← Chapters

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

အခန်း (၂၅၀-၂၅၂)

Vol. 17 Ch. 250-252

(250)

"ကဲ ကြည့်ရသေးတာပေါ့"အကြီးကဲသည် စလေယာ၏မှတ်ညဏ်အားစတင်ကြည့်ရှုလေ၏။ထိုမှတ်ညဏ်အပေါ်ခတ်ထားသော စည်းလေးစည်းအား အလွန်စုတ်ချာသည်ဟုပင် မှတ်ချက်ချလိုက်၏။ထိုမှတ်တမ်း၌ အကြီးကဲသည် အီတာချီဟူသောလူအားအသေချာကြည့်ရှု၏။ထိုအခါ ထိုလူသည် စစ်သည်တော်များထက် မြန်ဆန်သွက်လက်ပြီး လက်နက်ပုန်းများကို အသုံးပြု သောသူဖြစ်ကြောင်းတွေ့ရှိရလေ၏။စကြာပျံလိုလက်နက်များကို အီတာချီမှ ကျွမ်းကျင်စွာအသုံးပြုသောကြောင့်လုပ်ကြံသူဟုပင်ထင်သွား၏။"ဟ မဖြစ်နိုင်တော"အီတာချီသည် ဝင်းလ် လေပြေဂိုဏ်းသားများအား မီးတိုက်ကွက်နဲ့ရှာရင်းဂန်းတွဲသုံးသောအခါ သူ၏စိတ်ဝင်စားမှုမှာအထွတ်ထိပ်သို့ရောက်ရှိသွားတော့၏။ထိုမျက်လုံးနဲ့သူသုံးနေသော လက်ကွက်ပုံစံများသည် ရှေးကျကာ အလွန်အစွမ်းထက်ကြောင်း သူသိရှိနေ၏။"ငါသာ ဒီလိုမျက်လုံးရရင် "အကြီးကဲသည် တပ်မက်ချင်စိတ်များပေါ်ပေါက်လာတော့၏။ထိုမျက်လုံးနဲ့ အီတာချီသုံးသော လက်ကွက်ပုံစံသိုင်းကွက်များကို အသေချာကြည့်ရှုတော့၏။ အီတာချီမှ သူ၏မျက်လုံးအစွမ်းဖြင့် ဂိုဏ်းသားများအားအချင်းချင်းပြန်လည်သတ်ဖြတ်ခိုင်းသောမြင်ကွင်းရောက်သောအခါ သူလုံးဝမထိန်းချုပ်နိုင်တော့ပေ။"ဒါက နတ်ဘုရားမျက်လုံးပဲ..."စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။အကြည့်တစ်ချက်ကြည့်ရုံဖြင့် ရန်သူများအား အချင်းချင်းပြန်လည်တိုက်ခိုက်ခိုင်းနိုင်သည်က အလွန်ပင်အစွမ်းထက်နေပြီဖြစ်၏။မိမိမြင်လာရသော အချင်းရာဖြစ်စဥ်မြင်ကွင်းများကြောင့် ထိုမျက်လုံးကို လိုချင်လာပြီဖြစ်၏။"မိုက်လိုက်တာ ဘယ်လောက်တောင်ကြမ်းတာလဲ"အကြည့်ဖြင့် ရန်သူများမှ မိမိလက်ပင်မသုံးရပဲ တဖြုတ်ဖြုတ်သေကြေသွားသည်ကိုရင်း အကြီးကဲမှာ ကျေနပ်အားရနေ၏။ ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ထက် အီတာချီသည်သူတို့၏ဂိုဏ်းအတွက် အလွန်ပင်အသုံးဝင်ကြောင်း သူကိုယ်တိုင် သိရှိနေပြီဖြစ်၏။ထို့ကြောင့် ထိုဖြစ်စဥ်မှတ်တမ်းများကို တစ်ခုမှမလစ်ဟင်းသွားစေရန် အသေးစိတ်ကြည့်ရှုနေ၏။ကြည့်ရှုရင်း အီတာချီသည် စလေယာတို့အားပြန်လည်တိုက်ခိုက်သည့်အခန်းသို့ပင်ရောက်ရှိလာတော့၏။"ဘာတွေဆက်ဖြစ်မှာလဲ ဘာတွေဆက်ဖြစ်မှာလဲ"အကြီးကဲလွန်စွာပင် စိတ်လှုပ်ရှားနေ၏။ကြည့်နေရင်း၌ အီတာချီ၏မျက်လုံးနီထဲမှ အစက်သုံးစက်သည် ရွေ့လျားသွားကြောင်း သူတွေ့ရှိလိုက်ရလေ၏။"ဒါက သူ့ရဲ့ပုံရိပ်ယောင်ပဲ"အကြီးကဲသည် စလေယာမှ ပုံရိပ်ယောင်ထဲ၌ပိတ်မိစဥ်မြင်ကွင်းကိုပါ မြင်နေသည်ဖြစ်၏။ "ဘေးဘီဝဲယာကလဲ မရှင်းမလင်းမှောင်မိုက်နေတယ် ဒါကပိတ်မိစေသူကို ကြောက်ရွံစေပြီး ပိတ်မိသူရဲ့ခွန်အားကိုလျော့ချနိုင်တယ် မဆိုးဘူး..