← Chapters

အခန်း (၁၉၇၉-၁၉၈၂)

Vol. 105 Ch. 1979-1982

အခန်း (၁၉၇၉-၁၉၈၂)

Vol. 105 Ch. 1979-1982

အခန်း (၁၉၇၉) - စိတ်အားထက်သန်ပြီး လှပတဲ့ အေးဂျင့်လေး

~သက်သေ အထောက်အထားများ စုဆောင်းခြင်း၊ သက်သေခံကွင်းဆက်များ တည်ဆောက်ခြင်း၊ အဓိက သက်သေခံပစ္စည်းများနှင့် သက်သေများကို ရယူခြင်း စသည့် လုပ်ငန်းစဉ်များအားလုံး အမြန် ပြီးမြောက်သွားပြီးနောက်၊ အစ္စဘယ်လ်လာသည် အခင်းဖြစ်ပွားရာ နေရာကို သူမ ယုံကြည်ရသော လုပ်ဖော်ကိုင်ဖက်များထံ လွှဲပြောင်းပေးလိုက်လေ၏။

ထို့နောက် သူမသည် ယဲ့ဖန်ကို သူမ၏ SUV ကားပေါ်သို့ ပြန်လည် ခေါ်ဆောင်လာခဲ့သည်။

ကားတံခါး ပိတ်လိုက်သည်နှင့် တပြိုင်နက်၊ သူမ ယဲ့ဖန်အပေါ်သို့ ခုန်တက်လိုက်တော့သည်။

ယဲ့ဖန်ကို ပြန်လည် တုံ့ပြန်ခွင့်ပင် မပေးဘဲ၊ သူမသည် ယဲ့ဖန်၏ နှုတ်ခမ်းများကို နမ်းရှိုက်လိုက်ပြီး သူ၏ အဝတ်အစားများကို စိတ်အားထက်သန်စွာ စတင် ဆွဲချွတ်လိုက်လေ၏။

"နေ... နေပါဦး..."

ယဲ့ဖန် တစ်ခုခု ပြောချင်သော်လည်း၊ သူမက လုံးဝ ဂရုမစိုက်ပေ။ သူ့ကို နမ်းရှိုက်ပြီးနောက်၊ သူမသည် အချိန်ကြာမြင့်စွာ ဖိနှိပ်ထားခဲ့ရသော ခံစားချက်များနှင့် စိတ်အားထက်သန်မှုများကို စတင် ထုတ်လွှတ်လိုက်တော့သည်။

"ကျွီ... ကျွီ..."

စတန့်စ်လေဆိပ်၏ ကျိုးပဲ့နေသော အကာအရံများ ဘေးတွင် SUV ကားလေးသည် ရူးသွပ်စွာ လှုပ်ခါနေလေ၏။

...

ယဲ့ဖန် ပြောစရာ စကားမဲ့သွားရသည်။

သူသည် ကိုးပြည်ထောင်ဖိုကြီးကို အမြန် သိမ်းဆည်းလိုက်ပြီး၊ ခုခံခြင်းကို စွန့်လွှတ်ကာ စတင် ပူးပေါင်း ဆောင်ရွက်လိုက်ရတော့သည်။

...

အချိန် မည်မျှ ကြာသွားသည် မသိ။ ကား အနည်းငယ် တုန်ခါနေသလို ခံစားလိုက်ရပြီး ယဲ့ဖန် သတိပြန်ဝင်လာလေ၏။

သို့မဟုတ် ကားထဲတွင် သူ နိုးလာခြင်း ဖြစ်သည်။

ခေါင်းလှည့်ကြည့်လိုက်သောအခါ အဝတ်အစားများ စုတ်ပြဲနေသော အစ္စဘယ်လ်လာကို တွေ့လိုက်ရသည်။ သူမသည် ကားမောင်းနေခြင်းအပေါ် အာရုံစိုက်နေ၏။

"ဝိုး... မင်းက သံမဏိနဲ့ လုပ်ထားတာလား"

ယဲ့ဖန် သူမကို အရှုံးပေးလိုက်ရ၏။

ဒီမိန်းကလေးအတွက် ပထမဆုံး အကြိမ် ဆိုတာ သိသာနေသည် မဟုတ်ပါလော။

ခုနက သူမ အရမ်း စိတ်လှုပ်ရှားလွန်းသဖြင့် ကိုယ့်ကိုယ်ကိုပင် ထိခိုက်ဒဏ်ရာ ရခဲ့သေးသည်။

ဒါကို နည်းနည်းလေးမှ မနားဘဲ ကားထမောင်းနေသည် ဟုတ်လား။

"ဒဏ်ရာ အသေးလေးပါ"

အစ္စဘယ်လ်လာ ခဏတာ ကြောင်သွားပြီးမှ သူ့ကို ပြုံးပြလိုက်သည်။

"အေးဂျင့် တစ်ယောက် အနေနဲ့... နာကျင်မှုလေး နည်းနည်းကြောင့် အလုပ်ကို ကြန့်ကြာစေတာက ပရော်ဖက်ရှင်နယ် မဆန်ဘူးလေ"

"မင်း စတန့်စ်လေဆိပ်က အမှုကြီးကို ကိုင်တွယ်ပြီးကာစ မဟုတ်ဘူးလား... မင်းရဲ့ အဖွဲ့အစည်းက ဘာလို့ မင်းအတွက် နောက်ထပ် အရေးကြီးတဲ့ ပရောဂျက် တစ်ခု စီစဉ်ပေးလိုက်ရတာလဲ... ဘယ်သူမှ ဒီလို အသုံးချ မခံနိုင်ဘူးလေ"

ယဲ့ဖန် ကိုယ်ကို မတ်လိုက်ပြီး သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို သဘာဝကျကျ လှမ်းကိုင်လိုက်သည်။

အစ္စဘယ်လ်လာက သူ နောက်ပြောင်တော့မည် ထင်သဖြင့် သူမ၏ လှပသော မျက်နှာလေး နီမြန်းသွားပြီး ရှောင်တိမ်းရန် ကြိုးစားလိုက်၏။

"နောက်မနေနဲ့... တို့ ကားမောင်းနေတာ"

