← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

(259)

"ခရက် ဂျွတ်...." "ဖြောင်း.....ဂျွတ်" စသောအသံများကထွက်ပေါ်လာ၏။ထိုအသံများထွက်လာ အောင်လုပ်သောသူသည် တစ်ခြားသူမဟုတ် ဂျိတ်သာဖြစ် လေ၏။ဂျိတ်သည် သွေးအေးအေးဖြင့် ဇိမ်ပြေစွာလုပ်ကိုင် ဆောင်ရွက်နေ၏။အချိန်ရပ်တန့်ခြင်းဇုန်၌ ကျရောက်နေ သော မာဖီ၏နောက်လိုက်များမှာ လှုပ်ရှားနိုင်ခြင်းမရှိသော ကြောင့် ဂျိတ်ပြုသလိုနုခံနေရ၏။ ထိုအခိုက်တန့်၌ ဂျိတ်သည် နောက်လိုက်များကို မိမိထင်သလို စိတ်တိုင်းကြသတ်ဖြတ်နေ၏။နည်းမျိုးစုံဖြင့်သတ်ဖြတ် လိုက်၏။ ဂျိတ်သည် နောက်လိုက်အားလုံးကို သတ်ပြီးသောအခါ မာဖီ ထံသွားလိုက်၏။ထို့နောက် မာဖီကို သတ်ရန်ပြင်လိုက်၏။ "ဟင်" ဂျိတ်မထင်ထားသောအရာဖြစ်ပေါ်လာ၏။ဤသည်ကား ရပ် တန့်နေသော မာဖီကိုယ်မှ ပြင်းထန်သည့် အဆောင်တစ်ခုမှ ပေါက်ကွဲထွက်လာသောကြောင့်ဖြစ်၏။ထိုအဆောင်ကြောင့် မာဖီသည် ဂျိတ်၏စက်ကွင်းကို ဖျက်စီးသလိုဖြစ်စေခဲ့၏။ "ခလွမ်း" ထိုအသံနဲ့အတူ မာဖီသည် နောက်သို့ အတော်တန်သည်အထိ လွင့်စင်သွား၏။ "ဘာကြောင့်များ ငါ ဟင်ဘယ်လိုဖြစ်ပြီး" မာဖီတစ်ယောက်တုန်လှုပ်နေ၏။အကြောင်းမှာ သူ၏အလွန် အားကိုးရသော အဆောင်သည် ပျက်စီးသွားသောကြောင့် ဖြစ်၏။ထိုအဆောင်သည် အလွန်မင်းအဖိုးတန်ပြီး သူ၏အသက်ကိုတစ်ကြိမ်ကာကွယ်ပေးနိုင်သောကြောင့် ဖြစ်၏။ ထိုသို့အဖိုးတန်သောအဆောင်သည် အဘယ်ကြောင့် ရုတ်ခြည်းပျက်စီးသွားကြောင်း သူမသိနိုင်ဖြစ်နေ၏။ထို အခိုက်၌ ရုတ်ခြည်းဆိုသလို ဂျိတ်ဖက်သို့ သူလှည့်ကြည့်မိ၏။ "မင်း...မင်း" ထိုအခါမှ သူ၏အဆောင်ပျက်စီးသွားခြင်းကို ရိပ်စားမိပြီ ဖြစ်၏။ဂျိတ်၏နောက်၌ သူ၏နောက်လိုက်အားလုံးသေဆုံး နေကြောင်း တွေ့ရှိလိုက်ရ၏။သူ၏နောက်လိုက်များသည် အပိုင်းပိုင်းဆွဲ ဖြဲခံထားရသူက ခံရ၊ခေါင်းသည် သုံးရာ့ ခြောက်ဆယ်လှည့်ခံရပြီး သေနေသောသူနဲ့ ဦးခေါင်းရိုး ကြေမွပြီးသေနေသောအလောင်းများကို သူတွေ့လိုက်ရ လေ၏။ ထိုမြင်ကွင်းနဲ့ဆက်စပ်ပြီး သူ၏အဆောင်ပျက်စီးရခြင်းကို သိရှိလိုက်ပြီဖြစ်၏။သိရှိလိုက်သည်နဲ့ မာဖီသည် ဇောချွေး များကျဆင်းလာလေ၏။အချိန်စက္က န့်ပိုင်းလေးအတွင်း၌ မိမိ၏နောက်လိုက်များ မည်သို့မည်ပုံအသတ်ခံရသည်ကို မ သိလိုက်ရသလို သူ၏အဖိုးတန်အဆောင်ကလည်း ကုန်ဆုံး သွားရပြီဖြစ်၏။ "မင်းက လူမဟုတ်ဘူး နတ်ဆိုး..နတ်ဆိုးပဲ ငါရဲ့လူတွေကို မင်းဘာလို့သတ်ရတာလဲ" "ဘာလို့သတ်ရတာလဲဆိုတော့ သတ်ချင်လို့လေ" ဂျိတ်သည် သူဖြေခဲ့သလိုပြန်လည်ဖြေကြားရင်း မာဖီအနား ကပ်လာ၏။မာဖီသည် မိမိစကားနဲ့မိမိပြန်လည်ထိမည်ဟုမ ထင်မိသလို ဂျိတ်၏တဖြေးဖြေးနီးကပ်လာမှုက သူအား အလွန်မင်းသွေးပျက်တုန်လှုပ်ခြောက်ခြားစေလေ၏။ထို့ ကြောင့် ထွက်ပြေးရန် လုပ်ဆောင်၏။ "ပြေးလို့ရမလားကွ" ဂျိတ်မှ သူ၏ချာက္က ရာအစွမ်းဖြင့် သေးငယ်ပြီးထက်မြက်လှ သော ပေါက်ဓားငယ်လေးများအသွင်ဖန်တီးပြီးလျှင် မာဖီထံ ပစ်လွှတ်လိုက်၏။ "သောက်ကျိုးနည်း" မာဖီဆဲရေးပြီး ထိုပေါက်ဓားများအား ရှောင်တိမ်းလိုက်၏။ သို့သော် ပေါက်ဓားများသည် သူ၏လွတ်လမ်းနေရာအစုစုမှ ပြေးဝင်လာခြင်းဖြစ်ရာ ရှောင်တိမ်းရန်မဖြစ်နိုင်ပေ။ထို့ကြော င့် သူ၏လက်သုံးတော်ဓားဖြင့် ရှောင်ရန်မဖြစ်နိုင်သော ပေါက်ဓားနှစ်ချောင်းကို ခုတ်ချလိုက်၏။ "ခွမ်း" "ဟာ မဖြစ်နိုင်..