← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အပိုင်း ၄၅၄ : မစ္စတာယဲ့ကိုလက်ထပ်ပြီး အိမ်ခေါ်လာခြင်း

ယဲ့ချန်းနှင့် လီသုန်းတို့ ဘီယာတစ်ဖာလောက် သောက်ဖြစ်ခဲ့ကြသည်။

လီသုန်းမှာ မူးနေပြီဖြစ်သော်လည်း ယဲ့ချန်းကတော့ အဆင်ပြေနေဆဲပင်။

"ယဲ့ချန်း... တကယ်ကျေးဇူးတင်တယ်ကွာ။ ငါ တော်တော်လေး စိတ်ညစ်နေခဲ့တာ။ အခုတော့ အများကြီးသက်သာသွားပြီ"

"ဟားဟား... ငါတို့တွေက ညီအစ်ကိုတွေပဲ။ ဒီလိုစကားတွေ ပြောနေစရာ မလိုပါဘူး။ ပြီးတော့ မင်း စုန့်လီဖေးနဲ့ မရလိုက်တာက ဆိုးဝါးတဲ့ကိစ္စ မဟုတ်ဘူးဆိုတာ ငါ အာမခံရဲတယ်"

"မင်း ဘာကိုဆိုလိုတာလဲ"

လီသုန်း ခေတ္တမျှကြောင်အသွားသည်။

ယဲ့ချန်းက စနစ်ကိုအသုံးပြု၍ စုန့်လီဖေး၏ ဟန်ဆောင်မှုရမှတ်ကို စစ်ဆေးကြည့်လိုက်လေရာ ၉၉မှတ်အထိ မြင့်မားနေကြောင်း တွေ့လိုက်ရသည်။

ဒါက ဘာကိုဆိုလိုလေသလဲ။

စုန့်လီဖေး၏ဘဝက အလွန်ရှုပ်ထွေးလှသည်။

အရက်သောက်ပြီးနောက် ယဲ့ချန်းက ကျသင့်ငွေကိုရှင်းပြီး လီသုန်းကို အိမ်ပြန်ပို့ပေးခဲ့သည်။

နောက်တစ်နေ့ ယဲ့ချန်း အိပ်ရာကနိုးနိုးချင်း လီသုန်းထံမှ ဖုန်းဝင်လာသည်။

"ယဲ့ချန်း... ကိစ္စကြီးတစ်ခုဖြစ်နေပြီ"

"ဘာဖြစ်လို့လဲ"

ယဲ့ချန်းက မေးလိုက်သည်။

"ငါ့အမေက ဆေးရုံမှာ အလုပ်လုပ်တယ်လေ။ စုန့်လီဖေး ဆစ်ဖလစ်ကာလသားရောဂါ လာစစ်တာကို တွေ့လိုက်တယ်တဲ့။ ရောဂါရှိတာလည်း အတည်ပြုလိုက်ပြီတဲ့"

"သြော်"

ယဲ့ချန်း၏ နှုတ်ခမ်းထောင့်စွန်းကား အနည်းငယ် ကွေးတက်သွားသည်။

ဤကဲ့သို့သောကိစ္စမျိုးကို ယဲ့ချန်း မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် အံ့သြစရာတော့ မဟုတ်ပါချေ။

ယဲ့ချန်းက သူ့လူမှုကွန်ရက်ကို ဖွင့်ကြည့်လိုက်လေရာ ကျန်းချန်က သူ့အချစ်ရေးကို ကြွားလုံးထုတ်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။

"ဒီရက်ပိုင်း အသားတွေအရမ်းစားမိလို့ အပူကန်ချင်သလို ဖြစ်နေတယ်။ တစ်ကိုယ်လုံးလည်း အရည်ကြည်ဖုတွေချည်းပဲ"

ထိုပို့စ်ကိုကြည့်ပြီး ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။

ထိုအရည်ကြည်ဖုများမှာ အပူကန်၍ ထွက်လာခြင်းမဟုတ်ပါဘဲ ထိုရောဂါ၏လက္ခဏာပင်။

ယဲ့ချန်းလည်း မှတ်ချက်ဝင်ရေးလိုက်သည်။

"အပူကန်မှ အရည်ကြည်ဖုထွက်တာ မဟုတ်ဘူးနော်။ တချို့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်တယ်။ မန်နေဂျာကျန်း... ခင်ဗျား ဆေးသွားစစ်ကြည့်တာ ပိုကောင်းမယ်ထင်တယ်"

ယဲ့ချန်း၏မှတ်ချက်ကို မြင်သောအခါ ကျန်းချန်၏ရင်ထဲ ဟာခနဲဖြစ်သွားသည်။

မကြာခင်မှာပင် ကျန်းချန်က ယဲ့ချန်းကို ပြန်ဖြေလိုက်၏။

"ယဲ့ချန်း... မင်းပြောတာ ဘာအဓိပ္ပာယ်လဲ"

ယဲ့ချန်းက ပြန်ဖြေလိုက်၏။

"ဆေးရုံမှာ စုန့်လီဖေးကို တွေ့လိုက်တယ်။ သူ ဆစ်ဖလစ်ကာလသားရောဂါ လာစစ်တာနဲ့ တူတယ်။ အဲဒီတော့ ခင်ဗျားရဲ့ ရောဂါလက္ခဏာတွေနဲ့ဆိုရင် ခင်ဗျား မလုပ်သင့်တာတစ်ခုခုများ လုပ်မိခဲ့သလားဆိုတာ စဉ်းစားသင့်တယ်"

ကျန်းချန်လည်း စုန့်လီဖေးထံသို့ ဖုန်းခေါ်လိုက်သည်။

"စုန့်လီဖေး... ယဲ့ချန်းက မင်း ဆေးရုံမှာ ဆစ်ဖလစ်ကာလသားရောဂါ လာစစ်တာကို တွေ့ခဲ့တယ်တဲ့။ ဘယ်လိုဖြစ်တာလဲ"

ထိုစကားကို ကြားပြီးနောက် စုန့်လီဖေးက ဘာမှ ပြန်မပြောပေ။

တစ်ဖက်က တိတ်ဆိတ်နေသောအခါ ကျန်းချန်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားလေသည်။

"စုန့်လီဖေး... တကယ်ကြီးတော့ မဟုတ်ဘူးမလား။ သောက်ကျိုးနည်း... တစ်ခုခုပြောလေ"

စုန့်လီဖေးက အေးတိအေးစက် ပြောလိုက်သည်။

"အမှန်ပဲ။ ကျွန်မ ကာလသားရောဂါရှိနေတာ အတည်ပြုပြီးပြီ"

"မင်း... ခွေးမ... ငါ့ကို သက်သက်ဒုက္ခပေးတာပဲ"

စုန့်လီဖေးက အေးစက်စက် နှာမှုတ်လိုက်၏။

"ဒုက္ခပေးတော့ရော ဘာဖြစ်လဲ။ ဒါက နှစ်ဦးသဘောတူလို့ လုပ်ကြတာလေ။ ရှင်လည်း သာယာခဲ့တာပဲ မဟုတ်လား"

"ငါ..."

ကျန်းချန်ခမျာ ဒေါသပေါက်ကွဲလုမတတ် ဖြစ်သွားသည်။

ကျန်းချန်က ထပ်ဆဲချင်သေးသော်လည်း တစ်ဖက်က ဖုန်းချသွားပြီဖြစ်၏။

ကျန်းချန်တစ်ယောက်တည်းသာ ဒေါသတကြီး ဆဲဆိုရင်း ကျန်ရစ်ခဲ့သည်။

ထိုအချိန်တွင် ဝေ့ရွှင်းဂရုချက်တစ်ခု ရုတ်တရက် လင်းလာသည်။

ယဲ့ချန်းက ဂရုထဲတွင် စာတစ်စောင်တင်လိုက်သည်။

"ငါတို့မန်နေဂျာကျန်း အဆိပ်မိသွားတယ်လို့ ကြားတယ်။ ကဲ... လုပ်ဖော်ကိုင်ဖက်တွေဆိုတော့ မန်နေဂျာကျန်းအပေါ် ဂရုစိုက်တဲ့ အနေနဲ့ တစ်ယောက်ကို တစ်ကျပ်စီအလှူခံပေးမယ်"

ကျန်းချန် သည်းမခံနိုင်သောကိစ္စမှာ လူအများအပြားက ထိုစာကို မှတ်ချက်ပေးကြခြင်းပင်။

"ထောက်ခံတယ်။ မန်နေဂျာကျန်း မြန်မြန် နေကောင်းပါစေလို့ ဆုတောင်းပေးပါတယ်"

"ဘယ်လို အဆိပ်မျိုးလဲ။ ဘာပဲဖြစ်ဖြစ် ထောက်ခံတယ်"

...