မဆိုးဘူး"အကြီးကဲသည် အီတာချီ၏စိတ်ပုံရိပ်ယောင်ပိတ်ရာ၌သုံးသော ပတ်ဝန်းကျင်အခြေနေကို အသေးစိတ်ခွဲ ခြမ်းစိတ်ဖြာရင်း အမှတ်ပေးနေ၏။ထို့နောက် နောက်ထပ်လာသော မှတ်ညဏ်မြင်ကွင်း၌ စလေယာသည် သံတိုင်တစ်ခုပေါ်၌ တွဲလျောင်းအနေထားဖြင့်လက်များအား လက်ထိတ်ခတ်ထားသည့်အနေထားဖြင့်မြင်လိုက်ရ၏။သူမ၏အနားသို့ အီတာချီကဲ့သို့လူငါးယောက်မှ လက်နက်များကိုင်ဆောင်ကာ ရောက်လာသည်ကိုလည်းမြင်တွေ့ရ၏။ထို့နောက် အီတာချီလူငါးယောက်က သူမအား လက်နက်အမျိုးမျိုးဖြင့် စတင်နှိပ်စက်ကြကြောင်းကို တွေ့ရှိလိုက်ကြတော့၏။ "ဟ တော်တော်ကြမ်းတာပဲ စလေယာပြောတော့ တစ်ပတ်တောင်ခံစားခဲ့ရတာတဲ့ အပြင်အချိန်နဲ့ တွက်ချက်ကြည့်ရင်ငါးစက္က န့်အပြင်မပိုနေဘူးလေ"အီတာချီ၏ကြောက်မက်ဖွယ်ကောင်းသော စိတ်ပုံရိပ်ယောင်ပညာကို အကြီးကဲသိသွားပြီဖြစ်၏။စက္က န့်ပိုင်းအတွင်း၌ ဖြစ်ပျက်ခြင်းဖြစ်သော်လည်း ပုံရိပ်ယောင်ထဲ၌မူ တစ်ပတ်ဟူသောအချိန်အထိ ကွာခြားကွာဟထားနိုင်သည်အပေါ်အကြီးကဲ လေးစားသွား၏။ထိုအချိန်မှာပင် မိမိသည် အလွန်နာကျင်လာကြောင်း ခံစားလိုက်ရ၏။"အား နာလိုက်တာ ဘယ်အကြီးကဲလုပ်တာလဲ"ရုတ်တရက်နာကျင်လာမှုကြောင့် စလေယာစိတ်မှပြန်ထွက်ကာ မိမိအား နာကျင်အောင်လုပ်သော အကြီးကဲကို ရန်တွေ့ရန်လုပ်လိုက်၏။"နေဦး ငါလဲဘယ်လိုဖြစ်ပြီး" ထိုအခါမှ အကြီးကဲသည် သတိပြန်ရသွား၏။သူကိုယ်တိုင်သည်လည်း စလေယာကဲ့သို့ပင် သံတိုင်၌ လက်ထိတ်ခတ်ခံရသောအနေထားဖြင့် တွဲလျောင်းကြီးဖြစ်နေ၏။"ဘယ်လိုဖြစ်ပြီး"အကြီးကဲလန့်ဖြတ်သွား၏။သူကိုယ်တိုင်သည်လည်း အဘယ်ကြောင့် အီတာချီ၏ပုံရိပ်ယောင်စက်ကွင်းထဲရောက်ရှိသွားရသနည်း။အဖြေရှာမရဖြစ်နေ၏။"မဟုတ်သေးဘူး ချက်ချင်းချိုးဖျက်ရမယ်"အကြီးကဲသည်လည်း စလေယာကဲ့သို့ပင် ပုံရိပ်ယောင်ထဲမှလွတ်မြောက်စေရန် စတင်ချိုးဖျက်လေ၏။"ငါထင်တဲ့အတိုင်းပဲ သူမရဲ့မှတ်ညဏ်ထဲကို ဝင်ကြည့်တဲ့ကောင်ရှိသေးတာပဲ"ထိုစကားကြောင့် ပုံရိပ်ယောင်ကမ္ဘာအားချိုးဖျက်နေသောအကြီးကဲ ရပ်တန့်သွား၏။စကားသံကို ကြည့်လိုက်ရာ သူ ရှေ့၌ အီတာချီရပ်နေကြောင်း အံသြစွာတွေ့ရှိရလေ၏။"မတုန်လှုပ်သွားပါနဲ့ ပုံရိပ်ယောင်ထဲထည့်တဲ့နည်းတွေက လူချင်းတွေ့မှအလုပ်ဖြစ်တယ်ထင်နေတာလား အဲ့လိုဆိုရင် မှားသွားမှာပေါ့"အီတာချီမှ အေးဆေးစွာပြော၏။ထိုစကားကို အကြီးကဲမှနားထောင်နေ၏။"ဟာ သွားပြီ"ယခုမှ အကြီးကဲ သတိရ၏။လက်ရှိမှတ်ညဏ်အား ချိတ်ပိတ်ထားသည့် စည်းလေးစည်းကို ပြန်လည်သတိရသွား၏။"မဆိုးဘူး သိ လိုက်တယ်ပေါ့ "ဟုတ်ပေသည်။အကြီးကဲချိုးဖျက်ခဲ့သောစည်းလေးစည်းသည် ချိတ်ပိတ်စည်းမဟုတ်ပေ။စလေယာကို အီတာချီမှစည်းခပ်ထားခြင်းဖြစ်၏။အကယ်၍ တစ်စုံတစ်ယောက်မှမိမိအကြောင်းအားသိလိုပါက စလေယာ၏မှတ်ညဏ် အတွင်း ဝင်ရောက်ရှာဖွေရမည်ဖြစ်၏။ထို့ကြောင့် အီတာချီက အစီစဥ်ကြိုတင်ချထားခြင်းဖြစ်၏။ထိုစည်များသည် ချိုးဖျက်ခံရပါက ချိုးဖျက်သော သူအား စလေယာခံစားရသည့်နည်းတူ ခံစားရမည်ဖြစ်၏။ပုံရိပ်ယောင်ထဲ၌ ပါလာသည့်အီတာချီသည် ကြို တင်စီစဥ်ပြီးထားသားဖြစ်၏။ထိုစည်းကို အကြီးကဲမှ ချိုးဖျက်သောအခါ အီတာချီ၏စိတ်ပုံရိပ်ယောင်ကအသက်ဝင်လာပြီးလျှင် အကြီးကဲပင် ဘယ်ချိန်၌ မိမိအား ထည့်လိုက်မှန်းပင်မသိလိုက်ပေ။"မဖြစ်နိုင်ဘူး ငါချိုးဖျက်ပြမယ်"အကြီးကဲမှ ချိုးဖျက်ရန်စတင်ကြိုးစားတော့၏။"ငါကအချိန်ပေးမယ်ထင်နေတာလား"အီတာချီ ဆယ်ယောက်အထိပေါ်လာပြီးလျှင် အကြီးကဲအားစတင်နှိပ်စက်တော့၏။လက်နက်မျိုးစုံဖြင့် မျိုးစုံနှိပ်စက်သည် ဖြစ်ရာ အကြီးကဲသည် တောင့်ခံနိုင်ခြင်းမရှိတော့ပေ။"အား."