← Chapters

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

အခန်း (၂၄၄-၂၄၆)

Vol. 17 Ch. 244-246

(244)

"ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်"ထိုသတင်းသည်အယ်ဖာမှစတင်ပြီး ဂရိတ်အထူးစစ်သည်များကြားသတင်းပို့လွှတ်လိုက်၏။ထိုသတင်းသည်အလွန်အရေးကြီးသည်ဖြစ်ရာ မြန်မြန်ပြန့်သွားအောင် အယ်ဖာဆောင်ရွက်လိုက်၏။"အို ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ဆိုပါလား"ထိုသတင်းသည်လည်း ဂျိတ်ထံရောက်ရှိသွား၏။ထိုသတင်းကြားလိုက်သည်နဲ့ သမီးဖြစ်သူလေးကို တစ်ချက်ကြည့်မိ၏။သမီးဖြစ်သူသည် သူ၏ရင်ခွင်ထဲ၌ မှေးကာ အိပ်စက်နေ၏။မိခင်ဖြစ်သူထက်ပင် ဂျိတ်အားပို၍တွယ်တာနေသေး၏။သမီးလေးသည် အလွန်ချစ်စရာကောင်းပြီး အမြဲတစေပြုံးနေတတ်၏။ ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်သည် သမီးဖြစ်သူကလွှဲ၍ မဖြစ်နိုင်ကြောင်း သူသိ၏။သမီးလေး၏ကိုယ်ခန္ဓာနိူးထချိန်၌ကောင်းကင်မိုးကြိုးဆင်းသက်လာသည်ကို အောင်မြင်စွာခုခံနိုင်ခဲ့၏။အောင်မြင်စွာခုခံနိုင်ခြင်းက ကောင်းကင်ဘုံအားအမျက်ရှစေခဲ့မှန်းသိ၏။ထိုအခါ သမီးဖြစ်သူ၏ကိုယ်ခန္ဓာနိူးထမှုသတင်းသည် အကြားမြင်ရသောသူများထံ ရောက်ရှိသွားကြ၏။ဂိုဏ်းတစ်ခုစီတိုင်း၌ အကြားမြင်ရသော နတ်ဆရာလိုလိုမှော်ဆရာလိုလို လူများရှိကြ၏။ထိုလူများသည် ဆန်းကြယ်သောကိုယ်ခန္ဓာသတင်းကို ရရှိသွားသောကြောင့်သာ ဂိုဏ်းများအား ရှာဖွေရန်စေခိုင်းလိုက်ခြင်းသာဖြစ်ပေတော့၏။သမီးဖြစ်သူကား ကြည့်ရင်း ရှုပ်ပွနေသော ဆံပင်လေးများအား သပ်ရပ်အောင်ပြင်ပေးလိုက်၏။ဆန်းကြယ်သောကိုယ်ခန္ဓာရှာသည့် လူများသည် သမီးဖြစ်သူအား မတွေ့မခြင်း ရှာဖွေနေကြမည်ကိုလည်း ဂျိတ်သိ၏။ သို့သော်လည်း ဂရုမစိုက်ပေ။သမီးဖြစ်သူ၏ဆံချည်မျှင် တစ်ချောင်းပင် ပျက်စီးပါက ထိုလုပ်သောသူအား ရေဆုံးမြေဆုံးလိုက်လံရှာဖွေပြီးသုတ်သင်ပစ်မည်ဖြစ်၏။လက်ရှိအခြေနေ၌ အယ်ဖာမှ သတင်းဖြန့်ပြီး စောင့်ကြည့်နေရာ ဂျိတ်အနေနဲ့ သမီးဖြစ်သူအား ယခင်ကထက် ပိုမိုဂရုစိုက်ချစ်ခင်ပေးရန်သာလုပ်ဆောင်မည်ဖြစ်၏။မိသားစုအရေးကိုသာ ဦးစားပေးမည်ဖြစ်ပြီး တိုင်းရေးပြည်ရေးအားအတိုင်ပင်ခံဖယ်နဲ့လွှဲအပ်ထားလေ၏။................"ဒါကတကယ်ပဲ ဂရိတ်တိုင်းပြည်လား"စလေယာမှ အံသြမင်သက်နေ၏။သူတင်မကသူ၏နောက်လိုက်ကိုးယောက်သည်လည်း အံသြနေ၏။စလေယာနဲ့ နောက်လိုက်ကိုးယောက်သည်လည်း မိမိတို့ရောက်ရှိနေသောနေရာအခြေနေအား တအံတသြကြည့်ရှုနေကြ၏။ သူတို့ရောက်ရှိနေသော ဒေသ သည် ဂရိတိုင်းပြည်၏ကာလတ်ဒေသဖြစ်၏။သူတို့မြင်တွေ့နေရသော အရာရာတိုင်းကအဆင့်လေးတိုင်းပြည်ဖြစ်ကြောင်း ယုံစားရန်ခက်ခဲနေလေ၏။ကြီးမားကျယ်ပြန့်ပြီး ဖြောင့်ဖြူးလှသောလမ်းများ သေသပ်လှပသောအဆောက်ဦးများနဲ့ သာယာလှပသောမြင်ကွင်းကိုတွေ့ရလေ၏။သူတို့ဂိုဏ်းသည်ပင် ထိုမျှအထိ သာယာမလှပကြောင်း ဝန်ခံရမည်ဖြစ်၏။"ဒါက တကယ်ပဲ အဆင့်လေးတိုင်းပြည်လား"စလေယာအားနောက်လိုက်တစ်ဦးမှမေး၏။သာယာလွန်းလှသောနေရာသည် အဆင့်လေးတိုင်းပြည်ထဲ၌ရှိကြောင်းဘယ်လိုမှမယုံနိုင်ဖြစ်နေ၏။"ဟုတ်တယ် ဒါကအဆင့်လေးဂရိတ်တိုင်းပြည်ပဲ ဘယ်လိုဖြစ်ပြီး ဒီလိုဖြစ်သွားတာတော့ ငါလဲမသိဘူး" သူမ၏သတင်းအရဆိုလျှင် အဆင့်လေးတိုင်းပြည်ဖြစ်သောဂရိတ်တိုင်းပြည်သည် သာမန်အနေထားဖြစ်ပြီး