အခန်း (၂၃၂-၂၃၄)
Vol. 16 Ch. 232-234
(232)တိုက်ပွဲ(1)ဂျိန်းဂျန်းးးးးဂျန်းးးးးးးးအသံများကား ဆူညံလေ၏။ပထဝီမြေကြီးမှာသိမ့်သိမ့်တုန်ခါသွားလျက်ရှိ၏။"သူတို့ရောက်လာပြီပဲ"ဖက်စ်မြို့ရှိစောင့်ကြပ်နေသောစစ်သည်တစ်ယောက်မှ ထိုအခြင်းရာမြင်ကွင်းအား မြင်လိုက်ရ၏။သူမြင်လိုက်သောမြင်ကွင်းကာ များပြားလှပြီးပုရွက်ဆိတ်အုံသဖွယ်ပြည့်နှက်နေသောဧရာမလူအုပ်ကြီးကိုပင်ဖြစ်၏။သူမြင်သောမြင်ကွင်းကိုလည်း ကျန်သောစစ်သည်တော်များလည်း မြင်လိုက်ကြရ၏။ထိုဧရာမလူအုပ်ကြီးသည် စစ်သည်တော်ချပ်ဝတ်တန်ဆာများဆင်ယင်ထားပြီး သူတို့ကိုယ်မှသတ်ဖြတ်မည့်အရိပ်ယောင်များထွက်ပေါ်နေ၏။ထို့ပြင်သူတို့ကိုင်ဆောင်ထားသောလက်နက်များသည်လည်း အရောင်တောက်ပလျက်ရှိ၏။ဟုတ်ပေသည်။ထိုလူအုပ်ကြီးသည် စစ်သည်ငါးသိန်းပါရှိသော စွန်ရဲအင်ပါယာစစ်တပ်ကြီးပင်ဖြစ်၏။ထိုစစ်တပ်၏အရောင်ဝါကလည်း မြင်သူတိုင်းအားရှိန်စေနိုင်လောက်သည်အထိပြင်းထန်၏။အစွမ်းထက်သောဓားလှံလက်နက်များက အရောင်တောက်ပလျက်ရှိ၏။ထိုစစ်သည်ငါးသိန်း၏ခွန်အားသည်နည်းနည်းနောနောမဟုတ်ပေ။အနိမ့်ဆုံးစစ်သည်တော်သည်ပင် ရွှေအဆင့်ဖြစ်၏။ငွေအဆင့်ပင်မပါဝင်ပေ။ရွှေအဆင့်သို့တက်ရောက်ခြင်းသည် စွန်ရဲအင်ပါယာလိုအင်အားကြီးအင်ပါယာအတွက် ထမင်းစားရေသောက်ပင်ဖြစ်ရာများပြားလှသည်မှာမဆန်းပေ။ထို့ကြောင့် ရွှေအဆင့်စစ်သည်တော်များက များပြားလျက်ရှိ၏။"ဘုရင်ကြီးကိုသတင်းပို့ပို့""နေတော့ငါရောက်နေပြီ""အမလေး ဗျ....."စစ်သည်တော်သည် မိမိတို့တိုင်းပြည်အား တိုက်ခိုက်တော့မည့်စွန်ရဲအင်ပါယာစစ်တပ်ရောက်လာကြောင်း ဘုရင်ထံသတင်းပေးမည့်အချိန် ဂျိတ်မှရုတ်ခြည်းဆိုသလိုရောက်ရှိလာမှုကြောင့် စစ်သည်တော်လေး လန့်ဖြတ်သွားရခြင်းဖြစ်၏။နောက်မှချက်ချင်းသတိပြန်ဝင်ကာ အားလုံးသည်ဂျိတ်အားအရိုအသေပြုလိုက်ကြ၏။ဂျိတ်ကလည်း ခေါင်းညိမ့်ကာ မိမိရှေ့မှစစ်တပ်ကြီးကိုသာကြည့်ရှုနေ၏။မိမိရှေ့၌စစ်သည်ငါးသိန်းပါရှိသော တပ်ကြီးရောက်ရှိနေပြီဖြစ်ကြောင်းတွေ့လိုက်ရ၏။တပ်ကြီးရောက်ရှိလာပြီဖြစ်ရာအလိုက်သင့်လုပ်ရှားရန်သာကျန်ရှိတော့၏။"ဟ နေပါဦး ဘယ်လိုဖြစ်ပြီး"စစ်သည်ငါးသိန်းထဲမှ နှစ်ယောက်ကတော့ မျက်လုံးဆန်ပြူးဖြစ်နေ၏။သူတို့ရှေ့၌မယုံချင့်စဖွယ်ကောင်းသောအရာကိုတွေ့လိုက်ရသောကြောင့်ဖြစ်၏။"ဒါမ...