အခန်း (၁၉၈၃-၁၉၈၆)
Vol. 105 Ch. 1983-1986
အခန်း (၁၉၈၃) - မဟုတ်ဘူး၊ မောင်လေး (၁)
~ကျန်းလီလီက သူ့ကို ပစ်မှတ်ထားနေကြောင်း ယဲ့ဖန် တစ်ယောက် လုံးဝ သတိမထားမိခဲ့ပေ။
ဘားဆိုင်ထဲသို့ ခြေချလိုက်သည်နှင့် အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်းနှင့် မီလီတို့ သုံးယောက်သား ခန်းမအလယ်ရှိ စားပွဲဝိုင်းတစ်ခု၌ နေရာယူကာ သူ့ကို စောင့်ရင်း သောက်စားနေကြသည်ကို ယဲ့ဖန်..ချက်ချင်း မြင်လိုက်ရသည်။
ထိုသုံးယောက် သောက်စားနေစဉ်တွင် ဖြူစင်အပြစ်ကင်းစင်ပုံ ရသည့် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားသော မီလီက ဘားဆိုင်အပေါက်ဝဘက်သို့ မကြာခဏဆိုသလို လှမ်းမျှော်ကြည့်နေခဲ့၏။
ယဲ့ဖန် ဝင်လာသည်ကို မြင်လိုက်သည်နှင့် သူမသည် ချက်ချင်းဆိုသလို မတ်တပ်ထရပ်ကာ အပြုံးပန်းဝေလျက် လက်လှမ်းပြလိုက်လေသည်။
"ဦး... ဒီမှာ.. ဒီမှာ!"
ယဲ့ဖန် ..မီလီ ရှိရာသို့ လျှောက်သွားလိုက်သည်။ မီလီက ချက်ချင်းပင် အနားသို့ပြေးဆင်းလာပြီး ခရီးဦးကြိုပြုသည်။
၎င်းကို မြင်သောအခါ အာဂျိုင်းဟန်ဆန်နှင့် ဝုဖ်ဂန်းတို့ကလည်း ဖန်ခွက်များကိုချကာ မတ်တပ်ရပ်လျက် ယဲ့ဖန်အား နှုတ်ဆက်သည့် အမူအရာပြကြသည်။
ဘားအတွင်း သောက်စားနေကြသူများ၊ အထူးသဖြင့် ထိုလူသုံးယောက်၏ လုံခြုံရေးကို မသိမသာ စောင့်ကြည့်ပေးနေသော ဘားမန်နေဂျာသည် မျက်လုံးများပြူးကျယ်သွားပြီး ယဲ့ဖန်ကို စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်လိုက်မိကြ၏။
ဘားမန်နေဂျာ ဘိုဂိုခရိ(Bogo Creek) သည် ပုံမှန်ဖောက်သည်များဖြစ်သော မီလီ၊ ဝုဖ်ဂန်နှင့် အာဂျိုင်းဟန်ဆန်တို့၏ နောက်ခံမှာ အလွန်ထူးခြားကြောင်း ကောင်းစွာသိထားသည်။ အကယ်၍ သူတို့ထဲမှ တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်သွားပါက ၎င်းတို့၏ ဘားဆိုင်သာမက နောက်ကွယ်မှ ပိုင်ရှင်ပါ ကပ်ဘေးဆိုက်သွားနိုင်ပေသည်။
ထို့ကြောင့်လည်း ငမိုက်သား တစ်ယောက်ယောက်က သူတို့ကို သွားထိခိုက်စေခြင်း သို့မဟုတ် သူတို့၏ ပျော်ရွှင်မှုကို နှောင့်ယှက်ခြင်းမျိုး မရှိစေရန် သူကိုယ်တိုင် ထွက်လာပြီး တိတ်တဆိတ် စောင့်ကြည့်ပေးနေခြင်းဖြစ်သည်။
ယခုအခါ မီလီ၊ အာဂျိုင်းဟန်ဆန်နှင့် ဝုဖ်ဂန်တို့ သုံးယောက်လုံး မတ်တပ်ရပ်၍ ယဲ့ဖန်ကို ခရီးဦးကြိုပြုနေကြသည်မှာ တရုတ်ပြည်မှ ရောက်လာသော ဤလူစိမ်းသည် သာမန်မဟုတ်သော အရှိန်အဝါရှိကြောင်း ရှင်းလင်းစွာ ပြသနေ၏။ အာဂျိုင်းဟန်ဆန်တို့ကဲ့သို့ လူများပင် သူ့ကို လေးစားမှု ပေးနေရသည် မဟုတ်ပါလော။
ဘိုဂိုခရိသည် ဤနယ်ပယ်တွင် နာမည်ရသူတစ်ဦးဖြစ်သည်။ သူသည် ယဲ့ဖန်ကို မသိသော်လည်း ယဲ့ဖန်၏ ကိုယ်ရေးကိုယ်တာပေါ် အနည်းငယ် စူးစမ်းချင်စိတ် ဖြစ်မိသည်။
