အခန်း (၂၄၇-၂၄၉)
Vol. 17 Ch. 247-249
(247)တိုက်ပွဲ(1)
"တိုက်ကြဟေ့"တိုက်ပွဲသံကား စတင်ခဲ့ပြီဖြစ်၏။အရင်ဆုံး အီတာချီကိုတိုက်ခိုက်လိုက်သူများက တိုက်ဂါးဂိုဏ်းမှလူများဖြစ်ကြ၏။တိုက်ဂါးဂိုဏ်းမှလူများသည် အနည်းဆုံးရွှေအဆင့်ခုနှစ်ဖြစ်ကြပြီးအဆင့်နှစ်ဆင့်ကျော်ကာ တိုက်ခိုက်နိုင်စွမ်းရှိသူများဖြစ်ကြ၏။တိုက်ဂါးဂိုဏ်းမှ ခေါင်းဆောင်နှစ်ယောက်မှလွှဲ၍ တစ်ဂိုဏ်းလုံးတိုက်ခိုက်ကြခြင်းဖြစ်၏။တိုက်ဂါးဂိုဏ်းမှလူများသည် ကျားနဲ့ပတ်သောသိုင်းပညာများစွာကို တတ်မြောက်ကြသူများဖြစ်ကြ၏။"သေပေတော့."အီတာချီအား ကျားရဲတိုက်ကွက်အသုံးပြုကာ ဓားဖြင့်ခုတ်ပိုင်းသူကခုတ်ပိုင်း ၊လှံဖြင့်ထိုးသူကထိုးလိုက်ကြ၏။ထိုသို့ဓားဖြင့်ခုတ် လှံဖြင့်ထိုးရာ၌ ကျားဟိန်းသံများကို ထင်ရှားစွာကြားရလေ၏။ထိုအခါ အီတာချီ၏ကိုယ်ထဲသို့ ဓားများလှံသွားများစိုက်ဝင်ကြလေ၏။"အခုကျတော့လဲ လွယ်လိုက်တာ"ကျားရဲဂိုဏ်းမှလူများ ရယ်မောလိုက်ကြ၏။"တစ်ခုခုတော့မှားနေပြီ"စလေယာအနည်းငယ်ကြောက်ရွံနေ၏။စလေယာတို့ဂိုဏ်းသည် စိတ်ဝိညာဥ်ဂိုဏ်းဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်း အရာ၌လွန်စွာအားနည်းပြီး စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေး၌တော့ ဆရာတစ်ဆူဖြစ်ကြလေ၏။ယခုအခြေနေ၌လည်း တစ်ခုခုများယွင်းနေကြောင်း သူမတပ်အပ်သိ၏။"ဟ ဘယ်လိုဖြစ်ပြီး"တိုက်ဂါးဂိုဏ်းမှလူများ လန့်သွားကြ၏။သူတို့ထိုးခဲ့ခုတ်ခဲ့သော လူနေရာ၌ ဓားများရာ လှံများစိုက်နေသော သစ်သားတုံးကြီးကိုသာမြင်တွေ့လိုက်ရသောကြောင့်ဖြစ်၏။"သေလိုက်တော့"ရုတ်ခြည်းဆိုသလို မြေကြီးထဲမှ အီတာချီထွက်ပေါ်လာပြီး တိုက်ဂါးဂိုဏ်းမှတစ်ယောက်အား တိုက်ခိုက်လိုက်၏။ အီတာချီသည် အစားထိုးဂျူဆုနည်းပညာကိုသုံးပြီး မြေကြီးထဲဝင်နေလိုက်ခြင်းဖြစ်၏။ ထို့နောက်မှမြေကြီးထဲမှ ထွက်ပေါ်လာကာတိုက်ခိုက်လိုက်ခြင်းဖြစ်၏။"တိုက်ကြ"တိုက်ဂါးဂိုဏ်းမှ လူများသည် အလစ်ငိုက်တိုက်ခိုက်ခြင်းကြောင့် ခံလိုက်ရ၏။ထိုအလစ်ငိုက်တိုက်ကွက်ကြောင့် တိုက်ဂါးဂိုဏ်းမှလူနှစ်ယောက် ရှောသွားလေတော့၏။အီတာချီသည် နင်ဂျာတစ်ယောက်ဖြစ်ပြီး တိုက်ဂါးဂိုဏ်းမှ လူများသည် စစ်သည်တော်များဖြစ်ကြ၏။နင်ဂျာတစ်ယောက်မည်သည်မှာ လှုပ်ရှားမှုပိုင်းဆိုင်ရာ၌လွန်စွာမှပင်မြန်ဆန်သည်ဖြစ်၏။အီတာချီသည် မိမိအားတိုက်ခိုက်သမျှအား ရှောင်တိမ်းကာအခွင့်ရေးရသည်နဲ့ပြန်လည်တိုက်ခိုက်တတ်၏။တိိုက်ဂါးဂိုဏ်းမှလူများသည် ရေထဲမှငါးအားတိုက်ခိုက်နေရသည့်ပမာဖြစ်နေကြ၏။ ကျန်သော သားရဲဂိုဏ်းနဲ့စိတ်ဝိညာဥ်ဂိုဏ်းက ပါဝင်ချင်းမရှိသေးပေ။သားရဲဂိုဏ်းမှလူများသည် သူတို့၏သားရဲများကိုစာလိပ်များမှထုတ်ယူနေချိန်လည်းဖြစ်သလို စိတ်ဝိညာဥ်ဂိုဏ်းကလူများကလည်း အစီရင်များပြင်ဆင်နေကြ၏။ထို့ကြောင့် တိုက်ဂါးဂိုဏ်းကလူများသာ တိုက်ခိုက်နေခြင်းဖြစ်၏။"နှေးလွန်းတယ်"အီတာချီသည် တိုက်ဂါးဂိုဏ်းမှ ချာကရာတိုက်ခိုက်မှုများ၊ဓားများ၊လှံများကို ရှောင်တိမ်းနေ၏။အီတာချီ၏မှတ်ချက်ကြောင့် တိုက်ဂါးဂိုဏ်းမှလူများသည် ပိုမိုဒေါပွသွားကြသလိုအစွမ်းကုန်တိုက်ခိုက်လိုက်ကြ၏။"ဝေါင်း"ကျားရဲဟိန်းဟောက်သံတိုက်ကွက်ကိုအသုံးပြုခြင်း ထိုသိုင်းကွက်များအသုံးပြုလိုက်ပါက အသုံးပြုသောသူသည်ကျားရဲတစ်ကောင်လို အစွမ်းထက်လာပြီး တိုက်ကွက်များသည် ကျားရဲတစ်ကောင်လို