အခန်း (၂၆၈-၂၇၀)
Vol. 18 Ch. 268-270
(268)
ဂျိတ်သည် အကိုတော်ဆိုသောလူ၏ဓားကို လက်နှစ်ချောင်းဖြ င့် ညပ်ထားပြီးဖြစ်၏။ "ဝိုးရား" ဂျိတ်၏နောက်ဘက်မှ စတန်းထွက်ပေါ်လာပြီး ထိုလူကို ထိုးချ ပစ်၏။ "ဝုန်း" ထိုးချက်မှာ ပြင်းထန်လှသောကြောင့် ထိုလူမှာ အဝေးသို့လွင့် စင်သွားရတော့၏။ "ကို" အယ်လီနာမှ ဂျိတ်အား စိုးရိမ်ကာခေါ်လိုက်၏။ "မပူနဲ့ ချစ် ဒီကိစ္စကို ကိုယ်တာဝန်ယူလိုက်မယ် သမီးလေးကိုပဲ သွားဂရုစိုက်လိုက်ပါ" ဂျိတ်၏ပုံစံအသွင်ပြင်က သူမကို ယုံကြည်မှုပေးစွမ်းနိုင်၏။ ထိုပုံစံက ယခုလက်ရှိအခက်ခဲကို ဖြေရှင်းနိုင်သည်ဟူသော ပုံစံဖြစ်၏။ "ဒါဆို ဂရုစိုက်ဦးနော် " အယ်လီနာမှ ပြောဆိုပြီးသည်နဲ့ သမီးဖြစ်သူထံပြေးသွား လိုက်၏။သမီးလေးကတော့ အစားသောက်ကိုစားကောင်း နေဆဲပင်ဖြစ်၏။သူ၏ဘေးအနီးနား၌ ဖြစ်ပျက်သွားသည်ကို သိရှိဟန်မတူပေ။ ဂျိတ်ကတော့ အယ်လီနာမှ သမီးဖြစ်သူထံသွားလိုက်သည်နဲ့ ချက်ချင်းပင် ထိုအကိုတော်လွင့်စင်သွားသောနေရာသို့ပြေး ထွက်သွား၏။ပလက်တီနမ်အဆင့်ငါးသာဖြစ်သော်လည်း ဂျိ တ်၏နားလည်မှုက အပုံကြီးသာလွန်နေသည်ဖြစ်ရာ ခဏတာ အတွင်း၌ ရောက်ရှိသွား၏။ စတန်း၏ထိုးအားပြင်းထန်သောကြောင့် ထိုလူသည် မိုင်ငါး ဆယ်အထိလွင့်စင်သွားရလေ၏။ ဒါကလည်း ဂျိတ်မှစတန်းအား ခွန်အားကန့်သတ်ပေးခြင်းမရှိ ထားရာ ထိုမျှအထိ လွင့်စင်သွားရလေခြင်းလည်းဖြစ်၏။ ဂျိတ်ရောက်လာသောအခိုက်၌ ထိုလူသည်လဲကျသွားနေရာမှ ပြန်လည်ထလာလေ၏။ထလာပြသည်နဲ့ ထိုလူအရင်ဆုံးလုပ် သည်ကတော့ သူ၏ကိုယ်ခန္ဓာနဲ့အဝတ်စားကို သန့်စင်ခြင်းပင် ဖြစ်၏။ထိုလူ၏လက်မှ အစိမ်းရောင်အလင်းတန်းလေးထွက် လာပြီး သူ၏တစ်ကိုယ်လုံးကို ရစ်ပတ်သွား၏။ထိုအခါ ထို လူ၏ညစ်ပတ်သွားသောအဝတ်စားများသည် အသစ်အတိုင်း ပြန်လည်တောက်ပလာ၏။ "အံမယ် နိမ့်ကျလူသားက ဘယ်ဆိုးလို့လဲ ဒီလောက်ထိလုပ် နိုင်ရင်တော့" ထိုလူသည် ဂျိတ်ကိုမြင်သည်နဲ့ပြော၏။ "အင်း ငါ့ညီမကလည်း မင်းတို့လို နိမ့်ကျလူသားကိုမှ ကြိုက်ရ တာလည်းကွာ" ဆက်လက်ပြီး တစ်ကိုယ်တည်းပြောဆ်ိုနေ၏။ "ငါ့ညီမက မင်းတို့ကြောင့် မသွားချင်နေတော့လဲ ငါကပဲ သတ်ပေးရတာပေါ့" ပြောဆိုပြီးသည်နဲ့ ထိုလူသည် ချက်ချင်းပင် သူ၏ဓားကိုထုတ် ကာ ဂျိတ်အားပိုင်းချလိုက်၏။ "သူက တကယ်မြန်တယ်" ဒါက ဂျိတ်မှလွတ်ထွက်သွားသောစကားလုံးဖြစ်၏။ထို မြန်ဆန်စွာ ခုတ်ချလိုက်သောဓားကို ဂျိတ်မှ ရှောင်တိမ်း လိုက်၏။ထိုအခါ ထိုဓားသည် ဂျိတ်ယခင်ရှိနေသောနေရာမှ ကျောက်တုံးအား ခုတ်ပိုင်းလိုက်၏။ ထိုဓားသည် ကြီးမားပြီး မာကျောလှသည့်ကျောက်တုံးအား တိုဟူးတုံးအား ဓားထက် ထက်ဖြင့်လှီးသည့်ပမာပင် ကျောက်တုံးကြီးမှာ တိခနဲပြတ် တောက်သွားရလေတော့၏။ ထို့နောက် နတ်သူငယ်လိုလိုလူမှ ဂျိတ်အား မထီမဲ့မြင်သော အမူရာဖြင့် ဓားဖြင့်ဆက်လက်ခုတ်ပိုင်းလိုက်၏။ ဂျိတ်မှ ရှောင်တိမ်းရင်း... ("စနစ် အကဲဖြတ်စမ်း") ("နတ်သူငယ်၏သစ်ရွက်ဓား...ထိုဓားသည် အဆင့်တန်းမြင့် မားသောနတ်သူငယ်များကိုင်ဆောင်သောဓားဖြစ်၏။ကြီးမား မြင့်မြတ်သော နတ်ဘုရားသစ်ပင်၏သစ်ရွက်ဖြင့် ဖန်တီး ပြုလုပ်ထား၏။ရှိသမျှသောအရာဝတ္ထုများကို လွယ်ကူစွာဖြတ် တောက်နိုင်၏ နတ်သူငယ်သစ်ရွက်ဓားများထဲမှ အဆင့်တန်း မြင့်သောအမျိုးစားဖြစ်၏။သစ်သားဓာတ်၊ရေဓာတ်နဲ့ လေ ဓာတ်ကို အသုံးပြုနိုင်၏။") ထိုဓားသည် စနစ်၏အကဲဖြတ်မှုအရဆိုပါက အလွန်တန်ဖိုး ကြီးမားသော ဓားကောင်းတစ်လက်ဖြစ်၏။ဤဓားသည် လက်ရှိ၌ပေါ်ပေါက်လာခြင်းကြောင့် ဂျိတ်အနည်းငယ် ဒွိဟဖြစ်မိ၏။ မိမိသည်လက်ရှိကမ္ဘာသို့ရောက်လာစဥ်၌ နတ်သူငယ်ဟူသော အကြောင်းရာကို တစ်စက်လေးမှမရှာတွေ့ထားသောကြောင့် ဖြစ်၏။ထိုနတ်သူငယ်လိုလိုလူနဲ့ထိုဓားပေါ်လာခြင်းက ဂျိတ် အားစဥ်းစားစရာပေါများစေ၏။ အယ်လီနာ၏အကိုတော်ဆိုပါက အယ်လီနာကရော..