← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အပိုင်း ၄၆၀ : ဘယ်ညာလွှဲယမ်းခြင်း

ယန်ချွမ်းဟူသော နာမည်မှာ မိုတုမြို့တွင် အလွန်ကျော်ကြားလှသည်။

ကျန်းဖုန်း၏ လက်အောက်ငယ်သားများပင် ယန်ချွမ်းဟူသော နာမည်ကို ကြားလိုက်ရုံနှင့် မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကုန်ကြသည်။

ကျန်းဖုန်း၏စရိုက်မှာ ယန်ချွမ်းနှင့် ဆင်တူသော်လည်း သူတို့၏နောက်ခံနှင့် အင်အားမှာမူ အဆင့်ချင်းမတူပေ။

ကျန်းဖုန်းမှာ ပြီးခဲ့သည့်တစ်ခေါက်က သင်ခန်းစာရဖူးသဖြင့် မိုတုမြို့ရှိ သူဌေးသားများကို တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်။

သို့သော် ယနေ့တွင် ယဲ့ချန်းကြောင့် "မိစ္ဆာဘုရင်"ယန်ချွမ်းကို ရန်စမိလိမ့်မည်ဟု လုံးဝထင်မထားပေ။

ယန်ချွမ်းလည်း အေးတိအေးစက်နှာခေါင်းရှုံ့လိုက်သည်။

"ကျန်းဖုန်း... မင်းက တော်တော်ဟန်ကျနေတာပေါ့။ မိန်းကလေးတွေကို အနိုင်ကျင့်ပြီး အဲဒါကိုတောင် ကြွားလုံးထုတ်နေသေးတယ်။ မင်းတို့နယ်မြို့လေးက မင်းကို လက်မခံနိုင်တော့လို့ မိုတုကိုလာပြီး ရမ်းကားနေတာလား"

ယဲ့ချန်းကတော့ ယန်ချွမ်း၏ဘေးနားတွင် ဘာစကားမှမပြောဘဲ ရပ်ကြည့်နေသည်။

ယန်ချွမ်းက သူ့ကို ဘာကြောင့် ပစ်မှတ်ထားနေရသလဲဆိုသည်ကို ကျန်းဖုန်း ကောင်းကောင်းသိသည်။

ယဲ့ချန်းမှာ ပြိုင်ကားထဲတွင် အိပ်ပျော်နေသူဖြစ်လေရာ ယန်ချွမ်းက ယဲ့ချန်းဘက်က ရပ်တည်ပေးခြင်းဖြစ်ကြောင်း သိသာလှသည်။

ကျန်းဖုန်းက ပြဿနာရှာပြီး ထွက်ပြေးစဉ်က ဘာမှမဖြစ်လောက်ဘူးဟု ထင်ထားသော်လည်း သူတို့ဘက်က ယခုလို စာရင်းလာရှင်းလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။

ဤကိစ္စနှင့်ပတ်သက်၍ သူကိုယ်တိုင်လည်း အစကတည်းက အပြစ်ရှိသလို ခံစားခဲ့ရသည်။

ထိုအချိန်က သူသည် ကားကို အရှေ့ကပိတ်မောင်းပြီး မိန်းကလေးကို ရန်စခဲ့ခြင်းပင်။

မတော်တဆမှုဖြစ်ပြီးနောက် ကားထဲကလူများလည်း ကံဆိုးသွားရသည်မှာ မလွဲဧကန်ပင်။

တစ်ဖက်လူက လက်စားချေရန် ရောက်လာခြင်းဖြစ်ပြီး ယန်ချွမ်းကိုပင် ခေါ်လာသဖြင့် ကျန်းဖုန်းခမျာ အလွန်ကြောက်လန့်နေချေသည်။

ယန်ချွမ်းကဲ့သို့သော လူစားမျိုးကပင် ယဲ့ချန်း၏ရှေ့တွင် လက်အောက်ငယ်သားတစ်ဦးနှယ် ပြုမူနေသည်မှာ ဤလူငယ်၏ အဆင့်အတန်းက မည်မျှမြင့်မားကြောင်း သက်သေပြနေပေသည်။

ယဲ့ချန်းက တည်ငြိမ်စွာ ပြောလိုက်၏။

"စကားတွေအများကြီး ပြောမနေနဲ့တော့။ ငါ ဘာလို့ ဒီကိုရောက်နေတာလဲဆိုတာ မင်းသိတယ်မလား"

ကျန်းဖုန်း၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး နေရခက်ဟန်ဖြင့် ပြောလိုက်၏။

"အထင်လွဲတာပါ... အကုန်အထင်လွဲတာပါဗျာ"

"အထင်လွဲတာ ဟုတ်လား"

ယန်ချွမ်းက မျက်ခုံးတစ်ဖက်ပင့်လိုက်သည်။

"ဒီနေရာမှာ စကားပြောရတာ အဆင်မပြေဘူး။ ခေါင်မိုးထပ်မှာ စကားသွားပြောကြတာပေါ့"

ယန်ချွမ်းက အေးစက်စက်အပြုံးဖြင့် ဆိုလိုက်သည်။

ခေါင်မိုးထပ်သို့သွားမည် ဟူသော စကားကို ကြားသောအခါ ကျန်းဖုန်း တုန်လှုပ်သွားသည်။

"မသွားဘူး... ကျွန်တော်မလိုက်ဘူး"

ကျန်းဖုန်းမှာ အပြင်ပန်းတွင် လူမိုက်ပုံစံဖမ်းထားသော်လည်း အမှန်တကယ်တွင်မူ အလွန်သူရဲဘောကြောင်သူ ဖြစ်၏။

ခေါင်မိုးထပ်သို့ရောက်သွားပါက ယန်ချွမ်းက သူ့ကို တစ်ခုခုလုပ်လျှင်ပင် အော်ဟစ်အကူအညီတောင်းရန် အခွင့်အရေးရှိမည် မဟုတ်ပေ။

"မလိုက်ဘူး ဟုတ်လား။ မင်းမှာ ရွေးချယ်စရာရှိလို့လား"

ယန်ချွမ်းက နှာမှုတ်လိုက်သည်။

ယန်ချွမ်း လက်ဝေ့ယမ်းပြလိုက်သည်နှင့် သန်မာထွားကြိုင်းသော သက်တော်စောင့်နှစ်ယောက်ပြေးဝင်လာပြီး ကျန်းဖုန်းကို ဆွဲခေါ်သွားတော့သည်။

ဤအဖြစ်ကိုမြင်လိုက်ရသော လက်အောက်ငယ်သားများမှာ ဒေါသထွက်သော်လည်း စကားတစ်ခွန်းပင် မဟရဲကြပေ။

သခင်လေးယန်က ရန်စ၍ရသည့် လူစားမျိုး မဟုတ်ကြောင်း လူတိုင်း သိကြသည်။

ကျန်းဖုန်းမှာ အတင်းရုန်းကန်သော်လည်း အချည်းနှီးသာ။

ဘားထဲတွင် လူအများကြီးရှိနေသော်လည်း ယန်ချွမ်း၏ အရှိန်အဝါကြောင့် မည်သူမှ ဝင်မပါရဲဘဲ အဝေးကသာ ကြည့်နေကြသည်။

ဘားပိုင်ရှင်ကိုယ်တိုင်ပင် ဘာမှမမြင်လိုက်သလို တစ်ဖက်သို့ လှည့်သွားသည်။

ကျန်းဖုန်းခမျာ ခေါင်းပေါ်မှ သွေးများ စီးကျနေပြီး လူနှစ်ယောက်ထံမှ ဘားအပြင်ဘက်သို့ ဆွဲခေါ်ခံနေရကာ ဘေးကပ်လျက်အဆောက်အဦး၏ ခေါင်မိုးထပ်သို့ ပါသွားသည်။

မိုးလင်းစပြုနေပြီဖြစ်ရာ ခေါင်မိုးထပ်ရှိ လေမှာ အလွန်အေးစက်လှသည်။

ကျန်းဖုန်းလည်း ကြောက်လန့်ပြီး ဝိညာဉ်လွင့်လုမတတ် ဖြစ်နေပေသည်။

သူ့ကို ခေါင်မိုးထပ်ကိုခေါ်လာပြီး ဘာလာလုပ်တာလဲ။

တုတ်ခိုင်သန်မာသော လူများက ကျန်းဖုန်းကို အဆောက်အဦး၏ အစွန်းဘက်သို့ ပစ်ချလိုက်လေတော့သည်။