လီသုန်းက ယဲ့ချန်းထံသို့ စာတစ်စောင် ပို့လိုက်သည်။

"ယဲ့ချန်း... မင်းက တော်တော်ဆိုးတာပဲ။ ဟားဟား... ကျန်းချန်တော့ ရူးနေလောက်ပြီ"

ယဲ့ချန်းကလည်း ခပ်ဖွဖွ ပြုံးလိုက်၏။

"ငါ့ညီအစ်ကိုကို လာအနိုင်ကျင့်မှတော့ ကျန်းချန်လည်း သူ့ထိုက်နဲ့သူကံပဲပေါ့။ ဒါနဲ့ နောက်ထပ် ကြည့်ကောင်းတဲ့ပြဇာတ်တွေ လာဦးမှာ"

ကျန်းချန်ခမျာ အံတင်းတင်းကြိတ်ရင်း ဆေးရုံသို့သွားရန် ပြင်ဆင်လိုက်သည်။

တံခါးဖွင့်လိုက်သည်နှင့် ရဲနှစ်ယောက်က သူ့ရှေ့တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။

"ကျန်းချန်... ပြည်သူ့ဘဏ္ဍာငွေအလွဲသုံးစားလုပ်မှုနဲ့ မင်းကို ဖမ်းဆီးလိုက်ပြီ"

ကျန်းချန် : "..."

အေးစက်နေသော လက်ထိပ်ကို ကြည့်ရင်း ကျန်းချန်မှာ ခါးသက်သက်ငိုကြွေးတော့သည်။

ဘာတွေဖြစ်ကုန်တာလဲ။ အဲဒီခွေးမ စုန့်လီဖေးနဲ့ တွဲပြီးကတည်းက ကံဆိုးမှုတွေက သူ့နောက်ကို တကောက်ကောက်လိုက်နေတော့တာပဲ....

နောက်တစ်နေ့တွင် ယဲ့ချန်းထံသို့ မုန့်ဝမ်ထင်က ဖုန်းခေါ်လာသည်။

ဖုန်းကိုင်လိုက်သည်နှင့် ရှောင်မေ့၏အသံကို ကြားလိုက်ရသည်။

"မွေးစားဖေဖေ... သမီး ရှောင်မေ့ပါ။ မနက်ဖြန် အားလားဟင်။ ရှောင်မေ့က မွေးစားဖေဖေကို လွမ်းနေလို့"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်၏။

"အားပါတယ်။ မနက်ဖြန် လာကစားပေးမယ်နော် ဟုတ်ပြီလား"

ရေစက်ကြောင့်လေလား။ ယဲ့ချန်းမှာ ရှောင်မေ့ကို အလွန်ချစ်စရာကောင်းသည်ဟု မြင်မိသည်။ မုန့်ဝမ်ထင်ကလည်း လူကောင်းတစ်ယောက်ပင်။

"ဟုတ်ကဲ့... ဟုတ်ကဲ့"

ထိုအခိုက်တွင် မုန့်ဝမ်ထင်က ဖုန်းကို လွှဲယူလိုက်သည်။

"မစ္စတာယဲ့... တကယ်အားနာပါတယ်။ ရှောင်မေ့က ဇွတ်အတင်းဖုန်းခေါ်ခိုင်းနေလို့"

ယဲ့ချန်းက ပြုံးလျက် ပြောလိုက်သည်။

"ရပါတယ်။ တိရစ္ဆာန်ရုံ သွားကြမလား"

"ကောင်းသားပဲ။ ရှောင်မေ့ကလည်း သွားချင်နေတာ"

မုန့်ဝမ်ထင်က တောင်းပန်လေဟန်ဖြင့် ပြောလိုက်သည်။

"တကယ်အားနာပါတယ်။ ရှင့်ကို အမြဲဒုက္ခပေးနေမိသလိုပဲ"

ယဲ့ချန်းက ပြုံးလိုက်ပြန်သည်။

"ကိစ္စမရှိပါဘူး။ ကိုယ်လည်း အားနေတာနဲ့ အတော်ပဲ"

နောက်တစ်နေ့တွင် ယဲ့ချန်းက မုန့်ဝမ်ထင်နှင့် ရှောင်မေ့တို့ကို ကားဖြင့်သွားကြိုကာ တိရစ္ဆာန်ရုံသို့ မောင်းသွားခဲ့သည်။

တိရစ္ဆာန်ရုံထဲသို့ရောက်သော် ရှောင်မေ့ခမျာ ပျော်ရွှင်နေသော နတ်သမီးလေးတစ်ပါးအလားပင်။

"မွေးစားဖေဖေ... ဟိုနားက ဝတုတ်တုတ်ပန်ဒါလေးကို ကြည့်ပါဦး။ ချစ်စရာလေးနော်"

"ဟေး... ဟိုကျားကြီးတွေက ဘာလို့ မှိုင်တိုင်တိုင် ဖြစ်နေကြတာလဲ"

...

ယဲ့ချန်းနှင့် မုန့်ဝမ်ထင်တို့က ရှောင်မေ့ကို အဖော်ပြုပေးရင်း မွန်းတည့်ချိန်အထိ တိရစ္ဆာန်ရုံထဲတွင် လျှောက်လည်ကြသည်။

မွန်းတည့်ချိန်တွင် သူတို့သုံးယောက်သား ပန်းခြံနားရှိ စားသောက်ဆိုင်တစ်ဆိုင်သို့ သွားစားခဲ့ကြသည်။

စားသောက်ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် အနားရှိ စားပွဲဝိုင်းတစ်ခုမှ လူတချို့ကို မြင်သောအခါ မုန့်ဝမ်ထင် မျက်နှာနည်းနည်းပျက်သွားသည်။

တစ်ဖက်လူကလည်း မုန့်ဝမ်ထင်ကို မြင်သွားသည်။

မုန့်ဝမ်ထင်က အမြန်မတ်တတ်ထရပ်လိုက်၏။

"မင်္ဂလာပါ ဥက္ကဋ္ဌချန်း... ကျွန်မက ကလေးနဲ့အတူ နေ့လယ်စာလာစားတာ။ တိုက်ဆိုင်လိုက်တာနော်"

"သြော်... မင်္ဂလာပါ။ ဘေးက တစ်ယောက်က ဘယ်သူလဲ"

ဥက္ကဋ္ဌချန်းက ယဲ့ချန်းကို မြင်သောအခါ အံ့အားသင့်သွားလေသည်။

"သူက ကျွန်မမိတ်ဆွေပါ"

မုန့်ဝမ်ထင်က ပြန်ဖြေသည်။

ဥက္ကဋ္ဌချန်းက အသက်ပြင်းပြင်း တစ်ချက်ရှူပြီး ပြုံးလိုက်၏။

"ဝမ်ထင်... မင်းမိတ်ဆွေကို အဖော်လုပ်ပေးလိုက်ပါ။ ငါတို့ကို အားမနာနဲ့"

ယဲ့ချန်းနှင့် မုန့်ဝမ်ထင်တို့ ဟင်းပွဲမှာပြီးသွားချိန်မှာပင် ဥက္ကဋ္ဌချန်းက လူတချို့ကို ခေါ်ကာ ရောက်လာခဲ့သည်။

မုန့်ဝမ်ထင်မှာ အံ့ဩမှင်တက်သွားလေသည်။ သူ(မ)၏လူမှုရေးလွှမ်းမိုးမှုက ဘယ်တုန်းကတည်းကများ အလွန်ကြီးမားသွား၍များ ဥက္ကဋ္ဌချန်းကိုယ်တိုင်ကိုယ်ကျ အရက်လာတိုက်ရလေသလဲ။

သို့သော် မကြာခင်မှာပင် သူ(မ)အထင်မှားသွားကြောင့် သဘောပေါက်လိုက်သည်။

ဥက္ကဋ္ဌချန်းက သူ(မ)ဆီသို့ ရောက်လာခြင်းမဟုတ်ပါဘဲ ယဲ့ချန်းဆီသို့ ရောက်လာခြင်းသာ။

"မစ္စတာယဲ့ မင်္ဂလာပါ ကျွန်တော်က တာ့ဖန်စက်မှုလုပ်ငန်းရဲ့ပိုင်ရှင် ချန်းချန်ဖာ့ပါ။ ဝမ်ထင်က ကျွန်တော့်ဝန်ထမ်းပါဗျ။ တွေ့ရတာဝမ်းသာပါတယ်"

ယဲ့ချန်း ခဏစဉ်းစားကြည့်လိုက်သော်လည်း ထိုလူ့ကို လုံးဝမသိပေ။

ချန်းချန်ဖာ့မှာ နေရခက်ခက်ဖြင့် ရယ်မောလိုက်သည်။

"စွန့်ဦးတီထွင်သူလုပ်ငန်းရှင်များအစည်းအဝေးမှာ ခင်ဗျားရဲ့ ဩဇာညောင်းမှုကို မြင်ခဲ့ရပါတယ်။ ကျွန်တော် ခင်ဗျားကို လိပ်စာကတ်တောင် ပေးခဲ့သေးတယ်"

ရိုးရိုးသားသားပြောရလျှင် ယဲ့ချန်း မမှတ်မိချေ။

ထိုနေ့တုန်းက သူ့ကို လိပ်စာကတ်ပေးခဲ့သူများက အလွန်များလွန်းလှသဖြင့် ယဲ့ချန်းလည်း ထိုကတ်များအားလုံးကို အမှိုက်ပုံးထဲသို့ ထည့်ပစ်လိုက်သည်။

"ဪ.. မင်္ဂလာပါ"

သို့တိုင် ယဲ့ချန်းမှာမူ တည်တည်ငြိမ်ငြိမ်ဖြင့် တစ်ဖက်လူနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။

အရက်သောက်ပြီးနောက် ချန်းချန်ဖာ့က ရယ်မောလိုက်သည်။

"ဝမ်ထင်.. ငါတို့ရဲ့လူထုဆက်ဆံရေးဌာနမှာ ဝန်ကြီးနေရာ လစ်လပ်နေတယ်။ အလုပ်ပြန်ဝင်ရင် အဲဒီအတွက် စာရွက်စာတမ်းတွေ ပြင်ထားလိုက်တော့"

မုန့်ဝမ်ထင်ခမျာ အံ့ဩမှင်တက်သွားချေသည်။ ယဲ့ချန်း၏အဆင့်အတန်းက ဤမျှအထိ ခမ်းနားကြီးကျယ်လိမ့်မည်ဟု သူ(မ) ထင်မထားပေ။

ဥက္ကဋ္ဌချန်းက သူ(မ)ကို ယဲ့ချန်း၏မိတ်ဆွေဖြစ်နေသောကြောင့် ရာထူးတိုးပေးလိုက်ခြင်းပင်။

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို ဝမ်ထင့်ကိုယ်စား ဥက္ကဋ္ဌချန်းကို ကျေးဇူးတင်ပါတယ်ဗျာ"

ယဲ့ချန်း၏စကားကိုကြားသော် ချန်းချန်ဖာ့ အလွန်ဝမ်းသာသွားသည်။

ချန်းချန်ဖာ့က ယဲ့ချန်းသည် မည်မျှကြီးကျယ်ခမ်းနားသော ဒိတ်ဒိတ်ကြဲသူဌေးဖြစ်ကြောင်း နားလည်ထားပြီးဖြစ်လေရာ သူနှင့် တွေ့ဆုံခွင့်ရပြီး ဝန်ကြီးရာထူးကို ချက်ချင်းရရှိသွားခြင်းမှာ မည်မျှအထိ ကံကောင်းသလဲဆိုသည်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်ရသည်။

မုန့်ဝမ်ထင်မှာ ယဲ့ချန်းအကြောင်း ပိုသိချင်သွားသည်။

ဤလူ့နောက်ခံက ဘာများလဲ။ ဥက္ကဋ္ဌချန်းကိုယ်တိုင် သူ့ကို မျက်နှာလိုမျက်နှာရလုပ်ရလောက်အောင်အထိ သူ့နောက်ခံက မည်မျှခမ်းနားနေရသလဲ။

စားသောက်ပြီးနောက် ယဲ့ချန်းက ကျသင့်ငွေကို ရှင်းရန် ရည်ရွယ်ထားသော်လည်း ချန်းချန်ဖာ့က ရှင်းပြီးသွားပြီဖြစ်၏။

ယဲ့ချန်းလည်း ဥက္ကဋ္ဌချန်းကိုနှုတ်ဆက်ကာ ကျေးဇူးတင်စကားပြောပြီးနောက် သုံးယောက်သား စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။

အားအင်များ ပြည့်ဝနေဆဲဖြစ်သော ရှောင်မေ့က မေးလိုက်သည်။

"မွေးစားဖေဖေ ဒီနေ့လယ်ကျရင် ဘာကစားကြမလဲ"

မုန့်ဝမ်ထင်က ပြောလိုက်၏။

"ဒီနေ့လယ်တော့ မရဘူး။ သမီး ပန်းချီသင်တန်းသွားရဦးမယ်လေ"

"မသွားပါဘူး။ သမီးက မွေးစားဖေဖေနဲ့ ကစားချင်တာ"

ယဲ့ချန်းက ပြောလိုက်သည်။

"ရှောင်မေ့… လိမ္မာတယ်နော်။ သမီးအလိမ္မာလေးဆိုရင် မေ့မေ့စကားနားထောင်နော်။ ပန်းချီသင်တန်းတက်ရမယ်နော်။ မွေးစားဖေဖေ အားတဲ့အချိန်ကျရင် သမီးကို ကစားကွင်းလိုက်ပို့ပေးမယ်"

"ဟုတ် ကတိနော်"

ယဲ့ချန်းနှင့် ရှောင်မေ့တို့ ကတိကဝတ်လုပ်လိုက်ကြသည်။ ထို့နောက် သားအမိနှစ်ယောက်ကို အိမ်ပြန်ပို့ပေးလိုက်သည်။

ယဲ့ချန်း ကားမောင်းထွက်သွားသည်ကို ကြည့်ရင်း ရှောင်မေ့က မုန့်ဝမ်ထင်ကို ရုတ်တရက်ပြောလိုက်လေသည်။

"မေမေ… မွေးစားဖေဖေကို ဘယ်တော့မှ အိမ်ခေါ်လာမှာလဲဟင်"

ရှောင်မေ့၏စကားကို ကြားသောအခါ မုန့်ဝမ်ထင်၏မျက်နှာကား ချက်ချင်းဆိုသလို နီမြန်းသွားသည်။

••••••••••••••

အပိုင်း ၄၅၅ : ပိုက်ဆံလာချေးသည့်ဆွေမျိုးများ

ယဲ့ချန်လည်း သူ့အိမ်ဟောင်းလေးဆီသို့ ကားမောင်းလာခဲ့သည်။

အစတုန်းက ယဲ့ချန်းသည် သူ့မိဘများကို ဗီလာတစ်ခုတွင် နေထိုင်ရန် စီစဉ်ပေးခဲ့သော်လည်း သူတို့က ထိုနေရာမျိုးနှင့် မနေတတ်ကြောင်းနှင့် အိမ်ဟောင်းမှာသာ ပိုနေပျော်ကြောင်း ဆိုပေသည်။

ယဲ့ချန်းလည်း ဘာမှမတတ်နိုင်သဖြင့် သဘောတူလိုက်ရတော့သည်။

ယဲ့ချန်း အိမ်ပြန်ရောက်သောအခါ သူ့မိဘနှစ်ပါးက တစ်ခုခုကို စိုးရိမ်ပူပန်နေပုံပေါ်ကြောင်း တွေ့လိုက်ရသည်။

"အဖေနဲ့အမေ... ဘာဖြစ်လို့လဲ"

ယဲ့ချန်းက နားမလည်နိုင်ဟန်ဖြင့် မေးလိုက်သည်။

ဖခင်ဖြစ်သူက ဆို၏။

"ဟူး... ဒီဆွေမျိုးတွေက မင်းအောင်မြင်နေမှန်း ဘယ်လိုကနေ ဘယ်လို သတင်းရသွားလဲ မသိပါဘူး။ အခု အကုန်လုံးက ပိုက်ဆံလာချေးနေကြတယ်"

ယဲ့ချန်းလည်း အခြေအနေကို နားလည်သွားသည်။ အလှမ်းဝေးသော ဆွေမျိုးများက သူ ကျောင်းဖွင့်ထားကြောင်း တီဗီတွင် မြင်သွားပြီးနောက် ပိုက်ဆံလာချေးကြခြင်း ဖြစ်ပေလိမ့်မည်။

လင်မယားနှစ်ယောက်က ပုံမှန်ဆိုလျှင် အရှက်သိက္ခာရှိသူများဖြစ်သဖြင့် သိက္ခာကို အလေးထားကြသည်။

