အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
(256)
ဂရိတ်တိုင်းပြည်သည် ဂျိတ်၏လက်အောက်ရောက်သောအခါ တိုးတက်မှုနှုန်းသည် မူမှန်ခြင်းမရှိတော့ပေ။ကိန်းသေမည်မျှ ဖြင့် တိုးတက်နေသည်ကား အလွန်ပင်တိုင်းတာရခက်ခဲ နေသည်။ဤသို့ဖြစ်ရသည်မှာ နည်းပညာသစ်များပစ္စည်းများ ကို ဂျိတ်မှယူဆောင်လာပြီး အသုံးပြုအကျွမ်းဝင်စေသော ကြောင့်ဖြစ်၏။နှစ်အနည်းငယ်ကြာညောင်းမှသာ တိုးတက်မှု ကိန်းမှာငြိမ်သက်လာမည်ဖြစ်၏။ "ဒီတိုင်းပြည်လေးကို ဘာမို့လို့ငါ့ကိုတောင် လွတ်လိုက်ရတာ လဲ" လူတစ်ယောက်သည် အထင်မြင်သေးစွာဖြင့် ပြောဆိုနေ၏။ ထိုသူ၏နောက်၌ အယောက်ငါးဆယ်မျှသောနောက်လိုက် လည်းရှိလေ၏။ထိုသူမှာ တစ်ခြားမဟုတ် သားရဲဂိုဏ်းမှ မာဖီဆိုသူဖြစ်လေ၏။သူသည် တခြားခြား သောဂိုဏ်းသားများထက်ပါရမီပါရှိခြင်းနဲ့အဆင့်တက်မှု မြန်ဆန်ခြင်း အဆင့်ကျော်တိုက်နိုင်ခြင်းတို့ကြောင့် ဂိုဏ်း ထဲ၌တစ်နေရာရရှိထားသော လူဖြစ်၏။ သူ၏နောက်မှ နောက်လိုက်ငါးဆယ်သည် သူအားသခင်ဖြစ် လက်ခံယုံကြည်နေကြသူများဖြစ်ပြီး မာဖီလုပ်သမျှလိုက်လုပ် ကြမည်ဖြစ်၏။မာဖီအဆင့်တန်းထပ်မံမြင့်တက်လာပါက သူ တို့သည်လည်း မာဖီအား အမှီပြု၍မြင့်တက်လာကြမည် ဖြစ်၏။ထိုနောက်လိုက်ငါးဆယ်သည်လည်း အစွမ်းစရှိ သူများဖြစ်ပြီး မာဖီထက်ပါရမီမပါသောကြောင့်သာ မာဖီအား အရိုသေပြုကာ သခင်ဖြစ်လက်ခံထားခြင်းလည်းဖြစ်၏။ မာဖီသည် ပလက်တီနမ်အဆင့် ကိုးရောက်ရှိနေပြီးသောသူ လည်းဖြစ်၏။သူ၏ရုပ်ရည်မှာချောမောလွန်းပြီးမျက်လုံးများ ကတော့ ကောက်ကျစ်သောအသွင်ရှိ၏။ သူသည် ဒါ့နဲ့မတည့်သောလူလည်းဖြစ်၏။အဘယ်ကြောင့်ဆို သော် ဒါ့သည် သူ၏ရှေ့သုံးနစ်၌ဂိုဏ်းထဲသို့ဝင်လာသော သူ ဖြစ်၏။သူသည် မာဖီထက် အဆင့်နိမ့်သော်လည်း ရဲစွမ်းသတ္တိရှိခြင်း၊လုပ်ရည်ကိုင်ရည်ကောင်းမွန်ခြင်းတို့ကြော င့် မာဖီမကျေနပ်ခြင်းလည်းဖြစ်၏။ ယခုလည်း ဒါ့သည်သေးငယ်လှသောတိုင်းပြည်လေးတစ် ခု၌အဖမ်းခံရသည်ဆိုရာ သူအလွန်ပင်ပျော်ရွှင်ပြီး တစ်နေကုန်သောက်စားလိုက်သေး၏။ယခုလည်း ဒါ့ဖမ်းခံရ သော တိုင်းပြည်သို့ သူရောက်ရှိလာခဲ့လေ၏။သူသည် ဒါ့မ အောင်မြင်ခဲ့သောတာဝန်အား ဆက်လုပ်လုပ်ဆောင်ရန်နဲ့ အီ တာချီဟူသောလူအား ရှာဖွေဖမ်းဆီးလာရန်ဖြစ်၏။ ဂိုဏ်းထဲ၌ သူ၏အဆင့်တန်းမှာ အလွန်မြင့်မားသောကြောင့် ထိုအလုပ်က သူ့အတွက် မတူရာမတန်ရာဟုခံစားမိ၏။ ဂိုဏ်း ပြောသော အီတာချီဆိုသောလူကိုလည်း လုံးဝအထင်ကြီး ခြင်းမရှိ စေလွတ်လိုက်သောဂိုဏ်းသားများ အ၍သာ သေဆုံးရခြင်းဖြစ်သည်ဟု သူထင်ထား၏။ ထိုအလုပ်အားလုပ်လိုခြင်းမရှိသော်လည်း ဂိုဏ်းမှအကြီး ကဲ၏အမိန့်ကြောင့် ဂရိတ်တိုင်းပြည်သို့ခရီးနှင်လာရခြင်း လည်းဖြစ်၏။ထိုအလုပ်အား အောင်မြင်ပါက မိမိအလိုရှိ သည်ကို ဂိုဏ်းမှဖြည့်ဆည်းပေးမည်ဟုဆိုသောကြောင့် ကျေနပ်သွားခဲ့ရခြင်းလည်းဖြစ်၏။ ဂိုဏ်းကြီးများ၏တည်နေရာကိုအနည်းငယ်ပြောပြရအံ။ ဂိုဏ်းကြီးလေးဂိုဏ်းသည် တစ်ခုနဲ့တစ်ခုထိစပ်နေကြပြီး