ဤအဆောက်အဦးမှာ အထပ်သုံးဆယ်ကျော် မြင့်သည်။

အောက်ဘက်ရှိ ကားလေးများမှာ ပုရွက်ဆိတ်လေးများနှယ် မြင်နေရသဖြင့် ကျန်းဖုန်း၏ တစ်ကိုယ်လုံး တုန်ယင်နေတော့သည်။

ကျန်းဖုန်း၏ သူရဲဘောကြောင်သော ပုံစံကို ကြည့်ပြီး ယန်ချွမ်းက လှောင်ရယ်လိုက်သည်။

"သခင်လေးကျန်း... မင်းက အရမ်းဟိတ်ဟန်ကြီးနေတာ မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ဒီလောက်ကြောက်နေတာလဲ"

ယဲ့ချန်းက သာမန်ကာလျှံကာ ပြောလိုက်၏။

"တော်ပြီ...အချိန်ဖြုန်းမနေနဲ့တော့။ လိုရင်းပဲ ပြောရအောင်"

ဤသကောင့်သားကို ဒူးထောက်လာအောင်လုပ်ရန် အချိန်အတော်ပေးရမည်ဟု ယဲ့ချန်း ထင်ထားသော်လည်း ဤမျှဖြင့် ပျော့ခွေသွားလိမ့်မည်ဟု မထင်ထားပေ။

ပျင်းဖို့ကောင်းလိုက်တာ....

ယဲ့ချန်းက အေးစက်စွာ ပြောလိုက်သည်။

"ကဲ... ဒီကိစ္စကို ဘယ်လိုစာရင်းရှင်းကြမလဲ"

တုန်တုန်ရီရီဖြစ်နေသော ကျန်းဖုန်းကိုကြည့်၍ ယဲ့ချန်းက အေးစက်စက်မေးလိုက်သည်။

ကျန်းဖုန်း၏မျက်နှာမှာ ဖြူဖျော့နေပြီး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။

"ကျွန်တော် မှားမှန်းသိပါပြီ။ ခင်ဗျားကောင်မလေးကို မနှောင့်ယှက်ခဲ့သင့်ဘူး။ ခင်ဗျားကားကိုလည်း အရှေ့က ပိတ်မမောင်းသင့်ပါဘူး။ ကားပြင်စရိတ်အကုန်လုံးကို ကျွန်တော်ပေးပါ့မယ်"

ထိုအချိန်တွင် ကျန်းဖုန်းမှာ အလွန်နောင်တရနေပြီဖြစ်၏။

ယဲ့ချန်းက ဤမျှအထိ အစွမ်းထက်မှန်းသာ ကြိုသိလျှင် သူ သေလျှင်ပင် ရန်စမည်မဟုတ်ပေ။

ယဲ့ချန်းကတော့ ကျန်းဖုန်း၏ ကမ်းလှမ်းချက်ကို လုံးဝမကျေနပ်ပေ။

"ကားပြင်ပေးရုံနဲ့ ပြီးမယ်လို့ ထင်နေတာလား"

ကျန်းဖုန်းက ဆို၏။

"ကားပြင်ပေးရုံတင်မကဘဲ ပေါ်ရှေးပြိုင်ကားအသစ်တစ်စီးပါ ထပ်ပေးပါ့မယ်"

ကျန်းဖုန်းက ငတုံးငအမဟုတ်ပေ။ ယဲ့ချန်း၏ ကားက အလွန်ဈေးကြီးကြောင်း သိသဖြင့် ဤပြဿနာကို ဖြေရှင်းရန် မလွယ်ကြောင်း ကောင်းကောင်းနားလည်သည်။

ထို့ပြင် သခင်လေးယန်ကိုယ်တိုင်ကပင် ဤလူငယ်ကို ဖော်လံဖားလုပ်နေရသည်ဆိုလျှင် သူ့အင်အားက မည်မျှ ကြောက်စရာကောင်းလိုက်မည်နည်း။

ယန်ချွမ်းက ကျန်းဖုန်းကို ပါးတစ်ချက်ရိုက်လိုက်သည်။

"ရိုးသားမှုလုံးဝမရှိဘူးပဲ။ သူ့ကိုပစ်ချလိုက်တော့"

သူ့ကို အောက်သို့ ပစ်ချခိုင်းလိုက်ကြောင်း ကြားသောအခါ ကျန်းဖုန်း ဆွံ့အသွားသည်။

"ကျွန်တော် ပြိုင်ကားအပြင် ယွမ်ဆယ်သန်းပါ ထပ်ပေးပါ့မယ်။ ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ"

ယဲ့ချန်းက တစ်ချက်ကြည့်လိုက်သည်။ ဤလျော်ကြေးငွေမှာ လက်ခံနိုင်ဖွယ်ရာရှိသဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းက ဆက်ပြောသည်။

"ကောင်းပြီလေ... ကားအတွက် လျော်ကြေးကတော့ ပြီးသွားပြီ။ အခု စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် စာရင်းရှင်းရအောင်"

"ဘာ... စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက်လား"

ယန်ချွမ်းပင် ယဲ့ချန်း၏စကားကြောင့် အံ့သြသွားရသည်။

ယဲ့ချန်းက အေးစက်းစက်လေသံဖြင့် ပြောလိုက်သည်။ "ငါ ကောင်းကောင်းအိပ်ပျော်နေတာကို မင်းက လန့်နိုးအောင် လုပ်ခဲ့တယ်လေ။ ဒီအတွက် ဘယ်လိုစာရင်းရှင်းမလဲ"

ကျန်းဖုန်း ကြောင်အသွားသည်။

ကားတစ်စီးနှင့် ယွမ်ဆယ်သန်းလျော်ကြေးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် မပါသေးဘူးလား။

ယဲ့ချန်းက ကျန်းဖုန်းကို လှည့်ပင်မကြည့်ဘဲ ယန်ချွမ်းကို မေးလိုက်သည်။

"အကုန်အဆင်သင့်ဖြစ်ပြီလား"

ယန်ချွမ်းက ခေါင်းညိတ်ပြသည်။

"အစ်ကိုယဲ့... အားလုံး အဆင်သင့်ပါပဲ"

သက်တော်စောင့်များက ကြိုးအတုတ်ကြီးတစ်ချောင်း ယူလာပြီး တစ်ဖက်တွင် ကျန်းဖုန်းကိုချည်ကာ ကျန်တစ်ဖက်ကို လက်ရန်းတွင် ချည်တုပ်လိုက်ကြသည်။

ယဲ့ချန်း ဘာလုပ်တော့မည်ကို ကျန်းဖုန်းမှာ ကြည့်နေစရာပင်မလိုဘဲ သိလိုက်သည်။

ယခု သူ တကယ်ထိတ်လန့်နေချေပြီ။

"ဘာ... ဘာလုပ်မလို့လဲ"

"ကျွန်တော် ကားလည်း လျော်ပေးတယ်။ ပိုက်ဆံလည်း ပေးမယ်လေ။ ဘာလို့ အခုလို လုပ်နေရတာလဲ"

"မလုပ်ပါနဲ့... ကျွန်တော် ပြုတ်မကျချင်ဘူး။ ကျွန်တော့်ကို လွှတ်ပေးပါ"

ကျန်းဖုန်းခမျာ ကြောက်လွန်းသဖြင့် ဘောင်းဘီထဲမှာပင် သေးထွက်ကျသွားတော့သည်။

ယဲ့ချန်းက လှောင်ပြုံးပြုံးလိုက်သည်။

"မင်းကို အောက်ချပစ်ရမယ် ဟုတ်လား။ ငါတို့က ဥပဒေလိုက်နာတဲ့ နိုင်ငံသားတွေပါ။ လူသတ်မှု မကျူးလွန်ပါဘူး။ မင်းက စိတ်လှုပ်ရှားစရာလေးတွေကို ကြိုက်တယ်ဆိုတော့ ငါတို့က ပိုစိတ်လှုပ်ရှားဖို့ကောင်းအောင် လုပ်ပေးမလို့"