ထို့ကြောင့် မည်သို့ငြင်းပယ်ရမည်ကို မသိကြခြင်းပင်။

အကြောင်းအရင်းကို ကြားသိပြီးနောက် ယဲ့ချန်းက ပြောလိုက်၏။

"စိတ်မပူပါနဲ့... သူတို့ကို လာခိုင်းလိုက်။ ကျွန်တော်ပဲ ကြည့်ရှင်းလိုက်ပါ့မယ်"

"မင်း အဆင်ပြေပါ့မလား။ အဆင်မပြေရင် အဖေ့ရဲ့အငြိမ်းစားပင်စင်စုကြေးလေးတွေပဲ ထုတ်ပေးလိုက်မယ်"

သူ့အဖေက အံတင်းတင်းကြိတ်လျက် ဆိုလိုက်လေသည်။

ယဲ့ချန်းက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

"အဖေကလည်း... သူတို့က ကျွန်တော့်ဆီက ချေးမှာ။ အဖေတို့ဆီက မဟုတ်ဘူး။ စိတ်မပူပါနဲ့။ ကျွန်တော် ဖြေရှင်းနိုင်ပါတယ်"

နောက်တစ်နေ့တွင် သတင်းကြားထားသော ဆွေမျိုးများအားလုံး ယဲ့ချန်း၏အိမ်သို့ ရောက်လာကြသည်။

ယဲ့ချန်းက အိမ်ထဲမှာထိုင်ရင်း ထိုဆွေမျိုးများကို ပြုံးပြုံးလေးကြည့်နေချေသည်။

ဤဆွေမျိုးများက ပုံမှန်ဆိုလျှင် အဆက်အသွယ်လုပ်တတ်သူများ မဟုတ်သော်လည်း ယခုအခါတွင်မူ ရုတ်တရက် ပေါ်လာကြသည်။

"တူလေးရေ... တူလေး အောင်မြင်နေပြီလို့ ကြားတယ်။ တို့လို ဆင်းရဲတဲ့ ဆွေမျိုးတွေကိုတော့ မေ့မသွားပါနဲ့ဦး"

"ဟုတ်ပါ့... တူလေးလို ချမ်းသာတဲ့ဆွေမျိုးတစ်ယောက်ရှိတာ ငါတို့တော့ ကံကောင်းတာပဲ။ ငါတို့ကို ပစ်မထားနဲ့ဦးနော်"

ယဲ့ချန်းက ထိုစကားများကို နားထောင်ပြီး ခပ်ဖွဖွပြုံးလိုက်သည်။

"ဦးလေးတို့ ဒေါ်လေးတို့... အမှန်အတိုင်းပြောရရင် ကျွန်တော့်မှာ ပိုက်ဆံမရှိပါဘူး"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆွေမျိုးတစ်သိုက် မကျေမနပ်ဖြစ်သွားကြသည်။

"တူလေးကလည်း... ဘယ်သူ့ကို လာညာနေတာလဲ။ တူလေးက ပြိုင်ကားကြီးတောင် စီးနေတာ မဟုတ်လား"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ပြိုင်ကားက ကျွန်တော့်ရည်းစားရဲ့ကားပါ၏ ဒါပေမဲ့ ဆွေမျိုးတွေဆိုတော့လည်း တကယ် အခက်တွေ့တဲ့အချိန် ပိုက်ဆံချေးပေးဖို့တော့ ဖြစ်နိုင်ပါတယ်"

ထိုစကားကိုကြားသောအခါ ဆွေမျိုးများအားလုံး မျက်လုံးများ အရောင်တောက်သွားကြသည်။

"အခက်အခဲလား... ရှိတာပေါ့။ ရှိတာမှ အများကြီးပဲ"

"တို့ကလေးတွေကို ကျောင်းထားဖို့ ပိုက်ဆံမရှိလို့ပါ"

"ငါ့အမေ နေမကောင်းလို့ ဆေးဖိုးဝါးခလိုနေတာ"

"ဦးလေးရဲ့လုပ်ငန်းက လည်ပတ်ဖို့ ငွေလိုနေလို့ပါ"

...

ထိုဆွေမျိုးများက တစ်ယောက်တစ်ပေါက်နှင့် သူတို့၏အခြေအနေများကို တစ်ဦးထက်တစ်ဦး ပိုဆိုးဝါးကြောင်း ပြောပြနေကြတော့သည်။

"ယဲ့ချန်း... မင်း ငယ်ငယ်က ငါတို့အိမ်မှာ ခဏခဏ ထမင်းလာစားခဲ့တာလေ"

"မင်းငယ်ငယ်တုန်းက ဦးလေးက နှစ်သစ်ကူးမုန့်ဖိုးတွေ ခဏခဏပေးခဲ့တာ မှတ်မိလား"

"မင်းရဲ့နှစ်သစ်ကူးဝတ်စုံအသစ်တွေကို ဒေါ်လေးကပဲ ဝယ်ပေးခဲ့တာ"

...

ဤဆွေမျိုးများမှာ ယဲ့ချန်းက ပိုက်ဆံမချေးမည်ကို စိုးရိမ်သဖြင့် ယခင်က ကျေးဇူးများကို တစ်ယောက်တစ်မျိုးပြောဆိုကာ ရင်းနှီးကြောင်းပြနေကြသည်။

ယဲ့ချန်းလည်း ဤဆွေမျိုးများကိုကြည့်ကာ သူ့မိဘများ ဘာကြောင့် စိတ်ညစ်နေရသည်ကို နားလည်သွားသည်။

အမှန်တော့ ယဲ့ချန်းက ဘီလီယံချီ၍ ချမ်းသာနေသူဖြစ်လေရာ အနည်းအကျဉ်းချေးပေးရခြင်းကား ဘာမှမပြောပလောက်ပေ။

သို့သော် ဤဆွေမျိုးများ၏ လုပ်ရပ်မှာ သိက္ခာမဲ့လွန်းလှသည်။

သူတို့က ချမ်းသာလာချိန်မှာ ဆင်းရဲသည့် ဆွေမျိုးများကို မေ့သွားသည်ဟုဆိုကာ ကျေးဇူးကန်းသည်ဟု စွပ်စွဲပြီး သူ့မိဘများကို ပြောဆိုတိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် သူ့မိဘများမှာ နေ့တိုင်း ကောင်းကောင်းအိပ်မပျော်နိုင် ဖြစ်ခဲ့ရသည်။

ထို့ပြင် ဤဆွေမျိုးများ ပြောသမျှစကားတိုင်းမှာ အဓိပ္ပာယ်မရှိသည့် စကားများသာဖြစ်ပြီး သူတို့မိသားစုထံမှ ငွေလိမ်ယူရန် ကြံစည်နေခြင်းမှာ ထင်ရှားလှသည်။

ယဲ့ချန်းက ရယ်မောလျက် ပြောလိုက်လေသည်။

"ဘယ်သူပဲဖြစ်ဖြစ် အခက်အခဲရှိရင် ကျွန်တော် သေချာပေါက်ကူညီပါ့မယ်။ ကဲ... ဒီလိုလုပ်ကြရအောင်။ တန်းစီလိုက်ကြလေ။ တကယ်အခက်အခဲရှိတဲ့လူတွေကို ကျွန်တော် ချေးပေးမယ်"

ယဲ့ချန်းက တကယ်ချေးပေးမည်ဆိုသောကြောင့် ဆွေမျိုးများမှာ အလွန်စိတ်လှုပ်ရှားသွားကြသည်။

တန်းစီပြီးနောက် ယဲ့ချန်းက ဆို၏။

"ပိုက်ဆံချေးတာ ရပါတယ်။ ဒါပေမဲ့ အကြွေးဆိုတာ ပြန်ဆပ်ရမယ်လေ။ အဲဒီတော့ ချေးချင်ရင် အကြွေးစာချုပ်မှာ လက်မှတ်ထိုးရမယ်"

ယဲ့ချန်းက မတုံးအပေ။ ဤလူများက ပိုက်ဆံပြန်ဆပ်ကြမည်တဲ့လား။ သေချာပေါက် မဆပ်ပေ။

ယဲ့ချန်းတွင် ငွေမရှားသော်လည်း ဤကဲ့သို့သော လူများ၏ အနိုင်ကျင့်ခြင်းကိုတော့ မခံချင်ပေ။

သူ့ပိုက်ဆံကို သူကိုယ်တိုင် ပင်ပင်ပန်းပန်းရှာထားရသည်ဖြစ်ရာ ဘာကြောင့် သူတို့ကို အလကားပေးရမည်နည်း။