"ဒီတစ်ခါ တို့ကို ဆင့်ခေါ်တာ အဖွဲ့အစည်း မဟုတ်ဘူး... တော်ဝင် မိသားစုက စုံစမ်းစစ်ဆေးရေး အဖွဲ့က ခေါ်တာ"

"သူတို့ တော်ဝင် အထူးအေးဂျင့် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားပုံရတယ်... အချက်အလက် တချို့ နားလည်အောင် ကူညီပေးဖို့ ငါ့ကို ခေါ်တာ နေမှာပါ... ရှင် ဆန္ဒရှိရင် ဟိုဘက်က ကိစ္စပြီးမှ ကျွန်မ ရှင့်ကို လာရှာမယ်လေ"

"ဘာတွေ ပြောနေတာလဲ"

ယဲ့ဖန် သူမ၏ ပခုံးကို ဖိထားပြီး မလှုပ်ရှားစေရန် တားဆီးလိုက်သည်။

"ကိုယ် ဆေးပညာ တတ်တာ မင်း မေ့နေတာလား... ကိုယ့်ရဲ့ ဆေးပညာနဲ့ မင်းကို ပြန်လည် သက်သာလာအောင် ကုသပေးမလို့ပါ"

"မဟုတ်ရင် မင်းရဲ့ လက်ရှိ အခြေအနေနဲ့... စိတ်မြန်လက်မြန် လှုပ်ရှားလိုက်ရင် မင်းရဲ့ ဒဏ်ရာက ပိုဆိုးသွားပြီး ဒုတိယအကြိမ် ထိခိုက်မှုတွေ ဖြစ်လာလိမ့်မယ်"

တချိန်တည်းမှာပင် ယဲ့ဖန်သည် သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို လက်ဖြင့် ဖိထားလိုက်သည်။ သူ သူမ၏ ဒန်တျန် နှင့် အပ်စိုက်ကွက် အချို့ကို ရှာဖွေပြီး နှိပ်နယ်ပေးလိုက်ကာ၊ အတွင်းအား အချို့ကိုလည်း သူမထံ လွှဲပြောင်းပေးလိုက်လေ၏။

မကြာမီမှာပင် အစ္စဘယ်လ်လာ၏ တင်းမာနေသော ခန္ဓာကိုယ် ပြေလျော့သွားပြီး၊ သက်တောင့်သက်သာ ရှိမှုနှင့် ပျော်ရွှင်မှု အရောင်အဝါများ သူမ မျက်နှာပေါ်တွင် ပေါ်လာတော့သည်။

"အို... ယဲ့ဖန်... ရှင်က တကယ့်ကို ညှို့ယူဖမ်းစားနိုင်တဲ့ ယောကျာ်းပါပဲ"

အစ္စဘယ်လ်လာ ယာဉ်မောင်းထိုင်ခုံကို မှီလိုက်ပြီး သူမ၏ မျက်လုံးများ မှေးစင်းသွား၏။

"လူတိုင်း အဲ့လို ပြောကြတာပဲ"

ယဲ့ဖန်လည်း ဒါမျိုးတွေ ယဉ်ပါးနေပြီ ဖြစ်ပါသည်။ သူ သူမ၏ ဒဏ်ရာများကို ကုသပေးပြီး၊ ဇီဝစွမ်းအင်များကိုလည်း ဖြည့်တင်းပေးလိုက်ပြီးမှ လက်ကို ဖယ်ကာ ယာဉ်မောင်းဘေးခုံတွင် ပြန်ထိုင်လိုက်လေ၏။

"ဖော့ခ်စီးတီး ပိုင်နက်ထဲ ရောက်ပြီလားကွ"

ယာဉ်မောင်းဘေးခုံတွင် ပြန်ထိုင်လိုက်သည့်အခါ ယဲ့ဖန် အပြင်ဘက် အခြေအနေကို လှမ်းကြည့်လိုက်သည်။ ပတ်ဝန်းကျင်ရှိ လမ်းများနှင့် ဆိုင်းဘုတ်များသည် မြူများ ဖုံးလွှမ်းနေပြီ ဖြစ်သည်။

"ဟုတ်တယ်"

အစ္စဘယ်လ်လာ ယဲ့ဖန်၏ လက်ကို နှမြောတသ ကြည့်လိုက်သည်။

"ရှင် ခဏနေ ဘယ်သွားမလဲ... ကျွန်မ သင့်တော်တဲ့ နေရာတစ်ခုမှာ ချပေးခဲ့မယ်နော်... ပြီးရင် တော်ဝင် မိသားစု စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ သွားတွေ့လိုက်ဦးမယ်ရှင့်"

"အာ…ဘယ်သွားရမလဲ"

ယဲ့ဖန် ဒီပြဿနာကို မစဉ်းစားရသေးပေ။

အစ္စဘယ်လ်လာ ရုတ်တရက် ထပ်ပြောလိုက်သည်။

"ဒါနဲ့... ရှင် အိပ်ပျော်နေတုန်း ရှင်ဆီ ဖုန်းတွေ မက်ဆေ့ခ်ျတွေ အများကြီး ဝင်လာသေးတယ်နော်"

"ကျွန်မ မကြည့်သလို ကိုင်လည်း မကိုင်ထားပါဘူး... ဒါပေမယ့် အရေးကြီးမယ့်ပုံပဲနော်"

"ရှင် ဘယ်သွားရမလဲ စဉ်းစားမရသေးရင်... ဆုံးဖြတ်ချက် မချခင် အဲ့ဒီ ဖုန်းတွေ မက်ဆေ့ခ်ျတွေ အရင် ကြည့်လိုက်ပါလားကွယ်"

ထိုအခါမှ၊ ယဲ့ဖန် အိတ်ကပ်ထဲမှ ဖုန်းကို ထုတ်ကြည့်လိုက်ရာ၊ မိတ်ဆွေဟောင်း အချို့ထံမှ ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ခ်ျများ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေ၏။

---

အခန်း (၁၉၈၀) - ငါ သဘောကျတဲ့ ယောကျာ်း ပီသပါပေတယ်

~ထိုအထဲတွင် အန်းကျူပရင့်စ်၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း နှင့် မီလီတို့ ပါဝင်လေ၏။

အန်းကျူပရင့်စ်က ဖုန်းနှစ်ကြိမ် ခေါ်ထားသည်။

ဖုန်းမကိုင်သည်ကို တွေ့သောအခါ သူမ ယဲ့ဖန်ထံ မက်ဆေ့ခ်ျအရှည်ကြီး ပို့ထားလေ၏။

" မောင်ရေ... ဒီတစ်ခါ ဘုရင်မကြီးရဲ့ သဘောထားအရ ဆိုရင်၊ ဒီဗွန်ရှိုင်းယား မိသားစုတော့ သွားပြီ"

"တော်ဝင် စုံစမ်းစစ်ဆေးရေး အဖွဲ့က ရှင် ရှာဖွေတွေ့ရှိခဲ့တဲ့ သတင်းအချက်အလက်တွေနဲ့ သက်သေတွေကို အတည်ပြုဖို့ အခုမှ ဆင်းသွားတာ ဆိုပေမဲ့... အဘိုးနဲ့ အဘိုးအာဂျိုင်းတို့ရဲ့ ခန့်မှန်းချက်အရ ဆိုရင်၊ ဒီဗွန်ရှိုင်းယား မိသားစုနဲ့ ပတ်သက်သူ အားလုံး ထောင်ကျကြတော့မယ်... အမာခံ အဖွဲ့ဝင်တွေ ဆိုရင် တစ်သက်တစ်ကျွန်း ကျလောက်တယ်"

"ဒီဗွန်ရှိုင်းယား မြို့စားကြီး ဆိုတဲ့ ဘွဲ့ထူးဂုဏ်ထူးလည်း ပြန်သိမ်းခံရလိမ့်မယ်... သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကိုလည်း တော်ဝင် မိသားစုက စစ်ဆေးလိမ့်မယ်"

...

"ဒါက ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ ဈေးကွက် ဝေစု တချို့ကို ရယူဖို့အတွက် တစ်သက်မှာ တစ်ခါသာ ရနိုင်တဲ့ အခွင့်အရေးပဲ... သတင်း မပျံ့ခင် အချိန်ကို လုပြီး ဝေစု ပိုရအောင် ကျွန်မ ကြိုးစားရဦးမယ်ရှင်"

"မောင် ဖုန်းမကိုင်ဘူး ဆိုတော့ အလုပ်ရှုပ်နေတုန်းလို့ပဲ ကျွန်မ ယူဆလိုက်မယ်... နောက်မှ ကျွန်မ ပထမဆုကြီး ရပြီး ဝေစု တစ်ပုံ ရလာတဲ့ အချိန်ကျမှ ပြောပြတော့မယ်... မောင့်ကိုလည်း ကောင်းကောင်း ဆုချပါ့မယ်ရှင်..."

မက်ဆေ့ခ်ျပါ အကြောင်းအရာများအရ၊ ဒီဗွန်ရှိုင်းယား မိသားစု အခြေခံအားဖြင့် ပျက်စီးသွားပြီ ဖြစ်ပြီး၊ ဈေးကွက် ဝေစု အများအပြား လစ်လပ်သွားပြီ ဖြစ်သည်။ အန်းကျူ မြို့စားကြီး မိသားစုနှင့် အခြား အတွင်းသတင်း သိသူများက အခွင့်အရေးကောင်းကို မြင်ပြီး၊ သူမနှင့် သူမ၏ ဖခင်က ဈေးကွက် ဝေစုများကို ဝင်ရောက် လုယူနေကြပြီ ဖြစ်သည်။

ယဲ့ဖန် အမြန် စာပြန်လိုက်ရ၏။

"ဝေစု ဆိုတာ လှပမက်မောစရာ ကောင်းပေမဲ့... သိပ်ပြီး လောဘမကြီးပါနဲ့... အနားယူဖို့လည်း သတိရဦနော်ကွာ..."

မက်ဆေ့ခ်ျက.. ပြန်မလာတော့ပေ။

ယဲ့ဖန် ဂရုမစိုက်တော့ဘဲ အခြားသူများ ပို့ထားသော မက်ဆေ့ခ်ျများကို ဆက်ကြည့်လိုက်သည်။

အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း နှင့် မီလီ တို့လည်း ဖုန်းခေါ်လို့ မရသဖြင့် မက်ဆေ့ခ်ျများ ပို့ထားကြခြင်း ဖြစ်သည်။

"ဝုဖ်ဂန်း - ယောက်ဖရေ... ခင်ဗျားက ကျွန်တော့်ရဲ့ နှလုံးသားထဲက ဘုရားသခင်ပါပဲဗျာ... ဒီဗွန်ရှိုင်းယား မိသားစုလို ကြီးကျယ်ခမ်းနားပြီး အစွမ်းထက်တဲ့ မိသားစုကြီးကို ခင်ဗျား တစ်ယောက်တည်းနဲ့ ဖြိုချပစ်လိုက်တယ် ဆိုတော့... ယောက်ဖ... ဘယ်တော့ အားမလဲဗျား... ကျွန်တော် တစ်ဝိုင်း တိုက်မယ်"

"အာဂျိုင်းဟန်ဆန် - ယဲ့ဖန်... ငါ့အဖေနဲ့ အဘိုးက မင်းကို ကျေးဇူးတင်ကြောင်း ပြောခိုင်းလိုက်တယ်... မင်း အားတဲ့ အချိန်ကျရင် ငါ့အိမ်ကို လာခဲ့ပါ... ဒါမှမဟုတ် ငါတို့ အတူတူ သောက်ကြမလား"

"မီလီ - ဦး... သမီး သဘောကျတဲ့ ယောကျာ်း ပီသပါပေတယ်...ဦးက အရမ်း မိုက်တာပဲ... ဒီနေ့ အပြင်ထွက် လည်ချင်လား...သမီးလေ..အရမ်း ချစ်စရာကောင်းတဲ့ ဘောင်းဘီတိုလေး တစ်ထည် ဝယ်ထားတယ်..."

ယဲ့ဖန် ဒီမက်ဆေ့ခ်ျ သုံးစောင်ကို ကြည့်ပြီး၊ ဝက်ဘ်ဆိုက်ကို ဖွင့်ကာ Keywordအချို့ကို ရှာဖွေကြည့်လိုက်သည်။ ထို့နောက် အစ္စဘယ်လ်လာကို ဒီဗွန်ရှိုင်းယား မိသားစု၏ လက်ရှိ အခြေအနေကို မေးမြန်းလိုက်ရာ၊ နောက်ဆုံးတော့ သူ နားလည်သွားလေ၏။

ဒီဗွန်ရှိုင်းယား မိသားစု၏ ရာဇဝတ်မှု မှတ်တမ်းများနှင့် သက်သေ အထောက်အထားများ အားလုံး ရှိနေပြီ ဖြစ်သော်လည်း၊ တော်ဝင် မိသားစု အနေဖြင့် ဦးစွာ အတည်ပြု စစ်ဆေးရန် လိုအပ်နေသေးသည်။ အတည်ပြုပြီးနောက်၊ တိကျသော အပြစ်ပေး အရေးယူမှုများကို ဆွေးနွေးရန် သီးသန့် အဆင့်မြင့် အစည်းအဝေး ကျင်းပရဦးမည် ဖြစ်၏။

ထိုအချိန်ရောက်မှသာ သာမန် ပြည်သူများနှင့် အင်တာနက် အပါအဝင် သက်ဆိုင်ရာ သတင်းများ ထွက်ပေါ်လာမည် ဖြစ်သည်။

ဒီဗွန်ရှိုင်းယား မိသားစု ကပ်ဆိုက်နေသည့် သတင်းသည် အင်ပါယာ တစ်ခုလုံးရှိ လူအများစုအတွက်၊ အထက်တန်းစား အများအပြား အပါအဝင် လျှို့ဝှက်ချက် တစ်ခု အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဒါကြောင့် ယွီဖုန်းရှန်း ၊ ချန်းဖေးအယ် နှင့် အခြားသူများ သတင်း မပို့လာကြခြင်းကို ယဲ့ဖန် မအံ့ဩတော့ပေ။

"ငါ ဖော့ခ်စီးတီးကို အခုမှ ပြန်ရောက်တာ... ဒီည အတူတူ သောက်ကြတာပေါ့..."

သတင်း မပျံ့သေးသည်ကို မြင်လိုက်ရသဖြင့်၊ သူလည်း လုပ်စရာ မရှိသေးသောကြောင့် အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း နှင့် မီလီ တို့ထံ မက်ဆေ့ခ်ျ ပို့လိုက်လေ၏။

အဖွဲ့လိုက် မက်ဆေ့ခ်ျ ပို့ပြီးနောက်၊ မီလီ အတွက် သီးသန့် မက်ဆေ့ခ်ျ တစ်စောင် ထပ်ပို့လိုက်သည်။

"မင်းက ကလေးပဲ ရှိပါသေးတယ်... ဒီလို ထူးဆန်းတဲ့ မက်ဆေ့ခ်ျတွေ လျှောက်မပို့နဲ့"

သူတို့ သုံးယောက်နှင့် သောက်မည့် နေရာကို ချိန်းဆိုပြီးနောက်၊ ယဲ့ဖန် အစီအစဉ် အမြန် ဆွဲလိုက်သည်။

အစ္စဘယ်လ်လာကို စည်ကားသော လမ်းမကြီး တစ်ခုတွင် ချပေးခိုင်းလိုက်ပြီး၊ သူသည် ကိုးပြည်ထောင်ဖိုကြီးကို ယူဆောင်ကာ ဟိုတယ်သို့ ပြန်လာခဲ့သည်။ ရေအမြန်ချိုးပြီး သန့်ရှင်း သက်တောင့်သက်သာ ရှိသော အဝတ်အစား တစ်စုံ လဲလှယ်ပြီးနောက်၊ ယဲ့ဖန် ကိုးပြည်ထောင်ဖိုကြီးကို ဝှက်ထားလိုက်လေ၏။

ထို့နောက် ချန်းဖေးအယ်ထံ မက်ဆေ့ခ်ျ ပို့ပြီး၊ နောက်မှ ဟိုတယ်သို့ လာရောက် စကားပြောရန် မှာကြားလိုက်သည်။

ပြီးမှ အာဂျိုင်းဟန်ဆန်၊ မီလီ တို့နှင့် ချိန်းဆိုထားသော ဘားဆီသို့ အေးအေးလူလူ ထွက်လာခဲ့တော့သည်။

ထိုအချိန်တွင် ရင်းနှီးသော စနစ်၏ အသိပေးသံ တစ်ခု ယဲ့ဖန်၏ စိတ်ထဲတွင် နောက်ဆုံးတော့ ထွက်ပေါ်လာလေ၏။

[ဂုဏ်ယူပါတယ် ပိုင်ရှင်... သင်သည် ရတနာရှာဖွေရေး လမ်းညွှန်ချက်အား ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် ဆုလက်ဆောင် ရရှိပါပြီ...]

---

အခန်း (၁၉၈၁) - ဆုလက်ဆောင်သစ်နဲ့ ကြားဖြတ် ဇာတ်လမ်းတိုလေး

~"ဂုဏ်ယူပါတယ် ၊ ပိုင်ရှင်... သင်သည် ရတနာရှာဖွေရေး လမ်းညွှန်ချက်ကို ပြီးမြောက်အောင်မြင်ခဲ့ပြီ ဖြစ်သောကြောင့် ဆုလက်ဆောင် အဖြစ် (၁၀) နှစ် စာ ကျင့်ကြံခြင်း စွမ်းအားကို ရရှိပါသည်"

စနစ် အသိပေးသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ရင်းနှီးသော ခံစားမှု တစ်ခု ယဲ့ဖန်၏ ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားတော့သည်။

တခဏအတွင်း ယဲ့ဖန်သည် အလွန် သက်တောင့်သက်သာ ရှိသော အခြေအနေ တစ်ခုသို့ ရောက်ရှိသွားလေ၏။

သူ၏ ခြေလက်များ၊ အရိုးများ၊ သွေးကြောများနှင့် ကိုယ်တွင်းအင်္ဂါများသည် နွေးထွေးသော စွမ်းအင် တစ်ခုထဲတွင် စိမ်ထားသကဲ့သို့ ခံစားလိုက်ရသည်။

သူ၏ ဒန်တျန် သည်လည်း ထိုသိမ်မွေ့သော စွမ်းအင်ဖြင့် ဆေးကြော သန့်စင်ခံနေရပြီး၊ စဉ်ဆက်မပြတ် ကျယ်ပြန့်လာခြင်း၊ သန်မာလာခြင်းနှင့် တိုးပွားလာခြင်းတို့ ဖြစ်ပေါ်နေ၏။

...