တာ" မာဖီ သွေးပျက်နေ၏။သူ၏အစွမ်းထက်ဓားက ဂျိတ်၏ချာက္က ရာဖြင့်ဖန်တီးထားသော ပေါက်ဓားနှစ်ချောင်းကို မဟန့်တား နိုင်သည့်အပြင် သူ၏ဓားမှ နှစ်ခြမ်းပြတ်တောက်ခြင်းခံလိုက် ရသောကြောင့်ဖြစ်၏။ "ငါသွားပြီ" မာဖီ သူမှားသွားကြောင်း သိလိုက်ရပြီဖြစ်၏။ သူ၏ပေါက်ကရဆုံးဖြတ်ကြောင့် သူသည် သေရတော့မည်ကို သိလိုက်သည် ။ချာက္က ရာဖြင့်ဖန်တီးထားသော ပေါက်ဓားက မိမိဓားကို ဖြတ်တောက်နိုင်ခြင်းက သာမန်မဟုတ်ပေ။ အကြောင်းရင်းမှာ ဂျိတ်၏ချာက္က ရာသည် အလွန်ပင် သန့်စင် သောကြောင့်ဖြစ်၏။သန့်စင်သောချာက္က ရာများဖြင့် ဖန်တီး ထားသောလက်နက်များသည် အထူးပြုလုပ်ထားသော လက် နင်များကို ယှဥ်ချနိုင်စွမ်းရှိ၏။ ချာက္က ရာအလွန်သန့်စင်သောလူများသည် အလွန်အစွမ်းထက် သောလူများဖြစ်ကြ၏။စစ်သည်အဆင့်ချင်းတူနေပါစေ အ ဆင့်မြင့်နေပါစေ သန့်စင်သောချာက္က ရာရှိသူများအတွက် ကိစ္စ မရှိပေ။သန့်စင်သောချာက္က ရာပိုင်ဆိုင်သောသူများသည် အထူးပြုလုပ်ထားသော လက်နက်များစွာ ပိုင်ဆိုင်ထားသည်နဲ့ လည်း အလားပုံစံတူသောကြောင့်ဖြစ်၏။ နောက်တစ်ခုက သန့်စင်သောချာက္က ရာပိုင်ဆိုင် သူများ၏နောက်၌အလွန်အဆင့်မြင့်သော ဂိုဏ်းများရှိနေနိုင် သောကြောင့်ဖြစ်၏။ ဂျိတ်၏ပေါက်ဓားများသည် မာဖီအား ရပ်တန့်ရုံမျှသာဖြစ်၏။ တကယ့်အစစ်မှန်သည်ကတော့ ပေါက်ဓားများဖြင့် မာဖီအား မပြေးနိုင်စေရန်တန့်ရုံသာဖြစ်စေပြီး လက်သီးဖြင့်ထိုးချလိုက်၏။ ထိုလက်သီးချက်ကို မာဖီမှရှောင်တိမ်းနိုင်စွမ်းမရှိပေ။မ ရှောင်တိမ်းနိုင်သောကြောင့် ရှိသမျှသောချာက္က ရာဒိုင်းများ သံချပ်ကာများ ဖန်တီးကာ ကာကွယ်လိုက်တော့၏။ သို့သော်လည်း ထိုချာက္က ရာဒိုင်းများသံချပ်ကာများသည် ဂျိ တ်၏လက်သီးက လုံးဝမမူပေ။လက်သီးချက်က ထိုအရာ များအား အသာလေးပင် ထိုးခွဲဖျက်စီးပစ်တော့လိုက်၏။ ထို့နောက် လက်သီးက မာဖီအား မိတ်ဆက်ပေးလိုက်၏။ "အင့်" ထိုလက်သီးတစ်ချက်က မာဖီ၏ကိုယ်ကိုထိုးချလိုက်ချ သောအခါ မာဖီ၏ချာက္က ရာပတ်လမ်းများမှာ လုံးဝစုတ်ပြတ် ပြီး ပြတ်တောက်သွားတော့၏။ထိုအချင်းရာသည် မာဖီသည် သာမန်လူအဖြစ်သို့ရောက်ရှိစေကြောင်း ဖော်ပြနေသည် ဖြစ်၏။ "ကျနော်ကို သတ်လိုက် သတ်လိုက်စမ်းပါ." မာဖီသည် သာမန်လူအဖြစ်သို့ရောက်ရှိသွားသောကြောင့် အလွန်စိတ်ဓာတ်ကျဆင်းသွားပြီဖြစ်၏။ထို့ကြောင့် သေလို စိတ်များဖြစ်ပေါ်လာပြီ မိမိအားသတ်ပေးရန်ဂျိတ်အား တောင်းဆိုတော့၏။ ဂျိတ်သည် မာဖီအားကြည့်ရင်းခေါင်းခါပြလိုက်၏။ "မသတ်ဘူး အမြဲဝဠ်ခံရအောင်လုပ်ပေးမယ်" ဂျိတ်သည် လက်ကွက်များကိုပုံဖော်လိုက်၏။ထိုအခါ မြေကြီး ထဲမှ ကြောက်မက်ဖွယ်ကောင်းသောအသံများဖြင့်အရာများ ပျံထွက်လာလေ၏။ "အမလေး ဒါ...ဒါတွေက" မာဖီ မျက်လုံးကြီးပြူးပြီး စကားပင်မပြောနိုင်တော့ပေ။သူ မြင်တွေ့နေရသည်ကား သူ၏သေဆုံးသွားသည့်နောက်လိုက် များက ယခုအခါ ဝိညာဥ်အသွင်ဖြင့် အော်ဟစ်နေသောကြော င့်ဖြစ်၏။ ထိုဝိညာဥ်များသည် ဂျိတ်အားအလွန်ပင်ကြောက်လန့်နေဟန် လည်းရှိ၏။ "ဒါတွေမင်းသိမှာပါ မင်းရဲ့နောက်လိုက်တွေလေ" ဂျိတ်မှ ဆက်လက်ပြောပြီး လက်ကွက်များပုံဖော်လိုက်ပြန်၏။ ထိုအခါ ဂျိတ်၏ဘေး၌ လေဟာနယ်အက်ကွဲကြောင်း ပေါ်လာ ပြီးလျှင် တံခါးတစ်ချပ်ထွက်ပေါ်လာ၏။ထိုတံခါးချပ်သည် ကြောက်မက်ဖွယ်ကောင်းသော အရိုးခေါင်းကြီးနဲ့ သေမင်း လက်နက်များဖြင့် ဆန်းကြယ်နေ၏။ "ဒါကို သေမင်းတံခါး ဒါမှမဟုတ် ငရဲတံခါးဝလို့ခေါ်တယ် ဒါ ကို ပြပေးအကြောင်းရင်းကတစ်ခုပဲရှိတယ်." ထိုငရဲတံခါးကို သံကြိုးများကရစ်ပတ်ထား၏။ထိုတံခါးကို ကြ ည့်ရုံဖြင့်ပင် ကြောက်လန့်ကာ သွေးပျက်လာကြောင်း မာဖီ ခံစားမိ၏။ မာဖီလုံးဝသွေးပျက်နေ၏။ဂျိတ်သည် မည်သို့သောသူမှန်းမ သိတော့ပေ။သူတို့အားလုံးအား မည်သို့မည်ပုံဖြင့် အချိန် ခေတ္တ အတွင်း၌သတ်၏။သူ့ကိုလည်းသာမန်ဖြစ်အောင်လုပ် လိုက်သည့်အပြင် သူတစ်ခါမှမမြင်ဖူးမကြားဖူးသောလုပ်ရပ် များလည်းလုပ်ပြနေပြန်၏။ မာလကီးယားသွားပြီဖြစ်သော သူ၏နောက်လိုက်များ၏ဝိ ညာဥ်များကို ပြန်ခေါ်ပြပြီး ငရဲတံခါးဝလည်းပြသနေပြန်၏။ "မင်းတို့ကို