အရေးအကြီးဆုံးမှာ သူတို့ဘက်က ယုတ်ညံ့သော နည်းလမ်းများကို အသုံးချပြီး သူ့မိဘများကိုပင် ခြိမ်းခြောက်ခဲ့ကြခြင်းပင်။

ယဲ့ချန်းက အကြွေးစာချုပ် ချုပ်ခိုင်းသည်ကို ကြားသောအခါ ဆွေမျိုးများမှာ မကျေမနပ်ဖြစ်သွားကြပြန်သည်။

"ရှောင်ချန်း... ဒါက ဘာသဘောလဲ။ ငါတို့က ပြန်မဆပ်မှာ ကြောက်နေတာလား"

"ဟုတ်ပါ့။ ငါတို့က ဆွေမျိုးတွေပဲဟာကို။ ဒီလိုတွေလုပ်ဖို့လိုလို့လား"

သို့သော် ယဲ့ချန်းက ပြတ်ပြတ်သားသားပင် တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့ပြောတာတွေက အရေးမကြီးပါဘူး။ အကြွေးဆိုတာ ပြန်ဆပ်ရမှာ သဘာဝပဲလေ။ ခင်ဗျားတို့က ကျွန်တော့်မိဘတွေရဲ့ ဆွေမျိုးတွေပါ။ ကျွန်တော် မသိတဲ့လူတွေတောင် ပါသေးတယ်။ ကျွန်တော့်မိဘတွေရဲ့မျက်နှာကို ထောက်ထားလို့သာ ချေးပေးတာ။ အကြွေးစာချုပ်မချုပ်နိုင်ရင်တော့ တစ်ပြားမှ မချေးနိုင်ဘူးလို့သာ မှတ်လိုက်ပါ"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆွေမျိုးများလည်း ရွေးချယ်စရာမရှိတော့ပေ။

သို့သော် ဤလူများက အကြံအစည်တစ်ခု ထုတ်လိုက်ကြသည်။ အကြွေးစာချုပ်ရှိလျှင်ပင် ဘာထူးသွားမည်နည်း။ သူတို့ဘက်က ပြန်မဆပ်လျှင် သူက ဘာလုပ်နိုင်မည်နည်း။

ယဲ့ချန်း ခေါင်းတညိတ်ညိတ်လုပ်ကာ စားပွဲတွင် ဝင်ထိုင်ရင်း ပြောလိုက်၏။

"ကဲ... တစ်ယောက်ချင်းစီ လာခဲ့ကြ"

ထိုအချိန်တွင် ဖာထေးထားသော အဝတ်အစားများကို ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် တိုးထွက်လာချေသည်။

"တူလေး... ဦးလေး အရင်ချေးမယ်ကွာ"

ယဲ့ချန်းက တစ်ချက်ကြည့်လိုက်သည်။ ဤဆွေမျိုးမှာ ဖာထေးထားသော အဝတ်များနှင့် စင်စစ် သနားစရာကောင်းပုံပေါ်နေချေသည်။

သို့သော် သူ့နောက်ခံရာဇဝင်ကို စစ်ဆေးကြည့်လိုက်သောအခါ ယဲ့ချန်း လှောင်ပြုံးပြုံးမိသည်။

ဤဆွေမျိုး၏ မိသားစုအခြေအနေမှာ အလွန်ကောင်းမွန်ချေသည်။ နှစ်တိုင်းလည်း သူ့သူဌေးနှင့်အတူ နိုင်ငံခြားသို့ သွားလေ့ရှိသည်။

ပိုက်ဆံမရှိတာလား။ သေချာပေါက် မဟုတ်ပါ။ သို့သော် အလကားရမည့် ပိုက်ဆံကို မည်သူက မလိုချင်ဘဲ နေမည်နည်း။

ယဲ့ချန်းက ပြောလိုက်သည်။

"ကောင်းပါပြီ... ဦးလေး အရင်ပြောပါ။ ဘာကြောင့် ပိုက်ဆံချေးချင်တာလဲ"

"ငါ့သူဌေး နေမကောင်းဖြစ်နေလို့ ဆေးကုဖို့ ငွေလိုနေလို့ပါ။ ယွမ်နှစ်သောင်းသုံးသောင်းလောက် လိုနေလို့"

ထိုအမျိုးသားက လက်ချောင်းငါးချောင်း ထောင်ပြ၍ ယဲ့ချန်းကိုကြည့်လျက် ပြောလိုက်သည်။

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"သြော်... ဟုတ်ကဲ့"

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုအမျိုးသားမှာ အလွန်ဝမ်းသာသွားသည်။

ယဲ့ချန်းလည်း ထိုဆွေမျိုး၏ အချက်အလက်များကို ဆွဲထုတ်ပြီး စာရွက်ပေါ်တွင် ချရေးလိုက်သည်။

"ယဲ့မင်ယွီသည် ဖုသုန်းအရှေ့လမ်းဂါးဒင်းအိမ်ရာရှိ အခန်းနှစ်ခန်းပါတိုက်ခန်းကို အာမခံထား၍ ယဲ့ချန်းထံမှ ငွေငါးသိန်းချေးယူထားသည်..."

ထိုသို့ရေးကာ ရက်စွဲထည့်လိုက်သည်။

ထိုအမျိုးသားမှာ ကြောင်အသွားသည်။ ယဲ့ချန်းက သူ့စီးပွားရေးအခြေအနေကို ဤမျှအထိ သိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"လက်မှတ်ထိုးလိုက်ပါ။ ပြီးရင် ကျွန်တော် ချက်ချင်းငွေလွှဲပေးမယ်"

ယဲ့မင်ယွီလည်း အကြွေးစာချုပ်ကို တစ်ချက်ကြည့်ပြီး စိတ်ထဲမှ တွေးမိသည်။

"ငါ ပြန်မဆပ်ရင်တောင် မင်း ငါ့အိမ်ကို တကယ်ရောင်းပစ်လို့ရမှာ မဟုတ်ပါဘူး"

ထိုအတွေးဖြင့် သူ လက်မှတ်ထိုးလိုက်သည်။

ယဲ့ချန်းလည်း ငွေတန်းလွှဲပေးလိုက်သည်။

ယဲ့ချန်း၏ရက်ရောမှုကို မြင်သောအခါ အခြားဆွေမျိုးများလည်း တစ်ယောက်ပြီးတစ်ယောက် အကြွေးစာချုပ်များ ရေးကြတော့သည်။

ပိုက်ဆံချေးရသည့် အကြောင်းပြချက်များကလည်း စုံလှသည်။ ကလေးကျောင်းစရိတ်၊ ကလေးအတွက် အိမ်ဝယ်ရန်၊ လူကြီးနေမကောင်းဖြစ်သောကြောင့် စသည်တို့ပင်။

ခဏအတွင်းမှာပင် ဆွေမျိုးဆယ်ယောက်ကျော်က ယဲ့ချန်းထံမှ ယွမ်ငါးသန်းကျော် ချေးယူသွားခဲ့ကြသည်။

သူတို့က ယဲ့ချန်းကို ငွေထုတ်စက်ကြီးတစ်ခုအလား မှတ်ယူကာ ပမာဏများကို ပိုတိုး၍ ချေးကြတော့သည်။

အရင်ဆုံးချေးသွားသည့် ဆွေမျိုးအချို့ဆိုလျှင် ပိုမတောင်းမိသည်ကိုပင် တိတ်တဆိတ်နောင်တရနေကြသေးသည်။

သူတို့ဘက်က အကြွေးစာချုပ် ရေးပေးသရွေ့ ယဲ့ချန်းကလည်း သဘောတူခဲ့သည်။

ဆွေမျိုးတစ်သိုက်လုံး ကျေနပ်အားရစွာဖြင့် ထွက်ခွာသွားကြတော့သည်။

"ရှောင်ချန်းက အရမ်းရက်ရောတာပဲ"

"ရှောင်ချန်းက ငါတို့ရဲ့အခက်အခဲကို ကူညီပေးလိုက်တာ"

...

