံသူများကို သတ်လေ့ရှိခြင်းပင် ဖြစ်လေသည်။

ဝိညာဉ် စွမ်းအား ပစ္စည်းများ၊ တန်ခိုးစွမ်းအားများ၊ ရတနာ ပစ္စည်းများနှင့် ဖန်ဆင်းခြင်း အတတ်များသာ ရရှိမည်ဆိုလျှင် သူတို့က လောက နတ်ဘုရား တစ်ပါးကိုပင် ရအောင် သတ်ရဲသည့် သူများ ဖြစ်လေသည်။

ကောလာဟလများအရဆိုလျှင် ထျန်းဝိုက်ထျန်း၏ တည်ရှိမှု သက်တမ်းမှာ အဓိက နတ်ဘုရား ကျောင်းတော်ကြီး လေးခုထက်ပင် ရှည်ကြာသေးသည် ဟူ၍ပင် ဖြစ်လေသည်။ ထျန်းဝိုက်ထျန်း၏ သက်တမ်းသည် နှစ်ပေါင်း တစ်သောင်း ကျော်ပင် မကတော့ပေ။

ကြေးစား လူသတ်သမား ဆိုသည်မှာ လောကတွင် သက်တမ်း ရှည်ကြာစွာ ရပ်တည်နိုင်သည့် ပညာ တစ်ခုပင် ဖြစ်လေသည်။

ထျန်းဝိုက်ထျန်းမှ ကြေးစား တာအိုဆရာများသည် လူသတ်နည်းပေါင်း များစွာကို တတ်မြောက် ကြလေသည်။ သူတို့က လူသတ်လိုက်သည့် အတွက် သူတို့၏ ကျင့်စဉ်လမ်း ထိခိုက်မည်ကိုလည်း ဂရုမစိုက်ကြပေ။ ထျန်းဝိုက်ထျန်းမှ ရုဟွအဆင့် ကြေးစား လူသတ်သမားသည် ဟိုင်သန်း အဆင့် ကျင့်ကြံသူ တစ်ယောက်ကိုပင် တစ်ယောက်ချင်း ရင်ဆိုင်ပြီး လုပ်ကြံ သတ်ဖြတ် နိုင်စွမ်းရှိလေသည်။

ထျန်းဝိုက်ထျန်း၏ "မရဏ တာအိုကျမ်း" သည် အလွန် အဖိုးတန်သည့် ကျမ်းစာအုပ် ဖြစ်လေသည်။ ချင်းရွှမ် နတ်တံခါးမှ ထိုက်ရွှီး နည်းဗျူဟာ ကျင့်စဉ်နှင့် အဆင့်အတန်း တူညီသည့် ကျင့်စဉ်ပင် ဖြစ်လေသည်။ သို့သော် မရဏတာအို ကျမ်းကို ကျင့်ကြံကြသည့်သူ အများစုမှာ ရူးသွပ် သွားကြသည်ချည်းပင် ဖြစ်လေသည်။ ထိုကျင့်စဉ်ကို ကျင့်ကြံပြီး နတ်ဘုရား တစ်ပါး အဖြစ် အဆင့် တက်ရောက် နိုင်သည့်သူမှာ မရှိသလောက် ရှားပါးလေသည်။

ထျန်းဝိုက်ထျန်းမှာ ထိုမျှ တန်ခိုး စွမ်းအား ကြီးမားသည့်တိုင် ကျောက်ရှောင်ယွီကတော့ ထျန်းဝိုက်ထျန်းမှ ဆရာသခင် ဆယ့်ငါးယောက် ဝိုင်းဝန်း တိုက်ခိုက်သည့်ရန်မှ အသာလေးပင် ရှောင်ရှား ဆုတ်ခွာ လာနိုင်ခဲ့လေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကျောက်ရှောင်ယွီ နတ်သမီး၏ တန်ခိုး စွမ်းအားများမှာ ယခင် ကြာပန်း ကိုးပွင့်ကျောင်းတော်မှ ဆရာသခင်များထက် မသာလျှင်တောင် မလျော့သည့် အနေအထား ဖြစ်လေသည်။ လောက နတ်ဘုရားတစ်ပါးမှ လွဲပြီး သူမကို ယှဉ်ပြိုင် နိုင်မည့်သူ မရှိပေ။