ကျန်းဖုန်းက တစ်ခုခုပြန်ပြောရန် ပြင်လိုက်သော်လည်း ဘာမှမပြောရသေးခင်မှာပင် သက်တော်စောင့်နှစ်ယောက်က သူ့ကို အောက်သို့ တွန်းချလိုက်သည်။

အေးစက်စက်လေနှင့်အတူ ကျန်းဖုန်း၏ နာကျင်စွာအော်ဟစ်သံများ လွင့်ပျံ့လာသည်။

ကျန်းဖုန်းလည်း ဇောက်ထိုးဖြစ်သွားပြီး ဒန်းတစ်ခုနှယ် ဘယ်ညာယမ်းနေတော့သည်။ သူ့အော်ဟစ်သံမှာ အလွန်သနားစရာကောင်းလှသည်။

သို့သော် လေပြင်းများကြောင့် ထိုအော်သံများမှာ ချက်ချင်းပျောက်ကွယ်သွားသည်။

ကျန်းဖုန်းကို ဆယ်မိနစ်ခန့် လွှဲယမ်းပြီးနောက် ယဲ့ချန်းက သူ့ကို ပြန်ဆွဲတင်ရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ကျန်းဖုန်းခမျာ ကြောက်လွန်းသဖြင့် ခြေကုန်လက်ပန်းကျကာ ကြမ်းပြင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေတော့သည်။

ထိုစဉ် ယန်ချွမ်းက ယဲ့ချန်းကို ပြောလိုက်သည်။

"အစ်ကိုယဲ့... ကျန်းမိသားစုက ကျွန်တော့်ဆီကို ဖုန်းတွေဆက်တိုက် ဆက်နေပါတယ်"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... ငါလည်း ဒေါသပြေသွားပြီ။ သူ့ကို ပြန်ခေါ်သွားခိုင်းလိုက်တော့"

ကျန်းဖုန်းကို ခေါ်သွားကြလေသည်။ ယဲ့ချန်း၏ ဒေါသလည်း ပြေသွားခဲ့သည်။

ဤဖြစ်ရပ်အပြီး ကျန်းဖုန်းတစ်ယောက် အတော်ကြာသည်အထိ ငြိမ်ကုပ်သွားမည်ဟု ထင်သည်။

လျော်ကြေးကိစ္စအတွက်မူ ယဲ့ချန်းအနေနှင့် စိတ်ပူစရာမလိုပေ။ ယန်ချွမ်းက အားလုံးကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်။

ကျန်းဖုန်းဘက်က လက်စားချေမည့်ကိစ္စကလည်း ကျန်းမိသားစုဆိုသည်မှာ နယ်မြို့လေးတွင် အရှိန်အဝါရှိနိုင်သော်လည်း မိုတုမြို့တွင်မူ သူတို့မှာ ဘာမှမပြောပလောက်ပေ။ အရည်အချင်းရော သတ္တိရော ရှိမည်မဟုတ်ပေ။

အားလုံးပြီးစီးသွားသောအခါ ယဲ့ချန်းကို ယန်ချွမ်း၏လူများက အိမ်ပြန်ပို့ပေးခဲ့သည်။

လမ်းတွင် ယန်ချွမ်းက ပြောလိုက်သည်။

"အစ်ကိုယဲ့... ကျွန်တော့်အဘိုးရဲ့ရောဂါက သက်သာသလောက် ရှိနေပါပြီ။ အဲဒါ အဘိုးက အစ်ကိုယဲ့ကို ညစာဖိတ်ကျွေးချင်လို့တဲ့"

ယဲ့ချန်းကလည်း ခေါင်းညိတ်လိုက်၏။

"ရပါတယ်။ အချိန်သတ်မှတ်လိုက်လေ"

ယန်ချွမ်းက မည်မျှပင်ဘဝင်မြင့်ပါစေ ယဲ့ချန်းရှေ့တွင်မူ အလွန်နာခံတတ်သူဖြစ်၏။ စင်စစ်အားကိုးရသည့် လက်အောက်ငယ်သားကောင်း တစ်ဦးပင်။

ကိစ္စတော်တော်များများကိုလည်း သူကိုယ်တိုင် ဝင်ပါစရာမလိုဘဲ ယန်ချွမ်းက ကိုင်တွယ်ဖြေရှင်းပေးနိုင်သည်။

ထို့ကြောင့် ယဲ့ချန်းမှာ ဤနောက်လိုက်လေးအပေါ် အလွန်ကျေနပ်မိသည်။

ထို့ကြောင့် ယဲ့ချန်းဘက်ကလည်း ယန်ချွမ်းကို အခါအားလျော်စွာ လမ်းညွှန်မှုများ ပေးတတ်သည်။ ယခု သူပိုင်ဆိုင်ထားသည့် အင်အားဖြင့် တစ်စုံတစ်ဦးကို ကူညီရန်မှာ အလွန်လွယ်ကူလှသည် မဟုတ်ပါလော။

သူ အိမ်ပြန်ရောက်သောအခါ ညဉ့်အတော်နက်နေပြီဖြစ်သော်လည်း မထင်မှတ်ထားပါဘဲ ဗီလာအတွင်းရှိ မီးများမှာ လင်းထိန်နေဆဲပင်။

•••••••••••••

အပိုင်း ၄၆၁ : အလှလေး၏ပြဿနာကို ကူညီခြင်း

ယဲ့ချန်းလည်း ဗီလာထဲသို့ ဝင်လာခဲ့လိုက်သည်။ လင်းဝမ်ယိုက အနားသို့ ကပျာကယာရောက်ချလာပြီး ယဲ့ချန်းကို အထက်အောက်စုန်ချည်ဆန်ချည်ကြည့်နေပေသည်။

"သခင်လေး အဆင်ပြေရဲ့လား"

ယဲ့ချန်းက ပြုံးလိုက်၏။

"အဆင်ပြေပါတယ်။ ဘာဖြစ်လို့လဲ"

"ရှင် ကားမတော်တဆမှုဖြစ်တယ်လို့ အခုလေးတင် သတင်းရလိုက်လို့"

ယဲ့ချန်းက ရယ်သည်။

"ဪ သိပြီးပြီကိုး"

"ဒါပေါ့.. ကျွန်မ ရှင့်အခြေအနေကို သေချာစောင့်ကြည့်မှဖြစ်မယ်လေ။ နောက်နောင် ပိုသတိထားပါ။ တိုက်မိတာ တော်တော်ပြင်းထန်တယ်ဆို။ အရမ်းအန္တရာယ်များတာပဲ"

ယဲ့ချန်း ရယ်လိုက်မိပြန်သည်။

"အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့ကွာ"

လင်းဝမ်ယိုက ပြောလိုက်၏။

"ကျွန်မ ကားပြင်ဆိုင်ကို ဖုန်းဆက်ထားပြီးပြီ။ ကားကို ပြင်ပြီးပြီတဲ့။ ခန့်မှန်းခြေကုန်ကျစရိတ်က ငါးသန်းဝန်းကျင်တဲ့"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"အင်း... အဆင်ပြေပါတယ်.. ကုန်ကျစရိတ်ကိုတော့ တစ်ယောက်ယောက်က ပေးလိမ့်မယ်"

လင်းဝမ်ယိုက ဆိုလေသည်။

"ရှင့်ကားကို မောင်းပေးတဲ့ ဒရိုင်ဘာတစ်ယောက်က ဝင်တိုက်မိတာဆို"

"ဟုတ်တယ်. ဒရိုင်ဘာက တက္ကသိုလ်ကျောင်းသူတစ်ယောက်လေ။ သူ့ဆီကတော့ မတောင်းခဲ့ပါဘူး။ လက်သည်တရားခံကိုတော့ တွေ့ခဲ့တယ်"

