← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

(253)ပညာရေးပိုင်းသည် အခက်ခဲဆုံးနဲ့အကြီးမားဆုံးသောကိစ္စရပ်တစ်ရပ်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် ပညာရေးသည်တစ်တိုင်းပြည်တစ်ခု၏ပင်မအသက်သွေးကြောအရင်းမြစ်လည်းဖြစ်၏။တိုင်းပြည်အင်အားမြန်ဆန်စွာတိုးတက်ခြင်းမတိုးတက်ခြင်းသည် ပြည်သူပြည်သားတို့အပေါ်မူတည်၏။ထိုပြည်သူပြည်သားများက ပညာတတ်မြောက်ပြီးပါက မြန်ဆန်စွာတိုးတက်ဖွံဖြိုးလာမည်ဖြစ်၏။လက်ရှိ၌ ခေတ္တ ဆိုင်းငံထားသော ပညာရေးအစီစဥ်ကိုစတင်အကောင်ထည်ဖော်တော့မည်ဖြစ်၏။ပညာရေးကဲ့သို့သော ကိစ္စသည် ချက်ချင်းရေတွင်းတူးချက်ချင်းရေသောက်၍မရသော ကိစ္စဖြစ်ရာ အချိန်တစ်ခုတော့ပေးရမည်ဖြစ်၏။"ကျောင်းတွေဆောက်ပြီးပြီလား""ပြီးပါပြီ.ကျနော်တို့တိုင်းပြည်မှရှိတဲ့မြို့တိုင်း ရွာတိုင်းမှာဆောက်လုပ်ပြီးပါပြီ"ပညာရေးအဖွဲ့နဲ့ဆက်စပ်သော မှူးမတ်မှလျှောက်တင်၏။ဟုတ်ပေသည်။ဂျိတ်ဘုရင်ဖြစ်လာကတည်းက စတင်လုပ်ဆောင်ခိုင်းသောအရာသည် ကျောင်းဆရာအတတ်သင်ကဲ့သို့သင်တန်းများဖွင့်လစ်ခြင်းနဲ့ ကျောင်းများဆောက်လုပ်စေခြင်းပင်ဖြစ်၏။ကျောင်းများဆောက်စေရာတွင်လည်း သွားလာရလွယ်ကူသောနေရာများ၌ စောစောဆောက်ပြီး သွားလာရခက်ခဲသောနေရာများကို လမ်းများဖောက်လုပ်ပြသည်နဲ့ တစ်ပြိုင်တည်းဆောက်လုပ်စေခြင်းဖြစ်၏။ ဆောက်လုပ်ရာတွင်လည်း ကြီးမားသောစည်းမျဥ်းများထားရှိ၏။အသုံးပြုသော ကျောက်သဲထုံးစသည်တို့ကိုလည်းအကောင်းတကာ့အကောင်းဆုံးကိုသာရွေးသုံးစေ၏။အကောင်းဆုံးသော သစ်လုံးများသစ်များကိုသာ ရွေးဆောက်စေလေ၏။ထိုကျောင်းများဆောက်ပြိီးသောအခါ ထိုကျောင်းများ၌ပညာသင်ပေးကြားရန် ဆရာအတတ်သင်သင်တန်းများလည်း သင်တန်းပြီးမြောက်သွားပြီဖြစ်၏။"ဒါဆို သင်တန်းပြီးမြောက်ထားတဲ့ ဆရာတွေကို အဲ့ကျောင်းတွေကို ဝေမျှပြီးစေလွတ်လိုက်တော့""ကောင်းပါပြီ အရှင်""နေဦး ကျောင်းသင်ထောက်ကူတွေလည်း သေချာသယ်ယူပို့ဆောင်စေ ပြီးရင် ကျောင်းတွေကလိုသမျှကို သေချာစာရင်းပြုစုထား ပြီးရင် ဘဏ္ဏာထဲကထုတ်သုံးစေ" "မှန်လှပါ အရှင်"ဂျိတ်သည် ပညာရေးနဲ့ပတ်သက်ပါက ငွေကြေးခက်ခဲမရှိစေရန် ဘုရင့်ဘဏ္ဍာမှထုတ်ယူသုံးစွဲနိုင်ကြောင်းပြောလိုက်၏။ဂျိတ်၏အတွေးများကား ဆက်တိုက်ဆိုသလို တွေးတောနေ၏။ထိုကျောင်းများသည် ငါးနှစ်မှ ဆယ့်ငါးနှစ်အထိပညာသင်ယူနိုင်မည်ဖြစ်၏။ကျောင်းများ၌ သင်ကြားပေးမည်ကတော့ မျိုးစုံလှ၏။အသက်ငါးနှစ်မှ ဆယ့်တစ်နှစ်ထိကိုမှု အခြေ ခံစာပေသင်ကြားခြင်းနဲ့ဂရိတ်တိုင်းပြည်၏သမိုင်းကြောင်းများအသိပညာဗဟုသုတများ ပညာရပ်များစွာ၏အခြေ ခံဗဟုသုတများ ကို