← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

( 262 )

ဂျိတ်၏စကားကြောင့် သားရဲဂိုဏ်းသားများဒေါသလည်း ထွက်ရသလို တစ်ချိန်တည်း၌ ကြောက်လည်းကြောက်နေကြ ရ၏။ "အော် ဒါနဲ့ ကျုပ်ပြောတာမကျေနပ်ဘူးဆိုရင် ခင်ဗျားတို့ ဂိုဏ်းစည်းမျဥ်းအတိုင်း လုပ်ကြမယ်လေဗျာ ဘာတဲ့ သားရဲ အချင်းချင်းတိုက်ခိုက်လို့ နိုင်သွားတဲ့သားရဲပိုင်ရှင်၏အလို အတိုင်း ရှုံးသွားတဲ့ဖက်က သဘောတူလိုက်လျောပေးမယ်ဆိုတာ အဲ့အတိုင်းဆိုလဲ မဆိုး ဘူးနော်" (."မင်းဘိုးအေ မင်းကြီးတော်ကိုပဲ ပြိုင်ပါလား") သားရဲဂိုဏ်းသားများ စိတ်ထဲမှာသာ ကြိမ်ဆဲနေကြ၏။ထို စည်းကမ်းသည် တကယ်လည်း သားရဲဂိုဏ်း၏စည်းကမ်းစ ည်းမျဥ်းဖြစ်၏။သို့သော် ဂျိတ်၏အကောင်က လွန်လွန်ကြူးကြူးပင် ကြောက်မက်ဖွယ်ကောင်းနေသည် မဟုတ်ပါလား။ ဘယ်သားရဲကများ လွန်လွန်ကြူးကြူး ကြီးမားပြီး ခန်းမအ ဆောက်ဦးကို လှီးဖြတ်ပြီး အစီရင်ကို လွယ်ကူစွာဖျက်စီးနိုင် သနည်း။မရှိပေ။ယှဥ်ချရန်မပြောနဲ့ ထိုအကောင်ကြီး နှာမှုတ်ရုံ ဖြင့် ရှင်နေသည်ကိုပင် အတော်တန်ချီးကျူးရမည်ဖြစ်၏။ "လျော်ကြေးကဘယ်လောက်လဲပြော" ရိုစ့်၏ဖခင်ဖြစ်သူ ဂက်မြို့၌ရှိသော သားရဲဂိုဏ်း၏အကြီးကဲ ဖြစ်သူ စကားကြောင့် ဂျိတ်သည် "ကောင်းပြီ လျော်ကြေးကတော့ ခင်ဗျားတို့ဂိုဏ်းရဲ့တစ်ဝက် အဖိုးခပေးရပါမယ်" "ဘာကွ" ထိုစကားကြောင့်အကြီးကဲနဲ့တကွ ဂိုဏ်းသားများ ဒေါသကို ထိန်းချုပ်နိုင်စွမ်းမရှိပဲ အော်လိုက်ကြ၏။ "ဂူး" ဂျိတ်၏နောက်မှ အကောင်မှ သူတို့အော်သံကြောင့် ဒေါသ ထွက်ပြီး ပြန်လည်အော်ဟစ်ပေးလိုက်၏။ထိုအခါ အားနည်း သောဂိုဏ်းသားများ၏နားမှ သွေးများထွက်လာတော့၏။ အားကောင်းသော ဂိုဏ်းသားများကတော့ အနည်းငယ် မူးဝေသွား၏။ အကြီးကဲသည် လုံးဝတုံ့ဆိုင်းနေ၏။အဘယ်ကြောင့်ဆိုသော် ဂျိတ်၏ပြည်သူဆယ်ယောက်သေဆုံးရခြင်း၏လျော်ကြေး သည် သူတို့ဂိုဏ်းတစ်ခု၏တန်ကြေးတစ်ဝက်ရှိနေသော ကြောင့်ဖြစ်၏။ "မင်းများတယ်လို့ မထင်ဘူးလား" "များတယ်ဟုတ်လား ဒါကလျော့ထားတာ ခင်ဗျားတို့ဂိုဏ်းက ကျုပ်တိုင်းပြည်ထဲဝင်ပြီး လူသတ်သွားတာလေဗျာ ဒီ လျော်ကြေးက သာမန်လောက်ပါပဲ.. ဘာလိုဒီလောက်တောင်း ရတာလဲဆိုရင် နှစ်ချက်ပဲရှိတယ် ကျုပ်ပြည်သူတွေကိုသတ်လို့ နဲ့ ကျုပ်တိုင်းပြည်ကို လာရောက်စော်ကားတာကိုလက်မခံနဲ့ အနေနဲ့ ဂုဏ်သိက္ခာဆိုင်ရာအနေနဲ့ ပေါင်းပြီးတောင်းတာပဲ" ဂျိတ်၏စကားကြောင့် တုန့်ပြန်ရန် ကြံသော်လည်း ဂျိ တ်၏နောက်မှ အကောင်ကြီးကြောင့် စိတ်ထိန်းလိုက်ရ၏။ဂျိ တ်သည် ပလက်တီနမ်အဆင့်ငါးဖြစ်ကြောင်း သိသောကြောင့် ပို၍ပင် ထိန်းချုပ်နေရ၏။ အကြီးကဲသည် မိမိလိုပလက်တီနမ်နောက်ဆုံးအဆင့်အား အ ဆင့်ငါးမှ လာဟောင်နေသည်ဟုအထင်လည်းရောက်နေ၏။ သို့သော်လည်း နောက်မှ အကောင်ကြီးက ပိုမိုကြောက်ရသေး ရာ "ကောင်းပြီ ကျုပ်.." ထိုအချိန်၌ "အဲ့ကောင်ကို ဖမ်းကြ သူ့ရဲ့ကိုယ်ပေါ်မှာ ဆန်းကြယ်သော ကိုယ်ခန္ဓာပိုင်ရှင်ရဲ့အငွေ့သက်တွေ ဖုံးလွှမ်းနေတယ်" ထိုစကားကို ပြောသူကတော့ သားရဲဂိုဏ်း၏နတ်ဆရာပင် ဖြစ်၏။သူသည် ဂျိတ်ကိုတွေ့စဥ်ကတည်းက စတင်တွက်ချက် နေပြီး ယခုအခါ သူ၏တွက်ချက်မှုမှန်သွားသောကြောင့် အော်ပြောလိုက်ခြင်းဖြစ်၏။ ထိုအခါ သားရဲဂိုဏ်းသားများ၏ဂျိတ်အပေါ်အမြင်သည် လုံး ဝပြောင်းလဲသွား၏။ပင်မသားရဲဂိုဏ်းမှ ထိုဆန်းကြယ်သော ကိုယ်ခန္ဓာနဲ့ပတ်သက်၍ ဆုကြေးအကြီးကြီး ပေးထား ကြောင်း ပြန်လည်သတိရသွားကြ၏။ ထိုအခါ လျော်ကြေးပေးရန် ရွယ်နေသော အကြီးကဲသည် ချက်ချင်းပင်အချိုးပြောင်းပြောင်းသွားကာ "သေရေးရှင်ရေး