← Chapters

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

အခန်း (၂၃၈-၂၄၀)

Vol. 16 Ch. 238-240

(238)

အရှုံးအနိုင်ကား ကွဲပြားသွားပြီဖြစ်၏။ဂျိတ်ကတော့ လေထဲရှိဓားကိုစီးနင်းပြီးရပ်တန့်နေကာ ဆာဗန်ကတော့ မြေပြင်ပေါ်၌ဒဏ်ရာဖြင့်လဲကျနေ၏။ဘယ်သူက အနိုင် ဘယ်သူကအရှုံးဆိုသည်က ပြောစရာမလိုတော့ပေ။"ကဲ မင်းရှုံးပြီး ငါတောင်းဆိုသမျှလိုက်လျောပေတော့"ဂျိတ်မှ ဓားစီးနင်းပြီး လေပေါ်မှနေ၍ မြေပြင်၌လဲကျနေသော ဆာဗန်ရှေ့ရောက်လာကာပြော၏။ဆာဗန်ကလည်းခေါင်းညိတ်လက်ခံလိုက်၏။မလက်ခံ၍လည်းမဖြစ်နိုင်ပေ။သူကိုယ်တိုင် ကောင်းကင်စည်းမျဥ်းဖြင့် စတင်လုပ်ဆောင်ခဲ့သည်မဟုတ်ပါလား။ထိုစည်းမျဥ်းကား သူကိုယ်တိုင်ချိုးဖောက်ပါက ကောင်းကင်မှတိုက်ရိုက်အပြစ်ပေးသည်ကို ခံစားရမည်ဖြစ်၏။အပြစ်ပေးပါက လက်ရှိစစ်သည်တော်အဆင့်မှ ဆက်လက်တက်ရောက်နိုင်ခြင်းမရှိသည့်အပြင် အဆင့်ကျဆင်းသည့် ကြီးမားသောဒုက္ခများကို ခံစားရမည်ဖြစ်၏။"ဒါဆို ဒီဟာလေးတွေ ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်"ဆာဗန်ရှေ့သို့ဂျိတ်မှ စာရွက်လိပ်ကြီး ဖြန့်ချလိုက်၏။စာရွက်လိပ်အား ဖြေချလိုက်သောအခါ စာရွက်လိပ်ရှည်သောကြောင့်မြေပြင်အထိရှည်လျားစွာကျဆင်းလာ၏။"ဟ"ဆာဗန် အံအားသင့်သွား၏။ကြည့်ရသည်မှာ ဂျိတ်သည်ကြိုတင်ပင်ပြင်ဆင်ထားလေသလားဟုပင်ခံစားမိ၏။ဆာဗန်သည် စာချုပ်ပါအချက်လက်မျာအား ကြည့်ရှုလိုက်၏။လိုအပ်သော ပစ္စည်းစာရင်းများကို ရေးသားထားခြင်းဖြစ်ပြီး ဆာဗန်တွက်ကြည့်သောအခါ အနည်းဆုံးပစ္စည်းတန်ဖိုးမှ ရွှေဒဂ်ါးသိန်းတစ်သောင်းအထိ ရှိကြောင်းတွေ့ရလေ၏။ထိုပမာဏသည် စွန်ရဲအင်ပါယာ၏နှစ်နှစ်စာ ဝင်ငွေပမာဏရှိသော တန်ကြေးဖြစ်၏။အလွန်များပြားသည်ဆိုသော်လည်းသူ၏ခံစားရမည့်ကောင်းကင်စည်းမျဥ်းနဲ့ယှဥ်ပါက ဘာမှမဟုတ်ပေ။ထိူ့ကြောင့် ဆာဗန်လက်ခံလိုက်၏။ဆာဗန်ကို သေချာစေရန် ဂျိတ်မှ စာရွက်လိပ်ရှိစာချုပ်ပါကစည်းမျဥ်းများ အတိုင်း လက်မှတ်ရေးထိုးစေ၏။ဆာဗန်အားသွေးဖြင့်လက်မှတ်ထိုးစာချုပ်ချုပ်ဆိုစေ၏။စာချုပ်ချုပ်ဆိုပြီးမှသာ ဂျိတ်သည် ခေါင်းညိတ်ကာ စာလိပ်ကိုပြန်လည်သိမ်းဆည်းသွားပြီး ဓားဖြင့်ပြန်လည်ပျံသန်းသွားတော့၏။"ဖူး"ဂျိတ်ထွက်သွားပြီးသည်နဲ့ ဆာဗန်သွေးများအန်ထုတ်လိုက်ရ၏။ထိုသွေးများအန်ထုတ်လိုက်ရခြင်းမှာ အစောပိုင်း၌ရရှိခဲ့သော ဓားချက်ကြောင့် မဟုတ်ပဲ ဂျိတ်၏အပြုမှုများကြောင့်ဖြစ်၏။ဂျိတ်၏လုပ်သွားသောစာချုပ်ထိုးစေမှုကြောင့် သူသွေးများအန်ထုတ်လိုက်ရခြင်းလည်းဖြစ်၏။သူသည် စွန်ရဲအင်ပါယာပြည့်ရှင်တစ်ပါးဖြစ်သော်လည်း ဂျိတ်မှာ သူ့အားမယုံကြည်သောကြောင့် စာချုပ်လက်မှတ်ထိုးစေပြီးကျေနပ်ဟန်ပြုသွား၏။ထိုအခြင်းရာက သူ့အား သွေးအန်ထုတ်စေသည် ဖြစ်စေခဲ့၏။သူ၏ဂုဏ်သိက္ခာအား မယုံကြည်ဟန်ဖြစ်ပြီးမေးခွန်းထုတ်သလိုဖြစ်စေခဲ့သည်ဟုခံစားလိုက်ရ၏။"ယေး နိုင်ပြီကွ"ဂရိတ်စစ်သည်များ ကျယ်လောင်စွာအော်ဟစ်လိုက်ကြ၏။သူတို့ကပျော်ရွှင်သလောက် စွန်ရဲစစ်သည်များကတော့ ငိုင်ကျသွားကြ၏။လက်ရှိအခြေနေ၌ စစ်သည်အင်အားများစွာသေဆုံးခဲ့သလို သူတို့ပြည့်ရှင်သည်လည်း ဂျိတ်အား ရှုံးနိမ့်ခဲ့သည်ဖြစ်၏။"ပြန်ကြစို့"ဆာဗန်မှ စွန်ရဲအင်ပါယာစစ်သည်များအား အမိန့်ပေးပြီး တပ်ပြန်ခေါက်သွား၏။မိမိတို့၏ဘုရင်အမိန့်မို့ ငြင်းဆန်နိုင်ခြင်းမရှိ။အားလုံးတပ်ခေါက်ပြီး ပြန်လှည့်သွားကြ၏။ဂျိတ်လည်း ဖက်စ်မြို့ရိုးပေါ်ပြန်ရောက်သည်နဲ့ ဓားပေါ်မှဆင်းသက်လိုက်၏။ဓားပေါ်မှဆင်းသပ်ပြီး မိမိတို့လုပ်စရာရှိသည်ကို လုပ်ဆောင်ရန်ညွှန်ကြားကာ ထွက်သွားလိုက်၏။တစ်ချို့သောစစ်သည်များကတော့ ဂျိတ်စီးနင်းလာသောဓားကို ဝိုင်း၍ကြည့်ရှုနေကြ၏။ထိုဓားဖြင့် သူတို့ဘုရင်ကြီးပျံသန်းတိုက်ခိုက်ခဲ့သောကြောင့်ဖြစ်၏။ထို့ကြောင့် ထူးဆန်းစွာဝိုင်းဝန်းကြည့်ရှုနေကြခြင်းဖြစ်၏။သို့သော် ဂျိတ်၏ဓားဆန္ဒသက်ရောက်ခြင်းမရှိတော့သောကြောင့် ထိုဓားသည်လည်း သာမန်အဖြစ်သို့ ရောက်ရှိနေသည်ဖြစ်၏။"ငါယူပြီးဟေ့"ခြေမြန်လက်မြန်ရှိလှသောစစ်သည်တော်တစ်ယောက်မှ ထိုဓားအား မြန်ဆန်စွာကောက်သိမ်းလိုက်၏။ယခုအချိန်၌ထိုဓားသည် သာမန်သာဖြစ်သော်လည်း ထိုစစ်သည်တော်အတွက် များစွာအဖိုးတန်၏။မိမိတို့၏ဘုရင်ကြီးမှ ထိုဓားအားစီးနင်းကာ စွန်ရဲအင်ပါယာပြည့်ရှင်အား တိုက်ခိုက်အနိုင်ယူခဲ့သည်မဟုတ်ပါလား။"ဟ ငါကိုပေး..ငါကို"စစ်သည်တော်အနည်းငယ်မျှဆူညံပွက်လောရိုက်သွား၏။ထိုဓားသည် သူတို့ဘုရင်ကြီးစီးနင်းခဲ့သောဓားဖြစ်သောကြောင့်သူတို့အတွက် အဖိုးတန်လေ၏။"စနစ် စစ်သည်တော်အဆင့်အကြောင်းရာထပ်ရှင်းပြအသေးစိတ်ပေါ့"ဂျိတ်သည် တိုက်ပွဲပြီးသည်နဲ့ ဖက်စ်မြို့အတွင်းသို့သွား၏။ထို့နောက် တယ်လီပို့အစွမ်းဖြင့် ဂရိတ်နန်းတော်ရှိ သူ၏နားနေဆောင်၌ အနားယူပြီးစနစ်အားမေးမြန်း၏။("ကောင်းပါပြီ ရှင်းပြပေးပါမည်")စနစ်မှ ဖန်ရှင်ပုံစံပေါ်လာပြီးဂျိတ်အားရှင်းလင်းတင်ပြ၏။စစ်သည်တော်များစစ်သည်တော်များသည်လည်း တခြားသောသိုင်းပညာရှင်များကဲ့သို့ပင်သိုင်းအဆင့်များဖြင့်ခွဲခြားတည်ရှိ၏။စစ်သည်တော်များ သွေးကြောများကြီးမားပြန့်ကာပြီး ချာက္က ရာဆုံမှတ်များ၌ ချာက္က ရာများအား စုစည်းထိန်းသိမ်းကြသည်။တစ်မူထူးခြားသွားသည့်အချက်ကားကိုယ်ခန္ဓာပါလေ့ကျင့်ရခြင်းဖြစ်၏။စစ်သည်တော်အဆင့်တိုင်းတွင် ဆယ်ဆင့်ရှိ၏။သို့သော်ထူးခြားပြည့်စုံသည့်စစ်သည်တော်အဆင့်ရှိကြောင်းကိုတော့ လူတိုင်းမသိကြပေ။ထိုအဆင့်ရောက်သောအခါ စိတ်ဝင်စားလာ၏။ထူးခြားပြည့်စုံသည့် အဆင့်ဆိုပါလား။"စနစ်ရှင်းလင်းပေးဦး""ကောင်းပါပြီ"စစ်သည်တော်အဆင့်များကြေးအဆင့်၊ငွေ၊ရွှေစသည်ဖြင့်ခွဲခြားထား၏။ထူးခြားပြည့်စုံသည့်အဆင့်သည် ကြေးအဆင့်မှစ၍အဆင့်တိုင်း၌ လုံဝပြည့်စုံအောင်လုပ်ဆောင်မှရရှိလာသောအဆင့်ဖြစ်၏။ထိုအဆင့်ဖြစ်ရန် လုပ်ရမည့်မှ ကြေးအဆင့်မှစတင်၍ချက္က ရာသွေးကြောများကိုလုံးဝဖွင့်နိုင်ရမည်ဖြစ်ပြီးတစ်ဆက်တည်းမှာပင် ကိုယ်ခန္ဓာသန်မာမှုကိုလေ့လကျင့်ရမည်ဖြစ်၏။ငွေအဆင့်ရောက်လာပါက ချာက္က ရာသွေးကြောများကို ငွေအဆင့်၌ကျယ်နိုင်သမျှချဲ့ထွင်ရပြီး ငွေအဆင့်ကိုယ်ခန္ဓာက်ုလည်း ငွေအဆင့်ထိသန်မာအောင်လေ့ကျင့်ရမည်ဖြစ်၏။မည်မျှအကန့်သတ်နည်းဟုမေးလျှင် မိမိကိုယ်ခန္ဓာသည်ငွေသားကဲ့သို့ပြောင်းလဲသန်မာသည်ဖြစ်ပြီး ငွေကိုယ်ခန္ဓာပြောင်းလဲနိုင်သည်အထိဖြစ်၏။ထိုသို့ဖြင့် ရွှေအဆင့်တွင်လည်း ရွှေကိုယ်ခန္ဓာ၊ပလက်တီနမ်အဆင့်တွင်လည်းပလက်တီနမ်ကိုယ်ခန္ဓာပြောင်းလဲနိုင်သည်အထိလေ့ကျင့်ရ၏။ထိုသို့လုပ်ဆောင်လာနိုင်ပါက ထူးခြားပြည့်စုံသည့်အဆင့်စစ်သည်အဆင့်ရောက်ရှ်ိပိုင်ဆိုင်မည်ဖြစ်၏။ထိုအဆင့်ရောက်ပြီးသောသူသည် အဆင့်တူကျန်ရှိသော စစ်သည်တော်များအား