သင်ကြားပေးမည်ဖြစ်၏။ထို့ပြင်အားကစားများကိုလည်း ပါဝင်ထည့်သွင်းထား၏။အားကစားများထည့်သွင်းရခြင်းသည် ပညာချည်းသာသင်ယူနေရပါက ပျင်းရိဖွယ်ကောင်းသောကြောင့်ဖြစ်သလို အားကစားကြောင့် စစ်သည်တော်ဖြစ်လာရန် အကောင်းဆုံးသောအခြေ ခံလမ်းစလည်းဖြစ်၏။အားကစားနည်းများသည်လည်း နောင်တွင် အလွန်အဆင့်တန်းမြင့်ကြောင်း ဂျိတ်မှ ထုတ်ဖော်ပြသခဲ့သည်ဖြစ်သည်။ဆယ့်နှစ်နှစ်အရွယ်သို့ရောက်သောအခါ မိမိဝါသနာပါသောလမ်းကြောင်းကိုရွေးချယ်ရတော့မည်ဖြစ်၏။ဥပမာ သင်သည် စိုက်ပျ်ိုးရေးနဲ့ပတ်သက်သောအပိုင်းအားစိတ်ဝင်စားသည်ဆိုပါက ထိုအပိုင်းနဲ့ပတ်သက်သောအရာများကို အဓိကထားသင်ကြားတော့မည်ဖြစ်ပြီး ကျန်အကြောင်းရာပညာရပ်များကိုမူ အနည်းကျဥ်းမျှ အနေဖြင့်သင်ကြားပေးမည်ဖြစ်၏။ကျန်သောပညာရပ်များကို အခြေ ခံတတ်မြောက်သည်အထိတော့ သင်ကြားရမည်ဖြစ်၏။ထိုသို့လုပ်ဆောင်ရခြင်းမှာ ငယ်ကတည်းက မိမိသင်ကြားလိုသောပညာရပ်နဲ့တစ်ခါတည်း ထိထိမိမိသင်ကြားစေလိုသော ကြောင့်ဖြစ်ပြီး ထိုပညာရပ်၌ကျွမ်းကျင်သည်အထိပေါက်ပေါက်မြောက်မြောက်ဖြစ်စေလိုသောကြောင့်ဖြစ်၏။ပညာသင်ကြားနေရင်းလည်း သိုင်းပညာကို သေချာသင်ကြားရမည်ဖြစ်၏။စစ်သည်တော်ကမ္ဘာထဲ၌နေကြရသည်ဖြစ်ရာ အရေးကြီးသည်ဖြစ်၏။ဆယ့်နှစ်နှစ်မှဆယ့်ငါးနှစ်အထိ သုံးနှစ်တာ သင်ကြားရမည်ဖြစ်ပြီး တစ်နှစ်၌တစ်ကြိမ်စာမေးပွဲစစ်မည်ဖြစ်၏။စာစစ်ရာ၌လက်တွေ့စစ်ခြင်း၊စာဖြင့်စစ်ခြင်း လုပ်ဆောင်မည်ဖြစ်၏။ဆယ့်ခြောက်နှစ် ဆယ့်ခုနှစ်နှစ်သည် ထိုနှစ်နှစ်သည် မိမိတတ်မြောက်ထားသော ပညာရပ်များအလိုက် လက်တွေ့ဆောင်ရွက်ရတော့မည်ဖြစ်၏။ထိုနှစ်နှစ်ကာလသည် တကယ်တတ်မြောက်ခြင်းရှိမရှိစစ်ဆေးခံရသော အချိန်လည်းဖြစ်၏။ထိုနှစ်နှစ်ကာလ၌ စစ်ဆေးသူများ၏အကဲဖြတ်မှုအောင်မြင်ပါက ဘွဲ့လက်မှတ်ကဲ့သို့သော လက်မှတ်ရရှိမည် ဖြစ်ပြီး မိမိပညာရပ်နဲ့ဆက်စပ်သော ဌာနများ၌ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်၏။ဂျိတ်သည် ပညာသင်ကြားရေးအရွယ်မှ အလုပ်ကိုင်ရသည်အထ်ိ တစ်ဆက်တည်းစီမံဆောင်ရွက်ထားသည်ဖြစ်၏။ဒါဆိုရင် အသက်ရွယ်ကြီးပြီးသောသူများအတွက်ကော ဟုမေးစရာရှိ၏။ထိုအတွက်လည်း ဂျိတ်မှပြင်ဆင်ပြီးသားဖြစ်၏။လက်ရှိအခြေနေ၌ တိုင်းပြည်သားပြည်သူများသည်စာတတ်မြောက်သည့်လူဦးရေရာခိုင်နှုန်းနည်းပါးနေသေး၏။ထိုအရွယ်ရောက်ပြီးသောလူများအတွက် အခြေ ခံစာပေတတ်မြောက်သင်တန်းပို့ချမည်ဖြစ်၏။ထိုသင်တန်းများတက်ရာတွင်လည်း ဝမ်းရေးနဲ့စားဝတ်နေရေးမခက်ခဲစေရန်အတွက် တက်ရောက်နေသည့်အချိန်၌ ထောက်ပံကြေးပေးအပ်မည်ဖြစ်၏။ထိုသင်တန်းတက် ရောက်ပြီးသောအခါ စာတတ်ကြောင်းလက်မှတ်ရရှိမည်ဖြစ်၏။ထိုလက်မှတ်ရပါက မိမိစိတ်ဝင်စားသော