အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
(241)
"ဝုန်း" အမာရွတ်နဲ့လူ၏နာမည်သည် ဒါ့ဖြစ်၏။သူသည် ဒီမွန်ဂိုဏ်းမှဆင်းသက်လာသော ဂိုဏ်းသားဖြစ်၏။တော်ရုံအခြေနေဆိုလျှက် သူ၏စာလိပ်ကိုထုတ်သုံးဖို့ ပျင်းရိသော်လည်းသူ၏လက်အောက်ငယ်သားများသေဆုံးသူကသေကြပြီး သူတို့၏သားရဲသေကုန်ကြသူကသေကြ၏။ထို့အခြေနေထိရောက်ရှိလာပြီးဖြစ်ရာ သူ၏စာလိပ်အားသွေးစက်ချကာထုတ်သုံးလိုက်ခြင်းဖြစ်၏။"ဂီး"စာလိပ်ထဲမှ ကြောက်မက်ဖွယ်ရာအသံမြည်တမ်း၌ သတ္တ ဝါကြီးတစ်ကောင်ထွက်ပေါ်လာ၏။ဒီမွန်ဂိုဏ်း..ဒီမွန်ဂိုဏ်းဆိုသည်မှာ သားရဲများအားဖမ်းဆီးပြီးမိမိအလိုကျစေခိုင်းနိုင်စေရန် ယဥ်ပါးစေပြီးစေခိုင်းသောဂိုဏ်းလည်းဖြစ်၏။သားရဲအား ယဥ်ပါးစေပြီးဆိုပါက ဒီမွန်ဂိုဏ်းကျင့်စဥ် ဖြင့် သားရဲနဲ့လူအား ချိတ်ဆက်လိုက်၏။ထိုအခါ သားရဲနဲ့လူသည် တစ်သားတည်းဖြစ်ပြီး တိုက်ခိုက်ရာ၌ပိုမိုအသုံးဝင်လာသည်ဖြစ်၏။စာလိပ်သည် ဒီမွန်ဂိုဏ်း၏အမှတ်သားပင်ဖြစ်၏။စာလိပ်ကိုမိမိတို့ဖမ်းဆီးရရှိသောသားရဲများ ထည့်သွင်းရန်အသုံးပြုကြ၏။ထို့ကြောင့် ဒါ့သည် သူလေ့ကျင့်ထားသောသားရဲကိုသူ၏စာလိပ်မှထုတ်လိုက်ပြီဖြစ်၏။ပေါ်လာသောသတ္တ ဝါကြီးကား သွေးရောင်လွှမ်းမိုးနေပြီးဒေါသအင်မတန်ကြီးမားပုံရသော ကြံကြီးတစ်ကောင်ဖြစ်၏။ထိုအကောင်ကြီးကို သွေးကြံဟုခေါ်နိုင်၏။သူ၏မြန်ဆန်လှသောအမြန်နှုန်း ကြီးမားလှသောကိုယ်ခန္ဓာခွန်အား များက ရန်သူတကာအား ရှိန်စေနိုင်၏။သူ၏ပကတိခွန်အားသည်လည်း ပလက်တီနမ်အဆင့်တစ်နဲ့ပင် ယှဥ်ချနိုင်စွမ်းရှိ၏။သွေးကြံဟုဆိုသည့်အတိုင်း ရန်သူအား သတ်ဖြတ် ပြီးပါက အောင်ပွဲခံသည့်အနေဖြင့် သူ၏ကိုယ့်သူအား ရန်သူသွေးများပက်ဖြန်းလေ့ရှိ၏။ဒါ့၏စစ်သည်တော်အဆင့်သည် ပလက်တီနမ်အဆင့်ငါးဖြစ်ပြီး သူ၏သွေးကြံသည်လည်း ပလက်တီနမ်အဆင့်သုံးရှိ၏။ထိုသွေးကြံကြီးသည် ပလက်တီနမ်အဆင့်ဆိုပါက သာမန်အဆင့်တူသားရဲများထက် ပိုမိုကြမ်းတမ်း၏။ထိုမျှကြမ်းတမ်းသောကြောင့်လည်း ဒါ့မှ ထိုသွေးကြံကြီးအားမရရသောနည်းဖြင့် ကြိုးစားပြီးအရယူထားခြင်းဖြစ်၏။ထိုသွေးကြံကြီးပေါ်လာသည်နဲ့ အယ်ဖာ၏စိတ်ထဲ ထိုသတ္တ ဝါကြီးသည် မိမိတို့အား အန္တရာယ်ပေးနိုင်ကြောင်းခံစားမိ၏။ထိုသတ္တ ဝါကြီး၏ချိန်းခြောက်မှုကို ရင်ဆိုင်ရန်မဖြစ်နိုင်ကြောင်းရိပ်စားမိ၏။"ပစ်..." သေနတ်သံများက ဆက်တိုက်ထွက်ပေါ်လာလေ၏။အေကေသေနတ်များသည် သွေးကြံကြီးအား ချိန်ရွယ်ပြီးပစ်ခတ်လိုက်ကြ၏။"တန်..တန်"သွေးကြံကြီး၏ကိုယ်ခန္ဓာမှာ မာကြောလှသောကြောင့်သေနတ်ကျည်များက တိုးနိုင်ခြင်းမရှိပေ။သွေးကြံကြီးအတွက် ထိုသေနတ်ကျည်များက အပျင်းပြေအယားပြေစေသလိုသာဖြစ်စေခဲ့၏။"သူတို့ကို သတ်ပစ်လိုက်."