ယဲ့ချန်းက ဖြစ်စဉ်ကို ပြန်ပြောပြလိုက်သည်။

သို့သော် စွန်လွှတ်သလို လွှတ်ခဲ့သည့်ကိစ္စကိုတော့ ချန်လှပ်ထားခဲ့သည်။

လင်းဝမ်ယိုက သူ့ကို အလွန်ရက်စက်ကြမ်းတမ်းသည်ဟု ထင်သွားလျှင် မကောင်းပေ။

"ဒီလိုလုပ်ရင်ရော.. မနက်ဖြန်ကျရင် ကျွန်မ ရှင့်ကို စစ်ဆေးပေးဖို့ ဆရာဝန်လှမ်းခေါ်လိုက်မယ်"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလေသည်။

"မပူပါနဲ့။ ကိုယ် တကယ်အဆင်ပြေပါတယ်"

လင်းဝမ်ယိုလည်း ခေါင်းညိတ်ပြသည်။

"ဒါဆိုလည်း ကောင်းပါပြီ။ ဒါပေမဲ့ ကျည်ကာမှန်နဲ့ အထူးသံမဏိတွေကို ရှင့်ကားမှာ တပ်ထားရမယ်။ အဲဒါမှ အန္တရာယ်ကြုံရင် ကာကွယ်ပေးနိုင်မှာ"

ယဲ့ချန်း၏ရင်ထဲ ထိရှသွားရသည်။

"ဝမ်ယို.. ကျေးဇူးတင်ပါတယ်"

"သခင်လေး.. သခင်လေးကို အမှုထမ်းရတာက ကျွန်မတာဝန်ပါ"

လင်းဝမ်ယိုက ဆို၏။

"သခင်လေး.. ကျွန်မတို့ရဲ့ VRပရောဂျက်အကြောင်း တစ်ဖက်က အကြောင်းပြန်လာပါတယ်။ ကျွန်မတို့ ချက်ချင်းလက်မှတ်ထိုးလို့ရပါပြီ။ ဒါပေမဲ့ ရှင် ကျိုတိုကိုသွားရပါလိမ့်မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို မနက်ဖြန်ကျရင် ကိုယ်တိုင်လက်မှတ်သွားထိုးလိုက်မယ်"

VRပရောဂျက်ကို ထုတ်လွှင့်လိုက်သည်နှင့် ဂိမ်းလောကတစ်ခုလုံး ဗြောင်းဆန်သွားပေလိမ့်မည်။

ဤပရောဂျက်ကို လင်းဝမ်ယိုကသာ တစ်ချိန်လုံးတာဝန်ယူခဲ့ရသည်။

"ဒါဆို ကျွန်မလည်း ရှင်နဲ့အတူလိုက်ခဲ့မယ်"

လင်းဝမ်ယိုက ဆို၏။

"မလိုပါဘူး။ မင်းက အလုပ်များနေတာကို.. မျက်ကွင်းတွေတောင်ညိုလို့... အနားယူလိုက်ဦး။ ကိုယ့်ဘာသာ ကြည့်လုပ်လိုက်မယ်"

လင်းဝမ်ယိုလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ"

သူတို့နှစ်ယောက်သား ခဏကြာသည်အထိ စကားစမြည်ပြောဆိုပြီးနောက် ယဲ့ချန်းလည်း ရေချိုးသန့်စင်ပြီး နှစ်ယောက်သား တစ်ညတာကို အတူကုန်ဆုံးခဲ့ကြသည်။

မနက်စောစောတွင် လင်းဝမ်ယိုက သူ့ကို လေဆိပ်သို့ မောင်းပို့ပေးသည်။

မထွက်ခွာခင် နာရီဝက်အလိုတွင် ယဲ့ချန်း သုန်းရှောင်ယာထံသို့ ဝီချက်မက်ဆေ့ချ်ပို့လိုက်သည်။

"နာမည်ကြီးကြယ်ပွင့်က အခုတလော ဘာတွေများ အလုပ်ရှုပ်နေတာလဲ"

သုန်းရှောင်ယာကလည်း ပြန်ဖြေလာသည်။

"အခုမှ ရုပ်ရှင်တစ်ကား ရိုက်ပြီးလို့ နားနေတာ"

"မင်း ကျိုတိုမှာလား။ ကိုယ် အဲဒီကို အလုပ်ကိစ္စနဲ့ လာမလို့။ တစ်ခုခုစီစဉ်ကြမလား"

သုန်းရှောင်ယာက ပြန်ဖြေချေသည်။

"ကျွန်မက ဒီမှာပဲ။ ရှင်က ကျိုတိုမှာ ဘာအလုပ်ကိစ္စရှိလို့လဲ"

"မင်းနဲ့တွေ့ဖို့ လာလို့မရဘူးလား"

ယဲ့ချန်းက စာပြန်လိုက်၏။

သုန်းရှောင်ယာက ဆိုလေသည်။

"ဟွန်း.. ရှင့်မှာ ရည်းစားတွေပေါတော့ ကျွန်မအတွက် အချိန်ရောရှိလို့လား"

"ဘယ်သူပြောလဲ။ မင်းကမှ ရုပ်ရှင်ရိုက်ရင်း မအားလပ်နေတာလေ"

"အာ.. အရင်က ကျိုတိုကိုလာရင် ကိုယ်နဲ့အတူ နေ့တိုင်းဈေးဝယ်ထွက်ပေးမယ်လို့ ဘယ်သူပြောခဲ့တာပါလိမ့်... ဒါပေမဲ့ အခု မင်းက နာမည်ကြီးသွားပြီဆိုတော့ ကိုယ့်ကိုတောင် ဂရုမစိုက်တော့ဘူး"

"ရှင်ကတော့လေ.. ကျွန်မက ရှင့်ကို ဘယ်လိုလုပ်ပြီး လျစ်လျူရှုရက်မှာလဲ။ ကျွန်မ ရှင့်ကို အဖော်လုပ်ပေးမယ်"

ယဲ့ချန်းကလည်း ပြန်ပြောလိုက်သည်။

"အင်း ဒီလိုမှပေါ့"

"ဒါနဲ့ ဒီတစ်ခေါက် ကိုယ် ကျိုတိုအစားအသောက်တွေ မြည်းကြည့်ချင်တယ်"

သုန်းရှောင်ယာက စာပြန်လာသည်။

"မပူနဲ့။ ရှင်စားချင်တာမှန်သမျှ ကျွန်မ လိုက်ကျွေးမယ်"

ထိုအချိန်တွင် လေယာဉ်ပေါ်သို့ တက်ရတော့မည်ဖြစ်လေရာ ယဲ့ချန်း စာပြန်လိုက်သည်။

"ဒါဆို ကျိုတိုရောက်မှတွေ့မယ်"

အစတုန်းက ယဲ့ချန်းမှာ အထက်တန်းထိုင်ခုံတွင် ထိုင်ချင်ပါသော်ငြား ကံဆိုးချင်တော့ လက်မှတ်ကကုန်သွားပြီဖြစ်သဖြင့် ရိုးရိုးတန်းကသာ လိုက်ခဲ့ရသည်။

ရိုးရိုးတန်းကတော့ ရိုးရိုးတန်းပါပဲ...

ယဲ့ချန်းတွင် အဆက်အသွယ်များရှိသော်လည်း ပြဿနာများသည်ဟု ထင်သည်။ လေယာဉ်ကလည်း သုံးနာရီသာ စီးရမည်ဖြစ်လေရာ မကြာခင်ရောက်သွားပေလိမ့်မည်။

ယဲ့ချန်းလည်း အခြားခရီးသည်များနှင့်အတူ လေယာဉ်ပေါ်သို့ တက်လာခဲ့လိုက်သည်။ သူ့ထိုင်ခုံက 18Fပင်။

သူ့ခရီးဆောင်အိတ်ကို နေရာချနေစဉ် နားရွက်ကားကား ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က ရုပ်ရည်ရမှတ်ကိုးဆယ်ခန့်ရှိသော မိန်းကလေးတစ်ယောက်နှင့် စကားစမြည်ပြောနေချေသည်။

ထိုမိန်းကလေးကမူ စိတ်မရှည်ဖြစ်နေသော်ငြား မတတ်နိုင်ပေ။

ယဲ့ချန်းလည်း ထိုမိန်းကလေး၏ဒုက္ခကို မြင်သဖြင့် ပြုံးလိုက်သည်။

"မိန်းကလေး.. မင်း ကိုယ့်ထိုင်ခုံမှာထိုင်နေတာ"