ယဲ့ချန်း၏နှုတ်ခမ်းများမှာ အနည်းငယ် ပြုံးယောင်သန်းနေသည်။

ထိုအချိန်မှာပင် အိမ်ပြင်မှ ဘရိတ်အုပ်သံတစ်သံ ကြားလိုက်ရပြီးနောက် ထိပ်ပြောင်ပြောင်လူတစ်ယောက် ဦးဆောင်သော လူမိုက်တစ်ဖွဲ့ ဝင်လာကြသည်။

ဤလူများကို မြင်လိုက်ရသောအခါ ထိုဆွေမျိုးများလည်း မျက်နှာပျက်သွားကြသည်။

ဤအုပ်စုက နဂါးအရုပ်နှင့် ဇာမဏီအရုပ်ဆေးမင်ကြောင်များကို အပြည့်ထိုးထားသည်။ ဆွေမျိုးတချို့က ထိုလူကို မှတ်မိပေသည်။

ထိုလူကား မိုတုမြို့ရှိ နာမည်ကျော်လူမိုက် "အစ်ကိုကျား"ပင်။

အစ်ကိုကျားက ယဲ့ချန်းကို မျက်နှာချိုသွေးလေဟန် အမူအရာဖြင့် ကြည့်လိုက်သည်။

"အစ်ကိုယဲ့... ကျွန်တော့်ကို ဘာများခိုင်းစရာ ရှိလို့လဲ"

ယဲ့ချန်းက အကြွေးစာချုပ်အထပ်လိုက်ကို အစ်ကိုကျားထံ ကမ်းပေးလိုက်သည်။

"သြော်... ဒါတွေက ငါ့ဆွေမျိုးတွေ ငါ့ဆီက ပိုက်ဆံချေးထားတဲ့ စာချုပ်တွေပါ။ ပြန်ဆပ်ရမယ့်ရက်တွေလည်း ပါပြီးသား။ အချိန်တန်ရင် အဲဒီပိုက်ဆံတွေကို ငါ့ကိုယ်စား လိုက်ကောက်ပေးပါ။ တခြားဘာမှတော့မလိုချင်ဘူး။ အတိုးကိုတော့ လျှော့ပေးလို့ရတယ်။ ဒါပေမဲ့ ချေးသွားတဲ့ ပိုက်ဆံတစ်ပြားမကျန်တော့ ပြန်လိုချင်တယ်"

ယဲ့ချန်း၏စကားကို ကြားသောအခါ ဆွေမျိုးများ၏မျက်နှာကား ဖြူရော်သွားကြသည်။

အစ်ကိုကျားက ဘယ်လိုလူမျိုးလဲဆိုသည်ကို သူတို့ ကောင်းကောင်းသိသည်။ ဤလူများက အကြွေးတောင်းရာတွင် အထူးကျွမ်းကျင်သည်။

အကယ်၍ ပိုက်ဆံပြန်မဆပ်လျှင် အိမ်ကို ဆေးဖြင့်ပက်ခြင်း၊ ညဘက် တံခါးလာထုခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများ စသည့် နည်းလမ်းမျိုးစုံကို အသုံးပြုကြမည်ဖြစ်၏။

လွန်ခဲ့သည့်မိနစ်ပိုင်းကမှ ပျော်ရွှင်နေကြသော လူတစ်သိုက်မှာ ယခုမူ မျက်နှာညှိုးငယ်သွားကြတော့သည်။

••••••••••••••••

အပိုင်း ၄၅၆ : လူကုံထံအမျိုးသမီး

အစ်ကိုကျားက ယဲ့ချန်း၏စကားကို နားထောင်ပြီး ရယ်မောလိုက်သည်။

"အစ်ကိုယဲ့... ဒီကိစ္စကို ကျွန်တော့်လက်ထဲသာ အပ်ထားလိုက်။ စိတ်ချ... ကျွန်တော် ကြည့်ရှင်းပေးမယ်"

အစ်ကိုကျားက ယဲ့ချန်း၏ အဆင့်အတန်းကို သိရှိထားလေရာ ဤကဲ့သို့သော မျက်နှာသာရရနိုင်မည့် အခွင့်ကောင်းကို မည်သို့လက်လွတ်ခံနိုင်မည်နည်း။

အစ်ကိုကျားက ထိုသို့ပြောရင်း ဆွေမျိုးများကို တစ်ချက်ကြည့်လိုက်၏။

"ခင်ဗျားတို့ထဲက တချို့ကတော့ ကျုပ်နာမည်ကို ကြားဖူးမှာပါ။ တချို့ကတော့ ကြားဖူးမှာ မဟုတ်ဘူး။ အချိန်တန်ရင် အကြွေးကောက်ဖို့ လူလွှတ်လိုက်မယ်။ အကြွေးကိုရှောင်ဖို့ ဒါမှမဟုတ် ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့။ ခင်ဗျားတို့ရဲ့ အချက်အလက်တွေအကုန်လုံး ကျုပ်ဆီမှာ ရှိတယ်။ ကျုပ်လူတွေကို စောင့်ကြည့်ခိုင်းထားမယ်။ တကယ်လို့ အကြွေးမဆပ်ဘူးဆိုရင် ဘာဆက်ဖြစ်မလဲဆိုတာ ကိုယ့်ဘာသာ စဉ်းစားကြည့်ကြပေတော့"

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ဆွေမျိုးမျာာမှာ မျက်စိမျက်နှာပျက်သွားကြတော့သည်။

ဆွေမျိုးတချို့ကတော့ မကျေမနပ်ဖြစ်နေကြသည်။

"ယဲ့ချန်း... ဒါတော့ အရမ်းလွန်လွန်းတယ်"

"လွန်တယ် ဟုတ်လား။ စိတ်ချပါ။ သူတို့က ခင်ဗျားတို့ကို အရိပ်လိုပဲ စောင့်ကြည့်နေမှာပါ။ အကြွေးကို အချိန်မှန်မှန်ပြန်ဆပ်နေသရွေ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အကြွေးမဆပ်ရင်တော့ အစ်ကိုကျားက ဘယ်လိုနည်းလမ်းတွေ သုံးမလဲဆိုတာ မပြောတတ်ဘူး"

ယဲ့ချန်းက အစ်ကိုကျားကို ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု ဆွေမျိုးများ လုံးဝမထင်ထားသဖြင့် အံ့အားသင့်နေကြသည်။

အထူးသဖြင့် လက်အောက်ငယ်သားများ၏ ကြမ်းတမ်းခက်ထန်သော အမူအရာကို ကြည့်ရင်း သူတို့အားလုံး တုန်လှုပ်ချောက်ချားနေကြသည်။

ပိုက်ဆံချေးပြီး ပြန်မဆပ်ရန် ကြံစည်ထားသူများလည်း ထိုအတွေးများကို ချက်ချင်းဖျောက်ဖျက်လိုက်ကြတော့သည်။

ဤလူများမှာ ယဲ့ချန်း၏မိဘများလို ရိုးသားသူများကိုသာ အနိုင်ကျင့်ရဲကြသော်လည်း လူဆိုးများနှင့် တွေ့သောအခါတွင်မူ ကြောက်လန့်တုန်ရီနေကြသည်။

ဤသည်မှာ ယဲ့ချန်းလိုချင်သော အကျိုးသက်ရောက်မှုပင်။

ပိုက်ဆံတော့ချေးလို့ရတယ်... ဒါပေမဲ့ ပြန်မဆပ်ဘဲနဲ့တော့ အေးအေးဆေးဆေးနေရမယ်မထင်နဲ့။

အကြွေးပြန်မဆပ်ဘဲနေမရကြောင်း ထိုလူများ နားလည်သွားကြသည်။

အစ်ကိုကျားလို လူစားမျိုးမှာ ရက်စက်တတ်သူဖြစ်လေရာ အကြွေးမဆပ်လျှင် နည်းလမ်းမျိုးစုံသုံး​၍ နှိပ်စက်မည်မှာ အမှန်ပင်။

ယဲ့ချန်းလည်း ပြဿနာကို ဖြေရှင်းလိုက်နိုင်သည်။ ဆွေမျိုးများလည်း ရင်တထိတ်ထိတ်ဖြင့် ပြန်သွားကြတော့သည်။

ရင်ထဲတွင် မကျေနပ်သော်လည်း သူတို့တွင် ရွေးချယ်စရာ မရှိပေ။

မိုတုမြို့ရှိ နာမည်ကျော်လူမိုက်ခေါင်းဆောင်ကိုပင် ခေါ်ခိုင်းနိုင်သည့် ယဲ့ချန်းကို မည်သူက ရန်စရဲမည်နည်း။

ဖေဖေယဲ့က စိုးရိမ်တကြီး မေးလိုက်သည်။

"ဒီလိုလုပ်တာ အရမ်းများလွန်သွားမလား"

ယဲ့ချန်းက ရယ်မောလိုက်၏။

"ဘာလွန်လို့လဲ။ ဒီအမျိုးတွေရဲ့ အကျင့်ကို အဖေတို့လည်း သိသားပဲ။ အခုတစ်ခေါက် ချေးပေးလိုက်ရင် နောက်တစ်ခါ ထပ်လာချေးဦးမှာ။ ဒါဆို အဖေတို့လည်း အေးအေးဆေးဆေးနေရမှာ မဟုတ်ဘူး။ ဒီလို တစ်ခါတည်း အပြတ်ရှင်းလိုက်တာ မဆိုးဘူးမလား"