အစီရင်ဖွင့်ချလိုက်တော့ဟေ့" သေရေးရှင်ရေးအစီရင်သည် ဂိုဏ်းတစ်ခုလုံး ပျက်သုဥ်းလု နီးအချိန်ရောက်မှသာ ထုတ်သုံးရသောအစီရင်ဖြစ်၏။ထို အစီရင်ကို ထိုအချိန်မှ ထုတ်သုံးရန် အကြောင်းမှာ အရင်းနှီး အလွန်များပြားသောကြောင့်ဖြစ်၏။ထို့ကြောင့် သာမန်ကိစ္စ များအတွက်နဲ့ မသုံးကြခြင်းလည်းဖြစ်၏။ ထိုအမိန့်ကြောင့် ဂိုဏ်းသားများ မြန်ဆန်စွာလှုပ်ရှားလိုက် ကြ၏။သူတို့၏လက်မှ သွေးတစ်စက်ဖောက်ထုတ်ပြီး သူ တို့၏ဂိုဏ်းအမှတ်သားကျောက်ပြား များကို သုတ်လိုက်ကြ၏။ပါးစပ်မှ သူတို့၏နှလုံးသွေး တစ်စက်ကို ထုတ်လွှတ်လိုက်ကြ၏။ နှလုံးသွေးတစ်စက်သည် အလွန်ပင် အသက်ဓာတ်များပြည့်ဝ နေရာ ထိုနှလုံးသွေးအား ထုတ်ပြီးသည်နဲ့ ဂိုဏ်းသားများစွာ မှာ ချက်ချင်းပင် အားနည်းသွားကြရ၏။ ထိုအခါသွေးထုတ်ခြင်းခံရသည့်ဂိုဏ်းအမှတ်သား ကျောက်ပြားများသည် အရောင်တောက်ပလာပြီး ပိုင်ရှင်များ ကို ဖုံးလွှမ်းကာကွယ်ပေးလိုက်ကြ၏။ နှလုံးသွေးပေးလိုက်ရသောလူများသည် နှစ်လမျှ အထိ သာမန်အတိုင်းနေထိုင်ရသည်ဖြစ်ရာ အလွန်ပင် တန် ကြေးကြီးသည်ဖြစ်၏။ ဂိုဏ်းသားများ၊အကြီးကဲများထုတ်လွတ်လိုက်သော နှလုံး သွေးစက်များသည် ခန်းမရှိ ကျောက်တိုင်ထဲသို့ ပျံသန်းဝင် ရောက်သွားကြ၏။နှလုံးသွေးစက်များ ဝင်ရောက်ခြင်းခံရ သော ကျောက်တိုင်သည် ရှေးခေတ်အစီရင်ဘာသာစကား များဖြင့် တောက်ပလင်းလက်လာ၏။ ထို့နောက် ကျောက်တိုင်သည် လင်းလက်လာပြီး ကောင်းကင် ပေါ်သို့ ရောင်ခြည်တန်းတစ်ခု ပစ်လွတ်လိုက်တော့၏။ "ကျီ " ထိုရောင်ခြည်တန်းသည် ကောင်းကင်သို့ပစ်လွတ်လိုက် သောအခါ ကောင်းကင်မှထူးဆန်းသောအသံကြီးထွက် ပေါ်လာလေ၏။ ဂက်မြို့ရိုးလေးဖက်မှလည်း အလင်းတန်းလေးတန်းထွက်လာ ပြီး ကောင်းကင်သို့ထိုးတက်သွားရပြန်၏။ ထိုအလင်းတန်းလေးခုသည်လည်း ပထမအလင်းတန်းနေရာ သို့ပင်ထိုးတက်သွားခြင်းလည်းဖြစ်၏။ "ဂျိန်း" ကောင်းကင်သို့အလင်းတန်းများ ပစ်ပြီးနောက်ဝယ် ကောင်းကင်မှ အကောင်ကြီးတစ်ကောင်ကျရောက်လာ လေ၏။ထိုအကောင်ကြီးသည် လင်းယုန်လက်သည်းနဲ့ ကျား ခန္ဓာရှိပြီး ခေါင်းကား မြေခွေးခေါင်းဖြစ်၏။ထိုအကောင် ကြီး၏အရွယ်စားသည် ဂျိတ်၏နောက်၌ ငြိမ်နေသော အကောင်အရွယ်အစားလည်းရှိ၏။လင်းယုန်၏အတောင် လည်း ပါရှိသေး၏။ ထိုအကောင်ကြီးသည် မြေပြင်ပေါ်မှ ဆင်းလာသည်နဲ့ ဂျိ တ်၏နောက်မှ အကောင်ကြီးကိုမြင်ကာ တိုက်ခိုက်ရန်ပြေး ထွက်လာ၏။ "ဂီး..ဂါး" ထိုအကောင်၏အော်သံသည် မြေခွေးလည်းမဟုတ်သလို ကျားလည်းမဟုတ်၊စွန်ရဲလည်းမဟုတ် ရောနှောနေ၏။ထို အကောင်ကြီးကို ဂျိတ်၏အနောက်မှ အကောင်ကလည်း မြင်သည်နဲ့ အော်သံတစ်ချက်ပေးပြီး တိုက်ခိုက်ရန် စတင် လှုပ်ရှားလာ၏။ "ဝုန်း" နှစ်ကောင်လုံးစတင်တိုက်ခိုက်လိုက်ကြပြီလည်းဖြစ်၏။နှစ် ကောင်လုံးက အရွယ်တူသလို အမြန်သန်မာမှုကလည်း တူညီ နေသောကြောင့် အကြိတ်နယ်ဖြစ်လာ၏။ "ဟားဟား ဂိုဏ်းအစီရင်က ထုတ်သုံးရတာတန်တယ်" အကြီးကဲနဲ့ကျန်သောလူများက ခေါင်းညိတ်လိုက်ကြ၏။သူ တို့သည် ဂျိတ်၏အကောင်ကြီးကို အနိုင်ယူနိုင်လိုက်ပါက ဆန်းကြယ်သောကိုယ်ခန္ဓာနဲ့ပတ်သက်သောဂျိတ်ကို အနိုင်ယူ နိုင်တော့မည်။ ထိုအခါ ဆန်းကြယ်သော ကိုယ်ခန္ဓာသည်မိမိတို့ဂိုဏ်းထဲ ရောက်လာမည်ဖြစ်ပြီး မိမိတို့မှ စွမ်းဆောင်မှုအတွက် ဂက်မြို့ ရှိသားရဲဂိုဏ်းမှာ ယခင်ထက်ပိုပြီး ခမ်းနားကြီးမားလာတော့ မည်ဖြစ်သလို အကျိုးမြတ်များစွာရရှိတော့မည်လည်းဖြစ်၏။ ထိုသို့ဖြစ်နေရခြင်းကလည်း ဆန်းကြယ်သောကိုယ်ခန္ဓာ ပိုင်ရှင်အတွက် ထုတ်ထားသောကြေးက အလွန်မြင့်ကြောင်း သိသာစေ၏။ထို့ကြောင့် တန်ကြေးမြင့်မြင့်ပေးရသော