အလုပ်ကိုင်ကိုရှာဖွေလုပ်ကိုင် ရာ၌အသုံးဝင်စေမည်ဖြစ်၏။ထိုကိစ္စသည် ရေရှည်သွားရမည်ဖြစ်ရာ ဂျိတ်မှအလောတကြီးမလုပ်သေးပေ။ဖြေးဖြေးမှန်မှန်နဲ့သာ ဆက်လက်လျှောက်လမ်းစေလို၏။ဒါမှသာ သမီးဖြစ်သူ၏တိုင်းပြည်သည်အလွန်သာယာစည်ကားဝပြောလာမည်ဖြစ်၏။"ဂိုဏ်းတွေကလည်း ကစားချင်နေသေးတယ်ဆိုတော့လဲ ငါလဲ နည်းနည်းတော့ကစားပေးရမှာပေါ့"ဂျိတ်သည်ပြုံးလိုက်၏။သူ၏တိုင်းပြည်အား ဂိုဏ်းလေးဂိုဏ်းမှ လာရောက်ပြီး တိုင်းပြည်မတည်ငြိမ်အောင်ဆောင်ရွက်တော့မည်ဖြစ်၏။သူတို့သည် အနည်းငယ်ကွာဝေးသောဒေသမှ လာရမည်ဖြစ်ရာ အနည်းဆုံးတော့ နှစ်လမျှအချိန်ယူရမည်ဖြစ်၏။ထိုကာလအတွင်း၌ ပညာပြရန်အသင့်ဖြစ်စေရန်အတွက် "ဖယ် ဟိုအစီစဥ်နှစ်ခုစလုပ်တော့""ကောင်းပါပြီ"ဂျိတ်၏စကားကြောင့် ဖယ်သည် ဂျိတ်ပြောသောအစီစဥ်ကိုစတင်အကောင်တည်ဖော်တော့၏။ထိုအစီစဥ်နှစ်ခုသည်ဂရိတ်တိုင်းပြည် ၏လုံခြုံရေးနဲ့ပတ်သက်သောဌာနနှစ်ခုကို စတင်ဖွင့်တော့မည်ဖြစ်၏။ပထမဌာနသည် ရဲဌာနဖြစ်ပြီးနောက်တစ်ခုသည်ကား တိုင်းပြည်၏နောက်ကွယ်မှလုပ်ရှားမည့်အထူးဌာနတစ်ခုပင်ဖြစ်လေတော့၏။ဂျိတ်၏အစီစဥ်အတိုင်း ဂရိတ်တိုင်းပြည် သည်စတင်အကောင်ထည်ဖော်ဆောင်ခြင်းခံရကာ လည်ပတ်နေပြီဖြစ်၏။

(254)

"ဘုရင်မင်းမြတ်က ဌာနသစ်ဖွဲ့ပြီတဲ့ "ထိုသတင်းစကားက တိုင်းသူပြည်သားများအကြားပြန့်နှံသွား၏။ဘုရင်သစ်လက်ထက်၌များပြားလှသော ဌာနများစွာ ကို ဖွဲ့စည်းခဲ့သော်လည်း ထိုမျှသတင်းပြန့်ကြားမှုမရှိကြပေ။ထိုကြော်ညာချက်သည် တစ်တိုင်းပြည်လုံးအားကြော်ညာခြင်းဖြစ်၏။ယခုတစ်ခေါက်ကား ဆန်းပြားသည်ဟုဆိုနိုင်၏။ကြေညာထားသောသတင်းအရဆိုလျှင် ဂရိတ်တိုင်းပြည်၏အေးချမ်းသာလှပသောအခြေနေကို ထိန်းသိမ်းရန်အတွက် မကောင်းမှုဒုစရိုက်မှုများကို တားဆီးပေးမည့် ရဲဌာနဟူသော ဌာနတစ်ခုဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနဲ့ ထိုဌာနတွင် ပါဝင်ထမ်းဆောင်လိုသူများသည် စတင်စာရင်းပေးသွင်းနိုင်ကြောင်းရေးသားထား၏။စာရင်းသွင်းရာ၌ အကျင့်စာရိတ္တ ကောင်းမွန်ပြီးစာတတ်မြောက်သူမည်သူမဆိုနဲ့သတ်မှတ်ထားသော ကိုယ်အလေးချိန်အရပ်ရှိသည်မည်သူမဆို ပါဝင်လျှောက်ထားနိုင်ကြောင်း လူတန်းစားမခွဲခြားကြောင်းစသည်ဖြင့်ပါရှိ၏။ ပါဝင်လျှောက်ထားပြီး အောင်မြင်သွားသောသူများသာ်သင်တန်းတစ်လတက်ရောက်ရမည်ဖြစ်ပြီး ထိုသင်တန်းတက်စဥ်မှစ၍ လစာပေးအပ်မည်ဖြစ်ကာ စားသောက်ရေးကိုလည်း ထောက်ပံပေးမည်ဖြစ်ကြောင်းနဲ့ သင်တန်းပြီးပါကစတင်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်းရေးထား၏။သင်တန်းတက်ရောက်စဥ်၌ လစာသည် ငွေပြားငါးဆယ်ပေးအပ်မည်ဖြစ်ပြီး