လော်ဝါဒ စည်းဝေးပွဲကြီးမှာ ထင်ထားသည်ထက် အခြေအနေများ ရှုပ်ထွေးနေပြီ ဖြစ်လေသည်။

"ကျောက်ရှောင်ယွီ နတ်သမီးက ဘာမှ မဖြစ်ဘဲ လွတ်မြောက်သွားတာ မဟုတ်ပါဘူး၊ သူ ဒဏ်ရာ အပြင်းအထန်ရ သွားတယ်၊ အခု သူဘယ်မှာ ပုန်းနေလဲတောင် မသိရဘူး၊ သူတော်စင် ချင်းယင်းက သူမကို လူတွေလွှတ်ပြီး လိုက်ရှာနေတာ"

ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်လေသည်။

သူ၏ စကားကြောင့် အားလုံးမှာ အံ့သြ သွားကြရလေသည်။ ကြာပန်း ကိုးပွင့်ကျောင်းတော်မှာ ကျောက်ရှောင်ယွီကိုသာ အားကိုး နေရခြင်း ဖြစ်လေသည်။ ဂိုဏ်းချုပ်ဖြစ်သည့် ကျောက်ရှောင်ယွီသာ မရှိလျှင် မည်မျှပင် တန်ခိုးစွမ်းအား ကြီးမားပါစေ သူတို့အတွက် အလကားပင် ဖြစ်လေသည်။

ထိုစကားကို ပြောလိုက်သည့် ကျင့်ကြံသူကို သူတို့မသိပါ။ သို့သော် ထိုစကားကို သူတို့အားလုံး ယုံကြည် လိုက်မိကြ လေသည်။

အဘယ်ကြောင့်ဆိုသော် ထျန်းဝိုက်ထျန်းမှ ဆရာသခင် ဆယ့်ငါးယောက် ဝိုင်းဝန်း တိုက်ခိုက်သည်ကို ထိခိုက်ဒဏ်ရာ တစ်ချက်ပင် မရဘဲ လွတ်မြောက် သွားသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စ ဖြစ်နေသောကြောင့်ပင်။

ဆန်းလျန်မှာလည်း ထိုစားသောက်ဆိုင်ထဲတွင် ရှိနေပါသည်။

ကျင့်ကြံသူများမှာ လူသားများကဲ့သို့ ရောက်တက်ရာရာ အတင်းတုတ် နေကြသည့် စကားများကို ဆန်းလျန်မှာ နားထောင်ရင်း ပြုံးလိုက်မိလေသည်။ သို့သော် လော်ဝါဒဂိုဏ်းမှ လူအများမှာ အဆင့်အတန်း မျိုးစုံ ပါဝင်ကြလေသည်။ ယခုအချိန်တွင်တော့ လော်ဝါဒ၏ ကြီးမြတ်မှုများ ကုန်ဆုံးကာ တဖြည်းဖြည်း အရှိန်အဝါ လျော့နည်းနေပြီ ဖြစ်လေသည်။

စားသောက်ဆိုင်ထဲတွင် စကားပြောနေကြသည့် ကျင့်ကြံသူ အများစုမှ ရုဟွအဆင့် ကျင့်ကြံသူများ ဖြစ်ကြလေသည်။ သူတို့က လူ့လောကတွင် ပျော်မွေ့နေကြဆဲ ကျင့်ကြံသူများ ဖြစ်လေသည်။ သို့သော် ရုဟွ အဆင့်ဆိုသည်က လူ့လောကတွင်တော့ နတ်ဘုရား တစ်ပါးအလား လူအများ ကြောက်ရွံ့ ရိုသေခြင်းကို ခံကြရလေသည်။ ဟိုင်သန်းအဆင့် တက်ရောက်နိုင်ခြင်း မရှိလျှင်တော့ သူတို့သည် လူ့လောကတွင် အချိန်ဖြုန်းကာ တာအိုကျင့်ကြံသူ စိတ်ထားများပါ ပျောက်ကွယ် သွားတတ် ကြလေသည်။ သူတို့အတွက် ရှေ့ဆက်ရန် လမ်းစ သိပ်မရှိတော့ပေ။