ပြင်ပကိုယ်ခန္ဓာချည်းသက်သက်ဖြင့်အနိုင်ယူနိုင်မည်လည်းဖြစ်၏။ထိုအဆင့်ရောက်ရှိသောသူဆို၍လက်ရှိ၌ စွန်ရဲအင်ပါယာစစ်သူကြီးနဲ့စွန်ရဲအင်ပါယာပြည့်ရှင်တို့သာရှိ၏။သူတို့သည်အဆင့်တူခြင်း ဒါမှမဟုတ် အဆင့်ကျော်ကာ တိုက်ခိုက်နိုင်သော်ငြားလည်း ဂျိတ်နဲ့တွေ့ခဲ့သည်ဖြစ်၍ရှုံးနိမ့်ခဲ့ကြရခြင်းဖြစ်၏။ထိုသ်ို့နှစ်ယောက်သာရှိရခြင်းမှာလည်း မထူးခြားပေ။ထူးခြားပြည့်စုံသည့်အဆင့်ရှိကြောင်း ဘယ်သူမှမသိကြသလို သိကြပါကလည်း သုံးစွဲရမည့်ငွေကြေးဥစ္စာတန်ကြေးမှာအလွန်ပင်မြင့်မားလှသောကြောင့်ဖြစ်၏။ထိုအဆင့်ရောက်စေရန် သုံးစွဲရမည့်တန်ကြေးကလည်း အဆင့်တူစစ်သည်များထက် ဆယ်ဆမျှပိုမိုကုန်ကြမည်လည်းဖြစ်၏။စနစ်၏ရှင်းပြချက်ကိုနားထောင်ပြီးသောအခါ ဂျိတ်သည်ဆုံးဖြတ်ချက်တစ်ခုချလိုက်၏။ထိုဆုံးဖြတ်ချက်ကာ မိမိတိုင်းပြည်မှစစ်သည်တိုင်း ထိုအဆင့်ရောက်ရှိရမည်ဖြစ်၏။ထိုအကြံကို အကောင်ထည်ဖော်ရန်လည်း ဆုံးဖြတ်လိုက်၏။.........."ဝေါင်း"ကျားရဲကြီးတစ်ကောင်မှ ဂရိတ်တိုင်းပြည်အနီး၌ဟိန်းဟောက်လိုက်၏။ထိုဟိန်းမှုကြောင့် ထိုကျားကြီးအနီး၌ရှိနေကြသော တိရစ္ဆာန်များထွက်ပြေးကြရ၏ယထိုကျားကြီး၏အပေါ်၌လူနှစ်ယောက်ရှိ၏။ထိုလူနှစ်ယောက်သည် သူ၏လက်မှအရာအားကြည့်ပြီး တွက်ချက်လေ့လာကြ၏။အချိန်အတော်ကြာတွက်ချက်ပြီးသောအခါ ထိုလူနှစ်ယောက်၏မျက်နှာမှာ ပြုံးပျော်ရွှင်လာကြ၏။"သတင်းကောင်းပဲ နောက်ဆုံးတော့ ငါတို့ဂိုဏ်းကရှာခိုင်းတဲ့ခန္ဓာပိုင်ရှင်နေရာရှာတွေ့ပြီ"ကျားကြီးမှာ ထိုနှစ်ယောက်အားသယ်ဆောင်၍အပြေးနှင်လေတော့၏။မကြာမီအချိန်အတွင်း၌ ဂိုဏ်းများသည် မိမိတို့ရှာဖွေနေသောကိုယ်ခန္ဓာပိုင်ရှင်တည်နေရာအားရှာဖွေတွေ့ရှိသွားကြလေ၏။အချိန်ခေတ္တ အတွင်း၌ ထိုသတင်းသည် ငြိမ်သက်နေသောဂိုဏ်းများအား လှုပ်ရှားစေရန် ဖန်တီးပေးလိုက်လေတော့၏။

(239)

ဆာဗန်တစ်ယောက် အကျရှုံးများစွာဖြင့် တပ်ပြန်လည်ခေါက်သွားရ၏။ဒီတစ်ခေါက်သည် သူ၏ဘဝ၌အဆိုးဆုံးသောနစ်နာမှုပင်ဖြစ်၏။စစ်သည်ငါးသိန်းခေါ်ဆောင်သွားပြီးအများပင်သေကြေပျက်စီးခဲ့ရကာ စစ်လျော်ကြေးစရိတ်လည်း ပေးအပ်ရဦးမည်ဖြစ်၏။ထို့ပြင် သူစီးနင်းနေကြစွန်ရဲငှက်သည်လည်း သေဆုံးခဲ့ရလေ၏။သူ၏လက်အောက်ခံအဆင့်လေးတိုင်းပြည်မှ ထိုသို့လုပ်ဆောင်လာနိုင်မှုကြောင့်လည်း အံအားသင့်ခဲ့ကြရသေး၏။ပြန်ရောက်သည်နဲ့ ဆာဗန်တစ်ယောက် ဂရိတ်တိုင်းပြည် အားလျော်ကြေးလည်းပေးအပ်ရန်ပြင်ဆင်ရလေ၏။လျော်ရမည့်ကြေးပမာဏမှာအလွန်များပြားသောကြောင့် စစ်သူကြီးများမှူးမတ်များပါ အံအားသင့်ခဲ့ကြရ၏။သို့သော် ဆာဗန်သည်ကြီးမြတ်သောဘုရင်ကြီးတစ်ပါးဖြစ်ရာ ပြောဆိုရခြင်းမရှိကြပေ။"ဂရိတ်တိုင်းပြည်အား မိမိလက်အောက်ခံတိုင်းပြည်အဖြစ်မှထုတ်ပယ်လိုက်ပြီးလွတ်လပ်သောတိုင်းပြည်အဖြစ်ရောက်ရှိစေခြင်း"စွန်ရဲအင်ပါယာမှ ထိုသို့ထုတ်ပြန်ကြေညာလိုက်၏။ထိုသို့ထုတ်ပြန်ကြေညာခြင်းသည် အကောင်းဖက်အဆိုးအား များစွာဦးတည်စေ၏။ထိုသို့ထုတ်ပြန်ခြင်းအားဖြင့် ဂရိတ်တိုင်းပြည်အား ရန်သူများပိုမိုများပြားစေမည်ဖြစ်၏။ကြီးမားသော အင်ပါယာ၏လွှမ်းမိုးမှုမရှိတော့သည့်အခါဂရိတ် တိုင်းပြည်သည် ကိုးခိုရာမဲ့နေသောယုန်သူငယ်ဟုအများစုကထင်နေကြမည်ဖြစ်၏။သို့သော်ထိုတိုင်းပြည်သည်အများထင်သလို ယုန်သူငယ်မဟုတ်ပဲ ယုန်ပုံစံမိစ္ဆာကြီးဖြစ်ကြောင်း