ရက်စက်ကြမ်းကြုတ်လာမည်ဖြစ်၏။အရှိန်မြန်ဆန်နှုန်းကလည်းတိုးတက်လာသလို ကျားရဲတစ်ကောင်လို ခွန်အားများဆင့်ကဲတိုးတက်လာမည်ဖြစ်၏။သို့သော်လည်း အီတာချီ၏ရှာရင်းဂန်းအောက်၌ ထိုအရာများကအသုံးမဝင်နေပေ။မည်မျှသန်မာသည်ဖြစ်စေမြန်သည်ဖြစ်ပါစေ ပစ်မှတ်အားထိခိုက်အောင်တိုက်ခိုက်နိုင်ခြင်းမရှိပါကအလကားသာဖြစ်၏။ယခုလည်း တိုက်ဂါးဂိုဏ်းသည် အီတာချီအားထိမှန်အောင်တိုက်ခိုက်နိုင်ခြင်းမရှိပေ။"နှေးတယ်"အီတာချီကတော့ ထိုစကားသာပြော၏။မည်မျှပင် မြန်ဆန်နေပါစေ ရှာရင်းဂန်းမျက်လုံး၏အောက်တွင် အရာရာသည်နှေးကွေးနေဆဲဖြစ်၏။တိုက်ဂါးဂိုဏ်း၏တိုက်ခိုက်မှုများ အ နှေးကွက်များပြသနေသလိုပင်ဖြစ်နေသောကြောင့် အီတာချီမှမြန်ဆန်စွာရှောင်တိမ်းပြီး အမှောက်သိပ်လိုက်၏။ရှာရင်းဂန်းသည် ရန်သူ၏တိုက်ကွက်များကို အနှေးသဖွယ်မြင်ရပြီး တစ်ချိန်တည်း၌ရန်သူများစွာ၏လှုပ်ရှားမှုများကိုမြင်တွေ့ခန့်မှန်းနိုင်ရာ ရန်သူများအတွက်လွယ်ကူသည်မဟုတ်ပေ။"မိပြီကွ"တိုက်ဂါးဂိုဏ်းမှတစ်ယောက်မှ အီတာချီ၏ရင်ဝသို့လှံဖြင့်ထိုးချလိုက်၏။"ဟင်"ရင်ဝသို့ထိုးမိသောအခါ သွေးများပန်းထွက်လာခြင်းမရှိပဲ အီတာချီတစ်ကိုယ်လုံး ကျီးကန်းများအသွင်ပြောင်းလဲသွားတော့၏။"အားး..အား..အား" ကျီးကန်းများ၏ပျံသန်းဝန်းရံမှုများက တိုက်ဂါးဂိုဏ်းအားခေါင်းစားစေခဲ့၏။အီတာချီမည်သ်ို့ပျောက်ကွယ်သွားသနည်း။ကျီးကန်းများက သူတို့ဘေးနဘီဝဲယာ၌ပျံသန်းသွားလာနေကြ၏။"မင်းအနောက်မှာ"တိုက်ဂါးဂိုဏ်းမှ လူက သူ၏လူအား သတိပေး၏။သို့သော်လည်း နောက်ကျခဲ့လေပြီ။သတိပေးခံဏသောလူ၏ကျီးကန်းများက အီတာချီပြန်လည်ဖြစ်တည်လာပြီးတိုက်ခိုက်သတ်ဖြတ်ပစ်လိုက်၏။"အင့်"ထိုလူသည် တစ်ခါတည်း သေပွဲဝင်သွားရပြီဖြစ်၏။အီတာချီ၏တိုက်ကွက်များ ရပ်တန့်သည်ပုံမပေါ်ပေ။"မီးတောက်တိုက်ကွက်" အီတာချီလေထဲခုန်လိုက်ပြီးသည်နဲ့ မီးလုံးများကို တိုက်ဂါးဂိုဏ်းမှ လူများထံပစ်လွတ်လိုက်၏။ထိုမီးလုံးများအား တိုက်ဂါးဂိုဏ်းမှလူများကာကွယ်လိုက်သည်။စင်စစ်ကား ထိုမီးလုံးများသည်အယောင်ပြသာလျင်ဖြစ်ပေ၏။တကယ့်တိုက်ခိုက်မှုကား စကြာလက်နက်ပုန်းများဖြစ်၏။"အား"တိုက်ဂါးဂိုဏ်းမှများဆက်တိုက်ဆိုသလို သေဆုံးကြပြန်၏။"တောက်"တိုက်ဂါးဂိုဏ်းမှ ခေါင်ဆောင်နှစ်ယောက်ပါတိုက်ပွဲထဲဝင်ရောက်လာ၏။မဝင်၍မရတော့ ကြာနေပါကသူတို့လူများပါ ဆက်လက်သေကြေတော့မည်ဖြစ်၏။"ကျနော်တို့ ပါလာပြီ." သားရဲဂိုဏ်းမှာ သားရဲများပါ တိုက်ပွဲအတွင်းသို့ဝင်ရောက်လာကြ၏။ထိုအခါ တိုက်ပွဲမျှခြေသည်ပြောင်းလဲလာသည်ဖြစ်၏။"အို ဒါဆိုတော့လည်း"အီတာချီမှ တိုက်ခိုက်မှုများကိုရှောင်တိမ်းရင်း သစ်ပင်မြင့်တစ်ခု၏ကိုင်းတစ်ခု၌ရပ်တန့်နေလိုက်၏။"ရှာရင်းဂန်းအစွမ်းလေးနဲ့မိတ်ဆက်ပေးပါရစေ.ပြောလိုက်သည်နဲ့ အီတာချီ၏မျက်လုံးမှအစက်သုံးစက်သည် ရွေ့လျားလာ၏။"ဂန်ဂျစ်ဆု(ပုံရိပ်ယောင်စိတ်ပညာ)genjutsu."အီတာချီသည် ဂန်ဂျစ်ဆုအားထုတ်သုံးလိုက်ပြီဖြစ်၏။တကယ့်အစစ်မှန်စွမ်းရည်ကို အီတာချီထုတ်ဖော်လိုက်ပြီဖြစ်၏။
(248)