ထို့ကြောင့်ပင် လူ့လောက၏ ဒုက္ခပင်လယ်နှင့် ရှုပ်ထွေးမှုများမှ ရုန်းထွက်ရန် ကြိုးစား သူသည်သာ မြင့်မားသည့် အသိဉာဏ်ကို ပိုင်ဆိုင်သူဟု သတ်မှတ်နိုင်လေသည်။

စားသောက်ဆိုင်မှာ ရေကန် တစ်ကန်ကို မျက်နှာမူပြီး ဆောက်လုပ်ထားခြင်း ဖြစ်လေသည်။ ကျီမော့ တောင်ထိပ်သို့ ရောက်ရန် အနည်းငယ် ဝေးသေးသည်။ ကျီမော့တောင်မှာ မိုးကောင်ကင်ကို ထိုးဖောက် တော့မည့်အလား မြင့်မားလွန်းသည့် တောင်တစ်တောင် ဖြစ်လေသည်။ လော်ဝါဒကို တည်ထောင်သူ ဆရာသခင် မွေးဖွား ကြီးပြင်းရာ ဒေသအဖြစ် လာရောက် ဂါရဝ ပြုသင့်သည့် နေရာတစ်ခု ဖြစ်လေသည်။

ကျီမော့တောင်သည် မိုးမြေစွမ်းအားများ များပြားလွန်းသည့် နေရာတစ်ခု ဖြစ်လေသည်။ ကံကြမ္မာပေးသည့် နေရာတစ်ခုဟုပင် ပြော၍ရလေသည်။ ထို့ကြောင့်ပင် လော်ဝါဒ ဂိုဏ်းကြီးကို မည်သည့် ဂိုဏ်းကမှ ပုန်ကန် တော်လှန်နိုင်ခြင်း မရှိကြခြင်း ဖြစ်လေသည်။

လော်ဝါဒ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားသည့်တိုင် အချို့သော ဂိုဏ်းခွဲများမှာ အလွန် တန်ခိုးစွမ်းအား ကြီးမား နေကြဆဲ ဖြစ်လေသည်။

မည်သည့် နတ်ဘုရားဂိုဏ်းမှ ကျန်ရှိနေသေးသည့် လက်ကျန် လော်ဝါဒဂိုဏ်းခွဲများကို တိုက်ခိုက်ပြီး ကျီမော့တောင်ကို သိမ်းပိုက်ရဲခြင်း မရှိကြပေ။

လောက တစ်ခွင်တွင် မြစ်ချောင်းအင်းအိုင်နှင့် တောတောင် ရေမြေ သဘာဝ ပတ်ဝန်းကျင်များမှာ မရေမတွက် နိုင်အောင် များပြားလှလေသည်။ မည်သူမဆို တိတ်ဆိတ်သည့် နေရာကို ရှာဖွေကာ ကျင့်ကြံမှု ပြုလုပ်နိုင်လေသည်။

လောက နတ်ဘုရားတစ်ပါး ဖြစ်သွားလျှင်လည်း တောတောင် ရေမြေ သဘာဝတရားများကို မိုးမြေစွမ်းအားများ ညှိနှိုင်းပေးပြီး ပြောင်းလဲ ပေးနိုင်စွမ်း ရှိလေသည်။ လောက နတ်ဘုရား တစ်ပါးက ပြောင်းလဲ ပေးထားသည့် နေရာ တစ်ခုသည်လည်း ကံကြမ္မာပေးသည့် နေရာတစ်ခုနီးပါး ကောင်းမွန်မည် ဖြစ်လေသည်။

ဆန်းလျန်သည် စားသောက်ဆိုင်ထဲမှ စကားပြော နေကြသည့် ကျင့်ကြံသူများ၏ စကားကို နားထောင်ရင်း ကျီမော့တောင်၏ ရှုမျှော်ခင်းများကို ငေးမော ကြည့်ရှုနေလေသည်။