အချင်းချင်းအမြဲစေပြိုင်ဆိုင်နေတတ်ကြ၏။ထိုဂိုဏ်း များ၏ဧရိယာနယ်နမိတ်သည် စွန်ရဲအင်ပါယာနီးနီးကြီးမား လှ၏။ထို့ကြောင့်လည်း စွန်ရဲအင်ပါယာကို လေးခုပေါင်းပြီး ခြိမ်းခြောက်နိုင်ခြင်းဖြစ်၏။ စုပေါင်းခြိမ်းခြောက်သော်လည်း စွန်ရဲအင်ပါယာသည် ဂရိတ် တိုင်းပြည်အား နဂိုကတည်းကပင် မိမိလက်အောက်ခံမှထုတ်ပယ် ထားရာ အသုံးမဝင်ပေ။ထို့ပြင် စွန်ရဲအင်ပါယာသည် ဂိုဏ်း လေးဂိုဏ်းမှ ဂရိတ်တိုင်းပြည်သို့ သွားလိုပါက မိမိပိုင်နက်အား ဖြတ်သန်းဖွ င့်ပင် ဖွင့်ပေးရုံမက လမ်း၌စားသောက်ဖွယ်ရာများပင် ဧည်ခံ ပေးလိုက်သေး၏။ ထိုဖြစ်စဥ်သည် လုံးဝသံသယဖြစ်ဖွယ်မကောင်းသောကြောင့် စွန်ရဲအင်ပါယာသည် အလွန်ပင်ဧည့်ဝတ်ကြေပြနေသည်ဟု အထင်ရှိနေကြ၏။ သားရဲဂိုဏ်းမှ မာဖီသည် အစောဆုံးရောက်လာသော အဖွဲ့ ဖြစ်၏။သူသည် သားရဲဂိုဏ်းမှ ထွက်လာခဲ့ပြီး ယခုအခါ ဂရိတ်တိုင်းပြည်၏နယ်နမိတ်မြို့ဖြစ်သော နွိုက်မြို့သို့ သူ၏နောက်ပါအခြံရံငါးဆယ်ဖြင့်ရောက်ရှိလာ၏။ "ကဲ မြို့ထဲဝင်ကြရအောင်" မာဖီသည် သူ၏နောက်ပါများအား ပြောကာ မြို့တွင်းသို့ဝင် လာရန် လာခဲ့လေ၏။ထိုအချိန်၌ မာဖီသည် အလွန်ကြီးမား ပြီး လူတစ်ကိုယ်စာမက မြင့်မားလှသည့် ကျားရဲကြိီးကို စီးနင်းထား၏။ထိုကျားရဲသည်မျက်လုံး၌ ဒဏ်ရာရထားပြီး လည်ပင်း၌ သံကြိုးကွင်းအဆွဲခံထားရ၏။ထိုသံကြိုးကွင်းနဲ့ သံကြိုးကိုချိတ်ဆက်ထားပြီး မာဖီက ထိုကျားကို သူ၏စီး တော်ယာဥ်အဖြစ် အသုံးပြုထားခြင်းလည်းဖြစ်၏။ "ဝေါင်း" ကျားမှ သွားနေရင်း ကျယ်လောင်စွာဟိန်း၏။ထိုဟိန်းသံ ကြောင့် ကြားလိုက်ရသော သာမန်လူသားများသာမက နွိုက်မြို့ အားစောင့်ကြပ်နေသော စစ်သည်များပင် လန့်ဖြတ်သွား ကြ၏။ စစ်သည်တော်တို့၏မြင်ကွင်း၌ သံကြိုးနဲ့မိမိတို့မြို့ထဲလာနေသောကျားတစ်ကောင်နဲ့ထိုကျား အား သံကြိုးဖြင့် ထိန်းချုပ်ထားပြီးစီးနင်းလာ သော လူငယ်တစ်ယောက်ကိုလည်းမြင်ရ၏။ထိုလူငယ်သည် ချောမောပြီး ကောက်ကျစ်သောမျက်လုံးများပိုင်ဆိုင်ထား၏။ ထိုနောက်တွင်လည်း နောက်လိုက်ငါးဆယ်လိုက်ပါလာကြောင့် တွေ့ရှိရ၏။ ထိုနောက်လိုက်ငါးဆယ်သည်လည်း ထူးခြားသောအရှိန်ဝါ များထွက်ပေါ်နေကြောင်း သူတို့ခံစားမိ၏။ထိုနောက်လိုက်ငါး ဆယ်မှထွက်ပေါ်လာသော အရှိန်အဝါများသည် အစွမ်း ကြီးမားခြင်း၊သွေးဆာခြင်း သတ်ဖြတ်ခြင်းစသည့်အရှိန်ဝါ များရောထွေးနေ၏။ ထိုအရှိန်ဝါများကြောင့် မြို့စောင့်စစ်သည်များမှာ နေရ ခက်ခဲ လာ၏။ဖာဖီသည် သူ၏စီးတော်ကျားကြီးစီးပြီး မြို့ထဲဝင်မည် အပြု "နေဦး မှတ်ပုံတင်ပြပါ" စစ်သည်တော်တစ်ယောက်သည် မာဖီအားဟန့်တားပြီး မှတ်ပုံတင်တောင်းဆိုလိုက်၏။ယခုအချိန်၌ ဂရိတ်တိုင်းပြည် သည် ပြင်ပလူများဝင်ရောက်ခြင်းကိုတားမြစ်ထားသည် ဖြစ်၏။ထို့ကြောင့် စစ်သည်တော်လေးမှ သူ၏တာဝန်အရ မှတ်ပုံတင်စစ်ဆေးရန် တောင်းဆိုလိုက်ခြင်းဖြစ်၏။ "ဖြောင်း" "အင့်" ထိုမှတ်ပုံတင်တောင်းသောစစ်သည်တော်မှာ အဝေးသို့လွင့် စင်သွား၏။သူ၏ကိုယ်မှလည်း