← Chapters

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

အခန်း (၂၂၆-၂၂၈)

Vol. 16 Ch. 226-228

(226)

အခြေနေကားရှုပ်ထွေးနေပြီဖြစ်၏။ဆာဗေ့ဘုရင်ကြီးသည်မိမိ၏ရတနာသစ်ပင်အား အထက်တန်းဆာဗေ့များမှာယူဆောင်ထွက်ပြေးသွားသောကြောင့် အမြန်ဆုံးပြန်ရစေရန်သာ တာစူနေ၏။ထိုသစ်ပင်သည် ဘုရင်ကြီးအား ဂျိတ်မှပေးအပ်ထားသောသစ်ပင်ဖြစ်၏။ထိုသစ်ပင်မှအရွက်အကိုင်းမှနေ၍ အသီးပွင့်တို့အထိ ရတနာများဖြစ်လေ၏။တစ်ပင်လုံးမှ ကြိုက်ရာအခိုင်အကိုင်းယူပြီး ကုသပါက ဒဏ်ရာသွေးထွက်သံယိုဖြစ်သောအဆင့်မှ ခြေပြတ်လက်ပြတ်နေလျှင်ပင် အသစ်ထွက်သည်အထိ ပြန်လည်စွမ်းဆောင်နိုင်စွမ်းရှိ၏။"ကျုပ်ပေးခဲ့တဲ့သစ်ပင်ကို ဘယ်ကောင်တွေယူသွားတာလဲ"ဂျိတ်၏အမေးကြောင့် ဘုရင်ကြီးလည်း"ဒီလိုပါ သူတို့က အထက်တန်းစားဆာဗေ့မျိုးနွယ်ကလူတွေပါသူတို့ကတာနာရှာကို လက်ထပ်ဖို့အကြောင်းပြပြီး ဒီကရတနာတွေယူဆောင်ချင်နေတာပါ အခုလဲရတနာသစ်ပင်ကို သူတို့ပဲယူဆောင်သွားတာပါ"ဘုရင်ကြီးမှ အကြောင်းရှင်းပြ၏။ထိုအကြောင်းပြောပြသည်နဲ့ ဂျိတ်သည် စနစ်အစွမ်းဖြင့် ယူဆောင်သွားသောအထက်တန်းစားဆာဗေ့များအား စစ်ဆေးနေပြီဖြစ်၏။ဆာဗေ့များတွင်လည်း လူမျိုးနွယ်အတန်းစားခွဲခြားမှုကရှိနေကြောင်းပါ ဂျိတ်ကတွေ့လိုက်ရ၏။အထက်တန်းစားမျိုးနွယ်များက တာနာရှာတို့လိုအဆင့်နိမ့်မျိုးနွယ်ဆိုပါက အလိုလိုအထင်သေးပြီးသားဖြစ်၏။ယခုလည်း သူပေးထားသောသစ်ပင်ကိုပါ ယူဆောင်သွားကြပြီဖြစ်၏။............တောတွင်းတစ်နေရာ၌ လူတစ်စုသည်အသည်းသန်ပြေးလွှားနေ၏။သူတို့ပြေးလွှားနေရင်း လူတစ်ယောက်သည်အရောင်တောက်ပသောသစ်ပင်တစ်ပင်ကို သယ်ယူထားသည်ကိုတွေ့ရမည်ဖြစ်၏။"ဒီလောက်အကျိုးမြတ်ရမယ်လို့မထင်မိဘူး.ပြေးနေရင်း တစ်ယောက်မှဆို၏။"ဟုတ်တယ် ငါလဲအဲ့လိုရတနာရှိမယ်လို့ကိုမထင်မိတာ"ထိုစကားကိုပြောသူက ထိုလူစုအားခေါင်းဆောင်သောလူငယ်လေးပင်ဖြစ်၏။သူသည် ရွှေအဆင့်တစ်ဆယ်နောက်ဆုံးအဆင့်၌ရှိပြီး အထက်တန်းဆာဗေ့မျိုးနွယ်စု၏အဆင့်တန်းတစ်နေရာအား ပိုင်ဆိုင်ထား၏။အဆင့်နိမ့်မျိုးနွယ်မှ တာနာရှာဟူသောသတင်းအကြောင်းကြားရသောအခါ သူသည် သူ၏မိန်းမဖြစ်စေရန်အတွက်လာရောက်ခြင်းလည်းဖြစ်၏။တာနာရှာကိုသာ သူရပါက တာနာရှာ၏ဆာဗေ့များပိုင်ဆိုင်မှုကိုပါရရှိမည်ဖြစ်သောကြောင့်ဖြစ်၏။တာနာရှာအားလာရောက်တောင်းရမ်းသည်ဆိုပြီး စကားလှလှသုံးပြီးလာရောက်ခဲ့ကြခြင်းဖြစ်ပြီး တကယ်တမ်းတွင်ကား သူတို့သည် တာနာရှာမျိုးနွယ်စုအင်အားကို လိုချင်နေကြသူများသာဖြစ်၏။အတင်းအကြပ်ကြီးလုယူမိပါက အထက်တန်းဆာဗေ့တို့အားစနစ်ကျကျတရားမျှတစွာကိုင်တွယ်သူများက သူတို့ကိုလည်းအပြစ်ပေးနိုင်သောကြောင့်ဖြစ်၏။ထိုအပြစ်ပေးနိုင်သောသူများသည် ဆာဗေ့တို့မျိုးနွယ်စုတွင်အရှိန်ဝါကြီးမားသောသူများဖြစ်ကြ၏။ယင်းတို့သည် ဆာဗေ့မျိုးနွယ်ဟန်ချက်မပျက်စေရန် ထိန်းညှိထားကြ၏။ပေါ်တင်တိုက်ခိုက်ခြင်းအားမခွင့်ပြုသော်လည်းနောက်ကွယ်၌တိုးတိုးတိတ်တိတ်ဆင်နွှဲမှုကိုတော့ မျက်ကွယ်ပြုချင်ယောင်ဆောင်ထားတတ်ကြ၏။သို့ရာတွင် တာနာရှာသည် သူ့အားကိုယ်ထိလက်ရောက်လုပ်မည်ဟုမထင်မိခဲ့ပေ။တာနာရှာရိုက်ချက်ကြောင့်သူ၏သွားများကျွတ်ထွက်ခဲ့ရ၏။ထို့ကြောင့် သူသည်အလွန်ဒေါသထွက်ပြီး သူသည်လက်ထပ်မည့်ကိစ္စအား ဖျက်စီးပြီး တာနာရှာတို့တစ်မျိုးနွယ်လုံးအား အတင်းအဓ္ဓမသိမ်းပိုက်ရန်အဖြစ်စိတ်ကူးပြောင်းလဲသွားခဲ့လေသည်။မမျှော်လင့်ပဲ သူ၏ရတနာရှာဖွေသောကိရိယာသည် အဆင့်နိမ့်ဆာဗေ့တို့နယ်အတွင်းရှိသည်ဟု အချက်ပြလာခဲ့လေသည်။ထိုအချက်ပြမှုအတိုင်းရှာဖွေရာ နန်းတော်၏ဗဟို၌စိုက်ထားသော သစ်ပင်အားတွေ့ရှိခဲ့လေသည်။ထိုသစ်ပင်အားနှုတ်ပြီးသည်နဲ့ အပြေးလွှားလာခဲ့လေသည်။ထိုသစ်ပင်နှုတ်ပြီးကတည်းက အဆင့်နိမ့်ဆာဗေ့တို့သည် မိမိတို့အား သတ်နိုင်ကြောင်းလည်းသိပြီးသားဖြစ်၏။အဘယ်ကြောင့်ဆိုသော် ရတနာတစ်ခုခုတွေ့ပါက အဆင့်နိမ့်ဆာဗေ့များသည် အထက်သို့တင်ပြပို့ပြီးဆက်သရလေ့ရှိ၏။ထိုသို့မဆက်သပဲ စိုက်ပျိုးထားသည်ကပင် အဆင့်နိမ့်ဆာဗေ့တို့အတွက် အပြစ်ကြီးတစ်ခုလိုပင်ဖြစ်စေခဲ့၏။ဒါကြောင့်လည်း ဘုရင်ကြီး က ထိုသစ်ပင်အားယူဆောင်စေသည်ပင်ဖြစ်၏။သစ်ပင်လုယူသွားသော အထက်တန်းစားဆာဗေ့လူငယ်၏နာမည်သည် ဆာ့စ် ဖြစ်၏။ဆာ့စ်၏အကြံသည်လက်ရှိသူတို့ယူဆောင်လာသောသစ်ပင်အား အထက်တန်းဆာဗေ့အကြီးကဲများအား တင်ပြဆက်သမည်ဖြစ်၏။ထိုအခါသူသည်ဆုလာဒ်များစွာရရှိလာမည်ဖြစ်ပြီး တာနာရှာတို့အဆင့်နိမ့်ဆာဗေ့များသည် အမျက်တော်ရှခံရကာ အဖျက်စီးခံရမည်ဖြစ်၏။ထိုအခါသူသည် တာနာရှာတို့လိုဆာဗေ့များအား မိမိစိတ်ကြိုက်လိုသလိုချယ်လှယ်နိုင်တော့မည်ဖြစ်၏။"ငါတို့လွတ်တော့မယ်မပူနဲ့"ဆာ့စ်သည် သူ၏လူများအား ဆော်သြလိုက်၏။သူတို့၏အရှေ့အကွာဝေးအနည်းငယ်၌ တည်နေရာရွေ့ပြောင်းခြင်းအစီရင်ရှိ၏။ထိုအစီရင်ထဲသာရောက်ပါက သူတို့သည်လုံးဝလွတ်မြောက်သွားတော့မည်ဖြစ်၏။သူတို့နောက်မလှမ်းမကမ်းတွင်လည်း ဆာဗေ့များသည်ညာသံပေး၍လိုက်လျက်ရှိ၏။သူတို့ရတနာသစ်ပင်ရသွားခြင်းမရှိစေရန် လိုက်လျက်ရှိ၏။သို့သော်လည်း စစ်သည်အဆင့်ခြင်းလည်း ကွာခြားသလို အထူးလက်နက်အသုံးဆောင်များလည်းမရှိရာ လိုက်မမှီနိုင်ပဲရှိ၏။"ဒီကောင်တွေလဲ လူကောင်းမဟုတ်ပေဘူးပဲ"ဂျိတ်လည်း စနစ်ပြသပေးသော အထက်တန်းဆာဗေ့လူတစ်စု၏အကြောင်းရာကိုဖတ်ပြီးသည်နဲ့ မှတ်ချက်ချ၏။သူတို့သည် ထိုရတနာသစ်ပင်ရသွားပါက ဆက်ပြီးဖြစ်နိုင်မည့်အကျိုးဆက်များအားလည်း စနစ်မှရှင်းပြထားသေးရာ ဆိုးကျိုးများမိမိအတွက်ရလာနိုင်ကြောင်းတွေ့ရှိရ၏။ထိုရတနာသစ်ပင်ရသွားသောဆာဗေ့တို့ကြောင့် လက်ရှိ မိမိနဲ့တာနာတို့ဆာဗေ့တို့ချုပ်ဆိုထားသောစာချုပ်သည် ထိခိုက်လာနိုင်ချေပါရှိရာ ဂျိတ်မှအလွတ်ပေးတော့မည်မဟုတ်ပေ။ထို့ကြောင့် ဂျိတ်သည်ဝင်ရောက်ဖက်စွက်တော့မည်ဖြစ်၏။ဂျိတ်၏လက်ကိုလေထဲသို့ဝေ့ရမ်း၏။ထိုအခါ လေထဲ၌သင်ကေတများပေါ်ပေါက်လာ၏။ထိုအရာများသည် အလွန်ထူးခြားပြီး ဆန်းကြယ်၏။ထိုသင်ကေတများအား ဂျိတ်အနည်းငယ်ပြောင်းလဲလိုက်၏။ထိုသကေတများအားဆရာကြီးများတွေ့ပါက ဂျိတ်လုပ်နေခြင်းသည်လောကစည်းမျဥ်းအားအနည်းငယ်ပြောင်းလဲနေကြောင်းတွေ့ရမည်ဖြစ်၏။ထိုအခါ သင်ကေတများသည် ဝဲငယ်လေးတစ်ခုဖြစ်လာ၏။အနည်းငယ်ပြောင်းလဲပြီးသည်နဲ့ ဂျိတ်သည် သူ၏အိတ်မှလက်ပစ်ဗုံးအား ထုတ်လိုက်၏။ထို့နောက် သင်ကေတမျဥ်းများဝဲလေးထဲသို့ပစ်ထည့်လိုက်၏။ထို့နောက် ယူငင်ဟန်လုပ်၏။ထိုအခါ ရတနာသစ်ပင်သည် ဂျိတ်၏လက်ထဲသို့တန်းရောက်လာ၏။"ဟာ"ထိုအဖြစ်ပျက်အားမြင်တွေ့လိုက်ရသူတိုင်း အံသြရ၏။တာနာရှာလည်း မျက်လုံးကျွတ်ကျမတတ်ကြည့်မိ၏။ဂျိတ်သည်အစွမ်းထက်ပြီး အဆင့်တန်းတစ်ခုထိကြမ်းတမ်းနိုင်ကြောင်းသူမ သိ၏။နတ်ဆရာမ ပြောခဲ့သော အကြောင်းရာနဲ့ဂျိတ်အား ဆက်စပ်ပြီးတွေးမိပြန်၏။ဂျိတ်ကတော့ ရတနာသစ်ပင်ရသည်နဲ့ ဝဲလေးအား လက်ဖြင့်ဝှေ့ရမ်းပြီး ပြန်လည်ဖျောက်လိုက်၏။ထို့နောက်ဂျိတ်အတွက်တော့ မထူးမခြားနားသလိုအမူရာဖြင့် မိမိလက်ထဲရောက်လာသောသစ်ပင်အား ဘုရင်ကြီးထံပေးလိုက်၏။ထို့နောက်ခေတ္တ ဆွေးနွေးပြီး ဂရိတ်တိုင်းပြည်သို့ပြန်လည်ထွက်ခွာသွား၏။..........."ငါတို့ရောက်ပြီကွ"ရတနာသစ်ပင်အား ယူဆောင်သွားသော အထက်တန်းဆာဗေ့တို့မှာ နေရာရွေ့ပြောင်းအစီရင်ထဲသို့ရောက်ရှိသွားကြ၏။ရောက်သွားသည်နဲ့ ချက်ချင်းပင် အစီရင်အားရွေ့ပြောင်းရန်အသက်သွင်းလိုက်၏။ထိုကြောင့် နောက်မှလိုက်နေသောဆာဗေ့တို့မှာ သူတို့အား မှီရန်မဖြစ်နိုင်တော့ပေ။"နေဦး မင်းကိုင်ထားတာဘာကြီးလဲ"ဆာ့စ်မှ သစ်ပင်ကိုင်လာသောသူအားမေး၏။ထိုအခါမှသစ်ပင်ကိုင်ဆောင်လာသူလည်း သူကိုင်ထားသောအရာအားကြည့်ရာ သစ်ပင်မဟုတ်ပဲ တခြားအရာဖြစ်နေကြောင်းတွေ့လိုက်ရ၏။ထိုအရာသည် မဲနက်တောက်ပြောင်ပြီး သတ္တုလုံးသဏ္ဏ န်ရှိ၏။"မဟုတ်ဘူး"ဆာ့စ် ဒေါသထွက်စွာအော်ဟစ်လိုက်၏။သူကြိုးပမ်းပြီးယူလာသော သစ်ပင်မှ ယခုချိန်၌မရှိတော့ပဲ တခြားအရာတစ်ခုအစားထိုးဖြစ်နေ၏။ပြန်လည်ယူဆောင်ရန် ကြံသော်လည်းရွေ့ပြောင်းအစီရင်မှာအသက်ဝင်နေပြီးဖြစ်ပြီး သူတို့အားတည်နေရာရွေ့ပြောင်းပေးလိုက်ပြီဖြစ်၏။"ဝုန်း"သူတို့တစ်အုပ်စု တည်နေရာရွေ့ပြောင်းလိုက်သည်နဲ့ပင် ဝုန်းဟူသောအသံကျယ်ကြီးလည်းထွက်ပေါ်လာတော့၏။

(227)