ဂိုဏ်း အစီရင်ကိုပင် ထုတ်သုံးရသည်အထိ ဖြစ်ပေါ်လာစေခြင်း လည်းဖြစ်၏။ "ဒီကောင်တွေ တော်တော်ရူးကြတာပဲ" သူတို့လုပ်နေပုံကိုကြည့်၍ဂျိတ်သက်ပြင်းချလိုက်၏။သူတို့ လုပ်ရပ်များမှားနေကြောင်း သူတို့မှာသိဟန်မတူပေ။သူ တို့၏သေရေးရှင်ရေးအစီရင်သည် စင်စစ်ကား ယဇ်ပူဇော် ကာဆင့်ခေါ်သည့်နည်းကြီးဖြစ်သည်ဆိုပင်ဖြစ်၏။ ထိုအကြောင်းကို စနစ်မှရှင်းပြသောကြောင့် ဂျိတ်မှသိနေ ခြင်းလည်းဖြစ်၏။ နှလုံးသွေးဖြင့် ကျောက်တိုင်အားပူဇော်သောအခါ ကျောက်တိုင်မှာ တခြားကမ္ဘာမှ သားရဲကို ဝင်ပေါက်ပွင့်စေပြီး ရောက်ရှိလာအောင်လုပ်ပေးခြင်းလည်းဖြစ်၏။ အကယ်၍ ထိုသားရဲသည် နောက်ဆုံးအချိန်၌ ခေါ်သောလူ များကိုပါက ပြန်လည်စားသောက်ပွဲတည်သည်ကို တော့ ဂျိတ်မှလွှဲ၍မသိကြပေ။ ယခုလည်း ကမ္ဘာခြားမှ သုံးမျိုးစပ်သားရဲသည် ဂျိ တ်၏အကောင်နဲ့ အသေကြေချနေသည်ဖြစ်၏။ "ဖြောင်း" ကမ္ဘာခြားမှအကောင်ကြီး၏လက်ချက်ကြောင့် ဂျိ တ်၏အကောင်ကြီးမှာ လွင့်စင်သွားရ၏။ "ဟေး." သားရဲဂိုဏ်းက လူများပျော်သွား၏။သူတို့၏အကောင်ကြီး သည် ဂျိတ်၏အကောင်ကိုလွင့်အောင်လုပ်နိုင်သောကြောင့် ဖြစ်၏။ "ဟ တစ်ခါတည်းလက်စသတ်ပါလား မင်းကိုဘယ်သူ ကဆော့ခိုင်းနေလို့လဲ" ဂျိတ်၏စကားက ထွက်ပေါ်လာ၏။ထိုအခါ လဲနေသော အကောင်ကြီးသည် ဂျိတ်ဘက်လှည့်ကာ မိမိသည် အတည်ချ မည်ဖြစ်ကြောင်း ခေါင်းအမူရာပြသ၏။ "အေး" ထိုအရောစပ်ကောင်ကို မိမိအကောင်ကသာရှုံးပါက လုံးဝ သိက္ခာကျမည်ဖြစ်၏။ထို့ကြောင့် ဂျိတ်မှအော်လိုက်ခြင်း ဖြစ်၏။ဂျိတ်၏အကောင်သည် တခြားမဟုတ် နဂါးမျိုးနွယ်စု မှ သွေးဆာပြီးတိုက်ခိုက်လိုစိတ်ပြင်းသော မျိုးနွယ်ဝင် ဖြစ်၏။အနောက်တိုင်းနဂါးပုံစံဖြစ်၏။ ထိုနဂါးများသည် တိုက်ခိုက်ရာ၍ မြန်ဆန်လျင်မြန်ပြီး တိုက်ခိုက်နည်းများကြွယ်ဝသူဖြစ်ကြ၏။သန်မာလှသော အ မြှီး၊ချွန်ထက်လှသော လက်သည်းများက သူတို့၏တိုက်ပွဲဝင် လက်နက်များသာဖြစ်ပေ၏။ နဂါးစစ်စစ်က ထိုအရောနှော အကောင်ကိုသာ ရှုံးပါက နဂါး သိက္ခာတစ်ပြားပင်ကျန်မည်မဟုတ်ပေ။ထိုအခိုက်၌ ကမ္ဘာခြား အရောနှောကောင်မှ ဂျိတ်၏နဂါးကို သူ၏လက်သည်းဖြင့် ကုတ်ချလိုက်၏။ "ထန်" မီးပွှားများပွင့်ထွက်လာ၏။ထိုသို့ဖြစ်ရခြင်းမှာ နဂါး အရေပြားသည် အလွန်မာကြောသောကြောင့်ဖြစ်၏။ ထိုအခါ ကမ္ဘာခြားအရောနှောစပ်ကောင်မှာ ကြောက်စိတ်များ ဖြစ်ပေါ်ပြီး ပြေးရန်ကြံ၏။သို့သော် ဂျိတ်၏နဂါးက ထို ကောင်အား အမြှီးဖြင့်ရိုက်လွင့်စေ၏။ "ဖြောင်း" ထိုအခါ အရောနှောစပ်ကောင်မှာ လေထဲလွင့်သွား၏။ ရုတ်ခြည်းတိုက်ခိုက်မှုကြောင့် ဘာမှမတတ်နိုင်ပေ။ထိုအချိန် မှာပင် ဂျိတ်၏နဂါးက မြန်လွန်းသောအရှိန်ဖြင့် မြေမှထ ပျံသန်းပြီး လက်သည်းဖြင့် ကုတ်ချ၏။ ကုတ်ချသည်နဲ့ ထိုအရောနှောကောင်မှာ လက်သည်းချက်ဖြင့် ကိုယ်များပြတ်တောက်သွားတော့၏။ထိုမျှဖြင့် မပြီးသေး ထို ကိုယ်အပိုင်းများကို နဂါးမှ မီးဖြင့် မြိုက်လောင်စေပြီး ပြာချ ပစ်လိုက်တော့၏။ တိုက်ပွဲကား မြန်ဆန်စွာအဆုံးသတ်သွားတော့၏။ "ဖူး" သားရဲဂိုဏ်းက လူများ သွေးအန်ထုတ်လိုက်ကြ၏။သူ တို့၏နောက်ဆုံးအစီရင်ပင် ကျရှုံးသွားသောကြောင့်ဖြစ်၏။ "ကဲ ခင်ဗျားတို့အကောင်ကြီးရှုံးမှတော့ ကျုပ်အလိုကျပေါ့ကွာ ကျုပ်ကလည်း ကတိတည်ပါတယ် တစ်ဝက်တိတိပဲ ယူသွားမှာ ပါ" ဂျိတ်ပြောဆိုပြီး ဂိုဏ်းမှရတနာများ သူတို့ရှေ့၌ပင် ယူဆောင် သွားတော့၏။အားလုံးမှာ ဂျိတ်ယူနေကြောင်းသိသော်လည်း အစီရင်ထုတ်လိုက်ရသည့်၏အကျိုးဆက်ကြောင်း လည်းကောင်း၊ဂျိတ်၏နဂါးကြီးကိုကြောက်သောကြောင့် လည်းကောင်း ဘာမှ မတတ်နိုင်တော့ပေ။ ဂျိတ်ကတော့ မိမိယူစရာရှိသော လျော်ကြေးအတိုင်းယူပြီးလျှင် နဂါးကြီးစီးကာပျံသန်းထွက်ခွာသွားလေတော့၏။ ဂက်မြို့၏သားရဲဂိုဏ်းသည် လုံးဝထိခိုက်သွားပြီလည်း ဖြစ်၏။