သို့သော် သူ ဘာမှလိုက်မစုံစမ်းခဲ့ပေ။ အခြေအနေကို အကဲခတ်ရုံသာ တစ်ချက်ကြည့်လိုက်ပြီးနောက် အကြည့်ကို ပြန်လွှဲလိုက်သည်။
သူက လေထဲတွင် ပျောက်ကွယ်နေသကဲ့သို့ နေလိုက်ခြင်းဖြင့် ယဲ့ဖန်တို့အဖွဲ့ကို အနှောင့်အယှက် မဖြစ်စေရန်နှင့် အထင်လွဲမှု မရှိစေရန် ရှောင်ရှားလိုက်ခြင်း ဖြစ်၏။
ယဲ့ဖန်သည်လည်း ထိုအကြည့်ကို သတိထားမိလိုက်သည်။ သို့သော် ထိုသူ၌ မကောင်းသော ရည်ရွယ်ချက်မရှိမှန်း သိလိုက်သဖြင့် တစ်ချက်သာဝေ့ကြည့်ပြီး မီလီထံသို့ ပြန်အာရုံစိုက်လိုက်၏။
မီလီက သူ့ကို စူးစမ်းသလို အသေအချာ ကြည့်လိုက်ပြီး
"ဦး... ဘာလို့ ဒီလောက်ကြာနေတာလဲ။ ခုနက ဖုန်းဆက်တုန်းက ဘားရောက်နေပြီဆို"
"ပြဿနာလေး နည်းနည်းတက်သွားလို့ပါ။ နှာဘူးကောင်ဆိုပြီး အထင်လွဲခံရပြီး ခဏလောက် အနှောင့်အယှက် ပေးခံလိုက်ရတယ်လေ" ဟု ယဲ့ဖန်က ပြုံးလျက် ပြောလိုက်သည်။
ထို့နောက် မီလီတို့ ညွှန်ပြသော ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်ပြီး အာဂျိုင်းဟန်ဆန် ကမ်းပေးသော ဝိုင်ခွက်ကိုယူကာ တစ်ရှိန်ထိုး မော့သောက်လိုက်သည်။
"ဘာဖြစ်တာလဲ။ ဘယ်သူကများ မျက်လုံးကန်းပြီး ဦးကို စွပ်စွဲရဲတာလဲ" မီလီက စူးစမ်းလိုစိတ်ရော ဒေါသပါ ရောပြွမ်းလျက် မေးလိုက်သည်။
ထိုအခါ ၊ ယဲ့ဖန်က သူ ခိုးရိုက်သည်ဟု စွပ်စွဲခံရပုံနှင့် ကျန်းလီလီဆိုသော မိန်းမက နှောင့်ယှက် ခြိမ်းခြောက်ခဲ့ပုံတို့ကို အကျဉ်းချုံး ပြောပြလိုက်သည်။
"သောက်ကျိုးနည်း... အဲဒီ တရုတ်မက ရူးနေတာလား။ ဦးက သူ့ကို ဓာတ်ပုံခိုးရိုက်ပြီး မရိုးမသား ကြံစည်နေတယ်လို့ တွေးရဲသေးတယ်ပေါ့" ဒီစကားကြားတော့ မီလီ ပိုဒေါသထွက်သွားသည်။
"ကျွန်မလို ချစ်စရာကောင်း၊ နူးညံ့ပြီး လှပတဲ့ မိန်းကလေး တစ်ယောက်က ဦးရင်ခွင်ထဲ အတင်းတိုးဝင်နေတာတောင် ဦးက စိတ်မလှုပ်ရှားဘဲ နေနိုင်တာလေ... သူက ဘယ်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ရနေတာလဲ"
"ဦးက သဘောကောင်းလွန်းလို့သာ အဲဒီမိန်းမကို ပြန်မပြောဘဲ ထားလိုက်တာ။ ကျွန်မသာ သူ့နေရာမှာဆိုရင် ပါးရိုက်ယုံတင်မကဘူး၊ စိတ်ကျန်းမာရေး ဆေးရုံ ပို့ပြီး သေချာကုခိုင်းပစ်လိုက်ပြီ"
"ထားလိုက်ပါကွာ"
ယဲ့ဖန်က အလေးအနက် မထားပေ။
မီလီကိုလည်း ဗွေမယူဖို့ ပြောရန် ပြင်လိုက်စဉ်မှာပင် ဘားအပေါက်ဝမှ ဆူညံသံများ ထွက်ပေါ်လာသည်။
ထို့နောက် လူမိုက်ရုပ် ပေါက်နေသော တက်တူးများနှင့် လူကောင်ကြီးများက ကျန်းလီလီ၏ နောက်မှလိုက်ကာ ဝင်ချလာကြသည်။
ဘားထဲသို့ အတင်းဝင်လာသော ကျန်းလီလီသည် ဟိုဒီ ဝေ့ကြည့်လိုက်ပြီး ယဲ့ဖန်ကို တွေ့သွားသည်နှင့် ကျစ်ဆံမြီးနှင့် လူကောင်ကြီးများ၏ ခေါင်းဆောင်ကို မပီကလာ ပီကလာ အင်္ဂလိပ်စကားသံဖြင့် လှမ်းပြောလိုက်တော့သည်။
"ဟိုမှာ... ဟိုလူပဲ!"
"ခုနက ငါ့ကို စိတ်အနှောင့်အယှက်ပေးတာ ဒီကောင်ပဲ"
"ကောင်းပြီလေ"
ထိုစကားကို ကြားသည်နှင့် ကျစ်ဆံမြီးနှင့်လူက စကားအများကြီး ပြောမနေတော့ပေ။ သူက သူ့နောက်လိုက် ညီအစ်ကိုများကို မျက်ရိပ်တစ်ချက် ပြလိုက်သည်နှင့် သူတို့ တစ်သိုက်လုံးသည် ယဲ့ဖန်တို့ ရှိရာ စားပွဲဝိုင်းဆီသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းလာကြတော့သည်။
---
အခန်း (၁၉၈၄) - မဟုတ်ဘူး၊ မောင်လေး (၂)
~ကျန်းလီလီသည် ပါးစပ်ထောင့်တွင် စီးကရက် တစ်လိပ်ကို ကိုက်လျက် ဤလူအုပ်စု၏ အလယ်မှ လိုက်ပါလာသည်။ သူမ၏ ခေါင်းကို မော့ထားပြီး၊ ယဲ့ဖန်ကို နှာခေါင်းဖြင့် အထင်သေးစွာ ငုံ့ကြည့်နေလေ၏။
လူကောင်ကြီးများနှင့် အတူ ယဲ့ဖန် ရှေ့သို့ ရောက်သောအခါ၊ သူမ ဆေးလိပ်ငွေ့များကို မှုတ်ထုတ်လိုက်ပြီး အသံအုပ်အုပ်ဖြင့် ပြောလိုက်သည်။
"ကောင်စုတ်လေး... နင် သေပြီသာ မှတ်"
"ဒီနေ့ ငါ လူခေါ်ပြီး နင့်ကို ရိုက်နှက်ခိုင်းရုံတင် မကဘူး... နင့် ဗီဒီယိုကို အင်တာနက်ပေါ် တင်ပြီး နဂါးနိုင်ငံက ညီအစ်မတွေကို နင့်အကြောင်း ဖွင့်ချပြလိုက်ဦးမယ်"
"ငါတို့လို အင်တာနက် ဆယ်လီ လေဒီတွေကို စော်ကားရင် ဘာအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ နင် သိသွားစေရမယ်"
ပြောပြီးသည်နှင့် တပြိုင်နက် သူမ ယဲ့ဖန်နှင့် စကားပြောပြီး အချိန်မဖြုန်းတော့ဘဲ၊ လူကောင်ကြီးများ၏ ခေါင်းဆောင်ကို လှမ်းကြည့်လိုက်သည်။
...
အုပ်စုထဲမှ လူတစ်ယောက်က လက်ကို ဆန့်ထုတ်ပြီး ယဲ့ဖန်၏ ဆံပင်ကို ဆွဲရန် ပြင်လိုက်သည်။
"မဟုတ်ဘူး ၊မောင်လေး... မင်းမှာ မျက်လုံး မပါဘူးလား"
မီလီ ထိုလက်ကို ပုတ်ထုတ်လိုက်ပြီး၊ ဝိုင်ပုလင်း တစ်လုံးကို ကောက်ယူကာ ထိုလုပ်ရပ်ကို လုပ်သော လူ၏ ခေါင်းကို ရိုက်ခွဲလိုက်လေ၏။
"ငါရယ်... ဝုဖ်ဂန်းရယ်... အစ်ကိုကြီး အာဂျိုင်းဟန်ဆန်ရယ်ကို မင်း မမြင်ဘူးလား"
"ငါတို့ မိတ်ဆွေကို မင်းက ဘယ်လိုသတ္တိနဲ့ ထိရဲတာလဲ"
ဝိုင်ပုလင်း ကွဲထွက်သွားပြီး၊ ဝိုင်များနှင့် သွေးများ ထိုလူကောင်ကြီး၏ ခေါင်းပေါ်သို့ စီးကျလာကာ၊ သူ၏ အမြင်အာရုံများ ဝါးတားတား ဖြစ်သွားပြီး မူးဝေသွားတော့သည်။
လူကောင်ကြီးသည် ဝုဖ်ဂန်းနှင့် အာဂျိုင်းဟန်ဆန်တို့ကို ရင်းနှီးသလို ခံစားရသော်လည်း၊ သူ၏ ဦးနှောက်က ရှုပ်ထွေးနေသဖြင့် ဘယ်နေရာမှာ ကြားဖူးသလဲ ဆိုတာ မမှတ်မိနိုင်တော့ပေ။
သူ့ခေါင်းကို ဝိုင်ပုလင်းနှင့် ရိုက်ခံလိုက်ရသောအခါ၊ အလိုအလျောက် ခေါင်းကို အုပ်လိုက်ပြီး တရားခံ ဖြစ်သော မီလီကို လှမ်းကြည့်လိုက်သည်။
အလွန် ဖြူစင်ပြီး လှပသော ကောင်မလေး တစ်ယောက်။ သူမ၏ မျက်နှာကလည်း ရင်းနှီးနေသလိုပင်။
"ဘာရပ်လုပ်နေတာလဲ"
သို့သော် သူ ဘာမှ မစဉ်းစားနိုင်ခင်မှာပင်၊ နောက်ထပ် ပါးရိုက်ချက် တစ်ခု သူ့မျက်နှာပေါ် ကျရောက်လာပြန်သည်။
"မင်းက ဘယ်ကောင်နဲ့ အလုပ်လုပ်နေတာလဲ... မင်းရဲ့ ဆရာကို အခုချက်ချင်း ခေါ်လိုက်စမ်း"
"ငါ့ရဲ့ ယောက်ဖကိုတောင် မင်းက ထိရဲတယ် ဟုတ်လား... ဘယ်ကောင်ကများ ဒီလောက် ဥပဒေမဲ့ နေသလဲ ဆိုတာ ငါ ကြည့်ချင်သေးတယ်"
“ဖျန်း”
"ဒါ ဖော့ခ်စီးတီး ပိုင်နက်ထဲမှာပဲ ရှိသေးတယ်နော်"