အဲ့ထဲပို့မလို့လေ" "ဗျာ..မဟုတ်ဘူး" ထိုစကားကြောင့် မာဖီတုန်လှုပ်သွား၏။ထိုအခိုက်၌ တံခါးကိုရစ်ပတ်ထားသော သံကြိုးများသည် တဖြေးဖြေး ချင်း ဖြေလျော့လာပြီးလျှင် "ကျွီ ......" သေမင်းတံခါးခေါ်ငရဲတံခါးသည် ပွင့်လာ၏။ထိုအထဲက အရိုးခြောက်လက်ကြီးတစ်ဖက်ထွက်လာပြီးလျှင် နောက်လိုက်ဝိညာဥ်များကို ဖမ်းကာ တံခါးအတွင်းသို့ခေါ်သွား တော့၏။ "ကျနော်ကို ချမ်းသာပေးပါ ကျနော်ကို ချမ်းသာပေးရင် သားရဲဂိုဏ်းမှာရှိတဲ့စည်းစိမ်မှန်သမျှပေးပါမယ်" မာဖီလုံးဝတောင်းပန်၏။ဒူးထောက်ပြီးလျှင် မျက်ရည်ကြီး ပေါက်များစွာဖြင့် ငိုကြွေးကာ ခွင့်လွတ်ပေးရန်ဆို၏။ သို့သော်လည်း ဂျိတ်အတွက် မဖြစ်နိုင်ပေ။ "ဟီး..ဟီး" ငရဲတံခါးမှ အရိုးခြောက်လက်ကြီးသည် ပြန်လည်ထွက် ပေါ်လာပြီးလျှင် မာဖီအား ခေါ်ဆောင်သွားတော့၏။မာဖီရုန်း သော်လည်း မလွတ်နိုင်တော့ပေ။အရိုးခြောက်လက်ကြီးသည် မာဖီအား တံခါးအတွင်းသို့ထည့်ပြီးသည်နဲ့ ငရဲတံခါးကို သံကြိုးများရစ်ပတ်သွား၏။ "ဂျိန်း" ထို့နောက် လေယာနယ်အက်ကွဲကြောင်းမှ ပြန်လည်ပျောက် ကွယ်သွားတော့၏။ "သားရဲဂိုဏ်းဆိုပါလား အလှည်ပတ်သွားဦးမှပါ" ထိုနေ့တွင်ကား မာဖီဆိုသောလူသည် ဂျိတ်၏လက်ချက်ကြော င့် ငရဲပြည်သို့ အရှင်လတ်လတ်ရောက်ရှိသွားခဲ့ပြီလည်း ဖြစ်၏။

(260)

ယနေ့၌ မနက်ခင်းစောစောအချိန်၌ နွိုက်မြို့သည် စည်ကားနေ၏။အကြောင်းမှာ ဘုရင်ဖြစ်သည့် ဂျိတ်ကိုယ်တိုင်ရောက်ရှိနေသောကြောင့်ဖြစ်၏။ဂျိတ်သည် သူ၏ရှေ့၌ရှိသော မြေပုံစာဆယ်ခုကို ကြည့်ပြီး ဆိုနေ၏။ ထိုမြေပုံစာဆယ်ခု၌ နာမည်များရေးထိုးထားသော မှတ်တိုင် ကိုယ်စီရှိကြ၏။ထိုမှတ်တိုင်များ၏ဘေး၌ ပန်းများ ချထား၏။ "မင်းတို့ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်ကြပါတော့ မင်း တို့ကို သတ်ခဲ့တဲ့လူတွေကို ကျုပ်လက်စားချေပြီးပါပြီ နောက်နောင်ဒီလိုဖြစ်ရပ်ဆိုးမဖြစ်ပျက်စေဖို့ ကျုပ်ကတိတည် ပါတယ်" ထိုမြေပုံစာဆယ်ခုသည် မာဖီ၏နောက်လိုက်များကြောင့် သေဆုံးသွားရသော သာမန်ပြည်သူများဖြစ်ကြ၏။ ထိုသေဆုံးသွားသောသာမန်ပြည်သူများ၏မြေပုံစာ ကို ဘုရင်ကိုယ်တိုင်မှ ကိုယ်တိုင်လာရောက်ပန်းများချကာ တောင်းပန်ကတိပေးနေသောမြင်ကွင်းကြောင့် ပြည်သူများ သည် ဂျိတ်အပေါ် အလွန်ယုံကြည်ကိုးစားလာကြ၏။ဘယ် ဘုရင်ကများ ထိုမျှအထိ ဆက်ဆံပေးဖူးသနည်း၏။မရှိနိုင် ပေ။ ဂျိတ် ပြောနေချိန်၌ ဂျိတ်ဘေး၌ ရာထူးကြီးစစ်သည်များနဲ့ ပြည်သူများရှိနေကြ၏။သူတို့သည်လည်း ဂျိတ်နည်းတူ နမူ နာယူကာ ပန်းများကို မှတ်တိုင်ဘေး၌ ချလိုက်ကြ၏။ ဂျိတ်၏ဝတ်စားမှုသည် ဝတ်စားဆင်ယင်နေကြသာ ဝတ် ထား၏။အများပြည်သူတို့အတွက် ဂျိတ်အား ရာထူးကြီး အစွမ်းကြီးသော စစ်သည်များမှ ဘုရင်ဟုသာခေါ်သည်ကို သူ တို့မကြားလျှင် သိမည်ပင်မဟုတ်ပေ။ ဂျိတ်ပြောပြီးသောအခါ စစ်သည်များကလည်း မြေပုံစာဆယ် ခုဆီသွားကာ မိမိတို့သည်လည်း ဘုရင်မင်းမြတ်နဲ့အတူ အသက်စွန့်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားလိုက်၏။ ထို့နောက် ဂျိတ်သည် သေဆုံးသွားသောလူများနဲ့ဆက်စပ် သော မိသားစုဝင်များကို ခေါ်လိုက်၏။ခေါ်ပြီးသည်နဲ့ ကျန်ရစ်သောမိသားစုဝင်များအတွက် နစ်နာကြေးအနေဖြင့် ရွှေဒဂါးတစ်ရာပေး၏။ထိုမျှများပြားလှသော နစ်နာကြေး ကြောင့် ယူရန်ပင် ငြင်းဆန်နေကြသေး၏။သို့သော် ဂျိတ်မှ မ ယူမနေရဆိုမှ ယူကာ ဂျိတ်အားကျေးဇူးတင်လိုက်ကြ၏။ ဘုရင်မင်းမြတ်သည် နစ်နာကြေးအနေဖြင့် ရွှေဒဂါးတစ်ရာ ပေးမှုကြောင့် ကျန်ရစ်သူမိသားစုများ ရင်ထဲထိခံစားလိုက်ကြ ရ၏။ဘုရင်မင်းမြတ်သည် သူတို့လိုသာမန်ပြည်သူများကို လည်း မပစ်ပယ်ထားကြောင်း သိလိုက်ရသောကြောင့် ဖြစ်၏။ နစ်နာကြေးပေးပြီးသည်နဲ့ ဂျိတ်သည် ထိုကျန်ရစ်သူမိသားစု များ၏လုံခြုံရေးအတွက် ရွှေအဆင့်စစ်သည်များကို တစ်လ မျှလုံခြုံရေးစောင့်ကြပ်စေ၏။ဒါမှသာလျှင် မသမာသူများက သူတို့၏နစ်နာကြေးများကို မလုနိုင်မည်ဖြစ်၏။ နောက်ထပ်သော ညွှန်ကြားချက်များထပ်မံပေးသေး၏။ဤ သည်ကား မိမိတိုင်းပြည်ထဲသို့ဝင်လာသော သူစိမ်းများအား သတိပေးရန် သတိပေးမရပါက သတ်ဖြတ်ပစ်ရန်ဖြစ်၏။ နောက်ဖြစ်သောကိစ္စအကျိုးဆက်များကို မိမိမှဖြေရှင်းပေး မည်ဖြစ်ကြောင်း ဂျိတ်မှ ပြောကြားလိုက်၏။ထိုအခါ စစ်သည်များသည် ဂျိတ်၏အမိန့်အတိုင်း စတင်လုပ်ဆောင် လိုက်ကြတော့၏။ အသေးစိတ်ဆောင်ရွက်ပြီးသည်နဲ့ ဂျိတ်သည် နွိုက်မြို့မှထွက် ခွာလာ၏။ထွက်ခွာလာပြီးသည်နဲ့ အယ်မလီနဲ့အယ်လီနာ အတွက်ကို အချိန်ပေး၏။သူတို့နှစ်ယောက်အတွက် ဂျိတ် သည် မနက်စာကို စပါကတီနဲ့အာလူးနဲ့ရောနှောထားသော ငါး ဘုရင်ကင်ကို မနက်စာအဖြစ်ပြုလုပ်ပေး၏။ ဂျိတ်အတွက်ကတော့ မည်မျှပင်အလုပ်များပြားနေပါစေ မိသားစုအတွက် အချိန်ပေး၏။ပေးနိုင်အောင်လည်း ကြိုးစား၏။မနက်စာစားသောက်ပြီးသော အဆာပြေအဖြစ် ပန်းသီးကိတ်ကို သမီးဖြစ်သူနဲ့ ဇနီးဖြစ်သူအတွက် ပြုလုပ် ပေး၏။ "သမီး ဖေဖေသွားစရာရှိသေးလို့ သွားလိုက်ဦးမယ် ကုန် အောင်စားနော်" သမီးဖြစ်သူကို ပြောပြီး အာပွားပေး၏။ထို့နောက် ဇနီးဖြစ်သူ ကိုလည်း အကြင်နာအနမ်းချွေလိုက်၏။ထို့နောက် ဂျိတ်သည် အိမ်ပြင်သို့ထွက်သွားလိုက်၏။ "ကဲ သားရဲဂိုဏ်းကိုအလှည်ပတ်သွားရတာပေါ့" စနစ်အစွမ်းဖြင့် တည်နေရာရှာဖွေလိုက်ပြီး သားရဲဂိုဏ်းထံသို့ တယ်လီပို့လုပ်ဆောင်ကာ သွားလိုက်၏။ "ဝီ" သားရဲဂိုဏ်း၏နေရာတစ်နေရာ၌ ဂျိတ်သည် ပေါ်ပေါက် လာ၏။ "ဒီနေရာလား" ဂျိတ်သည် မိမိရောက်ရှိနေသော ပတ်ဝန်းကျင်ကို အကဲခတ် အခြေနေကြည့်ရှုနေ၏။သားရဲဂိုဏ်းသည်အလွန်ကြီးမားပြီး ဂိုဏ်းပိုင်နက်သည် အင်ပါယာတစ်ခုစာမျှရှိ၏။ယခု ဂျိတ် ရောက်ရှိနေသောနေရာသည် သားရဲဂိုဏ်း၏အစွန်ဖျားနေရာ သို့ဖြစ်၏။ ထိုနေရာသို့ဂျိတ်ရောက်လာရခြင်းမှာ မာဖီသည် ထိုနေရာမှ ထွက်ခွာလာပြီး မာဖီကို ဆန်းကြယ်သောကိုယ်ခန္ဓာရှာဖွေရန် စေလွတ်သောနေရာဖြစ်သောကြောင်းလည်း ဖြစ်၏။ ထိုဒေသကို ရက်စဲဒေသဟုခေါ်ဆိုပြီး ဂျိတ်လက်ရှိရောက်နေ သောနေရာသည် ဂက်ဟုခေါ်ဆိုသောမြို့၌ဖြစ်၏။ ဂျိတ်မှ လှည့်ပတ်ကြည့်ရှုနေသောအခါ ဂက်မြို့၏တိုးတက်နှုန်း သည် အဆင့်ခြောက်တိုင်းပြည်၏တိုးတက်နှုန်းနဲ့ကိုက်ညီ ကြောင်း တွေ့ရှိရလေ၏။နေရာတစ်ကာ၌ သာမန်လူများနဲ့ပြ ည့်နှက်နေသလို ထူးဆန်းသောသားရဲများစီးနင်းသွားလာနေ ကြသူကိုလည်း တွေ့ရှိရလေ၏။ ထိုသားရဲများစီးနင်းလာပါက သာမန်လူများသည် ရှောင်တိမ်း ပြေးကြရကြောင်းကိုလည်း တွေ့ရလေ၏။မရှောင်တိမ်းနိုင်၍ ထိခိုက်မိသောအခါတွင်လည်း အလျော်မရသလို အပြစ်မ တင်ခံရစေရန်အတွက်ပင် တောင်းပန်ပေးနေရကြောင်းကို ထူးဆန်းစွာတွေ့ရှိရလေ၏။ သာမန်လူများသည် ဂိုဏ်းထဲ၌ အစေခံအဆင့်သာရှိပြီး ဂိုဏ်း၏အခြေ ခံတောက်တိုမည်ရအလုပ်များစွာကို တာဝန် ယူရသည့်အပြင် ဂိုဏ်းအတွက် အကျိုးမြတ်များစွာပါ ရှာဖွေ ပေးနေရကြောင်း ဂျိတ်တွေ့ရှိရလေ၏။ အခြေနေကို ကြည့်ရှူပြီးပြီမို့ မိမိ၏လာရင်းအကြောင်းရင်းကို