( 263 )

"အဖေ သမီးတို့ဘာဆက်လုပ်မလဲ " ရိုစ့်သည် သူမ၏ဖခင်အား တိုးညင်းစွာပြောကြား၏။ လက်ရှိ၌ သူတို့ဂိုဏ်းအခြေနေသည်အလွန်ဆိုးဝါးသွားခဲ့ သလို ဂိုဏ်း၏တန်ကြေးတစ်ဝက်မျှ ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်၏။ပို၍ဆိုးဝါးသည်က နှလုံးသွေးအဆီနှစ်များကုန်ဆုံး ခြင်းက သူတို့၏အနာဂတ်ကိုပင် ထိခိုက်လာတော့မည် ဖြစ်၏။ "အဖေတို့ လက်ရှိဖြစ်ပျက်သွားတာကို အထက်ကို အသေးစိတ်ပြန်လည်တင်ပြပေးလိုက်ပါ တစ်ခုမှမလွှဲစေနဲ့ အဖေ အနားယူဦးမယ်" အကြီးကဲလည်း အနားယူရန် သူ၏အခန်းထဲသို့ပြန်သွားလေ တော့၏။ရိုစ့်သာ အတွေးများဖြင့် ကျန်ရစ်နေ၏။ သူမသည် သားရဲဂိုဏ်းမှလူများတွင်လက်ရှိ၌ အသက်သာဆုံးအားအပြည့်ဆုံးဖြစ်၏။အဘယ်ကြောင့် ဆို သော် သူမသည် သူမ၏နှလုံးသွေးကို မထုတ်သုံးပဲ ငြိမ် သက်နေလိုက်သောကြောင့်ဖြစ်၏။ ဤသည်ကလည်း သူမ၏ဖခင်ဖြစ်သူ အကြီးကဲကြောင့် ဖြစ်၏။သူ၏သမီး အနာဂတ်မထိခိုက်ရေးအတွက် သူ တားဆီးပြီး သူကသာပိုအနစ်နာခံလိုက်သောကြောင့်လည်း ဖြစ်၏။ သူမသည် ဖခင်၏ညွှန်ကြားမှုအတိုင်း ဆောင်ရွက်ရန်ပြင်ဆင် လိုက်တော့၏။ နောက်ပြီး သူ၏အတွေးထဲ၌ ဒွိဟဖြစ်စရာများလည်းကျန်ရစ် နေခဲ့သေး၏။ဂျိတ်အကြောင်းပင်ဖြစ်၏။ဂျိတ်သည် သာမန် တိုင်းပြည်၏ဘုရင်ဖြစ်ပြီး အဘယ်ကြောင့် ကြောက်ရွံမှုကင်း မဲ့ခြင်း တည်ငြိမ်မှုများရှိနေရသည့် အကြောင်းရင်းလည်း ပါ၏။ထိုသူ၏အပြုမှုများသည် ဂိုဏ်းထဲမှ မိမိအား ပန်းပိုးနေ သောသူများနဲ့ လားလားမျှပင်မတူပဲ ကွဲပြားနေသောကြောင့် လည်းဖြစ်၏။ နောက်ပြီး ဂျိတ်သည် ထိုမျှကြောက်မက်ဖွယ်သော သားရဲ ကောင်ကြီးကို ပိုင်ဆိုင်ထားသည်ကိုလည်း စဥ်းစားမရနေ ပေ။ထိုသားရဲ၏အစွမ်းသည် မိမိတို့၏ဂိုဏ်းအစီရင်ပင်မနိုင် ရာ တော်တော်လေးအစွမ်းထက်သည်ကိုတော့ သူမလက်ခံရ ပေမည်။ "ရှင်က ဘယ်လိုလူများလဲနော်" ..............

"ဂီး" ကောင်းကင်ယံ၌ ဧရာမသားရဲတစ်ကောင်သည် မြန်ဆန်စွာ ပျံသန်းလျက်ရှိ၏။ထိုသားရဲ၏အရေပြားသည် ကြည့်ရုံဖြင့် ပင် အင်မတန်မှမာကြောကြောင်းသိနိုင်သလို သူ၏အမြှီးက လည်း တောင့်တင်းရှည်လျားလှ၏။သူ၏လက်သည်းများက လည်း တစ်ခါတစ်ခါ အရောင်များလက်လာ၏။ အထူးခြားဆုံးမှာ ဦးခေါင်းမှဦးချိုနဲ့ မျက်လုံးပင်ဖြစ်၏။ဦးချို သည် နက်မှောင်ပြီးချွန်ထက်သလို မျက်လုံးသည် လေး လုံးရှိနေခြင်းဖြစ်၏။ ထိုသားရဲသည် ကမ္ဘာခြားမှသားရဲအရောနှောကို အသာလေး အနိုင်ယူလာသူလည်းဖြစ်၏။ ထိုသားရဲ၏တောင်ပံတစ်ချက် ခတ်သည်နဲ့ မိုင်များစွာဝေး သောအကွာဝေးကို ရောက်ရှိစေနိုင်လေ၏။ထိုလိုမြန်ဆန်လှ သော သားရဲကြီး၏ခေါင်းပေါ်၌ လူတစ်ယောက် ထိုင်နေ ကြောင်း မည်သူမှမသိကြပေ။ ထိုဦးခေါင်းပေါ်၌ ထိုင်နေသော လူသည် ဂျိတ်ပင်ဖြစ်၏။ သားရဲဂိုဏ်းမှ မိမိရရန်တန်ကြေးကို ယူငင်လာပြီး မိမိ တိုင်းပြည်သို့ ပြန်လာခြင်းလည်းဖြစ်၏။အရှိန်မြန်ဆန်လှသ ည့် နဂါးပေါ်၌ ထိုင်ခြင်းသည် ဂျိတ်အား ကြီးမားလေတိုးဝှေ့ ခြင်းကို ခံစားစေနိုင်သော်လည်း အသေချာကြည့်ပါက ဂျိ တ်၏ကိုယ်အနီး၌ ပါးလွှာလွန်းလှသော ချာက္က ရာအကာကွယ် ကာရံထားကြောင်း တွေ့နိုင်မည်ဖြစ်၏။ ("စနစ် အသိပေးချက်...