သူ၏ ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများ တဖြည်းဖြည်း ပိုမို သန်စွမ်းလာပြီး ပြည့်ဝလာသည်။

သို့သော် ယခင် အကြိမ်များနှင့် မတူသည်မှာ၊ သူ၏ ခန္ဓာကိုယ်တွင်းရှိ အတွင်းအားများ ပိုမို သန်မာလာသည်နှင့်အမျှ၊ ယဲ့ဖန်သည် အဆင့်ချိုးဖြတ်ခြင်းအား တားဆီးထားသော အဟန့်အတား တစ်ခု ရှိနေသည်ဟု စတင် ခံစားလာရခြင်း ဖြစ်သည်။

သူ၏ အတွင်းအားနှင့် ဒန်တျန်သည် အနည်းငယ် ဖိနှိပ်ခံထားရသလို ဖြစ်နေပြီး၊ ယခင်ကကဲ့သို့ လျင်မြန်စွာ သန်မာလာခြင်းနှင့် တိုးတက်လာခြင်း မရှိတော့ပေ။

ဒါက ဒဏ္ဍာရီလာ အဟန့်အတား ၊ သို့မဟုတ် မျက်နှာကြက်နှင့် အနည်းငယ် တူညီနေ၏။

သို့သော် ထိုခံစားမှုက ခဏတာမျှသာ ဖြစ်သည်။

(၁၀) နှစ် စာ ကျင့်ကြံခြင်း စွမ်းအားကို အပြည့်အဝ ချေဖျက်ပြီးသော အခါ၊ ယဲ့ဖန်သည် ကန့်သတ်ခံထားရသော ခံစားချက်ကို မကြာမီ ပျောက်ကွယ်သွားသည်ဟု ခံစားလိုက်ရသည်။

ဆန့်ကျင်ဘက် အားဖြင့် သူ၏ ပေါက်ကွဲအားနှင့် အာရုံငါးပါး ပင်လျှင် နောက်ထပ် အဆင့်တစ်ခုသို့ တိုးတက်သွားကြောင်း ခံစားလိုက်ရ၏။

ဥပမာအားဖြင့် သူ၏ အမြင်အာရုံ ပိုမို ရှင်းလင်း ပြတ်သားလာသည်။ ယခင်က (၁၀) မီတာ အကွာတွင် ပျံသန်းနေသော ခြင်ကိုသာ မြင်နိုင်သော်လည်း၊ ယခုအခါ အနည်းဆုံး (၁၅) မီတာ အကွာရှိ ခြင်၏ အတောင်ပံများကိုပါ မြင်တွေ့နေရပြီ ဖြစ်သည်။

နောက်ထပ် ဥပမာ တစ်ခုမှာ သူ၏ ကြားနာနိုင်စွမ်း ဖြစ်ပြီး၊ ၎င်းသည်လည်း အကြီးအကျယ် တိုးတက်လာခဲ့၏။ ယခင်က ဆူညံနေသော လူအုပ်ကြီးထဲတွင် (၅၀) မှ (၆၀) မီတာ အကွာရှိ သီးခြား လမ်းသွားလမ်းလာများ၏ တီးတိုး ပြောဆိုသံများကိုသာ ကြားနိုင်သော်လည်း၊ ယခုအခါ (၇၀) မှ (၈၀) မီတာ အကွာမှ အသံများကိုပါ ကြားနိုင်နေပြီ ဖြစ်ပါ၏။

ယခုအချိန်တွင် ယဲ့ဖန်သည် မီတာ (၁၀၀) နီးပါး အကွာတွင် ရှိသော နဂါးနိုင်ငံမှ အမျိုးသမီးငယ် နှစ်ဦး၏ လန်ဒန် လေယူလေသိမ်းဖြင့် ပြောဆိုနေသော စကားသံများကို ကြားနေရသည်။

သူတို့သည် အလွန် ထူးခြားသော နဂါးနိုင်ငံမှ အမျိုးသမီး နှစ်ဦး ဖြစ်ကြသည်။

တစ်ယောက်မှာ အရပ် (၅) ပေ (၇) လက်မခန့် ရှိပြီး ကိုယ်အလေးချိန် ပေါင် (၁၇၀) ခန့် ရှိသည်။ အသက် (၂၀) ကျော်ခန့် ရှိပုံရသည်။ သူမသည် ဒီဇိုင်နာ ဘရန်းများ ဝတ်ဆင်ထားပြီး ရင်ဘတ် တစ်ဝက်ခန့် ပေါ်နေသော လည်ဟိုက် အင်္ကျီကို ဝတ်ဆင်ထားလေ၏။

နောက်တစ်ယောက်မှာ ပိန်ပါးပြီး အရပ် (၅) ပေ အောက်သာ ရှိကာ၊ မျက်နှာရှည်ပြီး မျက်လုံး မှေးသည်။ သူမလည်း ဒီဇိုင်နာ အမှတ်တံဆိပ်များကို ဝတ်ဆင်ထားသည်။

