← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

(265)

"ကောင်းပြီ ဒါဆိုရင် အခုပဲ စလိုက်ကြတာပေါ့" ဂျိတ်သည် သူတို့လက်ခံလိုက်ကြောင်းအသိမှတ်ပြုပြီးသည်နဲ့ လက်ခုပ်တီးလိုက်၏။ထိုသို့လက်ခုပ်တီးပြီးသော ဂျိတ်နဲ့တကွ စစ်သူကြီးခြောက်ယောက်လုံးသည် မိမိတို့ထိုင်နေကြသော နေရာမှနေ၍ပျောက်ကွယ်သွားကြလေ၏။ကျန်နေသူဆို၍ ရေနွေးကြမ်းသောက်နေသော ဇိုက်တစ်ယောက်သာလျှင် ကျန်ရစ်နေတော့၏။ "သူတို့ဘယ်သွားလဲ မင်းသိလား" ဇိုက်သည် သူ၏ကိုယ်မှ မျောက်ကြီးအားမေးမြန်း၏။ "ငါလဲ မသိဘူး သူတို့ရောက်သွားတဲ့နေရာက ဒီကနေ တော်တော်တော့ဝေးတာတော့သိတယ်" မျောက်ကြီးက ပြန်ဖြေ၏။အခုအခါ ဇိုက်နဲ့မျောက်ကြီး တို့၏အခြေနေသည် အနည်းငယ်တိုးတက်လာသည်ဟုဆိုရ လေမည်။ဇိုက်က ကြိုးစား၍ဖြစ်စေ ၊ဆက်ဆံရေးကောင်းမွန်သည်ဖြစ်စေ ဇိုက်၏ကျင့်ကြံခြင်းစစ်သည်အဆင့်များက ပိုမို တိုးတက်လာမည်ဖြစ်၏။ တကယ်တော့မည်မျှအထိဝေးကွာအောင်ရောက်သွားကြောင်း အနည်းကျဥ်းတော့ မျောက်ကြီးသိ၏။ဇိုက်အတွက် အသုံးမ ဝင်သောကြောင့်သာမပြောပဲ နေခြင်းလည်းဖြစ်၏။ "ဒါကဘယ်နေရာမှာလဲ" စစ်သူကြီး ခြောက်ယောက် သည် မိမိတို့ရောက်ရှိသောနေရာ ကိုလေ့လာစူးစမ်းအကဲခတ်နေကြ၏။မည်မျှပင် အကဲခတ် လေ့လာသော်ငြားလည်း မသိနိုင်အောင်ဖြစ်နေ၏။ ဂျိတ် စစ်သူကြီးခြောက်ယောက်အားခေါ်လာသော နေရာသည် မြေပြင်ပြန့်ပြူးနေသော ကျောက်စိုင်တစ်ခုပေါ် သို့ဖြစ်၏။ထိုကျောက်စိုင်သည် အလွန်ကြီးမားသောကြောင့် ကျွန်းငယ်လေးအသေးစားသဖွယ်ဖြစ်နေလေ၏။ထိုအပေါ်၌ ဂျိတ်နဲ့ စစ်သူကြီးခြောက်ယောက်သည် ရောက်ရှိနေခြင်း လည်းဖြစ်၏။ ထိုကျွန်းဘေးပတ်လည်တွင်တော့ လုံးဝပြောင်ရှင်းနေပြီး မည်သည့်အရာမျှမရှိနေပေ။ထိုနေရာသည် ဂရိတ်တိုင်းပြည်နဲ့ လုံးဝကွာဝေးသောနေရာ၌တည်ရှိနေ၏။အတိအကျအကွာ ဝေးကိုဆိုရလျှင် နောက်ထပ်သော ဒိုင်မေးရှင်းတည်နေရာ တစ်ခုသို့ပင်ရောက်နေသည်ဖြစ်၏။ "ဒီနေရာက မင်းတို့ရဲ့နိယာမတွေလေ့ကျင့်မဲ့နေရာပဲ.. နိယာမ တွေဖြစ်တည်တဲ့နေရာအစုဝေးရဲ့ဗဟိုဆုံချက်လို့လည်း ခေါ် နိုင်ပါတယ်" ဂျိတ်မှ သေချာလေးရှင်းပြနေ၏။ထိုစကားကို ကြားရ သောအခါ စစ်သူကြီးခြောက်ယောက်သည် မိမိရောက်နေ သော နေရာကိုသိလိုက်ကြရ၏။ "ဒီနေရာမှာ မင်းတို့သေချာလေး နိယာမတွေကို လေ့ကျင့်နိုင် တယ် အစာအာဟာရစားသောက်ဖို့မလိုသလို အချိန်ဆိုတာ လည်း မရှိနေဘူး သဘာဝနိယာမတွေနဲ့ သွေဖယ်ဆန့်ကျင်နေ တဲ့ နေရာတစ်ခုဆိုလည်းမမှားပါဘူး" ဂျိတ်သည်ဆက်လက်ရှင်းပြနေ၏။ဟုတ်လည်းဟုတ်ပေ သည်။လက်ရှိနေရာသည် အချိန်မရှိသလို စားသောက်ရန် အလေးအပေါ့စွန့်ရန်လည်းမလိုအပ်နေသေးပေ။အဘယ် ကြောင့်ဆိုသော် ထိုနေရာ၌ သန့်စင်သောစွမ်းအင်အမှုန့်လေး များတည်ရှိနေသောကြောင့်ဖြစ်၏။ ထိုအရာလေးများက စစ်သူကြီးခြောက်ယောက်၏မွှေး ညှင်းပေါက်လေးများမှ တဖြေးဖြေးစိမ့်ဝင်၏။စိမ့်ဝင် ပြီးသည်နဲ့ စစ်သူကြီးခြောက်ယောက်၏ဆဲလ်များကို အားပြ ည့်အောင်ဖြည့်တင်းပေး၏။ မွှေးညှင်းပေါက်များမှသော်လည်းကောင်း လေရှု သွင်း၍သော်လည်း ထိုစွမ်းအင်အမှုန့်လေးများက ကိုယ်ခန္ဓာ ထဲအဆက်မပြတ်ဝင်ရောက်နေမည်ဖြစ်သည်။ထိုသို့ အဆက်မပြတ်ဝင်ရောက်ပြီး စွမ်းအင်ဖြည့်တင်းနေသလိုဖြစ် နေသောကြောင့် စားသောက်ရန်မလိုခြင်းလည်းဖြစ်၏။ "ဒါဆို နိယာမနဲ့ထိတွေ့အောင် ဘယ်လိုလုပ်ရမလဲ" "အဲ့အတွက် မပူပါနဲ့ ငါလုပ်ပေးမယ်.အယ်ဖာ မင်းကတော့ မင်းရဲ့ဓားဆန္ဒကို ထုတ်လိုက်" ဂျိတ်သည် ပြောလိုက်သည်နဲ့ အယ်ဖာသည် သူ၏မျက်လုံး မှိတ်ပြီးလျှင် "ဟာ..