သခင်၏စနစ်သိုလှောင်ခန်းထဲသို့ ဂက်မြို့ရှိသားရဲဂိုဏ်းမှ ပိုင်ဆိုင်မှုတစ်ဝက်တိတိထည့်သွင်းထား ပါသည်။ထို့ပြင် မာဖီနဲ့နောက်ပါများ၏ပိုင်ဆိုင်မှုကိုလည်း စနစ်မှသိမ်းယူပြီး ထည့်သွင်းပေးပြီးပါပြီ") ထိုစာတန်းအား ဂျိတ်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ထို ပိုင်ဆိုင်မှုများကို ဂျိတ်စိတ်ဝင်စားခြင်းမရှိပေ။ထိုရလာသော အရာအားလုံးကိုဂရိတ်တိုင်းပြည်အတွက်သာပြန်လည်အသုံးပြုမည်ဖြစ်၏။စနစ်၏အားအရဆုံးကိုပြောရပါက မိမိ သတ်လိုက်သောသူ၏ပိုင်ဆိုင်မှုများကို စနစ်မှယူငင် သိမ်းဆည်းပေးထားသောကြောင့်ဖြစ်၏။ သာမန်တိုင်းပြည်မှ ရုတ်ခြည်းမြန်မြန်ဆန်ဆန်တိုးတက်လာ စေရန် အရင်းအနှီးများစွာလိုအပ်၏။ထို့ကြောင့် သားရဲဂိုဏ်း မှတစ်ဝက်တန်ကြေးကို တိတိကျကျယူလာသည်လည်း ဖြစ်၏။စနစ်အစွမ်းသုံးပြီး ကြေးတစ်ပြားမျှအပိုအလိုမရှိစေ ရ အတိအကျယူလာခြင်းလည်းဖြစ်၏။ ထိုရလာသောတန်ကြေးသည် မိမိတိုင်းပြည်တိုးတက်ရေး အတွက် လုံလောက်သည်လားဟုမေးလျှင် အချိန်တစ်ခုအထိ သာ လုံလောက်မည်ဖြစ်၏။သို့သော်ပြသနာမရှိသေးပေ။မိမိ တိုင်းပြည်ကို ကျန်ဂိုဏ်းသုံးဂိုဏ်းမှ ထပ်မံလာရောက်ပြီး လုပ်ဆောင်ပါက သားရဲဂိုဏ်း၌လုပ်လာသလို ပြန်လည် လုပ်ဆောင်ပြီး တ န်ကြေးသွားတောင်းယူလိုက်မည်ဖြစ်၏။ "အော် သူတောင်အဆင့်တက်သွားပြီပဲ" ဂျိတ်ပြုံးလိုက်၏။ဇိုက်သည် တုတ်နဲ့ဆက်သွယ်ချက်ရရှ်ိသွား သောကြောင့် အဆင့်တက်သွားကြောင်း စနစ်အသိပေး စာတန်းဘားတန်း၌ တွေ့လိုက်ရသောကြောင့် ဖြစ်၏။ထို စာတန်းသည် ပေါ်နေသည်မှာ အနည်းငယ်ကြာနေပြီဖြစ် သော်လည်း ဂျိတ်မှသတိမထားမိသောကြောင့်သာဖြစ်၏။ ("စနစ်အသိပေးချက်..ဇိုက်သည် ဖျက်စီးခြင်းတုတ်၏ဆက် သွယ်ချက်ကိုရရှိသည်။ထို့ကြောင့် မျောက်ကြီး၏အစွမ်းတစ် မျှင်ကို ဆက်ဆံရရှိသည်။ထို့ကြောင့် ဒိုင်းမွန်းအဆင့်ကိုးကို ရောက်ရှိသွား၏။") "ကောင်းတာပေါ့ ငါကိုယ်တိုင်သင်ပေးချိန်ရောက်ပြီ" ဂျိတ်တွေးမိနေ၏။ဇိုက်သာ မျောက်၏အမွှေးတစ်မျှင်စာမျှ အစွမ်းကြောင့် ဒိုင်းမွန်းအဆင့်သို့ရောက်ရှိသွားရာ အလုံးစုံ သောမျောက်ကြီး၏တကယ့်အစွမ်းကို ဇိုက်သာ သုံးနိုင်ပါ က... နဂါးကြီးကတော့ မြန်ဆန်စွာဖြင့် ဂရိတ်တိုင်းပြည်ဆီသို့ ဦး တည်ပျံသန်းနေတော့၏။ ကျန်ဂိုဏ်းသုံးခု၏အခြေနေ ကျန်ဂိုဏ်းသုံးခုသည် ကံကောင်းစွာပင် နောက်ကျနေကြ၏။ သားရဲဂိုဏ်းမှ ဂရိတ်တိုင်းပြည်သို့လာသည်မှာ အနီးဆုံးဖြစ် သောကြောင့်ဖြစ်၏။ကျန်သုံးဂိုဏ်းမှာတော့ သတင်းအချက် လက်သေချာစုဆောင်းရသေးသလို မိမိတို့ဂိုဏ်းမှ လူအင်အားအရေတွက်လည်း ပြည့်အောင် စောင့်နေရသော ကြောင့်ဖြစ်၏။ သူတို့သည် သားရဲဂိုဏ်းနဲ့မတူသည်ကတော့ သုံးဂိုဏ်းလုံး စု စုစည်းစည်းဖြင့် သတင်းအချက်လက်စုပြီးမှသာလျှင် အတူတူလုပ်ဆောင်ကြမည်ဖြစ်၏။ထိုအကြံကို မိုင်းလ်(စိတ် ဝိညာဉ်ဂိုဏ်း)မှ အကြံပေးထားပြီး မက်လောက်စရာအထော က်ပံများပေးထားသောကြောင့် ကျန်နှစ်ဂိုဏ်းမှ လက်ခံလိုက် ခြင်းလည်းဖြစ်၏။ အတူစုရုံးပြီး ဂရိတ်တိုင်းပြည်ထဲဝင်ရန်ကြံခါနီးမှ ဂက် မြို့၏သားရဲဂိုဏ်းသတင်းက ထွက်ပေါ်လာတော့၏။ကြည့်ရ သည်မှာ ထိုသတင်းက ဖုံးဖိရန်မဖြစ်နိုင်သောကြောင့် ထွက် လာရခြင်းလည်းဖြစ်၏။နေရာသည် ဝေးကွာသော်လည်း သတင်းပြန့်နှံနှုန်းကတော့ အလွန်ပင်မြန်ဆန်လှ၏။ ထိုသတင်း၌ ထိုသို့ဖြစ်ပွားရခြင်းသည် ဂရိတ်တိုင်းပြည်နဲ့ ဆက်စပ်နေကြောင်း ကိုပင်ဖြစ်၏။ထိုသတင်းကြောင့် ကျန် ဂိုဏ်းသုံးဂိုဏ်းသည် ယခင်ကထက်အသေးစိတ်စုံစမ်းရန် ပြင်ဆင်ပြီးမှသာ ဂရိတ်တိုင်းပြည်ထဲဝင်ရန် ဆုံးဖြတ်လိုက်ကြ တော့၏။ .................. "ငါ့ကို ထိနိုင်ရင် မင်းနားလို့ရပြီ" " တကယ်လား အကိုကြီး" ခြံတစ်ခုထဲ၌ ဇိုက်သည် ချွေးဒီးဒီးကျရင်း မေး၏။ သူ၏ကိုယ်သည်လည်း နာကျင်နေပြီဖြစ်၏။ "ဒါပေါ့ကွာ" ဂျိတ်မှဆိုလိုက်၏။တကယ်တော့ ဂျိတ်သည်ဇိုက်အားလေ့ကျ င့်ရေးပေးနေခြင်းဖြစ်၏။လေ့ကျင့်ပေးပုံက ရိုးရှင်းလွန်း၏။ ဇိုက်မှ ဂျိတ်အား တိုက်ခိုက်မှုတစ်ချက်ပေးနိုင်လျှင် အနားယူ ရမည်ဖြစ်၏။သို့သော်လည်း ထိုအခိုက်တန့်၌ ဂျိတ်၏ဝါး ကြိမ်လုံးလေးကို ရှောင်တိမ်းနိုင်ရမည်ဖြစ်၏။ ထိုလေ့ကျင့်ခန်းကို မနက်ကတည်းကစတင်လာသည်ဖြစ်ပြီး ယခုအခါ နေ့ခင်းပင်ရောက်ရှိလာသည်ဖြစ်၏။တိုက်ခိုက်မှု တစ်ချက်မှ မထိရသေးသောကြောင့် ထိရုံခြင်းအနားယူရမည် ဟုဂျိတ်မှ ပြောင်းလဲသတ်မှတ်ပေးလိုက်၏။ "စပြီနော် အကိုကြီး" ဇိုက်သည် ဂျိတ်အား ထိအောင်ကြိုးစား၏။သို့သော်လည်း လေကိုဖမ်းနေရသည့်ပမာဖြစ်နေဆဲဖြစ်၏။ဂျိတ်ကို မိခါနီးမှ လွတ်လွတ်သွားသည်လည်းဖြစ်၏။ "ဖြောင်း...." "အား" ဇိုက် အော်လိုက်ရပြန်၏။သူက ဂျိတ်ကိုမထိနိုင်သော်လည်း ဂျိတ်၏ဝါးကြိမ်လုံးလေးကတော့ သူ့ကိုထိစမြဲဖြစ်၏။ထိုဝါး ကြိမ်လုံးသည် သာမန်ဖြစ်သော်လည်း ဂျိတ်လက်ထဲ၌တော့ တော်တော်ပင်ကြောက်စရာကောင်း၏။ ဇိုက်၏စစ်သည်အဆင့်မှာမြင့်မားသော်လည်း ထိုကြိမ်လုံး လေး၏ထိချက်ကိုတော့ နာကျင်စွာခံစားနေရဆဲဖြစ်၏။ ထိုအချ်ိန်၌ ဂရိတ်တိုင်းပြည်၏စစ်သူကြီးခြောက်ယောက် သည် ဂျိတ်၏ပြောကြားထားမှုကြောင့် ခြံထဲရောက်ရှိလာ ကြ၏။သူတို့မြင်ရသည်ကား ဇိုက်သည် ဂျိတ်ကို ရူးကြောင်ကြောင်နည်းဖြင့်ဖမ်းနေသေည်လည်း ဂျိတ်က အသာယာပင်ရှောင်ပြီး ကြိမ်လုံးလေးဖြင့် တရွှမ်းရွမ်းရိုက်နေ သောကြောင့်ဖြစ်၏။ထို့ကြောင့် သူတို့သည် ဇိုက်ကိုသနား လာ၏။စစ်သူကြီးချုပ်ဂေဇာသည် မနေနိုင်တော့ပဲ "အရှင်ဂျိတ်တော်ပါတော့ သူက ငယ်ပါသေးတယ် အဲ့လောက် ကြီး လေ့ကျင့်နေရင် သူပင်ပန်းပြီးသေ သွားလိမ့်မယ်ဗျ သူ အလားလာကလည်းမဆိုးပါဘူး အဲ့လောက်ကြီးတော့ မကြပ် သင့်ဘူးလို့ထင်ပါတယ်ဗျာ" ကျန်သောစစ်သူကြီးများကလည်း ခေါင်းညိတ်လိုက်ကြ၏။ သူတို့အမြင်၌ ဂျိတ်သည် ဇိုက်အားတော်စေလိုသောကြောင့် အပြင်းထန်လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း ထင်နေကြ၏။ "ဟ လေ့ကျင့်ပေးရမယ်ဗျ အဲ့လိုလေ့ကျင့်မှုမရှိရင် သူဘယ် တိုးတက်တော့မလဲ" ဂျိတ်သည် ပြောနေရင်း ဇိုက်အားရှောင်တိမ်းရင် ကြိမ်လုံး လေးဖြင့် တဖြောက်ဖြောက်ရိုက်နေ၏။ စစ်သူကြီးဂေဇာဆက်ပြောမည်ကြံသော်လည်း ဂျိတ်၏စကား များက သူ၏ရင်ဝအား ကန်လိုက်သလိုခံစားရလိုက်၏။ "ကြည့်ဦးဒီလောက်လေ့ကျင့်ပေးတာကို သူကအခုမှ ဒိုင်း မွန်းအဆင့်ကိုးတဲ့ဗျာ ဒါကျုပ်မျက်နှာအိုးမဲသုတ်ချလိုက်တာပဲ" ထိုစကားကြောင့် စစ်သူကြီးခြောက်ယောက်လုံး မျက်လုံးပြူး သွားကြ၏။ ("ဘာ...ဒိုင်း..ဒိုင်းမွန်းအဆင့်ကိုး ဟုတ်လား") သူတို့သည်လမ်း၌ မိမိတို့သည် ပလက်တီနမ်အဆင့်ထဲဝင် တော့မည်ဖြစ်ကြောင်း ကြွားလုံးထုတ်နေကြသေး၏။ဂျိ တ်၏ထွက်လာသောစကားကြောင့် ဇိုက်သည် ထိုအဆင့်ထိ ရောက်နေပြီဆိုရာ ဆွံအသွားကြတော့၏။ ထိုကောင်လေးက မိမိတို့တစ်သက်ကျင့်ကြံလာသမျှကို အသာ လေးရောက်ရှိကျော်လွန်နေပြီဖြစ်၏။ဤသည်ကို ဂျိတ်မှမ ကျေနပ်ကြောင်း မတိုးတက်သော ကလေးဖြစ်ကြောင်း ပြောဆိုနေရာ သူတို့ရင်ထဲ၌တော့ မျက်ရည်များဝဲလာနေ၏။ အပြင်၌လည်း မျက်ရည်မထွက်ရုံတမယ် အားတင်းထားကြ ရ၏။ ထို့ကြောင့် ဇို က်အတွက် သူတို့ခြောက်ယောက်သည် ဝမ်းနည်း ခြင်းမရှိတော့ပဲ မိမိတို့အတွက်သာ ဝမ်းနည်းလိုက်ကြ တော့၏။

(264)