သင်တန်းပြီးလျှင် တာဝန်ထမ်းဆောင်ပါကငွေပြားတစ်ရာ(ရွှေတစ်ပြား)စတင်ရရှိမည်ဖြစ်၏။ပါဝင်လျှောက်ရန်အတွက်ဂရိတ်တိုင်းပြည်၏မြို့အနယ်အနယ်တိုင်း၌ စစ်ဆေးမည့်နေရာများထားရှိမည်ဖြစ်၏။ထိုနေရာများ၌ ပါဝင်လျှောက်ထားပြီး ဖြေဆိုရမည်ဖြစ်၏။ထိုကြော်ညာချက်ကြောင့် ပြည်သူလူထုသည်အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြတော့၏။လူတန်းစားသတ်မှတ်ထားခြင်းမရှိခြင်းနဲ့ မြင့်မားလှသည့် လစာကြောင့်လျှောက်ထားသူများစွာရှိလေ၏။ ထိုအခြေနေကိုလည်း ဂျိတ်မှမျှော်လင့်ပြီးသားဖြစ်၏။ထို့ကြောင့် လျှောက်ထားသူတိုင်းအား စစ်ဆေးခြင်းကိုဆောင်ရွက်စေ၏။စစ်ဆေးခြင်းကို တာဝန်ယူသူများကားစစ်တပ်မှစစ်သည်တော်များဖြစ်ကြ၏။ထိုစစ်သည်တော်များသည် စစ်ဆေးရာ၌ စစ်တပ်၌ကျင့်သုံးသောနည်းအတိုင်းစစ်ဆေးကြ၏။သာမန်လူများအား မိုင်နှစ်ဆယ်ပြေးခိုင်းသလို အကျင့်စာရိတ္တစစ်ဆေးခြင်းကိုလည်းဆောင်ရွက်၏။စစ်သည်တော်များကိုမူပိုမိုတင်းကျပ်ပြီးစစ်ဆေးခံစေ၏။ထိုစစ်ဆေးမှုနှစ်ရပ်ဖြင့် လာလျှောက်သောလူတို့မှ တွန့်ဆုတ်ကုန်၏။လာလျှောက်သမျှလူထဲမှ လေးပုံသုံးပုံသည်တင်းကျပ်လှသောစစ်ဆေးမှုများကြောင့် လှည့်ပြန်သွားကြတော့၏။"ကောင်းပြီ ဒီလူတွေကို သင်တန်းပို့တော့" ထိုစစ်သည်၏စကားကြောင့် ဝင်ခွင့်အောင်မြင်သွားသောသူများမှာ ပျော်ရွှင်ခွင့်ရကြ၏။ထိုသူတို့သည် သင်တန်းမသွားခင် တစ်ရက်ခွင့်ရကြ၏။ထိုတစ်ရက်၌ မိမိတို့မိသားစုအသိုင်းဝိုင်း၌ နှုတ်ဆက်ခွင့်ရရန်ဖြစ်၏။ငွေပြားငါးဆယ်ကိုလည်း ထုတ်ပေးထားရာ သင်တန်းမသွားခင် တစ်ချို့သောလူများက ထိုငွေများအား မိသားစုဝင်များအား ပေးထားကြ၏။ထိုငွေပမာဏသည် သာမန်မိသားစုများအဖို့ အလွန်များပြားသောငွေကြေးပမာဏဖြစ်၏။တစ်နှစ်စာဝင်ငွေထက်ပင်များပြားနေသောကြောင့် သင်တန်းတက်ရောက်ခွင့်ရသောလူ၏မိသားစုဆိုလျှင် အပျော်ကြီးပြီး ထိုသင်တန်းပါဝင်တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြ၏။ဝင်ခွင့်မရသောလူများကလည်း ဝင်ခွင့်ရသောသူများကို အားကျကြ၏။ဝင်ခွင့်ရသောလူများအား မိမိတို့မြို့နဲ့အနီးစပ်ဆုံးသောစစ်တပ်နေရာများသို့ စေလွတ်လိုက်ကြ၏။ထိုစစ်တပ်နေရာ များသည် သင်တန်းတစ်လတာတက်ရောက်ရမည့်နေရာလည်းဖြစ်၏။....................သင်တန်း၏ပထမဆုံးသောနေ့"ပြေးကြစမ်း....ဒါလေးတောင်မပြေးနိုင်ဘူးလား....