← Chapters

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

အခန်း (၂၂၉-၂၃၁)

Vol. 16 Ch. 229-231

(229)

"ဘောလုံးဆိုပါလား "ဂျိတ်အားစောင့်ကြည့်နေကြသောသူများက နောက်ဆုံးတော့ဂျိတ်၏လက်ထဲမှအရာသည် ဘောလုံးဟုခေါ်ကြောင်းသိလိုက်ရပြီဖြစ်၏။"ဒါကို ဘယ်သူမဆိုဆော့ကစားလို့ရတယ်"ဆော့ကစားလို့ရတယ်ဆိုသောကြောင့် သူတို့စိတ်ထင့်သွားကြ၏။ဂျိတ်ကိုလည်း တစ်မျိုးထင့်သွား၏။သူတို့သည်အရွယ်ရောက်လူကြီးများဟု မိမိကိုယ်ကိုယ်သတ်မှတ်ထားကြသူများဖြစ်ရာ ဆော့ကစားသည့်အရာများက သူတို့နဲ့မသက်ဆိုင်သလိုခံစားလိုက်ရသောကြောင့်ဖြစ်၏။"ဘောလုံးကို ဒီလိုဆော့ကစားလို့ရတယ်"ဂျိတ်ကတော့ သူတို့အမူရာများအား မမြင်ချင်ယောင်ဆောင်ကာ မိမိရှင်းပြစရာရှိသည်ကိုသာ ဆက်ရှင်းပြ၏။ဘောလုံးသည် သူတို့အတွက်အသစ်ဆန်းဖြစ်သည့်အရာမဟုတ်ပါလား။ထို့ကြောင့် သူတို့အနေဖြင့် အံဝင်ခွင်ကျဖြစ်စေရန်အချိန်တစ်ခုတော့လိုအပ်မည်ဖြစ်၏။ဂျိတ်သည် ဘောလုံးအားလေပေါ်မြောက်၏။လေပေါ်မှကျလာသော ဘောလုံးအား ခြေဖြင့် အသာလေးတော့၏။ထ်ို့နောက် မြေမကျစေရန် ခြေခွင်ဖြင့်ထိန်းကာ ဖမ်းလိုက်၏။အချိန်အနည်းငယ်မျှ ခြေဖြင့်ထိန်းပြီးလျှင် ဘောလုံးစကေးအလှကွက်များကစားပြ၏။ခြေဖြင့်ခတ်ခြင်း ၊ဘယ်ညာဒူးတိုက်ခြင်း၊ ဘောလုံးကို ခေါင်းဖြင့်သော်လည်းကောင်း ပခုံးဖြင့်လည်းကောင်း ထိန်းပြပြီးဘယ်ညာခြေထောက်ဖြင့် မြေမထိစေရန် တော့ပြခြင်း၊ဘောလုံးအား အမြင့်ရောက်အောင်ကန်ကာ ကျလာသောအချိန်မှ ခြေဖြင့်အသာယာထိန်းခြင်း ၊ရင်ဘတ်ဖြင့်အရှိန်လျော့စေပြီးဖမ်းခြင်းစသော နည်းမျိုးစုံလုပ်ပြ၏။ဆော့ကစားသည်က သူတို့နဲ့မဆိုင်ဟု သတ်မှတ်ထားသောလူတစ်စု၏ပါးစပ်သည် ယခုချိန်၌ယင်ကောင်ဝင်အောင်း၍ရလောက်အောင် ကျယ်နေပြီဖြစ်၏။ဂျိတ်ပြသသွားသော ဘောလုံးအကွက်များသည် သူတို့အမြင်၌ အလွန်ပင်ပနံသင့်လှသည်မဟုတ်ပါလား။ဘောလုံးလေပေါ်မြောက်ပြီးဖမ်းယူဟန်တို့က အလွန်ပင်ကြည့်ကောင်းလှသည်ကိုတော့ သူတို့ဝန်ခံရပေမည်။."တစ်ပတ်အချိန်ပေးမယ် ဒါလေ့ကျင့်ကြ အရင်ဆုံးကျွမ်းကျွမ်းကျင်ကျင်ဖြစ်သွားတဲ့အယောက်နှစ်ဆယ်ကို ကြိုက်ရာဆုတောင်းလို့ရတယ်"ဂျိတ်၏ပြောစကားကြောင့် သူတို့မျက်လုံးများမီးတောက်သွားသလိုဖြစ်သွားကြ၏။ဆုလာဒ်၏ဖြားယောင်းမှုကို သူတို့တောင့်ခံနိုင်စွမ်းမရှိကြပေ။သူတို့၏ဖြစ်ပျက်သွားသောအပြုမှုကို ကြည့်ပြီးဂျိတ်မှခေါင်းခါရမ်းလိုက်၏။ထို့နောက် တစ်ယောက်ကိုဘောလုံးတစ်လုံးစီပေးကာ လေ့ကျင့်စေ၏။ကွင်းကျယ်ကြီး၌ လူနှစ်ရာတို့၏ဘောလုံးလေ့ကျင့်မှုများကစတင်လာပြီဖြစ်၏။ထိုလူနှစ်ရာသည် နန်းတွင်းသားများအမှုထမ်းများ စစ်သည်တော်များပါ ပါဝင်ကြ၏။ဂျိတ်မှစိတ်ဝင်စားသူတိုင်းလာနိုင်သည်ဆိုသောကြောင့်လည်း လူစုံနေသည်ဖြစ်၏။ဘောလုံးစတင်လေ့ကျင့်ကြသည်နဲ့ ရယ်စရာဖြစ်ပျက်များကစီးတန်းနေ၏။"ဟ ဘောလုံးက ပြန်ကန်ခုန်တယ်ဟ""ဟ လုံးနေတော့ ထိန်းရခက်တာပေါ့""ဟ အခုထိ ခြေ မှာငြိမ်အောင်ထားလို့မရဘူးဟ"အသံများကား ဆူညံနေ၏။ဘောလုံးသည် ခက်ခဲကြောင်းယခုမှလက်တွေ့သိရှိလိုက်ကြရ၏။ဂျိတ်၏သရုပ်ပြချက်များကို ယခုလိုခက်ခဲမှ ပြန်လည်မြင်ယောင်လာကြ၏။ဂျိတ်၏ပြကွက်များက မျက်စိပဒေသာဖြစ်သလို လွယ်ကူသလောက် သူတို့လက်တွေ့လုပ်သောအခါ ခက်ခဲကြောင်းတွေ့ရှိရလေ၏။ထိုသို့ခက်ခဲသောကြောင့် စိတ်ညစ်ကြသည့်အထဲတွင်စစ်သည်တော်တစ်ယောက်တော့မပါချေ။သူ၏မျက်နှာသည်စိတ်ညစ်ရမည့်အစား ပျော်ရွှင်နေ၏။"မထင်ထားဘူး ဘုရင်ကြီးကဒီလိုလုပ်ပြမယ်လို့မထင်ထားဘူး"ဘောလုံးကိုကြည့်ပြီး တစ်ကိုယ်တည်းရေရွတ်နေ၏။သူ၏အကြည့်၌ ဘောလုံးသည် အားကစားတစ်ခုတည်းသာမဟုတ်ခြေထောက်သိုင်းပညာများ၏အခြေခံလေ့ကျင့်နိုင်သည့်အရာပင်ဖြစ်၏။ခြေထောက်သိုင်းပညာများသည် ခြေထောက်အားကျွမ်းကျင်ပိုင်နိုင်စွာအသုံးနိုင်ရန်ဖြစ်သည်။ဂျိတ်ပြသသွားသောဘောလုံးကစားကွက်များသည် သူ၏အမြင်၌ဂျိတ်သည်ခြေထောက်ဆိုင်ရာသိုင်းကျမ်းဖြင့် ကစားပြသွားသည် သူလုံးဝတထစ်ချယုံကြည်ထား၏။သူသည်လည်း တိုက်ဆိုင်စွာပင် ခြေထောက်နဲ့ဆက်စပ်သောသိုင်းကျမ်းကိုလေ့လာနေသည့်အချိန်လည်းဖြစ်၏။ရေအသင့်ကြာအသင့်ပင်ဖြစ်သွားရာ အချိန်ဆွဲမနေတော့ပဲ ချက်ချင်းပင် ဘောလုံးဖြင့်လေ့ကျင့်လိုက်၏။"မရချင်ဦးကွာ"စိတ်မရှည်သောလူတစ်ယောက်တော့ နံရံဖက်သို့ ဘောလုံးကိုကန်ပစ်၏။"ဘုန်း"ကန်ခံလိုက်ရသောဘောလုံးသည် နံရံနဲ့ပြန်ထိကာ သူ့ထံပြန်ရောက်လာ၏။ထိုအခါ စိတ်မရှည်သောလူသည် နောက်ထပ်တစ်ကြိမ်နံရံသို့ကန်ပြန်၏။ဘောလုံးသည်လည်း နံရံနဲ့ပြန်ထိပြီး သူ့ထံပြန်ရောက်လာ၏။သူကလည်း အကြိမ်ကြိမ်ကန်ပြန်၏။ဘောလုံးကလည်း ထိုနည်းလည်းကောင်းပင်။ကြာတော့ သူ၏စိတ်မရှည်မှူများကပျောက်ဆုံးသွားပြီး ထိုသို့လုပ်ဆောင်နေရသည်ကို စိတ်ပါဝင်စားစွာဖြင့် လုပ်မှန်းမသိလုပ်ဖြစ်လာတော့၏။ဘေးတွင် သူ့လိုစိတ်မရှည်သောသူများကလည်း သူ့အဖြစ်အားကြည့်ရင်း သူ့လိုစိတ်များဖြစ်လာကာ ထိုလူလုပ်သကဲ့သို့လိုက်လုပ်ကြ၏။လိုက်လုပ်ရင်း စိတ်ပါဝင်စားလာပြီး ပျော်ပျော်ကြီးလေ့ကျင့်ကြတော့၏။ထိုအဖြစ်ပျက်ကိုလည်း ဂျိတ်လည်းအဝေးမှဘောလုံးတော့ရင်း ကြည့်နေ၏။ထို့နောက်ပြုံးလိုက်၏။ဘောလုံး၏ဆွဲဆောင်မှုကို တောင့်ခံနိုင်သောလူက ရှားသည်မဟုတ်ပါလား။သူသည် ဂရိတ်တိုင်းပြည်၌ ဘောလုံးကိုပြန်လည်စတင်မိတ်ဆက်ပေးရခြင်းမှာ အတိတ်ကအကြောင်းများကိုလွမ်းဆွတ်သောကြောင့်ဖြစ်သလို ဘောလုံးကို ဂရိတ်ပြည်သူပြည်သားများ အကျွမ်းတဝင်ဖြစ်ပြီး ဆော့ကစားနိုင်စေရန်ဖြစ်၏။ဘောလုံးသည် လူအများကိုတစ်သားတည်းဖြစ်စေနိုင်သည့်အပြင် ကျန်းမာရေးအတွက် စီးပွားရေးစသည်တို့တွင်လည်းအလွန်တွင်ကျယ်သည်ဖြစ်ရာ မိတ်တက်ပေးရခြင်းဖြစ်၏။ဘောလုံးသည် လူတိုင်းအားအပျင်းပြေစေနိုင်သလို စိတ်ရောကိုယ်ခန္ဓာပါ ကြံခိုင်စေသေးရာ မိတ်ဆက်ပေးရခြင်းဖြစ်၏။လက်ရှိ လူနှစ်ရာသည် ဘောလုံးအကြောင်းကောင်းကောင်းနားလည်သွားပါက တစ်တိုင်းပြည်လုံးအား ဖြန့်ကျက်သွားရန်လည်း ရည်ရွယ်ထားသည်ဖြစ်၏။..................ခမ်းနားထည်ဝါလှသော ဗယ်ဒင်မြို့ ဗယ်ဒင်မြို့ကား ထုံးစံအတိုင်း စည်းကားနေဆဲဖြစ်၏။တိုင်းပြည်များပြိုင်ပွဲသည်လည်း ပြီးဆုံးသွားပြီဖြစ်သလိုလက်အောက်ခံတိုင်းပြည်များကလည်း မိမိတို့ဌာနေအသီးသီးသို့ ပြန်ကုန်ကြပြီဖြစ်၏။အချိန်ကြာခဲ့ပြီဖြစ်သော်လည်း ထူးဆန်းသောလက်နက်များပိုင်ဆိုင်သော ဂရိတ်တိုင်းပြည်အကြောင်းနဲ့ဂျိတ်၏အကြောင်းကတော့ပြောစမှတ်တွင်ကျယ်နေဆဲဖြစ်၏။အထူးသဖြင့် ဂျိတ်၏အစွမ်းစက သူတို့၏စစ်သူကြီးကိုပင်ပြန်လည်ချေပရဲသောဖြစ်ရပ်က ယခုချိန်ထိ လူအများပါးစပ်ဖျားရေပန်းစားနေဆဲဖြစ်၏။ဂျိတ်၏နောက်မှ ပေါ်လာသောစတန်းကို နတ်ဘုရားဝိညာဥ်ဟုပြောကြသလို နတ်ဆိုးအမှတ်သားဟုလည်းပြောဆိုနေကြ၏။မည်သို့ပင် ခေါ်ကြပါစေ ထိုစတန်းကို မြင်လိုက်ကြသူတိုင်းက သူတို့ဘဝတစ်လျောက်လုံးစွဲမြဲစွာမှတ်မိကြ၏။ထိုအချက်အား အခွင့်ကောင်းယူကာ စီးပွားရေးသမားများကထိုစတန်းနဲ့ပတ်သက်သော ရုပ်တုများ ဒဏ္ဏာရီများ ပုံပြင်များမျက်နှာဖုံးများ ထုတ်လုပ်ရောင်းချကြ၏။ပန်းချီဆရာများကလည်း မိမိတို့တွေ့မြင်ရသမျှကို ပိတ်ကားထက်တွင် ရေးဆွဲပြီးရောင်းချကြ၏။ရရှိလာသောအကျိုးဆက်က ကြောက်ခမန်းလိလိပင်။ရောင်းသမျှ ပစ္စည်းတိုင်းကသောက်သောက်လဲ ကုန်သလိုပန်းချီဆရာများဆွဲသမျှ ပန်းချီကားတိုင်းကလည်း စျေးကြီးနေပါစေ ရောင်းထွက်ကြချည်းသာဖြစ်၏။ပန်းချီဆရာများပင် ဂျိတ်အားအကြောင်းပြု၍ချမ်းသာလာကြတော့၏။အထူးရောင်းအားအကောင်းဆုံးကား ကျောနောက်၌ စတန်းရပ်နေသည့် ဂျိတ်သည် စင်မြင့်၌သူ့အား လှံဖြင့်ချိန်ထားသော စစ်သူကြီးအား မကြောက်မရွံကြည့်နေဟန် ပင်ဖြစ်၏။ထိုမြင်ကွင်းကို ဆွဲထားသော ပန်းချီဆရာမှာ အလွန်တော်သည်ဖြစ်ရာ ထိုမြင်ကွင်းကာ ကွက်ကွက်ကွင်းကွင်းဆွဲထားရာ မြင်လိုက်သူတိုင်း ရင်သပ်ရှုမောကြရ၏။ထိုမြင်ကွင်းနဲ့ပတ်သက်ပြီး စစ်သူကြီးသည် အမှန်တရားဘက်တော်သား ဂျိတ်သည် လူဆိုးကြီးဖြစ်ပြီး စစ်သူကြီးကလူဆိုးအားဆုံးမသောပုံစံဖြင့်နောက်ခံယူသော မတရားသူများအားသုတ်သင်သောဝတ္ထုသည် လူအများ၌ရေပန်းစားလေ၏။"နေစမ်းဟိုမှာ အထူးတပ်ကစစ်သည်တော်တွေပါလား ကွဲပြဲလို့."ဗယ်ဒင်မြို့အဝင်ဂိတ်အားစောင့်ကြပ်နေသော စစ်သည်သည်သူ၏ရှေ့အကွာဝေးအနည်းငယ်၌ ဒဏ်ရာဖြင့် လျှောက်လာနေသော သူများကိုတွေ့ပြီး ရေရွတ်မိသည်။ထို့နောက် ကူညီရန် သွားကာ အကျိုးကြောင်းမေး၏။"ဘုရင်မင်းမြတ်ကို ပြောပြလိုက်"ဒဏ်ရာရရှိလာသော စစ်သည်များသည် ခြောက်ယောက်သည်ရှိပြီး ကျန်ကုန်သော စစ်သည်များသည် လမ်း၌သေခဲ့ကြပြီဖြစ်၏။ထိုစစ်သည်များသည် ဂရိတ်တိုင်းပြည်အား တိုက်ခိုက်ခဲ့သော သူများဖြစ်ပြီး ဂျိတ်မှ သတင်းပြန်ပုံနိုင်စေရန်အသက်ရှင်ပေးလိုက်သောသူများသာဖြစ်၏။လက်ရှိစစ်သည်များသည်လည်း လမ်းခရီးကြမ်းကြောင့်ပြင်းထန်သောဒဏ်ရာများရရှိနေပြီး အသက်ရှုကာ မနည်းပြောပြနေ၏။ထိုစစ်သည်၏ပြောစကားကြောင့် အဖြစ်ပျက်အစုံကြားလိုက်ရသော မြို့စောင့်စစ်သည်မှာ လုံးဝတုံဆိုင်းသွား၏။"ဘာ...ငါဘာတွေကြားလိုက်တာလဲ"မြို့စောင့်စစ်သည်တစ်ယောက် ခေါင်းများပူထူသွား၏။ဂရိတ်တိုင်းပြည်အား သွားရောက်ချေမှုန်းသော တစ်တပ်လုံးပျက်စီးသွားပြီး စစ်သူကြီးသည်လည်း ဂျိတ်လက်အောက်၌ကျရှုံးပြီး သုံပန်းဖြစ်သွားသည်ဆို၏။ထိုသတင်းက အလွန်ပင်ကြောက်မက်ဖွယ်ရာကောင်းလှပေတကား။ထိုသတင်းဆိုးကြောင့် မြို့စောင့်စစ်သည်လေးလည်း ထိုစစ်သည်များအား ကုသရန်အမြန်ဆောင်ရွက်၏။ထို့နောက်ထိုသတင်းအား နန်းတော်ထိရောက်ရန် သူ၏အကြီးကဲအားသတင်းပို့၏။အရေးကြီးသောသတင်းဖြစ်ရာ အချိန်တိုအတွင်း၌ အင်ပါယာဘုရင်ကြီး၏နားတော်သို့ ရောက်ရှိသွားတော့၏။ရောက်ရှိသွားပြီး မကြာမီ၌ ဘုရင်မှထုတ်ပြန်လိုက်၏။ထိုသတင်းကား ဂရိတ်တိုင်းပြည် ပုန်ကန်သောကြောင့် မိမမအင်ပါယာလက်အောက်မှထုတ်ပယ်လိုက်ကြောင်းနဲ့ ပုန်ကန်သောတိုင်းပြည်အား အင်ပါယာပြည့်ရှင်ကိုယ်တိုင်နှိမ်နင်းမည်ဟူသောသတင်းပင်ဖြစ်၏။ထိုသတင်းက စွန်ရဲလက်အောက်ခံတိုင်းပြည်တိုင်းအားတုန်လှုပ်ခြောက်ခြားစေခဲ့၏။အင်ပါယာပြည့်ရှင် ကိုယ်တိုင်နှိမ်နှင်းရအောင် ဂရိတ်တိုင်းပြည်၏လုပ်ရက်ကိုလည်းစိတ်ဝင်စားလာကြ၏။ထိုကြေညာချက်ထုတ်ပြန်လိုက်ခြင်းက ဂရိတ်တိုင်းပြည်အားအန္တရာယ်ကြားထဲသို့ ပေါ်တင်တွန်းပို့လိုက်ခြင်းသာဖြစ်လေတော့သည်ဖြစ်၏။

(230)

"ဂျိတ်ကတော့ဘယ်လိုလုပ်လိုက်လဲမသိပါဘူး"ဗယ်ဒင်မြို့၏အထက်တန်းစား စားသောက်ဆိုင်၏အခန်းတစ်ခု၌စားသောက်နေကြသောလူနှစ်ဦးမှတစ်ဦးကဆို၏။"စွန်ရဲအင်ပါယာပြည့်ရှင်တောင် ကိုယ်တိုင် တိုက်ခိုက်မယ်ဆိုရလောက်တဲ့အထိဖြစ်ရတယ်ဆိုတော့ ကျုပ်လဲမပြောတတ်ဘူး"သူတို့နှစ်ဦးသည် စားသောက်နေရင်းဆွေးနွေးနေကြ၏။သူတို့သည်ဂျိတ်နဲ့တွေ့ဆုံဖူးကြသော ဟမ်းစ်မျိုးနွယ်မှရစ်နဲ့ဘရိတ်မျိုးနွယ်မှဘရက်တို့ပင်ဖြစ်ကြ၏။စွန်ရဲအင်ပါယာပြည့်ရှင်သည် စစ်ပွဲများ၌ပါဝင်ခြင်းမရှိသည်မှာ နှစ်တစ်ရာကျော်နေပြီဖြစ်၏။ယခုလို ချက်ချင်းကြီးဆိုသလိုဖြစ်ပျက်လာသောအကြောင်းကြောင့် ကြားရသူတိုင်းတုန်လှုပ်ကြရ၏။သူတို့နှစ်ဦးသည် စားသောက်နေရင်း