ဒါ့သည် သူ၏သွေးကြံကြီးအားအမိန့်ပေးလိုက်၏။သူကတော့ သူ၏ထိခိုက်ဒဏ်ရာရရှိထားသောအဖွဲ့သားများအားပြုစုထား၏။"ဂီး" သူ၏သခင်အမိန့်ရသည်နဲ့ ကျည်ဆံဒဏ်ခံနေသော သွေးကြံကြီးသည် ချက်ချင်းပင် စတင်လှုပ်ရှားလာ၏။သူ၏ကိုယ်ခန္ဓာကြီးသည်အလွန်ပင်ကြီးမားလေးလံသော်လည်း အလွန်ပင်မြန်ဆန်လှ၏။ကြီးမားသောကိုယ်ခန္ဓာပြေးလာသောအမြန်နှုန်းကြောင့်အထူးစစ်သည်များရှောင်တိမ်းလိုက်ကြ၏။သို့သော် တစ်ယောက်မှာ ရှောင်တိမ်းနိုင်ခြင်းမရှိသောကြောင့် ကြံကိုယ်ခန္ဓာအရှိန်နဲ့တိုက်မိခြင်းခံရပြီး လွင့်စင်သွားရ၏။"ဘုတ်...အင့်"အရှိန်ဖြင့် တိုက်ခိုက်ခြင်းခံရသောကြောင့် ထိုအထူးစစ်သည်တော်တစ်ယောက်မှာ အတော်ပင်နာကျင်သွား၏။ပလက်တီနမ်အဆင့်ရှိသားရဲ၏ တိုက်ခိုက်မှုကြောင့် သူ၏နံရိုးတစ်ချောင်းကျိုးသွားခဲ့ရ၏။("ဒီကောင်ကဘာလားဟ") ဒါ့သည် ထိုမြင်ကွင်းကြောင့် အနည်းငယ်အံသြရ၏။သူ၏သားရဲတိုက်ခိုက်ခြင်းခံရပါက သေလျှင်သေ မသေလျှင်ခြေလက်များတော့ကျိုးကြေပျက်စီးကုန်သည်ဖြစ်၏။သို့သော် မိမိလက်ရှိရှေ့၌ရှ်ိနေသော ရွှေအဆင့် စစ်သည်လေးမှာ အတွင်းဒဏ်ရာသာထိခိုက်သွားပုံပေါ်၏။"တော်သေးတာပေါ့ ဒီဝတ်စုံကြောင့်."နံရိုးတစ်ချောင်းကျိုးသွားသော စစ်သည်မှာ ကျေးဇူးတင်မိ၏။သူ၏ဝတ်စုံသည် ဂျိတ်မှ ပေးထားခြင်းဖြစ်ပြီး ထိုဝတ်စုံသည် တိုက်ခိုက်လာသော အား၏70%အား စုပ်ယူပြီးလျော့ချပေး၏။ထို့ကြောင့် ထိုစစ်သည်တော်မှာ နံရိုးတစ်ချောင်းသာကျိုးသွားရခြင်းဖြစ်၏။"သူ့ကို ခေါ်သွားလိုက်ပြီးရင် အကူညီတောင်းလာခဲ့ကြ."အယ်ဖာသည် ကျန်သောစစ်သည်လေးယောက်အား အမိန့်ပေးလိုက်၏။ထိုအခါ စစ်သည်လေးယောက်သည်လည်း နံရိုးကျိုးသွားသော စစ်သည်အား ခေါ်ကာ အကူညီတောင်းရန် ထွက်ခွာသွားလိုက်ကြ၏။အယ်ဖာကတော့ သူတို့အားအချိန်ဆွဲစေရန် ကျန်ရစ်ခဲ့မည်ဖြစ်၏။ထိုသူများသည် မည်သည့်နေရာမှလာသောသူများ အယ်ဖာမသိသော်လည်း သူတို့အား သတိကြီးစွာဖြင့် ရင်ဆိုင်မည်ဖြစ်၏။ကလေးငယ်၏ဘောလုံးကိုပင် ဖောက်ခွဲသောသူများက မိမိတို့ဂရိတ်တိုင်းပြည်၏ပစ္စည်းဥစ္စာများ၊ပြည်သူပြည်သားများကို အန္တရာယ်မပေးနိုင်မပြုနိုင်ဟု မပြောနိုင်ပေ။ထို့ကြောင့် အကူညီမရောက်လာမချင်း မိမိအစွမ်းကုန်ရင်ဆိုင်မည်ဟု အယ်ဖာဆုံးဖြတ်ပြီးသားဖြစ်၏။သွေးကြံကြီးကလည်း ညဏ်ပြေးလှ၏။သူတိုက်လိုက်၍ နံရိုးကျိုးသွားသော စစ်သည်ကို ကျန်သောလေးယောက်မှတွဲခေါ်သွားသည်ကိုမြင်သောအခါ နောက်တစ်ကြိမ်ပစ်လိုက်ရန်ကြံရွယ်ကာ ပြေးပြန်၏။."