ဒါများ ရဲလုပ်ချင်သေးတယ်ဟုတ်လား"စစ်သည်များ၏ကြိမ်းမောင်းသံများအောက်၌ သင်တန်းသားများပြေးလွှားနေကြ၏။သူတို့သည် ပြေးနေသည်မှာ ကြာပြီးဖြစ်သောကြောင့် အလွန်ပင် ပင်ပန်းမောနေပြီလည်းဖြစ်၏။သူတို့သည် မနက်ခင်းအချိန် ငါးနာရီခန့်၌ထကြရပြီး အပြေးလေ့ကျင့်နေကြရ၏။တစ်နာရီမျှ မနားတမ်းပြေးလွှားရသောအခါ သူတို့သည် အလွန်မောပန်းလာကြ၏။ထိုဖြစ်ရပ်များသည် တစ်တိုင်းပြည်လုံးဖြစ်ပေါ်နေသည်ဖြစ်၏။"နားမယ်" ထိုအသံက သင်တန်းသားတို့ကို လုံးဝပျော်ရွှင်ဖွယ်ဖြစ်စေခဲ့၏။ထို့နောက် သင်တန်းသားများအား မနက်စာကျွေးမွေး၏။မနက်စာအဖြစ် ပေါင်မုန့်တစ်လုံး ၊အမဲသားတုံးခပ်ကြီးကြီးတစ်တုံး၊ကြ က်ဥပြုတ်တစ်လုံးနဲ့နွားနို့တစ်ခွက်ဖြစ်လေ၏။ထိုမနက်စာသည် အာဟာရပြည့်ဝစေရန်အတွက်စီစဥ်ဆောင်ရွက်ထားသည်ဖြစ်၏။မနက်ပြေးလွှားထားရသည်ဖြစ်ရာ သင်တန်းသားများမှ အလွန်မင်းဆာလောင်မွတ်သိပ်နေသည်ဖြစ်၏။ထို့ကြောင့် မြန်ဆန်စွာပင် စားသောက်လိုက်ကြ၏။"ဒီကောင်တွေ ကံကောင်းတာ "စစ်သည်တော်တစ်ယောက်မှ ပြော၏။ထိုပြောသံကိုသူ၏ဘေး၌ရှိသော စစ်သည်တော်မှလည်း ထောက်ခံ၏။သူတို့တပ်ထဲဝင်စ၌ လေ့ကျင့်ခန်းများဆင်းကြရ၏။ထိုစဥ်ကသူတို့၏မနက်စာသည် ပေါင်မုန့်တစ်လုံးသည်ဖြစ်၏။ကြ က်ဥ ပြုတ်ပါလာသော နေ့ဆိုလျှင် သေမတတ်ပျော်ရွှင်ကြရ၏။ယခုဘုရင်သစ်လက်ထက်၌ သင်တန်းသားများသည် စားသောက်ဖွယ်ရာကောင်းများကို စားသောက်ကြရ၏။စားသောက်ပြီးသောအခါ လေ့ကျင့်ရေးဆင်းကြရပြန်၏။လေ့ကျင့်နားသည့်အချိန်သည်နေ့လယ်မရောက်မချင်းဖြစ်၏။နေ့လယ်ရောက်သောအခါ နေ့လည်စာစားချိန်ပေး၏။နေ့လည်စာအနေဖြင့် ငါးအသားနဲ့ဂျုံအပြင် သစ်သီးဝလံတစ်ချို့ဖြစ်၏။နေ့လည်စာ စားသောက်ပြီးသောအခါ ထပ်မံသင်တန်းဆင်းရပြန်၏။ညနေစောင်းသောအခါမှသာ နားပေး၍ တစ်ကိုယ်ရည်သန့်ရှင်းချိန်နဲ့စားသောက်ချိန်ပေး၏။ညစာအဖြစ်ကား ဒိန်ခဲ၊အသားများ၊အစေ့ဆန်များနဲ့ဝိုင်တို့ဖြစ်၏။သင်တန်းကာလအတွင်း၌ ထူးချွန်သောသးများကိုဝက်ပေါင်ခြောက်များဆုချီးမြင့်တက်၏။ စားသောက်ပြီးသောအခါ မပြီးသေးပေ။နေ့ခင်းသည် လေ့ကျင့်ခန်းလုပ်ရပြီး ညအချိန်၌ စာသင်ကြားရ၏။ထိုသင်ကြားသောစာများသည် ရဲတစ်ယောက်၏လုပ်ကိုင်ရမည့် အခြေ ခံစည်းကမ်းများနဲ့မူဝါဒများဖြစ်ပြီး ဂရတ်တိုင်းပြည်၏ဥပဒေအသစ်တို့ဖြစ်၏။ညဆယ့်နာရီမှသာ အနားယူစေပြီးမနက်ငါးနာရီ၌ပြန်လည်ထကာ ထိုပုံစံအတိုင်းလည်ပတ်သွားမည်ဖြစ်၏။သင်တန်းများသည် ဤအတိုင်းဖြင့် ငရဲခန်းကြီးတစ်လအားရင်ဆိုင်အံတုကာ ကျော်ဖြတ်ကြလေတော့၏။............တစ်လပြည့်၌ သင်တန်းပြီးမြောက်သောအခါမိမိတို့သင်တန်းဆင်းရာ စစ်တပ်များ၌ သင်တန်းဆင်းပွဲများလုပ်ဆောင်ပေး၏။ထိုသင်တန်းဆင်းပွဲ၌ သင်တန်းသားများအား ကြီးကြပ်ခဲ့သောသူများက ကိုယ်တိုင် ကိုယ်ချ သင်တန်းဆင်းလက်မှတ်များပေး၏။ထိုလက်မှတ်များသည်ရဲဌာနဝင်ခွင့်တစ်ခုလည်းဖြစ်၏။ထိုအခါ သင်တန်းသားများအတွက် မိမိတို့ကြုံတွေ့လာရသောအခက်ခဲအချိန်တစ်လသည် အမှတ်တရများအဖြစ်ပြောင်းလဲသွားတော့၏။တစ်လသင်တန်းတက်ပြီး