နံရိုးနှစ်ချောင်းကျိုးကြေသွား လေ၏။ "မှတ်ပုံတင်ဟုတ်လား အဆင့်မရှိတဲ့တိုင်းပြည်က စစ်သည်က များ င့ါကိုလာပြီး စမ်းရဲသေးတယ်" မာဖီသည် ထိုစစ်သည်အား သူ၏အစွမ်းအနည်းငယ်သုံးပြီး လွင့်စင်အောင်လုပ်လိုက်ခြင်းဖြစ်၏။ထို့နောက် နွိုက်မြို့ထဲဝင် ရန်ပြင်ဆင်လိုက်၏။မြို့ကိုစောင့်ကြပ်နေသောကျန်သော စစ်သည်များသည်လည်း ကျားစီးလာသောသူသည် အလွန် မင်းအစွမ်းထက်ကြောင်း သိလိုက်ကြရာ တားဆီးခြင်းမရှိ တော့ပေ။သို့သော် မြို့တံခါးအားစောင့်ကြပ်သော စစ်သည်မှ သူ၏ကျောက်စိမ်းပြားမှ နေ၍သတင်းပို့လိုက်တော့၏။ ထိုသတင်းက ဦးနှောက်မှတ်ညဏ်2သို့ ရောက်ရှိသွား၏။ဦး နှောက်မှတ်ညဏ်2သည် တိုင်းပြည်၏အရေးကြီးသော သတင်းအချက်လက်များစုစည်းပေးပြီး မြန်ဆန်စွာ ဆုံးဖြတ်ချက်ချပေးနိုင်စွမ်းရှိ၏။ထို့ပြင် တိုင်းပြည်၏အရေးကြီးသောအစိတ်ပိုင်းများကိုလည်း တိုက်ရိုက်ချိတ်ဆက်ထားလေ၏။ ထိုအခါ ဦးနှောက်မှတ်ညဏ်2သည် နွိုက်မြို့သို့ ချက်ချင်းပင် ပြန်လည်သတင်းပို့လိုက်၏။သတင်းပို့သောအချိန်သည် မ ကြာသေးရာ မာဖီနဲ့သူ၏နောက်လိုက်များသည်နွိုက်မြို့တံခါး ကို ဖြတ်သန်းရန်လိုနေသေး၏။ "တီ" နွိုက်မြို့ရိုးမှ ငြိမ်သက်နေသောလက်နက်ကြီးသည် စတင် အသက်ဝင်လာ၏။ထိုလက်နက်သည် အသက်ဝင်လာပြီးလျှင် သူ၏ပစ်မှတ်အား စတင်ရှာဖွေ၏။ ထို့နောက် ကျားစီးနေသောမာဖီနဲ့ နောက်လိုက်ငါးဆယ်ကို တွေ့သောအခါ သူ၏ပစ်မှတ်သတ်မှတ်မှုသည် အတည်ပြု လိုက်လေ၏။ထို့နောက် လက်နက်ကြီးကိုယ်မှ သေးငယ်သော လက်နက်ငယ်လေးတစ်လက်ထွက်ပေါ်လာပြီးလျှင် ပစ်မှတ် ထားသောနေရာသို့ ပစ်ခတ်လိုက်တော့၏။
(257)
မာဖီသည် ကျားကြီးစီးပြီး နွိုက်မြို့ထဲသို့ဝင်နေစဥ် "မဖြစ်ဘူး မြန်မြန်ရှောင်မှ" ကျားပေါ်မှာ အန္တရာယ်အငွေ့သက်ရလာသောကြောင့် မာဖီ သည် ချက်ချင်းပင် ကျားပေါ်မှခုန်ကာ ရှောင်တိမ်းလိုက်၏။ "ဝေါင်း" မာဖီရှောင်တိမ်းလိုက်ရာ လက်နက်ငယ်ပစ်ခတ်သော ကျည် သည် ကျားကို ဖောက်ထွက်သွားလေတော့၏။ထို တစ်ချက်တည်းဖြင့် ကျားကြီး၏ကိုယ်ကို ဖောက်ထွင်းပြီး သေစေခဲ့သည်ဖြစ်၏။ "ဒါဘယ်လိုဖြစ်ပြီး" မာဖီ ခေတ္တ မျှဆွံအသွား၏။သူ၏စီးတော်ကျားကြီးသည် မည် ကလာမှန်းမသိသောအန္တရာယ်ပစ်ခတ်မှုကြောင့် အသက်ကုန် သွားခဲ့ရသည်ဖြစ်၏။ နောက်မှအသံလားရာကိုကြည့်လိုက်တော့ နွိုက်မြို့၏မြို့ရိုးမှ ဖြစ်နေ၏။ထိုမြို့ရိုးသည် ယခင်က သာမန်ပုံစံသာဖြစ် သော်လည်း ယခုအခါ သူမမြင်ဖူးသော စက်လက်နက်တစ်ခု ကနေရာယူထား၏။ထိုစက်နက်ကြီး၏သေးငယ်သော လက်နက်တစ်ခု၏ထိပ်မှ အငွေ့ထွက်နေသည်ကိုလည်း ရိပ်မိ သွား၏။ ထိုလက်နက်သည် အန္တရာယ်ဟုမသတ်မှတ်သည့်အချိန်အထိ ကိုယ်ရောင်ဖျောက်နိုင်စွမ်းရှိလေ၏။သူ၏ပုံစံကို မြို့ရိုးနဲ့ အလားတူပုံစံတူအောင် လုပ်ပြီးလျှင် ပုံစံဖျောက်နေခြင်း လည်းဖြစ်ပေ၏။ယခုအခါတော့ မာဖီကြောင့် ပေါ်လာခြင်း လည်းဖြစ်၏။ အကြောင်းရင်းကို မာဖီသိလိုက်ရပြီဖြစ်၏။ထိုလက်နက် ကြောင့် သူ၏စီးတော်ကျားသေဆုံးသွားရခြင်းလည်းဖြစ်၏။ သူ၏ကျားသေဆုံးရသောအခါ သူ၏ဒေါသ သည် အထွတ် ထိတ်သို့ရောက်ရှိလာ၏။သွေးကြောများဖောင်းကြွလာ၏။ "သွားပြီ သခင်လေးဒေါသထွက်သွားပြီ" သူ၏နောက်ပါငါးဆယ်သည်လည်း သူတို့သခင်ဒေါသထွက် သွားသောကြောင့် ကြောက်လန့်နေ၏။ထိုအချိန်၌ နွိုက် မြို့၏ဝင်ပေါက်၌ရှိနေကုန်သော လူများသည် မြို့ထဲသို့ပြေး ကုန်ကြလေ၏။သာမန်လူများသာမက မြို့စောင့်စစ်သည်များ ပါ မြို့ထဲသို့ပြေးဝင်ကြလေ၏။မာဖီနဲ့နောက်ပါ ငါးဆယ်သည် သူတို့ယှဥ်ချနိုင်သောအဆင့်မဟုတ်သောကြောင့်ဖြစ်၏။ "သူတို့ကို သတ်စမ်း" မာဖီသည် မိမိ၏ကျားအားပစ်သတ်လိုက်သော လက်နက် အားကြည့်ပြီး ပြေးလွှားနေသောသူများကို သူ၏ဒေါသ စိတ်ဖြေဖျောက်အလို့ငှာ သတ်ခိုင်း၏။ "ကောင်းပါပြီ သခင်" နောက်ပါ ငါးဆယ်သည်လည်း ချက်ချင်းလှုပ်ရှားလိုက် ကြ၏။မြို့ထဲသို့ပြေးလွှားနေသော နီးရာလူများကို သုတ်သင် လိုက်ကြ၏။ "ရွှမ်း" သွေးရောင်များက ဖြဲခနဲပင်။ "ဘုတ်" သာမန်လူဆယ်ယောက်မှာ ထိုလုပ်ကြံသူများကြောင့် သေဆုံး ကြရကုန်၏။ "နွိုက်မြို့၌ ပြည်သူဆယ်ဦးသေဆုံးခြင်း" နွိုက်မြို့၌ တပ်ဆင်ထားသောစောင့်ကြည့်ရေးစနစ်က ဦး နှောက်မှတ်ညဏ်2အား သတင်းပို့၏။ထိုဦးနှောက်မှတ်ညဏ် က ဂျိတ်အား သတင်းပို့၏။ မြို့တိုင်းလိုလို၌ ဦးနှောက်မှတ်ညဏ်2၏စောင့်ကြည့်ရေး ကင်မရာလိုအရာများက ရှိနေပြီးသားလည်းဖြစ်၏။ ထိုအချိန်၌ ဂျိတ်သည် အစည်းဝေးထိုင်နေဆဲဖြစ်၏။ထို အစည်းဝေးသည် ထွေထွေထူးထူးမဟုတ်သောအကြောင်းရာ များကို ဖယ်နဲ့ပြန်လည်တိုင်ပင်သုံးသပ်နေသည်လည်း ဖြစ်၏။ထိုသတင်းသည် ဂျိတ်ထံရောက်သောအခါ ဂျိတ်သည် ရေနွေးသောက်ရန် ရေနွေးခွက်ကိုင်နေဆဲဖြစ်၏။ "ခရက်..." ထိုချိန်၌ ဂျိတ်သည် ဒေါသထွက်နေကြောင်း ဖယ်တွေ့လိုက် ရ၏။ဂျိတ်သည် ဒေါသထွက်သောကြောင့် သူ၏ရေနွေးခွက် ကို လက်ချည်းသက်သက်ဖြင့်ချေမွပစ်၏။ထိုအခါ ခွက်သည် ကွဲရမည့်အစား အားပြင်းသောကြောင့် အမှုန့်ဘဝထိပင် ကူးပြောင်းသွားလေ၏။ "ကျုပ်သွားစရာရှိလို့သွားဦးမယ်" "ဝုန်း" ချက်ချင်းပင် ဂျိတ်သည် ဖယ်၏ရှေ့မှချက်ချင်းပျောက်ကွယ် သွားတော့၏။ဖယ်သည်လည်း ထိုဖြစ်ရပ်ကြောင့် ကြောင်ကြ ည့်နေမိ၏။ ဂျိတ်သည် သူ၏ရှေ့မှချက်ချင်းပျောက်ကွယ်သွားသည်ကို တွေ့ရသောအခါ ပို၍ လေးစားမိလာ၏။ဂျိတ်၏တကယ့်အ ဆင့်အစွမ်းကမည်မျှရှိမည်ကိုတော့ သူမသိသည်မှာအမှန်ပင် ဖြစ်၏။ပြသနာကား ဂျိတ်သည် ချက်ချင်းပျောက်လောက် ရအောင်အထိ ဒေါသထွက်စေသူကမည်သူများနည်းဟု တွေး မိနေ၏.။ နွိုက်မြို့၌ အခြေနေကားပြင်းထန်နေသည်ဖြစ်၏။ယခု အချိန်၌ မြို့တံခါးသည် ပိတ်သွားပြီလည်းဖြစ်၏။မြို့ရိုး၌တပ် ဆင်ထားသော လက်နက်သည် သာမန်ပြည်သူဆယ်ယောက် သတ်ခံရခြင်းကြောင့် အမြစ်ဖြတ်ပစ်ခတ်ခြင်းစနစ် အသက်ဝင်လာတော့၏။ "ဒက်....ဒက်....