အကြီးကဲသည် နာကျင်စွာအော်ဟစ်လိုက်ရ၏။သူ၏အပြစ်ပေးခံရမှုသည် စလေယာထက်ပင် ပိုမိုဆိုးရွား၏။အီတာချီမှ သူချိုးဖြတ်မှုမရစေရန် အချိန်လစ်ဟာမှုမရှိ နှိပ်စက်သည်ဖြစ်၏။နှိပ်စက်ရာတွင်လည်း သာမန်မျိုးမဟုတ်ပေ။လူတစ်ကိုယ်လုံး၌ ရှိသည့်အကြောများနေရာဆုံမှတ်ကို လက်နက်များဖြင့် ထိုးဖောက်နှိပ်စက်ခြင်းဖြစ်၏။ထိုသို့နှိပ်စက်သောအခါ အကြီးကဲမှ မည်သို့ခံနိုင်မည်နည်း။"တစ်ခုခုမှားနေပြီ အဲ့အကြီးကဲကို ဝိုင်းထုတ်ကြတော့."အပြင်၌ မှတ်ညဏ်စစ်ဆေးနေသည်ကို ကြည့်ရှုနေသော စလေယာ၏ဆရာဖြစ်သူအကြီးကဲမှာ အော်ဟစ်လိုက်၏။သူသည် စစ်ဆေးနေသော အကြီးကဲသည် တစ်ချက်တွန့်သွားသည်ကို မြင်လိုက်သောကြောင့်ဖြစ်၏။တစ်ချက်သာ တွန့်ခြင်းဖြစ်သည်ဟု ထင်ကောင်းထင်နိုင်သော်လည်း ထိုသို့တစ် ချက်မျှတွန့်လိမ်သွားခြင်းသည်ပင် ခံစားရခက်ခဲလှပါပေသော မဟာငရဲတစ်မျိုးပင်ဖြစ်၏။ထိုအခါ ဘေး၌ရပ်နေကြသော အကြီးကဲများ သည် စုပေါင်းပြီး စိတ်ဝိညာဥ်တိုက်ခိုက်မှုစတင်လိုက်၏။ထိုအခါအလင်းရောင်လိုတောက်ပသော မျက်လုံးကြီးပေါ်လာ၏။ထိုမျက်လုံးကြီးသည် အနည်းငယ်နီရဲနေ၏။ထိုမျက်လုံးသည် စလေယာ၏နဖူးမှ ဝင်ရောက်ကာ အီတာချီ၏ပုံရိပ်ယောင်နယ်ပယ်ကို ဖျက်စီးလိုက်တော့၏။"ခွမ်း...ခွမ်း"အကြီးကဲများ၏စုဝေးတိုက်ခိုက်မှုကြောင့် နောက်ထပ်သောအထောက်ပံမရသော အီတာချီ၏ပုံရိပ်ယောင်နယ်ပယ်သည်မှန်တစ်ချပ်ပမာ ကွဲသွားတော့၏။ထိုအခါမှ ထိုအကြီးကဲသည်နှိပ်စက်ခြင်းငရဲမှ လွတ်မြောက်လာတော့၏။"ဖူး" လွတ်မြောက်ပြီးသည်နဲ့ အကြီးကဲသည် ချက်ချင်းပင် သွေးများအန်ထုတ်လိုက်ရ၏။ဘေး၌ရှိနေသော အကြီးကဲများကထိုအကြီးကဲကို ချက်ချင်းပင် ဆေးတိုက်လိုက်ကြ၏။ထိုဆေးများသည် စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုကို ခုခံရည်ရှိပြီးသက်သာစေ၏။ထိုဆေးများကို အကြီးကဲသောက်ပြီးမှ အနည်းငယ်သက်သာသွားဟန်ရှိ၏။သူ၏မျက်နှာမှာ သွေးရောင်ပြန်သန်းလာ၏။"ဘာဖြစ်တာလဲ."ဘေးမှအကြီးကဲများမှ မေးမြန်းလိုက်ကြ၏။"အီတာချီက လူလည် သူစလေယာရဲ့မှတ်ညဏ်ထဲမှာစည်းချိတ်ပိတ်ထားတာ ကျုပ်ရဲ့ဝင်ကြည့်ရော ကျုပ်ကိုတန်းပြီး သူရဲ့ပုံရိပ်ယောင်ထဲ ထည့်လိုက်ပါရောလား"ထိုစကားကြောင့် ကြားရလိုက်သောအကြီးကဲများ တုန်လှုပ်သွားကြ၏။လူချင်းမတွေ့ပဲ ပုံရိပ်ယောင်ထဲထည့်လိုက်ပြီး တိုက်ခိုက်သည်ကအလွန်အဆင့်မြင့်နေပြီဖြစ်၏။"အထဲမှာ ကျူပ်နှစ်လလောက် ဆိုးဆိုးဝါးဝါးအနှိပ်စက်ခံလိုက်ရတယ် ဒါကြောင့် ကျုပ်ရဲ့စိတ်အခြေနေခြောက်ဆယ်လောက် ဆုံးရှုံးလိုက်ရတယ် ဒါကြောင့် ကျုပ်ကို မနှောင့်ယှက်ကြပါနဲ့"ထိုသို့ပြောပြီး အကြီးကဲသည် သူ၏နေရာသို့ပြန်သွားလေ၏။ကျန်သောအကြီးကဲများသည် သူ၏စကားကြောင့် မတ်တပ်ရပ်ရင်း အတွေးများစွာဖြင့်ကျန်နေခဲ့ကြ၏။ထိုအကြီးကဲသည်လည်း အလွန်သန်မာကြောင်း သူတို့သိ၏။ဤသည်ကိုပင် သူ၏စိတ်အခြေနေခြောက်ဆယ်ရာခိုင်နှုန်းအထိ ဖျက်စီးခံထားရရာ စလေယာတို့တွေ့ခဲ့သော ရန်သူသည်အလွန်မင်းကြောက်ဖွယ်ကောင်းကြောင်းသိလိုက်ရ၏။နောက်တစ်ချက်ကား အပြင်၌ တစ်မိနစ်အတွင်း ရအောင်ကယ်ထုတ်သည်ဖြစ်၏။တိတိကျကျဆိုပါက ဆယ့်စက္က န့် အတွင်းပင်ထိုအချိန်လေး၌ နှစ်လအထိ နှိပ်စက်ခံစားရသည်ဟုဆိုရာ ပုံရိပ်ယောင်အတွင်း၌ရှိသောအချိန်သည် ပြင်ပထက်အလွန်ပင် ကွာ ခြားကြောင်း သိရှိလိုက်ရသည်ဖြစ်၏။..............."