တွေ့ဆုံခဲ့ပြီး ခင်မင်ရင်းနှီးသွားသော သူများသည် ယခုအခါ နှုတ်ဆက်ချိန်သို့ကျရောက်လာပြီလည်းဖြစ်၏။သင်တန်းဆင်းလက်မှတ်များယူချိန်၌ သင်တန်းသားများသည် မျက်ရည်ဝဲကုန်ကြ၏။ပျော်လည်းပျော်နေသလို ငိုလည်းငိုနေကြ၏။ပျော်ရခြင်းသည် ရဲဖြစ်လာပြီး မိမိတို့မိသားစုဝင်များနဲ့ ပြန်တွေ့ရမည်ဖြစ်သောကြောင့်ဖြစ်ပြီး ငိုရခြင်းသည် မိမိနဲ့အတူ သင်တန်းတက်လာသော မိတ်ဆွေသင်တန်းသားများနဲ့စစ်တပ်မှစစ်သည်များနဲ့ ခွဲခွာရတော့မည်ဖြစ်သောကြောင့်ဖြစ်၏။ သင်တန်းဆင်းသောနေ့၌ စစ်တပ်အတွင်း၌မီးပုံပွဲကျင်းပပေးကြ၏။ထိုမီးပုံပွဲ၌ သင်တန်းဆင်းပြီးသောသင်တန်းသားများနဲ့ စစ်သည်တော်များ အတူတူ သောက်စားပျော်ပါးကြ၏။မိမိတို့ကြုံလာခဲ့သော အခက်ခဲများကို အတူတကွပြန်လည်ပြောဆိုရင်း ရယ်မောကြ၏။သင်တန်းသားများအား ကြိမ်းမောင်းလေ့ကျင့်ပေးခဲ့သောစစ်သည်တော်သည်လည်းမီးပုံပွဲ၌ သင်တန်းသားများနဲ့ခွဲခွာရမည်ဖြစ်သောကြောင့် အနည်းငယ်ဝမ်းနည်းမိကြသည်မှာအမှန်ပင်။ထို့ကြောင့် မီးပုံပွဲ၌အတူတကွသောက်စားပြီး ပျော်ရွှင်ကခုန်လိုက်ကြ၏။.....................တစ်လဟူသောအချိန်ကုန်ဆုံးသွားသောအခါ ဂရိတ်တိုင်းပြည်၌ ရဲဌာနဟူသောဌာနနဲ့အတူ ရဲသားများလည်းစတင်ပေါ်ပေါက်လာတော့၏။

(255)

ရဲဌာနများပေါ်လာသည်နဲ့ စစ်သည်တော်များအတွက် အလုပ်သက်သာသွား၏။ယခင်ကဆိုလျှင် စစ်တိုက်ရေး၊မြို့များစောင့်ကြပ်ရေး၊ကင်းစောင့်ခြင်းနဲ့ပြည်သူလူထုကိုတရားစီရင်ရေးစသည့်နေရာတိုင်း၌ပါရှိ၏။ထိုအခု စစ်သည်တော်တို့အတွက် တာဝန်များမှာ များပြားသလို ဝန်လည်းပိလာ၏။ထိုအခြေနေကိုဖြေရှင်းပြီး စစ်သည်တော်များအတွက် သက်တောင့်သက်သာဖြစ်ရန် ရဲဌာနကိုဖွဲ့စည်းထားခြင်းဖြစ်၏။အသစ်ဖွဲ့စည်းထားသော ရဲဌာနသစ်သည် တိုင်းပြည်အတွင်းရှိ မတရားမှုများကိုဖြေရှင်းရန်၊ ပုန်ကန်ထကြွသူများကိုနှိမ်နင်းရန်နဲ့ပြည်သူလူထုအား ကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်စသော တာဝန်များကို လုပ်ဆောင်ကြရမည်ဖြစ်၏။အထူးစစ်ဆင်ရေးနဲ့စစ်တိုက်ရန်မှမဟုတ်လျှင် စစ်သည်တော်များသည် ထိုကိစ္စများ၌ပါဝင်ပတ်သက်ရန်မလိုအပ်တော့ပေ။ အရေးကြီးသောကိစ္စများမှ မဟုတ်လျှင် လုပ်ဆောင်ရန်မလိုရာ စစ်သည်တော်များအတွက် အသက်ရှုချောင်စေ၏။ထို့ပြင် ကိစ္စတစ်ခုတည်းကို အာရုံစိုက်ကာလုပ်ဆောင်လာနိုင်သည့်အတွက် ပိုမိုထိရောက်ပြီး အောင်မြင်လာမည်လည်းဖြစ်၏။............ဇက်သည် ယနေ့၌ အလွန်ပင်တက်ကြွနေ၏။အကြောင်းကားသူသည် ပထမဆုံးစတင်အလုပ်ဝင်ရမည်ဖြစ်သောကြောင့်ဖြစ်၏။"ဘယ်လိုနေလည်း"အဖေဖြစ်သူက သားဖြစ်သူအားမေး၏။"သားစိတ်ထဲမှာ တော်တော်စိတ်လှုပ်ရှားနေတယ် အဖေ..