ဖေဖေယဲ့ခမျာ သက်ပြင်းအရှည်ကြီးချလိုက်သည်။

ယဲ့ချန်း၏စကားက မှန်ပေသည်။ ဆွေမျိုးဆိုသည်မှာ အလှမ်းဝေးသော်လည်း အခက်အခဲရှိချိန် ကူညီပေးခြင်းမှာ ပြဿနာမရှိပေ။ သို့သော် ဤဆွေမျိုးအများစုမှာ အခွင့်ကောင်းယူရန် ရောက်လာကြသူများသာဖြစ်၏။

ထိုကဲ့သို့သော လူစားမျိုးများက ဘယ်တော့မှ ရောင့်ရဲတင်းတိမ်ခြင်း မရှိကြပေ။ သူတို့ကို စိတ်တိုင်းမကျအောင် လုပ်လိုက်သည်နှင့် ကဲ့ရဲ့ပြစ်တင်ကြမည်သာ။

ယဲ့ချန်းက ဤတစ်ခေါက်တွင် ပိုက်ဆံချေးပေးလိုက်ရုံသာမက ဆွေမျိုးများကို ပါးစပ်ပိတ်အောင်ပါ ခြိမ်းခြောက်နိုင်ခဲ့သဖြင့် တစ်ချက်ခုတ်နှစ်ချက်ပြတ် ဖြစ်သွားခဲ့သည်။

ပိုက်ဆံချေးသည့်ကိစ္စ ပြေလည်သွားသဖြင့် သူတို့လင်မယားလည်း စိတ်ကြည်သွားသည်။

ယဲ့ချန်း အိမ်ကထွက်လာပြီးနောက် တက္ကစီဆက်မောင်းနေခဲ့သည်။

ယခုနောက်ပိုင်းတွင် ယဲ့ချန်းခမျာ ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်များကို ရရှိရန် ပိုခက်ခဲလာကြောင်း တွေ့ရသည်။ တစ်ခါတစ်ရံတွင် တစ်နေ့လုံး တက္ကစီမောင်းနေသော်လည်း ခရီးသည်တစ်ယောက်မှ မရှိသည့် ရက်မျိုးလည်း ရှိတတ်သည်။

ကုန်တိုက်တစ်ခု၏ ဝင်ပေါက်တွင် ယဲ့ချန်း ခရီးသည်တစ်ယောက် ရလိုက်သည်။

ထိုခရီးသည်မှာ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်ဖြစ်သည်။

သူ(မ) ကားပေါ်သို့ တက်လိုက်သည်နှင့် ယဲ့ချန်း မျက်စိကျိန်းသွားရသည်။

ဤအမျိုးသမီးမှာ တောက်ပြောင်လှသော လက်ဝတ်ရတနာများကို ဆင်မြန်းထားသည်။

သူ(မ)သည် အလွန်ချမ်းသာသော သူဌေးမကြီးတစ်ယောက်ဖြစ်ဟန်တူသည်။

ထိုအမျိုးသမီး၏ လက်ကောက်ဝတ်ထက်ရှိ လက်ကောက်ကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ယွမ်ငါးသန်းခြောက်သန်းခန့် တန်ကြေးရှိကြောင်း သိနိုင်ပေသည်။

"ဝိုး... ဒီနေ့တော့ သူဌေးမတစ်ယောက်နဲ့ တွေ့ပြီပဲ"

ထိုအမျိုးသမီးက ကားပေါ်သို့ တက်လာပြီးနောက် ယဲ့ချန်းကို မြင်သောအခါ မျက်ဝန်းများ အရောင်တောက်သွားသည်။

"ဒီတက္ကစီဒရိုင်ဘာလေးက တော်တော်ချောတာပဲ"

"လူချောလေး... ငါ မင်းကို သဘောကျသွားပြီ။ ငါ့ရဲ့ကိုယ်ပိုင်ဒရိုင်ဘာ လုပ်မလား"

ထိုအမျိုးသမီးက ရဲရဲတင်းတင်းပင် ပြောလိုက်သည်။

ယဲ့ချန်းကလည်း ပြန်ဖြေ၏။

"စိတ်မရှိပါနဲ့... ကျွန်တော် စိတ်မဝင်စားဘူး"

ယဲ့ချန်းထံမှ ငြင်းပယ်ခံလိုက်ရသဖြင့် ထိုအမျိုးသမီးမှာ နှာမှုတ်လိုက်သည်။

သူ(မ)၏အမြင်တွင် ငွေအားကိုးဖြင့် မလုပ်နိုင်သည့်အရာဟူ၍ ဘာမှမရှိပေ။

သူ(မ)က အေးတိအေးစက် ပြောလိုက်လေသည်။

"မင်းကို လစာ တစ်လတစ်သိန်း ပေးမယ်"

"စိတ်မဝင်စားဘူး"

ယဲ့ချန်းကလည်း ခပ်ပြတ်ပြတ်တုံ့ပြန်ချေသည်။

ဘာလာနောက်တာလဲ...

ငါက ဘီလီယံနဲ့ချီပြီး ချမ်းသာတာလေ... ခင်ဗျားက တစ်လတစ်သိန်းပေးပြီး ကျုပ်ကို ဒရိုင်ဘာခန့်ချင်တာလား...

ထိုသူဌေးမကြီးက ခပ်ပြတ်ပြတ်ပြောလိုက်လေသည်။

"ကောင်းပြီ... ဒါဆို နှစ်သိန်းပေးမယ်။ ပြီးတော့ ဘီအမ်ဒဗလျူ၅၃၀တစ်စီးပါ ထပ်ပေးမယ်"

သာမန်တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်ဆိုလျှင် ဤပမာဏမှာ အလွန်မက်မောစရာ ကောင်းနေပေလိမ့်မည်။

သူဌေးမကြီးကလည်း ယဲ့ချန်း သဘောတူလိမ့်မည်ဟုထင်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် စောင့်နေသည်။

သို့သော် ယဲ့ချန်းက ဆက်ပြောလိုက်သည်။

"စိတ်မဝင်စားဘူး"

"ဝိုး... ဒီဒရိုင်ဘာလေးက တော်တော်မာနကြီးတာပဲ"

"တစ်လကို တစ်သန်း... ပြီးတော့ ဘီအမ်ဒဗလျူ၇၄၀တစ်စီးရော"

ထိုသူဌေးမကြီးမှာမူ မယုံနိုင်လောက်အောင် ဖြစ်နေချေသည်။

သူ(မ)တွင် ငွေအပုံလိုက်ရှိနေသည်ဖြစ်ရာ သူ(မ)၏ငွေဖြင့် မရနိုင်သည့်အရာမျိုး ရှိသည်ဟု လုံးဝမယုံကြည်ပေ။

ယဲ့ချန်းက ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်၏။

"စိတ်မဝင်စားဘူး။ ခင်ဗျားဆင်းရမယ့်နေရာ ရောက်ပြီ။ ကျေးဇူးပြုပြီး ကားပေါ်က ဆင်းပေးပါ"

ထိုသူဌေးမကြီးမှာ ဒေါသထွက်သွားလေသည်။

နှစ်ပေါင်းများစွာအတွင်း သူ(မ) မျက်စိကျသည့် ဘယ်ယောကျ်ားကိုမဆို အရယူနိုင်ခဲ့သည်။

ယနေ့တွင်မူ တက္ကစီဒရိုင်ဘာတစ်ယောက်၏ ငြင်းပယ်ခြင်းကို ခံလိုက်ရသည်။

"မင်းကို တစ်လသုံးသန်းပေးမယ်။ ပြီးတော့ မာဆယ်ရတီတစ်စီးပါ ပေးမယ်"

ထိုအမျိုးသမီးက အံတင်းတင်းကြိတ်၍ ပြောလိုက်သည်။

ယဲ့ချန်းကမူ ထိုသူဌေးမကြီး၏ ဟိတ်ဟန်ကြီးမှုကို လုံးဝစိတ်မဝင်စားပေ။

ပိုက်ဆံရှိတိုင်း ကိုယ့်ကိုယ်ကိုယ်အထင်ကြီးမနေနဲ့။ ချမ်းသာလို့ ငါ့ကို အပိုင်သိမ်းထားချင်တာလား။ မင်းမှာ အဲဒီလိုအရည်အချင်းမျိုး ရှိလို့လား။