ဘာမျိုး နွယ်လဲ? လောဆယ်တော့မစဥ်းသေးပဲ ဓားချက်များကို ရှောင်တိမ်းနေ သေး၏။နတ်သူငယ်လိုလိုလူသည် ဓားသုံးရာ၌ အလွန်ပင် ကျွမ်းကျင်လှကြောင်တော့ ဝန်ခံရပေမည်ဖြစ်၏။ သူ၏ဓားချက်များက စက်သေနတ်မှကျည်ဆံများထွက်သည့် ပမာ တရစပ်ပင် ဂျိတ်ထံပြေးဝင်လာ၏။ထိုဓားချက်များကို ဂျိတ်မှ ရှောင်တိမ်းနေ၏။ ရှောင်တိမ်းနေရင်းမှ ဂျိတ်၏ဘယ်လက်နှစ်ချောင်းမှ ဖြတ်ခနဲ ဆိုလို လှုပ်ရှားသွား၏။လှုပ်ရှားသွားသည်နဲ့ နတ်သူငယ်လိုလိူ လူ၏ဓားမှာ တန့်သွားရပြန်၏။ဂျိတ်၏လက်နှစ်ချောင်းဖြင့် ထပ်မံညှပ်ပြီးဖမ်းလိုက်သောကြောင့်ဖြစ်၏။ ဒီတစ်ခါတော့ ဂျိတ်မှ ပြန်ထိုးသည့်အလှည့်ဖြစ်၏။ သူ၏လက်သီးဖြင့် ထိုလူ၏အရှိုက်အားပစ်ထိုးလိုက်၏။ထို အားကြောင့် ထိုလူသည် နောက်သို့အနည်းငယ်လွင့်စင်သွား လေ၏။ "ဖူး" ဒီတစ်ခါတော့ နတ်သူငယ်လိုလိုလူမှ သွားနှစ်ချောင်းခန့်ကျွတ် သွားရလေ၏။ထိုအခါမှ ထိုနတ်သူငယ်လိုလိုလူသည် ဒေါသ ထွက်လာ၏။ "မလောက်လေးမလောက်စား လူသားကများငါ့ကို" ဒီတစ်ခါတော့ ဂျိတ်မှ စကားဆက်ပြောခွင့်မပေးနိုင်ပေ။ ချက်ချင်းပင် မြန်ဆန်စွာပြေးပြီး နတ်သူငယ်ကောင်ကို မျက်နှာချည်း သုံးချက်ဆင့်ထိုးပစ်လိုက်၏။ "ခွပ်...ခွပ်...ခွပ်..." ထိုးချက်မှာ ပြင်းထန်သောကြောင့် နတ်သူငယ်လိုလူမှာ မြေကြီးထဲပင်နစ်ဝင်သွားတော့၏။ "မင်းကများ ငါ့မိန်းမကို ခြိမ်းခြောက်ပြီးတော့ ပြန်ခေါ်သွားမယ်လေး ဘာလေးနဲ့" ဂျိတ်မှ လက်သီးကို ပြန်လည်ဆုပ်ရင်း ပြောလိုက်၏။ သူ၏အမှန်းဆုံးအရာသည် သူနဲ့မိသားစုကို ချိန်းခြောက် ရန်ရှာသည့်လူစားမျိုးဖြစ်၏။ယခုလူသည်လည်း ထိုလိုအမျိုး စားဖြစ်ရာ ပယ်ပယ်နယ်နယ်ဆုံးမရပေမည်ဖြစ်၏။ "ငါက မင်းမိန်းမလို့ပြောနေသူရဲ့အကိုတော်ကွ" မြေကြီးထဲမှ ဝုန်းခနဲဆိုသလိုထွက်ပေါ်လာပြီး ဂျိတ်အား ခုတ် ပြန်၏။ "အကိုတော်မကလို့ သူအဖေကြီးပဲ ဖြစ်ဖြစ် ဒီလိုချိန်းခြောက် ရင် လက်သီးပဲစား" မိမိအားခုတ်ပိုင်းပြန်သောနတ်သူငယ်လိုလိုလူကို လက်သီးဖြ င့် ထပ်ထိုးလိုက်၏။ "ဟင့် တကယ်တမ်းတော့ မင်းကငနူပဲ" နတ်သူငယ်လိုလိုလူမှ ဂျိတ်အားအထင်မြင်သေးစွာပြော၏။ ဂျိတ်၏လက်သီးကို သူ၏အနားရောက်လာသောအခါ သူ သည် ရေဓာတ်အစွမ်းဖြင့်ကာကွယ်လိုက်သောကြောင့်ဖြစ်၏။ ထို့ကြောင့် ဂျိတ်၏လက်သီးသည် ထိုကာကွယ်ပေးနေသော ရေဓာတ်ထုထည်အကာကွယ်ကြောင့် နတ်သူငယ်လိုလူအား ထိခြင်းမရှိတော့ပေ။ "ဒါကြောင့် ငါ့ညီမကမင်းလိုလူကိုကြိုက်နေတာနေမှာ ဘာပဲ ဖြစ်ဖြစ်မင်းက အားနည်းသေးတယ် ငါမင်းကိုသတ်ပြီးတော့ မှပဲခေါ်သွားတော့မယ်" ထိုပြောနေသောအချိန်၌ နတ်သူငယ်လိုလိုလူသည် အနာတရ လုံးဝဖြစ်နေခြင်းမရှိပေ။အစောပိုင်း၌ ဂျိတ်၏ထိုးချက်များ က သူ့အားထိရောက်ခဲ့သော်လည်း ယခုလက်ရှိအသွင်အပြင်သည် လုံးဝမရှိတော့ပဲ မူလအတိုင်း ဖြစ်နေ၏။သူ၏မျက်နှာကချောမောနေသလို သူ၏အဝတ် စားများကလည်း သစ်လွင်တောက်ပနေတုန်းဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ ထိုနတ်သူငယ်လိုလိုလူသည် သူ့ကိုယ်သူ အား သစ်သားအစွမ်းဖြင့် ပြန်လည်ကုသလိုက်သောကြောင့် ဖြစ်၏။ ထိုနတ်သူငယ်မှာ သူ၏ဓားကို သူ၏အစွမ်းများထည့်သွင်း လိုက်၏။ထိုအခါ သူ၏ဓားမှ သစ်ရွက်ကိုးရွက်ထွက် ပေါ်လာ၏။ထိုသစ်ရွက်ကိုးရွက်သည် ရေဓာတ်သစ်ရွက်က သုံးရွက်၊သစ်သားဓာတ်သစ်ရွက်က သုံးရွက်နဲ့လေဓာတ်သစ် ရွက်ဖြစ်ကြ၏။ "သစ်ရွက်ကိုးရွက် တိုက်ကွက်" နတ်သူငယ်လိုလိုလူမှ သူ၏ဓားကို မြောက်ပြီး ဂျိတ်ကို ညွှန်ပြ လိုက်၏။ထိုအခါ သစ်ရွက်ကိုးရွက်မှ မိမိတို့ပါရှိသော ဓာတ် စွမ်းအင်လုံးများထုတ်ဖော်ပြီး ဂျိတ်ထံပစ်ခတ်လိုက်ကြ၏။ "ဂျိန်းး......" ဓာတ်ကြီးသုံးပါးပါဝင်သော စွမ်းအင်လုံးကိုးလုံးကြောင့် ဂျိတ် ရှိနေသောနေရာမှာ လုံးဝပေါက်ကွဲသွားတော့၏။ထိုဓာတ် စွမ်းအင်ပေါက်ကွဲမှု၏အရှိန်က အနျူမြူအသေးစားပေါက် ကွဲသည့်နှုန်းဖြင့် တူညီလေ၏။ "ဒီလောက်ဆို သေပါပြီ" နတ်သူငယ်လိုလူမှ ပြောပြီး အယ်လီနာထံသွားရန်ပြင်လိုက်စ ဥ် "ကလေးကစားစရာနဲ့များ ငါကိုသေစေချင်တာလား" ထိုစကားကြောင့် နတ်သူငယ်လိုလူမှာ ကြ က်သီးမွှေးညင်းထ သွားတော့၏။အကြောင်းကား ဂျိတ်သည် တစ်စက်မျှ ထိခိုက်ခြင်းမရှိပဲ အကောင်းပကတိဖြင့် ရှိနေသောကြောင့် ဖြစ်၏။ "တော်ပြီ ငါလဲမဆော့တော့ဘူး.. ဂျိတ်မှပြောပြောဆိုဆိုဖြင့် သူ၏လက်မှ ကိုင်ထားသော လက်နက်ကို အသင့်ပြင်လိုက်၏။ထိုအခါ ထိုလက်နက်ကိုမြင် ရသော နတ်သူငယ်လိုလိုလူသည် အလွန်မင်းပင်ကြောက်လန့် တုန်လှုပ်သွားလေတော့၏။
(269)
နတ်သူငယ်လိုလူ၏စိတ်မှ လုံးဝဒွိဟဖြစ်နေ၏။အစောပိုင်း၌ သူတိုက်ခိုက်လိုက်သော တိုက်ကွက်သည် အစွမ်းကြီးသည်ဟု မဆိုသာသော်လည်း ဓာတ်သုံးပါးပေါင်းစည်းပြီး တိုက်ခိုက် လိုက်ခြင်းဖြစ်ရာ ပြင်းအားမှာ အလွန်များပြား၏။ ဤသည်ကို ဂျိတ်မှ ဒဏ်ရာမရပဲ ထွက်လာရာ စဥ်းစားစရာ ပင်။သို့သော် လက်ရှိ၌ စဥ်းစားချိန်မရှိနေပေ။အကြောင်း ကား ဂျိတ်ကိုင်ထားသော လက်နက်ကြောင့် သူ၏တစ်ကိုယ် လုံးကြ က်သီးမွှေးညှင်းထနေလေ၏။အဘယ်ကြောင့် ဆို သော် ဂျိတ်၏လက်နက်မှ သူမနှစ်မြို့စရာကောင်းသော အော် ရာထွက်ပေါ်နေသောကြောင့်လည်းဖြစ်၏။ "ငါဘာမှမလုပ်ရသေးပါဘူး အယ်လန်.. ဒါကြောင့်မကြောက် ပါနဲ့ဦး" "မင်း...မင်း" ထိုနာမည်ကြောင့် နတ်သူငယ်လိုလိုလူမှ ပိုပြီးခြောက်ခြား လာ၏။ထိုနာမည်သည် သူ၏နာမည်ဖြစ်သောကြောင့်ဖြစ်၏။ ပြောပြခြင်းမရှိပဲ ဂျိတ်မှသိနေရာ ပို၍ပင် ခေါင်းစားလာ၏။ ("ဒီကောင်တိုက်ကွက်က တော်တော်ကြမ်းတာပဲ") ဂျိတ်၏အတွေးပင်ဖြစ်၏။အစောပိုင်း၌ အယ်လန်သုံးလိုက် သောတိုက်ကွက်သည် အလွန်ပြင်းထန်၏။ဓာတ်သုံးပါးပါ သော စက်လုံးကိုးခု၏ပြင်းအားက ကြောက်ခမန်းလိလိပင် ဖြစ်၏။ ထိုတိုက်ကွက်ကို ခံလိုက်ရပါက ဒိုင်းမွန်းအဆင့်ပင်မပြောနဲ့ထို အဆင့်အထက်၌ရှိသောလူပင် ချက်ချင်းသေပွဲဝင်သွားရမည် ဖြစ်၏။ကံကောင်းသည်ကား ဂျိတ်ဖြစ်သောကြောင့် ထိုတိုက် ကွက်၏ပြင်းအား ထိရောက်မှူမရှိနေခြင်းဖြစ်၏။ ထိုဓာတ်သုံးမျိုးပေါင်းစပ်ထားသော တိုက်ကွက်သည် အလွန် ပင်ပြင်းထန်သည်ဖြစ်၏။ချာက္က ရာဖြင့်အကာကွယ်ဖန်တီးပြီး ခုခံမည်ဆိုပါက လေဓာတ်က ထက်လှသောဓားတစ်ချောင်း ပမာ ထိုချာက္က ရာအကာကွယ်ကို ထိုးဖောက်ပစ်မည်ဖြစ်၏။ ထို့နောက် ရေဓာတ်က အတိုက်ခံရသောသူကို ရေဓာတ်ဖြင့် ဖိအားပေးမည်ဖြစ်၏။ ထိုအခါ အတိုက်ခံရသောသူသည် ရေဓာတ်ကြောင့် နောက်ထပ်အစွမ်းများထုတ်နိုင်ခြင်းမရှိတော့ပေ။ထိုအခါ၌ နောက်ဆုံးကျန်နေသော သစ်သားဓာတ်က ထိုအတိုက်ခံရ သောလူ၏ကိုယ်တွင်းဝင်ရောက်ပြီး အသက်ဓာတ်တိုးအောင် လုပ်ပေးမည်ဖြစ်၏။ အသက်ဓာတ်တိုးအောင်လုပ်လိုက်သောအခါ အတိုက်ခံရ သူ၏ကိုယ်ခန္ဓာမှာ မျှခြေမညီညွတ်တော့ပဲ ပေါက်က်ကွဲ သေဆုံးရတော့မည်ဖြစ်၏။ ဂျိတ်၏ကိုယ်ခန္ဓာက အဆင့်တစ်ခုထိရောက်ပြီးထားရာ ထို တိုက်ခိုက်မှုမျိုးက ယားယံသည့်အဆင့်ပင်မရောက်ပေ။ဂျိတ် သည် ထိုတိုက်ကွက်ကြောင့် စနစ်အစွမ်းဖြင့်စစ်ဆေး လိုက်၏။ ထိုအခါမိမိကို တိုက်သောလူသည် တကယ် အယ်လီ နာ၏အကိုတော်ဖြစ်ပြီး နတ်သူငယ်မျိုးနွယ်မှဖြစ်ကြောင်းသိ လိုက်ရပြီး အယ်လန်ဟုခေါ်ကြောင်းတွေ့ရှိလိုက်ရ၏။ "ကဲကဲ...စလိုက်ကြတာပေါ့" ဂျိတ်သည် မိမိကိုင်ဆောင်ထားသော လက်နက်ကိုဝှေ့ယမ်း လိုက်၏။ဂျိတ်သည် ဓာတ်သုံးပါးစုပေါင်းတိုက်ကွက်ကြောင့် ပေါ့ဆခြင်းမရှိတော့ပေ။ "ဝှီး.." ဂျိတ်သည် စတင်တိုက်ခိုက်လိုက်ပြီလည်းဖြစ်၏။ဂျိ တ်၏လက်ထဲမှ လက်နက်သည် ပျံသန်းသွားပြီး အယ်လန်ကို ဦးတည်စေ၏။ထိုအခါ အယ်လန်သည် သူ၏ဓားဖြင့် ကာ ကွယ်လိုက်၏။ "ထန်" ဓားဖြင့် ကာကွယ်လိုက်နိုင်သော်လည်း အယ်လန် ကြောက်ရွံ နေမိ၏။အကြောင်းက သူ၏ဓားမှ နာကျင်သံထွက်လာသည် ကို သူ ကြားလိုက်ရသောကြောင့်ဖြစ်၏။သူ၏ဓားသည် အဆ င့်တန်းမြင့်သည့်အလျောက် ဓားထဲ၌ ဝိညာဥ်ရှိ၏။ထိုဝိညာဥ် သည် ဂျိတ်၏လက်ထဲမှ လက်နက်ကိုကြောက်ရွံနေဟန်ရှိ၏။ ဂျိတ်မှ အလွတ်ပေးခြင်းမရှိတော့ပဲ ဆက်လက်တိုက်ခိုက် လိုက်၏။ထိုအခါ အယ်လန်သည်လည်း မနေနိုင်တော့ပဲ ပြန်လည်ခုခံတိုက်ခိုက်ရလေတော့၏။ မိနစ်ပိုင်းအတွင်း၌ တိုက်ခိုက်မှုများက ထောင်ချီသွားပြီ ဖြစ်၏။ဂျိတ်၏တိုက်ခိုက်ပုံက မိုက်ရှုးရဲဆန်သလို အယ် လန်၏တိုက်ခိုက်မှုက ခုခံကာကွယ်မူကို အသားပေးထား၏။ တိုက်ခိုက်မှုဖြစ်လိုက်တိုင်း ဂျိတ်၏လက်နက်နဲ့အယ်လန် တို့၏လက်နက်က ထိပ်တိုက်ထိတွေ့ကြ၏။အနည်းငယ်ကြာ သောအခါ ဂျိတ်၏လက်နက်က ပိုမိုအသာစီးရလာကြောင်း တွေ့ရှိရ၏။ ဤသို့ဖြစ်ရခြင်းမှာ အယ်လန်၏လက်နက်သည် ဂျိ တ်၏လက်နက်ထက် မကောင်းနိုင်ကြောင်းပေါ်လွင်နေသည် လည်းဖြစ်၏။ ဂျိတ်အသုံးပြုနေသောလက်နက်သည် ဟေးဒီး စ်၏လက်သည်းများဟုကျော်ကြားသောလက်နက်ပင်ဖြစ်၏။ (god of warတွင်ပါသော လက်နက်နဲ့တူ၏။မသေမျိုးတို့ကို အစိုးရသော ငရဲဘုရင်ဟေးဒီးစ်၏လက်သုံးတော် ဝိညာဥ် နှုတ်ခြွေရာ လက်နက်ကြီးလည်းဖြစ်၏။ဟေးဒီးစ်သည် ထို လက်နက်ဖြင့် တိုက်ပွဲတိုင်းရှိရန်သူတိုင်း၏အသက်ဝိညာဥ်ကို ယူငင်ခဲ့သည်လည်းဖြစ်၏။ ဓားသွားလိုလိုတံစဥ်အသွားလိုလိုကို ချိန်းကြိုးဖြင့် ဆက်သွယ် ထားသော လက်နက်မျိုးဖြစ်၏။ထိုလက်နက်သည် နာကျင် ခြင်းနဲ့အသက်ဝိညာဥ်ကိုနှုတ်ယူရာ၌ အသုံးပြုနိုင်၏။မသေ မျိုး ငရဲကမ္ဘာမှ အဆင့်တန်းမြင့်လက်နက်လည်းဖြစ်၏။ ထိုလက်နက်သည် နတ်သူငယ်လိုအတန်းစားကို တိုက်ခိုက် ရာ၌ ကောင်းကောင်းကြီးအသုံးဝင်သလို တိုက်ပွဲ၌လည်း ရန်သူနတ်သူငယ်ကို ထိထိရောက်ရောက်ကြီး ဖိနှိပ်နိုင်မည် ဖြစ်သည်။ တိုက်ပွဲကား ပိုမိုပြင်းထန်လာတော့၏။အယ်လန်သည် သူ၏ဓားဖြင့်ခုခံကာကွယ်ရသည်ထက်ပို၍ လုပ်ဆောင်ရ တော့၏။သူအထင်သေးထားသော လူမျိုးမှ သူ့အား တွင်တွင် ကြီးပညာပေးသောအခါ ဇောချွေးများထွက်ပေါ်လာလေ၏။ "လေဓာတ်..အရှိန်မြင့်ခြင်း" အယ်လန်သည် လေဓာတ်ဖြင့် သူ၏အမြန်နှုန်းတိုးမြင့်ကာ ခုခံ ကာကွယ်ရာမှ ရုတ်ခြည်းဆိုသလို တိုက်ခိုက်သည့်ပုံစံပြောင်း လိုက်၏။အမြန်နှုန်းအားသာမှုကို ယူကာ ဂျိတ်အားပြန်လည် ဖိနှိပ်ရန်ဖြစ်၏။ "ရမလား" ဂျိတ်၏လက်နက်သည် ချိန်းကြိုးနဲ့ဆက်နွယ်သောလက်နက် ဖြစ်ရာ ဂျိတ်၏လက်အနည်းငယ်ပြောင်းလဲလိုက်၏။ထိုအခါ လက်နက်ဦးတည်ရာသည် မည်မည်ရရမရှိတော့ပဲ အယ်လန် ထံသို့ ဝင်လိုသောဘက်မှ ဝင်လာတော့၏။ ထို့ကြောင့် အယ်လန်သည် တိုက်ခိုက်ဖိနှိပ်ရန်အကြံကို လျော့ ချပြီး ပြန်လည်ခုခံကာကွယ်လိုက်ရ၏။ထိုသို့ခုခံကာကွယ် လိုက်သည်နဲ့ ဟေးဒီးစ်၏လက်သည်းများလက်နက်၏သံကြိုး များမှ အနက်ရောင်အငွေ့များ ပိုမိုတောက်ပလာ၏။ ထိုအနက်ရောင်ငွေ့များ ပိုမိုတောက်ပလာသည်နဲ့ ထို လက်နက်၏မြန်ဆန်မှုတိုးလာသလို ဓားဖြင့်ခုခံကာကွယ်ရမှု က ခက်ခဲလာ၏။အနက်ရောင်ငွေ့များ ထူထဲလာသည်နဲ့အမျှ လက်နက်၏တိုက်ခိုက်မှုသည် ဂျိတ်၏ထိန်းချုပ်မှုမလိုတော့ပဲ အလိုလျောက်တိုက်ခိုက်လာပြီဖြစ်၏။ "ဘယ်လိုသောက်လက်နက်မျိုးလဲဟ" အယ်လန် ဆဲရေးလိုက်၏။သူ၏ဓားဖြင့်ပင် အလွန်တရာခုခံ ရခက်ခဲနေသောကြောင့်ဖြစ်၏။အစပိုင်း၌ ပြေးရန်ကြံလိုက် သေး၏။သို့သော် ဂျိတ်၏လက်နက်၌ပါသော သံကြိုးသည် အ ကန့်သတ်မရှိကြောင်း သူပြေးသည့်အကွာဝေးအထိ ရှည်လျားလာကြောင်း တွေ့လိုက်ရာ ပြေးရန်လက်လျော့ထား လိုက်၏။ "ရေဓာတ် တိုက်ခိုက်ခြင်း" အယ်လန်သည် ရေဓာတ်အစွမ်းကို သူ၏ဓားဖြင့် တွဲသုံး လိုက်၏။ထိုအခါ အယ်လန်၏ရှေ့၌ မိုးစက်များစွာဖြစ်တည် လာ၏။ဖြစ်ပေါ်လာသော မိုးစက်များသည် ဂျိတ်ထံပြေးဝင် လာ၏။ထိုပြေးဝင်လာသော မိုးစက်များသည် လမ်း၌ တ ဖြေးဖြေးကြိီးများသော ရေစက်ကြီးများဖြစ်လာကြ၏။ထို ရေစက်များကို ထိမိပါက ဧရာမတောင်တစ်လုံးနဲ့ တိုက်ခိုက် မိသည်နဲ့အတူတူပင်ဖြစ်၏။ ထိုမိုးရေစက်များကို ဂျိတ်မှ သူ၏အားနေသော ဘယ်လက်ဖြ င့် နောက်ထပ်သော ဟေးဒီးစ်၏လက်သည်းလက်နက်ကို ကိုင်ဆောင်လိုက်၏။ထို့နောက် စက်ဝိုင်းကဲ့သို့ဝိုင်းလိုက်ကာ မိုးရေစက်များကို ကာကွယ်လိုက်၏.