ပထမဓားချက်အကွက်သုံးချက်" အယ်ဖာ၏ဓားကွက်ကြောင့် ရေခဲဝံပုလွေသုံးကောင်ထွက်ပေါ်လာပြီးသွေးကြံအား တိုက်ခိုက်လိုက်ကြ၏။"ခရက်"သွေးကြံအား တိုက်ခိုက်လိုက်သည်နဲ့ သွေးကြံပေါ်သို့ ရေခဲများဖုံးလွှမ်းသွား၏။သို့သော်လည်းထိုပထမဓားချက်အကွက်များက သွေးကြံအပေါ်အလုပ်ဖြစ်မြောက်ခြင်းမရှိပေ။တစ်စက္က န့်မျှတောင် မနှေးကွေးပဲ သွေးကြံ၏အရှိန်မှာ ပိုမိုပြင်းထန်လာလေ၏။"တောက် ချာက္က ရာတံတိုင်းများ"အယ်ဖာသည်လည်း ချာက္က ရာတံတိုင်းများသုံးလိုက်၏။အယ်ဖာသည်လည်း ပလက်တီနမ်အဆင့်တစ်သို့ရောက်ရှိလာပြီဖြစ်သောကြောင့် ချာက္က ရာတံတိုင်းအဖြစ် လွယ်ကူမြန်ဆန်စွာပြောင်းလဲလာနိုင်ပြီးလည်းဖြစ်၏။"ဝုန်း..ဝုန်း" ချာက္က ရာတံတိုင်းများသည် ဆယ်ထပ်ကာရံထားသော်လည်းသွေးကြံကြီးအတွက် အချိန်များများစားစားမပေးလိုက်ရပေ။အားလုံးအား တိုက်ခွဲပစ်ကာ အယ်ဖာကိုပါ ဂျိုဖြင့်ပက်ချလိုက်၏။သတိကြီးကြီးထားသောကြောင့် အယ်ဖာသည်လည်း ထိုပက်ချက်အား မြန်ဆန်စွာရှောင်တိမ်းနိုင်ခဲ့လေ၏။"တောက်...တောက်"သွေးကြံကြီးကိုယ်မှ သွေးစက်များကျဆင်းလာ၏။ဒါ့ပင်သူ၏ကြံကြီးကိုယ်မှ သွေးများကျဆင်းလာမှုကြောင့် ထပ်မံအံသြရပြန်၏။သူ၏သွေးကြံသည် မည်မျှသန်မာပြီးမာကျောသည်ကို သူကိုယ်တိုင်အသိဆုံးဖြစ်၏။ပလက်တီနမ်အဆင့်ခြောက်စစ်သည်တော်မှ အားထည့်ပိုင်းမှသာ ပွန်းရာပဲ့ရာသာရရှိမည်ဖြစ်ပြီး ယခုအခါ၌ အယ်ဖာလို ပလက်တီနမ်အဆင့်တစ်က သွေးထွက်အောင်လုပ်ဆောင်နိုင်ခဲ့လေ၏။"တော်တော်မာကျောတာပဲ" အယ်ဖာ၏အတွေးဖြစ်၏။သူသည် ပလက်တီနမ်အဆင့်ရောက်ချိန်မှစပြီး သူ၏ဓားဆန္ဒအား တီထွင်ချဲ့ကားသုံးစွဲနိုင်ရန်ကြိုးပမ်းခဲ့၏။နောက်ဆုံး၌ သူသည် ချာက္က ရာပုံစံပြောင်းလဲဖန်တီးရာ၌ သူ၏ဓားဆန္ဒအား ထည့်သွင်းလုပ်ဆောင်နိုင်ကြောင်းကို တွေ့ရှိခဲ့ရလေ၏။ထိုတွေ့ရှိချက်ကို အသုံးချပြီး အစောက အယ်ဖာ ဖန်တီးခဲ့သော ချက္က ရာတံတိုင်းများ၌ ဓားဆန္ဒများ ထည့်သွင်းအသုံးပြုလိုက်လေ၏။ထိုတံတိုင်းများကို သွေးကြံမှတိုက်ခိုက်လိုက်သောအခါ ငြိမ်နေသော ဓားသွားများအား အတင်းဝင်ဆောင့်သကဲ့သို့ဖြစ်သွားခဲ့ရ၏။မည်မျှပင် မညကျောသော်လည်း ဓားဆန္ဒသာ်လည်း အလွန်ပင်အစွမ်းထက်ရာ သွေးကြံ၏ကိုယ်၌ဓားခုတ်ရာအစင်းများက အထင်းသားပေါ်နေပြီး သွေးများဖြာဆင်းလျက်ရှိလေတော့၏။အယ်ဖာလည်း ထိုသို့သွေးကြံကြီးထိခိုက်စေရန် သူ၏ဓားဆန္ဒများကား ထည့်သွင်းထားရသောကြောင့် အနည်းငယ် ပင်ပန်း၏။သို့သော်လည်း မနားရဲပေ။"ဂီ...ဂီးးး"သွေးကြံကြီးမှ သူ၏ကိုယ်မှသွေးများဆင်းကျလာမှူကြောင့်ရူးသွပ်ဖွယ်အော်ဟစ်လိုက်၏။ထိုသို့အော်ဟစ်မှုသည် သွေးကြံကြီးသည် ရူးသွပ်မှုအခြေနေထဲသို့ရောက်ရှိသွားကြောင်းပြသနေသည်လည်းဖြစ်၏။
(242)