မဖြစ်နိုင်ဘူးလေ"သူ့မျက်စိရှေ့မှောက်မှအရာများက သူတို့အတွေးအားမှားယွင်းနေကြောင်းသက်သေပြနေ၏။သူတို့နှစ်ယောက်သည် တခြားသူများမဟုတ် စွန်ရဲအင်ပါယာစစ်သူကြီးနဲ့အတူဂရိတ်တိုင်းပြည် အားပထမဆုံးအကြိမ်လာတိုက်ခိုက်သောအထဲ၌ပါသူများဖြစ်၏။ဒဏ်ရာမှအမြန်ဆုံးပြန်လည်သက်သာလာသူများဖြစ်ပြီးလက်စားချေလိုသောကြောင့် စစ်သည်ငါးသိန်းထဲ၌ပါဝင်ကာရောက်ရှိလာသူများဖြစ်ကြ၏။ပထမအကြိမ်၌ မိမိတို့ဘက်မှ ဂရိတ်တိုင်းပြည်၏နယ်စပ်မြို့ဖြစ်သော ဖက်စ်မြို့အား မိမိတို့မှ ပထမဆုံးအကြိမ်တိုက်ခိုက်ရာ၌ ကျောက်ခဲပစ်စင်များအားကိုးဖြင့် ပစ်ခတ်ခဲ့၏။ထိုပစ်ခတ်မှုကြောင့် ဖက်စ်မြို့မှာ လုံးလုံးအထိနာခဲ့ရ၏။ထိုကျေက်ခဲပစ်စင်လောက်လွှဲများကြောင့် ဖက်စ်မြို့၏80%ရာခိုင်နှုန်းနဲ့ ဖက်စ်မြို့၏မြို့ရိုးတံတိုင်းများမှာ လုံးဝစုတ်ပျက်ခဲ့ရ၏။ယခုမှာကား မိမိတို့ကြောင့်ပျက်စီးခဲ့ဖူးသော မြို့ရိုးများနေရာအဆောက်ဦးများမှာ အကောင်းပကတိအတိုင်းရှိနေသည်ကိုမြင်လိုက်ရသောအခါ သူ၏အတွေးထဲ၌ ကြောက်လန့်ဖွယ်ရာအရာအား ပြန်ပြေးမြင်မိလေ၏။သူ၏အတွေးထဲ၌ မြန်ဆန်လှသလိုကြမ်းတမ်းလှသောဝေဟင်မှ ပျံသန်းနေသောအရာကိုပင်ဖြစ်၏။ထိုအရာကြောင့်သူတို့လုံးဝအထိနာခဲ့ရသည်မဟုတ်ပါလား။("နေပါဦး")လုံးဝစုတ်ပျက်သွားသောမြို့ရိုးနဲ့တစ်မြို့လုံးအားနှစ်လတည်းဖြင့်ပြုပြင်ရန်ဆိုသည်မှာလွယ်ကူလှသောအရာမဟုတ်ပေ။ မိမိတို့လိုအင်ပါယာကြီးပင် တစ်မြို့ပျက်စီးပါက အနည်းဆုံးတစ်နှစ် ပြုပြင်ရန်အချိန်ပေးရမည်မဟုတ်ပါလား။ယခုမှ နှစ်လသာသာအချိန်မျှသာ ရှိသေးရာ ဂရိတ်တိုင်းပြည် မှမည်သို့လုပ်ဆောင်လိုက်သနည်း၏။("နေပါဦး လေပေါ်မှပျံတာမျိုးတောင်ရှိသေးတာ မြို့ပြင်ဖို့တခြားအစွမ်းထက်တာတွေရှိနေရင် မြို့ပြင်ဖို့ကမခဲယဥ်းတော့ဘူးပဲ")ကြောက်မက်ဖွယ်ရာအကြောင်းများအား ထိုစစ်သည်မှဆက်စပ်တွေးမိလိုက်သည်။ဂရိတ်တိုင်းပြည်သည် ချက်ချင်းပင်သေးငယ်သောတိုင်းပြည်အဖြစ်မှ ဧရာမဘီလူးအသွင်သို့ပြောင်းသွားသည်ဟု သူခံစားမိသည်။ဂရိတ်တိုင်းပြည်ခေါ်ဧရာမဘီလူးသည် သူ၏အိပ်စက်ရာမှပြန်လည်ထကြွကာသောင်းကြွန်းတော့မည်ဖြစ်ကြောင်းပမာခံစားမိ၏။ထိုခံစားမှုနဲ့အတူ ယခုတိုက်ပွဲသည်လည်း ဆိုးဆိုးဝါးဝါးကြီးဖြစ်တော့မည်ဖြစ်ကြောင်းပါ ထပ်မံခံစားလိုက်ရပြန်၏။"ဒီလိုအနုတ်ဂုတ်စုတ်တိုင်းပြည်လေးကများ ငါ့စစ်သူကြီးနဲ့လူတွေကိုဖမ်းထားရဲ့သေးတယ်..ချက်ချင်းပြန်လွတ်လိုက်စမ်း"ထိုသို့ပြောလိုက်သူကတော့ စွန်ရဲအင်ပါယာမင်းမြတ်ပင်ဖြစ်၏။သူသည် စစ်သည်ငါးသိန်းကိုခေါ်ဆောင်လာပြီးတိုက်ခိုက်ရန်လာသူလည်းဖြစ်၏။လက်ရှိအခြေနေ၌သူသည် ကောင်းကင်ထက်၌ သူ၏လက်စွဲတော် စွန်ရဲကြီးတစ်ကောင်အား စီးနှင်းထားသည်။ထိုစွန်ရဲကြီးသည် အလွန်အစွမ်းထက်ပြီး မြန်ဆန်ကာ သားရဲသွေးဆက်လည်းပါရှိ၏။စွန်ရဲအင်ပါယာ၏ကျင့်ကြံခြင်းစစ်သည်အဆင့်က