။ "သောက်ဂွပဲဟေ့. အယ်လန် ဆဲထွက်သွားပြန်၏။ဂျိတ်၏လက်နက်ကနှစ်ခုရှိနေ ကြောင်း ယခုမှတွေ့ရှိလိုက်ရသောကြောင့်ဖြစ်၏။ တကယ်တမ်းလည်း ထိုလက်နက်သည် တစ်စုံရှိသည်ဖြစ်၏။ ဤသည်ကို ဂျိတ်မှ အစောပိုင်း၌ တစ်ခုကိုသာ ကိုင်ဆောင် တိုက်ခိုက်နေခြင်းလည်းဖြစ်၏။ "ဒါမှ အခွင့်ကောင်းပဲ." ဂျိတ်၏ကျန်လက်နက်တစ်ခုမှ အယ်လန်ထံပြေးဝင်သွား၏။ တိုက်ပွဲ၌သေးငယ်သောအမှားတစ်ခုက ကြီးမားသောအခွင့် ရေးကို ဖန်တီးပေးသည်ဖြစ်၏။ အယ်လန်၏ဆဲရေးမှုကြောင့် သူ၏ထိန်းချူပ်မှုခေတ္တ လွတ် သွားရာ ဤသည်က ဂျိတ်အတွက် အခွင့်ကောင်းပင်ဖြစ်၏။ "ရွှပ်" ဂျိတ်၏လက်နက်အသွားက အယ်လန်၏ခုခံကာကွယ်နေသ ည့်ကြားမှ ထိုးဖောက်ဝင်ရောက်ကာ အယ်လန်၏ညာဖက် လက်မောင်းကို အနည်းငယ် ခြစ်မိသွား၏။ထိုအခါ အယ်လန် ညာဖက်မှ သွေးအနည်းငယ်ထွက်ပေါ်လာပြီး ချက်ချင်းပင် ညိုမဲလာ၏။ အယ်လန်မှ ကာကွယ်နေရင်း သူ၏ရရှိသွားသောဒဏ်ရာကို သူ၏သစ်သားဓာတ်အစွမ်းဖြင့် အသုံးပြုကုသလိုက်၏။ "အား" အယ်လန် နာကျင်စွာအော်လိုက်ရ၏။ပုံမှန်အခြေနေ၌ သစ်သားဓာတ်သည် ရရှိသမျှဒဏ်ရာများစွာကို ကုသပေး နိုင်၏။ယခုအခါတွင်တော့ သူ၏သစ်သားဓာတ်အစွမ်းက သူ့ အားပြန်လည်ဒုက္ခပေးနေလေ၏။ အကြောင်းကား ဂျိတ်၏လက်နက်မှ အယ်လန်၏ဒဏ်ရာ၌ ကျန်ရစ်နေသောငရဲအငွေ့သက်ကြောင့်ဖြစ်၏။ထိုအငွေ့သက် များက သေခြင်းအငွေ့လည်းဖြစ်၏။ထိုအငွေ့သက်များက အယ်လန်၏ဒဏ်ရာကို ညိုမဲပြီးလျှင် အယ်လန်၏အသက် ဓာတ်ကို တဖြေးဖြေးဝါးမျိုးစားသောက်မည်ဖြစ်၏။ ထိုအခိုက်၌ အယ်လန်မှ အလောတကြီး သစ်သားဓာတ်ဖြည့် သွင်းလိုက်ရာ သေ ခြင်းအငွေ့သက်များက ထိုဖြည့်သွင်းလိုက် သော သစ်သားဓာတ်အားလုံးကို မြန်ဆန်စွာ ဝါးမျိုလိုက်သည့် အပြင် အယ်လန်ကိုပါ ထိခိုက်လာစေတော့၏။ မြန်ဆန်စွာဝါးမျိုမှုကြောင့် အယ်လန်၏ညာဖက်လက်မောင်း တစ်ခုလုံးပါ ညိုမဲပုတ်ပွလာခဲ့ပြီဖြစ်၏။ထိုအခြေနေကို အယ် လန်တစ်ယောက် ကြည့်ရုံသာ တတ်နိုင်၏။သစ်သားဓာတ်ကို ဆက်လက်ထပ်ထည့်မည်ဆိုပါက သူ့ကိုယ်သူ သေကြောင်း ကြံသည်နဲ့အတူတူပဲဖြစ်၏။ ဂျိတ်၏လက်နက်တစ်စုံကတော့ ဆက်လက်တိုက်ခိုက်နေဆဲ ဖြစ်၏။ထိုကြောင့် အယ်လန်သည် မနိုင်မနင်းအခြေနေထဲသို့ ကျရောက်နေ၏။ဘယ်လက်ဖြင့် ဓားကိုင်ကာ ဂျိတ်၏ပြေး ဝင်လာသော လက်နက်တစ်စုံကို ခုခံကာကွယ်နေရလေ၏။ တဖြေးဖြေးဖြင့် အယ်လန်သည် အရှုံးဘက်သို့ရောက်ရှိလာ ပြီး သေခြင်းတရားနဲ့နိမ့်ကပ်လာခဲ့ပြီလည်းဖြစ်၏။ထိုအခါ အယ်လန်သည် သူ၏လျှို့ဝှက်ဖဲက်ို အသုံးပြုလိုက်ရတော့၏။
(270)
ဂျိတ်သည် ဟေးဒီးစ်၏လက်သည်းတစ်စုံကို ကိုင်ဆောင်ကာ အယ်လန်၏အနားသို့ရောက်လာလေ၏။သူ၏ပုံံစံသည် အယ် လန်အားအလွတ်မပေးပဲ သတ်ရန်သာဖြစ်၏။ သူသည် အယ်လီနာ၏အကိုတော်ဖြစ်သော်လည်း သူသည် လုံးဝအပြစ်ကြီးတစ်ခုကို ကျုးလွန်မိထားသောကြောင့် ဖြစ်၏။ဂျိတ်၏မိသားစုကို သတ်ပစ်မည်ပြောလိုက် ကတည်းက အယ်လန်သည် သေခြင်းနဲ့ထိုက်တန်သည်ဟု သူ ယူဆထား၏။ "ငါမသေချင်သေးဘူး" အယ်လန် ရှူးသွပ်စွာအော်ဟစ်ပြီး သူ၏လျှိ့ဝှက်ဖဲကို အသုံးပြု လိုက်၏။ "ရွှီး" အယ်လန်၏အသက်ဓာတ်သွေးစက်တစ်စက်သည် သူ၏ဓား သို့ဝင်ရောက်သွား၏။ထိုဓားသည် ဂျိတ်၏ဟေးဒီးစ် လက်သည်းလက်ချက်ကြောင့် စုတ်ချာနေသောဓားအသွင်ပင် ပြောင်းလဲနေပြီးဖြစ်၏။နောက်ထပ်အကြိမ်ရေအနည်းငယ် သာ တိုက်ခိုက်ရမည်ဆိုပါက ထိုနတ်သစ်ရွက်ဓားတစ်ချောင်း လုံးသည် လုံးဝကျိုးပဲ့သွားတော့မည်ဖြစ်၏။ ထိုစုတ်ချာနေသောဓားထဲကို အယ်လန်၏အသက်ဓာတ်သွေး စက်ဝင်ရောက်သွားသည်နဲ့ ဓားသည် ပြောင်းလဲသွား၏။ဓား တစ်ချောင်းမှ ချက်ချင်းပင် အသက်ဓာတ်များကြွယ်ဝ ပေါများပြီး သန့်ရှင်းမှုအော်ရာပေးစွမ်းသော ဧရာမနတ်သစ် ရွက်တစ်ရွက်ဖြစ်ပေါ်လာ၏။ထိုနတ်သစ်ရွက်သည် အယ်လန် ကို လွှမ်းခြုံလိုက်၏။ "ကဲကွာ" ဂျိတ်၏လက်နက်တစ်စုံမှ ထိုနတ်သစ်ရွက်အား တိုက်ခိုက် လိုက်၏။ "ထန်..