"ငါ့ကောင်ကြီး စိတ်ဆိုးသွားပြီ"ဒါ့မှပြောလိုက်၏။အယ်ဖာသည် သူ၏သွေးကြံအား စိတ်ဆိုးအောင်လုပ်နိုင်သောပထမဆုံးသောသူဖြစ်၏။သွေးကြံကြီးသည် စိတ်ဆိုးပါက သို့မဟုတ် သွေးထွက်သံယိုအခြေနေရောက်ရှိပါက ရူးသွပ်ခြင်းအခြေနေသို့ရောက်ရှိသွားတတ်၏။ထိုအခြေနေသို့ရောက်ရှိသွားပါက သွေးကြံကြီးသည် ထိန်းမရသိမ်းမရဖြစ်လာပြီး ယခင်ကထက်အမြန်နှုန်းခွန်အားတို့က လည်း သုံးဆအထိထိုးတက်သွားတတ်၏။ထိုအခြေနေ၌ပိုင်ရှင်ပင်ထိန်းသိမ်း၍မဖြစ်နိုင်သည်အထိ ကြမ်းတမ်းသွားရခြင်းဖြစ်၏။ထို့ကြောင့် ဒါ့သည် ဒီအတိုင်းလွတ်ထားပေးလိုက်ခြင်းဖြစ်၏။"ဂီး"နှာတစ်ချက်မှုတ်ပြီး မျက်လုံးများရဲရဲတောက်ပြီး အခြေနေပြောင်းလဲနေသော သွေးကြံကြီးသည် အယ်ဖာထံ ပြေးဝင်လိုက်၏။သူ၏တစ်ချောင်းတည်းသောဦးချိုချွန်ကလည်း သွေးရောင်လွှမ်းကာ ရဲရဲတောက်နေ၏။"ဝုန်း""မြန်လိုက်တာ"အယ်ဖာအမြန်နှုန်းဖြင့်ရှောင်လိုက်သောအခါ အယ်ဖာရပ်ခဲ့သောနေရာမှ နံရံများမှာ လုံးဝစိတ်စိတ်ညက်ကြေမွသွား၏။သွေးကြံကြီးသည် နံရံအားဖြိုချပြီးနောက် အယ်ဖာထံထပ်မံ ပြေးဝင်တိုက်၏။ဒီတစ်ခါတော့ အယ်ဖာရှောင်တိမ်းနိုင်ခြင်းမရှိပေ။မရှောင်တိမ်းနိုင်သောကြောင့် မိမိကိုယ်ကိုယ်အား ချာက္က ရာဖြင့် ချပ်ဝတ်တန်ဆာအသွင်ပြောင်းလဲကာ ထပ်မံဖုံးလွှမ်းလိုက်၏။ထိုသို့ပြောင်းလဲလိုက်ခြင်းသည် စက္က န့်ပိုင်းအတွင်းလုပ်ဆောင်သွားခြင်းဖြစ်၏။ထိုသို့ပြောင်းလဲပြီးသည်နဲ့ အမြန်နှုန်းဖြင့်ပြေးလာသောသွေးကြံ၏သွေးရောင်ချိုဖြင့် တိုက်ခိုက်ခြင်းခံလိုက်ရတော့၏။"ခွမ်...ခွမ်းး"သွေးရောင်ချို၏အရှိန်နဲ့ထိုးခွင်းမှုကြောင့် အယ်ဖာအားကာကွယ်ဝန်းရံထားသော ချာက္က ရာချပ်ဝတ်စုံမှာ ချက်ချင်းပင်ကျိုးပြတ်ရလေ၏။ကျိုးပြတ်ပြီး သွေးရောင်ချိုမှာ အယ်ဖာ၏ဘယ်ဘက်လက်မောင်းကို ထိုးဖောက်သွား၏။"အား" အယ်ဖာ နာကျင်လွန်းသောကြောင့်အော်ဟစ်လိုက်ရ၏။ထို့နောက်မြန်ဆန်စွာပင် ဘေးကင်းရာနေရာသို့ရှောင်တိမ်းလိုက်လေ၏။ယခုအခါ သူ၏အခြေနေသည်လည်းကောင်းသောအခြေနေ၌မရှိပေ။ချာက္က ရာတံတိုင်း၌ ဓားဆန္ဒများထည့်သွင်းရခြင်းကြောင့်ပင်ပန်းနေသလို လက်ရှိဘယ်လက်မှာလည်း သွေးရောင်ချို၏ထိုးချက်ကြောင့် သွေးများဖြာကျနေ၏။"မဖြစ်သေးဘူး ငါထပ်ပြီးတောင့်ခံထားရမယ်"အယ်ဖာကြုံးဝါးလိုက်၏။သူ၏စစ်သည်တော်များထံမှ အကူညီမရောက်သေးရာ တတ်နိုင်သမျှအချိန်ဆွဲဆန့်ရမည်ဖြစ်၏။သို့သော်လည်း သူ၏အခြေနေမှာမကောင်းပေ။နောက်ထပ်ထပ်တိုက်ခိုက်မည် ဒါမှမဟုတ် ခုခံမည်ဆိုပါကသူသေချာပေါက်သေမည်ဖြစ်ကြောင်း ခံစားမိ၏။"ဂီး" သွေးကြံမှ နောက်ထပ်သော ထိုးစစ်များဆက်တိုက်ဆိုသလိုတိုက်ခိုက်လာ၏။အယ်ဖာလည်း သူ၏အိတ်ထဲမှ သွေးတိတ်ဆေးနဲ့အနာကျက်ဆေးအား အမြန်သောက်သုံးပြီးရှောင်တိမ်း၏။ရှောင်တိမ်းရင်း သွေးကြံအား ဓားဖြင့် တိုက်ခိုက်လိုက်သေး၏။သို့သော်လည်း ထိုတိုက်ခိုက်ချက်များက အရာမထင်ပေ။သွေးကြံအား အယားပြေစေရန် ကုန်သကဲ့သို့သာ ဖြစ်စေခဲ့၏။နောက်ဆုံး၌ အယ်ဖာသည် တိုက်ခိုက်ခြင်းအား စွန့်လွတ်ပြီးသူ၏တတ်နိုင်သမျှ ချာက္က ရာအစွမ်းကုန်ထုတ်သုံးပြီး အကာကွယ်များတတ်နိုင်သမျှ လုပ်ဆောင်လိုက်လေ၏။မည်မျှပင်အကာကွယ်များပြားနေပါစေ ရူးသွပ်ခြင်းအခြေနေသို့ရောက်ရှိနေသော သွေးကြံ၏တိုက်ခိုက်မှုကို ခံနိုင်ခြင်းမရှိပါချေ။အဆင့်ခြင်းယှဥ်ပါကလည်း အယ်ဖာသည်ပလက်တီနမ်အဆင့်တစ်ဖြစ်ပြီး သွေးကြံသည် ပလက်တီနမ် အဆင့်သုံးဖြစ်၏။နောက်ပြိီး ရူးသွပ်ဖွယ်အခြေနေထဲရောက်နေရာ ပလက်တီနမ်အဆင့်ခြောက်နီးနီးပင်ဆိုပါကလည်း မမှားပေ။"ခွမ်း"သွေးကြံကြီး၏မြန်ဆန်လှသောအမြန်နှုန်းများက ထိုအကာကွယ်များအား ဆက်တိုက်ဆိုသလို ရိုက်ချိုးဖျက်စီးပစ်လေ၏။"အား"အယ်ဖာနောက်ထပ်အော်ဟစ်လိုက်ရ၏။သွေးကြံ၏နောက်ထပ်တိုက်ခိုက်မှုက သူ၏ညာဘက်ပေါင်အားထိခိုက်စေခဲ့ပြီး အကြောများပြတ်ဆိုင်းသွားစေသလိုဖြစ်စေခဲ့၏။ထို့ကြောင့် အယ်ဖာသည်နောက်ထပ်သောတိုက်ခိုက်မှုများကိုရှောင်တိမ်းရန်မဖြစ်နိုင်တော့ပေ။ဘယ်လက်က ချိုထိုးခံရ သောဒဏ်ရာ၊ညာဘက်ပေါင်က သွေးများဖြာခနဲကျဆင်းနေသည်က အယ်ဖာအား အဆိုးဝါးဆုံးသောအခြေနေသို့တွန်းပို့ပေးခဲ့ပြီဖြစ်၏။"ဂီး"သွေးကြံတစ်ချက် နှာမှုတ်လိုက်၏။နှာမှုတ်ပြီးသည်နဲ့ သူ၏ချိုသည် အနည်းငယ်ကြီးလာပြီး ပိုမိုအရောင်တောက်ကာချွန်ထက်လာ၏။ဤသည်ကား သွေးကြံကြီး၏နောက်ဆုံးအသေတိုက်ကွက်ဖြစ်သော ဦးချိုဖြင့်ထိုးသတ်ခြင်းဖြစ်၏။"ဝုန်း"အရှိန်ဖြင့် သွေးကြံကြီးသည် ပြေးဝင်သွား၏။အယ်ဖာသည်မလှုပ်ရှားနိုင်သောကြောင့် သွေးကြံကြီးအတွက် တည်ငြိမ်သောပစ်မှတ်သာဖြစ်၏။ထိုအချိန်၌ အယ်ဖာသည် မျက်စိမှိုတ်ထား၏။ ထိုအခိုက်တန့်သည် သာမန်လူများအတွက် အလွန်မြန်ဆန်လှသော်လည်း အယ်ဖာအတွက်တော့ အနှေးကွက်ပြသ သည့်နှယ် ဖြစ်ပျက်နေ၏။လူတိုင်းသေဆုံးခါနီး ပြသ သလိုအယ်ဖာခံစားလိုက်ရ၏။သေခြင်းနဲ့ရှင်ခြင်းကြားကာလ အခိုက်တန့်ကိုရောက်ရှိနေခြင်းလည်းဖြစ်၏။ထိုအခိုက်တန့်၌ ဂျိတ်ပြောသောဓားသမားများအကြောင်းကသူ၏နားထဲပဲ့တင်သံထပ်လာ၏။ဓားသမားဆိုတာဘာလဲ။ဓားလမ်းစဥ်၊ဓားဆန္ဒများစသည်ဖြင့် မေးခွန်းများက စုဝေးလာ၏။ထိုအခိုက်၌ ထိုမေးခွန်းများသည် ရှင်းလင်းသွားသလိုခံစားလိူက်ရ၏။သူ၏ရင်ထဲ၌ မေးခွန်းများအစားတိကျသောအဖြေလေးတစ်ခုသာရှိနေလေ၏။ထိုအဖြေလေးအား အယ်ဖာဖတ်ကြည့်၏။ဖတ်ကြည့်ပြီးသည်နဲ့ သူ၏ရင်ထဲကသံသယများ လုံးဝကင်းရှင်းသွားလေ၏။ဓားနဲ့ပတ်သက်သော မေးခွန်းများဒွိဟများပျောက်ကွယ်သွား၏။ ဟုတ်ပေသည်။ရှင်ခြင်းနဲ့သေခြင်းကြားရောက်နေသော အယ်ဖာသည် သေးငယ်လွန်းလှသောအချိန်အခိုက်တန့်လေး၌ ဓားနဲ့ပတ်သက်သောညဏ်အလင်းရသွားပြီဖြစ်၏။လက်ရှိသူ၏ပုံစံသည် ပြောင်းလဲသွား၏။သူ၏ရင်ထဲတွင်လည်း ဓားတစ်ချောင်းသာကျန်ရှိနေတော့၏။အယ်ဖာမျက်လုံးပြန်ဖွင့်လိုက်၏။ထိုအခိုက်၌ သူ၏ရင်ဝနားအနီးသို့ သွေးကြံ၏ဦးချိုကရောက်ရှိနေသလို သူ၏လက်ကလည်း ဓားအားအလိုလျောက်သုံးမိလိုက်လေပြီဖြစ်၏။"ဓားဆိုတာ"နောက်ထပ်သောအချိန်တစ်စက္က န့်သည် မည်သူမည်ဝါနိုင်ကြောင်း