လုပ်ဆောင်ရန်ဆုံးဖြတ်ပြီးလျှင် ဂိုဏ်းနေရာသို့သွားရန် ဆုံးဖြတ်လိုက်၏။ဂိုဏ်းရှိရာနေရာသည် ဂက် မြို့၏အလယ်ဗဟို၌ တည်ရှိရာ ထိုနေရာသို့သွားရန်အတွက် ပြင်ဆင်လိုက်ချိန်တွင် "တောသား ဖယ်စမ်း" ဂျိတ်အား ပြောနေသောအသံကို ကြားလိုက်၏။ဂျိတ်ကြည့် လိုက်ရာ ကြီးမားပြီးဖွေးဆွတ်လှသော မြေခွေးကို စီးနင်းလာ သော မိန်းမပျိုတစ်ယောက်သည် သူ့အားပြောနေခြင်း ဖြစ်ကြောင်းတွေ့ရ၏။ထိုမိန်းမပျိုသည် ချောမောသော်လည်း သူပြောဆိုသည်က အလွန်ပင် ရင့်သီးလှကြောင်းတွေ့ရ၏။ထို့ ကြောင့် ဂျိတ်မှဖယ်ပေးရန် အကြောင်းရင်းမရှိချေ။ ဂျိတ်မှမဖယ်ပေးနိုင်ကြောင်း ထိုမိန်းမပျိုလေးသိလိုက်ရာ "သူ့ကို သေအောင်ကိုက်သတ်ပစ်" မြေခွေးသည်ထိုမိန်းမပျိုစကားကိုနားလည်ကြောင်း ခေါင်း ညိမ့်ပြီး ဂျိတ်ထံသို့ အစွယ်တဖွေးဖွေးပြပြီး ပြေးဝင်ကာ ကိုက်လိုက်တော့၏။ ဂျိတ်မှ မရှောင်သော်လည်း ဂျိတ်၏စတန်းကမနေပေ။ အန္တရာယ်အငွေ့ရသောကြောင့် ဂျိတ်၏စတန်းဖြစ်သော စ တားပလက်တီနမ်က ထွက်ပေါ်လာပြီးလျှင် ထိုဖြူဆွတ်နေ သော မြေခွေးကို ထိုးချလိုက်၏။ "အား" ထိုထိုးချက်သည် အလွန်ပင်ထိထိမိမိဖြစ်သောကြောင့် မြေခွေးမှာ အလွန်ခံစားလိုက်ရပြီမြေခွေးစီးမင်းလာသော မိန်းမပျိုလေးမှာ ထိုထိုးချက်၏အကျိုးဆက်ကြောင့် မြေခွေး ပေါ်မှ လွင့်စင်သွားရ၏။ "မြေခွေးလေး.." မြေခွေးပေါ်မှလွင့်စင်သွားသော မိန်းမပျိုသည် သူ၏မြေခွေး ကို ပြန်လည်ကြည့်ရှု၏။စတန်း၏လက်သီးမှာ အလွန် ပြင်းထန်သောကြောင့် မြေခွေးသည် သေလုဆဲဆဲ အခြေနေ ထိရောက်ရှိသွားပြီဖြစ်၏။ဦးခေါင်းကို ထိုးချလိုက်ခြင်းဖြစ် ရာ ထိုအခြေနေကိုရောက်ရှိသွားခြင်းဖြစ်၏။ ထို့ကြောင့် ထိုမိန်းမပျိုလေးမှာ ဂျိတ်အားအပြစ်တင်ရန်ရှာ တော့၏။ "တောသား မင်းကြောင့် ငါ့မြေခွေးလေးထိခိုက်သွားရပြီ လျော်ကြေးအနေနဲ့ ငါကျွန်လာလုပ်စမ်း" ဟိတ်ကြီးဟန်ကြီးဖြင့် ထိုမိန်းမပျိုလေးမှဆို၏။သူမသည် အလွန်ဒေါသထွက်နေပြီ ဂျိတ်ကို ကျွန်အဖြစ်အသုံးပြုရန် ကြံစည်နေခြင်းလည်းဖြစ်၏။သူမ၏မြေခွေးသည် ဘယ်သ ည့်အရာကိုထိမိခြင်းကြောင့် ထိုအခြေနေအထိ ဖြစ်သွားခြင်း ကို သူမ မသိရှိနိုင်ဖြစ်နေ၏။ ဂျိတ်သည် အလွန်ခန့်ညားသပ်ရပ်ရာ လျော်ကြေးအနေဖြင့် သူမ၏ကျွန်အဖြစ်အလိုရှိခြင်းလည်းဖြစ်၏။ "မင်းမြေခွေးကို ငါဘာလုပ်နေလို့လဲ " တစ်ခွန်းသာပြောပြီး ဂျိတ်သည် မိမိသွားလိုသောနေရာသို့ သွားရန်ပြင်လိုက်၏။ဂျိတ်၏ငြင်းဆန်သောအမူရာကြောင့် ထိုမိန်းမပျိုသည် အလွန်မင်းဒေါသထွက်သွားလေ၏။သူမ အား မည်သူမည်ဝါကမျှ မရိုမသေမလုပ်ရဲသလို မထီမဲ့မြင် လည်း မလုပ်ရဲသောကြောင့်ဖြစ်၏။ လက်ရှိ ဂျိတ်မှ သူမအား မထီမဲ့မြင်လုပ်သွားသောအခါ သူမ ဒေါသထွက်သွားလေ၏။ထို့ကြောင့် သူမသည် ကြာပွတ်ဖြင့် ဂျိတ်အားလှမ်းရိုက်လိုက်၏။ "ဖြောင်း" ထိုကြာပွတ်သည် ဂျိတ်၏မျက်နှာကို ဦးတည်လာလေ၏။ထို ကြာပွတ်အား ဂျိတ်မှ အသာယာပင်ဖမ်းဆွဲလိုက်လေ၏။ "တောသားလွတ်စမ်း" ထိုမိန်းမပျိုသည် ကြာပွတ်အားပြန်လည်ရရန်ဆွဲယူ၏။ သို့သော်လည်း ဂျိတ်၏လက်သည် အလွန်မင်းခိုင်ခံနေသည် ဖြစ်ရာ မည်သို့မည်မျှပင် ဆွဲယူသော်လည်း မရနိုင်ဖြစ်နေ၏။ "တောသား လွတ်မှာလား မလွတ်ဘူးလား..ကျမအဖေက ဒီဂ က်မြို့ရဲ့အကြီးကဲနော်" ထိုစကားကြောင့် ဂျိတ်သည် ထိုမိန်းမပျိုအားကြည့်လိုက်၏။ ထိုအကြည့်ကြောင့် မိန်းမပျိုပင် လန့်ဖြတ်သွား၏။ "မင်းအဖေက အကြီးကဲဆိုတာ သေချာလား" ဂျိတ်၏စကားနဲ့ဂျိတ်၏စူးရှသောအကြည့်ကြောင့် မိန်းမပျို သည် "ဟုတ်တယ်" အသံပင် အနည်းငယ်ပျော့ပြောင်းသွားလေ၏။ "ကောင်းပြီ သူ့ဆီကို ခေါ်သွားပေး" ..........