ကျုပ်တို့ ဆုံကြပြီနော်"အကြီးကဲများစွာသည် အခန်းတစ်ခန်းထဲ၌ စုဝေးနေကြ၏။ထိုအကြီးကဲများသည် ဂိုဏ်းလေးဂိုဏ်းမှ အကြီးကဲများပင်ဖြစ်ကြ၏။ထိုအကြီးကဲများသည် အမြဲတမ်းပြိုင်ဆိုင်နေကြသော်လည်း ယခုအခါ စုဝေးနေကြ၏။ထိုမြင်ကွင်းသည် ကြုံတောင့်ကြုံခဲမြင်ကွင်းပင်ဖြစ်၏။"ကဲ ကျုပ်ကို အဲ့ဒီအီတာချီဆိုတဲ့အကောင်ကြောင်းပြောပြပါဦး"ဝင်းလ်လေပြေဂိုဏ်းမှအကြီးကဲမှ ဦးစွာဆို၏။သူတို့ဂိုဏ်းမှလူများသည် အီတာချီကြောင့် အကုန်သေကြရသည်ဖြစ်ရာဒေါသထွက်နေခြင်းဖြစ်၏။ ဂိုဏ်းလေးဂိုဏ်းမှအကြီးကဲများသည် အီတာချီကြောင့်စုဝေးလာခဲ့ကြပြီဖြစ်၏။

(251)

ဂရိတ်တိုင်းပြည်၏အခြေနေကား ဆက်လက်တိုးတက်လျက်ရှိ၏။အရာရာတိုင်းသည် ဂျိတ်၏အစီစဥ်ဆွဲထားသောအတိုင်း ဆက်လက်သွားလာနေ၏။စီးပွားရေး...ဂျိတ်၏ဦးဆောင်မှုအောက်၌ စီးပွားရေးကုန်သွယ်မှုသည်တည်ငြိမ်သောအခြေနေအနေထားသို့ရောက်ရှိလာပြီဖြစ်၏။ဂျိတ်၏ချုပ်ကိုင်မှုကြောင့် ကုန်သည်များအတွက် လမ်းပျောက်နေသည်ဖြစ်၏။ယခင်ကဆိုလျှင် ကုန်ပစ္စည်းများ၏စျေးနှုန်းသည် သူတို့ကစားလိုရာကစားနိုင်သည်ဖြစ်ပြီး ယခုအခါမရတော့ပေ။တစ်တိုင်းပြည်လုံး၌ ရောင်းသင့်ရောင်းထိုက်သော စျေးနှုန်းများအလိုက် သတ်မှတ်ပေးထားပြီဖြစ်၏။ ထိုစျေးနှုန်းများသည် ကုန်သည်များသည်သာမက အများပြည်သူများအတွက် လွယ်ကူအဆင်ပြေစေသည်ဖြစ်သည်။နှစ်ဦးနှစ်ဖက်အဆင်ပြေစေအောင် ဆောင်ရွက်ထားခြင်းဖြစ်၏ထိုအခါ အမြတ်ကြီးစားလိုသော သူများအဖို့တော့ ရင်ဝကိုဓားဖြင့်ခွဲခံရသလို ခံစားလိုက်ကြရ၏။နောက်ပြီး ဂျိတ်၏ပေးထားသော မက်လုံးများကြောင့်သာ သူတို့ကိုယ်သူတို့ ချုပ်တည်းထားကြခြင်းလည်းဖြစ်၏။မဟုတ်ပါက ဂရိတ်တိုင်းပြည်သည် ကမောက်ကမဖြစ်ပေါ်သွားနိုင်သည်ဖြစ်၏။နိုင်ငံရေးနဲ့တိုးတက်လာသောအခြေနေများတိုးတက်လာသော လူ့အသုံးဆောင်များ၊လမ်းများ အဆောက်ဦးများ က ဂရိတ်တိုင်းပြည်၏နေရာအနှံ ပေါ်လာပြီး တဖြေးဖြေးရုပ်လုံးပေါ်လာပြီဖြစ်၏။ထို့ပြင် တိုင်းပြည်တိုးတက်ရန်၏အဓိကဖြစ်သော ဌာနများသည်လည်း လူစုံပြီဖြစ်ပြီး ထိုဌာနများ၏ပညာရပ်များကို အများပြည်သူလူထုကြားသို့ မျှဝေရန်လည်း အသင့်ဖြစ်နေပြီဖြစ်၏။တိုးတက်နေသည်ထဲ၌ ကွဲထွက်နေသည်ကတော့ ဂရိတ်တိုင်းပြည်၏စစ်တပ်ပင်ဖြစ်၏။စစ်တပ်ကိုလည်း ဂျိတ်၏အကြံညဏ်နဲ့အတူ စစ်သူကြီးခြောက်ယောက်၏လုပ်ဆောင်မှုကြောင့် တဖြေးဖြေး တကယ့်စစ်တပ်ကြီးတစ်ခုအသွင်ပြောင်းလဲသွားလေ၏။စစ်တပ်ထဲ၌ မထူးဆန်းဆုံးသောအရာဟုပြောပါက စစ်လက်နက်များပင်ဖြစ်၏။နေ့တိုင်းအသစ်ဆန်းမြင်တွေ့နေရသောကြောင့် စစ်သည်တော်များအဖို့ မထူးဆန်းကြတော့ပေ။ထိုစစ်လက်နက်သတင်းများ ပေါက်ကြားသွားစေခြင်းလည်းမရှိစေရန် မဖြစ်ပေါ်စေရန်အတွက် သစ္စာရေတိုက်ကြွေးထား၏။ထိုသစ္စာဖောက်ဖျက်ပါက