ဂျိတ်အကြောင်းကိုတွေးမိပြန်၏။ဂျိတ်၏နာမည်သည် ဗယ်ဒင်တစ်မြို့လုံးလိုလိုသိကြ၏။သူ၏လုပ်ဆောင်မှုကြောင့် ပန်းချီ၊ရုပ်တု၊မျက်နှာဖုံးများ သောက်သောက်လဲရောင်းအားကောင်းသည်မဟုတ်ပါလား။နာမည်ကြီးသည်နေရာ၌ အဆိုးဖက်ကကြီးချင်းဖြစ်၏။လူဆိုးနေရာ၌ ဂျိတ်ကနာမည်ကြီးခြင်းဖြစ်ပြီးသူ၏ချောမောသောရုပ်ရည်၊အေးစက်သောအသွင်ပြင်က ဗီလိန်ရုပ်ကိုပေါ်လွင်စေသည်ဟုဆို၏။ဒါကလည်း ရောင်းသောသူများ၏စကားသာ။လေကိုဆွဲဖြဲကာ လေဟာနယ်ဒိုင်းမေးရှင်းဝင်ပေါက်လုပ်ကာသွားလာနိုင်သောဂျိတ်၏အစွမ်းကိုလည်း သူတို့မြင်တွေ့ပြီးကြပြီးဖြစ်၏။ထိုသို့အစွမ်းပြသမှုကြောင့် ဂျိတ်သည် မည်သည့်အဆင့်အတိုင်းတာတစ်ခုထိရောက်နေကြောင်း မပြောနိုင်ပေ။တစ်ဖက်တွင်က နှစ်ပေါင်းများစွာကြာမြင့်အောင် ရှင်သန်လာသော စွန်ရဲအင်ပါယာပြည့်ရှင်ဖြစ်၏။နှစ်ပေါင်းများစွာရှင်သန်လာသော မြေခွေးအိုကြီးလည်းဖြစ်ရာ လျော့တွက်၍မရနိုင်ပေ။ထို့ပြင် စွန်ရဲအင်ပါယာလို ဧရာမစစ်တပ်ကြီးကိုလည်းပိုင်ဆိုင်ထားသည်မဟုတ်ပါလား။"သတင်းအသစ်ဗျို့"သူတို့နှစ်ယောက်စားသောက်နေသောဝိုင်းသို့ စားပွဲထိုးလေးမှရောက်ကာအသည်းသန်ပြော၏။"ဘယ်လောက်ထူးခြားလို့လဲ"ရစ်မှပြော၏။"ထူးခြားတယ် သိပ်ထူးခြားတာပေါ့ ပုံမှန်ဆို ပုန်ကန်ကြောင်းကြေညာလိုက်ရင်ကို ပုန်ကန်တဲ့တိုင်းပြည်ကို ကျန်တဲ့တိုင်းပြည်တွေက အမဲဖျက်နေကြလေ"စားပွဲထိုးလေးမှဆက်လက်ပြော၏။"အခုကမတူဘူး ကျုပ်တို့အင်ပါယာပြည့်ရှင်ကိုယ်တိုင် သူ့ရဲ့သိမ်းငှက်ကြီးနဲ့ စစ်သည်ငါးသိန်းပါ ပါမယ်တဲ့အခုတောင် ချီတက်သွားကြပြီတဲ့""ဘာ"ရစ်နဲ့ဘရက်ပင် တုန်လှုပ်ကြရ၏။နောက်များနောက်နေသလား။စစ်သည်ငါးသိန်းတဲ့ ။သောက်လက်စအရှိန်ပင်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရ၏။စွန်ရဲအင်ပါယာသည် အကြီးကျယ်ပုန်ကန်သောဖူးသောလက်အောက်ခံအဆင့်ခြောက်တိုင်းပြည်လိုကိုပင် စစ်သည်တစ်သိန်းထိသာစေလွတ်ကာတိုက်ခိုက်ချေမှုန်းဖူး၏။ရလာဒ်ကား ပုန်ကန်သောအဆင့်ခြောက်တိုင်းပြည်သည်အစိတ်စိတ်အမွှာမွှာဖြစ်ကာ လက်ရှိအချိန်၌နာလန်မထူနိုင်သည့်အခြေနေသို့ရောက်ရှိသွားရ၏။ကျန်ရစ်သော ထိုတိုင်းပြည်လူမျိုးများ၊ပစ္စည်းများကိုလည်း ကျန်သောတိုင်းပြည်များက ခွေးအများကဲ့သို့ရောက်လာကာ ယူငင်သိမ်းပိုက်သွားကြ၏။ဤသို့ဖြင့် ပြန်လည်ခေါင်းထောင်နိုင်ခြင်းမရှိတော့သည်ဖြစ်၏။လက်ရှိဂရိတ်တိုင်းပြည်မှာ အဆင့်လေးတိုင်းပြည်ဖြစ်ပြီး အဆင့်ခြောက်တိုင်းပြည်ထက်လုံးလုံးကိုနိမ့်ကျ၏။ဤသည်ကိုစစ်သည်ငါးသိန်းအပြင် သူကိုယ်တိုင်ပါဝင်တိုက်သည်ဆိုကတည်းက အလွန်များသည်ဟုဆိုနိုင်၏။ထိုအခြင်းရာက ပုရွက်ဆိတ်တောင်ပို့ကို ပြိုပျက်စေရန် ဆင်ကြီးငှားကာ နင်းခြေသည်နဲ့ပင်တူနေသည်ဖြစ်၏။သူတို့နှစ်ယောက်အနေဖြင့် လက်ရှိအခြေနေ၌လုပ်နိုင်သည်ကတော့ ဆုတောင်းရုံသာရှိပေ၏။........................"အို....စစ်သည်ငါးသိန်းနဲ့ဆိုပါလား"ဂျိတ် ပြုံးမိလိုက်၏။ကြည့်ရသည်မှာ သူ့အတွက် ပျော်ရွှင်စရာဖန်တီးပေးမည့် စွန်ရဲအင်ပါယာစစ်တပ်နဲ့အချိန်သိပ်မကြာခင်၌ တွေ့ရတော့မည်ဖြစ်၏။စွန်ရဲအင်ပါယာဘုရင်မှစစ်သည်ငါးသိန်းဖြင့်ချီတက်လာကြောင့် စနစ်မှအသိပေးမှုကြောင့် ဂျိတ်မှ သူတို့ချီတက်လာခြင်းအား သိနေခြင်းဖြစ်၏။စစ်သည်ငါးသိန်းမကလို့ သိန်းငါးဆယ် အရေတွက်ကြီးဖြင့် လာလာသူ့အတွက်ကတော့ပြသနာမရှိပေ။f-22တိုက်လေယာဥ်ဖြင့် ချလိုက်ရမည်လား၊ဒါမှမဟုတ် ဂရိတ်တိုင်းပြည် အနှံချထားသော s-400ပုံတူ ဒုံးကျည်များကိုသာပစ်လွတ်လိုက်ရမည်လား။ထိုဒုံးကျည်များတစ်ပြိုင်တည်းလွတ်လိုက်သော