ထိုအခိုက်တန့်မှာပင် စိတ်ဝိညာဥ်ဂိုဏ်းမှာ စလေယာ၏ဦးဆောင်မှုဖြင့် တိုက်ကွက်တစ်ခုစတင်လိုက်ပြီး အီတာချီအားတိုက်ခိုက်လိုက်၏။တိုက်ခိုက်သောအခါ သူတို့လက်၌ပတ်ထားသောလက်ဝတ်တန်ဆာများအား မိမိတို့၏ချာက္က ရာများဖြင့်အသက်သွင်းရ၏။အသက်သွင်းပြီးသောအခါမှ မိမိတို့ကျင့်စဥ်အတိုင်းလိုက်နာပြီး ရန်သူအားတိုက်ခိုက်နိုင်ပြီဖြစ်၏။တိုက်ခိုက်သောအခါ သူတို့၏အပေါ်၌ ပုံရိပ်ယောင်အသွင်ရှိသော အပြာရောင်မျက်လုံးကြီးတစ်လုံးဖြစ်တည်လာ၏။"ပုံရိပ်ယောင်တိုက်ခိုက်ခြင်း"စိတ်ဝိညာဥ်တိုက်ခိုက်ခြင်းဆိုသည်မှာကိုယ်တွင်းချာက္က ရာလည်ပတ်မှုကို ဖြတ်တောက်ဖြစ်ခြင်းပင်ဖြစ်၏။ဦးနှောက်မှာကိုယ်ခန္ဓာကိုအချက်လွှတ်မှု သို့မဟုတ် ကိုယ်ခန္ဓာမှ ပေးပို့သောအချက်ပြမှုသည် ဦးနှောက်သို့မရောက်တော့ခြင်းပင်ဖြစ်၏။ စိတ်ဝိညာဥ်ဂိုဏ်းမှာ စိတ်ပိုင်းဆိုင်ရာ၌အကျွမ်းကျင်ဆုံးဖြစ်ပြီး ယခုလည်း အယောက်သုံးဆယ်သောပေါင်းစည်းမှုဖြင့် အီတာချီအား တိုက်ခိုက်လိုက်၏။သူတို့တစ်ယောက်စီတိုင်းသည် အလွန်ထက်မြက်သူများဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ရာ၌ ကျွမ်းကျင်သူများဖြစ်ကြ၏။သူတို့ပေါင်းစည်းသောအခါ အီတာချီအားအလွယ်တကူအနိုင်မည်ဟု စလေယာယုံကြည်ထားမိ၏။ထို့ကြောင့်လည်းတိုက်ခိုက်လိုက်သည်ဖြစ်၏။ဖြစ်တည်လာသောအပြာရောင်မျက်လုံးသည် အီတာချီအားချိန်ရွယ်ကာ အပြာရောင်အလင်းတန်းတစ်ခုပစ်ခတ်လိုက်၏။ထိုအလင်းတန်းအပစ်ခံရသူသည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ပြင်းထန်စွာခံစားရမည်ဖြစ်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာဆက်သွယ်မှုအား ဆုံးရှုံးရတော့မည်ဖြစ်၏။တနည်းပြောရ သော်လည်း ရှင်သော်လည်း သေသူအဖြစ်ပြောင်းလဲသွားပြီဖြစ်၏။"ဂျိန်း"ထိုတိုက်ကွက်ကြောင့် အီတာချီ၏ရှာရင်းဂန်းအသက်ဝင်မှုမှာတုံ့ဆိုင်းသွား၏။ထိုအခု စလေယာမှာအလွန်ပျော်ရွှင်သွား၏။"သက်ရောက်နေပြီ..ဟင်..ဘယ်လိုဖြစ်ပြီး"စလေယာပြန်လည်ကြောက်ရွံသွား၏။အီတာချီသည် သူတို့ဂိုဏ်းအယောက်သုံးဆယ်၏စုပေါင်းတိုက်ခိုက်မှုအား တစ်စက္က န့်တည်းချေဖျက်ပြသသွားသောကြောင့်ဖြစ်၏။ဆိုလိုရင်းမှာ သူတို့၏စုပေါင်းတိုက်ကွက်သည်အီတာချီအပေါ်၌တစ်စက္က န့်သာသက်ရောက်မှုရှိသည်ဖြစ်၏။ဒါကတော့လွန်ကဲသွားပြီဖြစ်၏။ကြမ်းပါပေ့ဖြစ်သော သူတို့၏တိုက်ကွက်သည် အလွန်ညံဖျင်းနေသောကြောင့်ဖြစ်၏။ သူတို့က ညံရသည်မဟုတ်ပဲ သူတို့ရင်ဆိုင်ရသောလူကအလွန်ကြမ်းနေသောကြောင့်ဖြစ်၏။ထိုတစ်စက္က န့်ဟူသောအချိန်ပြီးသည်နဲ့ရှာရင်းဂန်း၏အကျိုးသက်ရောက်မှုစတင်လာသည်ဖြစ်၏။"သူရဲ့မျက်လုံးကိုမကြည့်ကြနဲ့"စလေယာမှမြန်ဆန်စွာအော်ကာ သူမမျက်လုံးအားမှိတ်လိုက်၏။ကျန်သောစိတ်ဝိညာဥ်ဂိုဏ်းသားများကလည်းမြန်ဆန်စွာ လိုက်နာလိုက်ကြ၏။"အာ"လူတိုင်းတော့လွတ်နိုင်ခြင်းမရှိရာ ကျန်သောသူများကတော့ငြိမ်သက်သွားတော့၏။ငြိမ်သက်ပြီးသည်နဲ့ လူများပြန်လည်လှုပ်ရှားလာကြ၏။ထို့နောက် သူတို့၏လက်ထဲမှာ ဓားများလှံများကို လေပေါ်မြှောက်ကာ ခုတ်လိုက်ကြ၏။"အား" စိတ်ဝိညာဥ်ဂိုဏ်းမှကောင်မလေးတစ်ယောက်မှ ထိုမြင်ကွင်းကိုမြင်သွားသောကြောင့် ကြောက်လန့်ကာအော်ဟစ်မိလိုက်၏။ထိုကောင်မလေး ဘာကြောင့်ကြောက်လန့်ပြီးအော်ဟစ်နေရသနည်း။အကြောင်းရင်းရှိ၏။ထိုအကြောင်းရင်းကားဂိုဏ်းသားများသည် အနီးနား၌ရှိကြသော ဂိုဏ်းသားအချင်းချင်းပြန်လည်ခုတ်ထစ်နေကြသောကြောင့်ဖြစ်၏။"ဒုတ်...."