ထိုသစ္စာရေ၏အကျိုးဆက်ကြောင့်သေဆုံးရမည်ဖြစ်၏။ထို့ပြင် သေပြီးလျှင်လည်း ဝိညာဥ်မှ လွတ်မြောက်ခြင်းမရှိနိုင်ပေ။ဤနည်းဖြင့်ဂရိတ်စစ်တပ်သည် တဖြေးဖြေးအင်အားတောင့်တင်းလာခဲ့ပြီလည်းဖြစ်၏။ဂရိတ်တိုင်းပြည်၏လုံခြုံရေးအတွက်လည်း ရှိသမျှသောနယ်စပ်မြို့များ၌ ကာကွယ်ရေးလက်နက်များကို တပ်ဆင်ပြီးသွားပြီလည်းဖြစ်၏။ဖက်စ်မြို့၌ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကြောင့် လုံခြုံရေးများကို ပိုမိုတင်းကျပ်လိုက်ပြီလည်းဖြစ်၏။ယခင်က ကာကွယ်ရေးစနစ်ကြောင့် ခုခံကာကွယ်နိုင်ရုံသာလုပ်နိုင်ခဲ့ဖြစ်ရာ ယခုအခါ ကာကွယ်ခုခံရုံတင်မကတော့ပဲ အမြစ်ပြတ်ချေမှုန်းရေးအထိပါဝင်ထည့်သွင်းထားပြီဖြစ်၏။နောက်တစ်ခါဆိုပါက ကာကွယ်ခုခံရေးလက်နက်များသည်အသက်သွေးများလုံးဝတောင့်တဆာလောင်သောမကောင်းဆိုးဝါးကြီးများအသွင်ဖြစ်ပေါ်လာကြမည်ဖြစ်၏။......................... "ကောင်းပြီ ဒါဆို ဒီအတိုင်းလုပ်ကြတာပေါ့"ဂိုဏ်းလေးဂိုဏ်းမှ အကြီးကဲများသည်နောက်ဆုံး၌သဘောတူညီမှုရရှိသွားကြ၏။ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်ထက် အီတာချီကို တွေ့ပါက ရေဆုံးမြေဆုံးလိုက်ပြီး လက်စားချေကြမည်ဖြစ်၏။ဆန်းကြယ်သောကိုယ်ခန္ဓာပိုင်ရှင်အား အရင်ဆုံးရသောသူက အပိုင်ဖြစ်ကြောင်း သဘောတူညီမှုထားရှိလိုက်ကြ၏။အီတာချီသည် ဂရိတိုင်းပြည်ထဲ၌ တွေ့ခဲ့သည်ဖြစ်ရာ ထိုတိုင်းပြည်ကို အရင်ဆုံး အပိုင်သိမ်းမည်ဖြစ်၏။ထိုအပိုင်သိမ်းရန်အတွက် ထိုတိုင်းပြည်သည် စွန်ရဲအင်ပါယာထဲ၌ ရှိနေ၏။ထို့ကြောင့် စွန်ရဲအင်ပါယာနဲ့အနည်းငယ် ညှိနှိုင်းဆွေးနွေးမှုလုပ်ရဦးမည်ဖြစ်၏။ထို့ကြောင့် စာတစ်စောင်၌ ဂိုဏ်းလေးဂိုဏ်း၏တံဆိပ်ပြားများ တံဆိပ်ခတ်ပြီးလျှင် စွန်ရဲအင်ပါယာထံသို့ပို့ဆောင်လိုက်တော့၏။ ...................."အို ကြည့်ရတာ ကိစ္စတွေက နက်နဲလာပြီထင်တယ်"စွန်ရဲနန်းတော်ထဲ၌စွန်ရဲဧကရာဇ်သည် စာတစ်စောင်ကို ကြည့်ရှုရင်းပြုံးနေ၏။ထိုဧကရာဇ်၏အော်ရာသည် သာမန်တို့ထက်ပိုမိုပြင်းထန်နေပြီး အစွမ်းထက်အော်ရာများဖြင့် ပြည့်နှက်နေ၏။ထိုအရှိန်ဝါများအစွမ်းများက ဂျိတ်နဲ့တိုက်ခိုက်သည်အချိန်က ရှိခဲ့သော အော်ရာအငွေ့သက်များနဲ့ လားလားမျှပင်တူညီမှုမရှိနေချေ။ဂျိတ်အားရှုံးနိမ့်ခဲ့ရခြင်းကြောင့် သူသည် စစ်လျော်ကြေးငွေများလက်ဆောင်ပဏ္ဍာများကို လွန်ခဲ့သည့်နှစ်ရက်မှ ဂရိတ်တိုင်းပြည်သို့ ပို့ဆောင်စေခဲ့သည်ဖြစ်၏။သူသည် ဧကရာဇ်တစ်ပါးဖြစ်သောကြောင့် သူ၏ကတိကို တည်ခြင်းလည်းဖြစ်၏။ယခုရက်၌ ဂိုဏ်းလေးဂိုဏ်းမှ စာတစ်စောင်ရောက်လာစေခြင်းက သူ့အားအမြင်ပွင့်လင်းစေ၏။အမြဲတစေယှဥ်ပြိုင်နေ သော ဂိုဏ်းများမှ ပေါင်းစည်းပြီး စာတစ်စောင်ပို့ဆောင်စေသည်ဆိုပါလား။ထို့ကြောင့် သူသည် စာကိုဖတ်ရှုလိုက်၏။ထိုစာစောင်ထဲ၌ပါရှိသည်ကား သူတို့ဂိုဏ်းလေးဂိုဏ်းကအလိုရှိနေသောလူတစ်ယောက်သည် ဂရိတ်တိုင်းပြည်ထဲ၌ရောက်နေကြောင်း ၊ထိုလူနာမည်သည် အီတာချီဟုခေါ်ကြောင်းနဲ့ ထိုလူသည် ဂရိတ်တိုင်းပြည်နဲ့ဆက်စပ်ပတ်သက်နေရာ ထိုတိုင်းပြည်သည် စွန်ရဲအင်ပါယာ၏နယ်ပယ်အောက်၌ရှိသည်ဖြစ်ရာ မိမိတို့ဂိုဏ်းလေးဂိုဏ်းအား ထိုတိုင်းပြည်အား