ဒက်" ထိုပစ်ခတ်မှုများကြောင့် မာဖီ၏နောက်ပါငါးဆယ်သည် လူ ဆယ်ယောက်ကိုသတ်ပြီးနောက် ကျန်သောလူများကို ဆက်လက်မသတ်နိုင်ခြင်းလည်းဖြစ်၏။ထိုပစ်ခတ်မှုကြောင့် မာဖီ၏နောက်ပါငါးဆယ်ကို ဟန့်တားနိုင်သည့်အပြင် ပြည် သူများအားလုံးမြို့တံခါးနောက်ကွယ်ထိရောက်စေပြီး မြို့တံခါး ကိုပိတ်ချလိုက်ခြင်းလည်းဖြစ်၏။ "ဒီလက်နက်ကိုဖျက်ဆီးပစ်ကြစမ်း" မာဖီသည် မြို့တံခါးပိတ်သွားခြင်းကြောင့် ထိုလက်နက်ကို ဖျက်စီးရန်အမိန့်ပေးလိုက်၏။အကြောင်းမှာ သူသည် ထို လက်နက်အားဖျက်စီးရန်ကြံသော်လည်း နောက်ထပ်သော လက်နက်ငယ်လေးတစ်ခုထွက်ပေါ်လာကာ မိမိအား တရစပ် ပစ်ခတ်နေသောကြောင့်ဖြစ်၏။ထိုပစ်ခတ်သော ကျည်များကို အစ၌ ချာက္က ရာဒိုင်းကာအသွင်ဖန်တီးပြီး ကာကွယ်ကြည့် သေး၏။ အစပိုင်းကတော့ အဆင်ပြေသော်လည်း ထိဖန်များလာ သောအခါ မိမိ၏ဒိုင်းကာမှာ ကြေမွလာကြောင်း အံဖွယ်တွေ့ ရှိရလေ၏။ထိုအခါ ထိုလက်နက်သည် သာမန်မဟုတ် ကြောင်းအစွမ်းထက်ကြောင်း သိရှိလာ၏။ထိုအခါ လိုချင် စိတ်များပေါ်ပေါက်လာလေ၏။ ချာက္က ရာဖြင့်ဖန်တီးသောအရာကို ကြေမွစေနိုင်ခြင်း ကိုမာဖီ သည် အတော်သဘောကျနေသည်ဖြစ်၏။သူ၏နောက်လိုက် များကိုတော့ နောက်တစ်ခုအားဖျက်စီးစေခိုင်း၏။ထိုတစ်ခု ပျက်စီးသွားမှသာ မိမိအားတိုက်ခိုက်နေသောလက်နက်ကို အပိုင်ယူနိုင်မည်ဖြစ်၏။ မြို့ရိုး၌တပ်ဆင်ထားသောလက်နက်ငယ်နှစ်လက်ကလည်း ပြင်းထန်လှသောကျည်ပြင်းအားဖြင့် မာဖီနဲ့နောက်ပါများအား ဆက်တိုက်ဆိုသလိုပစ်ခတ်နေ၏။မြို့ရိုး၌ဖြစ်သောကြောင့် မြို့ရိုး၌တပ်ဆင်ထားသောလျှပ်စစ်လက်နက်ကြီးမှာ အသက်ဝင်လာခြင်းမရှိပေ။မြို့ရိုးနဲ့အနည်းငယ်ကွာဝေးမှသာ အသက်ဝင်လာမည်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် လက်နက်ကြီး၏ပစ်ခတ်မိသောပြင်းအားကြောင့် မြို့ရိုးပါ အ မှုန့်ဖြစ်သွားနိုင်သောကြောင့်ဖြစ်၏။ လက်နက်ငယ်များသည်အလွန်ပင် အစွမ်းထက်သော်လည်း မာဖီနဲ့နောက်လိုက်ငါးဆယ်သည် ပလက်တီနမ်အဆင့်ဖြစ် ရုံမက ဂိုဏ်းထဲ၌ကျွမ်းကျင်သည့်အဆင့်တစ်ခုရရှိထားသော သူများဖြစ်ရာသေအောင်လုပ်ဆောင်နိုင်စွမ်းမရှိချေ။ လက်နက်ငယ်သည် သေအောင်မလှုပ်ဆောင်နိုင်သေး သော်လည်း အနည်းငယ်အသေးစားထိခိုက်မှုကိုတော့ ပေး နိုင်စွမ်းရှိ၏။ "အဲ့သောက်မသား လက်နက်ကိုဖျက်ကြပါဟ" နောက်လိုက်ငါးဆယ်သည်မိမိတို့အားပစ်ခတ်နေသော လက်နက်ကိုဆဲရေးလိုက်ကြ၏။ထိုလက်နက်ငယ်သည် အလွန်ဒုက္ခပေးကြောင်း ဝန်ခံရမည်ဖြစ်၏။မိမိတို့လို နောက်လိုက်ငါးဆယ်ကို ထိုလက်နက်ငယ်အား မကပ်နိုင် အောင် ထိုလက်နက်ငယ်မှ ဟန့်တားပစ်ခတ်ထားနိုင်သလို မိမိ တို့ဦးနိုင်မည့်ခြေလှမ်းနေရာများကိုလည်း မဦးစေနိုင်ရန် ဟ န့်တားလုပ်ဆောင်ပစ်ခတ်နေသောကြောင့်ဖြစ်၏။ ထိုအချိန်၌ လက်နက်ငယ်သည် ရုတ်တရက်ပစ်ခတ်ရာမှရပ်တ န့်သွားလေ၏။ထိုသို့ဖြစ်သွားရခြင်းမှာ ကျည်ကုန်သွားသော ကြောင့်ဖြစ်၏။ကျည်ပြန်ဖြည့်ရန်အချိန်သည် လေးစက္က န့်သာ ကြာမည်ဖြစ်သော်လည်း ထိုအချိန်သည် မာဖီနဲ့နောက်ပါတို့ အတွက်လုံလောက်သောအချိန်ပင်ဖြစ်၏။ ထိုလေးစက္က န့်အတွင်း၌ မာဖီနဲ့နောက်လိုက်ငါးဆယ်သည် မြို့ရိုးကို