ဒီတစ်ခါ ပါးရိုက်လိုက်သူမှာ ဝုဖ်ဂန်း ဖြစ်ချေသည်။
လူကောင်ကြီး၏ ခေါင်းထဲတွင် "ဝီ" ခနဲ မြည်သွား၏။
သူ လှမ်းကြည့်လိုက်သောအခါ ဝုဖ်ဂန်း ဘေးနားရှိ ချောမောသော လူငယ်လေး တစ်ယောက်က သူ့ကို အေးစက်စွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
"ဝုဖ်ဂန်း ပြောတာ မှန်တယ်"
"ဖော့ခ်စီးတီးမှာ ဒီလောက် မောက်မာတဲ့ လူမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး... ငါ့ရှေ့မှာတင် ငါ့မိတ်ဆွေကို သူက ဘယ်လိုသတ္တိနဲ့ ထိရဲတာလဲ"
"မင်း နောက်ကွယ်က သူဌေးကြီးကို အခုချက်ချင်း ခေါ်လိုက်စမ်း... ဘယ်ကောင်ကများ ဒီလောက် မျက်လုံးကန်းနေလဲ ဆိုတာ ငါ ကြည့်ရအောင်"
လူကောင်ကြီး စိတ်ထဲတွင် မကောင်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာသည်။ သူသည် "ချာချာလည်"နေသော ခေါင်းကို အုပ်ရင်း ကျန်းလီလီကို လှည့်ကြည့်လိုက်သည်။
ကျန်းလီလီ အနည်းငယ် ဇဝေဇဝါ ဖြစ်နေ၏။
လူကောင်ကြီး လှမ်းကြည့်နေသည်ကို တွေ့သောအခါ၊ သူမ ခဏတာ ကြောင်သွားပြီးမှ ပြောလိုက်သည်။
"နေပါဦး... ရှင်တို့က လူမိုက်တွေ မဟုတ်ဘူးလား"
"သူတို့က ရှင်တို့ကို စတိုက်နေပြီလေ... ဘာရပ်လုပ်နေကြတာလဲ... ဒီတိုင်း ရပ်နေရင် တခြားလူတွေက ရှင်တို့ကို သူရဲဘောကြောင်တယ်လို့ ထင်ကုန်ကြလိမ့်မယ်"
လူကောင်ကြီး စကားပြောရန် ပြင်လိုက်စဉ်မှာပင်၊ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော လူကောင်ကြီး (၂၀) (၃၀) ခန့်သည် တုန်ခါသေနတ် (Taser Guns) များနှင့် နံပါတ်တုတ်များကို ကိုင်ဆောင်လျက်၊ ခါးတွင် သေနတ်များ ချိတ်ဆွဲကာ၊ အခြား ရင်းနှီးသော ပုံရိပ်တစ်ခု၏ ဦးဆောင်မှုအောက်တွင် သူ့ကို ဝိုင်းရံလိုက်ကြတော့သည်။
ဒီတစ်ခါတော့ လူကောင်ကြီး ထိုရင်းနှီးသော ပုံရိပ်ကို ချက်ချင်း မှတ်မိလိုက်သည်။
ဘိုဂိုခရိ ။
ဒီနယ်ပယ်က မြေအောက်လောက ခေါင်းဆောင် ဖြစ်ပြီး၊ အနီးနားတဝိုက်မှာ အရမ်း နာမည်ကြီးသူ ဖြစ်သည်။
တချိန်တည်းမှာပင် သူသည် ဤဘားဆိုင်၏ လုံခြုံရေး တာဝန်ခံလည်း ဖြစ်လေ၏။
အတိုချုပ် ပြောရရင် သူတို့ သွားစလို့ မရတဲ့ လူစားမျိုးပင်။
"မစ္စတာ ဘိုဂိုခရိ..."
သူ အမြန် နှုတ်ဆက်လိုက်ပြီး ရှင်းပြလိုက်သည်။
"ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့ ခင်ဗျာ... ကျွန်တော်တို့က ပြဿနာ လာရှာတာ မဟုတ်ပါဘူး... ကျွန်တော်တို့ ဆရာက ကျွန်တော်တို့ ဘေးက မိန်းကလေးလှလေး အတွက် လက်စားချေပေးခိုင်းလို့ပါ"
"ကျွန်တော်တို့ အဲ့ဒီ နဂါးနိုင်ငံသားကို ခေါ်သွားရုံပါပဲ... ခင်ဗျားအတွက် ပြဿနာ မဖြစ်စေရပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်"
"ခွေးမသား..."
ဘိုဂိုခရိက ဂန္ထဝင် ဆဲနည်းဖြင့် တုံ့ပြန်လိုက်ပြီး၊ သူ့မျက်နှာကို ဖြတ်ရိုက်လိုက်လေ၏။
"ဖြောင်း..."
ပါးရိုက်ပြီးတာတောင် သူ စိတ်ကျေနပ်ပုံ မရသေးပေ။ လက်ပြန်နှင့် ထပ်ရိုက်လိုက်ပြန်သည်။ ထို့နောက် လူကောင်ကြီးကို မြေကြီးပေါ် လဲကျသွားအောင် ကန်ချလိုက်လေ၏။
"မစ္စတာ ဘိုဂိုခရိ..."
လူကောင်ကြီး မတုံ့ပြန်နိုင်သေးဘဲ အခြေအနေ အတိအကျကို မေးမြန်းချင်နေသေးသည်။
"သူ့ကို အသေရိုက်ကြစမ်း..."