သူမတို့ နှစ်ဦး ပျော်ရွှင်စွာ စကားပြောနေကြသည်။

"လီလီ... ငါ ပြောရမလား၊ မပြောရဘူးလား... နိုင်ငံခြားသားတွေက ပိုပြီး လူကြီးလူကောင်း ဆန်သလို၊ အကြိုက်လည်း ပိုရှိကြတယ်... ပြည်တွင်းက လူတွေက ငါ့ရဲ့ ဝတ်စားဆင်ယင်ပုံကို နည်းနည်းလေးမှ တန်ဖိုးထားတတ်တာ မဟုတ်ဘူး... ဒီက နိုင်ငံခြားသား အများကြီးကတော့ ငါ့မှာ နဂါးနိုင်ငံရဲ့ ထူးခြားတဲ့ အလှတရားတွေ ရှိတယ်လို့ ပြောကြတယ်"

"ပြီးတော့ နိုင်ငံခြားသားတွေက ငါ့ကို မြင်တာနဲ့ တစ်ချက်တည်း မှတ်မိကြတယ်... ငါ နဂါးနိုင်ငံက လာတယ် ဆိုတာ သူတို့ သိကြတယ်ဟယ်"

"လူအများကြီးကလည်း ဒါက သူတို့ စိတ်စွဲမှတ်ထားတဲ့ နဂါးနိုင်ငံရဲ့ စံမီတဲ့ ရုပ်ရည်ပါပဲ လို့ ပြောကြတယ်"

"ဒီက လေထုက တကယ်ကို အများကြီး ပိုချိုမြိန်တာပဲဟယ်"

လီလီ ဟု ခေါ်သော အမျိုးသမီးက ဒါကို ကြားသောအခါ ‌လှောင်သလို ပြုံးလိုက်သည်။

"နဂါးနိုင်ငံက ယောကျာ်းတွေက ဒီလိုပါပဲ... သူတို့က သာမန်ပဲ ရှိပြီး ယုံကြည်မှုတော့ လွန်ကဲနေကြတာ... နိုင်ငံခြား ယောကျာ်းတွေနဲ့ ယှဉ်လို့ကို မရပါဘူး"

"ငါ့ကိုပဲ ကြည့်လေ... ပြည်တွင်းက လူတွေက ငါ ဝတယ်လို့ ထုတ်မပြောပေမဲ့... ငါ့ကို ပြုံးပြရင် ငါ့ကို အထင်သေးနေတာလား ဆိုပြီး ငါ သံသယ ဝင်မိတယ်... နေမဝင်အင်ပါယာမှာကျတော့ ဒီက ယောကျာ်းတွေက ငါ ကြည့်ကောင်းတယ်လို့ ထုတ်မပြောရင်တောင်၊ သူတို့ ပြုံးပြရင် ငါ့ကို အားပေးနေသလိုမျိုး ငါ ခံစားရတယ်"

"နဂါးနိုင်ငံက ယောကျာ်းတွေက ငါတို့လို ထူးချွန်တဲ့ နဂါးနိုင်ငံ အမျိုးသမီးတွေနဲ့ မတန်ပါဘူး"

မျက်လုံးမှေးနှင့် အမျိုးသမီးက ဝိညာဉ်ဖက်ကို တွေ့လိုက်ရသလို ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

"လီလီ... နင် ပြောတာ မှန်တယ်"

"ဒါကြောင့်လည်း ငါတို့ အားလုံးကို နေမဝင်အင်ပါယာက ရင်းနှီးမြှုပ်နှံသူ အကြီးကြီးတွေက ရွေးချယ်ခဲ့ကြတာပေါ့... ငါတို့ကို ရင်းနှီးမြှုပ်နှံပြီး အတူတူ မြှင့်တင်ပေးကြလို့ နဂါးနိုင်ငံ အင်တာနက်ပေါ်က ကိုယ်စားပြု လေဒီတွေ ဖြစ်လာရတာလေ"

"လူ့လောကကြီးမှာ ငါတို့ အားလုံးက တူတူပါပဲ"

"ငါလည်း ဒီနေ့ နင့်အခြေအနေ ကောင်းတယ်လို့ ထင်တယ်... နင်က နည်းနည်း ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ ဆွဲဆောင်မှု အရှိဆုံး မိန်းကလေးတွေလိုပဲ... ပြည်တွင်းက လူတွေက မျက်လုံး မကောင်းလို့ နင့်ကို တန်ဖိုးထားရကောင်းမှန်း မသိကြတာပါ"

ထိုအခါ၊ ကျန်းလီလီ သူမ၏ တုတ်ခိုင်သော ခါးကို လှည့်လိုက်ပြီး ပြုံးလိုက်သည်။

"နင်လည်း ဘော်ဒီ မိုက်ပါတယ်"

"ဒီက ပတ်ဝန်းကျင်က တော်တော် ကောင်းတယ်... ဓာတ်ပုံရိုက်ပြီး ဝေပေါ်(Weibo) ပေါ် တင်လိုက်ရအောင်... ပြည်တွင်းက တောသားတွေကို မနာလို ဖြစ်သွားအောင် လုပ်လိုက်ကြစို့"

သူမ ဖုန်းကို ထုတ်လိုက်ပြီး မျက်လုံးမှေးနှင့် အတူ အနေအထား ပြင်ကာ ဆယ်လ်ဖီ ရိုက်ရန် ပြင်ဆင်လိုက်သည်။ လမ်းသွားလမ်းလာ အများအပြား ခေါင်းခါပြီး သူမတို့ကို ရှောင်ကွင်း သွားကြလေ၏။

ယဲ့ဖန် ဒါကို မြင်လိုက်ရသောအခါ မျက်စိနောက် နားငြီးစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။ သူ အမြန် အာရုံပြောင်းလိုက်ပြီး မီလီကို ဖုန်းခေါ်ရန် ဖုန်းထုတ်လိုက်သည်။

သူတို့ ဘယ်ရောက်နေလဲ ဆိုတာ မေးလိုက်မည်လေ။

သို့သော် သူ မီလီကို ဖုန်းခေါ်လိုက်သည်နှင့် တပြိုင်နက်၊ စွာတေးလန်သည့် အမျိုးသမီး အသံ တစ်သံ သူ့ဆီသို့ ရောက်လာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ပေ။

"နံစော်နေတဲ့ အရှုံးသမားကောင်... ဖုန်းကို ပေးလိုက်စမ်း”