မြင့်မားသောကြောင့် အသံလှိုင်းက ဖက်စ်မြို့တစ်ခုလုံးအား လွှမ်းခြုံသွားလေ၏။ဖက်စ်မြို့၌ သာမန်ပြည်သူပြည်သားများအား ထုံးစံအတိုင်းခိုလှုံရာနေရာသို့ပို့ထားပြီးဖြစ်သောကြောင့် စစ်သည်များနဲ့ဂျိတ်သည် ကျန်သည်ဖြစ်၏။"မလွတ်နိုင်ဘူး... ငါ့တိုင်းပြည်ကိုလာတိုက်တဲ့ကောင်တွေကိုမင်းပြောသလိုလွတ်ပေးလိုက်ရင် ငါ့သိက္ခာကျတာပေါ့ကွာ"ဂျိတ်၏အသံကလည်း စွန်ရဲအင်ပါယာနီးနီးကျယ်၏။"ဒီအတိုင်းတော့ မလွတ်နိုင်ဘူး တစ်ယောက်ကိုရွှေသိန်းတစ်ရာပေးရမယ် ပြီးတော့စစ်သူကြီးကိုတော့ ရွှေသိန်းတစ်ထောင်ပေးရမယ်"ထိုစကားကြောင့် စစ်သည်ငါးသိန်းပါ ဒေါသထွက်လာကြ၏။ဂျိတ်၏အပြုမှုမှာ လွန်လွန်သည်မဟုတ်ပါလား။ဂျိတ်သည် ဒေါသထွက်ခြင်းဖြင့်အမှတ်ရနိုင်သော စနစ်ပိုင်ရှင်ဆိုပါက တော်တော်လေးပွပေါက်ရမည်ဖြစ်၏။ဂျိတ်၏စကားကြောင့် စွန်ရဲအင်ပါယာသည်မှာလည်းတော်တော်ကိုဒေါသထွက်သွား၏.။မိမိ၏လက်အောက်ခံတိုင်းပြည်လေးမှာ အဘယ်ကြောင့် မိမိအားပြန်လည်စော်ကားဝံနေသနည်း။မိမိ၏စစ်သူကြီးကိုပင်ဖမ်းဆီးပြီးပြန်လည်ရွေးခိုင်းနေသေး၏။ဒါက အင်ပါယာတစ်ပါးဖြစ်သည့်သူ့အတွက်မျက်နှာပျက်စရာမဟုတ်ပါလား။"ပစ်ခတ်ကြ"စွန်ရဲပေါ်မှ အင်ပါယာသည် ဂျိတ်စကားကြောင့် ဒေါသထွက်စွာဖြင့် ပစ်မိန့်ပေးလိုက်၏။ထိုစကားကြောင့် စွန်ရဲစစ်တပ်မှ လေးသည်တော်များကဖက်စ်မြို့အားချိန်ရွယ်ကာ ပစ်ခတ်လိုက်ကြ၏။"ဝီး....ဝီး....ဝီးးးး"များစွာသော မြှားတို့သည် လေထဲ၌ဝဲကုန်၏။ထိုမြှားများသည် အလွန်ပင်များပြားလှသောကြောင့် အဝေးမှကြည့်ပါက ကောင်းကင်၌ဧရာမငှက်အုပ်ကြီးပုံစံပင်ပေါ်၏။များပြားလှသောမြှားများ၌ ချာက္က ရာများပါ ထည့်သွင်းထားသောကြောင့် မြှားများထိမှန်ပါက သေချာပေါက်သေကြေရမည်ဖြစ်၏။"ဝုနျးးးးးး"ကျောက်ခဲပစ်လောက်လွှဲစင်များကလည်း ပစ်ခတ်လိုက်ကြ၏။မြှားမိုးရွာသည့်နောက်၌ ခဲမိုးရွာသလိုပင်ဖြစ်၏။ထိုသို့ပစ်လိုက်သောပထမအကြိမ်နဲ့ပင် ဖက်စ်မြို့မှာ လုံးဝပျက်စီးသွားလောက်အောင်အထိ ပြင်းထန်၏။ဧရာမမြှားနဲ့ကျောက်ခဲမိုးကြောင့် ဖက်စ်မြို့၏စစ်သည်တော်များ ထိတ်လန့်သွားကြရ၏။သူတို့၏ဘုရင်သည် အဘယ်ကြောင့် စွန်ရဲအင်ပါယာအား ထိုမျှအထိ ဒေါသထွက်အောင်စရဲသနည်း။"ကဲ ဖက်စ်မြို့ကာကွယ်ရေးစနစ်ဖွင့်စမ်း"မြှားနဲ့ခဲမိုးကြောင့် ဂျိတ်သည် စစ်သည်တော်များအားကာကွယ်ရေးစနစ်ဖွင့်ခိုင်းလိုက်၏။"ဖွင့်လိုက်ပါပြီဘုရင်"ဖက်စ်မြို့၏ကာကွယ်ရေးစနစ်ဖွင့်လိုက်သည်နဲ့ မြို့ရိုးတံတိုင်းထက်၌ ငြိမ်သက်နေသော လက်နက်များသည်အသက်ဝင်လာ၏။ထိုလက်နက်များအား ပထမဆုံးအကြိမ်အသုံးပြုခြင်းလည်းဖြစ်၏ထိုလက်နက်များသည် ဖက်စ်မြို့ရိုးလေးဖက်လုံး၌တည်ရှိပြီးတစ်ဖက်လျှင် လေးခုတည်ရှိကာ စုစုပေါင်းတစ်ဆယ့်ခြောက်ခုတည်ရှိ၏။လက်ရှိမှ အတိုက်ခံရသောမြို့ရိုးဖက်မှကာကွယ်ရေးလက်နက်လေးခုအသက်ဝင်လာခြင်းဖြစ်၏။လက်နက်ပုံစံသည် လေဆာပစ်ခတ်သော သိပ္ပံလက်နက်နဲ့ဆင်တူ၏။သို့သော် လေဆာပစ်ခတ်သည်မဟုတ်ပဲ လျှပ်စီးးများပစ်ခတ်သည်ဖြစ်၏။ကာကွယ်ရေးလက်နက်များသည် မြှားနဲ့ခဲမိုးတို့ရှိရာဖက်သို့ပစ်ခတ်လိုက်ကြ၏။"ကျီ .....ကျီ .ကျီ .ကျီ ..."လျှပ်စီးလုံးလေးလုံးအား ကာကွယ်ရေးလက်နက်လေးခုမှထုတ်လွှတ်ပစ်ခတ်ခိုက်ခြင်းဖြစ်၏။ထိုလျှပ်စီးလေးလုံးသည်မြှားမိုးနဲ့ခဲမိုးအုပ်ကြီးအား မိတ်ဆက်၏။မိတ်ဆက်သည်နဲ့"ဝီ.....အုန်း"ထိုလျှပ်စီးလုံးလေးလုံးမှ ပြင်းထန်သောတွန်းကန်အားကြီးဖြစ်တည်လာ၏။ထိုတွန်းကန်အားကြီးသည် အရှိန်ဖြင့် လာနေသော မြှားနဲ့ခဲမိုးတို့အား ပြင်းစွာရိုက်ခတ်၏။ထိုရိုက်ခတ်အားမှာ လွန်စွာပြင်းထန်သောကြောင့် မြှားနဲ့ခဲမိုးတို့သည် လေထဲ၌ပင် တန့်ကုန်၏။"ကျီ ..ကျီ ....ကျီ ....ကျီ "နောက်ထပ်လျှပ်စီးလေးလုံးအား ကာကွယ်ရေးလက်နက်များမှပစ်ခတ်လိုက်၏။ထိုလျှပ်စ်ီးလုံးများက လေထဲ၌တွန်းကန်အားကြောင့် အရှိန်တန့်သွားသော မြှားခဲတို့အား ဖျက်စီးပစ်၏။ပြင်းအားများပြားသောကြောင့် မြှားနဲ့ခဲတို့သည် လေထဲ၌ပင် အမှုန့်အဖြစ်ပြောင်းလဲသွား၏။"စစ်သည်တော်တွေဖက်ပစ်လိုက်"ဂျိတ်၏စကားကြောင့် ကာကွယ်ရေးလက်နက်လေးခုမှာ စွန်ရဲအင်ပါယာစစ်သည်များထံပစ်လွတ်လိုက်၏။"ကျီ ...ကျီ ...ကျီ ...ကျီ "ထိုနောက်ထပ်ပစ်လိုက်သော လေးချက်သည် စစ်သည်တော်များအုပ်စုထဲကျရောက်သွား၏။လျှပ်စီးလုံးများသည်စစ်သည်တော်များထဲကျရောက်သည်နဲ့"ကျီ ...ဝီ.အုန်း...."ပြင်းထန်သောတွန်းအားကြီးထွက်ပေါ်လာ၏။ထိုတွန်းအားကြောင့် စုဝေးနေသော စစ်သည်များ တွန်းကန်အားကြောင့်အဝေးသို့လွင့်စင်သွားရ၏။ပစ်ခတ်လိုက်သောလျှပ်စီးလုံးများပေါက်ကွဲမှုကြောင့်စုဝေးနေကြသော စွန်ရဲစစ်တပ်ကြီးမှ စုစည်းပုံပျက်သွား၏။"ဒီလက်နက်တွေသာရလိုက်ရင်"အင်ပါယာ၏မျက်လုံးများကား ပိုမိုတောက်ပလာ၏။ထိုလက်နက်များစိတ်က ပြင်းပြလာ၏။စစ်သူကြီးကိစ္စပင်မေ့လျော့ပြီး ထိုလက်နက်များအား အပိုင်စီးလိုစိတ်ထက်သန်လာ၏။"တိုက်ကြ""ကျား....ကျား..."စစ်သည်ငါးသိန်းမှာ ညာသံပေးပြီး ဖက်စ်မြို့ထံဝင်ရောက်လာကြ၏။"သူတို့ဖက်က ဒီလိုဆိုတော့လဲ ကြိုဆိုရတာပေါ့"ဂျိတ်၏စကားဆုံးသည်နဲ့"ဝီး...."လေထဲ၌ အသံ၏အမြန်နှုန်းနီးပါး အရာသည် ပျံသန်း၍လာနေ၏။ဤအရာကား f22ပင်ဖြစ်၏။တိုက်ခိုက်ရန်ပြင်းပြနေသော စွန်ရဲစစ်သည်များအား ဆုံးမရန် နောက်တစ်ကြိမ်လေထဲသို့ပြန်လည်ရောက်ရှ်ိလာခြင်းလည်းဖြစ်၏။တိုက်ပွဲကား စတင်ခဲ့ပြီဖြစ်၏။