ယခုအခါလားလားမှပင်မတူညီနေသောကြောင့်ဖြစ်၏။"ကလင် ကလင်"တစ်ချို့လူများက စက်ဘီးများစီးနင်းရင်း သွားလာနေကြ၏။ထိုသူများသည် ပန်းပဲနဲ့သတ္ထုတူးဖော်ရေး လုပ်ငန်းများ၌လုပ်ကိုင်နေသောသူများဖြစ်ကြ၏။ဂျိတ်၏စည်းမျဥ်းသတ်မှတ်ချက်၌ မည်သည့်လုပ်ငန်း၌လုပ်ကိုင်သောသူများမဆို ထိုလုပ်ကိုင်သောလုပ်ငန်းများ၏ရလာဒ်ကို ခံစားစေခွင့်ပါရှိ၏။ဥပမာဆိုရသော် ဆောက်လုပ်ရေး၌လုပ်ကိုင်သောသူများကမိမိတို့အတွက် သေ သပ်လှပသော အိမ်ငယ်လေးတစ်လုံးစီရရှိနိုင်သလို၊ စိုက်ပျိုးရေး၌လုပ်ကိုင်သောသူများက အဆင့်မြင့်သော စိုက်ပျိုးပင်များ သီးနှံများ မျိုးစေ့များ ရရှိနိုင်မည်ဖြစ်၏။ ပန်းပဲနဲ့သတ္ထုတူးဖော်ရေးလုပ်ကိုင်နေသောလုပ်ငန်း၌လုပ်ကိုင်နေကြသောသူများက မိမိရရှိမည့်လစာငွေကြေးအပြင် စက်ဘီးတစ်စီးကို ရရှိကြမည်ဖြစ်၏။ထိုအခါလုပ်ငန်းသို့လာရာ၌ ပိုမိုမြန်ဆန်လာပြီးအချိန်ကုန်သက်သာစေမည်ဖြစ်၏။ထို့ပြင် လုပ်ငန်း၌ လုပ်ကိုင်သူများ၏စိတ်နှစ်ကိုယ်နှစ် ကြိုးပမ်းမှုကိုပါရရှိမည်ဖြစ်၏။နောက်ပြီး နောက်ထပ်သောအကျိုးမြတ်များကိုခံစားခွင့်ပေးဦးမယ်ဖြစ်၏။ထို့ပြင်မည်သည့်လုပ်ငန်းလုပ်လုပ် မိမိ၏လုပ်စွမ်းနိုင်သလောက်ရလာဒ်ကို ကြည့်ပြီး အကျိုးခံစားခွင့်ပါထပ်ဆောင်းပေးထားရာ မတိုးတက်ပဲနေနိုင်မည်နည်း။"သွားမယ်ဘောလုံးသွားကစားကြမယ်"ကလေးသူငယ်များကလည်း ဘောလုံးကိုင်ကာ ပြေးလွှားသွားကြ၏။သူတို့၏ဦးတည်ချက်သည်ကား ဘောလုံးကစား ရန်အတွက် ဘောလုံးကွင်းသို့ပင်ဖြစ်လေ၏။စလေယာနဲ့နောက်လိုက်များ မြင်မြင်သမျှအံသြနေကြ၏။သို့သော်လည်း သူတို့က်ိုယ်သူတို့ ပြန်လည်ထိန်းချုပ်လိုက်ကြ၏။သူတို့၏အဓိကတာဝန်သည် ကျန်သောဂိုဏ်များထက်စောစီးစွာ ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်အား ရှာဖွေပြီးမိမိတို့ဂိုဏ်းသို့ခေါ်ဆောင်သွားရန်သာဖြစ်၏။"အခြေနေအကဲခတ်နေပါသည် ထူးဆန်းသောလူငါးယောက်အား တွေ့ပါသည်"ဂရိတ်စစ်သည်တစ်ယောက်သည် သူမြင်နေသော စလေယာတို့အဖွဲ့အကြောင်းအား သူ၏အဖွဲ့သို့သတင်းစကားလှမ်းပါးနေ၏။ဂိုဏ်းများမှလူဟုတ်မဟုတ်ကို စစ်ဆေးမေးမြန်းနေစရာမလိုအပ်ပေ။ဂရိတ်တိုင်းပြည်၏အခြေနေကိုကြည့်ရှုပြီးအံသြမင်သက်နေသောအမူရာကိုကြည့်ခြင်းဖြင့် လူစိမ်းဟုတ်မဟုတ်ကို သိရှိနိုင်လေ၏။ အယ်ဖာ၏ခေါင်းဆောင်မှုဖြင့် ဂိုဏ်းများမှ အဖွဲ့တော်တော်များများသည် မိမိတို့တိုင်းပြည်ထဲရောက်ရှိနေကြောင်းစစ်သည်တော်များသိရှိလိုက်ကြ၏။ထိုစစ်သည်တော်များသည် ထ်ိုအဖွဲ့များအား မျက်ခြေမပျက်စောင့်ဆိုင်းကြည့်ရှုစစ်ဆေးနေကြ၏။ထိုအဖွဲ့များ၏အန္တရာယ်များကြောင့် အသေးစိတ်စောင့်ဆိုင်းနေကြ၏။တစ်ချက်မှမလစ်ဟာရဲပေ။ဒါ့အဖွဲ့နှင့်အယ်ဖာတို့၏တိုက်ပွဲက သူတို့အား အမြဲမပြတ်သတိထားစေရန်နဲ့အများပြည်သူများအား မထိခိုက်စေရေးအတွက်လုပ်ဆောင်ကြမည်ဖြစ်၏။"စလေယာ ကျမတို့ကို စောင့်ကြပ်နေတဲ့သူရှိတယ်"နောက်လိုက်တစ်ယောက်မှ စလေယာအားပြောကြား၏။"သူ့အဆင့်ကဘယ်လောက်ရှိလဲ"သူ့အဆင့်ကရွှေအဆင့်ငါးပါ" စလေယာအနည်းငယ်အံသြသွား၏။သူမ ရရှိထားသောဂရိတ်တိုင်းပြည်၏အခြေနေအရ ရွှေအဆင့်သည် အလွန်ကြီးကျယ်သောစစ်သူကြီးများဖြစ်ကြ၏။မိမိတို့အား ရွှေအဆင့်ကစောင့်ကြပ်နေသည်ဆိုကတည်းက ဂရိတ်တိုင်းပြည်ကမိမိတို့အား