နောက်ဆုံး၌ ဂျိတ်ကဇိုက်အား အနားယူစေတော့၏။ဇိုက်မည် မျှဖမ်းရန်ကြိုးစားပါစေ မမိနိုင်သောကြောင့် ဂျိတ်မှပင် အနားပေးစေ၏။ဇိုက်အား အနားပေးပြီးသည်နဲ့ ဂျိတ်သည် စစ်သူကြီးခြောက်ယောက်နဲ့အတူ ခြံထဲရှိခုံနဲ့စားပွဲခုံရှိသော နေရာ၌ ထိုင်လိုက်ကြ၏။ "သောက်ကြပါ" ဂျိတ်က စားပွဲပေါ်၌တင်ထားသော ရေနွေးကြမ်းခွက်ခြောက် ခွက်ကို သောက်ရန်ပြော၏။ထိုရေနွေးကြမ်းခြောက်ခွက်၌ ရေနွေးကြမ်းအပြည့်ရှိနေပြီး အငွေ့များတထောင်းထောင်း ထနေလျက်ရှိ၏။အံအားသင့်ဖို့ ကောင်းသည်ကား အငွေ့ လေးများသည် တိမ်ပုံစံလေးများဖြစ်သည်နေ၏။ "မွှေးလိုက်တဲ့ရနံ" စစ်သူကြီးဘီတာမှ မှတ်ချက်ပြုလိုက်၏။ကျန်သောစစ်သူကြီး များကလည်း အသိမှတ်ပြုလိုက်ကြပြီးလျှင် သောက်လိုက် ကြ၏။ ရေနွေးကြမ်းသောက်လိုက်သောအခါ ပါးစပ်အတွင်း၌ နွေး ထွေးမှုကို ခံစားလိုက်ရပြီး ရင်ထဲတွင်တော့ အေးမြမှုကို ခံစားလိုက်ကြရ၏။ထို့ပြင် ရေနွေးကြမ်းသောက်သုံးပြီးသည် နဲ့ အသစ်တဖန်ပြန်လည်မွေးဖွားလာသလိုပါ ခံစားလိုက်ရသ လို အားအင်ပြည့်ဖြိုးလာသည်ဟုထင်မိလိုက်ကြ၏။ "မဆိုးဘူးမလား ဒါက ဒီကနေ အလွန်ဝေးကွာတဲ့ သက်တန့် တောင်ထိပ်မှရှိတဲ့ ရေတံခွန်ကရေနဲ့ နှစ်ငါးသောင်းရှိတဲ့ တော်ဝင်လက်ဖက်ရွက်နဲ့ပေါင်းစပ်ထားတဲ့ ရေနွေးကြမ်းလေ အားပြည့်စေပြီး နောက်နှစ်ငါးဆယ်လောက်သက်တမ်းတိုး စေတယ်လေ" ဂျိတ်ကတော့ အေးဆေးစွာရှင်းပြနေ၏။ရှင်းပြနေချိန်၌ စစ်သူကြီးခြောက်ယောက်ကတော့ အခြေနေမကောင်းပေ။ ထိုရေနွေးကြမ်းကို သာမန်အမှတ်ဖြင့် မော့ချပြီးမှ အလွန်တန် ကြေးကြီးသောအရာဖြစ်ကြောင်း သိလိုက်ရသောကြောင့် ဖြစ်၏။မျက်နှာများက သိပ်၍မလှတော့ပေ။အကြောင်းမှာ မိမိတို့တစ်သက်ရှာဖွေ၍မရသော တန်ကြေးရှိသောကြောင့် ဖြစ်၏။ "ဒါကို ကျုပ်က အလကားတိုက်တာပါ လန့်မသွားကြပါနဲ့." ထိုအခါမှ စစ်သူကြီးခြောက်ယောက်မှာ အသက်ရှုချောင်သွား တော့၏။ထိုအခါ သူတို့သည် ဂျိတ်၏ခေါ်ရခြင်းအကြောင်းကို မေးမြန်းလိုက်တော့၏။ "ကဲ ပြောရမယ်ဆိုရင်တော့" ဂျိတ်သည် သူတို့ခြောက်ယောက်အား မိမိခေါ်ရခြင်း အကြောင်းကိုရှင်းပြ၏။မိမိတိုင်းပြည်သည် အန္တရာယ် ပတ်လည်ထဲရောက်နေကြောင်း၊ထို့ကြောင့် သင်တို့ခြောက် ယောက်ကို ခေါ်ခြင်းဖြစ်ကြောင်း ရှင်းပြ၏။ မိမိတိုင်းပြည်ထဲပြသနာများဝင်ရန် ကြံစည်နေကြကြောင်း ထို ပြသနာများသည် ဂိုဏ်းကြီးလေးဂိုဏ်းမှဖြစ်ကြောင်း ပြောပြ လိုက်၏။ထိုဂိုဏ်းကြီးလေးဂိုဏ်း၏အင်အားသည် ပြောရ လျှင် ဂိုဏ်းတစ်ခုချင်း၏ကိုယ်ပိုင်အင်အားသည်စွန်ရဲအင်ပါ ယာနဲ့ညီမျှကြောင်းပါ ပြောလိုက်၏။ ဂျိတ်၏စကားများကြားရလေ ထိုစစ်သူကြီးခြောက်ယောက် အနက် အယ်ဖာမှလွှဲ၍ ကျန်သောစစ်သူကြီးများ မျက်လုံးပြူး လာလေ၏။မိမိတို့၏ရန်သူများသည် အဘယ်ကြောင့် များပြားလာရသနည်း။ စွန်ရဲအင်ပါယာတစ်ခုပင် ပြသနာများနေပြီဖြစ်ပြီး ထိုအဆင့်ရှိ သော ဂိုဏ်းကြီးလေးဂိုဏ်းကပါ မိမိတို့တိုင်းပြည်အတွက် ရန်သူဖြစ်လာသည်ဆိုသောအခါ စိုးရိမ်လာကြ၏။ နောက်ထပ်ကြားလိုက်ရသောသတင်းက သူတို့ကို တုန်လှုပ်စေ တော့၏။ထိုသတင်းမှာ သားရဲဂိုဏ်းမှမာဖီမှမိမိတို့ပြည်သူ အား သတ်လိုက်သောကြောင့် ဂျိတ်မှ ထိုဂိုဏ်းနေရာထိသွား ဖြဲပြီး လျော်ကြေးတောင်းခဲ့သည်ဆိုသည်ပင်ဖြစ်၏။ကြည့်ရ သည်မှာ စစ်ပွဲကိုရှောင်လွှဲ၍မရနိုင်ဟန်ရှိ၏။ "ဒါက သိအောင်ပြောပြတာပါ ကျုပ်ခေါ်ရတဲ့အကြောင်းက ရွေးချယ်စရာနှစ်ခုပေးမလို့ပဲ" ထိုစကားကြောင့် စစ်သူကြီးငါးယောက် အံသြသွား၏။ဂျိတ် က မည်သည်ကိုဆိုလေသနည်း။ "ပထမတစ်ခုကတော့ ရှောင်လွှဲတာ အဲ့တာကိုရွေးမယ်ဆိုရင် ဂရိတ်တိုင်းပြည်ကနေ အေးချမ်းတဲ့နေရာတစ်ခုကိုပို့ပေး မယ်...