ခုန်ကန်တက်ပြီးလက်နက်ငယ်အနားသို့ရောက်ရှိလာ ကြ၏။ "သတ်တဲ့ကောင်တွေသေရမယ်" ပြင်းထန်သောအသံလှိုင်းကြောင့် မာဖီနဲ့နောက်လိုက်ငါး ဆယ်သည် နားများစူးခနဲဖြစ်သွားကြပြီး မြေပြင်ပေါ်သို့ ပြန်လည်ပြုတ်ကျသွားကြတော့၏။ "ဘယ်သောက်ကောင်လဲကွ" မာဖီနဲ့နောက်လိုက်ငါးဆယ်သည် ထိုအော်သောသူအား ဆဲရေးရင်းကြည့်လိုက်ကြရ၏။သူတို့အား အော်သောသူ သည် တစ်ခြားမဟုတ် ဂျိတ်ဖြစ်၏။ဂျိတ်သည် ဒေါသထွက်လှ သောမျက်လုံးများဖြင့် မာဖီတို့အား ဒေါသထွက်ကာကြည့် နေ၏။ "ဘာလို့ဒီအပြစ်မဲ့ပြည်သူတွေကို သတ်ရတာလဲ" ဂျိတ်မေးလိုက်၏။ "ဘာလို့လဲဆိုတော့ သတ်ချင်လို့ပေါ့ကွာ" မာဖီသည် မထီမဲ့မြင်သောအမှုရာဖြင့် ပြန်လည်ဖြေ၏။နောက် ပါငါးဆယ်သည်လည်း ထိုအမူရာမျိုးဖြင့်ပင် ဂျိတ်အား ကြည့် နေကြ၏။ "ကောင်းပြီ ဒါဆိုမှလည်း မင်းတို့ကိုသေပေးခိုင်းရတာပေါ့" ဂျိတ်သည် မာဖီနဲ့နောက်ပါးများအား တစ်ခွန်းသာဆိုပြီးလျှင် သတ်ဖြတ်ရန်ဆုံးဖြတ်လိုက်၏။အပြစ်မဲ့ပြည်သူဆယ်ယောက် သေဆုံးသွားရသောကြောင့် မာဖီနဲ့နောက်လိုက်ငါးဆယ်ကို သေအောင် ဂျိတ် သတ်ရတော့မည်ဖြစ်၏။
(258)
"လက်နက်တွေရပ်လိုက်" ဂျိတ်၏အမိန့်ပေးချက်ကြောင့် ပစ်ခတ်နေသော လက်နက်ငယ်နှစ်လက်သည် ပြန်လည်ငြိမ်သက်သွားကာ ရပ် တန့်သွား၏။ ("ဒီလူကိုသတ်ရင် ငါ လျှို့ဝှက်ချက်တွေသိရပြီ") မာဖီသည်ဂျိတ်ကိုကြည့်ရင်လောဘများတိုးပွားလာလေ တော့၏။လက်နက်များကို အမိန့်ပေးနိုင်သောကြောင့် ဂျိတ် သည် လက်နက်များ ပိုင်သည်ဟု မာဖီထင်လိုက်၏။ "အဲ့လူကိုသတ်ပြီး အလောင်းကိုအကောင်းတိုင်းထား" "ဟုတ်" မာဖီ၏နောက်လိုက်ငါးဆယ်သည် ချက်ချင်းပင် လက်နက် များထုတ်ပြီး ဂျိတ်ထံပြေးဝင်လာကြ၏။ "မင်းတို့ကျေးဇူးတင်သင့်တယ် ဒီတစ်ခါမင်းတို့ကို ငါ့လက်နှင့် သတ်ပေးမယ်" မဆီမဆိုင်သောပြည်သူများသေကြေစေသည်က ဂျိ တ်၏စိတ်ကို မီးမွှေးမြိုက်စေသည်နဲ့အတူတူပင်ဖြစ်၏။ဂျိတ် သည် ထိုလူများအား စတန်းလည်းမသုံး တခြားသောအရာ များလည်းမသုံးပဲ သူ၏လက်ဖြင့်သာ သတ်ရန်ဆုံးဖြတ်ပြီးပြီ ဖြစ်၏။ "သေစမ်း" နောက်လိုက်များထဲမှ တစ်ယောက်သည် ဂျိတ်အား ဓားဖြင့် ထိုးချလိုက်၏။ထိုဓားကို သူ၏ချာက္က ရာအစွမ်းဖြင့်အားဖြည့် ပြီး ထိုးချခြင်းဖြစ်၏။ထိုသို့လုပ်ဆောင်ခြင်းသည် ဓား၏ထိုး ဖောက်နှုန်းကို လေးဆတိုးမြင့်စေနိုင်သည်လည်းဖြစ်၏။ ဂျိတ်က သူ့ထက်မြန်ဆန်နေ၏။ထိုဓားကိုင်သောလက်ကိုဖမ်း ကာ ထိုဓားကိုင်သောလက်အား ချိုးပစ်၏။ထို့နောက် လက်မောင်းရင်းမှနေ၍ ဆွဲ ဖြုတ်ပစ်၏။ "အား" လက်မောင်းရင်းမှ ဆွဲ ဖြုတ်လိုက်သောကြောင့် လက်မောင်း ဖြုတ်ခံရသောနေရာမှ သွေးများပန်းထွက်လာလေ၏။ထိုမျှနဲ့ မပြီးသေးပေ။ထိုလူအား ဂျိတ်သည် ခေါင်းအား သစ်ကြား သီးပမာ သဘောထားကာ လက်နှစ်ဖက်ဖြင့် လက်ခုပ်တီး လိုက်သည့်ပမာတီးချလိုက်၏။ "ဖြောင်း...