ထန်." နတ်သစ်ရွက်သည် ယခုအခါ မာကျောနေပြီဖြစ်ရာ ဟေးဒီးစ် လက်သည်းအစုံက ထိုးဖောက်နိုင်ခြင်းမရှိပေ။ "ဒါဆိုလည်း ငရဲအငွေ့သက်စီးဆင်းခြင်း" ဂျိတ်ရေရွတ်လိုက်သည်နဲ့ ဟေးဒီးစ်လက်သည်းအစုံသည် ခရမ်းရောင်တောက်ပလာ၏။ဤသို့ဖြစ်ရခြင်းမှာ ငရဲအငွေ့ သက်များစီးဝင်လာသောကြောင့်ဖြစ်၏။ထိုသို့ဖြစ်လာပါက လက်နက်၏အစွမ်းထက်မှုသည် နောက်ထပ်အဆင့်သို့ရောက် ရှိသွား၏။ နောက်ထပ် ဂျိတ်မှ ဟေးဒီးစ်လက်သည်းအစုံဖြင့် နတ်သစ် ရွက်ကို ဦးတည်တိုက်ခိုက်လိုက်၏။ဒီတစ်ခါတွင်တော့ နတ် သစ်ရွက်သည် အနည်းငယ်ကွဲအက်လာပြီဖြစ်၏။ ငရဲအငွေ့သက်ဖြစ်သော သေဆုံးခြင်းနဲ့ နတ်သစ် ရွက်၏အသက်ဓာတ်သည် လုံးဝဆန့်ကျင်ခြားနားကြသော အရာဖြစ်၏။ထို့ကြောင့် သေဆုံးခြင်းက အသက်ဓာတ်ကို ထိ ထိရောက်ရောက်နှိမ့်နင်းနိုင်ရာ နတ်သစ်ရွက်မှ ကွဲအက်လာရ ခြင်းဖြစ်၏။ "ထန်....ထန်" အကြိမ်ရေအနည်းငယ်မှာ ဆက်လက်တိုက်ခိုက်သောအခါ နတ်သစ်ရွက်လည်း ပျက်စီးသွားရတော့၏။ "အင်း ဒီတစ်ခါကံကောင်းသွားတယ်မှတ်" နတ်သစ်ရွက်ထဲ၌ အယ်လန်သည်မရှိတော့ပေ။အယ်လန် အစား လေဟာနယ်ပြင်တွန့်ကောက်နေကြောင်းကိုသာ တွေ့ရှိ ရ၏။ထိုအရာကို စစ်ဆေးကြည့်ရာ အလွန့်လွန်ဝေးကွာသော နေရာမှဖြစ်ကြောင်း ဂျိတ်သိရှိလိုက်ရ၏။ ထိုအခါမှ ဂျိတ်သည် အယ်လန်၏အစီစဥ်ကိုနားလည် သွား၏။သူ၏နတ်သစ်ရွက်သည် တိုက်ခိုက်ရန်မဟုတ်ပဲ မိမိ အားအချိန်ဆွဲရန်သာဖြစ်၏။ ထိုသို့နတ်သစ်ရွက်ဖြင့်ကာကွယ်ပြီး အချိန်ဆွဲကာ အယ်လန် သည် သူ၏ရွေ့ပြောင်းအစီရင်ကိုအသက်ဝင်အောင် လုပ်ဆောင်ပြီး ထွက်ပြေးသွားခဲ့ပြီဖြစ်၏။ သူ့အသက်မသေစေရန်အတွက် သူ၏ဓားတစ်ချောင်းနဲ့ သူ၏အသက်ဓာတ်သွေးစက်ကို အသုံးပြုပြီးလုပ်ဆောင်သွား ခြင်းလည်းဖြစ်၏။ထို့ကြောင့် အယ်လန်သည် ကြီးကြီးမား မားဆုံးရှုံးလိုက်ရပြီဖြစ်၏။ ထို့ပြင် ဟေးဒီးစ်၏လက်သည်းရှုချက်ပါထိထားရာ အယ်လန် သည် အဆိပ်တက်နေပြီဖြစ်၏။ထို့ကြောင့် ဂျိတ်သည် ဆက် လိုက်ခြင်းမရှိတော့ပဲ အလွတ်ပေးလိုက်တော့၏။ သူ၏လက်ထဲမှ ဟေးဒီးစ်လက်သည်းအစုံကို ပြန်သိမ်းလိုက် ပြီး စနစ်ထဲပြန်လည်ထည့်သွင်းလိုက်၏။ထိုလက်နက်၏ပြင်း အားသည် မည်မျှရှိကြောင်း သူသာလျှင် အသိဆုံးဖြစ်၏။ထို့ ကြောင့် တိုက်ခိုက်ပြီးသည်နဲ့ ပြန်လည်သိမ်းဆည်းလိုက်ပြီ လည်းဖြစ်၏။ တိုက်ခိုက်ပြီးသည်နဲ့ ဂျိတ်သည် အယ်လီနာနဲ့အယ်မလီထံ ပြန်လည်သွားလိုက်၏။ပြန်ရောက်သောအခါ အန္တရာယ်မရှိ ကြောင်းတွေ့ရှိလိုက်ရလေ၏။ "အခြေနေဘယ်လိုလဲ" အယ်လီနာမှ ဂျိတ်ကိုမြင်သည်နဲ့ ချက်ချင်းပင်ရောက်ကာ မေးမြန်းလေ၏။ "အဆင်ပြေတယ် သူပြန်သွားပြီ" ဂျိတ်မှ ထိုသို့ဆိုလိုက်၏။ထိုအခါမှ အယ်လီနာသည် စိတ်ပေါ့ ပါးသွားဟန်ရှိတော့၏။သို့သော် သူမ၏အကိုတော်အကြောင်း ကို သူမအသိဆုံးသာဖြစ်၏။ သူမ၏အကိုတော်သည်လွယ် လွယ်နဲ့ မလက်လျော့တတ်သောသူဖြစ်ကြောင်းသိထားရာ ဂျိ တ်မှမည်သို့လုပ်ဆောင်လိုက်သနည်းကိုတော့ သူမ မသိပေ။ "ချစ် ကိုယ့်ကို ဘာတွေလျှို့ဝှက်ထားသေးလဲ" ဂျိတ်၏စကားကြောင့် အယ်လီနာ၏မျက်နှာသည် ညှိုးငယ် သွား၏။ထို့နောက် အယ်လီနာသည် သူမ၏အကြောင်းရင်း ကို ပြောပြရန်လုပ်လိုက်၏။ "%%%%%%%%" အယ်လီနာ၏ထွက်ပေါ်လာသောစကားသံကြောင့် ဂျိတ်လည်း အံအားမြင်သက်ရလေ၏။ထိုစကားသံများသည် လုံးဝမ ကြားဖူးသော အရာများဖြစ်နေ၏။ (."စနစ် စစ်ဆေးပေးပါဦး") ("စစ်ဆေးပြီးပါပြီ...အယ်လီနာသည်သူ၏မိသားစူအကြောင်း ပြောဆိုခြင်း စကားဆင်ဆာပိတ်ပင်ခြင်းခံထားပါရသည်။ထို့ ကြောင့် သူပြောလိုသောစကားများကို နားလည်မည်မဟုတ် ပါ...