"တောက် ဒါလေးတောင်အသုံးမကျဘူး."တွိုင်သည် လုံးဝကြိမ်းမောင်းနေ၏။သူ၏ရှေ့၌ရှိသမျှသောလူတို့သည် တစ်ချက်ပင်မလုပ်ရဲကြချေ။အကြောင်းကား တွိုင်သည်သာမန်မဟုတ် ပလက်တီနမ်အဆင့်ရှစ်ရှိသောစစ်သည်တော်တစ်ယောက်ဖြစ်သည့်အပြင် ကိုယ်ခန္ဓာလေ့ကျင့်သူပါဖြစ်သောကြောင့်ဖြစ်၏။တွိုင်ကိုသာ ဂရတ်အိမ်ရှေ့စံဟောင်းအိုရစ်သာမြင်ပါကသေချာပေါက်သိပေလိမ့်မည်။တွိုင်သည် အိမ်ရှေ့စံမင်းသားအား ဂျိတ်၏ကလေးငယ်ကိုခိုးယူစေခိုင်းခဲ့သောသူလည်းဖြစ်၏။တွိုင်၏ရှေ့၌ လူများသည် တစ်ချက်မှမပြောရဲမဆိုရဲဖြင့်ငြိမ်သက်စွာနေနေကြ၏။သူတို့စိတ်ထဲတွင်တော့ လူတစ်ယောက်အားလုံးဝခါးခါးသီးသီးမုန်းတီးနေ၏။တွိုင်လက်ရှိရောက်နေသောနေရာသည် အဆင့်ခြောက်တိုင်းပြည်အာဗိန်း၏အာလက်မြို့၌ဖြစ်၏။ထိုမြို့၏ဘလက်ဌာနခွဲအဖွဲ့စည်းသည် ရန်သူမှဝင်ရောက်တိုက်ခိုက်သွားသည်ဆိုသောကြောင့် တွိုင်မှ အဓိကပင်မဌာနချုပ်မှရောက်ရှိလာခြင်းလည်းဖြစ်၏။ဌာနကိုသူရောက်ချိန်၌လုံးဝရှက်ဖွယ်ကောင်းသောမြင်ကွင်းအားသူမြင်လိုက်ရ၏။သူမြင်လိုက်ရသောမြင်ကွင်းမှာ ဌာနခွဲ၌ရှိနေသမျှသော လူတိုင်းသည် ဖင်ပြောင်ကြီးဖြင့်မြေပြင်ပေါ်၌ အားလုံးမှောက်လျက်လဲနေကြသည်ပင်ဖြစ်၏။ထူးဆန်းသည်ကား သူတို့အားလုံးသည် အဝတ်စားကင်းမဲ့နေကြသလို မျက်နှာတိုင်း၌ လက်သီးတစ်လုံးစာအညိုမဲစွဲနေကြသည်ဖြစ်၏။နောက်ထပ် ဒေါသထွက်စရာပိုကောင်းသည်ကား ဌာနခွဲ၌ရှိသမျှသော ငွေကြေးသာမက စားနပ်ရိက္ခာများတစ်ခုမှ မကျန်ခဲ့ခြင်းပင်ဖြစ်၏။စာနပ်ရိက္ခါများထည့်သော တောင်းများ ဗီဒိုများလည်း မကျန်ရစ်ခဲ့ပေ။ဌာနခွဲအား လာရောက်တိုက်ခိုက်လုယူသွားသူများသည် ပို၌ဆန်းကြယ်သည်ဟုပင်ထင်မိ၏။အဘယ်ကြောင့်ဆိုသော် ထိုသူများသည်လူတစ်ယောက်မှ မသတ်သွားပဲမေ့မြောအောင်သာလုပ်၍ အကုန်လုယူသွားသောကြောင့်ဖြစ်၏။"ကြည့်ရတာ သူခိုးနဲ့ဓားပြစပ်ပြီးမွေးလာကြတာလားဟ"ပြောလည်းပြောချင်စရာပင် ဌာနခွဲတစ်လုံး၌ ငွေတစ်ပြားပင်မကျန်ခဲ့သောကြောင့်ဖြစ်၏။လက်ရှိအခြေနေ၌ဌာနခွဲတစ်ခုလုံး၌ ကျန်သည့်အရာဆို၌ ဖင်ပြောင်ကြီးဖြင့်မေ့မြောနေသောလူများသာလျှင်ဖြစ်၏။သူတို့၏အဝတ်စားများပါ ယူငင်ခြင်းခံရသည်ဖြစ်ရာ အချိန်တိုတွင်း ပြာပြာခတ်စွာ ရှာဖွေဝတ်ဆင်ပြီးမှ တွိုင်၏ရှေ့၌ ငြိမ်သက်စွာရပ်နေကြခြင်းဖြစ်၏။"ကဲ ငါမေးမယ် ငါတို့ဌာနခွဲတစ်ခုလုံး ကြေးတစ်ပြားအောင်မကျန်အောင်လုပ်သွားတာဘယ်သူ့အဖွဲ့တွေလဲ"တွိုင် သူ့ရှေ့၌ရှိသောရေခွက်အားသောက်ချလိုက်၏။ထို့နောက်နောက်တစ်ခွက်ထပ်ထည့်ကာ သောက်၏။မိမိတို့ဘလက်အဖွဲ့စည်းအား လုပ်ရဲသော အဖွဲ့များသည်လည်း ရှိသောကြောင့်ထိုသို့မေးလိုက်ရခြင်းလည်းဖြစ်၏။ဘလက်အဖွဲ့စည်းသည်လည်း ရန်ငြိုးရန်စပေါများသောအဖွဲ့ဖြစ်ရာ မည်သည့်အဖွဲ့မှ ဌာနခွဲအားလာရောက်တိုက်ခိုက်ပြီးပစ္စည်းဥစ္စာများယူငင်သွားသည်ကို တွိုင်သိချင်နေ၏။သို့သော်သူ၏ရှေ့ရှိလူအုပ်ကြီးထံမှ တစ်ခွန်းမှထွက်လာခြင်းမရှိပေ။ထိုသို့ငြိမ်သက်လာလေ တွိုင်ဒေါသပိုထွက်လာလေဖြစ်၏။"ပါးစပ်မပါကြဘူးလားဟ ငါပြောနေတယ်လေ ဘယ်အဖွဲ့တွေက လာတိုက်ခိုက်သွားတာလဲလို့"တွိုင်ဆူပူကြိမ်းမောင်းရသောကြောင့် သူ၏လည်ချောင်းပင်ပြန်လည်ချောက်ကပ်လာသလိုခံစားရသောကြောင့်ရေသောက်၏။ထိုအခါမှလူတစ်ယောက်မှပြောလာ၏။"ကျနော်တို့ဌာနခွဲကိုဝင်စီးသွားတာ လူတစ်ယောက်တည်းပါ""ဖူး"တွိုင်တစ်ယောက် သောက်လက်စရေများမှုတ်ထုတ်မိ၏။ထိုစကားကြောင့် ဒေါသပိုမိုကြီးလာ၏။သူဒေါသနဲ့အတူသူ၏စစ်သည်တော်အဆင့်အော်ရာကလည်း လွတ်ထွက်လာရာ ဌာနခွဲ၌ရှိသမျှသော လူတိုင်း မြေပြင်ပေါ်သို့ သွေးတစ်လုတ်စီအန်လိုက်ရ၏။ဝေါ့....