ဂျွပ်" လက်မောင်းပြုတ်၍သွေးထွက်များနေသောလူသည် နောက်ထပ် ဂျိတ်၏လက်ချက်ကြောင့် ဦးခေါင်းမှာ အစိတ် စိတ်အမွမွဖြစ်သွားရတော့၏။ထိုမြင်ကွင်းကြောင့် ကျန်သော လူများမှာ အနည်းငယ်တန့်သွားကြ၏။ဂျိတ်၏လုပ်ရပ်သည် လူမဆန်သောကြောင့်ဖြစ်၏။ ဂျိတ်သည် တစ်ယောက်တည်းနဲ့မပြီးသေးပေ။ချက်ချင်းပင် သူနဲ့နီးသောနောက်တစ်ယောက်ထံပြေးဝင်သွား၏။ ဂျိတ်၏အဆင့်သည် ပလက်တီနမ်အဆင့် ငါးဖြစ်သည်နဲ့အညီ မြန်ဆန်လှ၏။နီးသော နောက်လိုက်တစ်ယောက်၏အနီး ရောက်သောအခါ ထိုးချလိုက်၏။သာမန်သဘောမျိုးပုံစံဖြင့် ထိုးချလိုက်ခြင်းလည်းဖြစ်၏။ ထိုတစ်ယောက်သည်လည်း ဂိုဏ်းထဲ၌အတွေ့ကြုံစုံလင်လာ သူမို့ ဂျိတ်ထိုးသည်ကိုမြင်သည်နဲ့ ချက်ချင်း ပင် ချက္က ရာအကာကွယ်ဒိုင်းကာကိုဖန်တီးလိုက်၏။ အချိန်အနည်းငယ်အတွင်း၌ ပြည့်စုံပြီးခိုင်ခန့်လှသော ချက္က ရာဒိုင်းကာကိုထုတ်နိုင်သည်က လုံးဝအထင်ကြီးစရာကောင်း လှ၏။သို့သော်လည်း "ခွမ်း" . ပြည့်စုံသန်မာလှသည့်ဒိုင်းသည်လည်း ဂျိတ်၏လက်သီးချက် ကို ကာကွယ်နိုင်ခြင်းမရှိပေ။ဂျိတ်၏လက်သီးသည် ထိုဒိုင်း ကာကို ဖောက်ထွင်းကာ ထိုလူ၏ရင်ဝသို့ဆက်လက်ထိုး ဖောက်သွားလေ၏။ "အင့်" ထိုလက်သီးတစ်ချက်တည်းဖြင့် နောက်တစ်ယောက် ထပ်မံ သေဆုံးသွားရပြန်လေ၏။ထိုအခါဂျိတ်သည် ထိုလူရင်ဝထဲ ရောက်ရှိနေသောမိမိလက်အား ပြန်ထုတ်၏။ "ဒုတ်...ဒုတ်..ဒုတ်" ဂျိတ်၏လက်ကိုပြန်ထုတ်သောအခါ သူ၏လက်ထဲ၌ သွေး အလိမ်းလိမ်းပေနေပြီးခုန်နေသေးသည့် နှလုံးတစ်ခုပါရှိ လာ၏။ထိုအခါ ဂျိတ်သည် ခုန်နေသောနှလုံးကို ခြေမွပစ်၏။ ထိုမြင်ကွင်းကြောင့် မာဖီနဲ့နောက်ပါတို့သည် ဂျိတ်ကိုအထင်မ သေးဝံကြပေ။မိမိတို့၏လူနှစ်ယောက်ကို သနားကြင်နာမှုမရှိ အေးတိအေးစက်သောမျက်ဝန်းဖြင့် သတ်ရဲသောလူကို ပိုမို သတိထားမိလာကြပြီဖြစ်၏။ မိမိတို့၏လူနှစ်ယောက်သည် ဂျိတ်၏ရက်ရက်စက်စက်သတ် ခံရသောဖြစ်အင်ကြောင့် အနည်းငယ်ကြောက်လန့်သွားရ လေ၏။သူတို့သည်လည်း လူမသတ်ဖူးသောလူများမဟုတ် ကြသလို အနည်းဆုံးဆယ်ယောက်ကတော့ သတ်ဖူးပြီးကြ၏။ သို့သော်လည်း လက်ရှိ၌ဂျိတ်၏သတ်နည်းကိုတော့ မမှီ ကြောင်း ဝန်ခံကြရမည်ဖြစ်၏။ သူတို့သတ်ဖူးသောနည်းပင် ဂျိတ်နဲ့ယှဥ်ပါက အနည်းငယ်မက ညင်သာသည်ဆိုရပေမည်။ "သားရဲထုတ်" မာဖီစကားကြောင့် နောက်ပါလေးဆယ်ရှစ်ယောက်သည် မိမိ တို့အဆောင်စာရွက်ကို ထုတ်ကာ သွေးဖြင့်သုတ်၍ ထုတ်လိုက် ကြ၏။ "ဝူ....ဝူ....ဝူးး...ဝူ...." "ဂီး....ဂီး...ဂီး..." သားရဲများထွက်ပေါ်လာကြလေ၏။အကောင်များကားမျိုးစုံ လှ၏။ကျား၊ခွေးနက်ကြီး၊ကျွဲရိုင်း၊မြေခွေးနဲ့ သိမ်းငှက်များ ပင်ဖြစ်ကြလေ၏။ထိုအကောင်များကို မာဖီ၏နောက်လိုက် များက ထိန်းချုပ်ပြီး ဂျိတ်ကိုသတ်ရန် ညွှန်လိုက်ကြ၏။ "ဝုန်း...ဂီး" သားရဲအုပ်လိုက်ကြီးက ဂျိတ်ထံပြေးဝင်လာကြ၏။ဂျိတ် ကတော့ လက်သီးကိုတင်းနေအောင်ဆုပ်ပြီးလျှင် သူသည် လည်း သားရဲအုပ်ကြီးထဲပြေးဝင်သွား၏။ "ဒီကောင်သေပြီ" နောက်လိုက်များက ဂျိတ်သေပြီဖြစ်ကြောင်း ထင်မြင်နေ ကြ၏။များပြားလှပြီး တစ်ကောင်စီတိုင်းကအစွမ်းထက်လှ ရာ ထိုသားရဲအုပ်ထဲဝင်သွားသောသူသည် အသက်ရှင်ရန် လမ်းမရှိသောကြောင့်ဖြစ်၏။ထို့ကြောင့်လည်း ထိုသို့ယူဆ ထားကြခြင်းဖြစ်၏။ "ဂိန်...