အချင်းချင်းဓားဖြင့်သော်လည်းကောင်း လှံဖြင့်လည်းကောင်း ထိုးချခုတ်နေကြ၏။ထိုးကြခုတ်ကြသောကြောင့် သူတို့၏သွေးများမှာ ပန်းထွက်လာကြ၏။ထို့ပြင်ဓားချက်များလှံချက်များကြောင့် သူတို့ကိုယ်ခန္ဓာမှာ ခုတ်ရာထိုးရာများဖြစ်ပေါ်လာပြီး ထိုဒဏ်ရာဒဏ်ချက်များမှ သွေးများ ဒလဟောဆင်းကျနေသလို ကိုယ်တွင်းအရိုးများလည်းအပြင်သို့ထိုးထွက်လာတော့၏။ ငေါထွက်နေသောအရိုးများ သွေးများက ဖြာဆင်းနေသော်လည်း ဓားနဲ့လှံနဲ့ခုတ်သူများက ဆက်လက်ခုတ်နေကြဆဲပင်။သူတို့ကိုယ်ခန္ဓာအခြေနေမှာအလွန်ပင် ဆိုးဝါးနေသော်လည်းသူတို့၏မျက်နှာအမူရာသည်ပြောင်းလဲသွားခြင်းမရှိပေ။ဓားလှံများဖြင့် ဆက်လက်ထိုးခုတ်နေကြ၏။ဓားလှံများမရှိသောသူဆိုလျှင်အခြေနေကား ပို၍ဆိုးဝါး၏။လက်ချည်းသက်သက်ဖြင့် တစ်ဖက်လူ၏ကိုယ်တွင်းသို့ထိုးဖောက်ပြီး နှလုံးကိုထုတ်လိုက်၏။ထို့နောက် မိမိလက်ထဲ၌သွေးသံတရဲရဲခုန်နေသော နှလုံးကို ခြေမွပြီးလျှင် နောက်လူအား ဆက်လက်တိုက်ခိုက်နေပြန်၏။သားရဲဂိုဏ်းမှလူများလည်း အခြေနေဆိုး၏။ရှာရင်းဂန်းကြောင့် သူတို့သားရဲများသည် ထိန်းချုပ်ခံရသောအခြေနေမှလွတ်ကုန်၏။ထိုအခါ သားရဲများသည် မိမိတို့အားထိန်းချုပ်ခဲ့သော ပိုင်ရှင်များအား ပြန်လည်သတ်ဖြတ်စားသောက်ကြတော့၏။ ဤအဖြစ်ပျက်များသည် ရှာရင်းဂန်းကိုကြည့်မိလိုက်သောသူ၏သက်ရောက်ခံရမှုများပင်ဖြစ်၏။သေဆုံးသွားသောသူများသည် မိမိကိုယ်ကို ဘာဖြစ်မှန်းပင်မသိလိုက်ကြပေ။ထိုဖြစ်ရပ်အား အီတာချီသည် ငြိမ်သက်စွာကြည့်နေ၏။ကြောက်ရွံခြင်းမရှိသလို ပျော်နေခြင်းလည်းမရှိပေ။စလေယာတို့ဖက်အား သူ၏မျက်နှာလှည့်ထား၏။"ငါ့ကိုမှ စိတ်ပုံရိပ်ယောင်တိုက်ခိုက်ရဲတယ်ဆိုမှတော့ မင်းတို့အလှည့်ပေါ့"အီတာချီ၏စကားကြောင့် စလေယာတို့သည်အီတာချီကို မိမိတို့မှမမြင်ရစေရန် မျက်စိအား ကာကွယ်လိုက်ကြ၏။"အသုံးမဝင်ဘူး"အီတာချီမှပြောလိုက်၏။စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်ခြင်းသည် အီတာချီ၏အကျွမ်းကျင်ဆုံးသောအပိုင်းဖြစ်သည့်အပြင် နည်းမျိုးစုံသုံးစွဲကာ တိုက်ခိုက်နိုင်စွမ်းကိုလည်းပိုင်ဆိုင်ထား၏။စလေယာ ကြောက်လန့်တုန်လှုပ်သွား၏။အဘယ်ကြောင့်ဆိုသော် သူမသည် လက်ရှိ၌ သူမကိုယ်တိုင် သံတိုင်ပေါ်၌လက်ထိတ်ခံရပြီး တွဲလောင်းဖြစ်နေသောကြောင့်ဖြစ်၏။"သွားပြီ ဘယ်လိုလုပ်ပြီး"ကြောက်လန့်တုန်လှုပ်သွား၏။သူမသည် အီတာချီအားမကြည့်မိစေရန် ကာကွယ်လိုက်သောလည်း ယခုအခါ စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုအခြေနေထဲ ရောက်ရှိနေပြီဖြစ်၏။သူမ မသိသည်ကား အီတာချီထံ၌ မျက်လုံးကိုမကြည့်လျှင်လည်း ပုံရိပ်ယောင်ပညာ၌နှစ်မြောစေအောင် နည်းအမျိုးမျိုးဖြင့်စွမ်းနိုင်သည်ဆိုသည်ကိုပင်ဖြစ်၏။"ဒါတွေက ပုံရိပ်ယောင်ပဲ ငါချိုးဖျက်နိုင်ရမယ်" စလေယာအသက်ဝဝရှုလိုက်ပြီး စတင်ချိုးဖျက်လိုက်၏။အချိန်မှာ ငါးမိနစ်၊ဆယ်မိနစ်အထိကြာသွားသော်လည်းဘာမှဆက်မဖြစ်လာပေ။"မဖြစ်နိုင်ဘူး "စလေယာ သေလုမတတ်ကြောက်ရွံလာ၏။အတင်းချိုးဖျက်သော်လည်း ယခုထိပုံရိပ်ယောင်ထဲမှ မရုန်းထွက်နိုင်သေးသောကြောင့်ဖြစ်၏။သူမသည် ထိုအတတ်ပညာ၌ ပါရမီရှင်ဟုထင်သော်လည်း ယခုအခါ လုံးဝနားမလည်သောကလေးသူငယ်လိုဖြစ်နေရရှာ၏။သူမ ပုံရိပ်ယောင်ထဲမှမထွက်နိုင်သည်မှာ အချက်နှစ်ချက်သာရှိ၏။ပထမအချက်သည် သူမသည် အလွန်အားနည်းသောကြောင့်ဖြစ်၏။ထိုအချက်သည်အလွန်ပင်မဖြစ်နိုင်ပေ။သူမသည် ပလက်တီနမိအဆင့်ခုနှစ်ထိရောက်ထားသူဖြစ်ရာအလွန်အားနည်းနေခြင်းကမဖြစ်နိုင်ပေ။နောက်တစ်ချက်သာရှိ၏။ ထိုအချက်ကား ရန်သူသည် မိမိထက်အားကြီးအစွမ်းကြီးသောသူ သို့မဟုတ် ပုံရိပ်ယောင်ပညာ၌ဆရာတစ်ပါးသာဖြစ်သည်။ထိုအခိုက် ၌"အပြစ်သားတွေကိုအပြစ်ပေးမယ်"အီတာချီနဲ့လုံးဝချွတ်စွပ်တူငါးယောက်မှ သူမအနားနီးရောက်လာပြီး သူတို့ကိုင်ဆောင်လာသော လက်နက်များဖြင့်စတင်ညှင်းပန်းနှိပ်စက်တော့၏။"အား"သူမ ငရဲကမ္ဘာက်ိုစတင်ခံစားသိရှိလိုက်ရပြီဖြစ်၏။အီတာချီငါးယောက်မှ သူမအား နည်းအမျိုးမျိုးဖြင့် နှိပ်စက်နေကြ၏။လက်နက်အမျိုးမျိုးဖြင့် အချိန်ခေတ္တ အနားပေးခြင်းမရှိနှိပ်စက်ကြ၏။ သူမ ပိုမိုကြောက်ရွံရုံတင်မကရူးချင်စိတ်သေချင်စိတ်အထိရောက်ရှိလာ၏။ပုံရိပ်ယောင်တိုက်ခိုက်မှုများသည် အမှန်ကန်မဟုတ်သောကြောင့်နာကျင်မှုမရှိပေ။စိတ်မှထင်မှတ်သောကြောင့်သာနာကျင်မှုကိုခံစားကြရသည်ဖြစ်၏။ထိုအချက်အတိုင်း စလေယာလိုက်နာ၏။သို့သော်လည်း အီတာချီ၏ပုံရိပ်ယောင်၌ ခံစားနေရသောနာကျင်မှုများသည် လုံးဝအစစ်မှန်ဖြစ်ကြောင်း သူမ သိလိုက်၏။"အား"ပုံရိပ်ယောင်ကမ္ဘာ၌ စလေယာ၏အော်သံကား ဆက်တိုက်ပြန့်လွင့်နေ၏။"ယား"ကြောက်လန့်စရာကောင်းအောင် အသံကြီးဖြင့် လူနှစ်ယောက်စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှ ရုန်းထွက်လာနိုင်ခဲ့၏။ထိုလူနှစ်ယောက်သည် ကျားရဲဂိုဏ်းမှခေါင်းဆောင်နှစ်ယောက်ဖြစ်၏။ပလက်တီနမ်အဆင့်ကိုးရှိ နှစ်ယောက်ဖြစ်ရာ စိတ်ဓာတ်သန်မာပြီးအစွမ်းထက်သောကြောင့် ခေတ္တ အတွင်းရုန်းထွက်လာနိုင်ခဲ့၏။သို့သော်လည်း သူတို့သည် စိတ်ပိုင်းဆိုင်ရာအတော်လေးထိခိုက်ခဲ့ရသည်ဖြစ်၏။"မဆိုးဘူး"အီတာချီသည် ထိုနှစ်ယောက်အား နောက်ထပ်တိုက်ခိုက်ခြင်းမပြုပဲ ဆက်လက်ကြည့်၍သာနေ၏။"အား...ဟောဟဲ"နောက်ထပ်နှစ်ယောက်လည်း လွတ်မြောက်လာပြန်၏။သူတို့သည် သားရဲဂိုဏ်းမှလူများဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုက လွတ်မြောက်လာခြင်းမဟုတ်သော်လည်း မိမိတို့အားတစ်စစီဆွဲဖြဲစားသောက်နေသော သားရဲအုပ်ကိုသတ်ပြီးမှကျန်ရစ်ရှင်သန်မှုများဖြစ်၏။သူတို့ကိုယ်တွင်လည်းသားရဲများ၏ကိုက်ရာ ကုတ်များကြောင့် ဒဏ်ရာများသာမကအရိုးများပင်မြင်နေရပြီဖြစ်၏။ "ဟောဟဲ"နောက်ဆုံး လွတ်မြောက်သူကတော့ စလေယာသာဖြစ်၏။သူမသည် ဂိုဏ်းကပေးအပ်သော အသက်ကယ်အစီရင်ကြောင့် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမှလွတ်မြောက်လာခဲ့လေ၏။စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ခံရသည်နဲ့ ထိုအစီရင်မှ စလေယာအား ကယ်တင်ခြင်းပြု၏။သို့သော်လည်းအစီရင်မှ ကယ်တင်သည်က အပြင်၌ အချိန်နှစ်စက္က န့်သာကြာညောင်းလည်း စလေယာသည် တစ်ပတ်စာမျှသောညှင်းပန်းနှိပ်စက်မှုဒဏ်ကိုခံလာရသည်ဖြစ်၏။"ဟင်.."စလေယာငိုကြွေးလိုသော်လည်း အသံမထွက်သလိုမျက်ရည်လည်းမကျနိုင်ပေ။သူမကလွှဲလျှင် ကျန်သော သူမ၏ဂိုဏ်းသားများသည် မတ်တပ်ရပ်နေရင်းတန်းလန်းဖြင့်ကျောက်ရုပ်ကဲ့သို့ငြိမ်သက်နေကာ မျက်လုံးမှ သွေးများကျဆင်းကာအသက်ကုန်နေကြပြီဖြစ်၏။ "မဆိုးဘူး ငါးယောက်တောင်အသက်ရှင်တယ်"အီတာချီမှပြော၏။ထို့နောက်"မင်းတို့ငါးယောက် ချက်ချင်းငါ့ရှေ့ကနေပြန်လှည့်ပြီးပြန်တော့ မဟုတ်ရင် သေရမယ်"ထိုစကားကြောင့် စလေယာနဲ့ကျန်သောလေးယောက်သည်တစ်ချိုးတည်း ပြေးကုန်ကြ၏။နောက်ပင်လှည့်မကြည့်ကြပေ။များပြားလှသောဂိုဏ်းသုံးဂိုဏ်းမှလူများမှ ငါးယောက်သာ အသက်ရှင်ပြီး ကျန်သောလူမှန်သမျှမှာ သေပွဲဝင်ကြရပြီဖြစ်၏။ထိုအဖြစ်ပျက်ကို အီတာချီမှ ဒီအတိုင်းသာကြည့်နေ၏။သူ၏မျက်နှာသည် ပြေးသွားသောငါးယောက်ကိုသာ ကြည့်ရှု၍နေနေတော့၏။