ကျောက်ရှောင်ယွီ ဒဏ်ရာ ရထားသည်လား၊ ဒဏ်ရာ မရထားဘူးလား။ ကျောက်ရှောင်ယွီ မည်သည့် နေရာသို့ ရောက်ရှိ သွားသည်လဲ ဆိုသည့် အချက်ကို မည်သူမျှ အတိအကျ မပြောနိုင်ကြပေ။

လော်ဝါဒ စည်းဝေးပွဲကြီး ကျင်းပမည့်ရက်မှာ နီးကပ်သည်ထက် နီးကပ်လာပြီ ဖြစ်လေသည်။

ဆန်းလျန်မှာ ကျောက်ရှောင်ယွီကို ကူညီရန်အတွက် ရောက်ရှိလာခြင်း ဖြစ်လေသည်။ သို့သော် ကျောက်ရှောင်ယွီ ရောက်ရှိလာခြင်း မရှိပါက သူ့နေဖြင့် ပြန်ရန်သာ ရှိတော့သည်။

သူက ကျင့်စဉ်လမ်း အဆင့်ကိုးဆင့်ကို အပြည့်အ၀ ပြီးမြောက် အောင်မြင်ကာ နတ်ဘုရား တစ်ပါးအဖြစ် တက်လှမ်းတော့မည် ဖြစ်သည့် အတွက် ငြိမ်းချမ်းသည့် နေရာတစ်ခုတွင် နေသင့် လေသည်။

ထိုအချိန်မှာပင်….

ဆန်းလျန်သည် သွေးနံ့များကို ရလိုက်လေသည်။

အစိမ်းရောင် ဝတ်ဆင်ထားသည် တာအိုဆရာ တစ်ယောက် စားသောက်ဆိုင် အတွင်းသို့ ဝင်လာလေသည်။ သူ၏ ခြေလှမ်းများမှာ ယိမ်းယိုင်နေပြီး အသက်ရှူသံက သိပ်ပြီး ပုံမှန်မဟုတ်ပေ။ ထိုသူမှာ ဒဏ်ရာ ရထားဟန် ရှိလေသည်။

စားသောက်ဆိုင်ထဲမှ ကျင့်ကြံသူ တစ်ယောက်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အဲဒါ ဟုန်ယန်ကျီရဲ့ တပည့် ချန်းယင်းကျီပဲ"

ထို့နောက် ကျင့်ကြံသူများက ချန်းယင်းကျီ ဒဏ်ရာရလာသည့် အကြောင်းကို တီးတိုး ဆွေးနွေး ကြလေတော့သည်။

အချို့သော ကျင့်ကြံသူများကတော့ အခြေအနေ မဟန်သည်ကို သိကြသည့် အတွက် ထွက်ခွာရန် ပြင်ဆင်နေကြ လေပြီ။

အဆင့်မြင့် ကျင့်ကြံသူများ တိုက်ခိုက် ကြပြီဆိုလျှင် ကြားထဲမှ အချောင်အထိ နာကျသူများမှာ လူသားများသာ ဖြစ်လေသည်။ ထို့ကြောင့် စားသောက်ဆိုင်ထဲမှ လူများမှာ ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ပါဝင် ပတ်သက်လိုခြင်း မရှိကြပေ။

သူတို့က လော်ဝါဒ သူတော်စင် မိန်းမပျိုမှာ မည်သူ ဖြစ်လာမည်ကို စိတ်ဝင်စားသောကြောင့်သာ ရောက်လာကြခြင်း ဖြစ်လေသည်။ တန်ခိုး စွမ်းအားကြီးမားသူ မည်သူ့ကို မဆို သူတို့က လက်ခံမည် ဖြစ်လေသည်။