(233)တိုက်ပွဲ(2)
."ဟိုနတ်ဆိုးပြန်လာပြီ"စွန်ရဲစစ်သည်တစ်ယောက်မှအော်ပြောလိုက်၏။ထိုစစ်သည်သည် f22၏တိုက်ခိုက်ခြင်းကို ခံစားဖူးထားသောသူလည်းဖြစ်၏။သူ၏ကျယ်လောင်လှသောအသံကြောင့် ကျန်သောစစ်သည်များကလည်း သတိထားမိသွား၏။ကောင်းကင်ယံ၌အနက်ရောင်အရာတစ်ခုက မြန်ဆန်စွာသွားနေသည်ကိုတွေ့လိုက်ကြရ၏။"ပစ်ကြ"ကျောက်ခဲများ လှံများ မြှားများက f22ကိုပစ်ခတ်လိုက်ကြ၏။သို့သော်လည်း ကောင်းကင်၌ပျံသန်းနေသောအကွာဝေး မြန်ဆန်လှသောအရှိန်နှုန်းတို့ပါရှိသော f22လေယာဥ်ကိုထိမှန်ရန်လုံးဝမဖြစ်နိုင်ချေ။"အသေသတ်ဖြတ်ခြင်း စနစ်အသက်သွင်းပါပြီ"တိုက်ခိုက်မှုများကြောင့် f22လေယာဥ်၏စနစ်မှ သတ်ဖြတ်ခြင်းစနစ်သို့ဝင်ရောက်သွားလေ၏။"တီ"f22တိုက်လေယာဥ်မှ စက်သေနတ်ထွက်ပေါ်လာပြီး စွန်ရဲစစ်သည်အုပ်စုသို့ပစ်ခတ်လိုက်တော့၏။"ဒက်...ဒက်...ဒက်...ဒက်""အင့်.....အား"စွန်ရဲစစ်သည်ဆယ်ယောက်မှကျည်ဆံထုတ်ခြင်းပေါက်၍သေဆုံးကုန်ကြ၏။"အမြန်ကာကွယ်ခြင်းပုံစံဖော်"လျင်မြန်စွာပင် ဒိုင်းများဖြင့် ကာကွယ်ခြင်းပုံစံဖော်လိုက်ကြ၏။ယခင်တစ်ခေါက်ကထက် လူအင်အားများသည်က တစ်ကြောင်း ဒိုင်းများ၏အရည်သွေးကကောင်းသည်က တစ်ကြောင်းကြောင့် ဒီတစ်ခေါက် စက်သေနတ်ကျည်ဆံများကဖောက်ထွက်နိုင်ခြင်းမရှိတော့ပေ။စက်သေနတ်မှအကျိုးသက်ရောက်မှုမရှိမှန်း သိသည်နဲ့ တိုက်လေယာဥ်မှ ဗုံးနှစ်လုံးကျဲချလိုက်၏။"ဝီး.."ဒိုင်းများဖြင့်ကာကွယ်ခြင်းမရှိသော ဝေးရာသို့ ကျဲချလိုက်ခြင်းဖြစ်၏။ဗုံးနှစ်လုံးသည် မြေပေါ်သ်ို့ကျရောက်သည်နဲ့"ဂျုန်း"ကြောက်မက်ဖွယ်ရာ အသံကြီးနှင့်တကွ ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာ၏။ထိုပေါက်ကွဲမှုအနီးရှိသော စွန်ရဲစစ်သည်တော်တို့မှာ ရှောင်တိမ်းချိန်မရကြ။သေပွဲဝင်ကြရတော့၏။"တောက် ခွေးမသား"စွန်ရဲအင်ပါယာပြည့်ရှင်သည် ဒေါသထွက်သွား၏။ဆန်းကြယ်လှသော အနက်ရောင်အရာက မိမိ၏မျက်မှောက်အတွင်း မိမိစစ်သည်များအား သတ်ဖြတ်သွားသောကြောင့်ဖြစ်၏။ဗုံးကျဲချမှုကြောင့် အနည်းဆုံးစွန်ရဲစစ်သည် လေးထောင်မျှ ကြွသွားရသည်ဟုယူဆနိုင်၏။"လိုက်စမ်း""ဂီး"စွန်ရဲပြည့်ရှင်၏အမိန့်ပေးမှုကြောင့် သူ၏အောက်မှစွန်ရဲသည် တိုက်လေယာဥ်အားစတင်ဖမ်းဆီးတော့၏။စွန်ရဲ၏ဖမ်းဆီးသည့်ကြားမှပင် တိုက်လေယာဥ်သည် ဗုံးများကြဲသွားသေး၏။ပြေးရင်း ဒုံးကျည်များလည်းပစ်လွှတ်၏။ဝုန်း.....