အလွန်ကြောက်ရွံနေကြောင်း သူမထင်လိုက်၏။သူမ မသိလိုက်သည်ကား သူမရထားသောသတင်းအချက်လက်များသည် မိဖုရားကြီးအာဏသိမ်းပိုက်ထားချိန်ု ရရှိထားသော သတင်းအချက်လက်များဖြစ်ပြီး ယခုလက်ရှိအချိန်၌အလွန်ပြောင်းလဲသွားမည်ကို သူမ မသိပေ။"ပြသနာမရှိဘူး ငါတို့ရှာစရာရှိတာပဲရှာရအောင်""ကောင်းပါပြီ"စလေယာနဲ့နောက်ပါများသည် မိမိတို့ရှာစရာရှိသည်ကိုသာဆက်လက်ရှာဖွေလိုက်ကြ၏။သူတို့အား နောက်ယောင်ခံလိုက်သောသူရှိကြောင်းသိသော်လည်း အဖက်မလုပ်ပေ။ အကြောင်းမှာ ရွှေအဆင့်သည် သူမ၏မျက်စိထဲ၌အလွန်နိမ့်ပါးသောကြောင့်ဖြစ်၏။အချိန်ကား နှစ်ရက်မျှဆက်လက်ကုန်လွန်သွား၏။တည်းခိုခန်းနေရာတစ်ခု၌"သတင်းရပြီ ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ရဲ့နေရာကိုတွေ့ပြီ"စလေယာ မျက်စိမှိတ်ထားရာမှ ဖွင့်ကာပြောလိုက်၏။ထိုသတင်းကြောင့် သူ၏နောက်လိုက်များသည်လည်း စိတ်လှုပ်ရှားသွားကြ၏။"သွားကြစို့"ချက်ချင်းပင် မြန်ဆန်သောအရှိန်ဖြင့် ပြေးထွက်သွားကြ၏။သူတို့၏အရှိန်သည်အလွန်မြန်ဆန်သောကြောင့် စောင့်ကြည့်နေသော စစ်သည်ပင် မမှီလိုက်တော့ပေ။ ထို့ကြောင့် သူသည်ကျောက်စိမ်းပြားမှ တစ်ဆင့် အဖွဲ့အားဆက်သွယ်အကြောင်းကြားလိုက်တော့၏။ထိုအခါမှ စောင့်ကြည့်နေသောစစ်သည်တိုင်းက ထိုလူထူးဆန်းအဖွဲ့တိုင်းသည် တစ်စုံတစ်ခုကိုသိလိုက်သောကြောင့် မြန်ဆန်စွာလှုပ်ရှားသွားကြကြောင်းသိလိုက်ရတော့၏။ထိုအဖွဲ့များပြေးလွှားသွားသော နေရာသည် တစ်ခြားသောနေရာမဟုတ်ပေ။အယ်မလီနဲ့အယ်လီနာတို့နေထိုင်ရာ ဒီယေဂိုမြို့တို့ပင်ဖြစ်၏။အကြောင်းမှာ အယ်မလီ၏ကိုယ်မှ အရှိန်အဝါကိုထုတ်လွှတ်မိလိုက်ရာ ထိုအရှိန်ဝါကိုအာရုံခံမိသောကြောင့် ဂိုဏ်းများမှအဖွဲ့များစွာက ဒီယေဂိုမြို့သို့ရောက်ရှိလာကြခြင်းပင်ဖြစ်လေသည်။ကြီးမားသောပြသာနာကား စတင်တော့မည်ဖြစ်၏။

(245)ဒီယေဂိုမြို့

ဒီယေဂိုမြို့သည်လည်း အရင်ကထက်ပိုမိုစည်ကားလာ၏။ဂျိတ်၏ဘုရင်ဖြစ်ပြီးနောက်ပိုင်း ဒီယေဂိုမြို့သည်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့၏။နောက်ပြီး လမ်းပန်းဆက်သွယ်ရေးသည်လည်း ပိုမိုကောင်းမွန်လာပြီး ဆာဗေ့တို့နဲ့ဆက်သွယ်ရေးသည်လည်း ပိုမိုကောင်းမွန်လာခဲ့၏။ဆာဗေ့နဲ့ဂရိတ်တိုင်းပြည်တို့၏နယ်စပ်လိုဖြစ်နေသောကြောင့်လည်း ပိုမိုစည်ကားကြွယ်ဝလျက်ရှိ၏။ဒီယေဂိုမြို့ကြီးစည်ကားကြီးမားလာသလောက် ဒီယေဂိုမြို့ပြင်အနားရှိ ခြံနဲ့အိမ်ကား လုံးဝဆိတ်ငြိမ်လျက်ရှိ၏။ထိုအိမ်သည်ဂျိတ်၏နေရာဖြစ်ကြောင်း သိကြသောကြောင့် လူအများကရိုသေလေးစားစွာဖြင့် အသိမှတ်ပြုထားကြခြင်းဖြစ်၏။"သမီးလေး ဒီနေ့ဘာစားချင်လဲ"ဂျိတ် အယ်မလီလေးအား မေးလိုက်၏။"သမီးက ဖီဖီကျွေးတာစားမှာ" ပါးစပ်၌သားရည်ယိုနေသော အယ်မလီလေးကပြော၏။"ကောင်းပြီ"အရင်ဆုံး ဒယ်အိုးအား မီးဖိုပေါ်သို့တင်လိုက်၏။ကောင်းကင်မီးတောက်ဖြင့် ဒယ်အိုးအားအပူပေးထားလိုက်၏။အပူပေးနေချိန်၌ဂျိတ်သည် ရေခဲသေတ္တာဆီသို့ဦးတည်သွားလိုက်၏။ထို့နောက် ရေခဲသေတ္တာထဲမှာ ငါးအားထုတ်လိုက်၏။ထိုငါးသည် မြစ်ထဲ၌ ဘုရင်တစ်ဆူဖြစ်သော သက်တန့်ရောင်ခြယ်ငါးဖြစ်၏။သူ၏မြန်ဆန်ဖြတ်လတ်မှု ခွန်အားကြီးမှု၊ဖမ်းရခက်ခဲခြင်းတို့ကြောင့်နာမည်ကျော်ကြား၏။အထူးသဖြင့်ထိုငါး၏အရသာက လူတိုင်းအား စွဲမက်ခုံမင်စေ၏။ထိုငါးအား