( 261)

ထိုမိန်းမပျိုသည် ဂျိတ်၏စကားအတိုင်း သူမ၏ဖခင်ဖြစ်သူ အကြီးကဲထံသို့ခေါ်ဆောင်သွားလေ၏။ထိုသို့ခေါ်ဆောင်သွား ခြင်းသည် အန္တရာယ်ထောင်ချောက်မှန်း ဂျိတ်သိသော်လည်း ဂရုမစိုက်ပေ။ သူမ၏နာမည်မှာ ရိုစ့်ဖြစ်ပြီး အသက်ဆယ့်ခုနှစ်နှစ်ဖြင့် ရွှေအ ဆင့် ကိုးရောက်ကြောင်း စစ်ဆေးချက်အရ ဂျိတ်သိလိုက် ရ၏။ထို့ပြင် သူမသည် ငွေအဆင့်၌ မီးစွမ်းအင်ပွင့်လာသလို ရွှေအဆင့်တွင်လည်း မြေအစွမ်းပွင့်သူဖြစ်သောကြောင့် သဘာဝဓာတ်နှစ်မျိုးပိုင်ဆိုင်သောသူဖြစ်ကြောင်း တွေ့ရ လေ၏။ ထို့ကြောင့် သူမသည် ဓာတ်သဘောနှစ်မျိုးပိုင်ဆိုင်သော ရှားပါးသည့်ပါရမီရှင်ဖြစ်သလို ငယ်ငယ်လေးဖြင့် ပလက်တီနမ်အဆင့်ချိုးဖျက်ရန်နီးစပ်သူလည်းဖြစ်၏။ သို့သော် သူမသည် အလွန်ပင်မာနကြီးမောက်မာသောကြောင့် ဂျိတ်မှ သဘောမကျပေ။ မည်သို့ပင်ဖြစ်နေပါစေ ရို့စ်ကြောင့် ဂျိတ်သည် ဂက် မြို့၏သားရဲဂိုဏ်းတည်ရှိရာနေရာသို့ လွယ်ကူစွာရောက်ရှိလာ တော့၏။ရို့စ်ကြောင့် သားရဲဂိုဏ်းအားစောင့်ကြပ်သော အ စောင့်များ ၊ဂိုဏ်းသားများသည် ဂျိတ်ကို စစ်ဆေးခြင်းမရှိပဲ လွယ်ကူစွာဝင်ရောက်ဖြတ်သန်းခွင့်ပြုလိုက်ကြ၏။ ဤသည်က ရိုစ့်၏အဆင့်တန်းနဲ့သူမ၏ဖခင်ဖြစ်သူ၏အဆင့် တန်းကြောင့်ပင်ဖြစ်လေတော့၏။ရိုစ့်သည် သူမ၏စကား အတိုင်း ဂျိတ်ကို ဌာနထဲသို့ခေါ်လာရုံတင်မက ဌာန၏ခန်းမ ကြီးထဲအထိ ခေါ်ဆောင်သွား၏။ "ဝုန်း" ကြီးမားသောတံခါးက ကျယ်လောင်စွာပွင့်သွားသောကြောင့် ခန်းမထဲရှိလူတိုင်းကထိုတံခါးကို ဖွင့်သောသူကို ကြည့်လိုက် ကြ၏။ထိုအချိန် ခန်းမထဲ၌ သားရဲဂိုဏ်းသားများစွာနဲ့အကြီး ကဲများအားလုံး စုဝေးရောက်ရှိနေကြ၏။ယနေ့သည် အစည်းဝေးရှိသောနေ့ ဖြစ်ရာ သားရဲဂိုဏ်းမှာ ဂိုဏ်းသားများအားလုံး စုဝေးနေကြ ခြင်းလည်းဖြစ်၏။ ထို့ကြောင့် ရိုစ့်သည် သူမ၏မြေခွေးဖြင့် အပြေးနှင်လာခြင်း လည်းဖြစ်၏။သို့သော် သူမ၏မောက်မာမှုကြောင့် သူမ၏မြေခွေးမှာ သေလုဆဲအခြေနေရောက်ရှိသွားရ၏။ ကျယ်လောင်တံခါးဖွင့်ဘက်ကို ကြည့်ကြရာ သူတို့သားရဲ ဂိုဏ်း၏ပါရမီရှင်မလေးရိုစ့်နဲ့ လူစိမ်းတစ်ယောက်အား တွေ့ လိုက်ကြရလေ၏။ထိုလူစိမ်းသည် တည်ကြည်ခန့်ညားမှုနဲ့ ထူးဆန်းသောဆံပင်ဟန်ကြောင့် သူတို့အတွက် အထူးဆန်း ဖြစ်နေကြ၏။ "ချောတယ်နော်" သားရဲဂိုဏ်းမှ မိန်းမပျိုလေးများက ဂျိတ်အားတီးတိုးဆိုနေ ကြ၏။ထိုအချိန်၌ "ဖေဖေ" ရို့စ်သည် မျက်ရည်များဆင်းပြီး ငိုယိုစွာပြေးလွှားသွား၏။ သူမပြေးလွှားနေသော နေရာသည် သူမ၏ဖခင်ထိုင်နေသော အကြီးကဲနေရာဆီဖြစ်၏။ ထို့အဖြစ်ပျက်ကြောင့် ခန်းမထဲရှိလူများ ဆွံအသွားကြ၏။ သူတို့၏အတုယူခံစားရသော အလှပဂေးလေးဖြစ်သူ ပါရမီ ရှင်မလေးက ယခုအခါ၌ ငိုယိုနေသောကြောင့်နည်း။သူတို့ အတွေးများ ရှုပ်ကုန်ကြ၏။ "သမီး ဘာလို့ငိုနေတာလဲ" "ဟိုမှာတွေ့လား သူက သမီးရဲ့မြေခွေလေးကို သေလုဆဲဆဲ လုပ်လိုက်တယ် ပြီးတော့ သမီးကိုလဲ ထိခိုက်အောင်လုပ်သေး တယ်ပြီးတော့ သမီးကို ဒီကို မခေါ်လာရင် သတ်မယ်ပြော သေးတယ်" ရိုစ့်သည် သူမ၏လက်မှ ကြာပွတ်ရာသွေးရာကို ပြသလေ၏။ ရိုစ့်၏ပြောကြားချက်ကြောင့် သားရဲဂိုဏ်း၏အကြည့်များက ဂျိတ်အပေါ်သို့ကျဆင်းသွားတော့၏။အကြည့်များသာ အစွမ်းထက်သည်ပါက ဂျိတ်သည် အကြိမ်တစ်သောင်းမျှ အ မှုန့်ကျေနေမည်ဖြစ်၏။ "မင်းကများ ဘာကြောင့်မို့ ငါသမီးရဲ့မြေခွေးကို ထိခိုက် အောင်လုပ်ပြီး ငါ့သမီးကိုလဲ ထိခိုက်နာကျင်ပြီးချိန်းခြောက်ရဲ နေတာလဲ" ရိုစ့်ဖခင်သည် သမီးဖြစ်သူ၏ဒဏ်ရာအဖြစ်ပျက်များကြောင့် သူ၏ဒေါသများပေါက်ကွဲထွက်ကာ သူ၏အော်ရာများ ထိုး ထွက်ပေါ်လာ၏။ထိုအော်ရာကြောင့် ခန်းမထဲရှိစစ်သည်အဆ င့်နိမ့်သူများမှ ပြင်းထန်စွာခံစားလိုက်ကြရ၏။ ထိုအော်ရာသည် ပလက်တီနမ်အဆင့်နောက်ဆုံးအဆင့်ရှိ သူ၏အော်ရာဖြစ်သောကြောင့် အလွန်မင်းပင်ပြင်းထန် လေ၏။သို့သော်လည်း ဂျိတ်အတွက်တော့ ဤအော်ရာက မည်သို့မျှ သက်ရောက်မှုမရှိပေ။ ("တတ်လည်းတတ်နိုင်တဲ့ မတတ်ပ") ရို့စ်အား အော်စကာဆုပေးချင်စိတ်ပင်ပေါက်သွား၏။သူမ သည် ချက်ချင်းမျက်စိတစ်မှိတ်အတွင်း မိမိအား လူကြမ်းရုပ် အသွင်ပြင် လူမုန်းများအောင် လုပ်ဆောင်နိုင်သွားသောကြော င့်ဖြစ်၏။သူမမှာကား လူအများ၏သနားကြင်နာခြင်းကို လက်ခံတော့မည်ဖြစ်၏။ "ကျုပ်ရောက်လာရတဲ့အကြောင်းရင်းရှိတယ်" ဂျိတ်၏အသံထွက်ပေါ်လာသည်နဲ့ ရိုစ့်ဖခင်၏အော်ရာဖိနှိပ်မှု က ချက်ချင်းပျောက်ကွယ်သွားရတော့၏။ "ခင်ဗျားက အဖေဖြစ်ပြီး အသက်လဲကြီးပါပြီ ဒါတောင်သမီး ဂျင်းထည့်တာကိုလည်း ယုံကြည်နေသေးတယ်ဆိုတော့ အံပ ဗျာ" ထိုစကားများကြောင့် ခန်းမထဲရှိ လူများဆွံအသွား၏။သူ တို့၏အကြီးကဲကို လူစိမ်းတစ်ယောက်မှတိုက်ရိုက်စော်ကား လိုက်သောကြောင့်ဖြစ်၏။ "မင်းငါ့ကို" ရိုစ့်၏ဖခင် ပြီးအောင်မပြောရသေးခင် ဂျိတ်မှ "ကျုပ်က ဂရိတ်တိုင်းပြည်ရဲ့ဘုရင်ပဲ ကျုပ်ဒီကိုလာရတဲ့ အကြောင်းရင်းက လျော်ကြေးလာတောင်းတာ ခင်ဗျားတို့ ဂိုဏ်းက မာဖီနဲ့သူရဲ့နောက်လိုက်တွေ ကြောင့် ကျုပ်ပြည်သူဆယ်ယောက် သေခဲ့ရပြီ ဒါကြောင့် ကျုပ်လျော်ကြေးလာယူတာ" ထိုစကားကြောင့် ခန်းမကြီးရှိလူများ ရုတ်ခြည်းငြိမ်သက်သွား ကြ၏။ထို့နောက် ရယ်မောသံများက ထွက်ပေါ်လာလေ၏။ထို စကားကြောင့် ဂိုဏ်းသားများသာမက အကြီးကဲများပါ ရယ်မောလိုက်ကြခြင်းဖြစ်၏။ ရိုစ့်ပင်ရယ်မောနေသည်ဖြစ်၏။ ပြည်သူများသေသောကြောင့် လျော်ကြေးလာတောင်းသည် ဆိုပါလား။ထိုထက် ရယ်ရသော ပြက်လုံးမရှိတော့ဟု ထင်နေ ကြပုံလည်းပေါက်၏။ "မင်းပြည်သူတွေက ငါတို့ရဲ့ပါရမီရှင်ဂိုဏ်းသားကြောင့် သေ ရတာကိုတောင် ဂုဏ်ယူရမှာလေ ဒါကို လျော်ကြေးလာ တောင်းနေသေးတယ်" ."ဟုတ်ပ." ဂိုဏ်းသားများ၏စကားများက ထွက်ပေါ်လာ၏။သူတို့မျက်စိ ထဲ၌ ပြည်သူပြည်သားများသည် သာမန်ပုရွက်ဆိတ်ကဲ့သို့သာ ဖြစ်၏။သူတို့ဂိုဏ်းသားသတ်ခံရသည်ကိုပင် ဂုဏ်ယူသင့် ကြောင်းပင်ဆိုနေသေး၏။ ထိုဂိုဏ်းသားများကြောင့် ဂျိတ်၏တည်ငြိမ်နေသောဒေါသ ဒီဂရီများ တဖြေးဖြေးတက်လာပြီဖြစ်၏။ "မာဖီနဲ့နောက်လိုက်ကြောင့် သေတယ်ဆိုရင် ဒါကလျော်ကြေး တောင်ရမှာ မဟုတ်ဘူး မင်းကိုက မင်းပြည်သူတွေကိုယ်စား ဂုဏ်ယူပေးသင့်တာကွ" သားရဲဂိုဏ်းမှအကြီးကဲပေါက်စများလည်း ရင့်သီးစွာသုံးနှုန်း ပြောဆိုနေကြ၏။ "ဒါနဲ့ မာဖီနဲ့နောက်လိုက်တွေကို ကျေးဇူးတောင်တင်သင့် သေးတာ ဟုတ်တယ်" "ဟုတ်လား ဒါဆို ကျုပ်ကျေးဇူးမတင်လိုက်ရဘူးဗျာ ကျုပ် ကြောင့် သေကုန်ကြလို့လေ" ထိုအကြီးကဲပေါက်စ၏စကားမဆုံးခင် ဂျိတ်မှဖြတ်ပြော လိုက်၏။ဂျိတ်၏စကားကြောင့် ထပ်မံရယ်မောနေကြပြန်၏။ "အကြီးကဲ ပြသနာတတ်ပြီ " သားရဲဂိုဏ်းမှ ဂိုဏ်းသားများရယ်မောနေချိန်၌ ဂိုဏ်းသားတ စ်ဦးမှ ပြာတီးပြာယာဖြင့် ပြေးကာအော်လေ၏။ "အရေးကြီးတယ် သားရဲဂိုဏ်းထဲ မာဖီနဲ့နောက်ပါတွေရဲ့ အသက်ကျောက်ပြားတွေ ကွဲကုန်ပြီဗျို့ " ထိုဂိုဏ်းသား၏အော်သံကြောင့် ရယ်မောသံများတိတ်ဆိတ် သွားသလို ဂျိတ်အပေါ်သို့ ဒေါသအကြည့်များကျ ရောက်လာ၏။ "သူတို့ကို ကျုပ်သိပ်အားမထုတ်လိုက်ရဘူးဗျ နည်းနည်းပါး ပါးအားထည့်တာကို သူတို့လက်ရိုးတွေခြေတွေ လည်ပင်းရိုး တွေ ကျိုးကုန်ပါရောလားဗျာ ပြီးတော့ ဦးခေါင်းခွံကလဲပျော့ တာဗျာ နည်းနည်းတီးတာနဲ့ ပြားချပ်ကုန်ရော" ဂျိတ်ကတော့ လေသံအေအေးနဲ့ဆက်လက်ပြောဆိုနေ၏။ သူ၏အသံက မတိုးလွန်းမကျယ်လွန်းသလို ခန်းမထဲရှိ လူ တိုင်းကြားရလေ၏။ထိုစကားကြောင့်ဂျိတ်အပေါ်သတ်ချင် စိတ်များ များပြားလာလေ၏။ "သူတို့အားလုံးက တအားပျော့တော့ သေကုန်ကြပါရောလား သူတို့သေသွားတော့ ကျုပ်လျော်ကြေးမရလိုက်ဘူးလေ ဒါပေမဲ့ သူတို့က သားရဲဂိုဏ်းက ဆိုလို့ဒီအထိ တကူးတကလာ ပြီး တောင်းရတာပေါ့ဗျာ" ပြောဆိုရင်း ဂျိတ်သည် သူ၏အနား၌ လွတ်နေသော ခုံ တစ်လုံး၌ အထာကျကျဖြင့်ထိုင်လိုက်၏။ "တောက်..." ဂျိတ်၏စကားအဆုံး၌ တောက်ခေါက်သံများနဲ့တကွ ဒေါသ ထွက်နေကြသော ဂိုဏ်းသားများ အကြီးကဲများများစွာ ရှိ ကြ၏။ "မင်းက ငါတို့ဂိုဏ်းသားတွေကိုလဲ သတ်ရဲတယ်ပြီးတော့ လျော်ကြေးလဲ ဂိုဏ်းထဲအထိ ဝင်လာပြီးတောင်းရဲသေးတယ် မင်းက ကျားအသည်းဝက်ဝံအသည်းများစားထားတာလား" ဂျိတ်အား စတင်ဆဲရေးကြတော့၏။ကိုယ်ထိလက်ရောက် တော့မလုပ်ရဲကြပေ။ဂျိတ်သည် မာဖီနဲ့နောက်လိုက်များအား သတ်ထားသောကြောင့် အစွမ်းစရှိသည်က ဖော်ပြနေ၏။ သို့သော် လက်ရှိက သူတို့ကလူအင်အားများပြားနေပြီး ဂျိတ် ကတစ်ယောက်တည်းဖြစ်သောကြောင့် သတ္တိများရှိနေကြ၏။ အကြီးကဲများသာ အမိန့်ပေးပါက ဂျိတ်ကို တိုက်ခိုက်ကြတော့ မည်ဖြစ်၏။ "အစီရင်နဲ့ချုပ်စမ်း" ညဏ်ပြေးသော အကြီးကဲမှ အစီရင်ဖွင့်လိုက်စေ၏။ ထိုအခါ ကြီးမားသော ကျားရဲပုံရှိသော အစီရင်တစ်ခု ပေါ်ပေါက်လာ၏။ထိုအစီရင်သည် ဂျိတ်ကိုသာ ဖုံးလွှမ်းသွား လေတော့၏။ ထိုအစီရင်သည် ကျားရဲအစီရင်ဖြစ်ပြီး အစီရင်မိသောသူ သည် ဖောက်ထွက်ရန်ကြိုးစားပါက ထိုကျားရဲ၏တိုက်ခိုက်မှု ကို ခံစားရမည်ဖြစ်၏။ပလက်တီနမ်အဆင့်နောက်ဆုံးပင် ထို အစီရင်ကား မနိုင်နိုင်ပေ။ ထို့ကြောင့် ဂျိတ်သည် အစီရင်အောက်ရောက်သွားသောအခါ သားရဲဂိုဏ်းအကြီးကဲနဲ့ရိုစ့်တို့က ရယ်မောလိုက်ကြ၏။ "ကျပ်ကို သတ်ချင်နေကြတာမလား ဒါကိုကျုပ်က မပြင်ဆင် ထားဘူးလို့လဲထင်နေတာလား" ဂျိတ်သည် ကြောက်ရွံခြင်းမရှိသလို ထိတ်လန့်ခြင်းမရှိနေပေ။ ခုံ၌ အထာကျကျသာထိုင်နေ၏။ "ဂါး....." ကြီးမားကျယ်လောင်လှသော ဟိန်းသံကြီးက ထွက် ပေါ်လာ၏။ထိုအသံသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ထိုအသံကြောင့် သားရဲဂိုဏ်းသားများ တုန်လှုပ်သွား၏။ ထို့နောက် သားရဲခန်းမကြီးသည် တစ်စုံတစ်ယောက်မှ နူးညံ သောကိတ်မုန့်အား ဓားကြီးဖြင့် ခုတ်ချလိုက်သည့်ပမာ တိခနဲ ပြတ်တောက်သွားတော့၏။ထို့နောက်လေပြင်းရိုက်ခတ်များ က ထွက်ပေါ်လာလေ၏။ ထိုခုတ်ချက်ကြောင့် သားရဲခန်းမဆောင်ကြီး၏အမိုးမှာ မရှိ တော့ပေ။အဝေးသို့လွင့်စင်သွားရ၏။ထိုအခါ လုပ်သော သူ၏အသွင်ပြင်ကြီးပေါ်လာတော့၏။ "အမေရေ...သားတော့ " "ဟ ဟိုကောင် ချီးထွက်ကုန်ပြီ" ကောင်းကင်ယံထက်မှ အသွင်ပြင်ကြီးကြောင့် လူများ ကြောက်လန့်ပြီး မေးမရသောသူများနဲ့ ကြောက်လွန်း၍ချီး သေးထွက်ကျသူများက ထွက်ကျကုန်တော့၏။ "ဘုရားရေ ဒါကြီးက" သူတို့တွေ့ရသည်ကား အလွန်ကြီးမားပြီးကြောက်မက်ဖွယ် ကောင်းသော သတ္တ ဝါသည် မျက်လုံးများ၌ မီးလျှံများ တောက်ပနေသလို လက်သည်းများကလည်း ထက်မြက် နေ၏။တောင်ပံကြီးကလည်း လေပြင်းများဖြစ်ပေါ်စေ၏။ သူတို့၏အကြည့်မှာပင် ထိုထက်မြက်လှသော လက်သည်း များက ဂျိတ်ကိုဖုံးထားသော အစီရင်ကို ဖျက်စီးပစ်၏။ထို သတ္တ ဝါအတွက် ထိုအစီရင်သည် လက်သည်းဖြင့် ရမ်းလိုက်ရုံ ဖြင့် ဖျက်စီးသည့်အထိ ပျော့ဖတ်လွန်းနေ၏။ ထို့နောက် ထိုသတ္တ ဝါကြောက်မက်ဖွယ်ရာကောင်ကြီးသည် ဂျိ တ်၏နောက်၌ ငြိမ်သက်စွာ ရပ်တန့်နေ၏။ သားရဲဂိုဏ်းက လူများဆွံအကုန်လေပြီ။ကြောက်မက်ဖွယ် ကောင်းသော သတ္တ ဝါကြီးက ဂျိတ်၏နောက်၌ ရပ်နေကာ ဂျိ တ်၏အမိန့်ကို နာခံသည့်ပုံံစံဖြစ်နေသောကြောင့်ဖြစ်၏။ "ကဲ ကဲ လျော်ကြေးအစီစဥ်ကို ဆက်ကြစို့" ဂျိတ်ကတော့ ပုံမှန်အတိုင်း ဆက်လက်ပြောဆို၏။ ဂျိတ်ကတော့ အထာကျစွာဖြင့် ခုံ၌ဆက်လက်ထိုင်နေဆဲဖြစ် သော်လည်း သားရဲဂိုဏ်းမှလူများကတော့ လန့်နေပြီဖြစ်၏။ ဂျိတ်၏နောက်မှ ကြောက်မက်ဖွယ်သားရဲကောင်ကြီးက သူတို့ အား ဂျိတ်စကားမလိုက်နာပါက တကျွတ်ကျွတ်စားမည် ဟူသောအကြည့်မျိုးဖြင့်ကြည့်နေသောကြောင့်ဖြစ်၏။

All Chapters