ဘိုဂိုခရိက အမိန့်ပေးလိုက်ပြီ ဖြစ်ရာ၊ သူ့နောက်မှ အနက်ရောင်ဝတ် လူ (၂၀) (၃၀) ခန့်သည် ချက်ချင်း တိုးဝင်လာပြီး လူကောင်ကြီးနှင့် သူ့အဖွဲ့ကို မညှာမတာ ဝိုင်းဝန်း ရိုက်နှက်ကြတော့သည်။
ထိုလူများကို ရိုက်နှက်ပြီးနောက်၊ ဘိုဂိုခရိသည် ကျန်းလီလီကို မမေ့ပေ။ သူ သူမကို အေးစက်သော အပြုံးဖြင့် ကြည့်လိုက်ပြီး၊ သူမ၏ ခါးကို တုန်ခါသေနတ်ဖြင့် တိုက်ရိုက် ထိုးလိုက်လေ၏။
"အား…”
အခန်း (၁၉၈၅) - အစစ်အမှန် ဆစ်ဂမာ (Sigma)
~ကျန်းလီလီ ချက်ချင်း တုန်တက်သွား၏။ တချိန်တည်းမှာပင် သူမ ခုန်တက်လိုက်စဉ် ဆီးများပါ ထွက်ကျကုန်တော့သည်။
တုန်ခါမှု ခံစားချက် ပျောက်သွားသည့်အခါ၊ သူမ စကတ်အောက်ပိုင်းကို ချက်ချင်း ဖုံးအုပ်လိုက်ပြီး ဘိုဂိုခရိကို အံ့ဩခြင်း ဒေါသထွက်ခြင်းတို့ ရောပြွန်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"ရှင်... မိန်းကလေးတစ်ယောက်ကို ဒီလောက် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံရလား"
"ရှင့်အကြောင်းကို အင်တာနက်ပေါ် တင်ပြီး ဖွင့်ချပစ်မယ်... ရှင်က နဂါးနိုင်ငံက ယောကျာ်းတွေလိုပဲ ရိုင်းစိုင်းလွန်းတယ်"
"ပြီးတော့... ပြီးတော့ ရှင့်ကို တရားစွဲဖို့ ရှေ့နေ ငှားဦးမှာ"
ဘိုဂိုခရိက စကားများများ ပြောမနေပေ။ တုန်ခါသေနတ်၏ စွမ်းအားကို တိုက်ရိုက် မြှင့်တင်လိုက်ပြီး၊ သူမကို ထပ်မံ ထိုးလိုက်လေ၏။
...
"အား..."
ဒီတစ်ခါတော့ ကျန်းလီလီ ခုန်တက်သွားရုံမက၊ ဆီးများ ပိုမို ထွက်ကျလာတော့သည်။ လျှပ်စစ်စီးကြောင်းကြောင့် သူမ၏ ဆံပင်များ ကျွမ်းသွားပြီး၊ ခေါင်းမှ မီးခိုးငွေ့များနှင့် အတူ ပရိုတင်း လောင်ကျွမ်းနံ့များ ထွက်ပေါ်လာလေ၏။
"နင်... နင်တို့ စောင့်နေလိုက်"
"ငါနဲ့ ငါ့သူငယ်ချင်းက မစ္စတာ ဒီဗွန်ရှိုင်းယား အတွက် နဂါးနိုင်ငံမှာ ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ပေးခဲ့တဲ့သူတွေနော်... နဂါးနိုင်ငံက ကျားမ ပဋိပက္ခတွေကို လှုံ့ဆော်ပေးရာမှာ ငါတို့က အခန်းကဏ္ဍ ကြီးကြီးမားမား ပါဝင်ခဲ့တာ... အထူးသဖြင့် ယောကျာ်းတွေကို သိက္ခာချတဲ့ နေရာမှာပေါ့... ဒီတစ်ခါ နေမဝင်အင်ပါယာကို လာတာက သူ့ရဲ့ ဂုဏ်ပြုမှုကို လာခံယူတာ"
"နင်တို့လို ရိုင်းစိုင်းတဲ့ လူတွေရယ်၊ ဟို တောသားကောင်ရယ် ငါ့ခြေထောက်ကို ဒူးထောက်ပြီး လျက်လာအောင် မလုပ်နိုင်ရင်၊ ငါ့နာမည် ကျန်းလီလီ မဟုတ်တော့ဘူး"
ဘိုဂိုခရိ ခဏတာ တိတ်ဆိတ်သွား၏။
ထို့နောက် သူသည် တုန်ခါသေနတ်၏ စွမ်းအားကို အမြင့်ဆုံးသို့ တင်လိုက်ပြီး ကျန်းလီလီကို နောက်တစ်ချက် ထပ်ထိုးလိုက်လေ၏။
"အား..."