ဂျိတ်သည် ရေခဲသေတ္တာထဲမှထုတ်လိုက်၏။ထို့နောက် ရေဖြင့် သေချာဆေးကြော၏။ဆေးကြောပြီးသည်နဲ့ စဥ်းတီတုံးပေါ်သို့တင်လိုက်၏။"ရွှမ်း" ဂျိတ် ငါးအားမပိုင်းခင် ရှေးဦးစွာ ဓားအားဝှေ့ယမ်းလိုက်၏။ဝှေ့ယမ်းလိုက်ပြီး ဓားအကွက်အနည်းငယ်ကစားပြလိုက်၏။"ဝါး"အယ်မလီလေး၏မျက်လုံးထဲ၌ သူ၏ဖခင်သည် အလွန်ခန့်ညားစွာဓားလွှဲရမ်းနေသည်ကို မြင်တွေ့နေရ၏။ဘယ်လိုကြည့်ကြည့် အမှန်တကယ်လည်း ကြည့်၍ကောင်းနေ၏။ဂျိတ်မှ ဓားကွက်အနည်းငယ်ကစားပြီးသည်နဲ့ ငါးအကြေးခွံအား ခြစ်ကာ ရှင်းလင်းလိုက်၏။ထို့နောက် ငါးအားပိုင်းချလိုက်၏။ပိုင်းရာတွင်လည်း ငါးခေါင်းအားအရင်ခုတ်ပြီးမှကိုယ်တစ်ခြမ်းစီဖြစ်အောင် ပိုင်းချလိုက်၏။ဓားချက်တစ်ချက်တည်းဖြင့် ငါးမှာနှစ်ပိုင်းဖြစ်သွား၏။နှစ်ပိုင်းဖြစ်သွားသည်နဲ့ ထိုငါးအပိုင်းနှစ်ပိုင်းပေါ်သို့ ဓားအားတင်ကာ ဓားဖြင့် ဖိချလိုက်၏။ ထိုအခါ ငါးအပိုင်းနှစ်ပိုင်းထဲ၌ ရှိနေသမျှသော ငါးအရိုးများသည် ဓား၏ဖိချက်နဲ့ကျွမ်းကျင်လှသောစားဖိုမှုး၏အစွမ်းကြောင့် အပြင်သို့ထွက်ခွာရလေ၏။အရိုးများကုန်စင်သွားသည်ဆိုမှ ဂျိတ်သည်ထိုငါးနှစ်ပိုင်းအားငါးအသားနဲ့ငါးအရေခွံဟူ၍ နှစ်မျိုးခွဲခြားလိုက်ပြန်၏။ခွဲခြားပြီးသည်နဲ့ ငါးအရေခွံအား ဖယ်ထားပြီးလျှင် ငါးအသားနှစ်ပိုင်းအား သေးငယ်ပြီးတူညီသောအစိတ်များဖြစ်အောင် လုပ်လိုက်၏။လုပ်ပြီးသွားသောအခါ ကြ က်ဥဖောက်ပြီးရောနှောထားသောမုန့်အနှစ်ထဲသို့ အတုံးတုံးလေးအဖြစ်လှီးပြီးသော ငါးအသားများအား နှစ်လိုက်၏။ငါးအရေခွံကိုလည်း နှစ်လိုက်၏။တစ်ချိန်တည်းမှာပင်ဒယ်အိုးသည် ပူလာပြီဖြစ်သောကြောင့်မုန့်အနှစ်များရွှဲနေသော ငါးအသားများ ဒယ်အိုးထဲသို့ထည့်ကာကြော်လိုက်တော့၏။"ရှဲ" ငါးအသားတုံးလေးများ ဆီနဲ့ထိတွေ့သောအခါ အသံထွက်ပေါ်လာ၏။ငါးအသားများနူးအိလာစေရန် ဂျိတ်မှဒယ်အိုးကိုအချိန်တစ်ခုထိကြာအောင် ထားကာကြော်၏။ထိုသို့ကြော်ရာတွင်လည်း ကြော်ထားသောငါးအသားများ အကျက်လျော့နည်းခြင်းနဲ့ အတူးလွန်ခြင်းမဖြစ်စေရန် ထိန်းသိမ်းရလေ၏။"ရပြီ"ဂျိတ်မှ မြန်ဆန်စွာပင် ဒယ်အိုးမှ ငါးအတုံးလေးများအားပန်းကန်အလွတ်တစ်ခုထဲသို့ထည့်လိုက်၏။ငါးအသားတုံးများထည့်ပြီးသောအခါ ငါးအရေခွံအားနောက်ဆုံးမှနေ၍အပေါ်သို့တင်လိုက်၏။ငါးအသားတုံးများပြီးသည်နဲ့ ဂျိတ်သည် စနစ်မှကြ က်သွန်ဖြင့်ပြုလုပ်ထားသော ဆော့ပုလင်းအား ထုတ်ယူလိုက်၏။ထို့နောက်ထိုဆော့ပုလင်းကို ထိုကြော်ထားသော ငါး အရေခွံငါးအသားများပေါ်သို့ တော်ရုံသင့်ရုံမျှလောင်းချလိုက်၏။"သမီး ရပြီ"ဂျိတ်မှ အယ်မလီလေးရှေ့သို့ ပန်းကန်ချပေးလိုက်ကာခက်ရင်းပေးလိုက်၏။အယ်မလီလေးကလည်းခက်ရင်းဖြင့် ငါးအသားတုံးလေးတစ်ခုအား ထိုးကာသူ၏ပါးစပ်ထဲထည့်လိုက်၏။"ဝါး ကောင်းလိုက်တာ"ငါးအသားတုံးအား ဝါးလိုက်သည်နဲ့ ငါးအသားတုံးအပြင်ပိုင်းသည် ကြွပ်ရွနေ၏။အပြင်ပိုင်းကြေသွားသည်နဲ့ငါး၏သက်တန့်ရောင်က အယ်မလီလေး၏ပါးစပ်မှထွက်ပေါ်လာ၏။ထိုအခိုက်တန့်ကြောင့် ဂျိတ်ပင်ပြုံးမိသွား၏။အပြင်ပိုင်းဝါးပြီးသောအခါ ငါး၏အတွင်းပိုင်းကိူ အယ်မလီလေးကိုက်မိ၏။ထိုအခါ မုန့်နှစ်ဖြင့်ကြော်ထားသော ငါး အသားတုံးသည် အပြင်ပိုင်းကြပ်ရွနေသလောက် အတွင်းပိုင်းသည် အလွန်နူးညံကြောင်း အယ်မလီလေးသိလိုက်၏။ငါးအသားတုံးသည် အရသာနှစ်မျိုးအားပေးစွမ်းနေနိုင်သည်။ထိုအရသာအား