ဘယ်လိုဖော်ပြရမလဲ မသိတော့ဘူး"ထိုစကားကြောင့် အဖေဖြစ်သူသည် ပြုံးလိုက်၏။သူ၏သားသည် ကံကောင်းထောက်မစွာဖြင့် ရဲတစ်ယောက်ဖြစ်ခွင့်ရရှိ လာခဲ့၏။ယခင်ကဆိုလျှင် သားအဖနှစ်ယောက်သည် ပင်ပန်းကြီးစွာရှာဖွေရင်းရှာဖွေစားသောက်ခဲ့ကြရ၏။သူ့၏သားသည် ရဲတစ်ယောက်အဖြစ်ရောက်ရှိလာသောအခါသူ၏လစာကြောင့် သားအဖနှစ်ယောက်မှာ ချောင်လည်သွားတော့၏။ယခုလည်း အဖေဖြစ်သူသည် သားဖြစ်သူကိုကြည့်ရင်းပီတိဖြာနေ၏။သူ၏သားသည် အသစ်သောရဲဝတ်စုံကိုဝတ်ကာ ခန့်ညားနေ၏။"အဖေ သားနောက်ကျတော့မယ် ""အေအေ...သေချာဂရုစိုက်သွားဦး"ဤသည်ကား ဖခင်မေတ္တာတရားပင်ဖြစ်၏။သားဖြစ်သူသည် ဖခင်အား နှုတ်ဆက်ပြီးမိမိတာဝန်ထမ်းဆောင်ရန် ရဲဌာနသို့သွားတော့၏။သူသည် ရဲဝတ်စုံဖြင့် တာဝန်စတင်ထမ်းဆောင်ရန်သောအခါ လမ်းမှာတွေ့သောသူတိုင်းက သူ့အားအထင်ကြီးလေးစားကြ၏။သူသည်း လမ်းလျှောက်လာသောအခါလေးစားသူကလေးစားကြပြီး အားကျသည့်အကြည့်များနဲ့ကြည့်သူကကြည့်ကြ၏။တစ်ချို့သောမိန်းမပျိုလေးများဆိုလျှင် အထာပင်ပေးကြ၏။တစ်ချို့သောလက်ရဲဇက်ရဲရှိသောမိန်းမပျိုများဆိုလျှင် ညစားအတူစားရန်ပင် ချိန်းဆိုကြလေ၏။ဇက်သည် ထိုအခြင်းရာများအား ယဥ်ကျေးစွာငြင်းဆိုကာ မိမိရဲဌာနသို့လာ ဥိီးတည်လာလိုက်၏။ရဲဌာနသို့ ဇက်ရောက်သောအခါ သူ့အားများစွာသောအလုပ်ပုံကြီးက စုဝေးကာ စောင့်နေလျက်ရှိ၏။.................ထိုနေ့မှစ၍ ဂရိတ်တိုင်းပြည်နေရာအနှံမြို့များ၌ ရဲများပေါ်ပေါက်လာကြတော့၏။ထိုရဲများသည် ပြည်သူလူထု၏လိုအပ်သည်များကို ကူညီပေးခြင်း၊ပါဝင်ဆောင်ရွက်ပေးခြင်းတို့ကြောင့် တိုင်းသူပြည်သားများကအလွန်နှစ်သက်ကျေနပ်ကြ၏။ရဲများပေါ်ပေါက်လာခြင်းကြောင့် ထကြွသောင်းကျန်းနေသော သူခိုးများ၊ဓားပြများသည်လည်း ငြိမ်သက်သွားကြရတော့၏။မငြိမ်သက်၍မရတော့ပေ။ရဲများသည် သူတို့ပိုမိုသန်မာသည့်အပြင် ဂရိတ်ဘုရင်သစ်၏ဖွဲ့စည်းမှုကြောင့်ဖြစ်လာသောကြောင့်ဖြစ်၏။အထင်သေးသောသူခိုးများက ထိုရဲများကိုမကြောက်ဟုဆိုကာ မိမိတို့အလုပ်ကိုဆက်လက်လုပ်ကိုင်ကြ၏။ရလာဒ်ကား၎င်းတို့သည် ရဲများဖမ်းဆီးခြင်းကိုခံကြရ၏။ဖမ်းခံရတွင်လည်း ဘယ်လိုမှထွက်ပြေးချိန်မရရှိလိုက်တော့ပဲ ချောင်ပိတ်ကာ ပြေးပေါက်ပိတ်၍ဖမ်းဆီးခြင်းခံကြရသည်ဖြစ်၏။ထို့ကြောင့် သူခိုးဓားပြများမှာလည်း ပျောက်ကွယ်သွားတော့၏။ "ဒီအတိုင်းဆိုတော့ ငါတို့အခြေနေမဟန်တော့ဘူး"လူတစ်စုသည် စုဝေးကာ တိုးတိုးတိတ်တိတ်ဆွေးနွေးနေကြ၏။သူတို့သည် တစ်ခြားသောလူများမဟုတ်ကြ ဂရိတ်တိုင်းပြည်၌ ကျင်လည်ကျက်စားနေသော သူခိုးများသာဖြစ်ကြ၏။သူခိုးအလုပ်ကိုင်လာသည်မှာ သက်တမ်းအတော်ပင်ကြာညောင်းလာပြီဖြစ်၏။လက်ရှိ၌၎င်းတို့၏အခြေနေသည် အလွန်ဆိုးဝါးနေသည်ဟုဆိုနိုင်၏။ဘုရင်သစ်လက်ထက်မှစ၍မကောင်းမှုတိုက်ဖျက်ရေးများမှာ ပိုမို၍ပင် ပြင်းထန်လာလေတော့၏။ထိုအခါ သူတို့အတွက် စာပေါက်ပိတ်လာခဲ့ဖြစ်၏။ရဲဌာနများကို ဖွဲ့စည်းပြီးသောအခါ ပို၍ပင်ဆိုးဝါးလာလေတော့၏။ထိုအခါ သူခိုးများသည် တစ်ခုခုလုပ်ဆောင်ရန်ဆုံးဖြတ်လိုက်ပြီး ယခုကဲ့သို့တွေ့ဆုံဆွေးနွေးလိုက်ကြ၏။အစောပိုင်း၌အချင်းချင်းမမြင်ဖူးကြသလို တစ်ကိုယ်တော်လှုပ်ရှားသူများ လည်းဖြစ်ကြ၏။ခုမှသာ အချင်းချင်းတွေ့မြင်ပြီး သိရှိလာကြ၏။"ကျနော်ကတော့ အလုပ်ကိုင်ပြောင်းရမယ်လို့မြင်တယ် ဒီအတိုင်းသာဆက်သွားနေရင် အဖမ်းခံရမှာပဲ"ဝါရင့်သူခိုးတစ်ယောက်ပြော၏။ပြောရာ၌သူ၏အတွေးမြင်များနဲ့ ဆက်စပ်ကာပြောကြား၏။"နောက်ပိုင်း တော်တော်ကြီးပြောင်းလဲလာတာကို ခင်ဗျားတို့လဲ ခံစားမိမှာပါ ဆက်လက်လုပ်ကိုင်ရင်နောက်ပိုင်းမှာအခြေနေပိုဆိုးမယ်လို့အာရုံရနေတယ် ပြီးတော့နောက်ပိုင်း အလုပ်တွေရဲ့လစာတွေကလဲ တော်တော်ကြီးများပြားလာနေတာကို"ထိုစကားကြောင့် သူခိုးများငြိမ်ကြသွားရ၏။ခင်က စားဝတ်နေရေးခက်ခဲသောကြောင့် ခိုးစားလာကြသူများဖြစ်၏။ခုအခါ သာမန်အလုပ်ကြမ်းတစ်ခုကပင် ဝမ်းရေးအတွက်အဆင်ပြေလာစေနေပြီဖြစ်ရာ ထိုအချက်က မခိုးတော့ရန်တွန်းအားပေးနေ၏။တစ်ချို့သောသူခိုးများအတွက်တော့ ကြီးမားသောပြသနာတစ်ခုဖြစ်လာ၏။ခိုးလာသည်မှာကြာညောင်းလာပြီဖြစ်သောကြောင့် မိမိ၏နေ့စဥ်ဒူဝလုပ်ကိုင်နေသလိုဖြစ်နေရာ နေ့တိုင်းခိုးနေရာမှာ ရုတ်ခြည်းရပ်တန့်ရန်က အလွန်မင်းပင်ခက်ခဲနေ၏။ဆွေးနွေးမှု၏ရလာဒ်ကား နှစ်မျိုးထွက်ပေါ်လာလေ၏။ပထမတစ်မျိုးသည် သူခိုးအလုပ်ကိုနားကြမည်ဖြစ်ပြီး နောက်တစ်မျိုးသည်သူခိုးအလုပ်ကိုဆက်လက်လုပ်ကိုင်ကြမည်ဖြစ်၏။"ငါတော့မစွန့်လွတ်နိုင်ဘူး ဆက်လက်လုပ်ကိုင်နေမှာပဲ"ထိုသူခိုးကကြွေးကြော်၏။အဘယ်ကြောင့်ဆိုသော် သူသည်အလုပ်လုပ်ကိုင်ရန်အလွန်မင်းပျင်းရိသည့်အပြင် လွယ်ကူသည့်ခိုးခြင်းကို အလွန်နှစ်သက်နေပြီဖြစ်သောကြောင့်လည်းဖြစ်၏။သူ၏နောက်တွင်လည်း သုံးလေးယောက်ကလည်းထိုသူစကားကိုထောက်ခံကြ၏။"ဝုန်း" ထိုစဥ် သူတို့ဆွေးနွေးနေသော နေရာသို့ လူအုပ်ကြီးတစ်စုကရောက်ချလာလေတော့၏။"အို ဒါဆိုတော့လဲ စွန့်လွတ်နိုင်အောင်လုပ်ပေးရမှာပေါ့ဗျာ""ဟ ရဲတွေ"ကြွေးကြော်သည့် သူခိုးဆွံအသွားသည်။အလွန်လုံခြုံသောနေရာအား ရဲများရောက်လာသောကြောင့်လည်းဖြစ်၏။မကြာမီ၌ရဲများသည် သူခိုးအလုပ်အား စွန့်လွတ်လိုက်သည့် သူခိုးများအား တိုင်းပြည်အတွက် ကောင်းကျိုးပြုသည့်လူများဟု ချီးမွန်းခန်းဖွင့်ကာ ခိုးမည်ဟုပြောသောသူခိုးများကိုတော့"လာပါစခန်းရောက်မှ ရှင်းကြတာပေါ့ဗျာ"

All Chapters