ဟင်" ကျန်သောစစ်သူကြီးငါးယောက် အယ်ဖာကိုသေချာကြည့်ရှု နေကြ၏။အယ်ဖာ၏ခေါင်းပေါ်၌ လေးပေမျှရှိသော ဓားတစ် ချောင်းပေါ်ပေါက်လာ၏။ထိုဓားသည် အလွန်ထက်မြက်ပြီး အရာရာကိုဖျက်စီးဟန်ရှိ၏။ဝံပုလွေပုံစံလည်းရှိ၏။ ဂျိတ်သည် အယ်ဖာ၏ဓားဆန္ဒကို ကြည့်နေ၏။ ("မဆိုးဘူး မဆိုးဘူး") အယ်ဖာသည် တော်တော်တိုးတက်လာဟန်ရှိ၏။သူ၏ဓား ဆန္ဒ၌ အရာရာကိုပိုင်းဖြတ်ခြင်း၊အားကြီးခြင်းနဲ့လောဘဆို သော သေးငယ်သောနိယာမအသေးမွှားလေးကို တွေ့ရ လေ၏။လောဘဟူသောနိယာမသည် သူကျင့်နေသော ဝံပုလွေဓားကျမ်းကြောင့်ဖြစ်ပေါ်လာရခြင်းပင်ဖြစ်၏။လေ့ ကျင့်ဖန်များလာသောအခါ အယ်ဖာအပေါ် ထိုဆန္ဒက စတင် အမြစ်တွယ်လာခြင်းလည်းဖြစ်၏။ တကယ်တမ်း၌ ဓားဆန္ဒကိုတွေ့ရန်မလွယ်ပေ။လက်ရှိရောက် နေသောနေရာသည် တခြားဒိုင်မေးရှင်းဖြစ်သည့်အပြင် ထူးခြားသောကြောင့် ခေါင်းပေါ်၌ပေါ်လာသည်ကိုမြင်ကြရ ခြင်းဖြစ်၏။ ဂျိတ်သည် လက်ကွက်အနည်းငယ်လုပ်ဆောင်လိုက်၏။ထိုသို့ လုပ်ဆောင်နေချိန်၌လည်း ပါးစပ်မှအနည်းငယ်ရွတ် လိုက်၏။ထိုသို့ရွတ်လိုက်ခြင်းသည် လက်ရှိနေရာ၌ ရှိနေ သော စစ်သူကြီးငါးယောက်၏ဖုံးကွယ်နေသော နိယာမများ ကို ဖော်ထုတ်လိုက်ခြင်းလည်းဖြစ်၏။ ထိုအခါ စစ်သူကြိီးငါးယောက်၏ခေါင်းပေါ်၌ သူတို့၏ဆန္ဒ များပေါ်ပေါက်လာလေ၏။သူတို့၏ဆန္ဒသည် အယ်ဖာလို တိ ကျပြတ်သားသောပုံစံမရှိပဲ ဝါးတားတားဖြစ်နေ၏။ သူတို့၏ဆန္ဒအရွယ်အစားသည် တစ်လက်မသာသာလေးသာ ရှိလေ၏။ထိုကြောင့် စစ်သူကြီးငါးဦးလုံး အနည်းငယ်ရှက် သွားကြ၏။ "ပေါ်လာပြီဆိုတော့ အဲ့တာကိုကြည့်ပြီး မင်းတို့ရင်ထဲကတက ယ့်အလိုရှိတဲ့နိယာမကို အာရုံဖော်လိုက်ကြ" ထိုအခါ စစ်သူကြီးခြောက်ယောက်လုံးအာရုံဖော်လိုက်ကြ၏။ အယ်ဖာသည် ကျန်ငါးယောက်ထက် ဓားဆန္ဒဖော်ပြီးသူဖြစ်ရာ မြန်ဆန်လှ၏။ အယ်ဖာသည် သူ၏နိယာမအားစိတ်ကူးဖြင့်ပုံဖော်ပြီးသည်နဲ့ တစ်ပြိုင်နက် ကျွန်းဘေးပတ်လည်၌ ပြောင်လင်းနေသော ကောင်းကင်ယံမှ အလင်းတန်းသုံးတန်းက ရုတ်ခြည်းလိုလို ထွက်ပေါ်လာ၏။ထိုအလင်းတန်းသုံးခုသည် အယ်ဖာ၏ဓား ဆန္ဒ၌ပါရှိသော အသေးစားနိယာမနဲ့အတူတူပင်ဖြစ်၏။ ထိုနိယာမသုံးခုသည် အယ်ဖာထံမှ ၎င်းတို့နဲ့ဆင်တူသော ခံစားမှုကို ရရှိသောကြောင့် ထွက်ပေါ်လာကြခြင်းဖြစ်၏။ ထွက်ပေါ်ပြီးသည်နဲ့ ထိုအလင်းတန်းသုံးခုအသွင်ပြောင်းလဲ ပြီး အယ်ဖာ၏ဓားဆန္ဒနဲ့အတူပေါင်းစည်းလိုက်ကြ၏။ ထိုအခါ အယ်ဖာသည် ချက်ချင်းပင် အိပ်မောကျသောအခြေ နေသို့တန်းရောက်ရှိသွား၏။ "အောင်မြင်တယ်" ဂျိတ်မှ ဂုဏ်ယူလိုက်၏။အယ်ဖာသည် ထိုနိယာမသုံးခုနဲ့ မြန်ဆန်စွာ အသားကျသွားမည်ဟုလည်း သူမထင်မိပေ။ ချက်ချင်းပင် အယ်ဖာသည် နိယာမပေါင်းစည်းမှုအခြေနေ၌ ဆင်ခြင်သုံးသပ်သောအခြေနေသို့ရောက်ရှိသွား၏။ အချိန်မည်မျှကြာမည်ကိုတော့ အယ်ဖာအပေါ်၌သာမူတည် နေ၏။အယ်ဖာသည် နိူးထလာပါက နောက်တစ်ဦးကဲ့သို့ လုံး ဝပြောင်းလဲသွားတော့မည်ဖြစ်၏။ ကျန်သောငါးယောက်မှာ အယ်ဖာလိုမမြန်ဆန်သောကြောင့် အချိန်အနည်းငယ်ကြာပေ၏။ထိုနေရာ၌ အချိန်မရှိ သော်လည်းကြာချိန်ကိုပြောလိုသောကြောင့် ထည့်သွင်းလိုက် ရခြင်းဖြစ်၏။ ပြောင်လက်နေသောကောင်းကင်ယံလိုမှ အလင်းတန်းများစွာ ကျဆင်းလာတော့၏။ထိုအလင်းတန်းတစ်ခုစီသည် နိယာမ တစ်ခုစီတိုင်းကို ကိုယ်စားပြု၏။လက်ရှိအခြေနေ၌ ထို အလင်းတန်းသည် တစ်ရာပင်ရှိကြောင်း ဂျိတ်တွေ့ရလေ၏။ ထိုသို့ဖြစ်ရခြင်းမှာ စစ်သူကြီးငါးယောက်သည် သူတို့၏ဆန္ဒ ကို အယ်ဖာလိုပြတ်သားစွာ ပုံဖော်နိုင်ခြင်းမရှိသေးသော ကြောင့်ဖြစ်၏။ ထိုကြောင့် အလင်းတန်းတစ်ရာက သူတို့ငါးယောက်ထံပြေး ဝင်လာလေ၏။ပြေးဝင်လာပြီးလျှင် သူတို့ငါးယောက်ကိုယ် အနားရောက်သောအခါ တန့်သွားကာရပ်တန့်သွားကြ၏။ ထို့နောက် စစ်သူကြီးငါးယောက်ကို လည်ပတ်နေကြ၏။ "မဆိုးဘူး" စစ်သူကြီးငါးယောက်လည်း ဂျိတ်အသိမှတ်ပြု၏။ထို အလင်းတန်းများ သူတို့ကိုလည်ပတ်ခြင်းအဓိပ္ပါယ်သည် သူ တို့သည် သူတို့အလိုရှိသော