လုပ်ကိုင်ခွင့်ပေးပါရန်နဲ့ ခွင့်ပြုပါက ဂိုဏ်းလေးဂိုဏ်းမှ အထူးကျေးဇူးတင်မည်ဖြစ်ကြောင်း ရေးသားထားခြင်းဖြစ်သည်။"လက်စသတ်တော့ ခွေးအိုကြီးတွေကလဲ ဂရိတ်တိုင်းပြည်ကိုပစ်မှတ်ထားနေတာပဲ"စွန်ရဲဧကရာဇ်သည် စာဖတ်နေရင်းပြုံးမိ၏။ထိုစာသည်သာမန်အားဖြင့်ဆိုသော် ကူညီပါက ကျေးဇူးတင်ပါကြောင်း ဖော်ပြထားသည်ဖြစ်ပြီး ခပ်ရိုင်းရိုင်းပြောရပါက မကူညီပါကဂိုဏ်းလေးဂိုဏ်းမှ မိမိ၏စွန်ရဲအင်ပါယာကို ကူညီရန်အတင်းကျပ်ဖိအားပေးတော့မည်ဖြစ်၏။ဂိုဏ်းလေးဂိုဏ်းသည်အလွန်ပင်မောက်မာမှန်းသိသာစေ၏။အကျိုးမြတ်နေဖြင့် တစ်ခုခုပေးမည်ဟုမရေးထားပဲကျေးဇူးတင်ပါမည်ဖြစ်ကြောင်းသာရေးသားထား၏။စွန်ရဲအင်ပါယာအနေဖြင့် ဂိုဏ်းတစ်ခုတည်းဆိုပါက ရင်ဆိုင်နိုင်သော်လည်း ဂိုဏ်းလေးဂိုဏ်းဆိုပါက ခက်ခဲသွားတော့မည်ဖြစ်၏။သို့သော် မိမိ၏အုပ်ချုပ်မှူအောက်မှ မရှိတော့သော ဂရိတ်တိုင်းပြည်ကို အဘယ်ကြောင့် ကာကွယ်ပြီး ဂိုဏ်းလေးဂိုဏ်းနဲ့ ရန်သူဖြစ်နေရမည်နည်း။ဦးနှောက်မရှိသောသူသည်သာ လုပ်ဆောင်လိမ့်မည်ဖြစ်၏။"ရော့ ဒီစာကို ပြန်ပို့ပေးလိုက်"စွန်ရဲဧကရာဇ်သည် ချက်ချင်းပင်စာပြန်ကာ ပြန်လည်ပေးပို့လိုက်၏။ "အင်း ဘယ်လိုတွေဖြစ်ကုန်မလဲ"စွန်ရဲဧကရာဇ်သည် သူ၏စွန်ရဲပုံစံထွင်းထုထားသောကျောက်စိမ်းခုံပေါ်၌ထိုင်ကာ စဥ်းစားခန်းဝင်နေ၏။ဂရိတ်တိုင်းပြည်နဲ့ဂိုဏ်းလေးဂိုဏ်းအခြေနေကို သူလွန်စွာမှပင် စိတ်ဝင်စားနေပြီဖြစ်၏။.............."စာရောက်ပါပြီ"စွန်ရဲဧကရာဇ်စာပြန်ပြီးသည်နဲ့ ရက်ပိုင်းအတွင်း၌ ထိုစာသည်ဂိုဏ်းလေးဂိုဏ်းသို့ရောက်ရှိသွားတော့၏။"စွန်ရဲဧကရာဇ်ကဘာပြောလဲ"ဂိုဏ်းလေးဂိုဏ်းမှအကြီးကဲများသည် စွန်ရဲဧကရာဇ်၏စာစောင်ကို ဖတ်ရှုလိုက်ကြ၏။ထိုစာထဲ၌ပါရှိသည်ကား ဂိုဏ်းလေးဂိုဏ်းမှ တောင်းဆိုချက်အား လက်ခံကြောင်းနဲ့ဂရိတ်တိုင်းပြည်သည် မိမိလက်အောက်၌မရှိ သည်မှာ အနည်းငယ်ကြာနေပြီဖြစ်ကြောင်း လက်ရှိ၏ဂရိတ်တိုင်းပြည်သည် လွတ်လပ်သောတိုင်းပြည်တစ်ခုသာဖြစ်ကြောင်း ၊ထို့ကြောင့် ဂိုဏ်းလေးဂိုဏ်းမှ ဂရိတ်တိုင်းပြည်ကို ဝင်ရောက်ဖက်စွက်မှုများ မိမိတို့အင်ပါယာမှပါဝင်ဆောင်ရွက်နေမည်မဟုတ်ကြောင်း ရေးသားထားခြင်းဖြစ်၏။ထိုရေးသားချက်ကြောင့် ဂိုဏ်းလေးဂိုဏ်းမှ အကြီးကဲများကပြုံးသွားကြ၏။ထိုစာအရဆိုလျှင် စွန်ရဲအင်ပါယာမှ မိမိတို့၏လုပ်ဆောင်ချက်များကို မနှောင့်ယှက်ကြောင်း ဆိုထားပြီဖြစ်ရာ မိမိတို့ဘက်မှသာ စတင်လုပ်ဆောင်ရန်သာ ကျန်တော့သည်ဖြစ်သည်။"ကဲ ခွင့်ပြုချက်ရလာပြီဆိုမှတော့ စတင်လှုပ်ရှားလိုက်တော့"နောက်နေ့မှစတင်ပြီး ဂိုဏ်းလေးဂိုဏ်းမှ လူများသည် ဂရိတ်တိုင်းပြည်သို့စတင်ဝင်ရောက်ရန်လုပ်ဆောင်လာလေတော့၏။ထိုအချိန်မှစ၍ ဂရိတ်တိုင်းပြည်နဲ့ ဂိုဏ်းလေးဂိုဏ်း မှ ဆက်ဆံရေးသည်လည်း တင်းမာသောအခြေနေတစ်ခုထိရောက်ရှိခဲ့တော့၏။

(252)မှတ်ပုံတင်