စွန်ရဲအင်ပါယာဘုရင်သာ အသိဆုံးဖြစ်၏။သို့ရာတွင် ထိုသို့ဖြစ်ကြောင်း သူဘယ်တော့မှ ထုတ်ဖော်ပြောကြားမည်မဟုတ်ပေ။သူဖော်ထုတ်ပြောကြားသည်နဲ့ သူရှုံးနိမ့်သွားသည်ဟု ထုတ်ပြောလိုက်သည်နဲ့ တူသွားမည်ဖြစ်သောကြောင့်ဖြစ်၏။ထို့ကြောင့် ငြိမ်သက်နေသည်သာ သူ့အတွက်အကောင်းဆုံးပင်ဖြစ်၏။"ဖူး"သောက်လက်စ အရက်များသီးသွားသောကြောင့် မှုတ်ထုတ်လိုက်၏။ရစ်တစ်ယောက် အရက်သောက်နေရင်း ကြားလိုက်ရသောသတင်းကြောင့်ထိုသို့ဖြစ်သွားရခြင်းလည်း ဖြစ်၏။ထိုသတင်းကား တစ်ခြားမဟုတ် ဂရိတ်တိုင်းပြည် သည်လွတ်လပ်သောတိုင်းပြည်ဖြစ်သွားခြင်းပင်။ထိုသတင်းအဓိပ္ပါယ်သည် မည်သည့်အကြောင်းသက်ရောက်ကြောင်းသေချာမသိနိုင်သော်လည်း တစ်ခုခုတော့ထူးဆန်းသည်ဟုတော့ထင်မိ၏။ဂျိတ်တစ်ယောက်တော့ သူ၏လုပ်ရိုးစဥ်အတိုင်းသာလုပ်ဆောင်နေ၏။ဂရိတ်တိုင်းပြည်၏စီမံကိန်းများအားမြန်ဆန်စေရန် အမြဲမပြတ်လုပ်ဆောင်စေထား၏။ထိုလုပ်ငန်းစဥ်များလုပ်ဆောင်စဥ်အတောအတွင်း၌ ဆာဗေ့တို့နဲ့လွှဲ၍ကျန်သောတိုင်းပြည်များနဲ့အဆက်သွယ်ဖြတ်တောက်ထား၏။ထိုသို့ဖြတ်တောက်ထားရသည်မှာ မိမိတို့၏တိုင်းပြည်အခြေနေများအား မသိရှိစေလိုသောကြောင့်ဖြစ်၏။ဧရာမလေယာဥ်ပျံကြီးများကား ဂရိတ်တိုင်းပြည်ပေါ်၌အမြဲတစေပျံဝဲနေကြ၏။အစောပိုင်း၌ ဂရိတ်ပြည်သူပြည်သားများအတွက် အထူးဆန်းဖြစ်သော်လည်း ကြာလာသောအခါရိုးနေပြီဖြစ်၏။သူတို့အတွက် ထိုလေယာဥ်ပျံများက အသစ်ခေတ်စားနေသော ဘောလုံးအားကစားလောက်ပင်ကောင်းမွန်ခြင်းမရှိပေ။ဂရိတ်တိုင်းပြည် ၌ဘောလုံးကစားနည်းသည် တော်တော်တွင်ကျယ်လာသည်ကိုတော့ ပြောစမှတ်ပြုကြရမည်ဖြစ်၏။ဂျိတ်မှ အယောက်နှစ်ရာအား သင်ကြားပြီးနောက် တိုင်းပြည်အနှံ ဖြန့်ကျက်စေခဲ့၏။ထိုလူများကလည်း ဂျိတ်၏အမိန့်အတိုင်း မိမိတို့ကိုယ်တိုင်ကရော စိတ်ရောကိုယ်ပါလိုက်နာဆောင်ရွက်ကြ၏။သူတို့၏ကြိုးစားမှုကြောင့်လည်းကောင်း ဘောလုံးကိုစိတ်ဝင်စားကြသော ဂရိတ်တိုင်းပြည်သားများကြောင့်လည်းကောင်း ဘောလုံးအားကစားမှာ ထင်သည်ထက်ပင်ပိုမိုမြန်ဆန်စွာပြန့်နှံလာ၏။ဂျိတ်လည်း ထိုသတင်းကြားသောအခါ"နေရာအနှံ့ ဘောလုံးကစားနည်းကို ထောက်ပံချီးမြင့်စေဘောလုံးကွင်းနေရာပေးဆောက်စေ"ထိုအမိန့်ကိုချက်ချင်းထုတ်ပြန်၏။ထိုအမိန့်ကိုထုတ်ပြန်ရာ၌သာမန်အမိန့်မျိုးဖြင့်ထုတ်ပြန်သည်မဟုတ်ပေ။တကယ့်အရေးကြီးသောအဆင့်ဖြင့်ထုတ်ပြန်သည်ဖြစ်၏။အထူးသဖြင့် ကလေးသူငယ်များအတွက် အထူးအလေးပေးထားသည်ဆိုလျှင် ပို၍မှန်ကန်သည်ဟုဆိုရပေမည်။ထိုအမိန့်ကြောင့် နန်းတော်တွင်း၌ တစ်ချို့သောမူးမတ်များနဲ့ရန်ပင်ဖြစ်ရသေး၏။ထိုမှူးမတ်များသည် ဘောလုံးကစားနည်းသည် အရေးမပါကြောင်း အရေးကြီးသောအမိန့်ဖြင့်မထုတ်သင့်ကြောင့် ကျန်သောအရာများကိုဦးစားပေးသင့်ကြောင်း ဆို၏။ထိုအခါ အမြဲတည်ငြိမ်နေသော ဂျိတ်သည် ပေါက်ကွဲလေတော့၏။သူ၏ထွက်ပေါ်လာသောစကားတစ်ခွန်းတည်းဖြင့်မှူးမတ်တို့၏ပါးစပ်ပေါက်အား ပိတ်ပစ်လိုက်တော့၏။"ဒါက အရေးမကြီးဘူးဟုတ်လား ခင်ဗျားတို့က တော်တော်ညံ့ကြတာပဲ.. တိုင်းပြည်တိုးတက်ချင်ရင် မျိုးဆက်သစ်တွေကိုဦးစားပေးရမှာပေါ့သူတို့က သန်မာမြန်ဆန်ဖျတ်လတ်နေမှဖြစ်မှာပေါ့ဒါကိုအရေးမကြီးဘူးပြောချင်သေးတာလား ဒီကစားနည်းနဲ့မျိုးဆက်သစ်တွေကစားရင် မတိုးတက်ဘူးလို့ထင်နေတာလား"ထိုစကားက