အဆုံးဖြတ်ပေးပြသလေ၏။"ဘုတ်"အသံတစ်ခုထွက်ပေါ်လာ၏။အရာဝတ္ထုတစ်ခုသည် မြေပေါ်သို့ပြုတ်ကျလာ၏။သူ၏ကိုယ်သည်ကား ရပ်တန့်၍သာနေ လေ၏။"မဖြစ်နိုင်တာ"ဒါ့မျက်လုံးကြီးပြူးပြီး ထိတ်လန့်နေ၏။သူမြင်လိုက်ရသောမြင်ကွင်းကား အခြေနေအလွန်ဆိုးဝါးနေသောသူသည် ဓားကိုအားပြုပြီး အသက်ရှုနေကာ သူ၏သားရဲကတော့ ကိုယ်ချည်းသာ မြေပြင်ပေါ်၌ရပ်တန့်ကာငြိမ်သက်နေ၏။သွေးကြံ၏ဦးခေါင်းကတော့ မြေပေါ်၌ ကျဆင်းနေသည်ဖြစ်၏။ထိုဦးခေါင်းသည် ထက်လှစွာသောဓားတစ်ချောင်းကတို့ဟူးတုံးအား ဖြတ်တောက်လိုက်သည့်ပမာပင် ပြတ်တောက်ခြင်းခံရပြီး မြေပေါ်၌လဲလျောင်းငြိမ်သက်နေသည်ဖြစ်၏။ရှင်းလင်းစွာပြောရလျှင် အသက်လုပွဲ၌ အယ်ဖာနိုင်ပြီး သွေးကြံကတော့ ခေါင်းပြုတ်ပြီး အသက်ကုန်သွားလေပြီဖြစ်၏။
{243}
"မဖြစ်နိုင်ဘူး" ဒါ့ဒေါသထွက်စွာအော်ဟစ်လိုက်၏။သူ၏အော်ဟစ်သံကကျယ်လောင်လွန်းလှသောကြောင့် သူ၏ဂိုဏ်းသားများပင်အနည်းငယ်ကြောက်လန့်နေကြ၏။သူတို့၏ခေါင်းဆောင်သည် ထိုမျှအထိ ဒေါသထွက်သည်ကိုတစ်ခါမှ သူတို့မမြင်ဖူးသောကြောင့်ဖြစ်၏။"မင်း သေရမယ်"ဒါ့၏အကြည့်များသည် အယ်ဖာပေါ်သို့ကျရောက်လာ၏။သူ၏အကြည့်များသည်သာ လူသတ်၍ရပါက အယ်ဖာသည်အကြိမ်တစ်သောင်းမက သေဆုံးနေမည်ဖြစ်၏။ဒါ့၏ရင်တွင်း၌ အတော်ပင်ဒေါသမီးပြင်းထန်နေ၏။ထိုသွေးကြံကြီးသည် သူ၏ရှိသမျှသောစည်းစိမ်များပေးဆပ်ကာရယူထားသောအကောင်ကြီးဖြစ်၏။ထိုအကောင်ကြီးသေဆုံးသွားခြင်းက သူ၏ရှိသမျှစည်းစိမ်များတစ်ပြိုင်တည်းကုန်ဆုံးသွားလိုက်သည်နဲ့တူညီ၏။ သူ၏သွေးကြံကြီးသည် ပလက်တီနမ်အဆင့်သုံးဖြစ်ရာ အယ်ဖာထက်နှစ်ဆမြင့်၏။ထို့ကြောင့် သူကိုယ်တိုင်ပါဝင်လှုပ်ရှားခြင်းမရှိပဲ လွတ်ထားလိုက်ခြင်းဖြစ်၏။သို့သော် အယ်ဖာကသူ၏သွေးကြံအား ခေါင်းပိုင်းဖြတ်ပစ်မည်ဟု မထင်ထားမိခဲ့ပေ။"မင်း သေရမယ်ဟေ့"ဒါ့ဒေါသထွက်ပြီး သူ၏လက်၌ချာက္က ရာဖြင့်ဖန်တီးထားသောလှံသွားတစ်ချောင်းပေါ်လာလေ၏။ထိုလှံဖြင့် အယ်ဖာအားသတ်ရန်ကြံလိုက်၏။ထိုအခိုက်၌ အဝေးမှ အရာဝတ္ထုလေးခုသည် ဒါ့အနားသို့ လွင့်စင်လာပြီးလျှင်"ဝီး"ရုတ်ခြည်းဆိုသလို အလင်းတန်းကြီးပေါ်လာသောကြောင့် ဒါ့မျက်စိများပြာတာသွား၏။ရုတ်ခြည်းဖြစ်စဥ်ကြောင့် ပြင်ဆင် နိုင်ခြင်းမရှိရာ ခံလိုက်ရ၏။ပြင်းထန်လှသောအလင်းတန်းကြောင့် အယ်ဖာကိုလည်း ရှာနိုင်စွမ်းမရှိတော့ချေ။ထိုစဥ် ဒါ့တစ်ယောက် သူ၏ကိုယ်ခန္ဓာအား တစ်စုံတစ်ယောက်မှ မြန်ဆန်စွာ ဖိနှိပ်ပြီး တစ်စုံတစ်ခုတပ်သွားကြောင်း ခံစားမိ၏။"ခလက်"ထိုအသံထွက်ပြီးသည်နဲ့ ဒါ့တစ်ယောက် မိမိကိုယ်ခန္ဓာအားနည်းလာကြောင်း ခံစားမိလိုက်၏။ထိုသို့ခံစားမိနေချိန်မှာပင် တစ်စုံတစ်ယောက်မှ မိမိနှာခေါင်းအား တစ်စုံတစ်ခုဖြင့်ထပ်အုံလိုက်ကြောင်း နောက်ဆုံးသိလိုက်ပြီး