ဆန္ဒအား ပြတ်သားစွာပုံဖော်နိုင်မှု အားကောင်းလာသောကြောင့်ဖြစ်၏။ ထို့ကြောင့် အလင်းတန်းများ လည်ပတ်နေကြခြင်းဖြစ်၏။သူ တို့သာရွေးချယ်ပြီးပါက ရွေးချယ်လိုက်သောနိယာမသည် သူ တို့နဲ့ပေါင်းစည်းသွားမည်ဖြစ်ပြီး ကျန်သောနိယာမများသည် မူလနေရာသို့ပြန်လည်သွားကြတော့မည်ဖြစ်၏။ သူတို့ခြောက်ယောက်လုံးအခြေနေကောင်းသဖြင့် ဂျိတ်သည် ပြန်လည်ထွက်ခွာရန်ကြံလိုက်စဥ် ("စနစ်အသိပေးချက်.. ခွေးမိုက်ကယ်နိုးထလာပါပြီ") ထိုအသိပေးချက်ကြောင့် စနစ်ထဲဝင်လိုက်၏။မိုက်ကယ်သည် သွေးမျိုးဆက်ပေါင်းစည်းမှုကြောင့် အချိန်တစ်ခုအထိ အိပ်မောကျသွားခဲ့သည် မဟုတ်ပါလား။ ဂျိတ်အထဲရောက်တော့ မိုက်ကယ်သည် ကန်ထဲမှ ထွက်လာပြီ လည်းဖြစ်၏။ကန်ထဲမှ ထွက်လာသော သူ၏ကိုယ်သည် ယခင်ကထက်အနည်းငယ်ထွားလာ၏။အမွှေးများက ယခင် ထက်ပိုမိုတောက်ပလာသလို မျက်လုံးများကလည်း အရှိန်ဝါ ဖြင့်ပြည့်နှက်နေ၏။သူ၏ခြေသည်းလက်သည်းများက လည်း ယခင်ထက်ပိုမိုထက်လာ၏။ မိုက်ကယ်သည် နိုးထလာပြီးသည်နဲ့ ဂျိတ်ကိုတွေ့သောအခါ အလွန်ပျော်သွား၏။ထို့နောက် ဂျိတ်၏အနားသွားကာ ပွတ်သီးပွတ်သပ်လုပ်၏။ဂျိတ်ကလည်း မိုက်ကယ်၏ခေါင်း ကို ဖြေးညင်းစွာ ပွတ်သပ်ပေး၏။ ("တကယ့်မူလအစွမ်းကို ပြစမ်း") စနစ်ကို အမိန့်ပေးလိုက်၏။ထိုအခါ စနစ်သည် မိုက် ကယ်၏တကယ့်အစစ်မှန်ကို ပြသပေး၏။မိုက်ကယ်၏အစစ် မှန်ကိုယ်ခန္ဓာသည် မီတာတစ်ထောင်မျှရှိပြီး တစ်ကိုယ်လုံး ငရဲမီးလျှံများတောက်ပနေသလို ငရဲချော်ရည် စက်ကွင်း နယ်မြေကိုလည်း ထု တ်ဖော်နိုင်စွမ်းရှိနေ၏။ကျန်သော သွေး မျိုးဆက်စွမ်းရည်များကလည်း ကိန်းဝပ်နေသေး၏။ "ဒါဆိုမဆိုးဘူး" ဂျိတ်သည် ကျေနပ်အားရစွာဖြင့် မိုက်ကယ်ကို စနစ်ထဲမှခေါ် ထုတ်လိုက်ပြီးလျှင် မိမိနေအိမ်သို့ပြန်၏။မိုက်ကယ်အား သူ၏သခင်ဇိုက်နဲ့တွေ့ဆုံစေရန်ဖြစ်၏။ ဂျိတ်သည် မိုက်ကယ်နိုးထလာသောကြောင့် အားကိုးရသော အားကိုးဖက်ကို ရရှိလိုက်ပြီလည်းဖြစ်၏။ထိုမိုက်ကယ်သည် နောင်၌ဂျိတ်၏တာဝန်များစွာကို ထမ်းဆောင်သောခွေးတစ် ကောင်ဖြစ်လာလေတော့၏။

(266)

မိုက်ကယ်သည် ဇိုက်အားမြင်သည်နဲ့ ပြေးခုန်ပြီးပွေ့ဖက် တော့၏။ "အားလားလား မင်းလည်း တော်တော်ထွားလာတာပဲ" ဇိုက်သည် မိမိထံခုန်ဝင်လာသော မိုက်ကယ်အား ပွေ့ဖက်ရင်း ပွတ်သပ်လိုက်၏။သူသည် ဒိုင်းမွန်းအဆင့်ရောက်ရှိသွား သောကြောင့် ယခင်ကထက် ပိုမိုသန်မာလာပြီဖြစ်ရာ မိုက် ကယ်၏ခုန်နှုတ်ဆက်ခြင်းကို ခံနိုင်ခြင်းရှိသည်ဖြစ်၏။မဟုတ် ပါက မိုက်ကယ်၏ကိုယ်ကြောင့် ပိသွားနိုင်၏။ ဂျိတ်လည်း စိတ်အခြေနေကောင်းမွန်နေသောကြောင့် အိမ်ထဲ သို့ဝင်သွားလိုက်၏။ထို့နောက် အယ်မလီနဲ့အယ်လီနာကို တွေ့ လိုက်သည်နဲ့ "သမီး အဖေဆီမှာ အကြံတစ်ခုရှိတယ်" "ဘာအကြံလဲ ဖီဖီ " အယ်မလီလေးမှ မျက်လုံးများတောက်ပလာ၏။သူ၏ပါးစပ် တွင်လည်း စတော်ဘယ်ရီချိုချဥ်လေးက နေရာယူထား၏။ "အဖေတို့ သုံးယောက် ပျော်ပွဲစားထွက်ကြမယ်လေ" "ယေး ဒါမှတို့ဖီဖီကွ" ဂျိတ်၏စကားဆုံးသည်နဲ့ သမီးဖြစ်သူကတော့ ပျော်၍ခုန်ပေါက်နေ၏။ "ကိုယ်ရဲ့နတ်သမီးလေးကရော" ဂျိတ်သည် အယ်လီနာကိုပါမေးလိုက်၏။ "ရှင်နော် ကလေးရှေ့မခေါ်ပါနဲ့ဆို" မျက်နှာလေးပန်းရောင်သန်းပြီးပြော၏။သူမ၏ရှက်သွေးဖြာ နေသော အမူရာလေးသည် ဂျိတ်အား အကြိိမ်ကြိမ်ရင်ခုန်စေသည်ဖြစ်၏။ဘယ်တော့အခါမှ ရိုးအီ သွားသည်မရှိပေ။ "ပြောပါ ကိုယ်ရဲ့နတ်သမီးလေး ဘယ်လိုသဘောရလည်း" အယ်လီနာသည် ဂျိတ်ကိုကြည့်ရင်းအယ်မလီကိုကြည့် လိုက်၏။သမီးလေး၏မျက်လုံးများသည် ပျော်ပွဲစားဟူသော စကားကြောင့် တော်တော်တောက်ပနေ၏။ "သွားကြမယ်လေ" ထိုစကားကြောင့် အယ်မလီလေးပျော်သွား၏။ "ကောင်းပြီ ဒါဆို မနက်ဖြန်သွားကြတာပေါ့" ....,..................