"ထွက်သွားပေးပါ။ ကျွန်တော် တက္ကစီဆက်မောင်းရဦးမယ်"

ယဲ့ချန်းက စိတ်မရှည်လက်မရှည် ပြောလိုက်သည်။

ယဲ့ချန်း၏စကားကို ကြားသောအခါ ထိုသူဌေးမကြီးလည်း အကြီးအကျယ် ဒေါသပေါက်ကွဲတော့သည်။

သူ(မ)ကို ငြင်းပယ်ရုံသာမက မောင်းပါမောင်းထုတ်လိုက်သည်။

အစတုန်းက ထိုအမျိုးသမီးသည် ယဲ့ချန်းကို အလွယ်တကူရနိုင်မည်ဟု ထင်နေခဲ့သည်။

ဒရိုင်ဘာဆိုသည်မှာ အကြောင်းပြချက်သာဖြစ်ပြီး တကယ်တမ်းတွင် သူ့ကို သူ(မ)၏လူအဖြစ် အပိုင်သိမ်းထားလိုခြင်းသာ။

ချောမောလှပသော ယဲ့ချန်း၏ရုပ်ရည်အရဆိုလျှင် သူဌေးများအကြား ခေါ်သွားပါက အလွန်မျက်နှာပွင့်ပေလိမ့်မည်။

သို့သော် ယခုအခါတွင်မူ ဤတက္ကစီဒရိုင်ဘာလေးက သူ(မ)ကို ငြင်းပယ်ရုံသာမက စော်ကားလိုက်သေးသည်ဖြစ်ရာ သူ(မ)အနေနှင့် မည်သို့သည်းခံနိုင်တော့မည်နည်း။

"ကောင်းပြီလေ... မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့... ကောင်းပြီလေ"

ထိုသူဌေးမကြီးက ယဲ့ချန်းကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။

ယဲ့ချန်းက အေးတိအေးစက် ပြောပြန်လေသည်။

"ကျွန်တော့်ကားပေါ်က မြန်မြန်ဆင်းပေးပါ"

ဤအမျိုးသမီးက "ဟန်ဆောင်မှုရမှတ်"တစ်ရာအပြည့်ရထားသည့် ဟန်ဆောင်ကောင်းသော အမျိုးသမီးပင်။

ဤကဲ့သို့သော အမျိုးသမီးက ယောကျ်ားဘယ်နှယောက်နှင့် ပတ်သက်ခဲ့သလဲဆိုသည်ကို မည်သူကသိနိုင်မည်နည်း။

ထိုသူဌေးမကြီးက ယဲ့ချန်းကို လက်ညှိုးငေါက်ငေါက်ထိုးလိုက်သည်။

"ချာတိတ်... မင်းက ငါ့ကို မောင်းထုတ်ရဲတယ်ပေါ့။ ကောင်းပြီလေ... စောင့်နေလိုက်။ ငါ့ကိုစော်ကားတဲ့အတွက် နောက်ဆက်တွဲရလဒ်က ဘယ်လောက်ဆိုးဝါးလဲဆိုတာ မင်းကိုပြမယ်"

ယဲ့ချန်းက ရယ်မောလိုက်သည်။

"ရပါတယ်။ ကျွန်တော်လည်း စောင့်နေပါ့မယ်။ ခင်ဗျား ကျွန်တော့်ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"

ထိုသူဌေးမကြီးက ဖုန်းထုတ်ပြီး ပြောလိုက်သည်။

"အစ်ကိုကြီး... လူတစ်ယောက်က ညီမလေးကို အနိုင်ကျင့်နေတယ်။ ပြီးတော့ စော်လည်းစော်ကားသေးတယ်"

ဖုန်းထဲမှ ခပ်ကြမ်းကြမ်းအသံတစ်သံ ထွက်လာလေသည်။

"ဟား... ဘယ်သူက ဒီလောက်အထိ သတ္တိကောင်းနေလို့ ငါ့ညီမကို အနိုင်ကျင့်ရဲရတာလဲ"

"တက္ကစီဒရိုင်ဘာလေးတစ်ယောက်ပါ။ သူက အရမ်းရိုင်းတာပဲ။ ညီမလေးကိုတောင် မောင်းထုတ်နေတယ်"

"ညီမလေး စိတ်မပူနဲ့... အစ်ကိုကြီး အခုချက်ချင်းလူခေါ်ပြီး လာခဲ့မယ်။ တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ညီမကို အနိုင်ကျင့်ရဲတယ်ဆိုတော့ သက်သက်ပြဿနာရှာနေတာပဲ"

ဖုန်းချလိုက်ပြီးနောက် ထိုသူဌေးမကြီးက ယဲ့ချန်းကို မောက်မောက်မာမာဖြင့် လက်ညှိုးထိုးပြလိုက်သည်။

"ချာတိတ်... မင်းသတ္တိရှိရင် ဒီမှာပဲ စောင့်နေလိုက်။ မင်းတော့ သေပြီသာမှတ်"

ယဲ့ချန်းက အေးအေးလူလူပြောလိုက်၏။

"ကောင်းပါပြီ... ခင်ဗျား ကျွန်တော့်ကို ဘယ်လိုသတ်မလဲဆိုတာ ကြည့်ချင်သေးတယ်"

မကြာခင်မှာပင် ရိုးလ်ရွိုင်တစ်စီးနှင့် ဗင်ကားတစ်စီးက ယဲ့ချန်း၏ကားရှေ့တွင် လာရပ်လေသည်။

ရိုးလ်ရွိုင်ပေါ်မှ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ဆင်းလာပြီး ဗင်ကားပေါ်မှ လူအယောက်နှစ်ဆယ်ကျော် ထွက်လာကြသည်။

သူဌေးမကြီးက တက်ကြွသွားလေသည်။

"ကောင်လေး... မြင်လား။ ငါ့လူတွေ ရောက်လာပြီ။ သေဖို့သာ ပြင်ထားတော့"

ထိုအမျိုးသားက ဘေးနားရှိ ထိပ်ပြောင်ပြောင်အမျိုးသားကို ပြောလိုက်သည်။

"အစ်ကိုကျား... ဒီတက္ကစီဒရိုင်ဘာက ကျွန်တော့်ညီမကို စော်ကားထားလို့။ သူ့ကို လူရုပ်မထွက်တော့တဲ့အထိ ရိုက်ပေးစမ်းပါ။ ပြီးရင် ခင်ဗျားတို့ညီအစ်ကိုတွေကို နိုက်ကလပ်ခေါ်သွားပြီး ပျော်ပါးခိုင်းမယ်"

"စိတ်ချပါ။ ကျွန်တော် အကောင်းဆုံးဖြေရှင်းပေးပါ့မယ်"

အစ်ကိုကျားက လက်ဝှေ့ယမ်းလိုက်သည်။

"သွား... သူ့ကို ဆွဲထုတ်လိုက်။ ဒီဒရိုင်ဘာကို လူမမှတ်မိအောင် ဝိုင်းရိုက်ကြစမ်း"

ထိုအချိန်တွင် ကျီလိကား၏မှန်တံခါး ပွင့်သွားပြီးနောက် အထဲရှိ လူကို မြင်လိုက်ရသောအခါ အစ်ကိုကျား မျက်နှာချက်ချင်းပျက်သွားတော့သည်။

"အားလုံး... ချက်ချင်းရပ်လိုက်စမ်း"

ထိုသူဌေးမကြီးနှင့် လူလတ်ပိုင်းအရွယ်အမျိုးသားတို့လည်း အံ့အားသင့်သွားကြသည်။

အစ်ကိုကျားက မျက်နှာချိုသွေးနေလေဟန် အမူအရာဖြင့် ယဲ့ချန်း၏ကားနားသို့ ချဉ်းကပ်လေသည်။

"မစ္စတာယဲ့... ခင်ဗျားကိုး။ မျက်စိနောက်ဖို့ကောင်းတဲ့ ဒီမိန်းမက ခင်ဗျားကိုရန်စလိုက်ပုံရတယ်။ စိတ်ချ... ကျွန်တော်ရှင်းပေးမယ်"

သူဌေးမကြီး : "…"

သက်လတ်ပိုင်းအရွယ်အမျိုးသား : "…"

အစ်ကိုကျားက ကြမ်းတမ်းရက်စက်သော မျက်လုံးများဖြင့် လှည့်ကြည့်လိုက်သည်။

"မစ္စတာယဲ့ကို စော်ကားရဲတယ်ပေါ့။ သူ့ကို သေအောင်ရိုက်ကြစမ်း"

••••••••••••••••

All Chapters