အခန်း (၁၉၈၂) - ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ

~အံ့ဩစရာကောင်းပေစွ။

ယဲ့ဖန်ဆီသို့ အပြေးရောက်လာသူမှာ ရင်ဘတ်ဟိုက်နေသော "အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်း" ဆိုသည့် မိန်းကလေး ဖြစ်နေသည် မဟုတ်ပါလော။

မည်သည့် ရှင်းပြချက်မှ မရှိဘဲ၊ သူမသည် ယဲ့ဖန်၏ လက်ထဲမှ ဖုန်းကို လုယူရန် ကြိုးစားလိုက်လေ၏။

ယဲ့ဖန် ခေါင်းထဲတွင် မေးခွန်းထုတ်စရာများ ပြည့်နှက်သွားရသည်။ ရုတ်တရက် ရူးသွပ်သွားသော ဤမိန်းကလေးကို သူ နားမလည်နိုင်စွာ ကြည့်လိုက်မိသည်။

"သေစမ်း... ကံဆိုးလိုက်တာ... နေမဝင်အင်ပါယာလို သန့်ရှင်းတဲ့ မြေပေါ်မှာ နဂါးနိုင်ငံက ယောကျာ်း တစ်ယောက်ကို လာတွေ့ရလိမ့်မယ်လို့ ငါ မထင်ထားမိဘူး... ဒါက အကောင်းစား အမဲသားတုံးပေါ်မှာ နားနေတဲ့ ယင်ကောင်စိမ်းကြီး တစ်ကောင်ကို မြင်လိုက်ရသလို ရွံစရာ ကောင်းလိုက်တာ"

ကျန်းလီလီ သူမ၏ မုန်းတီးရွံရှာမှုကို ဖုံးကွယ်မထားပေ။ သူမ မောက်မာစွာဖြင့် ယဲ့ဖန်ထံသို့ လက်ဖြန့်လိုက်သည်။

"ငါ့ကို နှစ်ခါ ပြောခိုင်းမနေနဲ့... နင့်ဖုန်းကို ပေးစမ်း"

"ဒီ‌မှာ..ဦးနှောက်မှာ ရောဂါရှိရင် ဆေးရုံသွားပါ"

ယဲ့ဖန် သူမကို သည်းခံနေမည် မဟုတ်ပေ။ ခွေးချေးပုံကို မြင်လိုက်ရသကဲ့သို့ မထီမဲ့မြင် ပြုံးလိုက်သည်။ သူ ကံဆိုးသည်ဟု ခံစားလိုက်ရပြီး ဤအသားတောင်ကြီးကို ရှောင်ကွင်းကာ ထွက်သွားရန် ပြင်လိုက်တော့သည်။

...

"ရပ်လိုက်စမ်း..."

သို့သော် ကျန်းလီလီ ချက်ချင်းပင် လက်နှစ်ဖက်ကို ဖြန့်ကားပြီး လမ်းပိတ်ထားလိုက်ပြီးနောက်၊ စွာ‌တေးလန်သော အသံဖြင့် ပြောလိုက်သည်။

"ငါ နင့်ကို သွားခွင့်ပေးလို့လား"

"နဂါးနိုင်ငံက ယောကျာ်းတွေ အပေါ် ငါ ထားရှိတဲ့ အမြင်နဲ့ တကယ် ကွက်တိပဲ... အလှအပ ခံစားမှု နိမ့်ကျတယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိဘူး၊ သာမန်ပဲ ရှိပြီး ယုံကြည်မှု လွန်ကဲနေတယ်၊ ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ ရှိတယ်... ပြီးတော့ ကိုယ်ရည်ကိုယ်သွေး ကလည်း အောက်တန်းကျလွန်းတယ်"

"ဖုန်းကို အခုချက်ချင်း ပေးစမ်း... မဟုတ်ရင် ငါ့ဖုန်းနဲ့ နင့်ကို ဓာတ်ပုံရိုက်ပြီး Weibo နဲ့ Jimei Books (တရုတ် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများ) ပေါ်မှာ ဖွင့်ချလိုက်မယ် ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့နော်"

"ခုနက နင် ငါနဲ့ ယန်ဝေဝေ ကို ဓာတ်ပုံ ခိုးရိုက်တုန်းက ငါတို့ကို မှတ်မိနေလို့မလား... ငါတို့က နဂါးနိုင်ငံရဲ့ Weibo နဲ့ Jimei Books ပေါ်က အင်တာနက် ဆယ်လီ အကြီးစားတွေပဲ... ငါက ကျန်းလီလီ၊ သူက ကျန်းဝေဝေ"

"မလှမ်းမကမ်းမှာ စိတ်ကျန်းမာရေး ဆေးရုံ တစ်ရုံ ရှိတယ်... အဲ့ဒီကို အမြန်သွားဖို့ ကျွန်တော် အကြံပြုချင်တယ်"

ယဲ့ဖန် တကယ် ပြောစရာ စကားမဲ့သွားရသည်။

သူ့ရှေ့က အသားတောင်ကြီးက သူ့ကို သူမနှင့် သူမ၏ အဖော်ကို ဓာတ်ပုံ ခိုးရိုက်နေသည်ဟု ထင်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိခဲ့ပေ။

ဒါက သာမန် ယုံကြည်မှု လွန်ကဲတာ မဟုတ်တော့ပေ။။ စိတ်ကျန်းမာရေး ဌာနမှာ အရေးပေါ် စစ်ဆေးမှု ခံယူဖို့ လိုအပ်နေသော အဆင့် ဖြစ်နေပြီ။

သူမ အင်တာနက် ဆယ်လီ ဟုတ်မဟုတ် ဆိုတာကိုတော့ ယဲ့ဖန် သိပ်ဂရုမစိုက်ပေ။ သူက အင်တာနက် သိပ်မသုံးသလို၊ အထူးသဖြင့် ဒီရက်ပိုင်း နေမဝင်အင်ပါယာ ရောက်နေတာကြောင့် လုံးဝ မသိရှိပေ။

"ကောင်းပြီလေ... နင်က ပြောမရဘူးပေါ့"