အီ...ဂီး" "ခွပ် ဖြောင်း ခွပ်...." အသံများစွာ သားရဲအုပ်ထဲမှထွက်ပေါ်လာ၏။မကြာပေ အချိန်ခေတ္တ တွင်း၌ သားရဲများ ပျံထွက်လာကြ၏။ "ဘာဖြစ်တာလဲဟ" လွင့်ထွက်လာသောသားရဲများအား ကြည့်ရှူရာ ထိုသားရဲ များ၏ခေါင်းသည် လက်သီးချက်ကြောင့် ပြားချပ်နေသလို ဦးနှောက်လည်း အပြင်သို့ထွက်သွားဟန်ရှိ၏။အဆိုးဆုံးကာ သိမ်းငှက်ပင်ဖြစ်၏။သားရဲအုပ်မှ သိမ်းငှက်ထွက်လာ သောအခါ သေနေသည့်အပြင် လည်ပင်းကလိမ်ကျနေ၏။ အမွှေးများကလည်း ကိုယ်၌တစ်ပင်မျှပင်မကျန်ပဲ သွေးရဲဖြာ နေ၏။ ဆိုလိုသည်က သိမ်းငှက်သည် မသေခင်အရှင်လတ်လတ် အမွှေးနှုတ်ထားခံပြီးမှ ဇတ်ချိုးသတ်ခံထားရသည်ဖြစ်၏။ "သားရဲတွေလား အိမ်မွေးတိရစ္ဆာန်လားကွာ" ဂျိတ်သည် အထင်မြင်သေးသောစကားများဆိုလိုက်၏။ဂျိ တ်၏နောက်၌ ခေါင်းပြုတ်နေသော တိရစ္ဆာန်ကိုယ်ခန္ဓာများ၊ နွားလည်ပင်းနဲ့ခွေးခေါင်း၊ခွေးကိုယ်နဲ့ကျားခေါင်း စသည်ဖြင့် ပုံလျက်ရှိနေ၏။မသေပဲ ကျန်သောသားရဲမရှိပေ။တစ်ချို့ သော သားရဲဆိုလျှင် လက်သီးထိုးချက်ကြောင့် လုံးဝ စုတ်ပြတ်သတ်သွားရသည်ဖြစ်၏။ "မင်း" မိမိတို့၏သားရဲများ သေကုန်သောကြောင့် နောက်လိုက် များသည် အလွန်ဒေါသထွက်လာ၏။ထိုအခါ သူတို့ကိုယ်မှ အငွေ့များထွက်လာ၏။ "ဟာဒီကောင်တွေ" မာဖီပင်လန့်လာ၏။သူ၏နောက်လိုက်များသည် သူ့ကိုပင် ဂရု မစိုက်တော့ပဲ အသက်လောင်ကျွမ်းခြင်းကျင့်စဥ်ကိုအသုံးပြု လာကြ၏။ထိုကျင့်စဥ်ကြောင့် သူတို့သည်အစွမ်းတိုးလာမည် ဖြစ်ပြီး ဆယ်နှစ်စာသက်တမ်းကိုတော့ ပေးဆပ်ရမည်ဖြစ်၏။ "ငါ့သားရဲကို သတ်တဲ့ကောင် သေစမ်း" အသက်လောင်ကျွမ်းခြင်းကျင့်စဥ်အစွမ်းဖြင့် နောက်လိုက် များသည် ဂျိတ်ထံပြေးဝင်ကာ ဂျိတ်အသက်ကိုယူရန်ကြိုးစား ကြ၏။ဓားများဖြင့် ဂျိတ်ကို ခုတ်ပိုင်းလိုက်ကြ၏။ထိုဓား များ၌ ပြင်းထန်သောအဆိပ်များသုတ်လိမ်းထားသလို ချာက္က ရာများဖြင့် ထည့်သွင်းအသုံးပြုထားကြ၏။ သူတို့မသိသည်က ထိုအချက်ကို ဂျိတ်စောင့်နေသည်ဆိုကိုပင် ဖြစ်၏။ "အချိန်ခေတ္တ တန့်ခြင်း" စတန်းကိုမသုံးသော်လည်း စတန်း၏အစွမ်းကို ဂျိတ်သုံး လိုက်၏။ "ဝီး.....ဝီ..." ဂျိတ်ကိုယ်မှ စက်ကွင်းကြီးတစ်ခုထွက်ပေါ်လာပြီး မာ ဖီ၏နောက်ပါများကိုပါ ဖုံးလွှမ်းပစ်လိုက်၏။ထိုအခါ နောက်လိုက်များ၏လှုပ်ရှားမှုများသည် ရပ်တန့်သွားကြ လေ၏။ "ကဲ မင်းတို့ အေးချမ်းစွာသေလို့ရပြီ" ထိုစက်ကွင်းအတွင်း၌ ဂျိတ်သည်သာအရှင်သခင်ဘုရင် ဖြစ်၏။ကျန်သောလူများသည် အချိန်စက်ကွင်းကြောင့် ကျောက်သားများပမာ ခဲကာတန့်နေကြ၏။ "ခရက်.." ဂျိတ်သည် လက်များကိုအသံထွက်သည်အကြောလျော့ကာ လက်ဆစ်များချိုးလိုက်၏။ထို့နောင် ရပ်တန့်နေသော မာ ဖီ၏နောက်ပါများထံ တစ်လှမ်းခြင်းသွားလိုက်၏။ အလျင်စလိုဖြစ်ခြင်း၊စိတ်လောနေခြင်းမရှိပေ။ဂျိ တ်၏မျက်လုံးတွင်ကား သွေးရောင်များက ဖြာကာတောက်ပ နေလျက်ရှိ၏။