← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

('235)ဂျိတ်vsဆာဗန်(1)

ဂျိတ်၏စကားကြောင့် ဖက်မြို့ရှိဂရိတ်စစ်သည်များနဲ့စွန်ရဲစစ်သည်များကလည်း ထိုတိုက်ပွဲအားကြည့်လိုစိတ်ပြင်းပြနေကြ၏။စိန်ခေါ်သောသူသည် စွန်ရဲအင်ပါယာပြည့်ရှင်မင်းဖြစ်ပြီးစိန်ခေါ်ခံရသူသည် ဖြစ်ရပ်ဆန်းများလုပ်ပြထားသောဂျိတ်ပင်ဖြစ်၏။သူတို့နှစ်ယောက်၏တစ်ကိုယ်တော်တိုက်ပွဲလည်းဖြစ်ရာ အလွန်ပင်စိတ်လှုပ်ရှားနေကြ၏။ထိုတိုက်ပွဲတွင်အနိုင်ရသူကလည်း မည်သူမည်ဝါဖြစ်မည်ကိုလည်းစိတ်ဝင်စားနေသည်ကလည်းများပြားပေ၏။"ကောင်းပြီ ဘာလက်နက်ချင်းယှဥ်ချမှာလည်း"ဂျိတ်မှ စွန်ရဲအင်ပါယာပြည့်ရှင်၏မျက်နှာချင်းဆိုင်နေရာတွင်ယူ၍ပြော၏။"ကြိုက်တဲ့လက်နက်သုံးလို့ရတယ် တစ်ဖက်ကပြန်မထနိုင်ရင်အရှုံးပဲ""ကောင်းပြီ"ထိုစကားဆုံးသည်နဲ့ ဂျိတ်နဲ့စွန်ရဲအင်ပါယာပြည့်ရှင်တို့စတင်တိုက်ခိုက်ရန်ပြင်ဆင်လိုက်ကြ၏။တိုက်ခိုက်ရန်ပြင်ဆင်လိုက်သည်နဲ့ သူတို့နှစ်ဦးအား သတ်မှတ်ထားသောအကွာဝေးတစ်ခုပေါ်လာ၏။ထိုအကွာဝေးသည်ကွင်းတစ်ခုအသွင်သို့ပြောင်းလဲသွားလဲသွားလေ၏။ဆိုလိုသည်မှာ ကောင်းကင်အားတိုင်တည်ပြီးတိုက်ခိုက်ရခြင်းဖြစ်သောကြောင့် သူတို့နှစ်ယောက်သည် သတ်မှတ်ထားသည့်ဧရိယာကွင်းတစ်ခုထဲ၌ သာ ယှဥ်ပြိုင်အနိုင်ယူရမည်ဖြစ်၏။"ကျုပ်တို့ပြည့်ရှင်မင်းကြီးပဲ နိုင်မှာ သူကအဲ့လိုတိုက်ပွဲတိုင်းမှာ အမြဲအောင်နိုင်လာတဲ့သူလေ.".စွန်ရဲအင်ပါယာစစ်သည်တော်တစ်ယောက်မှ ဂုဏ်ယူစွာဖြင့်ပြောကြား၏။သူပြောသလိုပင် စွန်ရဲအင်ပါယာပြည့်ရှင်သည်ထိုကဲ့သို့တိုက်ပွဲများနဲ့ အနေသားကျနေသူလည်းဖြစ်၏။သူ၏ပြည့်ရှင်မင်းမရောက်မီကာလတုန်းကလည်း ထိုကဲ့သို့တိုက်ပွဲများကို အောင်နိုင်လာသောကြောင့် နာမည်ရှိထားသူလည်းဖြစ်၏။ထို့ကြောင့်လည်း စွန်ရဲအင်ပါယာစစ်သည်များဂုဏ်ယူနေကြသည်မှာမဆန်းလှပေ။ဂျိတ်နိုင်မည်ဟု ဂရိတ်စစ်သည်များက လုံးဝယုံကြည်ကြ၏။ဘယ်အကြောင်းရကြောင့် ယုံကြည်ရသနည်းဆိုပါက ဂျိတ်၏စတန်းကို သူတို့မြင်ဖူးသောကြောင့်ဖြစ်၏။ထိုစတန်းကြောင့် စွန်ရဲစစ်သူကြီးပင် မခံနိုင်ဖြစ်ကာ ရှုံးနိမ့်ခဲ့လေရသည်မဟုတ်ပါလား။ထို့ကြောင့် ဂျိတ်အား ယုံကြည်ချက်သည် ထိုမှလာခြင်းဖြစ်ပြီးနောက်ပြီး အသစ်ဆန်းများစွာပြသနိုင်သောကြောင့် ဂျိတ်အားအကြွင်းမဲ့ယုံကြည်ထားကြ၏။"ကျုပ်က ဆာဗန်"စွန်ရဲအင်ပါယာပြည့်ရှင်က သူ၏နာမည်ရင်းကို ထုတ်ပြော၏။"ကျုပ်က ဂျိတ်"ဂျိတ်ကတော့ သူ၏ထုံးစံအတိုင်းသာဆို၏။နှစ်ယောက်လုံးတိုက်ခိုက်ရန် အသင့်ဖြစ်နေကြပြီဖြစ်၏။ဆာဗန်ကတော့ အကောင်းစားချပ်ဝတ်တန်ဆာများဝတ်ဆင်ထား၏။ထိုချပ်ဝတ်တန်ဆာများသည် အဆင့်မြင့်ပြီးအနည်းဆုံးပလက်တီနမ်အဆင့်ရှိ၏။ထိုအဆင့်ရှိချပ်ဝတ်တန်ဆာသည် စွန်ရဲအင်ပါယာ၌လက်ချိုးရေ၌ရအောင်ပင် ရှားပါးလွန်း၏။နောက်ပြီးဖိနပ်ကိုလည်း စွန်ရဲငှက်၏အစိတ်ပိုင်းများအသုံးပြုထားသေး၏။သူကိုင်နေသော ဓားကလည်း လေဓားသွားဖြစ်ပြီး စွန်ရဲအင်ပါယာတစ်ခုလုံး၌ အဖိုးတန်ဆုံးသောအရာဟုလည်း ခေါ်ဆိုနိုင်၏။ဂျိတ်ကတော့ သူ၏လက်ထဲ၌ရိုးရှင်းလှသောသစ်သားဓားတစ်ချောင်းကိုသာကိုင်ဆောင်ထား၏။("စနစ် သူ့ကိုစစ်ဆေးပေးဦး")ဂျိတ်၏အမိန့်ကြောင့် စနစ်လည်းစစ်ဆေးလိုက်၏။ထိုအချက်လက်များအား ဂျိတ်အားပြန်ပြောပြ၏။ထိုအခါ ဂျိတ်ပင် အနည်းငယ်အံသြရ၏။"စကြမယ်"တိုက်ပွဲသည် စတင်လိုက်ပြီဖြစ်၏။ထိုတိုက်ပွဲစတင်လိုက်သည်နဲ့ တစ်ယောက်မှ အရှုံးမပေးမခြင်း သို့မဟုတ် ပြန်မထနိုင်မှသာ ပြီးဆုံးမည်ဖြစ်၏။"ကျား"ဆာဗန်စတင်တိုက်ခိုက်လိုက်၏။သူ၏ကိုယ်မှလည်း အရောင်ဝါများကတောက်ပလျက်ရှိ၏။သူ၏ကိုယ်မှချက္က ရာများကလည်း ထူထဲနေရာ အလွန်အဆင့်မြင့်သောစစ်သည်အဆင့်ရောက်ရှိနေကြောင်း သိနိုင်လေ၏။ဂျိတ်ကတော့ တိုက်ပွဲစတင်သည်ဆိုကတည်းကသူ၏သစ်သားဓားအား ကိုင်ဆောင်ရင်း မျက်စိမှိတ်ထား၏။"ဝုန်း"ဆာဗန်၏အရှိန်က မြန်ဆန်လွန်းလှ၏။သူ၏ဓားဖြင့် ဂျိတ်၏အနားသို့ မြန်ဆန်စွာရောက်ရှိလာသည်။ထိုသို့ရောက်လာရန် အချိန်အနည်းငယ်ပင် မပေးလိုက်ရပေ။ဆာဗန်၏လေခွင်းဓားသွားက နာမည်နဲ့လိုက်အောင်ပင် လေအားမြန်ဆန်စွာ ပိုင်းဖြတ်သကဲ့သို့ဖြင့် မြန်သောအရှိန်ဖြင့် ဂျိတ်အား ခုတ်ပိုင်းချလိုက်၏။လေခွင်းဓား ကအနားသို့ရောက်ရှိလာသည်နဲ့ ဂျိတ်၏မှိတ်ထားသောမျက်လုံးအစုံကပွင့်လာ၏။ပွင့်လာသည်နဲ့ ဂျိတ်၏ကိုယ်အရောင်ဝါသည် အနည်းငယ်ပြောင်းလဲသွား၏။ထိုပြောင်းလဲမှုကို ဆာဗန်မှသတိထားမိလိုက်၏။ဂျိတ်မျက်လုံးပွင့်လာသည်နဲ့ လုပ်လိုက်သောအရာကားသူ၏သစ်သားဓားဖြင့် လေခွင်းဓားသွားအား ခုခံလိုက်ခြင်းပင်ဖြစ်၏။"ထန်"မမျှော်လင့်သော ဖြစ်ရပ်က ဖြစ်ပေါ်လာ၏။ဤသည်ကားလေခွင်းဓားသွားကို သစ်သားဓားမှ ခုခံလိုက်ပြီးတားဆီးလိုက်သောကြောင့်ဖြစ်၏။ဆာဗန်၏မျက်နှာကြီး ချီးမှန်သကဲ့သို့ပင်ဖြစ်ရ၏။(`လိကို ထန်လို့အသံထွက်ခဲ့ရတာလားဟ")ဒါကသူ၏အတွေးဖြစ်၏။အဖိုးတန်အစွမ်းအထက်ဆုံးလဲဖြစ်မာသည်ဟူသောကျောက်တုံးကိုပင် တိုဟူးလှီးသလို ဖြတ်တောက်နိုင်သော ဓားက သစ်သားဓားနဲ့ တွေ့ကာမှ မခုတ်ပိုင်းသွားသောကြောင့်ဖြစ်၏။သစ်သားဓားကို မခုတ်ပိုင်းသောကြောင့် ဆာဗန်ချက်ချင်းပြန်နောက်သို့ဆုတ်လိုက်၏။ဆုတ်သည်မှ သူစိတ်ချရသောအတိုင်းတာတစ်ခု သတ်မှတ်သောစည်း၏ကန့်သတ်မျဥ်းအထိ ဆုတ်ခွာလိုက်ခြင်းဖြစ်၏။ထို့နောက်ဒီတစ်ခါတော့ သေချာစေရန် သူ၏ဓားသိုင်းကိုအသုံးပြုလိုက်၏။"စွန်ရဲလက်သည်းဓားသိုင်း"ထိုသိုင်းကို အသုံးပြုလိုက်သည်နဲ့ ဆာဗန်၏နောက်မှစွန်ရဲငှက်ကြီးပေါ်လာ၏။ထိုစွန်ရဲငှက်ကြီးသည် သူ၏လက်သည်းဖြင့်ကုတ်ဟန်ပြု၏။ဆာဗန်၏ဓားသိုင်းကြောင့် ကြည့်နေကြသောစစ်သည်တော်တိုင်း မြင်သက်ကြရ၏။ဓားသိုင်းသုံးပါက ထိုသို့ပုံရိပ်ထွက်စေရန်အလွန်ခက်ခဲကြောင်း သူတို့သိထားကြသည်မဟုတ်ပါလား။ဤသည်ကို ဆာဗန်မှ လုပ်ပြလိုက်၏။ထိုကြောင့် ဂရိတ်စစ်သည်များက အနည်းငယ်စိုးရိမ်သွားပြန်၏။ဆာဗန်မှ သူ၏စွန်ရဲလက်သည်းဓားသိုင်းကွက်ကို သုံးပြီး ဂျိတ်အား အဝေးမှပင် ခုတ်ပိုင်းချလိုက်၏။ပိုပြီးထိရောက်စေရန်လည်း သူ၏ချာက္က ရာများအား လေခွင်းဓားသွားရှိအမြုတေထဲသို့ပါ စေလွတ်ထား၏။အမြုတေသည်လည်း စွန်ရဲငှက်၏အမြုတေဖြစ်၏။စွန်ရဲလက်သည်းသိုင်း စွန်ရဲအမြုတေ စွန်ရဲချပ်ဝတ်တန်ဆာစသည်ဖြင့် ဆင်တူများဆာဗန်အသုံးပြု၏။ထိုဆင်တူသောကြောင့် အကျိုးသက်ရောက်မှုက သုံးဆအထိတိုးလာ၏။ထို့ကြောင့် နဂိုကတည်းကအစွမ်းထက်နေသောဓားနဲ့ချာက္က ရာသွင်းဖြည့်ခြင်းခံထားရသောအခါ ဓားအစွမ်းမှာအလွန်ပင်ကြမ်းတမ်းလာတော့၏။ဤသည်ကို အစွမ်းထက်ဓားသိုင်းနဲ့တွဲစပ်လိုက်သောအခါ ဆိုဖွယ်မရှိတော့ပေ။"ဂီး"ဓားမှ တောက်ပသောချာက္က ရာစွန်ရဲငှက်ကြီးပေါ်လာ၏။ထိုငှက်ကြီးသည် အလွန်ပင်တောက်ပပြီးကြောက်မက်ဖွယ်ရာအကြည့်ဖြင့် ဂျိတ်ထံပြေးဝင်လာ၏။သူ၏လက်သည်းများကအရာရာကိုကုတ်ကာဖျက်စီးမည့်အသွင်လည်းဆောင်နေ၏။ထိုငှက်ကြီးက သူ၏လမ်းတွင်ရှိသမျှသောအရာမှန်သမျှကားအတောင်ဖြင့် ဖျက်စီးပစ်၏။သူ၏ပစ်မှတ်ဖြစ်သော ဂျိတ်ကိုလက်သည်းဖြင့်ခုတ်ထစ်ရန် အမြန်ပျံသန်းလာ၏။ဂျိတ်ကတော့ သူ၏ထုံးစံအတိုင်း ကြောက်လန့်ခြောက်ချား လန့်ဖြတ်ခြင်းလုံးဝမရှိ ထိုချာက္က ရာငှက်ကိုအာရုံစိုက်ကာကြည့်နေ၏။သူ၏မျက်လုံးများသည်ယခုချိန်၌ တည်ကြည်ခြင်းပြတ်သားခြင်းရှိသည့် ဓားသမားတစ်ယောက်၏မျက်လုံးများဖြစ်နေ၏။သူ၏သစ်သားဓားအား ကိုင်ကာ လေပေါ်မြောက်လိုက်၏။ထို့နောက်တစ်ခွန်းဆို၏။"ငှက်ကြီးမကလို့ ဂဠုန်ကြီးဖြစ်ဖြစ် ငါ့ကိုလာနှောက်ယှက်ရင်နတ်ဘုရားတောင်အသက်မရှင်စေရဘူး"ရေရွတ်ပြီးသစ်သားဓားအား မိမိရှေ့သို့ခုတ်လွှဲလိုက်၏။"ရွှမ်း"သစ်သားဓားမှ အလင်းတန်းတစ်ခုထိုးတက်လာ၏။ထိုအလင်းတန်းသည် အဖြူရောင်သာရှိသောဓားတစ်လက်ပုံစံသာဖြစ်၏။သို့သော် ထိုဓား၏အော်ရာသည် အရာရာအားပျက်သုန်းခြင်းဆိုက်ကပ်အောင် ပေးစွမ်းနိုင်၏။ဟုတ်ပေသည်။ဂျိတ်သည်ဓားနိယာမကိုအသုံးချလိုက်သည်သာဖြစ်၏။ဓားဆိုသည်က ရှေးကာလကတည်းက အသုံးတော်ခံလက်နက်တစ်ခု၊လက်နက်ဘုရင်သာ။ထိုဓား၏လမ်းကြောင်းလည်းဆန်းကြယ်၏။အသုံးချတတ်လေ အကျိုးသက်ရောက်မှုက ဆန်းကြယ်လေဖြစ်၏။နိယာမအမျိုးမျိုးရှိသည်ထဲက ဂျိတ်က ဓားနိယာမကိုသုံးလိုက်သည်။ဓားနိယာမများထဲတွင်မှ အရာရာအားပျက်သုန်းစေနိုင်သည့်နိယာမကို အသုံးပြုထား၏။မည်သည့်သေးငယ်သောလက်နက်ဖြစ်နေပါစေ နိယာမသက်ရောက်လာသောအခါ အလွန်ကြမ်းတမ်းသောမကောင်းဆိုးဝါးကြီးအသွင်ပြောင်းလဲနိုင်စွမ်းရှိ၏။ယခုဂျိတ်၏လက်က ကိုင်ထားသောသစ်သားဓားသည်လည်းဂျိတ်၏နိယာမသက်ရောက်အသုံးပြုမှုခံရသောအခါ အလွန်ကြောက်မက်ဖွယ်ရှိသော ရိုးရှင်းသောဓားဖြူအလင်းတန်းကိုထုတ်လွတ်ပေးလိုက်တော့၏။"ဝုန်း"ချာက္က ရာစွန်ရဲငှက်ကြီးနဲ့ဓားအလင်းတန်းတို့တွေ့ဆုံသည်နဲ့ပေါက်ကွဲမှုကြီးစတင်၏။ပေါက်ကွဲမှုကြောင့် မီးခုံးလုံးကြီးပေါ်လာ၏။"ဝှီး"ထိုအခိုက် မီးခိုးတန်းကြီးထဲမှ အဖြူရောင်ဓားအလင်းတန်းလေးက ထွက်လာပြီး ဆာဗန်ကို ထိုးခွင်း၏။"အား."ဆာဗန်နာကျင်စွာအော်လိုက်ရ၏။ဟုတ်ပေသည်။ဂျိတ်၏ဓားချက်သည် ဆာဗန်အား ထိမှန်ခဲ့ပြီလည်းဖြစ်၏။

(236)တကယ်ရှုံးနိမ့်ခြင်း(1)