ချန်းယင်းကျီ၏ ရန်သူမှာ ရောက်မလာသေးပေ။

ချန်းယင်းကျီက စားသောက်ဆိုင်ထဲမှ ကျင့်ကြံသူ တစ်ယောက်ကို မျက်တောင်မခတ် စိုက်ကြည့် နေလေသည်။ ထို့နောက် သူ၏ လက်များကို စွန်ကုပ် လက်သည်းသဏ္ဌာန် ပြုလုပ်လိုက်ပြီး လက်ချောင်းများ ဆီမှ အစိမ်းရောင် အခိုးအငွေ့များ ထွက်ပေါ် လာလေသည်။ စွန်ကုပ် လက်သည်း ပုံသဏ္ဌာန် အစိမ်းရောင် အခိုးအငွေ့များသည် စိုက်ကြည့် ခံရသည့် ကျင့်ကြံသူ၏ လည်မျိုကို ညှစ်ထား လိုက်လေတော့သည်။

ထိုသူမှာ ချက်ချင်းပင် ချန်းယင်းကျီ ရှေ့သို့ ဆွဲခေါ်ခြင်း ခံလိုက်ရလေသည်။ ထို့နောက်တွင်တော့ ထိုကျင့်ကြံသူ၏ အသွေးအသားများ အားလုံး စုပ်ယူ ခံလိုက်ရပြီး အရေခွံသာ ကျန်ရစ် ခဲ့လေတော့သည်။ ထိုသူ၏ အရေခွံမှာ ကြမ်းပြင်ထက်သို့ ပြုတ်ကျ သွားလေသည်။

ချန်းယင်းကျီ၏ မျက်နှာတွင် သွေးရောင်များ ပြန်လွှမ်းလာလေသည်။

ချန်းယင်းကျီ အသုံးပြု လိုက်သည့် ပညာမှာ ဟုန်ယန်ဂိုဏ်းမှ မိစ္ဆာကျင့်စဉ် ပညာတစ်ခု ဖြစ်လေသည်။ ထိုပညာကို မိစ္ဆာ လက်စိမ်းပညာဟု ခေါ်လေသည်။ ထိုပညာဖြင့် တိုက်ခိုက်ခံရပါက အသွေးအသားများ ခြောက်ခန်းသွားသည် အထိ စုပ်ယူခံရမည် ဖြစ်လေသည်။ သို့သော် ထိုပညာကို အသုံးပြုသူကတော့ စွမ်းအားများကို စုပ်ယူလိုက်သည့် အတွက် စွမ်းအားများ ပြည့်ဝလာမည် ဖြစ်လေသည်။

စားသောက်ဆိုင် အတွင်းသို့ ချန်းယင်းကျီ ဝင်လာလာချင်းမှာပင် သူ၏ ဒဏ်ရာ ပြန်ကောင်းမွန်ရန် အတွက် ထိုပညာကို အသုံးပြုလိုက်ခြင်း ဖြစ်လေသည်။ ထို့နောက် သူက တစ်ချက် ရယ်မော လိုက်ပြီး ထိုင်ခုံတစ်ခုတွင် ဝင်ထိုင်လိုက်သည်။ ထိုအခါ သူနှင့် အနီးအနား စားပွဲတွင် ထိုင်နေကြသည့် ကျင့်ကြံသူများမှာ မသိမသာဖြင့် ထကာ အဝေးသို့ ထွက်ခွာ သွားကြလေသည်။ ကိုယ့်ကိုကိုယ် အရည်အချင်း ရှိသည်ဟု ထင်ထားကြသည့် ကျင့်ကြံသူ အချို့ကတော့ ထိုင်ရာမှမထ ဆက်ထိုင် နေကြလေသည်။

“ချန်းယင်းကျီ၊ ရှင်တို့ ဟုန်ယန်ဂိုဏ်းက တော်တော် ယုတ်မာတာပဲ၊ ရှင့်ကြောင့် မြင့်မြတ်တဲ့ လော်ဝါဒဂိုဏ်းကြီးရဲ့ သိက္ခာ ထိခိုက်တော့မယ်”

စားသောက်ဆိုင် အပြင်ဘက်မှ မိန်းမပျို တစ်ယောက်၏ အသံ ထွက်ပေါ်လာလေသည်။

မိန်းကလေး၏ အသံမှာ ဆယ်ကျော်သက်လေး တစ်ယောက်၏ အသံအလား နုပျို လွန်းလှလေသည်။ သူမ၏ စကားများက ချန်းယင်းကျီကို စော်ကားသည့် စကားများ ဖြစ်နေသည့်တိုင် နားထောင်၍ ကောင်းလွန်းလေသည်။