ဝေါ့ဘယ်လို မှကြား၍မကောင်းသည့်သတင်းပင်။လူတစ်ယောက်တည်းဖြင့် မိမိတို့ဌာနခွဲအားအမှောက်သိပ်ကာ ရှိသမျှပစ္စည်းအကုန်မှသွားသည်မဟုတ်ပါလား။အစောင့်ဖြစ်သူမှဆက်ပြီး ထိုသူသည် မိမိတို့ဌာနထဲမဝင်ခင်အကြွေးလာတောင်းခြင်းဖြစ်ကြောင်းပြောသည်ကိုလည်း တွိုင်အားပြောပြလိုက်၏။ထိုစကားကြောင့် တွိုင်သည် ဒေါသအနည်းငယ်ပြေလာ၏။ထိုလူသည်အင်အားကြီးအစွမ်းထက်သောကြောင့် မိမိတို့ဌာနခွဲမှာ ရှုံးရသည်မှာ မဆန်းဟုတွေးလိုက်၏။ပစ္စည်းများသာပါသွားပြီး တစ်ယောက်မှမသေသွားသည်ကပင်ကျေးဇူးတင်ရမလိုပင်ဖြစ်လာ၏။သို့သော် အစောင့်ပြောသောနောက်ဆက်တွဲစကားကြောင့်သူ၏ဒေါသမှာ ပိုကြီးထွားလာ၏။ထိုသူသည် ပလက်တီနမ်အဆင့်ငါးသာရှိပြီး တစ်ဌာနလုံးအား ဗျင်းသွားသည်ဆိုရာပေါက်ကွဲသွားတော့၏။ဒေါသထွက်လွန်း၍ သူ့ဘေး၌ရှိသောပလက်တီနမ်အဆင့်ငါးလူတစ်ယောက်အား ရိုက်ချလိုက်၏။"ဖြောင်း "ရိုက်ချက်အားပြင်းထန်သောကြောင့် ထိုလူမှာ ချက်ချင်းကိုယ်ခန္ဓာပေါက်ကွဲပြီး သေသွားလေ၏။ရိုက်ချက်ကြောင့် ထိုလူကိုယ်မှာပေါက်ကွဲပြီး နေရာအနှံသို့ အစိတ်ပိုင်းငယ်လေးများအဖြစ်ပြောင်းလဲပြီး ပျံနှံသွားလေတော့၏။ပလက်တီနမ်အဆင့်ငါးလူရှိသည့် သက်သေဆို၍ ထိုနေရာ၌ ကျန်နေရစ်သော သွေးကွက်ပုံလေးသာဖြစ်၏။တွိုင်၏ရိုက်ချက်ကြောင့် ပလက်တီနမ်အဆင့်လိုလူပင်သေရသည်ကို မျက်မြင်တွေ့လိုက်ရသောလူတိုင်း ကြ က်သီးမွှေးညင်းများထကုန်ကြ၏။မိမိတို့ဌာနအား လာတိုက်သောလူစိမ်းပင် ထိုမျှအထိမရက်စက်ကြောင်း တွေးမိလိုက်၏။ထိုလူစိမ်းသည် ပစ္စည်းသာယူဆောင်၍ မိမိတို့အားအသက်ရှင်လျက်ထားခဲ့သေး၏။တွိုင်လည်းလူတစ်ယောက်သတ်ပြီးသောကြောင့်သူ၏စိတ်ဖြေလျော့လာ၏။ထို့နောက် ထိုလူစိမ်းပုံအား ဆွဲပြီးလျှင် မိမိအားပြသစေ၏။"ဟင်"မိမိအားပြသလာသောပုံကြောင့် တွိုင်အံသြ သွား၏။ထိုလူပုံသည် မိမိကောင်းကောင်းကြီးမှတ်မိနေသောကြောင့်ဖြစ်၏။မိမိအဖက်လုပ်ရန်မသင့်တော်သောလူမှာ ယခုမှာပလက်တီနမ်အဆင့်ငါးထိရောက်ပြီး ဌာနခွဲအထိ ပစ္စည်းများယူဆောင်သွားခဲ့ပြီဖြစ်၏။ထိုလူပုံအား ကြည့်ပြီး တွိုင်တစ်ယောက် ပြုံးလိုက်၏။သူ၏အပြုံးကြောင့် မြင်လိုက်သမျှလူတိုင်းမှာ ကြောက်လန့်တုန်လှုပ်သွားကြလေတော့၏။...................