နောက်မှ လောင်းချလိုက်သော ဆော့က ထောက်ပံပေးလိုက်၏။စားကြည့်သောအခါငါး၏အရသာနှစ်မျိုးအား ဆော့မှထပ်မံဖြည့်စွက်လိုက်သောအခါ ဆိုဖွယ်မရှိတော့ပေ။ဂျိတ်လည်း တစ်တုံးမျှစားကြည့်၏။စားကြည့်သောအခါတွင်ကောင်းမွန်ကြောင်း တွေ့ရှိရလေ၏။"သမီး ဘာစားနေတာလဲ"အယ်လီနာမှ အိမ်ပေါ်မှဆင်းလာ၏။သူမသည် အလွန်မွှေးသောအနံရသောကြောင့် ဆင်းလာခြင်းဖြစ်ပြီး အိမ်အောက်၌ သမီးနဲ့ယောကျာ်းဖြစ်သူက တစ်ခုခုစားနေကြောင်းတွေ့လိုက်လေ၏။ ရယ်ချင်စရာအကောင်းဆုံးကား သူတို့၏ပါးစပ်မှသက်တန့်ရောင်များထွက်နေသည်ဖြစ်၏။"မီမီ လာစားကြည့်ဦး"အယ်မလီလေးမှ ပြောရင်း ငါးအသားတုံးများအား တစ်တုံးပြီးတစ်တုံးစားနေ၏။အယ်လီနာသည်လည်း သမီးဖြစ်သူစားနေမှုကြောင့် သူမသည်လည်း တစ်တုံးမြည်းကြည့်လိုက်၏။"အို အရသာရှိလိုက်တာ"အယ်လီနာသည် ငါး၏အရသာကောင်းမွန်မှုနဲ့ဆော့စ်နဲ့တွဲစပ်မှုကြောင့် ချီးကျူးမိလိုက်၏။ဂျိတ်သည် သမီးလေးနဲ့ဇနီးဖြစ်သူအား ကြည့်နေရင်း ရုတ်ခြည်းဆိုသလို မျက်မှောင်တစ်ချက်ကျုံသွား၏။"သမီးဒါကိုသမီးမေမေနဲ့စားပြီးရင် ရေခဲသေတ္တာထဲမှာဖေဖေ စတော်ဘယ်ရီရေခဲချောင်းထည့်ထားတယ်နော်""ဟုတ်" ရေခဲချောင်းဆိုသည်နဲ့ အယ်မလီမျက်လုံးတောက်ပသွား၏။ဂျိတ်လည်း အပြင်သို့ထွက်ရန်ကြံလိုက်သည်နဲ့"ရှင်ဘယ်သွားမလို့လည်း"အယ်လီနာမှ ဂျိတ်အားမေး၏။"ကိုယ် အရှုပ်ထုတ်လေးတွေရှင်းစရာရှိသေးလို့"ပြောပြီးသည်နဲ့ အိမ်အပြင်သို့ထွက်သွား၏။ဂျိတ်သည် စနစ်မှသတိပေးချက်ကြောင့် အိမ်နဲ့ကွာဝေးသော နေရာသို့သွားလိုက်၏။ထို့နောက် စနစ်မှလူတစ်ယောက်ဆင့်ခေါ်လိုက်၏။ဆင့်ခေါ်လိုက်သည်နဲ့ ထိုလူသည် ဂျိတ်အား ဦးညွတ်ကာ အရိုသေပြု၏။"မင်းတာဝန်က ဒီနားရောက်လာတဲ့ ဂိုဏ်းသားတွေကိုပညာပေးပါ""ကောင်းပါပြီ" ထိုလူသည် ဂျိတ်၏အမိန့်အားနာခံကြောင်းပြသကာ စောင့်ဆိုင်းနေလိုက်၏။ဂျိတ်သည်လည်း ဆင့်ခေါ်သောလူကိုထားခဲ့ကာ မိမိ၏အိမ်ထဲသို့ပြန်ဝင်လာခဲ့လေ၏။သူ၏အဖိုးတန်အချိန်များကို သမီးနဲ့ဇနီးဖြစ်သူအား ပေးရင်းဖြင့်အချိန်ကုန်ဆုံးမည်ဖြစ်၏။"ဝုန်းဝုန်း"မီးခိုးလုံးကြီးထသည့်ပမာ အဝေးမှထကြွလာ၏။ထိုမီးခိုးလုံးများသည် လူများစွာကအရှိန်ဖြင့် မြန်ဆန်အောင်ပြေးလာသောကြောင့်ဖြစ်ပေါ်လာကြခြင်းဖြစ်၏။ထိုပြေးလာသောသူများသည် ဒီယေဂိုမြို့သို့ဦးတည်လာနေကြ၏။သူတို့သည် တခြားသူများမဟုတ်ကြ။ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်အား ဂိုဏ်းအတွင်းခေါ်ဆောင်သွားရန်အကြံဖြင့် လာကြခြင်းဖြစ်၏။ပြောရလျှင် ဂိုဏ်းများမှလူများသည် ဒီယေဂိုမြို့သို့ရောက်ရှ်ိလာကြတော့မည်ဖြစ်၏။ထိုလူများကိုလည်း အမဲ၊အနီနဲ့အဖြူ ရောင်သာပါရှိသော လူတစ်ဦးကစောင့်ဆိုင်းလျက်ရှိ၏။ထိုလူသည် ဂျိတ်ဆင့်ခေါ်ထားသောသူပင်ဖြစ်လေတော့၏။

(246)