ထိုမိန်းကလေးခမျာ ခဏမျှကြက်သေသေသွားလေသည်။

"မဟုတ်ပါဘူး။ ကျွန်မက 18Eမှာထိုင်နေတာ"

ယဲ့ချန်းက သူ(မ)ကို မျက်ရိပ်ပြလိုက်ပြီးနောက် သူ့လက်မှတ်ကို ပြလိုက်လေသည်။

ထိုမိန်းကလေးကလည်း နားလည်သွားပြီး ယဲ့ချန်းကို ကျေးဇူးတင်လေဟန်အကြည့်ဖြင့် ကြည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားရှိ ထိုင်ခုံကို ခပ်မြန်မြန်ရွှေ့သွားသည်။

ယဲ့ချန်းကလည်း မသတီစရာကောင်းသော ထိုဦးလေးကြီး၏နံဘေးရှိ အလယ်ထိုင်ခုံသို့ ဝင်ထိုင်လိုက်သည်။

ထိုလူကြီးက ကောင်မလေးကို အီစီကလီလုပ်နေပါသော်ငြား ယဲ့ချန်းက ဖျက်ဆီးလိုက်သဖြင့် မကျေမချမ်းဖြစ်နေပေသည်။

ယဲ့ချန်း ဝင်ထိုင်လိုက်သောအခါ ထိုဦးလေးကြီးက သူ့ကို စူးစူးရဲရဲစိုက်ကြည့်လေသည်။

ယဲ့ချန်း၏အသက်နှင့် အဝတ်အစားကို မြင်သော် ထိုလူက အေးတိအေးစက်သရော်လိုက်၏။

ယဲ့ချန်းက အသက်နှစ်ဆယ်ဝန်းကျင်သာ ရှိသေးသော်ငြား ဘရန်းအဝတ်အစားများကို ဝတ်ဆင်ထားသည်။

လူကုံထံတစ်ယောက်က ရိုးရိုးတန်းသို့ ရောက်လာစရာ အကြောင်းမရှိပေ။ မသတီစရာကောင်းသော ထိုဦးလေးကြီးလည်း ယဲ့ချန်းက ဘရန်းအတုများ ဝတ်လာခြင်းဖြစ်ရမည်ဟု ထင်သွားသည်။

"ကောင်လေး.. မင်းက ဘာအလုပ်လုပ်တာလဲ"

"ကျွန်တော် တက္ကစီမောင်းပါတယ်"

ယဲ့ချန်းက ပြုံးစစဖြင့် ပြောလိုက်၏။

"တက္ကစီမောင်းတာလား"

ယဲ့ချန်း၏စကားကြောင့် ထိုလူကြီးမှာ တုံ့ခနဲဖြစ်သွားပြီးနောက် လှောင်ပြုံးပြုံးလေတော့သည်။

"မင်း ကျိုတိုကို အလုပ်သွားရှာမလို့လား။ ငါ မင်းကို ကူညီပေးနိုင်ပါတယ်။ ငါတို့ကုမ္ပဏီမှာ အလုပ်လာလုပ်လေ။ ငါက နိုင်ငံခြားခရီးသွားလုပ်ငန်း လုပ်တာ။ မင်းရဲ့ရုပ်ရည်နဲ့ဆိုရင် နည်းနည်းလောက်လေ့ကျင့်လိုက်တာနဲ့ တိုးဂိုက်အလုပ်လုပ်ရတာ အရမ်းမိုက်မှာ"

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်သည်။

"တောင်းပန်ပါတယ်။ ကျွန်တော်က ဒီအတိုင်းအလည်သွားတာပါ။ အလုပ်ရှာဖို့မဟုတ်ဘူး"

ယဲ့ချန်းက အလည်အပတ်ထွက်လာကြောင်း ကြားလိုက်ရသောအခါ ထိုအမျိုးသားကြီးမှာ ပိုစိတ်ဝင်စားသွားသည်။

"ကောင်လေး.. မင်း ငါတို့ကုမ္ပဏီမှာ အလုပ်ဝင်သင့်တယ်နော်။ မင်း ဟိုတယ်ခန်းငှားပြီးပြီလား"

"ငှားပြီးပြီ။ အိုင်စလန်ဟိုတယ်လေ"

အစတုန်းက ယဲ့ချန်းမှာ တော်ဝင်မင်းသားအိမ်တော် ရှိပါသော်ငြား လက်မှတ်ရေးထိုးမည့်နေရာမှာ အိုင်စခန်ဟိုတယ်ဖြစ်သောကြောင့် ထိုနေရာတွင်သာ တည်းခိုရန် ဆုံးဖြတ်လိုက်သည်။

"အိုင်စလန်ဟိုတယ်လား"

ထိုနာမည်ကို ကြားသောအခါ ထိုလူမှာ တုံ့ခနဲဖြစ်သွားလေသည်။

"ဪ.. ဟိုတယ်သေးသေးလေးပဲဖြစ်ရမယ်။ ကောင်လေး.. နေရာထိုင်ခင်းအတွက် ခြွေတာမနေစမ်းပါနဲ့။ မင်းအတွက် ကြယ်သုံးပွင့်ဟိုတယ်မှာ အခန်းငှားပေးမယ်"

ဘေးနားရှိ မိန်းကလေးကမူ ထိုလူ့စကားကြောင့် ရယ်လိုက်လေသည်။

အိုင်စလန်ဟိုတယ်က ဟိုတယ်သေးသေးလေးတဲ့လား...

လာနောက်နေတာလား...

အိုင်စလန်ဟိုတယ်ဆိုသည်မှာ မိုတုမြို့ရှိ ထိပ်တန်းကြယ်ငါးပွင့်ဟိုတယ်များထဲမှ တစ်ခုပင်။

ဤလူကြီးက တစ်ချိန်လုံးကြွားဝါနေပါသော်ငြား ဘာမှလည်းမသိပေ။

ယဲ့ချန်းကမူ ခေါင်းခါယမ်းလိုက်၏။

"တော်ပါပြီ ကျေးဇူးပဲ။ ဟိုတယ်ကို ငှားပြီးသွားပြီမို့ပါ"

"အဲဒီလိုလား။ မင်း ငါတို့ရဲ့ခရီးသွားပက်က်ေ့ချ်တွေကို သုံးကြည့်လို့ရတယ်နော်။ တားမြစ်မြို့တော်၊ မဟာတံတိုင်း.. အကုန်လိုက်ပို့ပေးလို့ရတယ်"

ယဲ့ချန်းကမူ နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ လည်ပတ်မဲ့ မိတ်ဆွေတွေရှိပါတယ်"

ထိုလူကြီးကြောင့် ယဲ့ချန်း စိတ်ရှုပ်နေသည်ကို မြင်သောအခါ ထိုမိန်းကလေး၏ရင်ထဲ ထိရှသွားရသည်။

အကယ်၍ ယဲ့ချန်းသာ မကူညီပါက ထိုလူက သူ(မ)ကို တစ်လမ်းလုံးနှောင့်ယှက်နေမည်သာ။

လေယာဉ်မဆင်းခင် နာရီဝက်သာ လိုတော့မည်။

ထိုလူက မိန်းကလေးကို ရုတ်တရက်ပြောလိုက်သည်။

"မိန်းကလေး.. ကားငှားချင်လား။ ငါ မင်းကို လိုက်ပို့ပေးနိုင်တယ်နော်"

ထိုလူ့စကားများကို ကြားသော် မိန်းကလေးက အမြန်ပြောလိုက်၏။

"မလိုပါဘူး။ ကျွန်မ တက္ကစီငှားလိုက်ပါ့မယ်"

"တက္ကစီငှားရတာ အလုပ်ရှုပ်ပါတယ်။ ငါတို့တွေက အတူထိုင်ရဖို့ ကံပါလာတာဆိုတော့ မင်းကို ကျိုတိုမြို့ထဲမှာ လိုက်ပို့ပေးပါ့မယ်"

ထိုမိန်းကလေးကမူ ထပ်ခါတလဲလဲခေါင်းခါပြလိုက်သည်။

"တကယ်ပါ။ စေတနာအတွက်တော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ မလိုပါဘူး"