မှုးမတ်များ၏နှလုံးသားများကိုထိမှန်သွားစေခဲ့၏။မိမိတို့၏ဘုရင်သည် ထိုမျှအထိတွေးထားကြောင်း မိမိတို့မသိခဲ့သည်မှာ အမှန်ပင်ဖြစ်၏။ဘုရင်သည် ထိုကစားနည်းဖြင့် လူငယ်များ၏အစွမ်းစကို တစ်နေရာမှတစ်ဖက်တစ်လမ်း မြေတောင်မြှောက်နေသည်လည်းဖြစ်၏။ဂျိတ်၏အတွေးကား ရှင်းလင်းပြတ်သားလှ၏။ငယ်ရွယ်စဥ်အခါ ဆော့ချိန်၌ လုံးဝဆော့ကိုဆော့ရမည်ဖြစ်၏။ဆော့ရာတွင်လည်း စည်းစနစ်ဖြင့်တစ်ခါတည်းကြီးသည်အထိသင်ယူတတ်သွားစေရန် ရည်ရွယ်ချက်ဖြင့် ဘောလုံးအားကစားကို မိတ်ဆက်ပေးထားခြင်းဖြစ်၏။ဘောလုံးအားကစားဖြင့် ငယ်စဥ်ကတည်းမှနေ၍ ကြီးလာသောအခါ ပိုမိုသန်စွမ်းထက်သန်သောမျိုးဆက်သစ်လူငယ်များထွက်ပေါ်လာကြမည်ဖြစ်၏။......................ဂရိတ်တိုင်းပြည် ကလိတ်ဒေသ၏နွိုက်မြို့.."ကျနော်တို့ ဂရိတ်တိုင်းပြည်ကိုရောက်လာကြပါပြီ"လူတစ်ယောက်သည် ကျောက်ပြားလေးမှနေ၍သတင်းပို့၏။ထိုသတင်းပို့သောကျောက်ပြားလေးသည် တစ်ကီလိုမီတာအထိ ပို့ပေးနိုင်၏။ထို့ကျောက်ပြားလေးကို အသုံးပြုလိုပါကမိမိ၏ချက္က ရာကိုထည့်သွင်းပြီးး ဆက်သွယ်သတင်းပို့နိုင်မည်ဖြစ်၏။ထိုကျောက်ပြားလေး၌ ဂိုဏ်းအမှတ်သားတံဆိပ်များ ပါရှိ၏။ထိုကျောက်ပြားလေးအား ကိုင်ဆောင်ထားသောလူသည်တစ်ယောက်တည်းမဟုတ်ပဲ အသင်းအဖွဲ့ဖြင့် ရှိ၏။ထိုကဲ့သို့အသင်းအဖွဲ့များသည် တစ်ဖွဲ့တည်းရှိနေသည်မဟုတ်ပဲ ရှစ်ဖွဲ့အထိရှိကြ၏။ထိုအဖွဲ့များသည် ဂရိတ်တိုင်းပြည်ထဲသို့ခိုးဝင်လာကြသူများဖြစ်၏။သူတို့အဖွဲ့များစိတ်ထဲတွင် ဂရိတ်တိုင်းပြည်သည် ဘာမှမဟုတ်သော ပမွှားလေးသာဖြစ်၏။မိမိတို့၏ဂိုဏ်းမှအမိန့်ပေးခြင်းမရှိပါက ယောင်၍ပင်လာကြမည်မဟုတ်ပေ။ထိုအဖွဲ့များသည် ဂရိတ်တိုင်းပြည်သို့ရောက်ရှိလာကြခြင်းမှာလည်းအကြောင်းရင်းရှိ၏။ထိုအကြောင်းရင်းမှာ သူတို့သည်မြင့်မြတ်သောခန္ဓာပိုင်ရှင်အား လာရောက်ရှာဖွေကြခြင်းဖြစ်၏။ထိုမြင့်မြတ်ပိုင်ရှင်သည် ယခင်လများ၌ပေါ်ပေါက်ခဲ့သောမိုးကြိုးပစ်ခတ်ခြင်းဖြင့်လည်းသက်ဆိုင်နေ၏။ထိုဖြစ်စဥ်ကြောင့် ဂိုဏ်းများ၌ရှိကြသောပညာရှင်များက မြင့်မြတ်သောကိုယ်ခန္ဓာပိုင်ရှင်ထွက်ပေါ်လာကြောင်း သိရှိလိုက်ကြရ၏။ထိုဖြစ်စဥ်သည် မြင့်မြတ်သောကိုယ်ခန္ဓာပိုင်ရှင်ပေါ်ပေါက်လာသောကြောင့်သာ ဖြစ်ပျက်သည်ဖြစ်ရာ ရှာဖွေကြ၏။ထိုမြင့်မြတ်သောကိုယ်ခန္ဓာပိုင်ရှင်သည် ဂိုဏ်းအားများစွာတိုးတက်စေနိုင်သည်ဖြစ်ရာ အသည်းသန်ရှာဖွေနေကြခြင်းလည်းဖြစ်၏။နောက်ဆုံးသတင်းများအရ ထိုခန္ဓာပိုင်ရှင်တည်နေရာသည်ဂရိတ်တိုင်းပြည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် အုပ်စုလိုက်ကြီးရောက်ချလာခြင်းဖြစ်၏။"ဒါတွေကဘာတွေလဲဟ"သူတို့ဂရိတ်တိုင်းပြည်ထဲရောက်သည်နဲ့ စတင်တွေ့ရှ်ိသည်ကတော့ ကောင်းကင်၌ပျံသန်းနေကြသော လေယာဥ်များပင်ဖြစ်၏။ထိုအရာများက သူတို့အား မင်သက်စေ၏။ထိုအကြောင်းရာကိုလည်း ဂိုဏ်းအားတင်ပြရန် စာရင်းမှတ်ကာသိမ်းထားလိုက်ကြ၏။နောက်ပြီးသူတို့တွေ့ရှိလိုက်ကြသည်ကား ဘောလုံးကွင်းပင်ဖြစ်၏။ဘောလုံးကွင်းသည်လည်း သူတို့အတွက်အထူးဆန်းပင်ဖြစ်၏။ထိုအထဲ၌ ကလေးများသည် လုံးဝန်းသောအရာကိုလုကန်နေကြောင်းလည်း တွေ့ရလေ၏။ထိုကွင်းထဲ၌ ကလေးတစ်သိုက်သည် ဘောလုံးကန်နေကြ၏။သူတို့ကန်နေရင်း အရှိန်များသောကြောင့် ဘောလုံးမှာကွင်းပြင်သို့ထွက်သွား၏။ထွက်သွားပြီးလျှင် ဘောလုံးမှာစုံစမ်းနေကြသော အဖွဲ့တစ်ခုနားအနီးရောက်ရှိသွားကြ၏။"ဦးလေး