မြန်ဆန်စွာပြေးလွှားနေသောလူများက ဒီယေဂိုမြို့ဦးတည်လျက်ရှိ၏။သူတို့၏စိတ်ထဲ၌တစ်ခုသာရှိ၏။ဤသည်ကားဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်အား အရယူနိုင်ရန်ဖြစ်၏။"အော် ခင်ဗျားတို့ပါလား"ပြေးလွှားနေသောသူများထဲမှ တစ်ယောက်မှ စလေယာတို့ကိုမြင်သည်နဲ့လှမ်းအော်ပြောလိုက်၏။စလေယာတို့ကတော့အဖက်လုပ်ခြင်းမရှိဆက်လက်ပြေးလွှားနေ၏။သူမ၏နောက်တွင်လည်း အရှိန်ဖြင့်လိုက်လာသောလူစုလူဝေးကြီးလည်း ရှိနေသောကြောင့်ဖြစ်၏။ထိုအခိုက်၌"ဝီး........ဝီး" စကြာပျံများက ပြေးလွှားနေသောလူများထံရောက်ရှိလာ၏။ထိုစကြာပျံများသည် အလွန်မြန်ဆန်သောကြောင့် ပြေးလွှားနေသူများ မိမိတို့ကိုယ်ပိုင်လက်နက်များထုတ်သုံးပြီး ကာကွယ်လိုက်ကြ၏။ထိုစကြာများကို ကာကွယ်လိုက်သောကြောင့် သူတို့၏ပြေးလွှားလာသောအရှိန်များရပ်တန့်သွားကြ၏။"မင်းဘာလို့ ငါတို့ကိုတားဆီးရတာလဲ"လူအုပ်ကြီးမှ ထိုစကြာပစ်သောသူအား အော်ဟစ်လိုက်ကြ၏။စကြာပစ်သောသူသည် သူတို့နဲ့အနည်းငယ်သာဝေးကွာသောကြောင့် ပစ်သောသူအား မြင်နေကြရခြင်းလည်းဖြစ်၏။ပစ်လိုက်သောလူသည် အမဲ၊အနီနဲ့အဖြူရောင်သာပါ သောဝတ်ရုံအားဝတ်ဆင်ထား၏။သူ၏လက်၌လည်းလက်စွပ်တစ်ခုဝတ်ဆင်ထား၏။မျက်နှာပေါက်မှာ အေးဆေးပြီးတည်ငြိမ် သောအသွင်ပြင်ဆောင်၏။ရိုးရှင်းစွာပြောရလျှင် ခံစားချက်ကင်းမဲ့သောရုပ်ပုံစံလူဖြစ်၏။အရောင်သုံးရောင်ပါသောသူ၏ဝတ်ရုံသည် အမဲရောင်ကအများစုပါရှိနေပြီး ဝတ်ရုံတစ်ခုလုံးနီးပါးဖြစ်၏။အနီနဲ့အဖြူရောင်သည် တိမ်ပုံစံလေးပမာ ရှိ၏။"မင်းတို့က ဒီယေဂိုမြို့ဘက်ကို ဘာလို့ဒီလောက်အမြန်ပြေးလာကြရတာလဲ"စကြာပစ်သောသူမှ သူ၏လက်ထဲ၌ရှိသော စကြာကိုကြည့်ရင်းမေး၏။"ငါတို့လဲ မှီလာပြီ"စကြာကြောင့် ရပ်တန့်သွားသောလူအုပ်၏နောက်သို့နောက်ထပ်သောလူအုပ်ကြီးထပ်မံရောက်ရှိလာကြ၏။("လူစုံသွားပြီပဲ") စလေယာမှ ညီးတွားမိ၏။ကြည့်ရသည်မှာ ဂိုဏ်းအသီးသီးမှလူများသည် ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ကို အလျင်တဆောရရန်ဆန္ဒပြင်းပြနေကြပုံပေါ်၏။လူစုံသွားသောအခါအခွင့်အရေးမှာ နည်းလားပြီဖြစ်၏။"ဘာလို့ အဲ့ကောင်လေးကို ကြောက်နေပြီးရပ်နေကြတာလားညံတာ"လူတစ်ယောက်မှ ပြောပြောဆိုဆိုဖြင့် ရှေ့သို့ဆက်လက်ပြေးလွှား၏။ထိုအခါ ထိုလူထံသို့စကြာပျံများက စိုက်ဝင်လေတော့၏။"အား"ထိုလူသည် စကြာပျံများစိုက်ခံရကာ မလှုပ်ရှားနိုင်ဖြစ်သွား၏။"ဒီလူကဘာလားဟ" စလေယာ အံသြမင်သက်မိ၏။ပစ်လိုက်သောစကြာများသည်အပစ်ခံရသောလူ၏လှုပ်ရှားနိုင်သောအာရုံကြောဆိုင်ရာမှန်သမျှနေရာအား ပစ်ခတ်စိုက်ဝင်စေသောကြောင့်ဖြစ်၏။"ကျမက စလေယာ မိုင်းစ်(စိတ်ဝိညာဥ်)ဂိုဏ်းကပါ သွားခွင့်ပြုပါ အရေးကြီးကိစ္စရှိနေလို့ပါ"စလေယာမှ စကြာပစ်ခတ်သောလူအား ရိုသေ သမှုပြုကာပြောလိုက်၏။"မသွားခိုင်းနဲ့ သူမက ဆန်းကြယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်ကို သူတို့ဂိုဏ်းအပိုင်သိမ်းဖို့ကြံနေတာ"ထိုအသံဖြင့် လူတစ်စုသည် နောက်ဆုံးမှ ရောက်ရှိလာကြ၏။ထိုအခါ ဂိုဏ်းကြီးလေးဂိုဏ်းမှ လူများသည်စုဝေးသွားကြပြီဖြစ်၏။ဂိုဏ်းကြီးလေးဂိုဏ်း ဂိုဏ်းကြီးလေးဂိုဏ်း ဆိုသည်မှာ အလွန်ကြီးကျယ်ခမ်းနားလှသော တည်ရှိမှုအရာဖြစ်၏။ဂိုဏ်းတစ်ဂိုဏ်းစီ၏အင်အားသည် စွန်ရဲအင်ပါယာအားတန်းတူယှဥ်နိုင်၏။ဂိုဏ်းကြီးလေးဂိုဏ်းမှာ ဝင်းလ်(လေပြေဂိုဏ်း)၊မိုင်းစ်(စိတ်ဝိညာဥ်ဂိုဏ်း)၊ဒီမွန်ခေါ်သားရဲဂိုဏ်းနဲ့တိုက်ဂါး(ကျားဂိုဏ်း)တို့ဖြစ်ကြလေ၏။နောက်ဆုံးမှာ ရောက်လာသောသူသည် တိုက်ဂါးခေါ်ကျားဂိုဏ်းမှဖြစ်၏။စုစုပေါင်းအယောက်လေးဆယ်ရှိကာခေါင်းဆောင်နှစ်ဦးမှ အုပ်ချုပ်၏။သူတို့ကိုယ်တွင်လည်းကျားပုံစံတံဆိပ်များတပ်ဆင်ထားလေ၏။"အော် ဆန်းကြယ်တဲ့ကိုယ်ခန္ဓာပိုင်ရှင်ကိုလာရှာကြတာလား