မနက်ခင်းအလင်းရောင်သည် ပြန်လည်ထွက်ပေါ်လာခဲ့၏။မနက်ခင်းအချိန်၌ အစည်းဝေးခန်းမသည် လူစုံလင်စွာဖြင့်တက်တက်ကြွကြွရှိနေ၏။"အရင်က သန်းခေါင်စာရင်းကောက်ပြီးပြီလား""ကောက်ပြီးပါပြီအရှင်"ဂျိတ်အား လူတစ်ယောက်မှလျှောက်တင်၏။သူ၏နောက်တွင်လည်း ထိုလူကဲ့သို့ တူညီသော အမူထမ်းဝတ်ရုံများအားဝတ်ဆင်ထားကြ၏။ထိုအဖွဲ့များသည် သန်းခေါင်စာရင်းကောက်ရန်တာဝန်ကြထားသော လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်ထဲရေးဌာနမှလူများဖြစ်ကြ၏။၎င်းတို့သည် လက်ရှိ၏သူတိ့တာဝန်တစ်ခုပြီးစီးကြောင်း လာရောက်တွေ့ဆုံနေခြင်းလည်းဖြစ်၏။သူတို့သည် လက်ရှ်ိ၌ ဝတ်စုံအသစ်အားဝတ်ဆင်ထားကြ၏။ထိုဝတ်စုံသည် တာဝန်ထမ်းဆောင်နေချိန်၌ အမြဲဝတ်ရမည်ဖြစ်ကြောင်း ဂျိတ်မှကြေညာချက်ထုတ်ပြန်ထား၏။ထိုဝတ်စုံကိုလည်း သူတိုမှသဘောကျနှစ်ခြိုက်ကြ၏။ထိုဝတ်စုံသည် ကြည့်ရရှုရကောင်းမွန်လှသလို ပူနေပါက အေးမြစေပြီး အေးနေပါက နွေးထွေးအောင်လည်း ပြုပြင်ဖန်တီးပေးထားပြီး သွားလာလှုပ်ရှားမှုလွယ်ကူစေရန်အတွက်ပါ အထူးဒီဇိုင်းဆွဲလုပ်ထားရာ ဝတ်ရသည်မှာ သက်တောင့်သက်သာဖြစ်သောကြောင့် မြတ်နိုးစွာဝတ်ဆင်ကြ၏။နောက်တွင်လည်း ကျန်သောဌာနအသီးသီးမှာလည်း ၎င်းတို့၏ကိုယ်ပိုင်တံဆိပ်ကဲ့သို့ဖြစ်သော တူညီဝတ်စုံများထုတ်လုပ်ဝတ်ဆင်ရန်ညွှန်ကြားထား၏။ဂျိတ်လည်း သူတို့ပေးသောအချက်လက်များအား ကြည့်လိုက်၏။ထို့ကြောင့် သဘောကျကြောင်းခေါင်းညိတ်ပြ လိုက်၏။ထို့နောက် နောက်ထပ်သောလုပ်ဆောင်ရန်ပြောကြား၏။"ကောင်းပြီ ဒါပြီးပြီဆိုတော့ နောက်ဆုံးအဆင့်သွားကြရအောင် နောက်ဆုံးအဆင့်က မှတ်ပုံတင်ကဒ်ပေးတာပဲ"ဂျိတ်မှပြောကြားလိုက်၏။မှတ်ပုံတင်ကဒ်များပေးခြင်း။အဘယ်ကြောင့် ထိုသို့လုပ်ရသနည်း။အဖြေသည်ရိုးရှင်း၏။ထိုသို့လုပ်ထားမှသာ မိမိတိုင်းပြည်ထဲသို့ ပြည်ပလူများ ဝင်ရောက်လာခြင်းအား သိရှိနိုင်သလို တားဆီးနိုင်မည်လည်းဖြစ်၏။ထို့ပြင် မှတ်ပုံတင်ကဒ်ဖြင့် လုပ်ဆောင်နိုင်သောအချက်လက်များလည်းရှိသေး၏။ဥပမာ တိုင်းပြည်သားတစ်ယောက်၏ရသင့်ရထိုက်သောအခွင့်ရေးများ.အကျိုးခံစားခွင့်များသည်လည်း ထိုအရာ၌အခြေ ခံတည်ရှိလာမည်ဖြစ်၏။ထိုအချက်လက်များလုပ်ဆောင်နိုင်ရန်လည်း အခြေ ခံလိုအပ်ချက်သည် မှတ်ပုံတင်ကဒ်ဖြစ်ရာ မှတ်ပုံတင်ကဒ်ကို စတင်ထုတ်ဝေပေးရန် လုပ်ဆောင်ရမည်ဖြစ်၏။ဂျိတ်၏မှတ်ပုံတင်ကဒ်သည် လက်ရှိခေတ်၌သုံးနေသောမှတ်ပုံတင်ကဒ်အရွယ်စားရှိ၏။သို့သော်လည်း ဂျိတ်၏မှတ်ပုံတင်ကဒ်များသည်အပြင်ပိုင်း၌ ရိုးရှင်းမှုဖြင့်ပြသထားသော်လည်း အတွင်းပေါင်း၌ ခက်ခဲနက်နဲသော ရှုပ်ထွေးမှု လုပ်ဆောင်ချက်များပါဝင်နေ၏။မှတ်ပုံတင်ကဒ်ကို အခြေ ခံအားဖြင့်နှစ်မျိုးသတ်မှတ်ထား၏။ကျောင်းသားကဒ်နဲ့ တိုင်းပြည်သားအသိမှတ်ပြုကဒ်ဟူ၍ဖြစ်၏။ လက်ရှိအခြေနေ၌ ကျောင်းသားကဒ်သည်ကျောင်းများ မရှိသေးခြင်းနဲ့ ကျောင်းသားများမရှိသေးရာခေတ္တ ဆိုင်းငံထား၏။မှတ်တင်ကဒ်ကို အမျိုးမျိုးခွဲထား၏။သာမန်ကဒ် အလယ်လတ်ကဒ် အထူးကဒ်ဟူ၍ခွဲ ခြားသတ်မှတ်ထား၏။မည်သို့ခွဲခြားသနည်းဟုမေးလာပါက ဂ ရိတ်တိုင်းပြည်ပြည်သူပြည်သားများ၏ကဒ်သည် သံဖြင့်ပြုလုပ်ထာပြီး စစ်သည်တော်လမ်းစဥ်လျှောက်နေသောသူများအတွက်အရောင်သွေးဖြင့်ခွဲခြားထား၏။ကြေးအဆင့်အတွက် ကြေးရောင်အသွင်၊ငွေအဆင့်အတွက်ငွေရောင်၊ရွှေအဆင့်အတွက် ရွှေရောင်စသည်ဖြင့် သတ်မှတ်ပေးထား၏။ထိုကဒ်များသည် တိုင်းပြည်သားများဖြစ်ကြောင်း