ဆာဗန်သူ၏ကိုယ်ခန္ဓာအား ပြန်လည်ကြည့်လိုက်၏။သူ၏ဝမ်းဗိုက်ဘယ်ဘက်ခြမ်း၌ ဓားရာကြီးကိုမြင်လိုက်ရ၏။ထိုဓားချက်ကြောင့် သူ၏ကိုယ်မှ သွေးများလည်းတစိမ့်စိမ့်ထွက်ကျနေ၏။ထိုအခြင်းရာဖြစ်စဥ်ကို ကြည့်ပြီး ဆာဗန်တစ်ယောက်တည်ငြိမ်သွား၏။တည်ငြိမ်ရာ၌ သူ၏ရုပ်သည်ယခင်ကပုံမှန်ရုပ်ထက်လုံးဝတည်ငြိမ်သွားခြင်းဖြစ်၏။"ဂျိတ်နိုင်သွားတာလား"ဂရိတ်စစ်သည်များ၏အတွေး၌ ယောက်ယက်ခက်နေ၏။ဂျိတ်၏ဓားချက်ကြောင့် စွန်ရဲအင်ပါယာပြည့်ရှင်သည် ဒဏ်ရာရရှိသွားခဲ့ပြီမဟုတ်ပါလား။ဂျိတ်၏အကြည့်ကလည်း တည်ငြိမ်လျက်ရှိ၏။သူ၏ဓားချက်က တစ်ဖက်ပြိုင်ဘက်အား ထိမှန်စေခဲ့သော်ငြားလည်း ပျော်ရွှင်နေခြင်းမရှိပေ။"ဆာဗန် မင်းရဲ့တကယ့်အစစ်မှန်စွမ်းအား ထုတ်ပြလိုက်ပါ."ဂျိတ်၏စကားကြောင့် ကြည့်ရှုနေသောသူများ သက်ပြင်းတစ်ချက်ချလိုက်ကြရ၏။ထိုစကားက စွန်ရဲဘုရင်သည် သူ၏တကယ့်အဆုံးစွန်အင်အားမပြသသေးဟု မှတ်ယူဆနိုင်၏။"ဟား..ဟား...ဟား...ဟား..."ဆာဗန် ဂျိတ်၏စကားကြောင့် ရယ်မောလိုက်၏။အားရပါးရကိုရယ်မောလိုက်ခြင်းဖြစ်၏။သူ၏ကိုယ်မှ တစ်စက်စက်ကျနေသောသွေးများကိုပင် ဂရုစိုက်ခြင်းအလျဥ်းမရှိပေ။အားရအောင်ရယ်မောပြီးမှ ဂျိတ်ကိုကြည့်ပြီးလျှင်"မဆိုးဘူး မင်းကတကယ့်ပဲငါ့ရဲ့အစစ်မှန်စွမ်းအားကိုမြင်ခွင့်ရှိတယ်"ပြောဆိုပြီးသည်နဲ့ သူ၏ကိုယ်မှ ပြင်းထန်သောအရောင်ဝါတောက်ပပေါက်ကွဲလာ၏။"ဝုန်း"ပြင်းထန်သော ကိုယ်ရောင်အော်ဝါက ထွက်ပေါ်လာ၏။ထိုအော်ရာသည် ဆာဗန်၏ကိုယ်မှထွက်ပေါ်လာခြင်းဖြစ်၏။ထိုအော်ရာထွက်ပေါ်လာသည်နဲ့"ခလွမ်း"တစ်ခုခုအား ချိတ်ပိတ်တားဆည်းထားသည့်အရာပြန်တောက်သည့်အသံထွက်ပေါ်လာ၏။"သူအဆင့်ဆက်သွားတာပဲ"ဂျိတ်ကြည့်ရင်းပြောလိုက်၏။ဟုတ်ပေသည်။ဒိုင်းမွန်းအဆင့်တစ်ဆယ်ရှိသော ဆာဗန်မှ ပြင်းထန်သောအော်ရာပေါက်ကွဲပြီးနောက် နောက်အဆင့်တစ်ခုသို့ဝင်ရောက်ချိုးဖြတ်သွားခြင်းဖြစ်၏။("စနစ်အသိပေးချက်..ဆာဗန်သည် ဒိုင်းမွန်အဆင့်မှ မာစတာ(ဆရာသခင်)အဆင့်သို့တက်လှမ်းသွားပါသည်")စနစ်၏အသိပေးချက်ကို ဂျိတ်ကြားလိုက်၏။မာစတာအဆင့်ဆိုပါလား။မာစတာအဆင့်သည် ဒိုင်းမွန်းအဆင့်ပြီးပါကနောက်ထပ်လာမည့်အဆင့်ဖြစ်၏။မာစတာအဆင့်သို့ရောက်ရှိပါက သက်တမ်းသည် အနှစ်ခြောက်ရာအထိတိုးတက်လာမည်ဖြစ်ပြီး ပိုမိုအစွမ်းထက်လာမည်ဖြစ်၏။သွေးကြောများလည်း ပိုမိုသန်မာလာပြီးကိုယ်တွင်းတည်ဆောက်ပုံလည်း ယခင်ကထက်ပိုမို ကြံခိုင်လာ၏။သွေးတွင်းကလာပ်စည်းများကလည်း ယခင်ကထက် ပိုမိုသန်စွမ်းလာ၏။ချာက္က ရာသိုလှောင်မှုနေရာကလည်း လုံးလုံးပြောင်းလဲသွား၏။ယခင်က ထိုနေရာသည် အိုင်ကြီးတစ်ခုဟုဆိုပါကယခုအခါ အမြဲမပြတ်စီးဆင်းနေသော မြစ်တစ်စင်းအသွင်ပြောင်းလဲသွားခြင်းဖြစ်၏။နောက်ပြီး သဘာဝမှချာက္က ရာများကိုပါ အလိုအလျောက်စုပ်ယူနိုင်သည့်အပြင် လေထဲရှိချာက္က ရာအစွမ်းများကို မြန်ဆန်စွာအသုံးပြုနိုင်ပြီလည်းဖြစ်၏။အထူးခြားဆုံးကား ချာက္က ရာတောင်ပံပေါ်ပေါက်လာပြီး လေထဲပျံသန်းလာနိုင်ခြင်းပင်ဖြစ်၏။"ဝုန်း"ဆာဗန်သည် မာစတာအဆင့်သို့ရောက်ရှိသည်နဲ့ သူ၏ဘေးပတ်လည်မှချာက္က ရာများကို သူ၏ကိုယ်တွင်းသို့စုပ်ယူပစ်၏။ထိုအခါ သူ၏ကိုယ်ကိုဗဟိုပြု၍ ကြီးမားသော တွင်းနက်ကြီးဖြစ်တည်လာ၏။ချာက္က ရာများကို စုပ်ယူပြီးသည်နဲ့ သူ၏နောက်ကျော၌ ချာက္ကရာတောင်ပံပေါ်ပေါက်လာ၏။ထိုတောင်ပံ၌ အဖြူရောင်နဲ့အစိမ်းရောင်သန်းနေ၏။ထိုတောင်ပံပေါ်ပေါက်လာသည်နဲ့သူသည်လည်း လေထဲသို့ပျံသန်းသွားလေ၏။သူ၏ကိုယ်မှသွေးထွက်နေခြင်းမှလည်း ရပ်တန့်ပြိီး ပြန်လည်ကောင်းမွန်စပြုလာ၏။"ဂျိတ်မင်းငါ့ကို မနိုင်တော့ပါဘူး"ဆာဗန် လေထဲမှနေ၍ ဆိုလိုက်၏။သူ၏အကြည့်က ဂျိတ်အား သူနဲ့တိုက်ခိုက်ရန်မတူမတန်သလိုပင်။"မနိုင်ဘူးလို့ထင်နေတုန်းလား အစောကလဲ ဓားချက်တစ်ချက်ထိထားတာကို အခုထိလေကြီးနေတုန်းလား"ဂျိတ်၏စကားက ဆာဗန်အတွက် ကြီးမားသောထိချက်ကြီးဖြစ်စေခဲ့၏။ထိုစကားကြောင့် ဆာဗန်ဒေါသထွက်သွားပြီးသူ၏လက်ကိုလေထဲဝှေ့ယမ်းလိုက်၏။လေထဲ၌ ချွန်ထက်လှသော စွန်ရဲတောင်ပံမွှေးများဖြစ်တည်လာ၏။ထိုစွန်ရဲတောင်ပံမွှေးများသည် တစ်ချောင်းချင်းစီတည်ရှိပြီး အလွန်ပင်ထက်ရှလှ၏။ထိုသို့ချွန်ထက်သော စွန်ရဲငှက်မွှေးများက သောင်းဂဏန်းအထိ လေထဲ၌တည်ရှိ၏။"သေစမ်း"ဆာဗန်လေထဲမှနေ၍ ပစ်ခတ်လိုက်၏။"ဝှီး....ဝှီး...ဝှီး...ဝှီး....."ချွန်ထက်ထက်မြက်လှသော စွန်ရဲငှက်မွှေးများ က ဂျိတ်ထံသို့ဦးတည်ဝင်ရောက်လာ၏။တစ်ခုချင်းစီတိုင်းက သေးငယ်သည့်အပြင် ဦးတည်ရာလည်း လွန်စွာမှပင်ခန့်မှန်းရခက်၏။သောင်းဂဏန်းသောစွန်ရဲငှက်မွှေးများက ကြည့်ရှုနေသောသူတို့အတွက် အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသော်လည်း ဂျိတ်အတွက်ကတော့ မထူးဆန်းပေ။စွန်ရဲငှက်မွှေးများ မိမိအနားရောက်လာသည်နဲ့ ဂျိတ်၏သစ်သားဓားကိုဝှေ့ယမ်းလိုက်၏။"ရွှမ်း"အဖြူရောင်ရှိဓားငယ်နှစ်ခုကပေါ်ပေါက်လာပြီး စကြာပျံအသွင်လည်ပတ်လိုက်၏။ထို့နောက် ဂျိတ်၏အနားရောက်ရှိလာသော စွန်ရဲငှက်မွှေးမှန်သမျှအား စကြာပုံလည်ပတ်ပြီးကာကွယ်တားဆီးလိုက်၏။သောင်းဂဏန်းမျှအထိရှိသော စွန်ရဲငှက်မွှေးများက သေးငယ်သော ဓားငယ်နှစ်ခု၏တားဆီးခြင်းအား ခံလိုက်ကြရ၏။ထိုဓားငယ်နှစ်ခုကြောင့် စွန်ရဲငှက်မွှေးများမှာ သောင်းဂဏန်းအထိရှိသည်မှန်သော်လည်း တစ်ခုပင် ဂျိတ်၏အနားသို့ရောက်ပြီး ဂျိတ်အားအန္တရာယ်မပြုနိုင်ကြပေ။ထိုအခါ ဆာဗန်မှလေထဲမှ နေ၍နောက်တစ်မျိုးလုပ်ဆောင်လိုက်၏။ထိုအခါ လေထဲ၌စွန်ရဲလက်သည်းများ ထပ်မံပေါ်ပေါက်လာ၏။ထိုစွန်ရဲလက်သည်းများသည်လည်း ချာက္ကာဖြင့်ဖန်တီးထားခြင်းဖြစ်၏။ထိုစွန်ရဲငှက်လက်သည်းများသည်လည်း ဂျိတ်ထံပြေးဝင်လာပြီး သတ်ဖြတ်ရန်ကြိုးစားလိုက်ကြ၏။"ကြည့်ရတာ ပညာမပေးရင်မရတော့ဘူးနဲ့တူပါတယ်"ဂျိတ်ရေရွတ်ပြီးမျက်စိမှိတ်လိုက်၏။ထို့နောက် မျက်စိပြန်ဖွင့်လိုက်၏။ပြန်ဖွင့်လိုက်သည်နဲ့ ဂျိတ်၏မျက်လုံးများသည် နဂိုထက် ကြည်လင်တောက်ပပြတ်သားနေ၏။"ဓားအသိ "ဂျိတ်တစ်ခွန်းပြောလိုက်၏။ထိုသို့ပြောလိုက်သည်နဲ့စွန်ရဲစစ်သည်များ ဂရိတ်စစ်သည်များ တစ်ခုခုထူးခြားသလိုခံစားလိုက်ကြ၏။ထိုထူးခြားမှုသည် မိမိတို့ကိုယ်၌ရှိသောဓားအိမ်မှလာကြောင်းတွေ့ရှိလိုက်ကြ၏။"ရွှမ်း...