“ကောင်မ၊ ဒီလိုပြောရအောင် မင်းကရော ဘယ်လောက် မြင့်မြတ်နေလို့လဲ၊ မင်းလည်း ယေကျ်ားတွေကို ဖမ်းပြီး သူတို့ဆီက အသက်ဓာတ် စွမ်းအားတွေ စုပ်ယူနေတာပဲ မဟုတ်လား၊ မင်းအဲဒီလို လုပ်လိုက်တဲ့ သူတွေက သေမသွားကြပေမယ့် တစ်ဘဝလုံး ဒုက္ခိတ ဖြစ်သွားကြရတာ၊ ကျုပ်လုပ်သလို ဘဝကို တစ်ခါတည်း အဆုံးသတ် ပေးလိုက်တာကမှ တော်ဦးမယ်၊ ကံတရားက ဘယ်ပြောနိုင်မှာလဲ၊ သူတို့တွေ နောက်ဘဝကျရင် နတ်ဘုရားဂိုဏ်း တစ်ဂိုဏ်း လက်အောက်ကို ရောက်ပြီး အဆင့်မြင့် ကျင့်ကြံသူတွေ ဖြစ်ချင် ဖြစ်လာမှာပေါ့၊ အဲဒီလိုသာ ဆိုရင် ကျုပ်ကိုတောင် ကျေးဇူး တင်သင့်သေးတယ်”

ချန်းယင်းကျီက ပြန်ပြောလိုက်သည်။

ချန်းယင်းကျီက အရက်အိုးကို မော့သောက် လိုက်လေသည်။ ဒဏ်ရာ သက်သာသွားပြီ ဖြစ်သည့် အတွက် သူ၏ အသံမှာလည်း အလွန် မောက်မာ နေလေသည်။

အပြင်ဘက်မှ မိန်းမပျိုသည် စားသောက်ဆိုင် အတွင်းသို့ ဝင်လာလေသည်။

သူမသည် အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင် ထားလေသည်။ မည်သည့် မျက်နှာချေ၊ ပေါင်ဒါမှုန့်များမှ လိမ်းခြယ် မထားသည့်တိုင် သူမ၏ မျက်နှာက သဘာဝအတိုင်း ကြည်လင်ရှင်းသန့်ကာ လှပနေလေသည်။ ပြစ်မျိုးမှဲ့မထင် လှပလွန်းသည့် မိန်းမပျိုပင် ဖြစ်လေသည်။ သို့သော် သူမ၏ မျက်ခုံးနှစ်ခု ကြားတွင်တော့ အနီရောင် အစက်တစ်စက် ရှိနေလေသည်။

စားသောက်ဆိုင် အတွင်းမှ လူများသည် သူမကို မြင်လိုက်ရသည်နှင့် သူမ မည်သူ ဖြစ်သည်ကို တွေးတော နေကြလေတော့သည်။

သူမ၏ ဘယ်ဘက်လက်တွင် ပန်းခြင်း တစ်ခြင်းကို ကိုင်ဆောင် ထားလေသည်။ ထိုပန်းခြင်းမှ ထွက်ပေါ်နေသည့် မွှေးရနံ့သည် စားသောက်ဆိုင် အတွင်းမှ လူအားလုံး၏ စိတ်ကို ကြည်နူး လန်းဆန်း သွားစေလေသည်။

သို့သော် ထိုပန်းရနံ့ကို ရှူရှိုက်မိကြသည့် ကျင့်ကြံသူများမှာ တန်ခိုး စွမ်းအား လှည့်ပတ်မှုများ ညီညွတ်မှု မရှိတော့ဘဲ ကမောက်ကမ ဖြစ်ကုန် ကြရလေသည်။ သူတို့သည် ချက်ချင်းပင် အတွင်းအားကို လှည့်ပတ်လိုက်ကာ သွေးကြောများကို ပိတ်လိုက် ကြရလေတော့သည်။

***

All Chapters