နောက်တစ်ခုကတော့ ဒီတိုင်းပြည်အတွက် ရင်ဆိုင်ပေး မယ် ကျုပ်ရဲ့အဖွဲ့ထဲဝင်မယ်ဆိုရင် ဒီလိုစွမ်းအားတွေရမယ်" ဂျိတ်သည် ပြော ပြောဆိုဆိုဖြင့် ခြံထဲက မြက်ပင်တစ်ပင်ကိုဆွဲ နှုတ်လိုက်၏။ထို့နောက် ထိုမြက်ပင်အပေါ် ကို ဓားဆန္ဒသုံးလိုက်၏။ထိုအခါ မြက်ပင်သည် ဓားပမာ ထက်မြက်သွား၏။ ထိုမြက်ပင်လေးအား စားပွဲ ခုံပေါ်သို့ စိုက်ချလိုက်၏။ထိုအခါ မြက်ပင်သည် စားပွဲခုံအပေါ်စိုက်ရုံတင်မကပဲ ခုံကိုပါ ထိုး ဖောက်သွားတော့၏။ "ဟာ" ထိုအခါ စစ်သူကြီးငါးယောက်သည် အံသြကုန်၏။ထိုမြက်ပင် အပေါ် ဂျိတ်သည် သူ၏ချာက္က ရာဖုံးလွှမ်းခြင်းမရှိသောကြော င့်ဖြစ်၏။အဘယ်နည်းကို အသုံးပြုသနည်းကိုတော့ မသိတော့ ပေ။ "ဒါက ဓားနိယာမပဲ " ငြိမ်နေသော အယ်ဖာကဝင်ပြော၏။ထိုအခါ အယ်ဖာကို ကျန် သောစစ်သူကြီးများက ဝိုင်းကြည့်ကြတော့၏။ "ဟုတ်တယ် အရှင်ဂျိတ်ပြသွားတာက ဓားနိယာမရဲ့အသေး စားလေးပဲ အရှင်ပြောတာကတော့ အဲ့နိယာမကို အတော်တန် ပေါက်မြောက်သွားမယ်ဆိုရင် အဲ့လိုပေါက်မြောက်သွားသူက ကြေးအဆင့်ဆိုရင်တောင် ပလက်တီနမ်အဆင့် ၊ဒိုင်းမွန်းအ ဆင့်ကိုလဲ အသာလေးအနိုင်ယူနိုင်မယ်တဲ့" ထိုစကားက ဂျိတ်သရုပ်ပြသည်ထက် ပိုမိုထိရောက်နေ၏။ ထိုအခါ စစ်သူကြီးငါးယောက်သည် ဂျိတ်ကို တကယ်လားဟူ သောအကြည့်ဖြင့် ကြည့်လိုက်တော့၏။ ဂျိတ်ကလည်း ခေါင်းညိတ်ပြလိုက်၏။ထို့နောက် စစ်သူကြီး များမှ သိလိုသော ဓားနိယာမကို စတင်ရှင်းပြလိုက်၏။ ဓားန်ိယာမဆိုသည်မှာ ဘယ်လိုစသည်ဖြင့် ဓားနိယာမသည် မည်မျှအစွမ်းထက်ကြောင်းကို ရှင်းပြ၏။ထိုရှင်းပြမှုသည် စစ်သူကြီးငါးယောက်အတွက် အလွန်အကျိုးရှိစေ၏။သူတို့ ငါးယောက်သည်လည်း အယ်ဖာစတင်ကြားတုန်းကလိုပင် ဖြစ်ပျက်သွားခဲ့ကြ၏။ဂျိတ်၏ရှင်းပြမှုကြောင့် သူတို့၏သိ နားလည်မှုသည် နောက်ထပ်အဆင့်တစ်ခုသို့ ရောက်ရှိသွားပြီ လည်းဖြစ်၏။ "ဒါဆို ကျုပ်ပါမယ် " စစ်သူကြီးဂေဇာမှ အရင်ဆုံးပြောလိုက်၏။သူသည် အယ်ဖာ လိုပင် ဓားကိုအသုံးပြုသူဖြစ်၏။သူသုံးသောဓားသည် ဓား ကြီးအမျိုးစားဖြစ်၏။ "ကျုပ်ကတော့ မေးစရာရှိတယ်" စစ်သူကြီးဘီတာမှမေးလိုက်ခြင်းဖြစ်၏။ "မေးပါ" ဂျိတ်မှ ခွင့်ပြု၏။ "အယ်ဖာနဲ့ဂေဇာကတော့ ဓားအသုံးပြုလို့တော့ သူတို့အတွက် အဆင်ပြေပါတယ်ကျနော်တို့ ကတော့ ဓားမသုံးတော့ အဆင် မပြေဘူးလေ" ထိုမေးခွန်းသည် တကယ်လည်း ဟုတ်မှန်နေ၏။ဘီတာနဲ့ လက်တို့သည် ကြာပွတ်နဲ့လှံကို အသုံးပြုသူများဖြစ်ကြရာ သူ တို့သည် ဓားနိယာမနဲ့မကိုက်ညီနေသောကြောင့်ဖြစ်၏။ "မေးသင့်ပါတယ် ဒါပေမဲ့ ငါက ဓားနိယာမတစ်ခုတည်းသိပါ တယ်လို့လည်း မပြောမိပါဘူး" ဂျိတ်၏စကားကြောင့် ဘီတာအံအားသင့်သွား၏။ဂျိတ်၏ပုံစံ အစစ်မှန်ကိုလည်း သိလိုစိတ်များပြင်းပြလာလေ။ နောက်တော့ စစ်သူကြီးခြောက်ယောက်လုံးသည် ပထမ ရွေးချယ်မှုကို ငြင်းဆန်လိုက်ကြပြီး နိယာမလမ်းကြောင်းများ လျှောက်လှမ်းရန် ရွေးချယ်လိုက်ကြ၏။ ဂျိတ်လည်း ထိုစစ်သူကြီးခြောက်ယောက်ကို ထိုသို့လုပ် စေခိုင်းရခြင်းသည် ဂရိတ်တိုင်းပြည်အတွက် အခြေခံ ထောက်တိုင်ကြီးအဖြစ်နေစေလိုသောကြောင့်ဖြစ်၏။ သူတို့ခြောက်ယောက်၏သုံးစွဲသောလက်နက်များအရ ဂျိတ် သည် ဓားနိယာမအမျိုးစားလေးမျိုးနဲ့လှံနိယာမအပြင် စိတ် ဆန္ဒတို့ဖြစ်၏။စိတ်ဆန္ဒကိုရွေးချယ်သောသူသည် စစ်သူကြီး ဘီတာဖြစ်ပြီး ဂျိတ်သည်အိမ်ရှေ့စံအိုရစ်အပေါ်သုံးခဲ့သော ပုံ ရိပ်ယောင်သဘောတရားကြောင့် ဖြစ်၏။ဂျိတ်၏လုပ်ခဲ့သော အရာက သူ့အား အားကျစေခဲ့ကြောင့် ဂျိတ်တော့မသိပေ။ ထိုအချိန်မှစ၍ ထိုစစ်သူကြီးခြောက်ယောက်သည် သူ တို့၏ခက်ခဲကြမ်းတမ်းလှသော ဘဝခရီးကို စတင်လျှောက် လှမ်းအခြေချမိခဲ့ပြီလည်းဖြစ်၏။

All Chapters