တာနာရှာအား သူ၏တိုင်းပြည်၌ အပြည့်ဝနားနေနိုင်စေရန် ဂျိတ်မှခွင့်ပြုပေးထား၏။ထို့ကြောင့် တာနာရှာသည် ဆာဗေ့တိုင်းပြည်၌ ခေတ္တ မျှ အချိန်တစ်ခုအထိ နေထိုင်ဦးမည်ဖြစ်၏။ထို့ပြင် ဂျိတ်၏ပညာပေးမှုကြောင့် အထက်တန်းစားဆာဗေ့များ၏အခြေနေကိုလည်း စိုးရိမ်သောကြောင့်ဖြစ်၏။ဂျိတ်ကတော့ ကြောက်မည်မဟုတ်သော်ငြားလည်း ဆာဗေ့တို့သည် ဂျိတ်လိုအစွမ်းမထက်ရာ အမြဲသတိရှိနေသည်ကပိုကောင်းသည်ဖြစ်၏။ဆာဗေ့ဘုရင်ကြီးသည် သူ၏သမီးဆုံးဖြတ်ချက်ကြောင့်အနည်းငယ်ပူပင်စိုးရိမ်ခဲ့သေး၏။သို့သော် သမီးဖြစ်သူ၌ရှားပါးသောသိုလှောင်လက်စွပ်နဲ့သံချပ်ကာကားကိုတွေ့မိနောက် သမီးလုပ်ဆောင်ချက်အား လုံးဝသံသယမဝင်တော့ပေ။ပြင်းထန်သောတိုက်ခိုက်မှုများကို ခံနိုင်ရန်ရှိပြီး မြန်ဆန်စွာသွားနိုင်သော သံချပ်ကာကားအား ဘုရင်ကြီးလည်း လုံးဝနှစ်ခြိုက်သွားသည်ဖြစ်၏။ထို့ကြောင့် တာနာရှာကြိုက်ရာလုပ်ဆောင်နိုင်ရန်သာ အာဏာများပေးအပ်ထားလိုက်တော့၏။..........."ဒါတွေကဘာတွေလဲ"ဂရိတ်စစ်သည်တစ်ဦးသည် သူရှေ့မှအရာအားပြော၏။သူ၏ရှေ့၌ရှိနေသောအရာသည် လက်နက်ကြီးဒုံးကျည်ဆယ့်နှစ်စင်းတပ်ဆင်ထားသော ကားတစ်စီးဖြစ်၏။လက်ရှိခေတ်၌ လေကြောင်းကာကွယ်ရေး၌ တွင်ကျယ်စွာသုံးသောs-400နဲ့ပင်ဆင်တူသေး၏။"ဒါက ငါတို့တစ်တိုင်းပြည်လုံးကို ကာကွယ်ပေးနိုင်တယ်တဲ့တစ်ချက်ပစ်ခတ်ရင်သူ့ရဲ့ဖျက်အားက တစ်ဒေသလောက်တော့ အသာလေး ဖျက်စီးနိုင်တယ်"ထိုစကားကြောင့် မေးလိုက်သောစစ်သည်မှာ မျက်လုံးပြူးလာ၏။သူတို့၏ဘုရင်အသစ်သည် အလွန့်လွန်ဆန်းကြယ်လာသည်ဟုခံစားရ၏။ဘယ်လိုအကြောင်းကြောင့် ထိုလက်နက်များရလာသည်ဟုမပြောတတ်ပေ။မိမိတိုင်းပြည်အားဖျက်စီးရန်လာသော အင်ပါယာတပ်ကိုလည်း ငှက်ကြီးတစ်စင်းဖြင့်လုံးဝစုတ်ပျက်အောင်ဖြိုခွဲထားသည်ဟုလည်းကြားသိရ၏။နောက်ပြီး တစ်တိုင်းပြည်လုံးရှိ စစ်တပ်နေရာများကိုလည်း လေထဲပျံသန်းသွားလာနိုင်သော ဧရာမလေယာဥ်ဆိုသည့်အရာဖြင့် ပျံသန်းသွားလာပြီးလက်ရှိမိမိရှေ့၌ရှိသည့် မဟာလက်နက်ကြီးကိုလည်း ထိုဧရာမလေယာဥ်မှချထားပေးခဲ့ခြင်းလည်းဖြစ်၏။ထိုလက်နက်ကားများကိုလည်း တိုင်းပြည်နေရာအနှံ၌ ချထားသေးသည်ဟုလည်းဆို၏။ထိုလက်နက်ကြီးအသုံးပြုနိုင်ရန်လည်း မိမိတို့စစ်သည်များထဲမှတစ်ယောက်ကိုရွေးချယ်ပေးမည်ဆိုရာ စစ်သည်တိုင်းစိတ်လုပ်ရှားနေကြ၏။မည်သည့်စစ်သည်မဆို အဖျက်အားကြမ်းသည် လက်နက်ကိုအသုံးမပြုချင်ပါဟု ပြောပါက လိမ်ရာကျမည်သာဖြစ်၏။နေ့တိုင်း ထိုလက်နက်ကားရှေ့၌ ရစ်သီရစ်သီလုပ်နေသောစစ်သည်များပင်မနည်းကြချေ။ခေါင်းဆောင်၏အမိန့်ကြောင့်သာ သူတို့ကားထဲမဝင်ကြခြင်းဖြစ်၏။မဟုတ်ပါကထိုကားထဲဝင်ပြီး ပေါက်ကရကလိကြ၍ ဘယ်အချိန်၌ ထိုကားမှဒုံးကျည်များ ပစ်ခတ်လိုက်ကြောင်းကို သိလိုက်ကြမည်မဟုတ်ပေ။ဂျိတ်၏အစီစဥ်ပလန်များကား စစ်တပ်တစ်ခုတည်း၌သာမြန်ဆန်လေသည်မဟုတ်ပဲ ကျန်သောနေရာများ၌လည်းလှုပ်ရှားအသက်ဝင်နေသည်လည်းဖြစ်၏။

(228)