မြင်ကွင်းလည်းတော်တော်ကြည့်ကောင်းမည်ဖြစ်၏။ဒါမှမဟုတ်တစ်ခါတည်းသက်သာသွားစေရန် စနစ်မှ အနုမြူဗုံးတစ်လုံးလောက် သုံးလိုက်လျှင်ကော။ဘယ်လိုတွေးတွေး သူ့ဖက်ကအသာကြီးသာဖြစ်၏။သူကြိုက်ရာနည်းတစ်မျိုးသုံးရုံဖြင့် စစ်သည်ငါးသိန်းသည် တစ်ခဏအတွင်း၌ နောက်ဘဝရောက်သွားမည်ဖြစ်၏။တစ်ခြားသူများအမြင်၌ ဂရိတ်တိုင်းပြည်သည် ပုရွက်ဆိတ်တောင်ပို့လေးသာဖြစ်သော်လည်း တကယ်တမ်း၌ အလွန်ကြောက်မက်ဖွယ်ကောင်းသောတောင်ပို့ဖြစ်မှန်းမည်သူမှမသိကြပေ။ဒါပင်မဲ့ ဂျိတ်မလုပ်ပေ။ဝတ္ထုစဖတ်သူအား ဝတ္ထု၏ဇာတ်သိမ်းပြောပြလိုက်ပါက ဆက်လက်ဖတ်ရန်အတွက် စိတ်မဝင်စားနိုင်တော့သလို မိမိမှကြိုတင်တိုက်ခိုက်လိုက်ပါက စိတ်ဝင်စားဖို့ကောင်းတော့မည်မဟုတ်ပေ။ထို့ကြောင့် စွန်ရဲအင်ပါယာမှ မိမိတို့တိုင်းပြည်အနီးရောက်သောအခါမှ ပြန်လည်တိုက်ခိုက်သည်ရန်ကို ဆုံးဖြတ်ထားလိုက်၏။ဒါမှလည်းစိတ်ဝင်စားဖို့ကောင်းမည်ဖြစ်သလို ပျော်ဖို့လည်းကောင်းမည်ဖြစ်၏။လက်ရှိမှာတော့ တဒိုင်းဒိုင်းဖြင့်ဘောလုံးကန်နေသော လူများအား ကြည့်ရှူနေလိုက်၏။လူပေါင်းစုံမှ ဘောလုံးကိုယ်စီဖြင့်လေ့ကျင့်နေသည်က အလွန်ပင်ကြည့်ပျော်ရှုပျော်စေသည်ဖြစ်၏။ထို့နောက် တာနာရှာတို့ဆာဗေ့မျိုးနွယ်ဖြင့်ချုပ်ဆိုထားသောစာချုပ်အရ ဂရိတ်တိုင်းပြည်စစ်သည်များအား ဆာဗေ့တို့၏ဒေသထွက်ကုန်ပစ္စည်းများ သွားရောက်ယူငင်စေသလိုသူ၏လေယာဥ်တစ်စင်းကိုလည်း လိုအပ်သောပစ္စည်းကိရိယာများဖြည့်၍ သွားရောက်ပို့စေလေ၏။ဂျိတ်၏ဆောင်ရွက်မှုကြောင့် မိမိတို့သည်ဆာဗေ့တို့နဲ့ငြိမ်းချမ်းရေးရပြီးနှစ်ဦးသဘောတူ လုပ်ကိုင်နေကြကြောင်းစစ်သည်များကြားရသောအခါ အလွန်အံသြကြရသေး၏။ဆာဗေ့နဲ့မိမိတို့သည် ရန်ဖက်များဖြစ်ပြီး ကမ္ဘာမကြေဟုဆိုနိုင်သော်လည်း လက်ရှိ ဘုရင်ကတော့ ငြိမ်းချမ်းရေးယူကာ နှစ်ဦးနှစ်ဖက်သဘောတူလုပ်ကိုင်ကြသည်ဖြစ်၏။"သမီး သူတို့ပစ္စည်းလာပို့မယ်သာပြောတာ ဘယ်မှာလဲမတွေ့ပါလား"ဆာဗေ့ဘုရင်မှ တာနာရှာအားမေး၏။ဆာဗေ့များသည်စာချုပ်အရ မိမိတို့ထွက်ကုန်များအား ဂရိတ်တိုင်းပြည် နဲ့အနီးဆုံးမြို့ဖြစ်သည့် ဒီယေဂိုမြို့၌ပို့ဆောင်ပေးထား၏။ထိုပစ္စည်းများကို ဂရိတ်စစ်သည်များကလက်ခံရယူကြ၏။ထိုစဥ်က နှစ်ဦးနှစ်ဖက် ယခင်ရန်ငြိုးကြောင့် ကတောက်ကဆများထပ်ဖြစ်မည်လား စိုးရိမ်ကြသော်လည်း နှစ်ဖက်လုံးမှ ကိုယ့်စိတ်ကိုနိုင်အောင်ထိန်းနိုင်ကြရာ ခိုက်ရန်ဖြစ်ပွားခြင်းမရှိခဲ့ပေ။မိမိတို့အား ပို့မည့် ဂရိတ်စစ်သည်များအား ရှာသော်လည်း မည်သည့်လမ်းမှလာကြောင်းကို ယောင်လို့ပင်မမြင်သောကြောင့် မေးရခြင်းဖြစ်၏။တောထဲ၌လမ်းများပျောက်နေသည်လားဟုလည်းထင်မိသောကြောင့်ဖြစ်၏။"မဟုတ်ဘူး ရောက်လာပြီ"တာနာရှာမှပြုံးကာဆို၏။ထိုစကားကြောင့် သမီးဖြစ်သူအားနောက်ရကောင်းလားဟုပြောရန်ကြံသော်လည်း မိမိတို့ကောင်းကင်သည်ချက်ချင်းမဲမှောင်သွားကြောင်းတွေ့လိုက်ရ၏။"ဟ ဘာကြီးလဲဟ"ဘုရင်ကြီးနဲ့တွေ့လိုက်သောလူတိုင်း လန့်သွားကြ၏။ကောင်းကင်၌ဧရာမအရာကြီး ပျံသန်းနေသောကြောင့်ဖြစ်၏။တာနာရှာသာ ပြုံးရွှင်စွာကြည့်နေ၏။မိမိကျောက်စိမ်းပြား၌မြင်ဖူးနေကြ လေယာဥ်ကြီးအား လက်တွေ့မြင်လိုက်ရပြီဖြစ်၏။"အဲတာ လေယာဥ်လို့ခေါ်တယ် အဲ့ဒီအထဲမှာ သမီးတို့ကိုပေးမဲ့ပစ္စည်းတွေသယ်လာတယ်"တာနာရှာသည် ကောင်းကင်မှတဖြေးဖြေးချင်းဆင်းလာသောလေယာဥ်ကြီးအား စိတ်ဝင်စားစွာကြည့်နေ၏။ဂျိတ်ကြိုပြောထားသောကြောင့် ထိုလေယာဥ်ဆင်းသက်နိုင်ရန်ကွင်းပြင်ကျယ်တစ်ခုစာ ကြိုရှင်းထား၏။ထိုကွင်းပြင်ပေါ်သို့လေယာဥ်မှတဖြေးဖြေးချင်း ဆင်းသက်လာ၏။ထိုလေယာဥ်ကြီးသည် ကြီးမားသော်လည်း စက်သံကအံ့ဖွယ်ကောင်းအောင် သေးငယ်ကြောင်းတွေ့ရလေ၏။လေယာဥ်ကြီးဆင်းသည်ပြီးသည်နဲ့ လေယာဥ်မှတံခါးပွင့်လာ၏။ထိုတံခါးမှ မိမိတို့အားပေးအပ်မည့်ပစ္စည်းအစုံလင်ပါရှိကြောင်း တွေ့မြင်လိုက်ရလေ၏။ထိုချိန်တည်းမှာ ဆာဗေ့ဘုရင် မဆီလျော်စွာတွေးမိ၏။ယခင်ကတည်းသာ ထိုလိုအရာမျိုး ဂရိတ်တိုင်းပြည်မှသုံးခဲ့ပါက မိမိတို့မျိုးနွယ်သည်...