လောကကြီးနဲ့အဆက်သွယ်ပြတ်တောက်သွားလေတော့၏။"ကျနော်တို့ပြန်ရောက်ပါပြီ ခေါင်းဆောင်"စစ်ဝတ်တန်ဆာအပြည့်ဆင်ယင်ထားသော စစ်သည်များကအယ်ဖာအား အရိုသေပေးလိုက်ကြ၏။ထို့နောက် အယ်ဖာ အား ဆေးကုသရန် ခေါ်ဆောင်သွားလိုက်ကြ၏။"ဟူး"ထိုအခါမှ အယ်ဖာသက်ပြင်းချနိုင်လိုက်၏။သူသည် သေခါနီးအခြေနေ၌ညဏ်အလင်းရခဲ့သောကြောင့်အဆိုးထဲမှအကောင်းဟုလည်း ဆိုနိုင်လေ၏။သေခါနီးဆဲဆဲ၌ စစ်သည်တော်များလာရောက်ကယ်တင်သွားသောကြောင့်သာ အသက်ရှင်သန်ခဲ့ရခြင်းဖြစ်၏။အယ်ဖာကား ကယ်တင်ပုံကား ထိုသို့ဖြစ်၏။အယ်ဖာအားထားပြီးသတင်းပို့လိုက်သော စစ်သည်လေးယောက်ကြောင့်ဂျိတ်မှ နောက်ထပ်ဖွဲ့စည်းထားသောအထူးတပ်(2)အား ပို့လွတ်လိုက်ခြင်းဖြစ်၏။ထိုတပ်သားများသည် ခေါင်းအစခြေအဆုံးအထိ ခေတ်မှီဝတ်စုံကိရိယာများ ဝတ်ဆင်ထားရာဘယ်သူဘယ်ဝါမှန်းမသိနိုင်ပေ။တစ်ဖွဲ့၌ အယောက်သုံးဆယ်ပါရှိ၏။ ထိုအထူးတပ်(2)သည် အယ်ဖာအနားရောက်ရှိသောအခါအယ်ဖာသည်အခြေနေမကောင်းတော့ပေ။အလွန်မင်းဒဏ်ရာများကြောင့်သာမက ချက္က ရာအများပြားသုံးစွဲခြင်းနဲ့ခြေထောက်ဒဏ်ရာများကြောင့် သေမိန့်စောင့်နေရသောလူလိုဖြစ်နေ၏။ဒါ့ကလည်း ဒေါသကြီးစွာဖြင့် ချာက္က ရာလှံဖန်တီးပြီးသတ်ရန်ပြင်ဆင်နေရာ ချက်ချင်း လှုပ်ရှားလိုက်ရ၏။အရင်ဆုံး အလင်းတန်းဗုံးလေးလုံးအား ပစ်ထည့်လိုက်၏။ထိုအလင်းတန်းဗုံးများ၏ပေါက်ကွဲမှုကြောင့် ဒါ့နဲ့သူ၏အဖွဲ့များ မျက်စိများပြာယာကာ ကြောင်တောင်ကုန်၏။ထိုအခါအထူးတပ်ဖွဲ့(2)မှစစ်သည်များသည် မြန်ဆန်စွာပင် ပြေးလွှားပြီး ဒါ့နဲ့အပေါင်းပါများအား ဖမ်းဆီးလိုက်၏။ထို့နောက်လက်ထိတ်များထုတ်ကာ ခတ်လိုက်ကြ၏။ထိုလက်ထိတ်များသည် သာမန်လက်ထိတ်များမဟုတ်ပေ။ချာက္က ရာများအား ဖြတ်တောက်ပစ်နိုင်သောအစွမ်းရှိရာ စစ်သည် တော်တစ်ယောက်အား သာမန်လူသားအဖြစ်သို့ပြောင်းလဲပေးလိုက်တော့၏။လက်ထိတ်ခတ်ပြီးသည်နဲ့ မေ့ဆေးအုပ်ပေးလိုက်ရာ ဒါ့နဲ့အပေါင်းပါများမှာ မေ့မြောကြရတော့၏။ထိုသို့မြန်ဆန်စွာလှုပ်ရှားပြီး ထိုလူများအား မိမိတို့ဖမ်းဆီးထိန်းသိမ်းရာနေရာသို့ခေါ်ဆောင်လာလိုက်ကြတော့၏။နောက်ပြီး ကျန်ရှိနေသောလူများကတိုက်ပွဲဖြစ်ရာနေရာသို့ လာရောက်ပြီး သန့်ရှင်းရေးလုပ်ဆောင်ကြတော့၏။ထိုအဖြစ်ပျက်ကား ဆယ်မိနစ်အတွင်း၌ဖြစ်ပျက်သွားခြင်းဖြစ်၏။ဆယ်မိနစ်ပြီးသောအခါ တိုက်ပွဲဖြစ်ခဲ့ရာနေရာဆို၍ချိုင့်များ ပျက်စီးသွားသောနံရံများမရှိတော့သလို မြေပြင်ပေါ်၌ ခေါင်းပြတ်နေသော သွေးကြံခေါင်းအပြင် ကိုယ်ခန္ဓာသည်လည်း မရှိတော့ပေ။..............."ခေါင်းဆောင်... ခေါင်းဆောင်" သားရဲဝတ်စုံဝတ်ဆင်ထားသော လူတစ်ယောက်မှသူ၏ခေါင်းဆောင်အား အကြောင်းကြား၏။"ဘာကိစ္စတုန်း"ခေါင်းဆောင်ဖြစ်ဟန်တူသောလူက မေး၏။"စုံစမ်းခိုင်းလိုက်တဲ့ ဒါ့တို့ရဲ့အဖွဲ့ကို အဆက်သွယ်မရတော့ဘူး"ထိုစကားကြောင့် ခေါင်းဆောင် ဆိုသူ၏မျက်ခုံးကျုံသွား၏။ထို့နောက်"နောက်ထပ် နှစ်ရက်လောက် ထပ်စောင့်လိုက်ပြီးမှ သတင်းထပ်မပို့လာရင် နောက်ထပ်အဖွဲ့လွတ်လိုက်""ဟုတ်"..............ဂရိတ်တိုင်းပြည်၏လျှို့ဝှက်သောစစ်ဆေးထောက်လှမ်းရေး၏စစ်ကြောခန်းမတစ်ခုထဲ၌ "သတင်းရပြီလား"အယ်ဖာသည် စစ်သည်တော်တစ်ယောက်အားမေးလိုက်၏။အမေးခံရသောစစ်သည်သည် စုံစမ်းစစ်ဆေးရေးအားတာဝန်ယူထားရသူဖြစ်၏။"ရပါပြီ စစ်ဆေးမေးမြန်းမှုအရ သူတို့က ဆန်းကြယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်လာရှာကြပါတယ်လို့ပြောပါတယ်"အမေးခံရသောစစ်သည်မှ သူသိလာသောအချက်လက်များအား ထုတ်ဖော်ပြောကြား၏။သူစစ်ဆေးမေးမြန်းခြင်းခံရသော ဒါ့သည်ကား မျက်လုံးဖြူလန်နေကာ မေ့မြောနေ၏။ကျန်သောစစ်ဆေးခံရသောအခန်းတိုင်းရှိ လူများသည်လည်းထိုပုံစံအတိုင်းပင်ဖြစ်၏။ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ကိုရှာဖွေရန် ကြီးကျယ်ခမ်းနားသောဂိုဏ်းအသီးသီးမှ မိမိတို့တိုင်းပြည်သို့ရောက်လာကြကြောင်း သတင်းကို အယ်ဖာရရှိလိုက်ပြီ ဖြစ်၏။ထိုသတင်းသည်လုံးဝအရေးကြီးသော သတင်းဖြစ်၏။"ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်"အယ်ဖာ ရေရွတ်လိုက်၏။"ခေါင်းဆောင်"နောက်ထပ်သောစစ်သည်တစ်ယောက်မှ အယ်ဖာအနားရောက်လာပြီး တစ်စုံတစ်ခုကိုပြော၏။ထိုပြောစကားကို ကြားပြီးသည်နဲ့ အယ်ဖာသည်"သွား တပ်ဖွဲ့တစ်ခုလုံးကိုအကြောင်းကြားလိုက် ငါတို့တိုင်းပြည်ထဲရောက်နေတဲ့ သူစိမ်းအဖွဲ့တိုင်းကို သတိထားစောင့်ကြည့်ကြလို့"အယ်ဖာအမိန့်ပေးလိုက်သည် ထိုစစ်သည်တော်မှ ချက်ချင်းဆောင်ရွက်ရန်ထွက်ခွာသွားတော့၏။ အယ်ဖာသည် ထိုကိစ္စနဲ့ပတ်သက်ပြီးပေါ့ပေါ့တန်တန်မထားနိုင်ပေ။ထိုဂိုဏ်းကြီးများမှ လူများသည် တော်ရုံလူများမဟုတ်သည့်အပြင် အလွန်မင်းအစွမ်းထက်သောသူများဖြစ်၏။ထို့ပြင် မိမိတို့အား သူတို့မျက်စိထံ၌ အလွန်သေးငယ်သောပုရွတ်ဆိတ်သဖွယ်သာမြင်ကြမည်ဟု အယ်ဖာတပ်အပ်သိ၏။ဒါ့နဲ့တိုက်ခိုက်ရသော ဖြစ်စဥ်က ထိုအကြောင်းရာကို ဖော်ပြနေခဲ့သည်မဟုတ်ပါလား။ထို့ပြင် ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ရှာရင်း မိမိတို့ပြည်သူပြည်သားများကို ဒုက္ခမပေးနိုင်ဟုမပြောနိုင်ပေ။ထို့ကြောင့် စောင့်ကြည့်သည်ကသာအကောင်းဆုံးဖြစ်ပေ၏။"မင်းကတော့ နောက်ထပ်လူတွေရောက်လာရင်စစ်ဆေးပေးဖို့တောင်းဆိုပါရစေ"အယ်ဖာမှ မိမိအားစစ်ဆေးပြီးသတင်းပေးသော စစ်သည်တော်အား တောင်းဆိုလိုက်၏။"ဟုတ်ကဲ့" ထိုစစ်သည်တော်လည်း အယ်ဖာအားအလေးပြုပြီးသူ၏နေရာသို့ပြန်လာခဲ့လိုက်၏။သူကို မြင်တွေ့လိုက်ပါကသူ၏မျက်လုံးများသည်နီရဲနေပြီး အမှတ်တစ်ခုအား အစက် သုံးစက်က ဝန်းရံနေကြောင်းကို တွေ့ရှိရမည်ဖြစ်၏။