ဘောလုံးလေးပေးပါလား"သူတို့အနားရောက်ရှိသွားခြင်းကြောင့် ကလေးမှတောင်းဆိုလိုက်၏။သို့သော်လည်းဖြောင်းဘောလုံးမှာပေါက်ကွဲသွား၏။ထိုသို့ပေါက်ကွဲသွားရခြင်းမှာဘောလုံးအား အဖွဲ့ခေါင်းဆောင်မှ ချက္က ရာလှံအသွင်ပြောင်းပြီး ဖောက်ခွဲပစ်ခြင်းဖြစ်၏။"အမြင်ကတ်စရာလေးတွေ"ထိုသို့ပြောဆိုပြီး ထိုအဖွဲ့မှထွက်သွားကြ၏။ကလေးမှာတော့သူ၏ဘောလုံးပေါက်ကွဲသွားသောကြောင့် ငိုကြီးချက်မဖြစ်ကာ ကျန်ခဲ့လေ၏။ထိုစုံစမ်းရေးအဖွဲ့ကား ကလေးအားဂရုပင်မစိုက်ပေ။ဆက်လက်၍သာသွားနေ၏။သူတို့မသိလိုက်သည်ကဘောလုံးအားဖောက်ခွဲလိုက်သောကြောင့် သူတို့ထံကြီးမားသောနောက်ဆက်တွဲပြသနာ တစ်သီတန်းကြီးရောက်ရှိလာသည်ဆိုသည်ပင်ဖြစ်၏။

(240)

"ဝါး....ဝါး..ဝါး"ကလေးလေး၏ငိုကြီးချက်အော်သံအား ဆူညံလျက်ရှိ၏။"နေစမ်းပါဦး ဟိုနားက ကလေးဘာလို့ငိုနေတာတုန်း"အယ်ဖာခေါင်းဆောင်သော အထူးစစ်သည်ငါးယောက်သည်ထိုငိုနေသောကလေးအား မြင်တွေ့သွားကြ၏။ထို့ကြောင့် ထိုကလေးနားသို့သွားကာ မေးမြန်းလိုက်ကြ၏။အယ်ဖာသည်နွိုက်မြို့သို့တာဝန်အရရောက်ရှိနေခြင်းလည်းဖြစ်၏။အယ်ဖာနဲ့အထူးစစ်သည်တော်များ တာဝန်ချိန်ဖြစ်သောကြောင့် စစ်သည်တော်ချပ်ဝတ်တန်ဆာများအပြည့်ဆင်ထားလေ၏။"ကလေး ဘာကြောင့်ငိုနေတာတုန်း"ကလေးကား သူအလွန်တန်ဖိုးထားရသောဘောလုံးလေး မရှိတော့သောကြောင့် ပြန်ပင်မဖြေနိုင်ပဲငိုကြီးချက်မငိုနေသည်။ခြေမြန်လက်မြန်ရှိလှသောကလေးတစ်ယောက်မှ ရောက်လာပြီး"သူ့ဘောလုံးကို အဖွဲ့တစ်ဖွဲ့ကလူကြီးက ဖောက်ခွဲသွားတယ်လေ"ခြေမြန်လက်မြန်ရှိသောကလေးမှ ထိုအဖွဲ့ပုံစံကို သူမှတ်မိသလောက်တစ်ဆက်တည်းပြောပြသွားလေ၏။"ဟုတ်လား"အယ်ဖာမှပြောကာ သူ၏သိုလှောင်လက်စွပ်ထဲမှ ဘောလုံးတစ်လုံးထုတ်ကာပေးပြီး အငိုတိတ်အောင်ချော့၏။အယ်ဖာ၏ဘောလုံးကို ရသည်နဲ့ငိုနေသောကလေးသည် ချက်ချင်းပင်အငိုတတ်သွား၏။အယ်ဖာ၏ဘောလုံးသည်သူ၏ဘောလုံးထက် သာလွန်ပြီးပိုမိုကောင်းမွန်သောကြောင့်ဖြစ်၏။"ကျေးဇူးပါ ဦးဦး"ကျေးဇူးတင်ပြီးသည်နဲ့ ထိုကလေးသည် သူ၏သူငယ်ချင်းများနဲ့အတူ ဘောလုံးကွင်း၌ပြန်လည်ဘောလုံးကစားနေကြ၏။"သွားကြည့်တာပေါ့"အယ်ဖာမှ အထူးစစ်သည်ငါးယောက်အား ခေါ်ကာ ကလေးအားငိုအောင်လုပ်သွားသော အဖွဲ့သွားရာဘက်သို့လိုက်သွားကြ၏။အစပိုင်းက ကလေးအငိုတိတ်ရင်ပြီးပြီဟု ထင်ခဲ့သော်လည်း ကလေးပြောပြသောအသွင်ပြင်အရ ထိုအဖွဲ့သည် တစ်ခြားတစ်နေရာရာမှ ရောက်လာသော သူများဖြစ်နိုင်ကြောင်း ခန့်မှန်းလိုက်ရ၏။ပိုသေချာစေရန် နောက်မှလိုက်လာခဲ့ကြ၏။အချိန်ဆယ့်ငါးမိနစ်မျှကြာအောင် လိုက်သောအခါ အယ်ဖာသည် ကလေးငယ်ပြောခဲ့သောအဖွဲ့နောက်သို့ မှီလာကာမြင်လိုက်ရလေ၏။ထိုအဖွဲ့သည် ကလေးငယ်ပြောသလိုပင် တူညီဝတ်စုံများဝတ်ဆင်ထားပြီးအဖွဲ့ခေါင်းဆောင်ဟု ထင်ရသူသည် သူ၏မျက်နှာ၌အမာရွတ်ပါရှိ၏။ထိုသူသည် ကလေးငယ်ဘောလုံးအားဖောက်ခွဲသူဖြစ်ကြောင်း သိလိုက်ရလေ၏။"ဟေး နေဦး"အယ်ဖာမှ လှမ်းအော်လိုက်၏။ထိုအခါ တစ်ခုခုကိုရှာဖွေဟန်ရှိသော လူစုသည်ရပ်တန့်သွား၏။အမာရွတ်နဲ့လူသည် လှမ်းခေါ်လိုက်သော အယ်ဖာအား ကြည့်၍နေ၏။"ခင်ဗျားတို့က ဘယ်ကလဲ"အယ်ဖာမှဆက်လက်ပြီးမေး၏။ထိုသို့မေးသည်အထိ ထိုအဖွဲ့မှာ တစ်ခွန်းပင်မဟချေ။အယ်ဖာသေချာကြည့်မိ၏။ထိုအဖွဲ့သည် အယောက်နှစ်ဆယ်မျှရှိပြီး တစ်ယောက်ချင်းစီတိုင်းသည် ဆင်တူဝတ်စုံဝတ်ဆင်ထား၏။သူတို့ဝတ်စုံသည် အနီ၊အနက်စပ်ထားပြီး သားရဲပုံစံပါရှိကြ၏။အမာရွတ်နဲ့လူတို့ကလည်း အယ်ဖာတို့အား သေချာပြန်ကြည့်၏။အယ်ဖာတို့၏ဝတ်ဆင်ပုံကြောင့် စစ်သည်များဖြစ်ကြောင်း သူတို့သိပြီးဖြစ်၏။"ငါတို့ဘယ်ကလာလာ မင်းအပူပါလား"အမာရွတ်နဲ့လူ၏စကားကားထွက်ပေါ်လာ၏။"ပါတာပေါ့ အခုကဂရိတ်တိုင်းပြည်ထဲမှာလေ ပြောရရင်ဒါကကျုပ်တို့တိုင်းပြည်ပိုင်နက်ပါ""ဟား..