(249)
ဂိုဏ်းသုံးဂိုဏ်းမှ ကျန်ရစ်သောငါးယောက်သည်အသားကုန်ပြေးသွားသောအခါမှ အီတာချီသည် ပြန်လှည့်လိုက်၏။သူလှည့်လိုက်သောနေရာသည် ကျန်သောဂိုဏ်းလေးဂိုဏ်းမှသေဆုံးနေသောလူများ လဲကျနေသောနေရာဖြစ်၏။သေဆုံးနေသည်က နေရာအနှံအပြား၌ သေနည်းပုံစံအမျိုးမျိုးဖြင့် သေနေကြသည်ဖြစ်၏။ထိုအခါ အီတာချီသည် လက်ကွက်ပုံစံအနည်းငယ်ဖော်လိုက်ပြီးလျှင်"လေသိုင်းကွက် စုဝေးခြင်း"ထိုအခါ နေရာအနှံ၌ပြန့်ကျဲနေသော လူသေအလောင်းများကိုယ်ခန္ဓာအစိတ်ပိုင်းများသည် တစ်နေရာတည်း၌စုဝေးပုံ လျက်ရှိသွားတော့၏။ထိုအခါ နောက်ထပ်လက်ကွက်ပုံစံအနည်းငယ်ဖော်ကာ"မီးတောက်ထုတ်လွှတ်ခြင်း"ပါးစပ်မှမီးတောက်ထုတ်လွတ်လိုက်ပြီး ထိုစုပုံနေသောလူသေအလောင်းများ မီးရှို့ပြာချပစ်လိုက်တော့၏။ထိုအခါအီတာချီ၏ဘေး၌ တံခါးတစ်ချပ်ပေါ်ပေါက်လာ၏။ထိုတံခါးကို ဖွင့်ကာ အီတာချီသည် ပြန်သွားလေတော့၏။ထိုတံခါးပေါက်သည် ဂျိတ်စနစ်မှအဆင့်ခေါ်သောအခါ ဆင့်ခေါ်ခံရသူများ ဝင်ထွက်သွားလာနိုင်သော အချိတ်ဆက်နေရာတံခါးပင်ဖြစ်၏။"အီတာချီသည် ရန်သူများအားတားဆီးပြီး ပြန်သွားပါပြီ"ဂျိတ်သည် စနစ်၏အသိပေးချက်ကို ကြားလိုက်ရ၏။အီတာချီသည် တိုက်ခိုက်ရေး၌အလွန်ကျွမ်းကျင်သော နင်ဂျာတစ်ယောက်ဖြစ်ကြောင်း နဂိုကတည်းက ယုံကြည်ပြီးသား ဖြစ်၏။စိတ်ပုံရိပ်ယောင် ဂန်ဂျစ်ဆု၌ ပြိုင်သူကင်းမဲ့လောက်အောင်လည်း ကျွမ်းကျင်သောသူလည်းဖြစ်၏။ဂျိတ်သည် နောက်ထပ်သောစားကောင်းသောက်ဖွယ်ကိုချက်ပြုတ်ရမည်ကိုသာ စဥ်းစားနေ၏။သူ၏အကြည့်သည်ကား စားသောက်နေကြသော ချစ်ဇနီးဖြစ်သူနဲ့သမီးလေးထံကိုသာဖြစ်၏။"ခွမ်းး.ခွမ်းးခွမ်းး""ခွမ်း"ဂိုဏ်းကြီးလေးဂိုဏ်းလုံးရှိ အသက်ကျောက်ပြားများ ကွဲကြေမွကုန်၏။"ဘာတွေဖြစ်ကုန်တာလဲ" တစ်ချိန်တည်း၌ ဂိုဏ်းလေးဂိုဏ်းမှ အကြီးကဲများဆရာများပွက်လောရိုက်ကြကုန်၏။အသက်ကျောက်ပြားများကွဲကြေခြင်းသည် မိမိတို့၏ဂိုဏ်းသားများသေဆုံးခြင်းကိုရည်ညွှန်း၏။ထို့ကြောင့် ချက်ချင်းပင် စုံစမ်းကြကုန်၏။"စုံစမ်းပြီးပါပြီ ဆ န်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ရှာဖွေကြတဲ့သူတွေ သေဆုံးကုန်ကြတာပါ""ဘာ"အကြီးကဲများ ဒေါသထွက်သွား၏။ထိုဆန်းကြယ်သောကိုယ်ခန္ဓာရှာဖွေကြသော လူများသည် ဂိုဏ်း၌ထင်ရှားကျော်ကြားပြီးပါရမီပါကြသော ဂိုဏ်းသားများဖြစ်၏။ထိုလူများ သေဆုံးကြခြင်းသည် ဂိုဏ်း၏အနာဂတ်ကိုလည်းထိခိုက်သည်ဖြစ်၏။"ကျနော်တို့တိုက်ဂါးဂိုဏ်းက နှစ်ယောက်ပဲ အသက်ရှင်ပါတယ် သူတို့ရဲ့အသက်ကျောက်ပြားကတော့မကွဲသေးပါဘူး" ကျန်သောဂိုဏ်းနှစ်ဂိုဏ်းမှသုံးယောက်သာ ရှင်ကျန်ကြောင်းအသီးသီးသတင်းပို့လိုက်ကြ၏။ဂိုဏ်းများအထဲ၌အနစ်နာဆုံး အရှုံးဆုံးကား ဝေးလ်ခေါ်လေပြေဂိုဏ်းမှဖြစ်၏။သူတို့၏ဆန်းကြယ်သောကိုယ်ခန္ဓာကိုရှာဖွေသူအားလုံး၏အသပ်ကျောက်ပြားများ ကွဲကြေသည်ဖြစ်ရာ အကုန်လုံးသေဆုံးသွားသည်ပင်ဖြစ်၏။"ကျန်ရစ်တဲ့ဂိုဏ်းသားတွေပြန်လာပြီ"ဂိုဏ်းသုံးဂိုဏ်းလုံး ပြာယာခေတ်ကျန်ကြ၏။ထိုအထဲ၌ဒေါသထွက်နေသောဂိုဏ်းသည်ကား လေပြေဂိုဏ်းပင်ဖြစ်၏။သူတို့၏ဂိုဏ်းသားအကုန်သေဆုံးကြပြီး ပြန်မလာကြချိန်၌ ကျန်သောဂိုဏ်းမှလူများက ပြန်လာကြသောကြောင့်ဖြစ်၏။..............