အလွန်ပင် မှောင်မိုက်လှသောနေရာတစ်နေရာ... ကောင်းကင်ယံသည် အမြဲတမ်းမဲမှောင်နေ၏။အလင်းဟူ၍ မတွေ့ရပေ။ "ဂျိန်းးးးးဂျိန်းးးးးဂျိန်း. မိုးကြိုးများသည် နေရာအနှံပစ်ခတ်နေကြ၏။ထိုမိုးကြိုး များသည် မည်သည့်အခါမှရပ်တန့်မည်မသိနိုင် အဆက်မပြတ်ဆိုသလို ပစ်ခတ်နေကြ၏။ထိုမိုးကြိုးများအ ဆက်မပြတ်ပစ်ခတ်နေသော နေရာ၌ ကြီးမားသော တော င် ကြီးတစ်တောင်တည်ရှိ၏။ ထိုတောင်ကြီးသည် အလွန်မြင့်မားပြီး တောင် ကြီး၏အရောင်သည် နက်မှောင်တောက်ပနေ၏။ထိုနက် မှောင်တောက်ပနေခြင်းသည် သာမန်ထက်အဆများစွာ တောက်ပနေသလို တောင်ကြီးကို သေချာကြည့်ပါက တောင် ကို သေးငယ်လှသော အမျိုးအမည်မသိနိုင်သော အရောင် ငယ်လေးများက ရစ်ပတ်ထား၏။ ထိုအရောင်ငယ်လေးများသည် မှိန်လွန်းသောကြောင့် မမြင်ရ ခြင်းလည်းဖြစ်၏။ထိုမြင့်မားလှပြီးကြီးသော တောင်ထိပ်၌ အဆောက်ဦးတစ်ခုတည်ရှိ၏။ထိုအဆောက်ဦးသည် မိုးကြိုး လျှပ်စီးများကြား၌ ထီးထီးကြီးတည်ရှိနေသည်။ ထိုအဆောက်ဦးကို မိုးကြိုးလျှပ်စီးများ၏အရောင်ကြောင့်သာ ပြိုးပြိုးပျက်ပျက်မြင်နေရ၏။မိုးကြိုးလျှပ်စီးများ တစ်နေရာ တည်း၌ စုပြီးခြိမ်းသောအခါတွင်တော့ ထိုအဆောက် ဦး၏ပုံစံကို မြင်ရ၏။ ထိုအဆောက်ဦးသည် ကြောက်မက်ဖွယ်ကောင်းသော အသွင် ပြင်ရှိ၏။အဆောက်ဦး၏တိုင်လုံးများ၌ ကြောက်မက်ဖွယ် ကောင်းသော မကောင်းဆိုးဝါးပုံစံရုပ်တုများရှိ၏။ထိုရုပ်တု များကို မိုးကြိုးပစ်ခတ်၍ လင်းသောအချိန်၌ မြင်ရပါက သွေးပျက်ခြောက်ခြားဖို့ကောင်းလှ၏။ ထိုရုပ်တုများ၏မျက်လုံးများသည် နီရဲတောက်နေ၏။ကြည့်ရုံ ဖြင့်ပင် ကြည့်သောသူ၏စိတ်ထဲ၌ ထိုမကောင်းဆိုးဝါး များ၏သွေးပျက်ဖွယ် အော်သံများကိုကြားရမည်ဖြစ်၏။ ထိုအဆောက်ဦး၏အလယ်၌သို့ရောက်ပါက ကြီးကျယ်လွန်း သောခန်းမကို မြင်ရမည်ဖြစ်၏။ထိုခန်းမကြီးထဲ၌ မိုးကြိုး လျှပ်စီးသံများကိုသာ မြင်နိုင်ကြားနိုင်မည်ဖြစ်၏။ထိုခန်းမ ကြီး၏အလယ်ဗဟို၌ ပလ္လ င်ကြီးတစ်ခုရှိ၏။ ထိုပလ္လ င်ကြီးကိုလည်း သွေးပျက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးရုပ်များ မိစ္ဆာများ အရိုးခေါင်းများဖြင့် ထု ထွင်းပုံဖော်ထား၏။ထိုသို့သော ပလ္လ င်ထက်၌ ထူးခြားစွာ ထိုင်နေသောသူရှိ၏။ ထိုထိုင်နေသောသူသည် တစ်ခုခုကိုစောင့်ဆိုင်းနေဟန်ရှိ၏။ ထိုင်နေသောသူသည် ထိုပလ္လ င်၌ တည်ငြိမ်စွာထိုင်နေလျက် ရှိ၏။သူ၏အသွင်ပြင်သည် အတွေ့ကြုံများစွာရှိသော လူအို ကြီးအသွင်ပြင်ဖြင့်ရှိကာ ဆံပင်ကလည်း ပုခုံးထိ ရှည်လျား၏။နက်မှောင်တောက်ပသော အဆင်တန်ဆာကို ဆင်ယင်ထား၏။ သူ၏အထူးခြားဆုံးကတော့ မျက်လုံးများဖြစ်၏။နောက် မှောင်တောက်ပပြီး နီရဲနေသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင် ထား၏။ထိုမျက်လုံးကို ကြည့်မိသူတိုင်း မပြီးသတ်နိုင်သော တုန်လှုပ်ခြောက်ခြားဖွယ်များကို သေသည်အထိ ခံစားရမည် ဖြစ်၏။ သူ၏ဘေးတွင်တော့ ရတနာစီချယ်ထားသော ဝိုင်ခွက်တစ်ခု ရှိ၏။ထိုဝိုင်ခွက်ထဲ၌ သောက်လက်စ ဝိုင်များရှိနေဆဲဖြစ်၏။ "အို..