ယဲ့ဖန် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည်ကို မြင်လိုက်ရသောအခါ၊ ကျန်းလီလီ ဒေါသထွက်လွန်း၍ ရယ်လိုက်မိသည်။ ထို့နောက် သူမ ဖုန်းကို ထုတ်ပြီး ကိုယ့်ကိုယ်ကို ချိန်ကာ ဗီဒီယို ရိုက်လိုက်သည်။

"ငါ့ရဲ့ ပရိသတ်ကြီးရေ... ဝေဝေနဲ့ ကျွန်မ ဒီနေ့ နေမဝင်အင်ပါယာရဲ့ လမ်းမတွေပေါ်မှာ လမ်းလျှောက်နေတုန်း၊ ပြည်တွင်းက ယောကျာ်း တစ်ယောက်ကို တွေ့လိုက်ရတယ်ရှင်"

"ဝေဝေနဲ့ ကျွန်မက ဒီနေ့ အခြေအနေ ကောင်းတယ်လို့ ထင်ပြီး ဆယ်လ်ဖီ ရိုက်မလို့ လုပ်တုန်း ရှိသေး... အဲ့ဒီ တောသားက ဒီနေ့ ကျွန်မ နည်းနည်းလေး ပိုပြီး ဆွဲဆောင်မှု ရှိအောင် ဝတ်ထားတာကို သတိထားမိပြီး၊ ကျွန်မ သတိမထားမိတဲ့ အချိန်မှာ နောက်ကနေ လိုက်လာတယ်... ပြီးတော့ ဖုန်းထုတ်ပြီး ဆယ်လ်ဖီ ရိုက်သလိုလိုနဲ့ ခိုးရိုက်နေတယ်ကွယ်"

"ကျွန်မ ပြောချင်တာက... ကျွန်မတို့လို မိန်းမလှလေးတွေ အပြင်ထွက်တာက အရမ်း အန္တရာယ် များလွန်းမနေဘူးလား... ကျွန်မတို့မှာ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်၊ လုံခြုံမှု ဆိုတာရော ရှိသေးရဲ့လားကွယ်"

"ဒါက အကြည့်ခံရတာ၊ နှောင့်ယှက်ခံရတာနဲ့ ဘာများ ကွာခြားလို့လဲ"

"ခုနက ကျွန်မ သူ့ကို ယဉ်ယဉ်ကျေးကျေးပဲ ညှိနှိုင်းခဲ့ပါတယ်... နောက်ယောင်ခံ လိုက်တာကို ရပ်တန့်ပြီး ခိုးရိုက်ထားတဲ့ ပုံတွေကို ဖျက်ပေးဖို့ မျှော်လင့်ခဲ့တာပါ... ဘာပဲပြောပြော အဲ့ဒီပုံတွေနဲ့ သူ ဘယ်လို ရွံစရာကောင်းတဲ့ ကိစ္စတွေ လုပ်မလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ... ဒါပေမယ့် ဒီ ပုဇွန်ခေါင်း (ဉာဏ်နည်းသူ/နှာဘူး) က ကျွန်မကို ပြန်ဆဲပြီး စွပ်စွဲလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့ဘူး"

"ပရိသတ်ကြီးရေ... လာပြီး ဆုံးဖြတ်ပေးကြပါဦး... ဒီလို တောသားတွေကို ထိန်းချုပ်ပေးနိုင်မယ့်သူ မရှိတော့ဘူးလား"

ဇာတ်လမ်းဆင်ပြီး သနားစရာ ကောင်းအောင် ငိုပြရတာ ကျန်းလီလီအတွက် အလွန် ကျွမ်းကျင်နေသော အလုပ်ပင်။ ထို့နောက် သူမသည် ကင်မရာကို ယဲ့ဖန်ဘက်သို့ လှည့်လိုက်ပြီး ဗီဒီယို ရိုက်ကူးလိုက်သည်။ သူမ၏ ပရိသတ်များက ယဲ့ဖန်၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေ ဖော်ထုတ်ပြီး အွန်လိုင်းပေါ်တွင် ဖွင့်ချနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် ယဲ့ဖန်က ကျန်းလီလီထက် ပိုမြန်သည်။ သူမ ကင်မရာ မလှည့်နိုင်ခင်မှာပင်၊ သူ သူမကို ကွေ့ပတ်ပြီး ဘားဆိုင် အဝင်ဝဆီသို့ လျှောက်သွားလိုက်သည်။

"တကယ်ပါပဲ... ဆေးရုံကို အမြန်ဆုံး သွားလိုက်ပါ... ခင်ဗျားလို လူနာမျိုး ကျွန်တော် အများကြီး တွေ့ဖူးတယ်... နောက်ကျသွားရင် ကုမရဘဲ ဖြစ်သွားလိမ့်မယ်"

မထွက်ခွာခင် ယဲ့ဖန်က သူမအတွက် စေတနာပါသော စကားတစ်ခွန်း ထားခဲ့လိုက်သည်။

"ငါ အရမ်း ဒေါသထွက်တယ်... ဒီကောင်စုတ်... ဒီ သောက်တောသားကောင်"

ကျန်းလီလီ ချက်ချင်း ဒေါသပေါက်ကွဲသွား၏။

"ဒီနေ့ နင့် နာမည်ဂုဏ်သတင်းကို ပျက်စီးအောင် မလုပ်နိုင်ရင်၊ ငါ အင်တာနက် ဆယ်လီ အကြီးစား မဟုတ်တော့ဘူးကဲ"

ကျန်းလီလီ ချက်ချင်း လိုက်မသွားပေ။ ယဲ့ဖန်က ဂရုမစိုက်ဘဲ ဘားထဲ ဝင်သွားသည်ကို မြင်လိုက်ရသဖြင့်၊ သူမ ဗီဒီယို ရိုက်တာကို ရပ်လိုက်ပြီး ဖုန်းအဆက်အသွယ် စာရင်းကို ဖွင့်ကာ၊ သူမ၏ "အဖေကြီး" (Sugar Daddy) ၏ ဖုန်းနံပါတ်ကို ရှာပြီး ခေါ်ဆိုလိုက်လေ၏။

---

All Chapters