("မဟုတ်သေးပါဘူး ငါဘာတွေးမိနေတာလဲ")ချက်ချင်းပင်ထိုအတွေးအား ဖျောက်ဖျက်ကာ မိမိတို့အားယူဆောင်လာပေးသောပစ္စည်းများ စိတ်ဝင်စားစွာကြည့်ရှုလိုက်၏။........................"သိပ်ကောင်းတယ် သိပ်ကောင်းတယ် "ကျေနပ်အားရစွာဖြင့် ဆိုရင်း ဝိုင်တစ်ပုလင်းလုံးမော့ချလိုက်၏။ထိုသူကား အဆင့်ခုနှစ်တိုင်းပြည်မှလင်းယုန်ဖြစ်၏။ ဂရိတ်တိုင်းပြည်သည် ပုန်ကန်သောကြောင့် မိမိလက်အောက်မှ ထုတ်ပယ်ကြောင်းစွန်ရဲအင်ပါယာမှဆိုကတည်းက ဂရိတ်တိုင်းပြည်သည် သေပြီးနေပြီဖြစ်၏။ထို့အပြင် အင်ပါယာပြည့်ရှင်ကပါ စစ်သည်ငါးသိန်းဖြင့် ကိုယ်တိုင်ဝင်တိုက်ဦးမည်ဖြစ်ရာ ပို၍သေချာသွားစေ၏။လင်းယုန် ထိုသတင်းကြောင့် ပွဲတောင်ပင်ကျင်းပကာပျော်လိုက်သေး၏။ဂျိတ်ကြောင့် သူ၏အံသွားပါကျွတ်ပြီးအရှက်ကွဲခဲ့ရသေးသည်မဟုတ်ပါလား။ကျန်သောတိုင်းပြည်များကလည်း ထိုသတင်းကြောင့် ဂရိတ်တိုင်းပြည်အတွက် ဝမ်းနည်းကြသလို ဝမ်းသာကြသောတိုင်းပြည်များကလည်းရှိ၏။သူတို့သည် ပြိုင်ပွဲတုန်းကအစွမ်းပြသသော ဂရိတ်တိုင်းပြည်အား ပျက်စီးစေလိုကြောင်းဆန္ဒရှိသည်ကတော့ ပို၍ပင်သေချာလေ၏။ဂရိတ်တိုင်းပြည် သာပျက်စီးပါက သူတို့အတွက် အခွင့်အရေးတစ်ချို့လည်းထပ်မံရရှိနိုင်မည်မဟုတ်ပါလား။ထို့ကြောင့်ပျက်စီးစေရန်စိတ်အားထက်သန်သောတိုင်းပြည်ကပိုများနေသည်မှာ မဆန်းကြယ်တော့ပေ။

(231)

ဂရိတ်တိုင်းပြည်အား စွန်ရဲအင်ပါယာမှတိုက်ခိုက်မည်ဆိုသောသတင်းကြောင့် ဂရိတ်တိုင်းပြည် အနီးရှိတိုင်းပြည်များမှာဂရိတ်တိုင်းပြည်နဲ့ပတ်သက်မှု ဆက်စပ်မှုအား ဖျက်သိမ်းလိုက်ကြ၏။အမှန်မှာ ဂရိတ်တိုင်းပြည်နဲ့သူတို့သည် နဂိုကတည်းကဆက်ဆံရေးမရှိသော်လည်း စွန်ရဲအင်ပါယာမှ မိမိတို့၏သဘောထားအားထင်သာမြင်သာရှိစေနိုင်ရန် သတင်းထုတ်ပြန်ကြေညာရခြင်းဖြစ်၏။ထိုသတင်းအား ဂရိတ်တိုင်းပြည်မှလည်း ကြားကြ၏။သို့သော် ဘုရင်သစ်မှ မိမိတို့အားကြောက်ရွံခြင်းမရှိစေရန်နဲ့မိမိ၏အစွမ်းကိုယုံကြည်ပြီး မိမိတို့လုပ်လက်စရှိစရာများကိုသာ လုပ်ဆောင်ရန် တစ်တိုင်းပြာ်လုံး အား ဖြန့်ကျက်ပြီး မိန့်ခွန်းချွေထား၏။ဂျိတ်၏တည်ငြိမ်လှသောအသွင်ပြင် သြဇာညောင်းသောအသံတို့ကြောင့် ဂရိတ်တိုင်းပြည် သူပြည်သားများမှာယုံကြည်ကြ၏။လက်ရှိသူတို့တိုင်းပြည်သည်ခက်ခဲနေသော်လည်း ဘုရင်သစ်မှအလုပ်ကိုင်သစ်များရှာဖွေပေးထားသည်မဟုတ်ပါလား။နောက်ထပ်သောအသစ်သစ်သောအလုပ်အကိုင်များအခွင့်လမ်းများလည်း ဘုရင်မှဖန်တီးပေးဦးမည်ဖြစ်ကြောင်း ပြောထားသေးရာ ပို၍ပင်ပျော်ရွှင်နေကြသေး၏။ဂျိတ်သည် ထိုသို့တိုင်းပြည်အားတိုးတက်အောင်လုပ်ရခြင်း၏အဓိကရည်ရွယ်ချက်သည် သူ့သမီးကြောင့်ဟု သိကြပါကအံသြကြပေမည်။ဟုတ်ပေသည်။သူ၏သမီးလေးသည်မင်းသမီးဖြစ်ခြင်းသည်ဆိုကတည်းက သူသမီး မင်သမီးဖြစ်ရာတိုင်းပြည်အားတိုးတက်မြင့်မားလာစေရန် ကြံရွယ်ပြီးသားဖြစ်၏။ဒါမှသမီးဖြစ်သူ ပျော်ရွှင်နိုင်မည်မဟုတ်ပါလား။တစ်ပတ်ပြည့်သွားပြီးဖြစ်သောကြောင့် ဘောလုံးစစ်ဆေးမှုပြုလုပ်၏။ဘောလုံးစစ်ဆေးမှုသည်ကား ရိုးရှင်း၏။ဘောလုံးအလှကွက်များကို ပြသစေခိုင်းခြင်းသာဖြစ်၏။အလှကွက်များများပြသနိုင်သောသူအား ဆုချီးမြင့်မည်ဖြစ်၏။ထိုစစ်ဆေးမှု၌ ခြေထောက်သိုင်းနဲ့ဆက်စပ်ပြီးလေ့ကျင့်သောစစ်သည်က အကောင်းဆုံးဖြင့် ပထမရရှိသွား၏။သူ၏လေ့ကျင့်မှုသည် တခြားသူများ၏လေ့ကျင့်မှုထက် ပိုမိုထိရောက်မှုရှိကာ တခြားသူများထက် တိုးတက်နှုန်းလည်းသာလွန်သောကြောင့်ဖြစ်၏။လေ့ကျင့်မှုခြင်းတူကြသော်လည်း လုပ်ဆောင်နည်းနဲ့လုပ်နည်းလုပ်ဟန်ရည်ရွယ်ချက်ချင်း ကွာခြားသောကြောင့်လည်းဖြစ်၏။ထိုအခါ ဂျိတ်သည်သူ့အား အဆင့်သုံးဆင့်အထိ ချိုးဖြတ်နိုင်သောဆေးတစ်လုံးချီးမြင့်လိုက်၏။ထိုစစ်သည်သည်လည်းဂျိတ်ရှေ့မှာပင်သောက်ချပြီး အဆင့်ချိုးဖောက်လိုက်၏။ထိုဆေးလုံးအစွမ်းကြောင့် ထိုစစ်သည်တော်သည် အဆင့်သုံးဆင့်အားတစ်ထိုင်တည်း ချိုးဖောက်နိုင်ခဲ့သလို ရွှေအဆင့်အားလည်း ဝင်ရောက်နိုင်ခဲ့၏။ကျန်သောသူများကလည်း ထိုစစ်သည်တော်အား အားကျသွားကြ၏။သူတို့လည်း အစွမ်းကုန်ကြိုးစားမည်ဟုဆုံးဖြတ်လိုက်ကြ၏။ဂျိတ်ကတော့ဆုပေးပြီးသည်နဲ့ နောက်ထပ်အစီစဥ်အားဆက်လက်အကောင်ထည်ဖော်စေ၏။ဤသည်ကား ဘောလုံးကွင်းပင်ဖြစ်၏။ဘောလုံးကွင်းတစ်ကွင်း၌ရှိသင့်ရှိထိုက်သော အရာအားလုံးကို စနစ်မှထုတ်လိုက်၏။ထို့နောက် ဘောလုံးကွင်းတည်ဆောက်စေ၏။ထိုတည်ဆောက်စေသည်ကိုလည်း လေ့ကျင့်သူတိုင်းအား ကြည့်ရှုစေ၏။ထိုသို့ကြည့်ရှုခိုင်းရခြင်းသည် သူတို့သာတတ်မြောက်သွားပါက ဂရိတ်တိုင်းပြည်နေရာအနှံ၌ပြန်လည်ဖြန့်ကျက်ခိုင်းမည်ဖြစ်၏။ဘောလုံးကွင်းဆောက်ပြီးသည်နဲ့ လေ့ကျင့်သူများကား အဖွဲ့ကိုယ်စီဖွဲ့စေ၏။ထို့နောက် ဘောလုံးမည်သို့ကန်ရမည်ကိုလည်း သေချာရှင်းပြ၏။ဂျိတ်၏ရှင်းလင်းပြတ်သားသောစကားကြောင့် တစ်ချက်တည်းဖြင့် လွယ်ကူစွာနားလည်သဘောပေါက်လာကြ၏။အကြမ်းအားဖြင့်ဆိုရသော် ဘောလုံးကန်ရာ၌ တစ်သင်း၌ဆယ့်တစ်ယောက်ရှိရမည်။ဆယ်ယောက်သည် ဘောလုံးကန်မည်ဖြစ်ပြီး တစ်ယောက်သည် ဂိုးဖမ်းမည်ဖြစ်၏။ကန်သောဆယ်ယောက်ကိုလည်း ရှေ့တန်းနောက်တန်းအလယ်တန်းဟူ၍လည်းသတ်မှတ်ခေါ်ဆိုနိုင်၏။ဘောလုံးကစားရာတွင်လည်း ရှိသောစည်းမျဥ်းများလည်းပြောပြလိုက်၏။ထိုစည်းမျဥ်းများအတိုင်း လိုက်နာ ကစားရမည်ဖြစ်ပြီး ဒိုင်လူကြီးလည်းပါရှိမည်ဖြစ်၏။ထိုဒိုင်လူကြီးသည် စည်းမျဥ်းများဖောက်ခြင်းမဖြစ်စေရန် ဖောက်ပါကအပြစ်ပေးနိုင်ရန်ဖြစ်၏။ရှင်းပြပြီးသည်နဲ့ အသင်းများဖွဲ့စည်းကာ ကစားစေ၏။ဘောလုံးကွင်းအားလည်း ငါးကွင်းတည်ဆောက်ထားသောကြောင့် တစ်ခါတည်းဆယ်သင်းကစား၍ရနိုင်၏။ဘောလုံးကန်ခြင်းမှာ စည်းလုံးညီညတ်မှု အသင်းသားစိတ်ဓာတ် အနိုင်မခံအရှုံးမပေးစိတ်များထက်သန်လာစေရန်ရည်ရွယ်ထားသည်ဖြစ်၏။ထိုရည်ရွယ်ချက်အတိုင်းအကောင်ထည်ဖြစ်လာသောအခါ ဂျိတ်ဝမ်းသာမိ၏။"စနစ်အသိပေးချက် စွန်ရဲအင်ပါယာစစ်တပ်သည် မနက်ဖြန်မနက်၌ ဂရိတ်တိုင်းပြည်အနီးသို့ရောက်ရှိလာမည်ဖြစ်၏။"မြန်တယ်ကော"ဂျိတ်မှပြုံးမိသွား၏။မိမိတို့ထံ စွန်ရဲအင်ပါယာစစ်တပ်သည်မြန်မြန်ဆန်ဆန်ဖြင့်လာရောက်အသေခံနေသည်မဟုတ်ပါလား။စွန်ရဲအင်ပါယာစစ်တပ်သည် မနက်ဖြန်မှ ရောက်လာမည်ဖြစ်သောကြောင့် လက်ရှိ၌ဂျိတ်သည် ဘောလုံးဘက်သို့သာ ပြန်လည်ဦးတည်လိုက်၏။.............အသစ်ဖွဲ့စည်းထားသော ဌာနများအားလည်း အပြိုင်ဆိုင်လုပ်ပေးထား၏။တိုးတက်နှုန်းမြန်ဆန်ဆုံး အကောင်းဆုံးဌာနအား ဂျိတ်မှ ဘတ်ဂျက်ငွေများများချပေးမည် ပစ္စည်းများချပေးမည်ဟု ပြောထား၏။ထိုစကားကြောင့် ဌာနများမှ စာမေးပွဲစစ်ဆေးပြီးလူနှစ်ရာရွေးချယ်ပြီး၍ စတင်အပြိုင်ဆိုင်ကြဲကုန်၏။မိမိတို့ဌာနမှ ပိုမိုတိုးတက်ပြီးရလာဒ်ကောင်းများထွက်လာပါကဆုလာဒ်ရရှိမည်ဖြစ်၏။ဆုလာဒ်မျသာရပါတခြားဌာနများအား ကျော်တက်နိုင်မည်ဖြစ်၏။ဘယ်ဌာနမှ မိမိတို့ဌာနအားကျော်တက်သွားမည်ကိုမလိုလားကြပေ။ထို့ကြောင့် မီးကုန်ယမ်းကုန် ကြမ်းကြ၏။ပန်းပဲဌာန၏ကြိုးစားမှုပန်းပဲရုံများ၏အခန်းတစ်ခု၌ ပညာရှင်တစ်ယောက်မီးကုန်ယမ်းကုန်ကြိုးစားနေ၏။ဂျိတ်ရောက်လာပြီးနောက်ပိုင်း သူ၏ပန်းပဲလက်နက်သစ်များဖန်တီးနိုင်စွမ်းတိုးတက်လာသည်ဟုခံစားလာရ၏။လက်နက်အသစ်များလည်း သူထုတ်လုပ်နိုင်သည်ဟုခံစားမိလာ၏။"ဟင်းးးးးးမဟုတ်သေးဘူး....