ယဲ့ချန်းက ပြုံးလိုက်လေသည်။

"မိန်းကလေး.. ဒီလိုလုပ်ရင်ရော.. ငါတို့ဟိုတယ်မှာ ကားဆားဗစ်ရှိတယ်။ မင်းအတွက် ကားငှားပေးဖို့ သူတို့ကိုပြောလိုက်မယ်လေ"

ထိုမိန်းကလေးမှာ ယဲ့ချန်းက သူ(မ)အား ကူညီနေကြောင်း သိသဖြင့် အမြန်ပြောလိုက်သည်။

"ကောင်းပြီလေ။ ကျေးဇူးတင်ပါတယ်"

သူ့ဘက်က တစ်ချိန်လုံးတက်ကြွနေပါသော်ငြား တစ်ဖက်မိန်းကလေးကတော့ လက်မခံခဲ့ပေ။ သို့သော် ဤလူငယ်လေး ဖိတ်ကြားလိုက်ချိန်တွင်မူ ချက်ချင်းလက်ခံလိုက်သည်။ ထို့ကြောင့် ထိုလူလည်း အလွန်မကျေမချမ်းဖြစ်သွားချေသည်။

လေယာဉ်ဆိုက်ချေပြီ။ ထိုလူကလည်း ခပ်သုတ်သုတ်ပြန်ထွက်သွားသည်။

ထိုမိန်းကလေးက ပြုံးလိုက်၏။

"လူကြီးမင်း.. ကျွန်မကို ကူညီပေးလို့ ကျေးဇူးတင်ပါတယ်"

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်သည်။

"ရပါတယ်။ ကိုယ်ကလည်း အိမ်ထောင်သည်ယောက်ျားတွေရဲ့ အဲဒီလိုလုပ်ရပ်မျိုးကို သဘောမကျလို့ပါ"

ထိုမိန်းကလေး၏ ခရီးဆောင်အိတ်ကို ကူချပေးပြီးနောက် ယဲ့ချန်း ပြုံးလိုက်သည်။

"မင်း ဘယ်မှာနေတာလဲ။ ကိုယ် မင်းကို အိမ်ပြန်ပို့ပေးမယ်လေ"

••••••••••••••

အပိုင်း ၄၆၂ : ငါ့ညွှန်ကြားချက်

မိန်းကလေးက ရယ်မောလိုက်၏။

"ရှင် ကျွန်မကို အီစီကလီလုပ်နေတာလား"

ယဲ့ချန်း ခေါင်းခါပြလိုက်သည်။

"ဘယ်ဟုတ်မလဲ။ ကိုယ်က ခရီးသည်လာကြိုတာပါ"

ထိုမိန်းကလေးခမျာ ခဏကြောင်အသွားသည်။

"ခရီးသည်လာကြိုတာလား"

ယဲ့ချန်းက ဆို၏။

"ဟုတ်တယ်လေ။ ကျွန်တော်က တက္ကစီဒရိုင်ဘာဆိုတော့ ခရီးသည်လာကြိုတာပေါ့"

"တက္ကစီဒရိုင်ဘာလား။ စောစောကပြောတော့ ခရီးထွက်လာတာဆို"

ယဲ့ချန်းက ရယ်၏။

"ခရီးသွားတာနဲ့ တက္ကစီမောင်းတာက ဆက်စပ်နေဖို့လိုလို့လား"

"ကောင်းပါပြီလေ"

ထိုကောင်မလေးက ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချန်းလည်း ကောင်မလေး၏ ခရီးဆောင်အိတ်ကို ကူသယ်ပေးပြီး လေဆိပ်ထဲက ထွက်လာခဲ့လိုက်သည်။

ကားပါကင်တွင် ရပ်ထားသော ကားကို မြင်သောအခါ ထိုမိန်းကလေးခမျာ အံ့သြမှင်တက်သွားတယ်။

အစတုန်းက ယဲ့ချန်း နောက်နေသည်ဟု ထင်ထားပါသော်ငြား တကယ်ဖြစ်နေပေသည်။

ထို့ကြောင့် သူ(မ) တက္ကစီအက်ပလီကေးရှင်းကိုသုံးပြီး ကားငှားလိုက်သောအခါ ယဲ့ချန်းကလည်း အော်ဒါကို လက်ခံလိုက်သည်။

ကောင်မလေးခမျာ လုံးဝဆွံ့အသွားရတော့သည်။

ကားပေါ်သို့ရောက်သော် ကောင်မလေးက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။

"ကျွန်မက လီစီသုန်းပါ... ကျိုတိုဂီတတက္ကသိုလ်က ကျောင်းသူ​လေ"

ယဲ့ချန်းကလည်း ပြန်ပြောလိုက်၏။

"ကျွန်တော်က ယဲ့ချန်းပါ။ တက္ကစီဒရိုင်ဘာပေါ့"

လီစီသုန်းခမျာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားသည်။

"ရှင့်အဝတ်အစားတွေက နာမည်ကြီးဒီဇိုင်နာဝတ်စုံတွေချည်းပဲ။ ဒီလောက် သပ်သပ်ရပ်ရပ် ဝတ်စားထားတဲ့ တက္ကစီဒရိုင်ဘာကို ကျွန်မ ပထမဆုံးမြင်ဖူးတာပဲ"

ယဲ့ချန်းက ခပ်ဖွဖွပြုံးလိုက်သည်။

"ဟုတ်တယ်မလား... တက္ကစီဒရိုင်ဘာတွေကလည်း အရည်အသွေးမြင့်တဲ့ ဘဝနေထိုင်မှုကို သဘောကျတာပဲလေ"

လီစီသုန်းက ရယ်မောလိုက်၏။

"ဒါပေမဲ့ ရှင်က ကျွန်မတွေ့ဖူးသမျှထဲမှာ အရမ်းချောတဲ့ တက္ကစီဒရိုင်ဘာပါပဲ"

ယဲ့ချန်း ကားမောင်းထွက်လာခဲ့လိုက်လေရာ နာရီဝက်အကြာတွင် ကျိုတိုဂီတတက္ကသိုလ်သို့ ရောက်လာခဲ့သည်။

လီစီသုန်းက အသာအယာပြုံးလိုက်၏။

"တက္ကစီဒရိုင်ဘာအစ်ကိုကြီး... ကျွန်မတို့ အဆက်အသွယ်ရအောင်လို့ ဝီချက်မှာ အပ်ထားရအောင်လေ"

ယဲ့ချန်းက ခေါင်းညိတ်ပြလိုက်သည်။

"ရတယ်လေ"

သူတို့နှစ်ယောက်သား ဝီချက်မှာ အချင်းချင်းအပ်လိုက်ကြပြီးနောက် လီစီသုန်းက ယဲ့ချန်းကို ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်တစ်ခု ပေးခဲ့သေးသည်။

"တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့်ကို အသက်သွင်းလိုက်တဲ့အတွက် စနစ်ရဲ့ဆုလာဘ်အဖြစ် အိုင်စလန်ကြယ်ငါးပွင့်ဟိုတယ်ကို ရရှိပါပြီ"

ဝိုး... ငါက အခုလေးတင် အဲဒီမှာသွားတည်းဖို့ လုပ်နေတာ အခု အိုင်စလန်းဟိုတယ်ရဲ့ ဥက္ကဋ္ဌတောင် ဖြစ်သွားပြီပေါ့....

ယဲ့ချန်းလည်း အိုင်စလန်ဟိုတယ်သို့ တန်းမောင်းသွားလိုက်သည်။

ဟိုတယ်အဝင်ဝသို့ ရောက်ရောက်ချင်း အရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို သတိထားမိလိုက်သည်။

အာဗွီကားတစ်စီးက အဝင်ဝကို ပိတ်ရပ်ထားခြင်းပင်။

"ဘာတွေဖြစ်နေတာလဲ"

ယဲ့ချန်းက ကားပေါ်ကဆင်းပြီး မေးလိုက်သည်။

လုံခြုံရေးဝန်ထမ်းတစ်ယောက်က ပြောသည်။

"သြော်... ဆယ်လီတစ်ယောက် ဟိုတယ်မှာ လာတည်းလို့ ပရိသတ်တွေအများကြီးရောက်လာပြီး လမ်းပိတ်နေတာပါ"

ယဲ့ချန်း မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါဆို တခြားဧည့်သည်တွေက ဘယ်လိုတည်းရမှာလဲ"

လုံခြုံရေးလည်း ကူကယ်ရာမဲ့နေချေသည်။

"ကျွန်တော်တို့လည်း ဘာမှမတတ်နိုင်ဘူးဖြစ်နေတယ်။ အခုခေတ် ဆယ်လီတွေက ဩဇာလွှမ်းမိုးမှုအရမ်းကြီးတယ်။ တလောကပဲ ဟိုတယ်မှာ တစ်ယောက်လာတည်းတာ ပရိသတ်တွေစုရုံးလာလို့ လုံခြုံရေးတစ်ယောက်က နည်းနည်းခပ်ကျယ်ကျယ်ပြောလိုက်မိတာကို အဲဒီဆယ်လီက ပြောဆိုသွားတာ။ နောက်ဆုံး အဲဒီလုံခြုံရေး အလုပ်ထုတ်ခံလိုက်ရတယ်လေ။ အဲဒါကြောင့် ကျွန်တော်တို့လည်း ထပ်ပြီး ဝင်မစွက်ဖက်ရဲတော့ဘူး"

ယဲ့ချန်းလည်း ထိုဗီဒီယိုကို အွန်လိုင်းမှာ မြင်ဖူးသည်။

ထိုဆယ်လီက ပရိသတ်များကို အလွန်ဂရုစိုက်သည်ဟု နာမည်ထွက်ထားပြီး သူတို့၏ အားပေးထောက်ခံမှုကို အခိုင်အမာရရှိထားသည်။

သို့သော် ဆယ်လီဖြစ်ခြင်းမှာ ကိစ္စမရှိသလို ပရိသတ်များနှင့် ပြောဆိုဆက်ဆံခြင်းကလည်း ပြဿနာမဟုတ်ပေ။ သို့သော် ပင်မလမ်းကိုတော့ လာမပိတ်သင့်ချေ။

ယဲ့ချန်းလည်း လူအုပ်ထဲသို့ တိုးဝင်သွားပြီး ပြောလိုက်သည်။

"ကိုယ့်လူ မင်းရဲ့ပရိသတ်တွေက လမ်းပိတ်ထားလို့ ဧည့်သည်တွေအများကြီး ဝင်တည်းဖို့ စောင့်နေရတယ်ကွ"

ထိုဆယ်လီက မျက်မှောင်ကြုတ်လိုက်လေသည်။

"ပရိသတ်တွေ လမ်းပိတ်ထားတာကို ကျွန်တော်က ဘာလုပ်ရမှာလဲ။ သူတို့ကို အတင်းနှင်ထုတ်လို့မှ မရတာ"

သူက ထိုသို့ပြောရင်း ပရိသတ်များကို လက်ပြနှုတ်ဆက်လိုက်သေးသည်။

သေစမ်း... မင်းက ပရိသတ်တွေနဲ့ စကားပြောဖို့ လမ်းကိုပိတ်ထားတာလေ... တခြားလူတွေက မင်းကိုစောင့်နေရမယ်ပေါ့...

ဘယ်သူကများ သူတို့ကို ဤသို့သောအခွင့်ထူးများ ပေးထားလေသလဲ။

ယဲ့ချန်းလည်း ကားနားသို့ ပြန်သွားပြီး ဖုန်းတစ်ချက် ခေါ်လိုက်သည်။

"အိုင်စလန်းဟိုတယ်ရဲ့ အထွေထွေမန်နေဂျာ ချန်းရှန်လား"

"ဘယ်သူပါလဲ"

"ကျုပ်က ယဲ့ချန်း.. အိုင်စလန်းဟိုတယ်ရဲ့ ဥက္ကဋ္ဌအသစ်ပါ"

"ဥက္ကဋ္ဌယဲ့ ခင်ဗျားကိုး"

"မင်းတို့ရဲ့ဟိုတယ်စီမံခန့်ခွဲမှုက တယ်အထင်ကြီးချင်စရာပဲနော်။ အဝင်ဝမှာ လမ်းပိတ်နေတာတောင် လုံခြုံရေးက စည်းကမ်းမထိန်းဘဲ ဖောက်သည်တွေကို ဒီအတိုင်းပိတ်မိနေအောင် ထားရသလား"

မန်နေဂျာခမျာ ကမန်းကတန်း ချွေးသုတ်လိုက်ရသည်။

"ဥက္ကဋ္ဌ... ကျွန်တော်လည်း အခက်တွေ့နေတာပါ။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ကိစ္စကို ဥက္ကဋ္ဌလည်း သိမှာပါ။ ဒီဆယ်လီတွေမှာ ပရိသတ်တွေ အရမ်းများလွန်းတယ်။ ကျွန်တော်တို့ ဟိုတယ်ကသာ သူတို့ကို သွားစော်ကားမိရင် မကောင်းတဲ့ရီဗျူးတွေ တက်လာပြီး ပရိသတ်တွေက ပြဿနာလာရှာကြလိမ့်မယ်။ အဲဒါဆိုရင် ကျွန်တော်တို့ အထိနာလိမ့်မယ်ဗျ"

ယဲ့ချန်းက အေးစက်စက်လေသံဖြင့် ပြောလိုက်သည်။

"ဘာပဲဖြစ်လာဖြစ်လာ ငါ တာဝန်ယူတယ်။ ပရိသတ်တွေကို လူစုခွဲဖို့ လုံခြုံရေးတွေကို သွားပြောလိုက်"

ထိုအချိန်တွင် ထိုဆယ်လီက အာဗွီကားနားမှာ ရပ်ပြီး သူ့ပရိသတ်များကို လက်ပြနှုတ်ဆက်နေဆဲပင်။

သူသည် ဤအခိုက်အတန့်လေးကို အပြည့်အဝ သာယာနေပေသည်။

သို့သော် ထိုအချိန်မှာပင် ဟိုတယ်ထဲက လုံခြုံရေးဝန်ထမ်းအမြောက်အမြား အပြေးထွက်လာကြသည်။

"အားလုံးပဲ လူစုခွဲပေးကြပါ။ ဟိုတယ်ဝင်တည်းဖို့ စောင့်နေတဲ့ဧည့်သည်တွေ ရှိပါသေးတယ်"

လုံခြုံရေးများက ပရိသတ်များကိူ လူစုခွဲပါတော့သည်။

ထိုအချိန်တွင် ထိုဆယ်လီကလည်း မကျေမနပ်ဖြစ်သွားပြီး လုံခြုံရေးများကို ဒေါသတကြီး လက်ညိုးထိုးလိုက်သည်။

"ငါ့ပရိသတ်တွေကို ဘယ်သူကထိခိုင်းလို့လဲ"

ပရိသတ်များလည်း ဒေါသထွက်ကုန်ကြသည်။

"ဟုတ်တယ်။ သူတို့ ငါ့ကို တွန်းလိုက်တယ်"

အထွေထွေမန်နေဂျာချန်းရှန်လည်း ရောက်လာလေသည်။

"လူကြီးမင်း... ခင်ဗျားက ဝင်တည်းဖို့စောင့်နေတဲ့ တခြားဧည့်သည်တွေရဲ့လမ်းကို ပိတ်ထားလို့ပါ။ ခင်ဗျားရဲ့ပရိသတ်တွေနဲ့ တွေ့ဖို့အတွက် ဟိုတယ်ဧည့်ခန်းမထဲမှာ ကျွန်တော်တို့ နေရာတစ်ခု စီစဉ်ပေးပါ့မယ်"

မန်နေဂျာချန်း၏ အစီအစဉ်က အလွန်အဆင်ပြေသော်ငြား ထိုဆယ်လီကတော့ အလျှော့မပေးချေ။

"ခင်ဗျားတို့လုံခြုံရေးက ကျွန်တော့်ပရိသတ်တွေကို တွန်းလိုက်တာလေ။ ဒီကိစ္စကို ဒီအတိုင်း ထားလို့မရဘူး။ သူတို့ကို ချက်ချင်း တောင်းပန်ခိုင်းပြီး အဲဒီလုံခြုံရေးကို အလုပ်ထုတ်ပစ်လိုက်"