သားရဲဂိုဏ်းအတွင်း၌"မင်းတို့ဘယ်လိုဖြစ်တာလဲ" သားရဲဂိုဏ်းအကြီးကဲတစ်ယောက်သည် မေးလိုက်၏။ သူမေးနေသောသူသည် အသက်ရှင်ကျန်ရစ်ခဲ့သော လူနှစ်ယောက်အားဖြစ်၏။သူတို့နှစ်ယောက် လက်ရှိ၌ အခြေနေဒဏ်ရာပြင်းထန်သောကြောင့် ဆေးကုသဆောင်၌ အသေချာကုသထားသည်ဖြစ်၏။"ကျနော်တို့မြင်ခဲ့တာက"ထိုနှစ်ယောက်သည် မိမိတို့တွေ့ရှိခဲ့သည့်အကြောင်းရင်းကိုအသေချာပြန်လည်ပြောပြ၏။ထိုနှစ်ယောက်၏စကားကိုကြားလေလေ အကြီးကဲ၏မျက်နှာမှာ ပိုမိုဆူပုတ်လာလေလေဖြစ်၏။တိုက်ဂါးဂိုဏ်းမှာအသက်ရှင်ကျန်ရစ်သောနှစ်ယောက်သည်လည်း မိမ်တို့ဂိုဏ်းအား ဖြစ်ရင်းကုန်စင်ပြန်လည်ပြောပြ၏။(မိုင်းစ်)စိတ်ဝိညာဥ်ဂိုဏ်းရှိ သီးသန့်ဆန်သောအခန်းထဲ၌ လူတစ်စုသည် စုဝေးနေကြ၏။ "သမီး ဘာမှမဖြစ်ဘူး အကြီးကဲကိုပဲကြည့်""အကြီးကဲမဖြစ်ဘူးထင်တယ်နော်"စလေယာမှာ အကြောက်ကန်ငြင်း၏။"ဘာမှမဖြစ်ဘူး သမီး အကြီးကဲရဲ့အစွမ်းစကိုလည်း သိရဲ့သားနဲ့"ထိုအကြီးကဲမှ စလေယာအားဖြောင်းဖြ၏။စလေယာငြင်းရသည့်အကြောင်းရင်းရှိ၏။စလေယာသည် အသက်ရှင်အောင်ရုန်းထွက်လာပြီး ဂိုဏ်းသို့ရောက်သောအခါ ကောင်းမွန်လာအောင်ပြုစုကုသခြင်းခံရ၏။ထိုကုသမှုများကြောင့် သူမသည်အတော်ပင်ကောင်းမွန်လာသည်ဖြစ်၏။သို့သော်လည်း သူမ၏ပါရမီမှာပျောက်ဆုံးသွားသည်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် သူမသည်စိတ်ဒဏ်ရာရသွားသောကြောင့်ဖြစ်၏။စိတ်ဒဏ်ရာရပါက အလွန်ပင်ကုသရခက်ခဲလေ၏။အီတာချီ၏ပုံရိပ်ယောင်နယ်မြေ၌ တစ်ပတ်ကြာမျှပင် နှိပ်စက်ခဲ့လာရရာ သူမ၏စိတ်သည် အလွန်ပင်ထိခိုက်ထားသည်ဖြစ်၏။ထိုအခါ စလေယာအား အဘယ်ကြောင့်ထိုမျှအထိ ထိခိုက်ရသည်ကို ဂိုဏ်းမှအကြီးကဲများမှ မေးမြန်း၏။ထိုအခါ စလေယာသည် သူမဘယ်တော့မှ မေ့သွားမည်မဟုတ်သော အီတာချီ၏အကြောင်းရင်းကို ပြောပြလိုက်၏။ထိုအခါ ဂိုဏ်းမှအကြီးကဲများမှ အလွန်ပင်စိတ်ဝင်စားသွားကြလေ၏။အနီရောင်မျက်လုံးထဲမှ အသက်သုံးစက်နဲ့ လူသည် ပုံရိပ်ယောင်စိတ်ပညာ၌အလွန်ကျွမ်းကျင်မှုနဲ့ ထိုလူကြောင့် ဂိုဏ်းလေးဂိုဏ်းမှအကျဆုံးများပြားခဲ့ကြောင်းကိုသိရှိလိုက်ရ၏။ထိုအခါ အကြီးကဲများ သည် အတူစုဝေးပြီး ဆုံးဖြတ်ချက်တစ်ခုချလိုက်ကြ၏။ဤဆုံးဖြတ်ချက်မှာ စလေယာအား စိတ်ဒဏ်ရာဖြစ်နေသည်မှကယ်တင်မည်ဖြစ်၏။ စလေယာသည် အလွန်ပါရမီပါသော ခေတ်တစ်ခေတ်၌တစ်ယောက်သောသူဖြစ်ရာ သူတို့လက်မလွတ်နိုင်ကြောင်း ပြောကြားလိုက်၏။ထိုအခါ ဂိုဏ်းသားများသည်လည်း သူတို့၏လေးစားအားကျရသော စလေယာကို ယခင်လိုပြန်လည်ဖြစ်စေရန်အတွက် အားပေးထောက်ခံကြ၏။ထို့ကြောင့်ယခုသည်လည်း စလေယာကိုကုသရန်ပြင်ဆင်နေကြသည်ဖြစ်၏။သို့သော် စလေယာသည် ဖြစ်စဥ်အမှန်ကိုသိထား၏။အကြီးကဲများသည် မိမိကိုကယ်တင်သည်ထက်တခြားသောအကြံညဏ်ကြောင့်မှန်းသိ၏။သူတို့၏ကုသနည်းဆိုသည်မှာ အကြီးကဲတစ်ယောက်အား ကုသခံသူ၏စိတ်ထဲသို့ စိတ်ပညာနည်းဖြင့် ဝင်ရောက်ပြီး ဖြစ်စဥ်အကုန်လုံးကို ကြည့်ရှုခြင်းဖြစ်၏။ထိုအခါ အကြည့်ခံရသူသည် သူ၏ဘဝမှတ်တမ်းအကြောင်းရင်းအလုံးစုံကို ချပြဖွင့်ဟသလိုဖြစ်သွားမည်ဖြစ်၏။ နောက်ပြီး ဝင်ရောက်ကြည့်ရှုသောသူသည် ဝင်ရောက်ခံသူ၏စိတ်အသိညဏ်မှတ်တမ်းအချို့အား ဖျောက်ဖျက်ပစ်မည်ဖြစ်၏။ထိုသို့ဖျောက်ဖျက်ပစ်သည်ကို ကုသပါသည်ဟုဆိုကြမည်ဖြစ်၏။စလေယာသည် အကြောင်းရင်းဇစ်မြစ်အားသိသောကြောင့်အကြောက်လန့်တကြားငြင်းနေရခြင်းဖြစ်၏။သူတို့သည် သူမအားကုသ သည်အီတာချီအကြောင်းကိုပိုမိုသိလိုနေကြသောကြောင့်လုပ်ကြသည်ဖြစ်၏။"ကြာတယ်"အကြီးကဲမှာ စိတ်မရှည်တော့ပဲ နည်းစနစ်အားစတင်သုံးစွဲ၏။ထိုအခါ ထိုအကြီးကဲ၏ရှေ့၌ မျက်လုံးတစ်လုံးပုံစံပေါ်လာ၏။ထိုမျက်လုံးသည် စလေယာ၏နဖူးထဲသို့အလင်းတန်းပစ်ခတ်လိုက်၏။ ထိုမျက်လုံးမှအလင်းတန်းပစ်ခတ်သည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုပင်ဖြစ်၏။စလေယာသည် ထိုအလင်းတန်းအားကာကွယ်ခုခံတားဆီးသော်လည်း မိမိ၏ခွန်အားမှာ ထိုအကြီးကဲထက် နည်းပါးသည်ကတစ်ကြောင်း စိတ်ဒဏ်ရာရထားသည်ကတစ်ကြောင်းကြောင့် အလွယ်တကူပင် ခုခံမှုမှာ ကျဆုံးသွား၏။စလေယာမှာ မှိန်းမောသည့်အခြေနေသို့ရောက်ရှိသွား၏။ထိုအခြေသည် ဝင်ရောက်ခံရသူအား ကြည့်ရှုရန်အကောင်းဆုံးအချိန်ပင်ဖြစ်၏။"ကျုပ်ဝင်လို့ရပြီ"ထိုအကြီးကဲမှ ဘေး၌ရှိသောအကြီးကဲများကို ကြည့်ကာပြောပြီးလျှင် စလေယာ၏မှတ်ညဏ်များကို စစ်ဆေးတော့၏။မျက်လုံးမှာထွက်လာသောအလင်းတန်းသည် စလေယာ၏မှတ်ညဏ်ချိတ်ပိတ်ထားမှုကိုအသာလေးချိုးဖျက်လေ၏။ထိုသို့ စလေယာမှ ချိတ်ပိတ်ထားမှုသည် တခြားသူများမှ မကြည့်ရှုနိုင်စေရန် စီမံထားခြင်းဖြစ်၏။ ထိုသို့ချိတ်ပိတ်ခြင်းသည် စလေယာအဖို့ အရွယ်တူများအတွက်သာ ကြောက်မက်ဖွယ်ကောင်းနိုင်ပြီး အကြီးကဲအတွက်မှု အလွယ်ပင်လွယ်ကူလှ၏။ထိုချိတ်ပိတ်ထားမှုအားသူအနေဖြင့် နည်းအမျိုးမျိုးဖြင့် ဖွင့်ဖောက်ဖျက်နိုင်၏။စလေယာ၏ငယ်မှတ်တမ်းမှ စတင်ကာကြည့်ရှုတော့၏။ငယ်ရာမှကြီးလာသည်အထိ အကြီးကဲသည် ကြည့်ရှုနေရင်းအူမြူးနေ၏။"မထင်ရဘူး မထင်ရဘူး "စလေယာစိတ်ထဲရောက်ရှိနေသော အကြီးကဲသည်မျက်နှာများနီရဲလျက် အဆက်မပြတ်ကြည့်ရှုနေ၏။သူကြည့်နေသော စလေယာမှတ်တမ်းများသည် စလေယာအပျိုပေါက်ဖြစ်လာပြီး ကိုယ်ခန္ဓာဖွံ့ထွားအရွယ်ရောက်လာချိန်၌တစ်ကိုယ်တည်း ရေချိုးနေသည့်ဖြစ်စဥ်ကိုဖြစ်၏။"အားပါးပါး အကြီးကြီးပဲ" ထိုအကြီးကဲသည် စလေယာမှ ရေချိုးစဥ်၌ သူ၏ယုန်နှစ်မြွာအား ဆေးကြောပွတ်တိုက်နေသည်ကိုကြည့်ကာ ရမ္မစိတ်များဖြစ်ပေါ်လာ၏။စိတ်ထဲ၌ ယုတ်မာသောအကြံများပင်ဖြစ်ပေါ်လာ၏။"ဖြောင်း"နရင်းရိုက်သံကား ကျယ်လောင်လှ၏။ဂိုဏ်းထဲ၌ ရာထူးကြီးသော အကြီးကဲမှ စလေယာစိတ်ထဲဝင်ရောက်နေသောအကြီးကဲကို နရင်းရိုက်လိုက်ခြင်းဖြစ်၏။ထိုအခါ စိတ်ထဲဝင်ရောက်နေသော အကြီးကဲသည် သူကြည်နူးချိန်၌ အရိုက်ခံရသောကြောင့် မိမိအားရိုက်သောအကြီးကဲကို အပြစ်ပေးရန် စလေယာစိတ်ထဲမှ ခေတ္တ ထွက်ကာ ဘေးဘီဝဲယာကြည့်၏။ထိုအခါ မိမိအားရိုက်သောသူသည် မိမိထက်ရာထူးကြီးပြီး စလေယာ၏ဆရာမှန်းသိသောအခါ ကြောက်လန့်သွား၏။ထို့နောက် ချက်ချင်းပင် စလေယာစိတ်ထဲပြန်ဝင်ကာ အီတာချီနဲ့ ပတ်သက်သောဖြစ်စဥ်မှတ်တမ်းများအား ပြန်လည်ရှာဖွေတော့၏။"ဟင်း"ထိုအခါမှ နရင်းရိုက်သောအကြီးကဲသည် စိတ်ချမ်းသာသွား၏။မိမိ၏ချစ်တပည့်အား ထိုအကြီးကဲသည် မည်သို့ဝင်ရောက်ကြည့်နေမှန်း သူကောင်းစွာရိပ်မိသောကြောင့် ရိုက်လိုက်ခြင်းဖြစ်၏။"တွေ့ပြီ"ရှာဖွေနေသောအကြီးကဲမှ အီတာချီနဲ့ပတ်သက်သော မှတ်ညဏ်အားရှာဖွေတွေ့ရှိသွား၏။ထိုမှတ်ညဏ်ဖြစ်စဥ်အား ကြည့်ရန်ပြင်လိုက်၏။ထိုအခါ ထိုမှတ်ညဏ်ကိုစည်းခပ်ထားကြောင်း တွေ့လိုက်ရလေ၏။"အမယ် လေးခါတောင် စည်းခတ်ထားသေးတယ်" ထိုစည်းများအား အလွယ်လေးပင် အကြီးကဲမှ ချိုးဖျက်ပစ်၏။ထို့နောက် သူသည် ထိုမှတ်တမ်းမှတ်ညဏ်ထဲဝင်ရောက်ကြည့်ရှုလေတော့၏။သူမသိသည်ကား ထိုစည်းလေးစည်းသည် စလေယာ မလုပ်ထားသောစည်းများသာဖြစ်၏။အချိန်အနည်းငယ်ကြာတွင် ဝင်ရောက်ကြည့်ရှုသောအကြီးကဲသည် ပြသနာကိုစတင်တွေ့ရှိခံစားရတော့သည်ဖြစ်၏။