ရွှမ်းးးး"များစွာသောဓားများက ဓားအိမ်မှကျွတ်ထွက်ကြ၏။ထိုနောက် လေထဲသို့ပျံသန်းသွား၏။"ဟာ"စစ်သည်တော်များ မျက်လုံးကျွတ်ကြမတတ် တုန်လှုပ်နေကြ၏။သူတို့၏ဓားများက တစ်စုံတစ်ယောက်၏အမိန့်ကြောင့် အသက်ဝင်လာကာ အလိုလျောက်ထပျံကုန်ကြသောကြောင့်ဖြစ်၏။ပျံသန်းသွားသောဓားများသည်လည်း စုစုပေါင်းအချောင်းရေ ငါးသောင်းကျော်မှရှိ၏။ထိုဓားငါးသောင်းကျော်သည်လေထဲ၌ပျံသန်းပြီးလျှင် ဂျိတ်၏အနား၌ ရပ်တန့်ကာနေလေ၏။ဂျိတ်၏အနား၌ ငြိမ်ဝမ်နေသော ဓားများကိုကြည့်ရင်း ဆာဗန်ပင်အံသြရ၏။ထိုငြိမ်နေသောဓားများသည် ဂျိတ်ထံပြေးဝင်လာသော စွန်ရဲငှက်လက်သည်းများ ငှက်မွှေးများအား ဝင်ရောက်တိုက်ခိုက်လိုက်ကြ၏။လေထဲ၌ပြင်းထန်သော တိုက်ပွဲကား ဖြစ်ပွားလေတော့၏။ချာက္က ရာဖြင့်ဖန်တီးထားသော စွန်ရဲငှက်မွှေးလက်သည်းများသည် အလွန်ပင်သိပ်သည်းဆမြင့်မားလှပေရာ ဓားများနဲ့တန်းတူယှဥ်ချနိုင်၏။"သူဘယ်လိုလုပ်လိုက်တာလဲ."ဆာဗန်အံသြသွား၏။သူသည် မာစတာအဆင့်ဖြစ်သောကြောင့်သာ ချာက္က ရာငှက်မွှေး လက်သည်းများဖန်တီးတိုက်ခိုက်နိုင်ခြင်းဖြစ်သော်လည်း ဂျိတ်ကတော့ ထိုအဆင့်ပင်ရောက်ရှိခြင်းမရှိသော်လည်း အနီးရှိဓားများအား ဆင့်ခေါ်ပြီးပြန်လည်တိုက်ခိုက်နိုင်နေ၏။"ဝှီးးးး"ဓားများထဲမှ အနည်းငယ်ကြီးမားသော ဓားတစ်ချောင်းက ဂျိတ်၏ခြေဖျားအောက်ရောက်ရှိလာ၏။ထိုဓားအား ဂျိတ်ခြေစုံရပ်လိုက်သည်နဲ့ ဂျိတ်သည်ဓားနဲ့တကွ လေပေါ်ပျံတက်လာ၏။ဂျိတ်သာ် ယခုချိန်၌ဓားစီးနင်းပြီးပျံသန်းနေသည်လည်းဖြစ်၏။"ဟာ မိုက်လိုက်တာ"စစ်သည်တော်များ တုန်လှုပ်ကြ၏။ဂျိတ်သည် ချာက္ကာရာတောင်ပံမပါရှိပဲ လေထဲ၌ ဓားစီးနင်းပြီး ပျံသန်းနေသည်မဟုတ်ပါလား။"ချကြတာပေါ့"လေထဲ၌ ဂျိတ်သည် ဓားစီးနင်းပြီးပျံသန်းနေသလို ဆာဗန်ကလည်း ချာက္က ရာတောင်ပံဖြင့် လေထဲဝဲပျံနေ၏။လေပေါ်တိုက်ပွဲကားပြန်လည်စတင်တော့မည်ဖြစ်၏။

(237)

လေပေါ်တိုက်ပွဲကား စတင်ခဲ့ပြီဖြစ်၏။"ရွှမ်း....ရွှမ်း....ရွှမ်း"တိုက်ပွဲစတင်သည်ဆိုကတည်းက ဆာဗန်၏ချာက္က ရာဖြင့်ဖန်တီးထားသော စွန်ရဲငှက်လက်သည်းများတောင်ပံအမွှေးများနဲ့ဂျိတ်၏ဆင့်ခေါ်ခြင်းခံထားရသောဓားများနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံကြတော့၏။အလွန်ပင်ပြင်းထန်လှပေ၏။ထိုအချင်းရာနှစ်ခုတိုက်ခိုက်၍ထွက်ပေါ်လာသော အသံများပင် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။"ခလွမ်း...ခရက်"တိုက်ခိုက်ဖန်များလာသောကြောင့် ဓားများလည်း ကြေမွအက်ကွဲကုန်သလို ချာက္က ရာဖြင့်ဖန်တီးထားသော စွန်ရဲလက်သည်းအမွှေးများသည်လည်း ပျောက်ကွယ်ကြရ၏။သို့သော်လည်း ကျန်ရှိနေသောဓားများ လက်သည်းများကအချင်းချင်းဆက်လက်တိုက်ခိုက်စမြဲဖြစ်၏။ပိုင်ရှင်၏အမိန့်အတိုင်း သူတို့မကုန်မဆုံးမချင်း ဆက်လက်တိုက်ခိုက်လေကြ၏။ထိုတိုက်ခိုက်သည့်ပုံစံများက လေထဲတွင်ဖြစ်ရာအောက်မှစစ်သည်များကရင်သပ်ရှုမောဖြစ်ကြည့်ရှူကြ၏။တစ်ခါတစ်ရံ ပျက်စီး၍ပြုတ်ကျလာသော ဓားကျိုးများကိုလည်း ရှောင်တိမ်းရသေး၏။ဓားကျိုးအပိုင်းအစများသာဖြစ်သော်လည်း ဂျိတ်၏ဓားအသိဆန္ဒကြောင့်တိုက်ခိုက်ခဲ့သောဓားများဖြစ်ခဲ့သေးရာ သာမန်ထက်အစွမ်းနေသေး၏။ထို့ကြောင့်လည်း ရှောင်တိမ်းကြရခြင်းဖြစ်၏။လေပေါ်၌ ဓားများလက်သည်းများတိုက်ခိုက်ကြသလို ဂျိတ်နဲ့ဆာဗန်တို့ကလည်း တိုက်ခိုက်နေကြ၏။ဆာဗန်သည်သူ၏အတောင်ဖြင့်ပျံသန်းရှောင်တိမ်းပြီး ဂျိတ်အားတိုက်ခိုက်၏။ဂျိတ်ကလည်း ဓားစီးနင်းရင်း ပြန်လည်တိုက်ခိုက်၏။ဆာဗန်သည် အတောင်ပံအစွမ်းကြောင့် မြန်ဆန်သော်လည်းဂျိတ်၏ဓားပျံအမြန်နှုန်းကလည်း နိမ့်ကျနေခြင်းမရှိ။ငါးမိနစ်ဟူသောအတိုင်းတာအတွင်း အကွက်တစ်ထောင်နီးနီးအထိတန်ပြန်တိုက်ခိုက်ပြီးခဲ့ကြပြီဖြစ်၏။အမြန်နှုန်းများကမြန်ဆန်သောကြောင့် ကြည့်ရှုသောသူများ၏မျက်လုံး၌ အစက်နှစ်ခုသည် လေထဲ၌မြန်တန်စွာထိလိုက် ပြန်ခွာလိုက်ဖြင့် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နေသည်ကိုသာတွေ့မြင်ရ၏။"တော်တော်သန်မာလာတာပဲ"ဂျိတ်တွေးမိလိုက်၏။(မာစတာ)ဆရာသခင်အဆင့်ရောက်သောအခါ ကိုယ်ခန္ဓာဖွဲ့စည်းပုံသည် အလွန်တရာသန်မာလာ၏။ဒိုင်းမွန်းအဆင့်၌ စိန်ကိုယ်ခန္ဓာဖွဲ့စည်းနိုင်ပြီး ထိုအဆင့်၌ စိန်ထက်အဆပေါင်းများစွာမက မာကျောသော ကိုယ်ဖြစ်ပေါ်လာပြီး ခွန်အားအမြန်နှုန်းများကလည်း လုံးဝတိုးတက်လာ၏။ယခုအချိန်ထိ အကြိမ်တစ်ထောင်နီးနီးတိုက်သော်လည်းအနိုင်အရှုံးမပေါ်သေးပေ။ထိုအချင်းရာကိုကြည့်ခြင်းဖြင့် ဆာဗန်သည် တကယ့်စစ်သည်တော်ဖြစ်ကြောင်း ဂျိတ်လက်ခံ၏။("ဟ ငလူးမသားက လူကောဟုတ်လား")ဆာဗန်သည် အပြင်အားဖြင့် တည်ငြိမ်သော်လည်း စိတ်ထဲ၌လုံးဝသွေးပျက်နေပြီဖြစ်၏။မိမိသည် မာစတာအဆင့်ဖြစ်သောကြောင့် လေထဲပျံသန်းနိုင်၏။ဂျိတ်မှကားပလက်တီနမ်အဆင့်သာရှိသေးသော်လည်း ဓားပျံကိုစီးနှင်းနိုင်ရုံတင်မကသေး ဓားများစွာကို သူ၏လက်အောက်တွင် လိုသလိုစေခိုင်းနိုင်၏။ဘယ်ပလက်တီနမ်အဆင့်ကကောင်က ထိုသို့ထူးထူးခြားခြားလုပ်ဆောင်နိူင်သနည်း။ထို့အပြင် အကြိမ်တစ်ထောင်အထိဓားခြင်းယှဥ်တိုက်ခိုက်သော်လည်း ဂျိတ်မှလက်ပန်းမကျသေးပေ။ပလက်တီနမ်အဆင့်ကား နာမည်ခံရုံတင်လားဟုပင်တွေးတောမိလာ၏။"ဟူး"ဆာဗန် သူ၏ဓားထဲသို့ ချာက္က ရာများဖြည့်သွင်းလိုက်၏။ထိုအခါ ဓားရှိအမြုတေ၌ ချာက္က များပြည့်လျှံသွား၏။ပြည့်လျှံသွားသောအခါ ဓားတစ်ခုလုံးသည်အရောင်ဝါတောက်ပလာပြီး ကြီးမားသောအရောင်ဝါကို ထုတ်လှုပ်ပေး၏။မာစတာအဆင့်ရောက်လာသောအခါ ချက္က ရာများသည် သန့်စင်လာရုံကမ များလည်းများသည့်အပြင် အစွမ်းအင်မတန်ပြင်းသောကြောင့် ဓား၏အစွမ်းသတ္တိများထွက်ပေါ်လာ၏။ဒိုင်းမွန်းအဆင့်၌ ဆာဗန်သည် ဓား၏50%ကို အသုံးပြုနိုင်သည်ဖြစ်ပြီး ယခုအခါ90%ထိ အသုံးပြုနိုင်လာ၏။"သေစမ်း...စွန်ရဲဘုရင်လက်သည်း"ရွှမ်းဆာဗန် သူ၏ဓားအားဂျိတ်ထံခုတ်ချလိုက်၏။"ဂီး"ကြီးမားလှသော ဧရာမစွန်ရဲလက်သည်းကြီးက ဓားမှထွက်ပေါ်လာပြီး ဂျိတ်ထံပြေးဝင်လာ၏။ထိုလက်သည်းသည်အလွန်အစွမ်းထက်ပြီး စွန်ရဲဘုရင်လက်သည်းကဲ့သို့ပင် တူညီလှ၏။မည်မျှအထိတူညီလှသည်ဆိုလျှင် လက်သည်းပုံစံအကြေးခွံများပါ ပါရှိနေသည်ဖြစ်၏။"တားကြစမ်း"ဂျိတ်သည် ကျန်ရှိနေသေးသော ဓားအချောင်းတစ်ထောင်ကိုထိုလက်သည်းထံသို့ပစ်လွတ်လိုက်၏။ထိုဓားအချောင်းတစ်ထောင်သည် ချာက္က ရာလက်သည်းများနဲ့တိုက်ခိုက်ပြီးနောက်ဆုံးကျန်ရစ်ခဲ့သော ဓားများလည်းဖြစ်၏။ဝှီးးးးးဝှီးးးးဝှီးဓားတစ်ထောင်က ဂျိတ်၏အမိန့်အတိုင်း လေထဲ၌ပျံသန်းပြီးလက်သည်းထံပြေးဝင်လာကြ၏။"ချပ်...ချပ်...ချပ်"လေထဲပျံသန်းနေရင်း ဓားများသည် စနစ်တကျပုံဖော်လာကြ၏။တဖြေးဖြေးပုံဖော်လာပြီး နောက်ဆုံး၌ ဓားအချောင်းတစ်ထောင်စုစည်းထားသော ဧရာမဓားပျံတစ်ချောင်းအသွင်ပြောင်းလဲသွား၏။ထိုဧရာမဓားကြီးသည် စွန်ရဲဘုရင်လက်သည်းကြီးထံပြေးဝင်ကာတိုက်ခိုက်လိုက်၏။"ဂျိန်း"ကြီးမားသောအသံကြီးထွက်ပေါ်လာ၏။ဧရာမဓားကြီးနဲ့စွန်ရဲဘုရင်လက်သည်းတို့ ထိပ်တိုက်တွေ့သောအခါ ကြီးမားသောအသံကြီးထွက်ပေါ်လာ၏။"ခလွမ်း... "စွန်ရဲဘုရင်လက်သည်းမှာပိုမိုအစွမ်းထက်နေရာ ဓားတစ်ထောင်ဖြင့်ဖွဲ့စည်းထားသော ဧရာမဓားကြီးမှ လုံးဝပျက်စီးသွားလေတော့၏။လက်သည်းကြီးသည် ဧရာမဓားကြီးအားဖျက်စီးပြီးသည်နဲ့ဂျိတ်ထံဆက်လက်ပြေးဝင်လာ၏။ထိုအခါ ဂျိတ်ကလည်း ဓားပျံအားစီးနင်းရင်း ရှောင်တိမ်းကြညံသေး၏။သို့သော် လည်း ဂျိတ်အား ပစ်မှတ်ထားသော စွန်ရဲဘုရင်လက်သည်းသည်လည်း နောက်မှတောက်လျှောက်ပင် လိုက်လာတော့၏။"ဒါဆိုတော့လည်း မတတ်နိုင်ဘူး"ဂျိတ်သက်ပြင်းချလိုက်၏။ကြည့်ရသည်မှာ သူရှောင်တိမ်း၍မလွတ်နိုင်သည့်ပုံပေါ်၏။ထိုကြောင့် သူ၏သစ်သားဓားလေးကိုကိုင်ပြီး လေပေါ်မြောက်လိုက်၏။ထို့နောက်"အဆုံးစွန်ဖျက်စီးခြင်း"တစ်ခွန်းတည်းသာဆိုလိုက်ပြီး သစ်သားဓားအား စွန်ရဲဘုရင်လက်သည်းကြီးထံညွှန်လိုက်၏။ထိုသို့ညွှန်လိုက်သည်နဲ့ ဂျိတ်၏နောက်မှ ဂျိတ်နဲ့ဆင်တူသောလူပုံရိပ်ကြီးပုံပေါ်လာ၏။ထိုလူပုံကြီးသည် သစ်သားဓားထက်အနည်းငယ်ရှည်လျားသော ဓားကိုင်ဆောင်ထား၏။ထိုပုံရိပ်သည် ထိုဓားဖြင့် စွန်ရဲဘုရင်လက်သည်းကြီးအား ခုတ်ချလိုက်တော့၏။"ဟာ"ဆာဗန် ကြ က်သီးမွှေးညင်းများထလာ၏။ဘာရယ်ကြောင့်မှန်းသော်လည်း ထိုပုံရိပ်အား မြင်သည်နဲ့ သူ၏ကြောက်စိတ်များ ငယ်ထိပ်ထိဆောင့်တက်လာသောကြောင့်ဖြစ်၏။ခွမ်း....ထိုပုံရိပ်သည် ဓားဖြင့်ခုတ်ချလိုက်သည်နဲ့ အလွန်ပင်အစွမ်းထက်ကြီးမားလှသည့် စွန်ရဲဘုရင်လက်သည်းကြီးမှာချက်ချင်းထက်ပိုင်းပြတ်သွားရ၏။ထို့နောက် ချက်ချင်းပျက်စီးသွားလေတော့၏။"အား"ဆာဗန်ပါ နာကျင်စွာအော်ဟစ်လိုက်ရ၏။အကြောင်းကား ဂျိတ်၏ပုံရိပ်မှာ ဓားဖြင့်ခုတ်ချလိုက်သည်နဲ့ စွန်ရဲဘုရင်လက်သည်းပါပျက်စီးသွားသည်မဟုတ်ပဲ သူကိုပါတိုက်ရိုက်ထိမှန်စေခဲ့၏။ပုံရိပ်က ခုတ်ချခြင်းသာဖြစ်သော်လည်း သူကိုပါတိုက်ခိုက်ပိုင်းသည့်အပြင် သူ၏အတောင့်များကိုပါ တိခနဲဖြတ်ချသလိုဖြစ်ပျက်စေခဲ့၏။ထို့ကြောင့် ဆာဗန်သည် လေထဲမှ ကိုးရို့ကိုးယားဖြင့်ပျက်ကျပြီး မြေပေါ်သို့အရှိန်ပြင်းစွာဖြင့်ကျဆင်းသွားတော့၏။"ဘုရင်ကြီး"စွန်ရဲအင်ပါယာစစ်သည်များ အော်ခေါ်လိုက်ကြ၏။သူတို့၏ဘုရင်ကြီးထိခိုက်သွားပြီမဟုတ်ပါလား။ကောင်းကင်မှအလင်းရောင်တစ်ချက်လက်လာပြီး ပြန်လည်ပျောက်ကွယ်သွား၏။ထိုသို့ဖြစ်ပျက်ခြင်းသည် တိုက်ပွဲပြီးဆုံးသွားကြောင်းပြသခြင်းလည်းဖြစ်၏။ဂျိတ်နဲ့ဆာဗန်အားဖုံးလွှမ်းထားသော စည်းလည်းပျောက်ကွယ်သွားတော့၏။ဆာဗန်သည်လုံးဝကျရှုံးသွားခဲ့ပြီလည်းဖြစ်၏။

All Chapters