နောက်ဆုံးတော့ ရောက်လာပြီလား... အာဘင်ဆော" ထိုပလ္လ င်၌ထိုင်နေသော လူအိုကြီးမှ မေးလိုက်၏။ "ဂျိန်း......" ထိုမိုးခြိမ်းမှုလျှပ်စီးများနဲ့အတူ ကြောက်မယ်ဖွက်သော အဆောက်အဦးနဲ့အတူ ပလ္လ င်ပေါ်၌ထိုင်နေသော ပုဂ္ဂိုလ် အပြင် နောက်ထပ်တစ်ဦးပါ ရောက်ရှိလာ၏။ "ဒါပေါ့ လာရမယ်လေ ဒရော့ဘာ" အာဘင်ဆောဆိုသော သူမှ ပြန်လည်တုံပြန်လိုက်၏။အာဘင် ဆော၏ပုံစံသည် ကောင်းကင်တမန်နတ်သူငယ်နဲ့တူ၏။ သူ၏ကျောတွင် ကြီးမားသော နတ်တောင်ပံကြီးနှစ်စုံရှိ၏။ ထိုတောင်ပံကြီးများသည် အလွန်ပင် တောက်ပနေ၏။ အလင်းရောင်လေးများက ဖြာဆင်းကျလျက်ရှိ၏။ သူ၏ဝတ်ဆင်ထားသော အဆင်တန်ဆာက ပလ္လ င်ကြီး၌ထိုင် နေသောသူနဲ့ ဆန့်ကျင်စွာပင် အဖြူရောင်ဖြစ်၏။ထို အဖြူ၌လည်း မြင့်မြတ်သောအော်ရာများက ရစ်ပတ်ဝန်းရံ ထား၏။ ထိုသူ၏ရုပ်မှာချောမောလှပပြီး မျက်လုံးများမှာ အပြာရောင်ဖြစ်၏။ "အို မင်းရဲ့ကြက်တောင်ပံကြီး စားလိုက်ရင်ဖြင့်" "တော်စမ်း နောက်တစ်ခါထပ်ပြောရင် ငါ့အဆိုးမဆိုနဲ့" အာဘင်ဆောသည် ဒရော့ဘာ၏စနောက်မှု့ကြောင့် ဒေါသ ထွက်သွားရလေ၏။အာဘင်ဆောသည် သူ၏ဂုဏ်ယူရသော အတောင်များကို ကြ က်တောင်ပံဟုပြောခံရပါက အလွန်ပင် ဒေါသထွက်လေ၏။ "အို ကြောက်ရမယ်ပေါ့ ငါတို့သွေးပူလေ့ကျင့်ခန်းမ လုပ်တာတောင် ကမ္ဘာနှစ်ရာလောက်ကြာပြီထင်ပါရဲ့" ထိုစကားကြောင့် အာဘင်ဆော ငြိမ်သွား၏။လက်ရှိသူရောက် နေသောနေရာသည် သူ၏ပိုင်နက်မဟုတ်ပေ။ဒရော့ ဘာ၏နယ်မြေဖြစ်၏။ထိုနယ်မြေက သူ့အားတိုက်ခိုက်ရာ၌ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်သောကြောင့်ဖြစ်၏။ "တော်ပြီ ငါဒီကိုလာရတာ အကြောင်းရင်းရှိလို့ပဲ ဒရော့ဘာ" အာဘင်ဆောမှဆို၏။ဆက်လက်ပြီး "မင်းက နတ်ဘုရားတွေက သူတို့အလိုရှိတဲ့ပစ္စည်းကို မင်း ဖျောက်ဖျက်ပစ်တယ်လို့ သံသယဖြစ်နေကြတယ် ဒါကြောင့် နောက်တစ်ပတ်အစည်းဝေးကျရင် မင်းတက်လာပါ " ထိုပြောသောအချိန်၌ ဒရော့ဘာ၏မျက်နှာသည် တည်ငြိမ် နေ၏။ပြောင်လိုနှောက်လိုသော အမူရာမရှိပေ။ "ဒီသောက်ချီးထုပ်တွေက ငါ့ကို သံသယဝင်နေသေးတာလား" ဒရော့ဘာမှ ဆဲရေးလိုက်၏။ "မတက်လာလို့မရဘူးနော် ဒါက နတ်ဘုရားတွေရဲ့စုပေါင်းအ မိန့်နော် ငရဲတကာ့ငရဲတို့ကိုဖိန့်ဖိန့်တုန်အောင်ကြောက်လန့် အောင်လုပ်ပြီးအုပ်စိုးနိုင်တဲ့အရှင်သခင်ဒရော့ဘာ" အာဘင်ဆောမှ ဒရော့ဘာ၏ဂုဏ်ပုဒ်ကိုရွတ်ဆိုပြလိုက်၏။ သူ၏အမူရာကား ဒရော့ဘာကို နှိပ်ကွပ်နိုင်လိုက်သောကြောင့် ပျော်နေသည့်အမူရာပင်။ ထို့နောက် နော က်ထပ်သော မိုးကြိုးခြိမ်း သောအခါ ထိုကြောက်မက်ဖွယ်ရာအဆောက်ဦးထဲမှ အာဘင် ဆော ပျောက်ကွယ်ထားတော့၏။ "အင်း...အင်း..ဒီကြက်တောင်ပံကောင်ကတော့ အပြောကြီး လိုက်တာ ကြာကြာတောင်မနေသွားဘူးပဲ" ဟုတ်ပေသည်။အာဘင်ဆောသည် ဒရော့ဘာကို ကြောက်လန့် သောကြောင့်လည်း မြန်မြန်ပြန်ပြေးခြင်းဖြစ်၏။ဒရော့ဘာ ဆိုသည်ကလည်း စိတ်ကောင်းဝင်နေချိန်၌ပင် ထ ထဖောက် သောကြောင့် နတ်ဘုရားအများစုနဲ့ မတည့်သောသူလည်း ဖြစ်၏။ရန်ပွဲဟေ့ ဆိုတိုင်း အနိုင်ရသူက ဒရော့ဘာဖြစ်ပြီး သူ နဲ့ရန်ဖြစ်သော သူတိုင်း ကျိုးကန်းပဲ့ကုန်သည်ဖြစ်၏။ "အင်း....ဒီသဘောက်မသားတွေက မဟုတ်တာကြံပြန်ပြီတူ တယ်" ဒရော့ဘာတစ်ယောက်တော့ မှောင်နေသော ခန်းမကြီးရှိ ပလ္လ င်၌ဆက်လက်ထိုင်နေပြီး သူ၏လက်ကို ဝိုင်ခွက်သို့ရွေ့ လိုက်၏။ထို့နောက် ဝိုင်ကိုမော့ချလိုက်ပြီးလျှင် စဥ်းစားနေတော့၏။ မိုးကြိုးလျှပ်စီးများကတော့ ဆက်လက်ပစ်ခတ်နေကြဆဲပင် ဖြစ်၏။တောင်ထပ်၌ရှိသော အဆောက်ဦးကလည်း တစ်ကိုယ်တည်းအထီးကျန်နေဆဲပင်။ ........