ဒီတစ်ခါတော့ ကျန်းလီလီသည် သူမဘဝတွင် အမြင့်ဆုံး ခုန်နိုင်စွမ်းဖြင့် ခုန်တက်သွားတော့သည်။ သူမ၏ ဆံပင်များ လုံးဝ ဖွာလန်ကြဲသွားလေ၏။
သို့သော် ပြန်အကျတွင် သူမ မတ်တပ်မရပ်နိုင်တော့ဘဲ ဝုန်းခနဲ လဲကျသွားတော့သည်။
ကျယ်လောင်သော အသံနှင့်အတူ ဘားဆိုင်၏ ကြမ်းပြင်သည် ငလျင်အသေးစား လှုပ်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားလေ၏။
သူမ မြေကြီးပေါ်တွင် တဆတ်ဆတ် တုန်နေသော်လည်း၊ မောက်မာနေဆဲ ဖြစ်သည်။ ဆက်လက် အော်ဟစ်ရန် ပြင်လိုက်သည်။
"နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင်၊ တုန်ခါသေနတ် နှစ်လက်နဲ့ တပြိုင်နက် အရသာ ခံခိုင်းမယ်"
ဘိုဂိုခရိက တုန်ခါသေနတ်ဖြင့် သူမ၏ မျက်နှာနားသို့ ရွယ်လိုက်မှသာ သူမ ငြိမ်ကျသွားပြီး အသံမထွက်ရဲတော့ပေ။
ထိုအချိန်မှသာ ဘိုဂိုခရိသည် မြေကြီးပေါ်တွင် လဲကျနေပြီး ညည်းညူနေကြသော လူကောင်ကြီးများ၊ အထူးသဖြင့် ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ"
"နိုင်ငံခြားသူ အမှိုက်မ တစ်ယောက်အတွက် မင်းတို့က ဘာလို့ အလုပ်လုပ်ပေးနေရတာလဲ"
ထိုအခါ၊
ခေါင်းဆောင်ဖြစ်သူက သေခါနီး ခွေးတစ်ကောင်လို မြေကြီးပေါ်တွင် ဝပ်လျက် မောဟိုက်စွာ ဖြေလိုက်သည်။
"အဲ့ဒီ မိန်းကလေး ပြောတာ အမှန်ပါပဲ... သူက မစ္စတာ ဒီဗွန်ရှိုင်းယားရဲ့ ဧည့်သည်ပါ"
"မစ္စတာ ဒီဗွန်ရှိုင်းယားက ကျွန်တော့်ကို ဖုန်းဆက်ပြီး၊ ဒီကို လာပြီး သူမ ခိုင်းတာ လုပ်ပေးဖို့ ပြောလို့ပါ"
"သူမက နဂါးနိုင်ငံသား တစ်ယောက်ရဲ့ အနိုင်ကျင့်တာ ခံရတယ် ဆိုလို့... ကျွန်တော်လည်း သိပ်အလေးမထားဘဲ လူခေါ်ပြီး လိုက်လာခဲ့တာပါ"
"နဂါးနိုင်ငံသား ဟုတ်လား"
ဘိုဂိုခရိ ယဲ့ဖန် ရှိရာသို့ လှမ်းကြည့်လိုက်ပြီး၊ ခေါင်းဆောင် လူကောင်ကြီးကို ထပ်ကန်လိုက်သည်။
"ဒါဆို မင်းက အခြေအနေကို သေချာ နားမလည်ဘဲ ငါ့ပိုင်နက်ထဲ လာပြီး ပြဿနာ လာရှာတယ်ပေါ့လေ"
"ပြီးတော့ မင်းက ကန်းနေတာလား... မြေကြီးပေါ်က ဝက်မလိုပဲ ရုပ်တင် ဝက်နဲ့တူတာ မဟုတ်ဘူး၊ ဦးနှောက်ပါ ဝက်ဦးနှောက် ဖြစ်နေတာလား... ဒီ နဂါးနိုင်ငံ ဂုဏ်သရေရှိ ဧည့်သည်တော်ရဲ့ ဘေးမှာ ထိုင်နေတဲ့ မစ္စစ် မီလီ၊ ပြီးတော့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ သခင်လေး အာဂျိုင်းဟန်ဆန်နဲ့ သခင်လေး ဝုဖ်ဂန်း တို့ကို မင်း မမြင်ဘူးလား"
"မျက်လုံးနဲ့ ဦးနှောက်ကို အသုံးမပြုတတ်ရင် လှူပစ်လိုက်စမ်းပါ"
အကန်ခံလိုက်ရသော လူကောင်ကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ ကြောင်အသွားသလို၊ တချိန်တည်းမှာပင် အသိပြန်ဝင်လာသည်။
ခုနက သူ့ကို ရိုက်နှက်လိုက်သော ကောင်မလေးနှင့် လူငယ်၊ ပြီးတော့ နောက်ကွယ်က ဆရာသမားကို ခေါ်ခိုင်းလိုက်သော လူတို့ကို သူ နောက်ဆုံးတော့ သတိရသွားပြီ။
မီလီ - ဖော့ခ်စီးတီးရဲ့ နာမည်ကြီး စုန်းမလေး။
ဝုဖ်ဂန်း - ဖော့ခ်စီးတီးရဲ့ သခင်လေး (၃) ယောက်ထဲက တစ်ယောက်၊ သူ့မိသားစုမှာ အာလ် (Earl) အဆင့် ရှိပြီး၊ အဘိုးက အန်းကျူ မြို့စားကြီး။
အာဂျိုင်းဟန်ဆန် - သူလည်း ဖော့ခ်စီးတီး သခင်လေး (၃) ယောက်ထဲက တစ်ယောက်၊ အာဂျိုင်း မိသားစုရဲ့ အနာဂတ် ဆက်ခံသူ။
ထိုကောင်လေးက ဒီလူတွေနှင့် အတူတူ ထိုင်ပြီး၊ အလယ်မှာ နေရာယူထားသည် ဆိုမှတော့၊ သူ့ရဲ့ အဆင့်အတန်းကို ခန့်မှန်းကြည့်လို့ ရနေပြီ ဖြစ်၏။
ဘိုဂိုခရိ ဘာကြောင့် ဒီလို သဘောထားမျိုး ရှိနေရသလဲ ဆိုတာ အံ့ဩစရာ မဟုတ်တော့ပေ။
"ဝက်မ... နင် ငါ့ကို ဒုက္ခပေးပြီ"
လူကောင်ကြီး၏ ရင်ထဲ အေးစက်သွား၏။ သူ မနေနိုင်တော့ဘဲ ကျန်းလီလီ၏ မျက်နှာကို ကန်ထည့်လိုက်မိသည်။
—
အခန်း (၁၉၈၆) - မင်းက တော်တော် မောက်မာတာပဲ ကောင်လေး
~"အား..."