ဒါလည်းမဟုတ်သေးဘူး...."လက်နက်သစ်များဖန်တိီးသည်ပညာရှင်သည်တစ်ကိုယ်တည်းငြီးနေ၏။သူ၏စားပွဲတွင်လည်း ရှူပ်ပွနေသော ပုံများစွာဆွဲထားသောစာရွက်ကြမ်းများတွေ့မြင်ရမည်ဖြစ်၏။ထိုစာရွက်များ၌ ရူဗဗေဒနည်းတွက်နည်းများပါ ရှိနေသေး၏။"နီးစပ်ပြီးမဟုတ်သေးဘူး"ရေးဆွဲလိုက် ခြစ်ချလိုက် နောက်တစ်ရွက်အားယူပြီးအသစ်ပြန်ပြင်ရေးလိုက်ဖြင့် အလုပ်ရှူပ်နေ၏။သူ၏မျက်လုံးများကလည်း နီရဲနေသလို ဘေး၌လည်း သူသောက်ပြီးထားသောအကြမ်းခွက်များက တောင်ငယ်လေးပမာမျှရှိ၏။ဆေးပညာဌာနဆေးဌာနသည်လည်း ကြိုးစားနေကြသည်၏။မိရိုးဖလာသာမန်ကုသနည်းများအစား လက်တွေ့ကျကျထိရောက်သောနည်းများဖြင့်အစားထိုး၏။ပုံမှန်သုံးစွဲလေ့ရှိသော ဆေးလုံးများ၏ဘေးထွက်ဆိုးကျိုးအား လေ့ လာပြီးလျော့ချနိုင်ရန်ကြိုးစားသလို ခေတ်မှီဆေးပညာပုံစံဖြစ်သော ခွဲစိတ်ကုသခြင်း ခြေလက်အစားထိုးကုသခြင်းများကိုပါ အတွင်းပိုင်းထိခိုက်ပြီး ဆေးဖြင့်မရပါကတိုက်ရိုက်ခွဲစိတ်ကုသနည်းများကိုပါပေါင်းစပ်သင်ကြားပေး၏။ခွဲစိတ်ကုသနည်း၊ တိုင်းရင်းဆေးများဖြင့်ကုသခြင်း၊အကြောများထောက်ပြီးကုသခြင်း၊အပ်ဖြင့်(ရှေးတရုတ်ရိုးရာနည်း)ကုသခြင်း၊စသော မျိုးစုံသော ပညာရပ်များစွာပါဝင်၏။ခေတ်မှီခွဲစိတ်ကုသခြင်းနဲ့တခြားခြားသောနည်းများစွာပေါင်းစည်းပြီး လုပ်ဆောင်နေကြ၏။ဆေးဌာန၏ရည်ရွယ်ချက်မှာ လူနာများအား လွယ်ကူစွာကုသနိုင်ပြီး မြန်ဆန်စွာရောဂါသက်သာပျောက်ကင်းရန်ကိုရှေးရှူ၏။ထို့ကြောင့် မည်သည့်ဆေးနည်းကိုသုံးသုံး လူနာအမြန်ဆုံးရောဂါပျောက်ကင်းရန်သာဖြစ်၏။ထိုအထဲ၌ ဆေးဌာန၌ နာမည်အကြီးဆုံးကား ဆေးဖော်မြူလာသစ်များကို တီထွင်ခြင်းဖြစ်၏။မော်မြူလာထွင်သည်ကနာမည်ကြီးသည် မဟုတ်ပဲ ထိုအရာကိုလုပ်ဆောင်နေသော လူကြောင့်နာမည်ကြီးရသည်ဆိုပါက ပို၍မှန်ကန်ပေ၏။"အားးးးးးးးးးးးး"ထိုအသံကြားသည်နဲ့ ဆေးဌာနတစ်ခုလုံးတစ်ခုလုံးသိလိုက်ပြီဖြစ်၏။ဒီအသံသည် ဆေးဖော်မြူလာသစ်များလုပ်နေသည့်ဆရာရမ်းတုတ် လက်ချက်ဖြစ်ကြောင်း သိလိုက်၏။"နေပါဦး ငါ့ဟာကအောင်မြင်တော့မှာပါ"တကယ်လည်းနီးစပ်နေပြီဟုသူခံစားမိ၏။ဆရာရမ်းတုတ်သည် သူ၏လက်၌ဆေးထိုးအပ်နှစ်ချောင်းကိုင်ဆောင်ကာ ပြေးလွှားနေ၏။သူ၏ရှေ့တွင်ကားတင်ပါး၌ဆေးထိုးအပ်လေးချောင်းစိုက်လျက်ဖြင့်ပြေးလွှားနေသော သူ၏စမ်းသပ်ခံလူနာအားတွေ့မြင်ရမည်ဖြစ်၏။ထိုမြင်ကွင်းကြောင့် ဆေးဌာနတစ်ခုလုံးလူများ မျက်နှာဖြူလျော်သွားကြ၏။ဆရာရမ်းတုတ်သည် တိုးတက်လာပုံပေါ်၏။သူ၏စမ်းသပ်ခံလူနာသည် ယခင်က ဆေးထိုးအပ်နှစ်ချောင်းစိုက်လျက်ပြေးသည်ဖြစ်ပီး ယခုအခါ လေးချောင်းစိုက်လျက်ပြေးနေရပြီဖြစ်၏။ထိုသို့အစွမ်းထက်လှသောဆရာရမ်းတုတ်ကို သွားမနှောင့်ယှက်မိရန် မိမိကိုယ်ကိုမိမိသတိပေးလိုက်ကြ၏။.......ဂျန်း..ဂျန်း....ဂျန်း...ဧရာမစစ်တပ်ကြီးတစ်ခုသည် မြန်ဆန်လှသောအရှိန်ဖြင့်သွားလာနေ၏။သူတို့၏အရေတွက်သည် ငါးသိန်းမျှရှိပြီးဆင်မြင်းများပါရှိ၏။ထိုအင်အားကြီး၏ချီတက်လာပုံကပင်ပြင်းထန်သောငလျင်လိုဖြစ်ပေါ်စေသောကြောင့် ထိုစစ်တပ်လာရာလမ်းကြောင်းရှိလူတိုင်း ပြေးလွှားရှောင်တိမ်းပြေးလိုက်ကြရ၏။ထိုစစ်တပ်အား ဦးဆောင်သူကတော့ လေထဲ၌ပျံသန်းနေသောသိမ်းငှက်ကြီး၏အပေါ်၌ထိုင်နေ၏။သူ၏မျက်လုံးများကလည်း အဝင်းဝင်းတောက်ပနေသလိုသွေးဆာမှူပြသနေ၏။သူ၏ရည်ရွယ်ချက်သည် ဂရိတ်တိုင်းပြည် ကိုချေမှုန်းရန်နဲ့ မိမိစစ်သူကြီးနဲ့မိမိစစ်သည်များအား ပြန်လည်ခေါ်ဆောင်ရန်သာဖြစ်ပေ၏။

All Chapters