(267)

"မီမီကလည်း နောက်ကျလိုက်တာ" အယ်မလီလေး၏အသံလေးကထွက်ပေါ်လာလေ၏။အရွယ် နဲ့မလိုက်အောင်ပင် သူ၏မျက်နှာလေးကလဲ စူပုတ်နေ၏။အကြောင်းကား ပျော်ပွဲစားထွက်ရန်နေ့၌ အယ် လီနာသည် အနည်းငယ်နောက်ကျနေသောကြောင့်ဖြစ်၏။ "သမီးကလည်း သမီးလေးအတွက် စားစရာပြင်ဆင်နေလို့ပါ နော် စိတ်မကောက်ရဘူး" အယ်လီနာ၏စကားကြောင့် စူပုတ်နေသောအယ်မလီ လေး၏မျက်နှာမှာ ပြုံးပျော်ရွှင်လာ၏။အစားသောက်ပါလာ သောကြောင့် ဖြစ်ဟန်တူ၏။ ဂျိတ်ကတော့ သမီးလေး၏အမူရာကြောင့် ပြုံးမိ၏။သမီး လေး၏အမူရာများက သူ၏ချစ်စိတ်အား တဖိတ်ဖိတ်ယိုကျ စေ၏။အယ်မလီလေးအား ပို၍ ချစ်မိလာလေဖြစ်၏။ဖခင် မေတ္တာဓာတ်များက ပေါက်ဖွားလာလေ၏။ ရုတ်ခြည်းဆိုသလို သမီးလေးအရွယ်ရောက်လာပါက ထို အကြောင်းကို ဂျိတ်တွေးမိသွား၏။သူ၏သမီးလေးကို မတူမ တန်ကောင်များရစ်သီရစ်သီလုပ်သည်ကိုသာ သူသိပါက ထို အကောင်ကို ကျည်ပွေ့ထဲထည့်ထောင်းချင်စိတ်ပါ တန်းခနဲဖြစ်ပေါ်လာ၏။ နောက်ပိုင်းကိုတော့ ဆက်မတွေးချင်တော့ပေ။လက်ရှိကိစ္စကို သာ ဂျိတ်ပြန်လည်အာရုံစိုက်လိုက်၏။ "ကဲ ကဲ မြန်မြန်တက်ကြပါ နောက်ကျနေမယ်" ဂျိတ်သည် အယ်မလီနဲ့အယ်လီနာအား ရထားလုံးထဲဝင် စေလိုက်၏။ထိုရထားလုံးသည် မြင်းတစ်ကောင်နဲ့ ဆွဲပြေးစေ နိုင်သော ရထားလုံးလေးဖြစ်၏။ သမီးအမိနှစ်ယောက် ရထားလုံးထဲရောက်သည်နဲ့ သူကတော့ မြင်းကိုမောင်းနှင်ရန် ရထားလုံးထိန်းအဖြစ်တာဝန်ယူ လိုက်၏။ "သွားမယ်ဟေ့" အသံပေးလိုက်သည်နဲ့ "ဟီး" မြင်းသည် အသံပေးပြီး ရထားလုံးအားစတင်ပြေးဆွဲလေ တော့၏။ဂျိတ်ကတော့ မြင်းနှင်သောရထားလုံးလေးကို မောင်းနှင်လာပြီလည်းဖြစ်၏။ "သမီးလေး ဘယ်လိုနေလဲ" "ဖီဖီ အရမ်းမိုက်တယ်" အယ်မလီပျော်ရွှင်နေ၏။သူသည် လက်ရှိအချိန်၌သာ သူ၏ဖခင်ဖြစ်သူမောင်းနှင်သော မြင်းဆွဲသောရထားလုံး လေးကို စီးဖူးသောကြောင့်ဖြစ်၏။ "ရှင်က ဒါလည်း ကျွမ်းကျင်တာပဲလား" အယ်လီနာမှ ဂျိတ်အားမေးလိုက်၏။ "ကိုယ်တတ်တာတွေသာ ပြောနေရင် ကုန်မှာမဟုတ်တော့ မ ပြောတာလေ" "ဟင့် အပိုတွေ" အယ်လီနာမှ ဂျိတ်အား မျက်စောင်းလေးထိုးကာပြော လိုက်၏။ဂျိတ်ကတော့ ပြုံးရုံသာပြုံးလိုက်၏။သူတကယ် လည်း တတ်မြောက်သည်ကလည်း အလွန်ပင်များပြား နေသည်မဟုတ်ပါလား။ အယ်လီနာမေးလည်း မေးချင်စရာပင်ဖြစ်၏။ယခု ဂျိတ် တို့သည် ဒီယေဂိုမြို့မှထွက်ခွာလာသည်မှ ယခုအချိန်အထိ ရထားလုံးပေါ်၌ထိုင်နေရသည်မှာ အလွန်တည်ငြိမ်နေသော ကြောင့်ဖြစ်၏။ရထားလုံးထဲ၌ ရေထည့်ထားသောရေခွက် သည်ပင် ရေမဖိတ်ကြသောကြောင့်လည်းဖြစ်ပေ၏။ ထိုသို့ဖြစ်ရခြင်းမှာ ဂျိတ်၏ရထားလုံးကြောင့်ဟုဆိုနိုင်၏။အ ဆင့်မြင့်သောပစ္စည်းအမျိုးစားများဖြင့်ပေါင်းစပ်ပြီး ရထားလုံးထဲတွင်ရှိသောဇိမ်ရှိပြီးလှပသောအတွင်းပိုင်း ပစ္စည်းနဲ့လည်း သဟဇာသဖြစ်အောင် ညှိထားသည်ဖြစ်ရာ ရထားလုံးထဲ၌ထိုင်နေသောသူသည် မိမိမှာ ရထားလုံးထဲ ရောက်မှန်းမသိအောင် ခံစားပေါ့ပါးနေမည်ဖြစ်၏။ နောက်ထပ်အကြောင်းရင်းကတော့ ပြေးဆွဲနေသောမြင်း ကြောင့်ဖြစ်၏။ထိုမြင်းသည် စွန်ရဲအင်ပါယာသို့သွားစဥ်က ဂျိ တ်စီးနင်းသောမြင်းပင်ဖြစ်၏။ထိုမြင်းသည် အလွန်သန်မာ ပြီး မြန်ဆန်သလို ရထားလုံးဆွဲရာ၌ လမ်းအကြောင်းကို အထာကျကျပြေးပြသောကြောင့် ရထားလုံးထဲရှိလူများကို စိတ်ကျေနပ်စေသည်ဖြစ်၏။ ဂျိတ်သည် ရထားလုံးကို မောင်းနှင်နေရင်း သီချင်းလေးသီ ဆိုလိုက်သေး၏။ထိုသီချင်းလေးကြောင့် ရထားလုံးလေးထဲ ရှိ အယ်မလီနဲ့အယ်လီနာကို ပျော်ရွှင်သက်ဝင်လှုပ်ရှားစေ၏။ ဂျိတ် လက်ရှိသွားနေသောနေရာသည် ဒီယေဂိုမြို့နဲ့ အနည်းငယ်ဝေးကွာသော တောထဲသို့ဖြစ်၏။ထိုတောထဲ၌ အယ်မလီနဲ့အယ်လီနာအတွက် အထူးပြင်ဆင်ထားပေသည် ဖြစ်၏။ မိုင်အနည်းငယ်မျှအထိ ကွာဝေးသည်ဖြစ်သော်လည်း ရထားလုံးကောင်းမွန်သည်ကတစ်ကြောင်း ဂျိတ်၏မြင်းက မြန်ဆန်သောကြောင့် လည်းကောင်း အချိန်အနည်းငယ် အတွင်း၌ ရောက်ရှိသွားလေတော့၏။ "ကဲ..ရောက်ရပြီ" အချိန်တစ်ခုထိသွားပြီးသောအခါ ဂျိတ်သည် ရထားလုံးကို ရပ်တန့်လိုက်၏။ထို့နောက် ရထားလုံးလေးထဲမှ အယ်မလီနဲ့ အယ်လီနာကို အပြင်သို့ထွက်လာရန် ပြောလိုက်၏။ထိုအခါ အယ်မလီနဲ့အယ်လီနာတို့သည် ရထားလုံးထဲမှ ထွက်လာကြ သည်။ထွက်လာကြသည်နဲ့ "ဝါး လှလိုက်တာ" အမေကောသမီးဖြစ်သူပါ အံသြသွားကြ၏။သူတို့မြင်နေ သောနေရာသည်အလွန်ပင်လှပ၏။ရေသံများကျနေသော ရေတံခွန်တစ်ခုရှိနေသလို ထိုရေတံခွန်မှရေများသည်လည်း ကြည်လင်နေ၏။ထိုရေတံခွန်မှရေများသည် စမ်းချောင်းတစ် ခုထဲသို့ စီးဆင်းနေ၏။ ထိုစမ်းချောင်းလေးသည်လည်း ကြည်လင်လှပနေ၏။ အလွန်ကြည်လင်နေသောကြောင့် ရေထဲ၌ရှိသောအရာဝတ္ထု များကို ကောင်းစွာမြင်နိုင်ရ၏။စမ်းချောင်းထဲရှိနေသော ငါး များကလည်း သေးငယ်လှပကြ၏။ ရေတံခွန်ဘေးတွင်လည်း ပန်းရောင်စုံရှိသောပန်းခင်ကြီးက လည်း စိမ်းစိုလှပနေ၏။ ရေတံခွန်၏ကျန်ဘေးတစ်ဖက်တွင်တော့ ဝါးလုံးလေးဖြင့် သေသပ်လှပစွာတည်ဆောက်ထားသောဝါးလုံးတဲအိမ်လေး တစ်ခုရှိ၏။ ထိုဝါးလုံးတဲအိမ်ထဲသို့ ဂျိတ်မှ ရထားလုံးမှ ပါလာသော အစား သောက်ခြင်းများကိုထုတ်ယူကာ ထည့်လိုက်၏။ "ယေး" အယ်မလီကတော့ တော်တော်ပျော်နေရှာ၏။စမ်းချောင်း အတွင်းရှိ ငါးပေါက်လေးများကိုကြည့်ပြီး ရေကစားနေ၏။ ရေများ ကြည်လင်ပြီးအေးမြသောကြောင့် အယ်လီနာပါ စိတ်ကျေနပ်မိစေ၏။ "ရှင် ဒီလိုနေရာလေး ဘယ်လိုရှာတွေ့တာလဲ" "ကိုယ်လည်း ကိုယ့်မိသားစုပျော်ရမဲ့နေရာလေးရှာတာ ကောင်းကင်ကနတ်တွေက ဖြည့်စီးပေးလိုက်တာနဲ့တူတယ်" "ဟွင်း..အခုထိလေ ကြီးနေတုန်း" အယ်လီနာမှ စူပုတ်ကာပြော၏။ဂျိတ်ကတော့ ပြုံးမြဲပြုံး ပြန်၏။သူ၏သမီးလေး စူပုတ်နေသောမျက်နှာသည် အယ်လီ နာနဲ့အတူတူပင် ဆင်တူသောကြောင့်ဖြစ်၏။ ("ဒီသားအမိတော့") ဂျိတ်လည်း မိမိထားစရာရှိသည်များကို ဝါးလုံးတဲအိမ်လေး ထဲထားပြီးသည်နဲ့ စမ်းချောင်းလေးထဲ ဝင်စိမ်လိုက်၏။ ထို့နောက် ရေများဖြင့် အယ်မလီနဲ့အယ်လီနာကို ပတ် လိုက်၏။ "ဗွမ်း" ဂျိတ်ပက်လိုက်သောရေများကြောင့် နှစ်ယောက်လုံးစိုရွှဲသွား ကြ၏။ "ဖီဖီအကျင့်ကောင်းဘူး" သမီးလေးမှ ပြောပြီးသည်နဲ့ ဂျိတ်အား ပြန်ရေပက်၏။ သူ၏လက်သေးသေးနဲ့ ပက်သောကြောင့် ဂျိတ်အားမထိပေ။ ထို့ကြောင့် အယ်လီနာကပါ သမီးဖြစ်သူဖက်မှ နေ၍ ဂျိတ် အား ရေပက်ကူ၏။ တော်တော်ပင် စိတ်အေးချမ်းရမည်မြင်ကွင်းဖြစ်၏။မိသားစု တစ်ခုမှ ပျော်ပျော်ရွှင်ရွှင်ဖြင့် ရေကစားနေကြသည်က မြင်သူ တိုင်း ကို အားကျစေမည်ဖြစ်၏။ ရေကစားပြီးသောအခါ ရေစိုရွှဲသွားသောကြောင့် အဝတ်စား များလဲလှယ်ဝတ်ဆင်လိုက်ကြ၏။ထို့နောက် အိမ်မှပြင်ဆင် လာသော အစားသောက်များထုတ်ကာ စားလိုက်ကြ၏။ အိမ်မှာထုပ်လာသောအရာများသည် ပုဇွန်ထုပ်ကြီး၊ဘဲကောင် လုံးကင်နဲ့ပါစတာတို့ဖြစ်၏။ထိုအရာများသည် ကို အယ်လီနာမှ ပြင်ဆင်လာခြင်းဖြစ်၏။ အသုံးပြုထားသောပစ္စည်းများကလည်း ဂျိတ်၏စနစ်မှလာ သောအရာများဖြစ်ရာ ပြောစရာပင်မလိုအောင်ကောင်းမွန်နေ ပေ၏။ ထိုအစားသောက်များသည်အလွန်စားကောင်းသောကြောင့် သုံးယောက်သား မြိန်ယှက်စွာ စားသောက်လိုက်ကြ၏။ "ဂေ့" အယ်မလီလေးသည် လေချဥ်တက်လိုက်၏။ထို့ပြင် သူ၏ပါး၌ ပုဇွန်ထုပ်၌ပါသော အနှစ်များက ပေနေရာ ဂျိတ်နဲ့ အယ်လီနာတို့မှ နှစ်ဦးနှစ်ဖက်မတိုင်မိပဲ ပြိုင်တူရယ်မောမိ လိုက်သေး၏။သူတို့၏သမီးလေးသည် အလွန်ချစ်စရာ ကောင်းသောကြောင့်ဖြစ်၏။ "ညီမတော် ဒီမှာလာပြေးနေသေးတယ်နော် ဖခမည်းတော့သိ ရင်မကြောက်ဘူးလား" ပျော်ရွှင်နေသော မိသားစုသုံးယောက်ဆီသို့ အသံတစ်ခုကပြ န့်လွင့်လာ၏။ထို့အသံကြောင့် အယ်လီနာ၏မျက်နှာသည် ပျော်နေရာမှ ပြောင်းလဲသွားတော့၏။ "အကိုတော် ဘယ်လိုဖြစ်ပြီး" အယ်လီနာ၏ထိုအပြုမှုကြောင့် ဂျိတ်လည်း ဇဝေဇဝါဖြစ် ရ၏။ထိုသူကားတကယ်ပင် သူမ၏အကိုတော်လား။ "ကြည့်စမ်း ဒီမှာလာပြီး ယုတ်ညံတဲ့အလုပ်တွေလုပ်နေပြန်ပြီ လား" "ဒီကိစ္စက အကိုတော်နဲ့ဘာမှမဆိုင်ဘူး" အယ်လီနာ၏ဒေါသသံပေါ်လာ၏။ "အို နောက်ဆုံးတော့ ငါ့ညီမလေးလည်း ဒေါသထွက်တက် တာပဲလား" ထိုပြောနေသောသူကို ဂျိတ်ကြည့်လိုက်၏။ထိုသူသည် နားရွက်မှချွန်ထက်ပြီး မျက်လုံးများမှာအပြာရောင်လဲ့နေ၏။ ခန့်ညားသည်ထက် မိန်းမချောသည်ဆိုပါက ပိုပြီးမှန်ကန်ပေ လိမ့်မည်ဖြစ်၏။ ဖြူဆွတ်သော မင်းဘုရင်အဝတ်စားများကိုဝတ်ဆင်ထား၏။ အရောင်ဆင်းမှာလည်း အဖြူရောင်ပင်ဖြစ်၏။သူ၏ခါး၌ ဓားတစ်ချောင်းကို ချိတ်ဆွဲထား၏။ "မင်းက တကယ်ပဲ သူရဲ့အကိုတော်လား" ဂျိတ်မှဝင်ပြောလာ၏။အယ်လီနာကို ထိခြင်းကို သူခွင့်လွတ် မည်မဟုတ်ပေ။အကိုတော်မက၍ အဖေကြီးဆိုလျှင်ပင် သည်းခံမည်မဟုတ်ပေ။ "မင်းက သူရဲ့ခင်ပွန်းလား ငါ့ညီမကတော့ ယုတ်ညံတဲ့လူသား နဲ့ပေါင်းဖက်နေတာ သိရင် ခမည်းတော်တော့ဒေါသထွက် တော့မှာပဲ" ထိုစကားကြောင့် အယ်လီနာမျက်နှာဖြူလျော့သွား၏။ တကယ်လည်း သူ၏ခမည်းတော်သည် မကြိုက်ပေ။ "လာပါ ညီမတော် ပြန်ရအောင်" ထိုလူမှ အယ်လီနာအားဆို၏။ "မလိုက်နိုင်ဘူး ဒီမှာပဲနေမယ်" အယ်လီနာမှ ငြင်းဆန်၏။ "အော် မင်းလိုက်ချင်တာ သူတို့ကြောင့်မလား" ထိုအကိုတော်ဆိုသောလူမှ ပြောပြီးသည်နဲ့သူ၏ဓားကိုဂျိတ်နဲ့ အယ်မလီလေးရှိရာသို့ ခုတ်ပိုင်းပစ်ရန်ကြံရွယ်လိုက်၏။ "မလုပ်နဲ့" အယ်လီနာ တုန်လှုပ်သွား၏။သူ၏အကိုတော်ဓားချက်က မည်မျှကြောက်စရာကောင်းကြောင်း သူမသိနေသောကြောင့် ဖြစ်၏။ ဓားသည် လမ်းတစ်ဝက်၌တန်းရပ်တန့်သွားရတော့၏။ အကြောင်းမှာ ဂျိတ်မှ ရောက်လာပြီး ထိုဓားကို လက်နှစ် ချောင်းဖြင့်ညပ်ပစ်လိုက်သောကြောင့်ဖြစ်၏။ "မင်းက ဘာကြောင့် ငါ့သမီးလေးကို သတ်ချင်နေသေးတာ လဲ" "မင်းတို့လို နိမ့်ကျတဲ့သူတွေကြောင့် ငါ့ညီမက ငါခေါ်တာမ လိုက်လာဘူးလေ" သူ၏ပြောပုံက သွေးအေးလွန်းလှ၏။သူ၏မျက်စိ၌ အယ်လီ နာမှလွှဲလျှင် ကျန်သောသူများသည် ပုရွက်ဆိတ်သာသာပင်။ "အော် ဒါဆိုတော့လည်း" ဂျိတ်သည် ဒေါသများကို မြိုသိပ်ခြင်းမရှိတော့ပေ။လွတ်ပေး ရန်ဆုံးဖြတ်လိုက်၏။ထိုသို့လွတ်ပေးခြင်းက ပြင်းထန်သော တိုက်ပွဲကို အစပျိုးစေခဲ့ပြီလည်းဖြစ်၏။

All Chapters