ကျန်းလီလီ ထပ်မံ အော်ဟစ်လိုက်သည်။ တချိန်တည်းမှာပင် သူမ ဝမ်းနည်းပြီး ဒေါသထွက်လာသည်။
"ငါ အထိုးခံရတုန်းက ဝင်မကူညီတာ ထားပါတော့... အခု နင်ကပါ ငါ့ကို ဝင်ကန်နေတယ် ဟုတ်လား"
"နင် စောင့်နေ... မစ္စတာ ဒီဗွန်ရှိုင်းယားနဲ့ တွေ့ရင် နင့်အကြောင်း တိုင်ပြောမယ်"
"တောက်..."
လူကောင်ကြီး သူမကို ထပ်ကန်လိုက်ပြန်သည်။
"နွားမ... မသေချင်ရင် မစ္စတာ ဒီဗွန်ရှိုင်းယားကို အခုချက်ချင်း ဖုန်းခေါ်ပြီး လာခိုင်းလိုက်စမ်း"
ကျန်းလီလီမှာ လျှပ်စစ်ရှော့ ရထားသည့်အပြင် အကန်ပါ ခံထားရသဖြင့် ကြောင်တောင်တောင် ဖြစ်နေ၏။ နောက်ထပ် ကန်ချက် တစ်ချက် ထပ်ထိမှန်သွားသောအခါ သူမ အလိုအလျောက် ပြောလိုက်မိသည်။
"မစ္စတာ ဒီဗွန်ရှိုင်းယားကို လာခိုင်းရမယ် ဟုတ်လား"
လူကောင်ကြီး သူမကို ဆက်တိုက် ကန်ကျောက်နေ၏။ ကန်ရင်းနှင့် ဆဲဆိုနေလေ၏။
"မင်း အခြေအနေကို မမြင်သေးဘူးလား"
...
"မင်း သွားရန်စမိတဲ့ နဂါးနိုင်ငံသားက ငါတို့ သွားထိလို့မရတဲ့ ပုဂ္ဂိုလ်မျိုးကွ... မစ္စတာ ဒီဗွန်ရှိုင်းယား မလာရင် ဒီနေ့ ငါတို့ အကုန် သေကုန်ကြလိမ့်မယ်"
"ဖုန်း မြန်မြန်ခေါ်စမ်း"
ကျန်းလီလီ ယဲ့ဖန်ကို လှည့်ကြည့်လိုက်သည်။
ယဲ့ဖန်က သူမကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖန် အပြင်၊ ဝုဖ်ဂန်း၊ အာဂျိုင်းဟန်ဆန်၊ မီလီ နှင့် ဘိုဂိုခရိ အပါအဝင် ဘားဆိုင် လုံခြုံရေးများ အားလုံးက သူမကို အသေကောင် တစ်ကောင်ကို ကြည့်သလို အေးစက်စွာ ကြည့်နေကြသည်။
ကျန်းလီလီ တုန်လှုပ်သွား၏။
သူမ အကြည့်ကို အမြန် ပြန်ရုတ်သိမ်းလိုက်ပြီး ဖုန်းကို ထုတ်ကာ၊ မစ္စတာ ဒီဗွန်ရှိုင်းယား၏ နံပါတ်ကို ရှာပြီး ခေါ်ဆိုလိုက်လေ၏။
ဖုန်းဝင်သွားသည်နှင့် တပြိုင်နက်၊ သူမ၏ မပီကလာ အင်္ဂလိပ်စာဖြင့် အကူအညီ တောင်းလိုက်တော့သည်။
"မစ္စတာ ဒီဗွန်ရှိုင်းယား... ကယ်ပါဦး"
"အဲ့ဒီ နဂါးနိုင်ငံသားက ဒီဘားဆိုင်က လုံခြုံရေးတွေကို သိပုံရတယ်... လူ (၂၀) (၃၀) လောက် ခေါ်ပြီး ကျွန်မတို့ကို ဝိုင်းရိုက်နေကြတယ်"
"ရှင့်နာမည် ပြောတာတောင် သူတို့က ဂရုမစိုက်ဘူး... တုန်ခါသေနတ်တွေ ထုတ်ပြီး ကျွန်မတို့ကို ထိုးကြတယ်... ရှင် ကိုယ်တိုင်လာမှ မျက်နှာသာ ပေးမယ်လို့ ပြောနေကြတယ်"
"ဒီလူတွေက ရှင့်ကို နည်းနည်းလေးမှ အဖက်မလုပ်ကြဘူး..."