အုန်း....ဝုန်း......ပေါက်ကွဲသံများကား ဆူညံလှ၏။f22တိုက်လေယာဥ်၏ဗုံးများ ဒုံးကျည်များကြောင့် စွန်ရဲအင်ပါယာစစ်သည်တို့မှာ တစ်ဖြုတ်ဖြုတ်သေကြေ ကုန်၏။"အသေဖမ်းစမ်း"နောက်ထပ်အမိန့်ပေးလိုက်၏.။စွန်ရဲအင်ပါယာပြည့်ရှင်သည်အလွန်မင်းဒေါသထွက်နေပြီလည်းဖြစ်၏။သူ၏မျက်လုံးများက နီရဲနေ၏။တိုက်လေယာဥ်သည် သူလိုက်ဖမ်းနေသည့်ကြားမှပင်သူ၏စစ်သည်များအား ဆက်လက်တိုက်ခိုက်သတ်ဖြတ်နေသောကြောင့် သူ၏လူများ သေကြေနေရသည်မဟုတ်ပါလား။နောက်ထပ်အကြောင်ကတော့ တိုက်လေယာဥ်အား အလွန်မင်းလိုချင်စိတ်ဖြစ်ပေါ်နေ၏။ထိုအရာသည် သူ၏အင်ပါယာချဲ့ထွင်ခြင်းကား ကောင်းကောင်းကြီးအထောက်ကူပြုမည်ဟုသူ၏စိတ်ထဲ၌ လုံးဝတပ်အပ်သိနေသည်ဖြစ်၏။ထို့ကြောင့်ထိုတိုက်လေယာဥ်အား လုံးဝရစေရန် စိတ်ပိုင်းဖြတ်ထား၏။စွန်ရဲကိုနောက်ထပ်အမိန့်ပေးလိုက်သောအခါ စွန်ရဲကိုယ်မှအရောင်များတောက်ပလာကာ မြန်ဆန်လာ၏။ထိုမြန်ဆန်နှုန်းက တိုက်လေယာဥ်ကိုမှီလုနီးနီုးဖြစ်လာ၏။ထိုကြောင့် တိုက်လေယာဥ်သည် ဗုံးကြဲခြက်း ဒုံးကျည်ပစ်ခြင်းတို့ကို ရပ်တန့်ကာ လေထဲ၌ ရှောင်တိမ်းပျံသန်းရတော့၏။တိုက်လေယာဥ်၏ဗုံးများဒုံးကျည်များကြောင့် စွန်ရဲစစ်သည်သုံးသောင်းအထိ သေနှုန်းတိုးတက်လာ၏။သို့ရာတွင်စစ်သည်ငါးသိန်း၌ သုံးသောင်းသေဆုံးသွားခြင်းက ပြသနာမရှိသေးသည့်အနေထားဟုယူဆနိုင်၏။ထို့ကြောင့် စွန်ရဲစစ်သည်များသည် ကြောက်လန့်ခြင်းမရှိပဲ ဖက်စ်မြို့ရိုးအထိဆက်လက်ချီတက်လာကြ၏။ဖက်စ်မြို့၏ကာကွယ်ရေးစနစ်လက်နက်များသည် စွန်ရဲစစ်သည်များအား အဝေးသို့လွင့်ထွက်အောင်တွန်းထုတ်ခြင်းနဲ့ လက်နက်များအား ဟန့်တားခြင်းအထိသာလုပ်ဆောင်နိုင်သေး၏။အကြောင်းမှာ ကာကွယ်ရေးစနစ်သာတပ်ဆင်ပြီးထားပြီးသတ်ဖြတ်ခြင်းစနစ်မတပ်ဆင်ရသေးသောကြောင့်ဖြစ်၏။ကာကွယ်ရေးစနစ်တွင်လည်း ဟန့်တားခြင်းသာ ပြီးဆုံးပြီးခုခံချေမှုန်းရေးစနစ်မတပ်ဆင်ထားရသေးသောကြောင့်လည်းဖြစ်၏။ကျီ ...ကျီ ...ကျီ ...ကျီ ....လျှပ်စီးလုံးများက စုဝေးနေသောစွန်ရဲစစ်သည်များအားတွန်းလွတ်ခြင်း အချိန်ဆွဲခြင်းသာလုပ်ဆောင်နိုင်သေး၏။အဓိက သတ်ဖြတ်ခြင်းလုပ်သည့် တိုက်လေယာဥ်မှာလည်းစွန်ရဲနောက်မှလိုက်နေသောကြောင့် ထွက်ပြေးရှောင်တိမ်းနေရ၏။ကျန်ရှိနေသေးသော စစ်သည်လေးသိန်းကျော်နီးပါးက ဖက်စ်မြို့ထံဦးတည်ပြေးလာကြ၏။"ဟင်း...