ပြသရုံတင်မကပဲ တစ်ချိန်တည်းမှာပင်မိမိ၏စစ်သည်တော်အဆင့်တန်းကိုပါ ပြသနိုင်၏။မှတ်ပုံတင်ကဒ်များကတော့ ရှိနေပြီဖြစ်၏။ဒါဆို ဘယ်လိုမျိုးမှတ်ပုံတင်ကဒ်ထဲ၌ အချက်လက်များဖြည့်သွင်းမည်နည်း။မေးစရာရှိလာမည်ဖြစ်၏။ထိုအတွက်လည်း ပူပင်နေစရာမလိုအပ်ပေ။ဂျိတ်မှ တစ်ခါတည်း အစီစဥ်ချမှတ်ထားပြီးသောကြောင့် ဖြစ်၏။လုပ်ရမည်မှာတစ်နည်းတည်းသာရှိ၏။ဤသည်မှာမှတ်ပုံတင်သည် မူလအရောင်မှာ အကြည်ရောင်ကဒ်များသပ်သပ်သာဖြစ်ပေ၏။ထိုကဒ်၏ထောင့်စွန်းနေရာအနီး၌ စက်ဝိုင်းပုံစံအချိုင့်လေးပါရှိ၏။ထိုစက်ဝန်းပုံအချိုင့်ထဲသို့မိမိ၏သွေးစက်တစ်စက်လေးချပေးရုံသာ ဖြစ်၏။ထိုသို့သွေးစက်ချပြီးပါက မှတ်ပုံတင်ခြင်းပြီးမြောက်ပြီဖြစ်၏။ထိုသွေးစပ်အပေါ်မူတည်၍ ကြည်လင်နေသောမှတ်ပုံတင်ကဒ်သည် တစ်ခါတည်း ထိုသွေးစက်ချသောလူ၏အချက်လက်များကိုပြသပြီးအတည်ဖြစ်သွားမည်ဖြစ်၏။ထို့ပြင် စစ်သည်တော်များဖြစ်နေပါကလည်း မိမိရောက်ရှိနေသောအဆင့်ပေါ်မူတည်ပြီး အရောင်ကွဲပြားသွားမည်ဖြစ်၏။ဤသည်ကား မှတ်ပုံတင်နည်းပင်ဖြစ်၏။"ကောင်းပါပြီ ကျနော်မျိုးတို့လုပ်ဆောင်လိုက်ပါမယ်"ဂျိတ်အားအရိုသေပေးပြီးလျှင်ထွက်ခွာသွားလိုက်ကြ၏။သူတို့သည် ဂျိတ် ၏ကြည်လင်နေသောမှတ်ပုံတင်ကဒ်များကိုအများပြည်သူများလက်ထဲရောက်ရှိစေရန် စတင်ကြိုးပမ်းတော့၏။ ဂျိတ်ကတော့ ကျန်သောအစီစဥ်များထံဆက်လက်ဦးတည်လိုက်၏။မှတ်ပုံတင်ကဒ်၌သွေးစက်ချ၍မှတ်ပုံတင်ပြီးသောအခါ မှတ်ပုံတင်ပြီးကြောင်းသည် ဂျိတ်၏စီမံထားသော အချက်လက်စုစည်းရာနေရာသို့ ရောက်ရှိသွားမည်ဖြစ်၏။ထိုအချက်လက်များစုစည်းရာနေရာသည်လူမှုကြီးကြပ်ရေးဌာနထဲ၌ တည်ရှိ၏။အချက်လက်များကို သွေးများဖြင့် စုစည်းမှတ်တမ်းတင်ထား၏။ထိုနေရာကို ဂျိတ်ကတော့ ဂရိတ်တိုင်းသူပြည်သားများ၏အချက်လက်စုစည်းထားသော အရာကို မှတ်ညဏ်ဦးနှောက်ဟုခေါ်၏။ထိုအရာသည် လက်ရှိရေခဲသေတ္တာနဲ့ပုံစံအလားတူ၏။ထိုအရာသည် ကြီးမားပြီး မှော်စွမ်းအင်များဖြင့် အလုပ်လုပ်၏။ ထိုမှတ်ညဏ်ဦးနှောက်၏လုပ်ဆောင်ပုံသည် ထိုသို့ဖြစ်၏။မှတ်ပုံတင်ကဒ်ကို သွေးစက်ချ မှတ်ပုံတင်သောအခါ ထိုမှတ်ပုံတင်သည် အချခံရသောသွေးစက်အမျိုးစားကို ဦးနှောက်မှတ်ညဏ်သို့ သတင်းပို့၏။ထိုအခါ ဦးနှောက် မှတ်ညဏ်သည် သတင်းပို့လာသော သွေးစက်၏အမျိုးစားကိုတွက်ချက်ပြီးလျှင် ထိုသွေးစက်ပိုင်ရှင်၏အချက်လက်များကိုထို မှတ်ပုံတင်သို့ပြန်လည်ပို့ဆောင်ပေး၏။ထိုအခါမှမှတ်ပုံတင်သည်ပြီးမြောက်သည်ဖြစ်၏။ထိုသို့လုပ်တောင်ရာတွင်လည်းနှစ်စက္က န့်အတွင်း မြန်ဆန်စွာလုပ်ဆောင်သွားခြင်းဖြစ်၏။ထိုဦးနှောက်မှတ်ညဏ်စက်သည် အလွန်ပင်အဆင့်မြင့်လှရာမှတ်ပုံတင်သောအခါ အချက်လက်များလွှဲမှားခြင်း အချက်လက်များမှားပို့မိခြင်းမရှိပေ။အားသာချက်သည်ကား တစ်ချိန်တည်း၌ လူပေါင်းများစွာက မှတ်ပုံတင်သောအခါ လက်ရှိ ခေတ်၌ဖြစ်ပေါ်တတ်သော ဆာဗာကျခြင်း လိုင်းကြပ်ခြင်းအချိန်ကြာခြင်းများလုံးဝမရှိခြင်းပင်ဖြစ်၏။ဂျိတ်မှ မှတ်ပုံတင်ကိစ္စပြီးစီးသွားသောအခါ နောက်ထပ်သောကိစ္စကိုစတင်ဆောင်ရွက်၏။ထိုကိစ္စသည်ကား ပညာရေးပိုင်းပင်ဖြစ်တော့၏။

All Chapters