စိုက်ပျိုးရေးဌာနသည်အသစ်ဖွဲ့စည်းထားခြင်းဖြစ်သော်လည်း လူများစွာကပျားများသဖွယ်လုပ်ကိုင်နေကြ၏။"ဒီစာမေးပွဲတော့ ငါသေချာပေါက်အောင်ရမယ်"ထိုသို့ရေရွတ်သောသူများသည် စုစုပေါင်းအားဖြင့် အယောက်လေးရာမျှရှိ၏။ဟုတ်ပေသည်။ဌာနအသစ်ဖွဲ့စည်းသောဌာနတိုင်း၌ သတ်မှတ်ချက်တစ်ခုရှိ၏။ဤသည်မှာ ဌာနသစ်၌လုပ်ကိုင်လိုပါက စာမေးပွဲဖြေပြီးအောင်မြင်ရန်လိုအပ်ပေ၏။ထိုသို့စာမေးဖြေနိုင်သူများကိုလည်း ပထမအသုတ်အနေဖြင့် အယောက်နှစ်ရာသတ်မှတ်ပေးထား၏။အောင်မြင်သူများသည် ဌာန၌လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး ကျရှုံးသူများကတော့ နောက်ထပ်ဖြေဆိုရန်အခွင့်ရေးရရှိမည်ဖြစ်၏။အဘယ်ကြောင့် အောင်မြင်ရန်ဆန္ဒထက်သန်နေကြသနည်း။အဖြေကားရှင်း၏။စတင်ဖွဲ့စည်းစ၌ ဝင်ရောက်ထားပါက နှစ်အနည်းငယ်ကြာသည်နဲ့ အကြီးကဲအဖြစ်ရောက်ရှိနိုင်သည့်အပြင် ဘုရင်အသစ်မှသတ်မှတ်ထားသော လခများအရကြောင့်ဖြစ်၏။ထိုလခတန်ဖိုးသည် ယခင်က ဝန်ကြီးမူးမတ်များသာရရှိနိုင်သောတန်ဖိုးဖြစ်၏။နောက်ဆုံးတစ်ခုကတော့ မမြင်ဖူးသောပညာရပ်များသင်ကြားတတ်မြောက်ကြမည်ဖြစ်သောကြောင့်ဖြစ်၏.။စိုက်ပျိုးရေးဌာန၌ ဂျိတ်မှစနစ်မှဆင့်ခေါ်ထားသောဆရာကြီးများမှသင်ကြားပေးခြင်းလည်းဖြစ်၏။စိုက်ပျိုးရေးပညာကိုသင်ကြားရာ၌ အရင်ဆုံးအခြေ ခံစသင်ပေးထားခြင်းဖြစ်၏။အစပိုင်း၌ ထိုပညာသည်အရေးမပါဟု စိုက်ပျိုးရေးဌာနပညာသင်နေစဥ် ဂရိတ်နန်းတွင်းသားများက ထင်ခဲ့မိကြ၏။စိုက်ပျိုးရေးပညာသည် မိမိတို့ထင်သည်ထက်နက်နဲဆန်းပြားကြောင်း သူတို့တွေ့ရှိလာကြတော့၏။ဆန်းကြယ်သောစိုက်ပျိုးရေးနည်းများကြောင့် ယခင်ပုံမှန်သမားရိုးကျစိုက်ပျိုးသည်နဲ့ လုံးဝကွဲခြားသလို အထွက်နှုန်း အသီးကြီးထွားနှုန်းများပါ ကွာခြားကြောင်းလက်တွေ့သိရှိလိုက်ရရာ ပိုမိုစိတ်အားထက်သန်လာလေကြတော့၏။အပင်၏ဗီဇမျိုးပြောင်းလဲခြင်း ကိုင်းဆက်စိုက်ပျိုးခြင်း ကြီးထွားချိန်မြန်ဆန်ပြောင်းလဲနိုင်ခြင်းအစရှိသည်များက ဂရိတ်နန်းတွင်းသားများအား လုံးဝတုန်လှုပ်စေသည့်အရာများဟုဆိုနိုင်၏။နောက်ပိုင်း သူတို့သိရှိလိုက်ရသည့်အပင်များအကြောင်း မြေအကြောင်းများကို ဆက်လက်ကြားသိလိုက်ရသောအခါ သူတို့ရိုးရိုးဟုထင်ထားသော စိုက်ပျိုးရေး အသိညဏ်များကိုပြောင်းပြန်လှန်လိုက်သလို ခံစားလိုက်ရ၏။ထိုအခြင်းရာများက သူတို့အား သင်ယူလိုစိတ်ပြင်းထန်စေခဲ့သည်ဖြစ်၏။ဒီလိုနဲ့စာမေးစစ်ဆေးသောနေ့ပင်ရောက်ရှိလာပြီဖြစ်၏။အားလုံးနီးပါးစိတ်ဝင်စားစွာဖြင့် လေ့ကျင့်သင်ယူကြခြင်းဖြစ်သော်လည်း လက်ရှိစာမေးပွဲက အယောက်နှစ်ရာကိုသာ အောင်မြင်ပေးမည်ဖြစ်ရာ အားလုံးအသဲအသန်ကြိုးစားကြရလေ၏။ထိုစာမေးပွဲသည် စိုက်ပျိုးရေးနဲ့ပတ်သက်သောအခြေခံများကို စစ်ဆေးမေးမြန်းမည်လည်းဖြစ်၏။ဂရိတ်နန်းတွင်းသူနန်းတွင်းသားတို့ကတော့ အောင်မြင်ရန်အတွက် လုံးဝစိတ်အားထက်သန်နေကြသည်လည်းဖြစ်၏။မွေးမြူရေးပိုင်းသည်လည်း ဂရိတ်နန်းတွင်းသားတို့အားအလွန်ပင်စိတ်ဝင်စားစေခဲ့၏။မွေးမြူရေးပိုင်းသည်တိရစ္ဆာန်များမွေးမြူသည့်အပိုင်းမှစပြီး မွေးမြူသည့်တိရစ္ဆာန်များအား မည်သို့ဆောင်ရွက်ပါက သက်ရောက်လာသောအကျိုးဆက်များစွာကို ပြသပေးနိုင်စွမ်းရှိရာစိတ်ဝင်စားကြသည်ကမဆန်းပေ။မွေးမြူရေးကတော့ လေ့လာကွင်းဆင်းရေးဖြင့်စစ်ဆေးမည်ဖြစ်ပြီး ယင်းသည်လည်းအယောက်နှစ်ရာကိုသာ အောင်မြင်ပေးမည်ဖြစ်၏။မွေးမြူရေး၏လက်ရှိရည်ရွယ်ချက်သည်တစ်တိုင်းပြည်လုံးစားနပ်ရိက္ခာလုံလောက်မှုရှိစေရန်သာမကပြင်ပတိုင်းပြည်များအထိ ထုတ်လုပ်ရောင်းချနိုင်ရန်ဖြစ်၏။ဤသည်မှာအစပင်ရှိသေးသည်ဖြစ်၍ နောက်ပိုင်း၌တိရစ္ဆာန်များနဲ့ပတ်သက်သော နောက်ပိုင်း၌စီးပွားဖြစ်မွေးမြူရေး၊တိရစ္ဆာန်မွေးကုဆရာဝန်များနဲ့မွေးမြူရေးပညာရှင်များထွက်ပေါ်ရန်အထိ ဆောင်ရွက်သွားမည်ဖြစ်၏။............."အောင်မလေး သေပါပြီဟ"အော်သံနက်ကြီးထွက်ပေါ်လာ၏။ထိုထွက်ပေါ်လာအသံသည်ဆေးဌာနမှဖြစ်၏။ထိုအော်သံကြီးပြီးနောက် လူတစ်ယောက်သည်ပြေးလွှားနေသည်ကို တွေ့ရလေ၏။ထိုလူပြေးလွှားနေသည်ကို အသေချာကြည့်ပါက သူ၏တင်ပါး၌ စိုက်လျက်တန်းလန်းကြီးရှိနေသော ဆေးထိုးအပ်နှစ်ချောင်းပူးကို တွေ့မြင်ရမည်ဖြစ်၏။ထိုလူပြေးလွှားသောနောက်၌လည်း လူတစ်ယောက် လိုက်လျက်ရှိ၏။လိုက်နေသောလူ၏လက်တွင်လည်းဆေးထိုးအပ်တစ်ချောင်းကိုင်ဆောင်ထားသည်ကိုတွေ့ရမည်ဖြစ်၏။..............ဒုံး....ဒုံး........ပန်းပဲကတော့ စာမေးပွဲမဖြေရသော်လည်း အလုပ်ကား နားရသည်မရှိပေ။ဆက်တိုက်ဆိုသလို လုပ်ကိုင်နေကြ၏။ပန်းပဲဌာန၌ရှိသောသူတို့သည် ဆရာကြီးများပြသသော ပန်းပဲထုရိုက်နည်း ပန်းပဲပုံသွင်းနည်းနဲ့များစွာသောပန်းပဲပညာများကို အမြဲမပြတ်လေ့လာသင်ယူနေကြရ၏။ကျန်သောဌာနများလည်း စိုက်ပျိုးရေးဌာနအတိုင်းပင်ဖြစ်၏။ဌာနတိုင်းရှိလူများသည် မိမိတို့အောင်မြင်ရေးအတွက်အသဲသန်ကြိုးစားနေကြရ၏။ဌာနတစ်ခုစီတိုင်း၌ဖြေဆိုမည့်သူသည် အနည်းဆုံးသုံးရာမျှရှိရာ နှစ်ရာသာအောင်မြင်နိုင်သည့်သတ်မှတ်ချက်က သူတို့အပေါ်အား ကြီးစွာသောတွန်းအားကြီးကိုဖြစ်စေခဲ့သည်ဖြစ်၏။"အချိန်တန်ပြီ ဒိနေ့ငါသင်ပေးမှာကိုကြည့်ထား"ဂျိတ်သည် လူနှစ်ရာ၏ရှေ့၌ ပြောကြားနေ၏။သူ၏ပြောကြားမှုအား ထိုလူနှစ်ရာသည်လည်း စိတ်ဝင်စားစွာစောင့်ဆိုင်းနေကြ၏။ယနေ့သည် ဂျိတ်မှအားကစားနည်းတစ်မျိုးသင်ပေးမည်ဆိုသောကြောင့် စိတ်ဝင်စားစွာစောင့်ဆိုင်းနေကြခြင်းလည်းဖြစ်၏။"ဒီနေ့သင်ပေးမှာက ဒါပဲ"ဂျိတ်သည် သူ၏လက်၌ကိုင်ထားသော အရာအားပြသလိုက်၏။ထိုအရာသည် လုံးဝန်းပြီးချောမွတ်သောပုံစံရှိ၏။ဟုတ်ပေသည်။ထိုအရာသည် ကျွန်ုပ်တို့သိရှိပြီးသောဘောလုံးပင်ဖြစ်၏။ထိုအရာအား လူနှစ်ရာမှ သေချာကြည့်ရှုနေကြ၏။ထိုအရာသည် မည်သို့ထူးခြားသနည်းကိုတော့ မသိရာ ဂျိတ်ပြောမည့်အရာကိုစောင့်ဆိုင်းနေကြ၏။"ဒါကတော့ ဘောလုံးလို့ခေါ်တယ်"

All Chapters