သူမက အမှန်တရားကို လိုရာဆွဲပြီး မီးလောင်ရာ လေပင့် ပြောဆိုလိုက်ရာ၊ ဖုန်းတစ်ဖက်ခြမ်းမှ မစ္စတာ ဒီဗွန်ရှိုင်းယား ဒေါသထွက်သွားပုံ ရသည်။
သူ ဖုန်းထဲမှနေ၍ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"စပီကာ ဖွင့်လိုက်စမ်း... ငါ့ကို မျက်နှာသာ မပေးတဲ့လူတွေ ငါပြောတာ ကြားရအောင် လုပ်လိုက်"
ကျန်းလီလီ ကျောထောက်နောက်ခံ ရသွားသလို ခံစားလိုက်ရသည်။
သူမ စပီကာ ဖွင့်လိုက်ပြီး ယဲ့ဖန်၊ မီလီ၊ အာဂျိုင်းဟန်ဆန်၊ ဝုဖ်ဂန်း၊ ဘိုဂိုခရိ နှင့် အခြားသူများကို ပြောလိုက်သည်။
"မစ္စတာ ဒီဗွန်ရှိုင်းယား အရမ်း ဒေါသထွက်နေပြီ... သူ ရှင်တို့နဲ့ စကားပြောချင်တယ်တဲ့"
ယဲ့ဖန် သိပ်ဂရုမစိုက်ပေ။
ဝုဖ်ဂန်းက အရင် စကားပြောလိုက်သည်။
"ငါ ဝုဖ်ဂန်းပါ... မင်းက ဒီဗွန်ရှိုင်းယား မိသားစုက ဘယ်ကောင်လဲ"
"ဝု.. ဝုဖ်ဂန်း..."
ဖုန်းတစ်ဖက်ခြမ်းမှ ရန်လိုနေသော မစ္စတာ ဒီဗွန်ရှိုင်းယားမှာ ထိုနာမည်ကို ကြားလိုက်ရသောအခါ လေသံ ပျော့သွားလေ၏။
"ဝုဖ်ဂန်း... မင်းက ဘာလို့ အဲ့ဒီမှာ ရောက်နေတာလဲ... ငါ့ဧည့်သည် ပြောတာတော့ သူ့ကို အနိုင်ကျင့်တာက နဂါးနိုင်ငံသား တစ်ယောက်နဲ့ ဘားဆိုင် လုံခြုံရေး တစ်ယောက် ဆို..."
"မေးခွန်းတွေ လာမထုတ်နဲ့... မင်း ဘယ်သူလဲ ဆိုတာ အရင်ပြော"
ဝုဖ်ဂန်း သူ့ကို မျက်နှာသာ လုံးဝ မပေးပေ။
"ငါတို့က ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ မျိုးဆက်သစ် အမာခံတွေနဲ့ အရမ်း ရင်းနှီးတယ်... သူတို့ အသံက မင်းလို မဟုတ်ပါဘူး"
"အဟမ်း... ငါက ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစုရဲ့ ဘေးထွက် မျိုးနွယ်ပါ... ငါ့အဘိုးက မြို့စားကြီးရဲ့ ညီလေ... ငါက ဒီဗွန်ရှိုင်းယား အိုင်ဗင် (Ivan) ပါ... အရင်က CBC မှာ လုပ်ဖူးတယ်"
"ဪ... ဒီလူ့အန္ဓ မိန်းကလေးရဲ့ နောက်ခံလူက မင်း ဖြစ်နေတာကိုး... ဒါဆိုရင်တော့ ငါ့ယောက်ဖရဲ့ ဒေါသပြေအောင် လုပ်ပေးဖို့ နည်းလမ်းကို အမြန်ဆုံး စဉ်းစားထားလိုက်တော့"
ဝုဖ်ဂန်း သူ့နာမည် ကြားတော့ ရယ်မောလိုက်သည်။
ဒီဗွန်ရှိုင်းယား မြို့စားကြီး မိသားစု ၏ ဘေးထွက် မျိုးနွယ်နှင့် တကယ့် မျိုးဆက်သစ် ဆိုတာ ကွာခြားချက်က မိုးနှင့် မြေလိုပင်။
သူရယ်၊ မီလီရယ်၊ အာဂျိုင်းဟန်ဆန်ရယ် အနေနှင်ြ လုံးဝ ကြောက်စရာ မလိုပေ။ ဘာရွန် အသေးစားလေး တစ်ယောက်လောက်ကို ထည့်တွက်စရာ မလိုပေ။
သူတို့က မှူးမတ်တွေကြားထဲမှာ အကြွင်းအကျန်တွေသာ ဖြစ်သည်။
"မင်းရဲ့ ယောက်ဖ ဟုတ်လား"
ဒီဗွန်ရှိုင်းယား အိုင်ဗင် အခြေအနေကို နားမလည်သေးပုံ ရသည်။ ဝုဖ်ဂန်းမှာ နောက်ထပ် ယောက်ဖ တစ်ယောက် ရှိသေးတာလား ဆိုပြီး ဇဝေဇဝါ ဖြစ်သွား၏။
"အခြေအနေကို သေချာ နားမလည်ဘဲ လူလွှတ်ပြီး ထင်ရာစိုင်းခိုင်းရဲတယ် ပေါ့လေ... မင်းက တော်တော် မောက်မာတာပဲ ကောင်လေး"
ဝုဖ်ဂန်း မထီမဲ့မြင် ပြုံးလိုက်သည်။
"ဟုတ်တယ်... မင်း ခိုင်းလိုက်တဲ့ ဝက်မကြီးက ဒီနေ့ ငါ့ယောက်ဖကို ရန်စလိုက်တယ်"
"ပြီးတော့ မီလီ ရယ်၊ အာဂျိုင်းဟန်ဆန် ရယ်၊ ငါရယ် သူ့ကို ဧည့်ခံပြီး သောက်မလို့ လုပ်တုန်း၊ မင်းလူတွေက ပြဿနာ လာရှာကြတယ်"
"ဒါပဲ... ပြောစမ်းပါဦး... မင်း အနေနဲ့ ငါ့ယောက်ဖ ရယ်၊ မီလီ ရယ်၊ အာဂျိုင်းဟန်ဆန် ရယ်ကို ကျေနပ်လောက်တဲ့ ရှင်းလင်းချက် ပေးသင့်တယ် မဟုတ်ဘူးလား"
—