ငါပါဝင်ပါရတော့မယ်ထင်တယ် "ဂျိတ် သက်ပြင်းချလိုက်၏။သူ၏စစ်သည်များအား တိုက်ပွဲထဲထည့်လိုက်ပါက တိုက်ခိုက်ရန်ပင်အချိန်မရပဲ တစ်ခါတည်းရှောကုန်ကြမည်ဖြစ်၏။ထို့ကြောင့် တိုက်ပွဲထဲမပါပဲ မြို့ရိုး၌သာနေရန် ဂျိတ်ကိုယ်တိုင်အမိန့်ပေးထားခြင်းဖြစ်၏။"ဒီပုလင်းလေးတွေအသုံးဝင်လာပြီ "ဂျိတ်လက်ထဲ၌ အပြာရောင်ပုလင်းငါးပုလင်းကိုင်ဆောင်ထား၏။ထိုပုလင်းငါးပုလင်းသည် အပြာရောင်ရှိပြီးတစ်ခါတစ်ရံလျှပ်စီးများတောက်ပနေ၏။ထိုပပြာရောင်ပုလင်းငါးပုလင်းသည် လက်ရှိခေတ်တွင် ဓာတ်ခွဲခန်း၌သုံးသော ပုလင်း(test tube)နဲ့တူ၏။ထိုပုလင်းများပေါ်၌ရွှေရောင်တောက်ပနေပြီး 'max အမြင့်ဆုံးဟုရေးသားထား၏။ဟုတ်ပေသည်။သင်သည်သာ clash of clans ဂိမ်းအား စွဲစွဲမြဲဲမြဲဆော့ဖူးသူဆိုပါက မြင်ရုံဖြင့် တန်းသိနိုင်ပေမည်ဖြစ်၏။လက်ရှိလည်း ဂျိတ်သည် ထိုပုလင်းများအသုံးပြုတော့မည်ဖြစ်၏။ဝီး......ဂျိတ်သည် ထိုအပြာပုလင်းငယ်ငါးပုလင်းအား တစ်နေရာစီပစ်လွတ်လိုက်၏။ပစ်လိုက်သောအရှိန်ဖြင့် ပုလင်းများသည်လည်း ဂျိတ်စိီစဥ်သည့်အတိုင်း သတ်မှတ်ရာနေရာများသို့ကျရောက်လာ၏။ထိုပုလင်းများသည် မြေပြင်ပေါ်သို့ ပစ်လိုက်သည့်အရှိန်ကြောင့် ရောက်သည်နဲ့"ခလွမ်းး....."မြေပြင်ပေါ်သို့ကျရောက်ပြီးသည်နဲ့ နှစ်စက္က န့်အတွင်းပြောင်းလဲမှုကြီးဖြစ်ပေါ်လာ၏။သာယာနေသောရာသီဥတုကြီးက ချက်ချင်းဆိုသလို ပြောင်းလဲလာ၏။နေမင်းကြီးသာရှိသော ကောင်းကင်ယံမှာ ချက်ချင်းပင် တိမ်မဲကြီးများဖြင့်ပြည့်နှက်လာ၏။"ဟမ် ဘာဖြစ်တာတုန်းဟ"စွန်ရဲအင်ပါယာစစ်သည်များ ကြောင်သွားကြ၏။ရုတ်ခြည်းဖြစ်ပေါ်လာသောအခြေနေကြောင့် ကြောင်သွားကြခြင်းဖြစ်၏။တီ......ဆေးပုလင်းများကွဲကြသွားသည်နေရာများမှ စက်ကွင်းတစ်ခုစီ ပေါ်လာ၏။ထိုစက်ကွင်းများသည် ဧရိယာတစ်ခုအတိုင်းအတာအထိပြန့်နှံတည်ရှိကာ ပျောက်ကွယ်သွား၏။စက်ကွင်းများပျောက်ကွယ်သွားသည်နဲ့...ကောင်းကင်ယံရှိတိမ်မဲများမှ"ဂျိန်း..ဂျိန်း....ဂျိန်း....ဂျိန်း....ဂျိန်း....ဂျိန်း.....ဂျိန်း....ဂျိန်....ဂျိန်....ဂျိန်းး....ဂျိန်း...."ကောင်းကင်ယံရှိတိမ်မဲများမှ မိုးကြိုးလျှပ်စီးများ ဆက်တိုက်ထွက်ပေါ်လာကာ ဆေးပုလင်းများကွဲကျရာနေရာများသို့သက်ဆင်းလေတော့၏။"အားးးးးးးးးးးးးးးးး"မိုးကြိုးလျှပ်စီးများက ဆက်တိုက်ဆိုသလို မြေပြင်သို့ပစ်ခတ်ကျဆင်းလာကြ၏။ထိုသို့ပစ်ခတ်ကျဆင်းလာမှုကြောင့်ဆေးပုလင်းကျကွဲရာနေရာ၌ ရှိနေကြ ကုန်သော စွန်ရဲအင်ပါယာစစ်သည်များမှာ မိုးကြိုးလျှပ်စီးပစ်ခတ်မှုများကို ခံစားလိုက်ကြရ၏။"ဆေးပုလင်းအစွမ်းကမဆိုးဘူးပဲ"ဂျိတ်ခေါင်းညိတ်ရေရွတ်လိုက်၏။သူသုံးသော မိုးကြိုးလျှပ်စီးဆေးပုလင်းငါးပုလင်းကကောင်းကောင်းကြီး အစွမ်းပြသနေပြီဖြစ်၏။
(234)တိုက်ပွဲ(3)