ဟားး...ဟား..ဟား.."အမာရွတ်နဲ့လူရယ်မိ၏။မလောက်လေးမလောက်စားတိုင်းပြည်မှစစ်သည်မှ မိမိအားဟိတ်ဟန်ပြနေသည်ဟုထင်မိ၏။ကျန်သောအဖွဲ့သားများကလည်း ရယ်မောလိုက်ကြ၏။"သူတို့ကိုရှင်းလိုက်."အမာရွတ်နဲ့လူက သူ၏အဖွဲ့သားတစ်ယောက်အား အမိန့်ပေးလိုက်၏။သူ၏မျက်စိ၌ ထိုအဖွဲ့သည် သူရှင်းရလောက်အောင် မတန်ဟုထင်မိ၏။"ကောင်းပါပြီ"အဖွဲ့သားတစ်ယောက်မှသူ၏စာလိပ်အား ထုတ်လိုက်သည်။ထုတ်လိုက်သည်နဲ့"ဒိုင်း..ဒိုင်း.သေနတ်သံနှစ်ဆင့်ထွက်လာ၏။"ဘုတ်"သေနတ်သံထွက်ပြီးသည်နဲ့ စာရွက်လိပ်ထုတ်သော လူမှာသေဆုံးသွားလေ၏။သူ၏နဖူး၌ အပေါက်နှစ်ပေါက်ကရှိနေ၏။."ဘယ်ကလဲ ပြန်ပြောပါ အစောကလူလိုအဖြစ်မခံချင်ရင်ပေါ့"အထူးစစ်သည်တစ်ယောက်မှ သေနတ်ချိန်ထားရင်းပြော၏။သူတို့သည် တွေ့ကတည်းက သတိကပ်ထားပြီးဖြစ်၏။မိမိရှေ့မှ အဖွဲ့ထဲမှတစ်ယောက်က စာလိပ်ထုတ်သည်နဲ့ ချက်ချင်းပစ်ခတ်လိုက်ခြင်းဖြစ်၏။"တောက်"အမာရွတ်နဲ့လူသည် ဒေါသထွက်လာ၏။သူ၏လူသည်မလောက်လေးမလောက်စားကောင်ကြောင့် သေဆုံးခဲ့ရ၏။ထိုမလောက်လေးမလောက်စားကောင်တစ်ကောင်၏လက်ထဲမှ သေနတ်ကိုလည်း သဘောကျသွားး၏။ထိုသေနတ်သည် မည်သည့်အရာမှန်းသူကောင်းစွာမသိသော်ငြားလည်း ထိုသေနတ်ကြောင့် သူ၏လူသည်မြန်ဆန်စွာပင် သေပွဲဝင်ခဲ့ရသည်ဖြစ်၏။"အဲ့ကောင်တွေကို သတ်ကြစမ်း"အမာရွတ်နဲ့လူမှ ဦးဆောင်အော်လိုက်၏။ထိုအခါ နောက်မှအဖွဲ့သားများသည်လည်း သူတို့အိတ်ထဲမှ စာလိပ်ထုတ်လိုက်ကြပြ၏။"ပစ်"အယ်ဖာကလည်း ချက်ချင်းပင်အမိန့်ပေးလိုက်၏။သူတို့စာလိပ်ထုတ်သည်က မိမိတို့အတွက် အန္တရာယ်ဖြစ်စေလာနိုင်ကြောင်း ခံစားမိသောကြောင့်ဖြစ်၏။ဓားသမားလမ်းစဥ်လျှောက်လာကတည်းက သူ၏ခံစားချက်က ပိုမိုထက်မြက်လာ၏။ထို့ကြောင့် မြန်ဆန်စွာအမိန့်ပေးလိုက်ခြင်းလည်းဖြစ်၏။အထူးစစ်သည်ငါးယောက်ကလည်း အယ်ဖာထံမှအမိန့်ရသည်နဲ့ ပစ်ခတ်လိုက်၏။"ဒိုင်း...ဒိုင်း...ဒိုင်း"သေနတ်သံများကား ဆူညံသွား၏။အထူးစစ်သည်များပစ်ခတ်သည်နဲ့ အမာရွတ်နဲ့လူကလည်းသူ၏လူများအား ချာက္က ရာဖြင့် နံရံကြီးတစ်ခုဖန်တီးကာကာကွယ်ပေး၏။တိုက်ပွဲစဖြစ်သည်ဆိုသည်နဲ့ နွိုက်မြို့ရှိလူများသည် ချက်ချင်းပင် တိတ်ဆိတ်စွာပုန်းရှောင်လိုက်ကြ၏။အထူးသဖြင့် အယ်ဖာတို့တည်ရှိနေသောနေရာ၌ဆိုပါက တစ်ယောက်မှမရှိတော့ပေ။"အင့်"သို့သော်လည်း သေနတ်ပစ်ခတ်နှုန်းက ပိုမိုမြန်နေရာနောက်ထပ်နှစ်ယောက်မှ ထိပြီး သေသွားရလေ၏။ချာက္က ဖြင့်ဖန်တီးထားသော နံရံမှာ သေနတ်ကျည်များအားခုခံနေနိုင်၏။ထို့ကြောင့် အယ်ဖာလည်း"ပထမဓားချက်"သူ၏ဓားကိုဓားအိမ်မှ ထုတ်ကာ ချက်ချင်းထုတ်သုံး၏။"ဝူး"ဓားချက်ထုတ်သုံးလိုက်သည်နဲ့ ရေခဲရောင်အသွင်ရှိသောဝံပုလွေတစ်ကောင်ထွက်ပေါ်လာ၏။ထိုဝံပုလွေမှ တစ်ချက်အူပြီး ချာက္က ရာနံရံအား တိုက်ခိုက်လိုက်၏။"ခွမ်း"ချာက္က ရာနံရံမှာ ချက်ချင်းပင်ပြိုလဲသွားလေ၏။"မဖြစ်နိုင်တာ"အမာရွတ်နဲ့လူ အံအားသင့်သွား၏။သူသည် ပလက်တီနမ်အဆင့်ငါးဖြစ်သောကြောင့် ချာက္က