အတင်းကြပ်ပြောရန်ဆက်လက်လုပ်ဆောင်ပါက.. အသက်အန္တရာယ်စိုးရိမ်ရပါသည်။...") ထိုစနစ်၏အကဲဖြတ်မှုကြောင့် ဂျိတ်သည် အဘယ်ကြောင့် အယ်လီနာမိမိအားမပြောရခြင်း၏အကြောင်းရင်းကို နားလည်လိုက်ရ၏။ "ရပြီ ကိုယ်နားလည်ပြီ နောက်ကျရင် ကိုယ်အဲ့ကိစ္စဖြေရှင်း ပေးပါမယ်" ဂျိတ်သည် အယ်လီနာကို ကြင်နာစွာပြောဆိုပြီး အယ်လီ နာ၏ပခုံးပေါ်သို့ လက်တင်ကာ အားပေးစကားပြောလိုက်၏။ ထိုအခါ အယ်လီနာ၏မျက်ဝန်းမှ မျက်ရည်များအလိုလျောက် စီးကျလာပြီး ဂျိတ်အား ဖက်ကာ အားရပါးရငိုလေတော့၏။ ဂျိတ်၏ကြင်နာသောပြောဆိုပုံ သူ၏ယုံကြည်ရသောအသွင် ပြင်စိတ်ဓာတ်များက သူမ၏စိတ်ထဲထိနက်ရှိုင်းစွာ ထိရှခံစား မိသောကြောင့်ဖြစ်၏။ ဂျိတ်ကလည်း မိမိအားဖက်ကာ ငိုနေသော အယ်လီနာကို ချော့သိပ်ပေးနေလေ၏။ "ဖီဖီ...ဘာလို့မီမီကငိုနေတာလဲ" အယ်မလီလေးကတော့ သူ၏လက်ထဲ၌ စတော်ဘယ်ရီချိုချဥ် လေးကိုင်ကာ ပြော၏။သူ၏အမူရာကတော့ ဖြစ်ပျက်သွား သောအရာများကို မသိဟန်ရှိ၏။ "မေမေက ဘာဖြစ်ဘူး...ခဏနေ ဖေဖေတို့ ခဏနေရင်ပြန် ကြမယ်နော်" "ဟုတ်" ဂျိတ်သည် သမီးဖြစ်သူအား ပြောဆိုရင်း အယ်လီနာအား ဆက်လက်ချော့အားပေးနေ၏။သူ၏စိတ်တွင်တော့ စာကြောင်းတစ်ကြောင်းက ထင်းခနဲရှိနေ၏။ "စကားပိတ်ပင်တားမြစ်သူ...အယ်လီနာဖခမည်းတော်.." ထိုစာသားကြီးက ထင်ရှားနေသည်ဖြစ်၏။ထို့ကြောင့် ဂျိတ် သည် သူ၏ယောက္ခမကြီးနဲ့ အားသည့်တစ်နေ့တွေ့မည်ဟု ဆုံးဖြတ်လိုက်၏။ ................ ယနေ့ ဂရိတ်နန်းတော်သည် အနည်းငယ်ထူးခြားနေ၏။ နန်းတော်တွင်လည်း လူများကစုဝေးနေကြသလို အစောင့် များကလည်းနေရာတိုင်း၌ တည်ရှိနေကြ၏။ "ဘုရင်ကြီးက အခုကြွလာလို့ရပြီလို့ပြောလိုက်ပါတယ်" မှူးမတ်တစ်ယောက်သည် ပြောကြားလိုက်၏။သူပြောကြား နေသည့်လူများသည် ဂိုဏ်းသုံးဂိုဏ်းမှ လူများဖြစ်ကြ၏။ထို လူများသည် ဘုရင်ကြီးနဲ့တွေ့ဆုံလိုသည်ဆိုသောကြောင့် မှူးမတ်က ခေတ္တ စောင့်စေပြီး ဂျိတ်အားသွားရောက် အကြောင်းကြားနေ၏။ ဂျိတ်က ခွင့်ပြုသောကြောင့်သာ မှူးမတ်မှ ထိုဂိုဏ်းသုံးဂိုဏ်းမှ လူများအား ဝင်စေခြင်းဖြစ်၏။ ("အဆင့်နိမ့်တိုင်းပြည်ကများ ငါတို့ကိုစောင့်ဆိုင်းခိုင်းနေ သေးတယ်") ဒီအတွေးက စောင့်ဆိုင်းနေကြရသော ဂိုဏ်းသား များ၏အတွေးပင်ဖြစ်၏။သူတို့အား အဆင့်ခုနှစ်တိုင်းပြည် ကလူများကပင် ရိုသေလေးစားရသော်လည်း ဒီဂရိတ် တိုင်းပြည်က သူတို့အားမထီမဲ့မြင်ပြုနေသည်ဟုခံစားကြ ရ၏။ သူတို့၏ခေါင်းဆောင်များကသာ ဟန့်တားခြင်းမပြုပါက သူ တို့သည် ချက်ချင်းတိုက်ခိုက်မိကြမည်ဖြစ်၏။ "ဘယ်လိုတွေတောင်လား" ဂိုဏ်းသုံးဂိုဏ်းမှခေါင်းဆောင်များသည် မိမိတို့၏ဂိုဏ်းသား များကို ခေါ်ဆောင်ကာ နန်းတော်ထဲသို့ဝင်ရောက်လာခဲ့ကြ၏။ သူတို့သည် မှူးမတ်ခေါ်ဆောင်ရာ ဘုရင်ကြီးရှိကာ နန်းတော် ခန်းမထဲသို့ ဝင်ရောက်ရန်ဖြစ်၏။သူတို့နန်းတော်ခန်းမထဲမ ရောက်ခင် တွေ့ရှိသမျှသော အရာများက သူတို့အား စိတ် ဝင်စားစေ၏။ သူတို့စိတ်ဝင်စားသောအရာများကား နန်းတော်ကိုစောင့်ကြပ် နေကြသော စစ်သည်တိုင်းသည် ရွှေအဆင့်ဖြစ်ပြီးအားနည်း ခြင်းမရှိကြောင်းတွေ့ရလေ၏။ထို့ပြင် သူတို့ကိုင်ဆောင်ထား သောလက်နက်များသည် သူတို့တစ်ခါမှပင် မမြင်သော လက်နက်သစ်များဖြစ်ကြောင်း သိရှိလိုက်ကြရ၏။ သူတို့ကြားရသမျှအချက်လက်များသည် ထိုလက်နက်ဆန်း များက စွန်ရဲအင်ပါယာလက်အောက်ခံပြိုင်ပွဲ၌ ပထမရရန် လွယ်လွယ်လေးစွမ်းဆောင်ပေးနိုင်သော အစွမ်းမြင့် လက်နက်ဖြစ်ကြောင်း သိရှိထားကြ၏။ မိမိတို့ကြားထားသောအဆင့်လေးတိုင်းပြည်က နန်းတော် တစ်ခုကိုရွှေအဆင့်စစ်သည်များ အပြည့်စောင့်ကြပ်ပြီး လက်နက်ဆန်းများ ရှိနေသည်က လုံးဝဆန်းကြယ်နေ၏။ ထိုသို့တွေးနေကြရင်း နောက်ဆုံး၌ ဂိုဏ်းသုံးဂိုဏ်းမှ လူ များသည် နန်းတော်ခန်းမထဲသို့ရောက်ရှိသွား၏။ "ဘုရင်မင်းမြတ်ခေါ်လာပါပြီ" ထိုမှူးမတ်သည် ဂျိတ်အားအရ်ိုသေပေးကာ ထွက်ခွာသွား၏။ ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် ဂျိတ်အားကြည့်လိုက်ကြ တော့၏။ ထိုအခါ ဂရိတ်တိုင်းပြည်မှဘုရင်သည် ပလက်တီနမ်အဆင့် ငါးမှသာ ဖြစ်ကြောင်းတွေ့ရှိလိုက်ကြ၏။ထိုအခါ သူတို့ရရှိ ထားသော သတင်းအချက်လက်များနဲ့ တိုက်ဆိုင်မှုမရှိ ကြောင်း စဥ်းစားရခက်ခဲနေကြ၏။ သားရဲဂိုဏ်းမှဖျက်စီးခံရခြင်းသည် ဂရိတ်တိုင်းပြည်နဲ့ ဆက်စပ်ကြောင်း သတင်းရသော်လည်း ယခုအခါ ဂျိတ်သည် ပလက်တီနမ်အဆင့်သာဖြစ်ရာ ဂရိတ်တိုင်းပြည်မှ သားရဲ ဂိုဏ်းကိုဖျက်စီးရန်မဖြစ်နိုင်ကြောင်း လက်ခံလိုက်ကြ၏။ ထိုအခါ သူတို့၏ဘဝင်မြင့်မှုများက ပြန်လည်ထကြွလာ တော့၏။ "ကျုပ်တို့လာရတာက အသင့်တိုင်းပြည်ထဲက အီတာချီဆိုတဲ့ လူနဲ့ ဂိုဏ်းကအလိုရှိတဲ့လူကို ရှာဖွေဖို့ပါ သူတို့ကိုရှာဖွေဖို့ ဘုရင်ကိုအကူညီတောင်းတာပါ" "ဘယ်လိုကူညီရမှာလဲ" ဂျိတ်မှ ပြန်လည်ပြောကြား၏။ဂျိတ်၏စကားကြောင့် ကျားရဲ ဂိုဏ်းမှလူသည် မိမိတို့အား ကြောက်ရွံသည်ဟု အထင်ရောက် ကာ... "လုပ်ပေးရမှာက..ကျနော်တို့ဂိုဏ်းတွေက ဒီတိုင်းပြည်ထဲမှာ စစ်ဆေးပြီးရှာဖွေပါမယ် ဒါကို အရှင်ဘုရင်ဘက်က ခွင့်ပြု ပေးရပါမယ်..ဒါဆို ကျနော်တို့ဂိုဏ်းတွေက အရှင်ကို ကျေးဇူးတင်မိမှာပါ" နန်းတော်ခန်းမထဲရှိ အစောင့်များက သွေးဆူလာကြ၏။ထို စကားပြောသောကောင်ကိုအသေ သတ်ပစ်ရန် လက်ယားလာ ကြ၏။ဂျိတ်၏ကြိုတင်ပြောထားမှုသာမရှိလျှင် လွယ်ထား သောသေနတ်များကို မောင်းထိုးပြီး ချက်ချင်းပစ်ခတ်မိမည် ဖြစ်၏။ အလွန်ပင်လွန်သောစကားပင်။သူတို့အား ဘုရင်မှ သူတို့ ဂိုဏ်းများကို အာဏာကုန်လွှဲပေးရမည်ဖြစ်ပြီး သူတို့စစ်ဆေး မှုကို ဝင်ရောက်မဖက်စွပ်ရန်ဖြစ်၏။ထိုသို့လုပ်ပေးပါက ကျေးဇူးတင်ပါမည်ဟုဆို၏။ထိုစကားသည် ယဥ်ယဥ်ကျေး ကျေးဖြင့် အာဏာပြသည်နဲ့တူ၏။ "ဟားဟား..ဟား.ဟား" ဂျိတ်မှ ရယ်မောနေမိ၏။ "အရှင်ဘုရင် ခင်ဗျားက ကျုပ်တို့ဂိုဏ်းတွေကို အာခံတာလား " ကျားရဲဂိုဏ်းမှာပြောဆိုသောသူက အာဏာထပ်ပြ၏။သူ သည် ဂျိတ်နဲ့စစ်သည်အဆင့်တူသောကြောင့်လည်း ပါ၏။ "မင်းတို့ဂိုဏ်းတွေက ငါ့တိုင်းပြည်ထဲလာပြီး မင်းတို့လုပ်ချင် သလိုဖြစ်စေချင်တယ်ပေါ့လေ ဒါမျိုးဘယ်ရမလဲ အရင်တစ် ခေါက်က သားရဲဂိုဏ်းက လူကြောင့် ငါ့ပြည်သူတွေသေခဲ့ပြီး ပြီ ဒါမျိုးကို ငါဆက်အဖြစ်ခံမယ်ထင်နေတာလား" ဂျိတ် ၏စကားက ပြောနေရင်း တင်းမာလာလေ၏။ထိုကြော င့် ဂျိတ်သည် သူတို့ဂိုဏ်းများကို မျက်နှာသာပေးရန်မဖြစ်နိုင် ကြောင်း ဂိုဏ်းသားများသိရှိသွားကြ၏။ ကျားရဲဂိုဏ်းမှပြောနေသောသူ၏မျက်နှာ ပျက်ယွင်းသွား၏။ ဂျိတ်၏စကားသံမှ ရာဇမာန်ပါလာသောကြောင့်ဖြစ်၏။မိမိ တို့သည် စစ်သည်တော်အဆင့်ချင်းတူသော်လည်း ဂျိတ်သည် ဘုရင်ဖြစ်ရာ တိုင်းပြည်၏စွမ်းအင်ကို ငှားယူတိုက်ခိုက် နိုင်၏။ထို့ကြောင့် ပြန်လည်တုံပြန်ခြင်းမရှိတော့ပဲ ငြိမ်သက် လိုက်တော့၏။ "မင်းတို့ကဘယ်ဂိုဏ်းကဖြစ်ဖြစ် ငါ့တိုင်းပြည်ထဲမှာ စစ်ဆေး တာမျိုးလုပ်တာကို ငါလက်ခံနေမှာမဟုတ်ဘူးဒါကြောင့် ပြန် ကြတော့" တစ်ခွန်းပြောပြီး ဂိုဏ်းသားများကို ပြန်လည်နှင်လွတ် လိုက်၏။ထိုစကားကြောင့် ဂိုဏ်းသုံးဂိုဏ်းမှ လူများသည် ဒေါသထွက်ပြီးပြန်သွားကြ၏။ဒေါသထွက်ပြီးသာ ပြန်သွား ကြခြင်းဖြစ်ပြီး တိုက်ခိုက်ခြင်းမရှိပေ။အကြောင်းမှာ နန်းတော်ထဲမှ စစ်သည်တော်များ၏လက်နက်များကို ကြောက်ရွံသောကြောင့်ဖြစ်၏။ နန်းတော်အပြင်သို့ရောက်သည်နဲ့ ဂိုဏ်းသုံးဂိုဏ်းလုံးမှ လူ တိုင်းသည် ဆက်သွယ်ရေးအဆောင်ဖြင့် သတင်းပို့လိုက်ကြ တော့၏။သူတို့ပို့လိုက်သောအဆောင်၌ပါရှိသောစာသည် "ဂရိတ်တိုင်းပြည်မှ မိမိတို့အား ငြင်းဆန်လိုက်သည်။ထို့ကြော င့် ဂိုဏ်းများမှချေမှုန်းပေးရန်ဖြစ်၏။" ထိိုသို့ရေးလိုက်ကြရခြင်းသည် သူတို့လိုအဆင့်မြင့်ဂိုဏ်းသား များကို အဆင့်နိမ့်တိုင်းပြည်က ဘုရင်လေးက မချေမငံ ဆက်ဆံသောကြောင့်ဖြစ်၏။ ထို့ကြောင့် သူတို့ရင်ထဲအမုန်းမီးများတောက်နေပြီးဂရိတ် တိုင်းပြည်ပျက်စီးစေရန်သာအလိုရှိသည်ဖြစ်၏။ ထိုသတင်းစကားသည် ဂိုဏ်းသုံးဂိုဏ်းလုံးသို့ရောက်ရှိသွား တော့၏။ထိုအခါ ဂရိတ်တိုင်းပြည်သည် ဂိုဏ်းများနဲ့ပါ စတင် ထိပ်တိုက်ရင်ဆိုင်ကြရပြီလည်းဖြစ်၏။