လုံခြုံရေးက မြို့ကို အလုပ်လာလုပ်ခါစ လူငယ်လေးတစ်ယောက်ဖြစ်ပြီး ဤအလုပ်ကို ခက်ခက်ခဲခဲ ရှာထားရပေသည်။

အလုပ်ထုတ်ခံရမည်ဟု ကြားလိုက်သည်နှင့် ထိုလူငယ်လေးက မခံချိမခံသာပြောလိုက်သည်။

"ကျွန်တော် အသာလေးပဲ ထိလိုက်တာပါ။ မတွန်းပါဘူး"

"ထိတာတောင် ခွင့်မပြုနိုင်ဘူး။ ငါ့ပရိသတ်တွေက မင်း ထိချင်တိုင်းထိလို့ရလို့လား"

ထိုဆယ်လီ၏စကားကိုကြားသော် ပရိသတ်တစ်သိုက်လုံး မျက်ရည်ကျမတတ် စိတ်လှုပ်ရှားသွားကြသည်။

"ဝိုး... ပရိသတ်တွေကို ကာကွယ်ပေးတာ အရမ်းနွေးထွေးတာပဲ"

"ရှင့်ကို အားပေးရတာ တန်လိုက်တာ။ သေမတတ်ချစ်တယ်"

ယဲ့ချန်းကတော့ ဘေးက အေးတိအေးစက်အမူအရာဖြင့် ကြည့်နေခဲ့သည်။

ထိုဆယ်လီက အရှိန်အဟုန်အပြည့်ဖြင့် ပြောလိုက်သည်။

"ကျွန်တော့်ကို မတောင်းပန်မချင်း ဒီကိစ္စက ပြီးမှာမဟုတ်ဘူး"

ထိုအချိန်မှာပင် ယဲ့ချန်းက အရှေ့ကို ထွက်လာခဲ့သည်။

"ငါက ဟိုတယ်ဥက္ကဋ္ဌပဲ။ ကိစ္စရှိရင် ငါ့ကိုပြော"

ထိုဆယ်လီက လုံခြုံရေးကို လက်ညိုးငေါက်ငေါက်ထိုးလိုက်၏။

"ခင်ဗျားတို့လုံခြုံရေးက ကျွန်တော့်ပရိသတ်တွေကို တွန်းတိုက်တာ။ ကျွန်တော် ရှင်းလင်းချက်တစ်ခု လိုချင်တယ်"

ယဲ့ချန်းက တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြောလိုက်သည်။

"မင်းရဲ့ ပရိသတ်တွေကို တွန်းတယ်ပေါ့။ သူတို့ ဒဏ်ရာရသွားလို့လား။ ရသွားရင် ငါ အခုချက်ချင်း လူနာတင်ယာဉ်ခေါ်ပြီး သူတို့ကို စစ်ဆေးခိုင်းလိုက်မယ်"

"ဒါက..."

ထိုဆယ်လီလည်း ဆွံ့အသွားချေသည်။

ယဲ့ချန်းက ဆက်ပြောလိုက်၏။

"ကြည့်လိုက်... ဒီဟိုတယ်က မင်းတစ်ယောက်တည်းအတွက် မဟုတ်ဘူး။ ဝင်တည်းဖို့စောင့်နေတဲ့ တခြားဧည့်သည်တွေလည်း ရှိသေးတယ်။ ဟိုတယ်က မင်းပရိသတ်တွေနဲ့တွေ့ဖို့ နေရာတစ်ခု စီစဉ်ပေးပြီးသားပဲ။ အများသိဆယ်လီတစ်ယောက်အနေနဲ့ နည်းနည်းလောက် သဘောထားကြီးပေးတာက ကောင်းမွန်တဲ့စရိုက်တစ်ခုပဲမဟုတ်လား"

ယဲ့ချန်း၏စကားများက အဓိပ္ပာယ်ရှိသော်ငြား ထိုဆယ်လီကတော့ လက်မခံပါချေ။

ဒါက ဘာသဘောလဲ။ ငါ့ကို သဘောထားမကြီးဘူးလို့ ပြောတာလား။ ငါက မှားနေတယ်ပေါ့လေ....

ဘယ်ရမလဲ... လူတွေ ဒီလောက်အများကြီး ကြည့်နေတာ... ဒီကိစ္စကို ရှင်းကိုရှင်းရမယ်....

ထိုဆယ်လီက ပြောလိုက်၏။

"လုံးဝပဲ။ ဒီနေ့ ခင်ဗျား ကျွန်တော့်ကို ဖြေရှင်းချက်မပေးဘူးဆိုရင် ဒီကိစ္စပြီးမှာမဟုတ်ဘူး"

ယဲ့ချန်းက ခေါင်းညိတ်လိုက်၏။

"မင်းက ဖြေရှင်းချက်လိုချင်တာမလား"

"ဟုတ်တယ်။ ကျွန်တော့်ပရိသတ်တွေအတွက် ဖြေရှင်းချက်တစ်ခုခု ရမှဖြစ်မယ်"

ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။

"ပြဿနာမရှိပါဘူး"

သူက ဖုန်းထုတ်ပြီး မောင့်ယာကွန်ရက်၏ အထွေထွေမန်နေဂျာဆီသို့ ဖုန်းဆက်လိုက်သည်။

"ရူဘီက ငါတို့မောင့်ယာကွန်ရက်က တိုက်ရိုက်ထုတ်လွှင့်သူမလား။ သူ့အကောင့်ကို ဘန်းပစ်လိုက်"

"သူဌေး... ရူဘီက ကြည့်ရှုသူ သန်းနဲ့ချီပြီးရှိပါတယ်။ အခုလတ်တလော အရမ်းနာမည်ကြီးနေတာ"

"ငါ ဘန်းလိုက်လို့ ပြောနေတယ်လေ"

ယဲ့ချန်းကလည်း အေးစက်စက်လေသံဖြင့် ပြောလိုက်၏။

ဘေးနားရှိ ရူဘီကတော့ ယဲ့ချန်းတစ်ယောက် မောင့်ယာကွန်ရက်ကို ဖုန်းဆက်ပြီး သူ့ကို ဘန်းခိုင်းနေကြောင်း ကြားလိုက်ရသောအခါ အော်ရယ်မိမတတ်ပင်။

"ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူများမှတ်နေလဲ။ ကျွန်တော့်မှာ ဖော်လိုဝါ သန်းနဲ့ချီပြီးရှိတယ်။ မောင့်ယာကွန်ရက်က ကျွန်တော့်ကို ဘန်းရဲမှာတဲ့လား"

သို့သော် ထိုအချိန်မှာပင် သူ့တိုက်ရိုက်ထုတ်လွှင့်မှုလိုင်းက ရုတ်တရက် ပြတ်တောက်သွားသည်။

ထို့နောက် မက်ဆေ့ချ်တစ်စောင် ပေါ်လာလေသည်။

"သင့်အကောင့်သည် မောင့်ယာကွန်ရက်၏ စည်းမျဉ်းများကို ချိုးဖောက်သောကြောင့် ဘန်းခံလိုက်ရပါသည်"

"ကျစ်... ဒါက ဘာဖြစ်တာလဲ"

ရူဘီ နည်းနည်းထိတ်လန့်သွားသည်။

သူ့မှာ ကြည့်ရှုသူသန်းပေါင်းများစွာ ရှိသော်လည်း ပလက်ဖောင်းတစ်ခုကိုတော့ လိုအပ်ဆဲပင်။

တိုက်ရိုက်ထုတ်လွှင့်မည့် ပလက်ဖောင်းမရှိလျှင် သူ့ပရိသတ်များနှင့် မည်သို့နှယ် အဆက်အသွယ်လုပ်နိုင်မည်နည်း။

ယဲ့ချန်းကမူ ခပ်ဖွဖွပြုံးလိုက်၏။

"ရပြီ... အဲဒါ မင်းအတွက် ငါပေးတဲ့ ဖြေရှင်းချက်ပဲ"

••••••••••••••••

All Chapters