ရာနံရံကိုကောင်းကောင်းကြီးထုတ်သုံးကာ သေနတ်ကျည်အား ခုခံနိုင်ခဲ့၏။သို့သော်လည်း သူ့ထက်အဆင့်နိမ့်သော အယ်ဖာ၏ဓားချက်တစ်ချက်တည်းဖြင့် သူ၏နံရံအားလုံးဝပျက်စီးအောင် ဖျက်စီးပစ်နိုင်ခဲ့လေ၏။"ရပြီ ဆင့်ခေါ်ခြင်းထွက်ပေါ်စေ"အမာရွတ်နဲ့လူသည် သူ၏အဖွဲ့သားများ စာလိပ်ထုတ်ချိန်ရအောင် အချိန်ဆွဲပေးခြင်းသာဖြစ်၏။နံရံကျိုးပျက်သွားသော်လည်း အချိန်ဆွဲခဲ့သည်မှာ လုံလောက်ပြီးဖြစ်ရာအမာရွတ်နဲ့လူ၏အဖွဲ့သားများ၏ဆင့်ခေါ်မှုကြောင့်"ဝုန်း"လူအရွယ်မှရှိသော ကျားများထွက်ပေါ်လာ၏။ထိုကျားများ၏နဖူး၌ ထိုအဖွဲ့သားများဝတ်ဆင်ထားသောတံဆိပ်ပါရှိ၏။"ငါးကောင်တောင်ပဲ"အယ်ဖာရေတွက်လိုက်၏။ထိုကျားငါးကောင်သည် ရွှေအဆင့်ရှိ၏။ထိုငါးကောင်သည် စာလိပ်ထဲမှာထွက်ပေါ်လာပြီး မိမိတို့အား အသက်အန္တရာယ်ချိန်းခြောက်နိုင်ကြောင်း အာရုံခံမိ၏။"သူတို့ကိုသတ်ကြ"အမာရွတ်နဲ့လူမှ အမိန့်ပေးလိုက်သည်နဲ့ ထိုကျားများအားထိန်းချုပ်နေသော လူများက အယ်ဖာတို့အား သတ်ရန် ကျားများအားအမိန့်ပေးလိုက်၏။"ဝေါင်း"ကျားများက တစ်ချက်ဟိန်းပြီး အယ်ဖာတို့ထံပြေးဝင်လာ၏။"ရေခဲနယ်မြေ"အယ်ဖာ သူလတ်လတ်လောလောညဏ်ပွင့်ရာမှ ရထားသောအကွက်သစ်အား ထုတ်သုံးလိုက်၏။သူ၏ဓားအား မိမိတို့ထံပြေးဝင်လာနေသောကျားများထံ ဝှေ့ရမ်းလိုက်၏။"ခရက်....ခရက်"သာမန်အခြေနေရှိသော မြေပြင်မှာ ချက်ချင်းပင်အေးစက်လာပြီး ရေခဲမှုန့်များရေခဲများဖြစ်တည်လာ၏။"ဝေါင်း"ကျားများအော်ဟစ်လိုက်ရ၏။ရေခဲမှုန့်ရေခဲများက ကျားများ၏ခြေထောက်၌ ဆက်တိုက်ဆိုသလိုခဲလာသောကြောင့်ကျားများလှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။"မြန်မြန်လက်နက်ကြီးသုံး"အယ်ဖာမှ အော်လိုက်သည်။ရေခဲများသည်ကျားများအား ခေတ္တ ရပ်တန့်ထားအောင်သာ စွမ်းဆောင်နိုင်သောကြောင့်ဖြစ်၏။"ကောင်းပြီ"အထူးစစ်သည်တစ်ယောက်မှသူ၏သိုလှောင်လက်စွပ်ထဲမှလက်နက်ကြီးဆိုသောအရာအားထုတ်လိုက်၏။ထိုလက်နက်ကြီးဆိုသောအရာကား အာပီဂျီခေါ် ငှက်ပျောဖူးပင်ဖြစ်၏။ချက်ချင်းပင် ထိုအထူးစစ်သည်သည် ထိုအာပီဂျီအား ကိုင်လိုက်ပြီး ကျားများရှိရာသို့ပစ်ချလိုက်၏။"ရွှီး....""ဝုန်း"ကြီးမားသောပေါက်ကွဲသံကြီးထွက်ပေါ်လာလေ၏။"ဘာဖြစ်သွားပြီလဲ"အယ်ဖာသည် ပေါက်ကွဲသွားသောအခြေနေဖြစ်ပေါ်ရာနေရာအား ကြည့်လိုက်၏။"ငါမလူးမသားတွေ"မီးခိုးလုံးများထဲမှ အော်သံကြီးထွက်ပေါ်လာလေ၏။ထိုသူကား အမာရွတ်နဲ့လူဖြစ်ပြီး ကျန်ရှိနေသောသူ၏လူများအားချာက္ကာရာအကာကွယ်ဖြင့်လွှမ်းခြုံထား၏။သို့သော်လည်းအကာကွယ်ထဲမှ လူငါးယောက်မှာ လုံးဝကိုဖျော့တော့နေ၏။အကြောင်းမှာအထူးစစ်သည်တော်ပစ်လိုက်သော အာပီဂျီသည် ကျားငါးကောင်လုံးအား ထိခိုက်ပေါက်ကွဲစေပြီး ကျားငါးကောင်လုံးအား သေဆုံးစေခဲ့၏။ထိုကျားငါးကောင်အား ထိန်းချုပ်သူငါးယောက်မှ ထိန်းချုပ်ထားခြင်းဖြစ်ရာ ကျားငါးကောင်လုံးသေဆုံးသောကြောင့်ကျားနဲ့ချိတ်ဆက် ဆက်သွယ်ထားသော လူငါးယောက်လုံးသည်လည်း ပြင်းထန်သောဒဏ်ရာများရရှိသွားကြရ၏။ထိုကြောင့် အကာကွယ်ထဲမှ လူငါးယောက်မှာဖျော့တော့နေခြင်းဖြစ်၏။"မင်းတို့ကောင်တွေကိုသတ်မယ်"အမာရွတ်နဲ့လူမှ ချက်ချင်းဆိုသလို သူ၏စာလိပ်အားထုတ်ကာ သူ၏သွေးစက်သုတ်ချလိုက်၏။သူ၏စိတ်ထဲ၌ရှိသည်မှာ

အယ်ဖာတို့တစ်သိုက်လုံးဝသေရမည်ပင်ဖြစ်၏။

All Chapters