ဒါဆိုရင်တော့သွားခွင့်မပေးနိုင်ပါဘူးဗျာ"စကြာကိုင်ထားသောလူမှပြော၏။ထိုအခါ စလေယာသည်စိတ်ဆိုးသွား၏။သို့သော်လည်း သူမသည်ထိုလူအားမတိုက်ခိုက်ရဲပေ။ထိုလူ၏စစ်သည်အဆင့်မမြင်ရသည့်အပြင် အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟုခံစားရသောကြောင့်ဖြစ်၏။သူမ၏သိစိတ်ကိုလည်း သူမအမြဲယုံကြည်မှုရှိ၏။ထို့ကြောင့်စကြာကိုင်ထားသောလူအား မတိုက်ခိုက်ရဲရခြင်းလည်းဖြစ်၏။လက်ရှိ၌ စကြာကိုင်ထားသောလူ၏ရှေ့၌ ကျားဂိုဏ်းမှအယောက်လေးဆယ်ပါသောအဖွဲ့၊သားရဲဂိုဏ်းမှဆယ်ယောက်တစ်ဖွဲ့၊ဝင်းလ်(လေပြေဂိုဏ်း)မှအယောက်သုံးဆယ်ပါတစ်ဖွဲ့နဲ့မိုင်းစ်(စိတ်ဝိညာဥ်ဂိုဏ်း)ခေါ်စလေယာတို့အယောက်သုံးဆယ်ကတစ်ဖွဲ့စသည်ဖြင့် လေးဖွဲ့ရှိ၏။လူအရေတွက်အားဖြင့် တစ်ရာ့တစ်ဆယ်ရှိ၏။ထိုလူတစ်ရာ့တစ်ဆယ်သည် စကြာကိုင်ဆောင်ထားသောလူ၏ရှေ့၌ ရပ်တန့်နေကြရ၏။တစ်ရာ့တစ်ဆယ်သောလူများသည် အစက ငါးယောက်တစ်ဖွဲ့ ဆယ်ယောက်တစ်ဖွဲ့ဖြင့်လူစုခွဲလှုပ်ရှားနေကြသူများဖြစ်ကြပြီး ဒိီယေဂိုမြို့၌ ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်၏အော်ရာကိုရသောကြောင့်ပြေးလွှားလာကြပြီး တဖြေးဖြေးစုဝေးသွားကြပြီး ယခုလိုအားလုံးစုံညီသွားကြခြင်းလည်းဖြစ်၏။"မင်းဘယ်သူလဲ ဘကြောင့် ဒီမှာနေပြီးငါတို့ကိုတားဆီးပိတ်ပင်ရတာလဲ"ထိုအမေးကြောင့် စကြာကိုင်ထားသော အမဲ၊အနီအဖြူသုံးရောင်ပါရှိသောလူသည်"ငါလား ငါက ကိုနိုဟာလို့ခေါ်တဲ့သစ်ရွက်ရွာက နင်ဂျာတစ်ဦးပါ အာကာဆူကီအဖွဲ့ဝင်တစ်ယောက်ပေါ့ငါ့နာမည်ကတော့ အီတာချီ ""ကောင်းပြီ အီတာချီ မင်းကငါတို့လမ်းကိုပိတ်ထားမှတော့ဆိုးတယ်လို့မပြောနဲ့တော့"ဝင်းလ်(လေပြေဂိုဏ်း)မှ လူများက အီတာချီအားစတင်တိုက်ခိုက်လိုက်ကြ၏။အီတာချီကလည်း ထိုတိုက်ခိုက်ချက် များကို ရှောင်တိမ်းလိုက်၏။ရှောင်တိမ်းပြီးသည်နဲ့ အီတာချီသည် လက်ကွက်ပုံစံများဖော်လိုက်ပြီးလျှင်"မီးတောက်ပုံစံတိုက်ကွက်""ဝူး"အီတာချီ၏ပါးစပ်မှကြီးမားသောမီးတောက်ကြီးထွက်ပေါ်လာလေ၏။"ဟ"ထိုသို့ဖြစ်လာမည်ဟုမထင်မိသောကြောင့် ကျန်သောဂိုဏ်းများမှလူများက အံသြသွားကြ၏။အီတာချီသုံးသောနည်းသည် သူတို့တစ်ခါမှမမြင်ဖူးသောကြောင့်ဖြစ်၏။"အား"ဝင်းလ်(လေပြေဂိုဏ်း)မှလူများ ထိုမီးတောက်၏တိုက်ခိုက်မှုကိုခံစားလိုက်ကြရ၏။"အား" မီးတောက်မှပြင်းထန်လွန်းသောကြောင့် ဝင်းလ်မှလူများသည် မီးလောင်ဒဏ်ရာများရရှိသွားကြ၏။"ဒါဘာနည်းစနစ်လဲ"ဝင်းလ်မှလူများ၏မျက်လုံးများတောက်ပလာ၏။လက်ကွက်ပုံစံအနည်းငယ်ဖော်ပြီးသည်နဲ့ တိုက်ခိုက်၍ရနိုင်သောနည်းအား သူတို့အလွန်ပင်စိတ်ဝင်စားကြ၏။"မင်းရဲ့နည်းစနစ်ပေးရင် အေးအေးဆေးဆေးသေခွင့်ပြုမယ်"အခြေနေကား ပြောင်းလဲလာပြီဖြစ်၏။အစပိုင်း၌ကျော်ဖြတ်သွားရုံမျှသာဖြစ်သော်လည်း ယခုအခါ အီတာချီထံမှနည်းစနစ်များကို လိုလားတပ်မောလာကြပြီဖြစ်၏။"ဒီကောင်တွေသေတွင်းတူးနေတာပဲ"အီတာချီမှ လက်ကွက်ပုံစံမြန်ဆန်စွာဖော်ပြီးလျှင်"ဧရာမမီးတောက်ပုံစံ" အစောပိုင်း၌ထုတ်လွတ်လိုက်သော မီးတောက်ထက်အဆပေါင်းများစွာပိုကြီးပြီး ပို၍ပြင်းထန်သောမီးတောက်ကိုထုတ်လွှတ်လိုက်ခြင်းဖြစ်၏။"ရှောင်ကြဟေ့"ယခုမီးတောက်မှ အလွန်မင်းပြင်းထန်သောကြောင့် ကျန်သောဂိုဏ်းမှလူများပင် ဝေးကွာသောနေရာတစ်ခုထိနောက်ဆုတ်လိုက်ကြရ၏။သူတို့သည် ကူညီရန်စိတ်ကူးမရှိကြပေ။မီးတောက်ကြီးကြောင့် ဝင်းလ်မှလူများရှောင်တိမ်းလိုက်ကြ၏။ထိုသူများရှောင်တိမ်းလိုက်သည်နဲ့ အီတာချီသည်နောက်ထပ်လက်ကွက်ထပ်မံလုပ်ဆောင်ကာ"မီးတောက်များပစ်လွတ်ခြင်း"ဒီတစ်ခါတော့မီးတောက်များက သေးငယ်လာ၏။သို့သော်လည်း မီးတောက်ငယ်များသည် ပိုမိုများပြားလာပြီး လေပြေဂိုဏ်းမှလူများအားအသေးစိတ်ပစ်မှတ်ထားသလို တိုက်ခိုက်လိုက်ခြင်းဖြစ်၏။"လေပြင်းတိုက်ကွက်"လေပြေဂိုဏ်းမှလူများသည် လေနဲ့ပတ်သက်သောနည်းစနစ်များအား သိကျွမ်းကျင်ကြ၏။ထို့ကြောင့် အီတာချီပစ်လိုက်သော မီးတောက်များအား လေအစွမ်းဖြင့် လမ်းကြောင်းလွဲဲပြီး အီတာချီပြန်လည်ထိမှန်ခံရစေရန် လုပ်ဆောင်လိုက်ကြ၏။"အသုံးမဝင်ဘူး ရှာရင်းဂန်း""တီ.."အီတာချီ၏မျက်လုံးများက အနီရောင်အသွင်ပြောင်းလဲသွား၏။အနီရောင်မျက်လုံး၏အလယ်၌ အစက်သုံးစက်ပါသောအမှတ်သားရှိ၏။ ထိုမျက်လုံးပေါ်လာသည်နဲ့ လေပြေဂိုဏ်းမှလူများသည် ဘယ်နည်းစနစ်မှအသုံးပြုနိုင်ခြင်းမရှိတော့ပဲ ရပ်တန့်သွားကြရ၏။ထိုအခါ အီတာချီပစ်လွတ်လိုက်သောမီးတောက်များသည်လေပြေဂိုဏ်းမှလူများအား လောင်ကျွမ်းပစ်လိုက်လေတော့၏။"ဘယ်လိုလူမျိုးလည်း"အီတာချီကိုကြည့်ကာ ကျန်သောဂိုဏ်းများမှလူများ လန့်ဖြတ်နေကြ၏။အီတာချီသည် လက်ရှိ၌ အနီရောင်မျက်လုံးနဲ့ပုံစံအသွင်ရောက်ရှိနေ၏။ထိုပုံစံက ကြည့်မိလူတိုင်းအား ခြောက်ခြားတုန်လှုပ်စေနိုင်၏။လေပြေဂိုဏ်းမှလူများကိုလည်း သနားမိသွား၏။လေပြေဂိုဏ်းမှလူများသည် နာကျင်မှုကြောင့်အော်ဟစ်ခြင်းတုန်လှုပ်ခြင်းမရှိပဲ ကျောပ်ရုပ်သဖွယ်ငြိမ်သက်နေကာမီးတောက်များလောင်ကျွမ်းမှုကိုခံရပြီး သေဆုံးသွားကြပြီ ဖြစ်၏။လေပြေဂိုဏ်းမှ သုံးဆယ်လောက်လုံးသည်မီးလောင်ကျွမ်းကာ သေဆုံးသွားကြရပြီဖြစ်၏။"အားလုံး သူ့က်ိုပေါင်းတိုက်မယ်"ထိုအကြံကား ဂိုဏ်းသုံးဂိုဏ်းလုံးလက်ခံလိုက်ကြ၏။အီတာချီလုပ်ပြသွားသောလုပ်ရပ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောကြောင့်ဖြစ်၏။သူတို့သည် ဆန်းကြယ်ကိုယ်ခန္ဓာပိုင်ရှင်ကိုအလိုရှိကြရာ အီတာချီအား ဖြတ်နိုင်မှသူတို့ရမည်ဟု တပ်အပ်သိနေသောကြောင့်ဖြစ်၏။"ရှစ်ဆယ်ယောက်ကျန်သေးတာပဲ"အီတာချီပြောလိုက်၏။သူ၏အသွင်ပြင်သည် ယခင်လိုပင်အေးတိအေးစက်နဲ့သာဖြစ်၏။လက်ရှိ၌လူသုံးဆယ်သည်မီးလောင်သေ သွားပြီဖြစ်သော်လည်း သူ၏ပုံစံက မပြောင်းလဲပေ။ "အစွမ်းကုန်တိုက်ကြမယ်"ဂိုဏ်းသုံးဂိုဏ်းမှလူတိုင်းမိမိတို့၏အစွမ်းထက်လက်နက်များထုတ်လိုက်ကြပြီး အီတာချီဘက်သို့ချိန်ရွယ်လိုက်ကြ၏။"ကောင်းပြီ ဒါဆ်ိုတော့လဲ တိုက်ပွဲအစစ်မှန်စလိုက်ကြတာပေါ့"အီတာချီပြောပြီးသည်နဲ့ သူ၏အနီရောင်မျက်လုံးမှ အစက်သုံးစက်သည် အနည်းငယ်လှည့်သွား၏။ထိုသို့လှည့်သွားသည်နဲ့"အာ..အား...အား.အား"များပြားလှစွာသော ကျီးကန်းများသည် အီတာချီရှိရာနေရာသို့ရောက်ရှိလာကြ၏။ထိုကျီးကန်များသည် အီတာချီ၏အမိန့်တိုင်း တသွေမတိမ်းလိုက်နာမည့်ပုံစံလဲရှိ၏။ကောင်းကင်ယံ၌လည်း များပြားပြီးပျံသန်းနေသောကျီးကန်းများနဲ့ပုခုံးထက်၌ကျီးကန်းများနားနေသော အနီရောင် မျက်လုံးပိုင်ရှင်သည် ပိုမိုပြီးကြောက်မက်ဖွယ်ကောင်းလာသည်ဟု အားလုံးရင်ထဲခံစားမိလိုက်ကြ၏။"ကောင်းပြီ တိုက်ကြတာပေါ့"တိုက်ပွဲကားစတင်ခဲ့ပြီဖြစ်၏။

All Chapters