စွန်ရဲငှက်ကြီးသည် စွန်ရဲပြည့်ရှင်မင်းအား တင်ဆောင်လျက်ဖြင့် f22တိုက်လေယာဥ်အား လိုက်လံဖမ်းဆီးနေ၏။မြန်ဆန်လာသော စွန်ရဲငှက်၏အရှိန်ကြောင့် တိုက်လေယာဥ်ကိုမှီရန်အနည်းငယ်သာ လိုတော့၏။"သေစမ်း"စွန်ရဲပြည့်ရှင်သည် စွန်ရဲငှက်ပေါ်မှနေ၍ ဓားတစ်ချက်လေထဲခုတ်ပိုင်းလိုက်၏။ထိုခုတ်ပိုင်းချက်က ချာက္က ရာလေဓားအသွင်ပြောင်းလဲသွားပြီး တိုက်လေယာဥ်အားထိမှန်လေ၏။"ထန်"လေဓားချက္က ရာက တိုက်လေယာဥ်၏တောင်ပံအားထိမှန်၏။ထိမှန်သွားသောတိုက်လေယာဥ်တောင်ပံသည် အစင်းရာထင်သွားလေတော့၏။ထိုအစင်းရာကြောင့် စွန်ရဲပြည့်ရှင်သည် ထိုတိုက်လေယာဥ်အား ပိုမိုလိုချင်စိတ်ပြင်းထန်လာ၏။သူ၏တိုက်ကွက်ထိသော်လည်း အစင်းရာသာထင်သည်ဆိုသည်က အလွန်ပင်မာကျောကြောင်း သူသိနေသောကြောင့်ဖြစ်၏။"လေယာဥ်တောင်ပံ ထိမှန်သွား၏။ပြေးလွှားခြင်းစနစ်ပြောင်းလဲမည် တစ်ဦးတည်းသီးသန့်အထူးတိုက်ခိုက်သတ်ဖြတ်ခြင်းအဖြစ်သို့ပြောင်းလဲမည်"လေယာဥ်သည် သူ၏တောင်ပံထိမှန်ခြင်းခံရသောကြောင့်စနစ်ပြောင်းလဲသွား၏။စနစ်ပြောင်းလဲမှုကြောင့်သူ၏လုပ်ဆောင်ချက်သည် အလွန်ပြင်းထန်သော သတ်ဖြတ်မှုပုံစံအဖြစ်ရောက်ရှိသွား၏။"မကောင်းတော့ဘူး စွန်ရဲရှောင်တော့"စွန်ရဲပြည့်ရှင်သည် ချက်ချင်းရရှိလိုက်သော ကြောက်မက်ဖွယ်ခံစားချက်ကြောင့် စွန်ရဲအားရှောင်တိမ်းခိုင်း၏။"တီ...တီ.တီ"တိုက်လေယာဥ်မှသိမ်းဆည်းထားသော စက်သေနတ်ဒုံးကျည်များ ကရုတ်ခြည်းဆိုသလိုပေါ်လာပြီး စွန်ရဲငှက်အားစတင်ပစ်ခတ်လိုက်တော့၏။"ဒက်...ဒက်....ဒက်.....ဒက်...ဒက်.....ဒက်....""ဝုန်း.....ဝုန်း...ဝုန်း...."စက်သေနတ်ကျည်ဆံများ ဒုံးကျည်များ က စွန်ရဲငှက်ကို ဦးတည်လာကြ၏။စွန်ရဲငှက်မှ မြန်ဆန်စွာရှောင်တိမ်းသော်လည်း အကုန်လုံး အား ရှောင်တိမ်းနိုင်သည်မဟုတ်ရာအနည်းငယ်ထိမှန်သွား၏။"ဂီ....."စွန်ရဲ၏ခြေထောက်အား ထိမှန်သွား၏။စက်သေနတ်ကျည်များထိမှန်ခြင်းကြောင့် နာကျင်စွာမြည်တမ်းလိုက်ရ၏။နာကျင်သော်လည်း စွန်ရဲမှာ ဆက်လက်ရှောင်တိမ်းလိုက်ရ၏။အကြောင်းကား နောက်မှ ဒုံးကျည်များရှိသေးသောကြောင့်ဖြစ်၏။"ရွှမ်း.....ဝီး...ဝီး..."စွန်ရဲရှောင်တိမ်းကောင်းမှုကြောင့်လည်းဖြစ်သလို စွန်ရဲပြည့်ရှင်၏ဓားချက်များကြောင့် ဒုံးကျည်များမှာ လေထဲ၌ပင်ပေါက်ကွဲကုန်၏။"အုန်း...အုန်း...."လေထဲ၌ပေါက်ကွဲမှုကြီးများဖြစ်ပေါ်လာ၏။ထိုပေါက်ကွဲမှုကြိီးပင် အလွန်ပြင်းထန်ကြောင်း စွန်ရဲပြည့်ရှင်သည် ခံစားမိ၏။တိုက်ရိုက်သာထိမှန်ပါက မတွေးဝံနိုင်စရာပင်ဖြစ်၏။"လက်နက်စစ်ဆေးမှုစက်သေနတ်ကျည် ကုန်ဆုံးတာဝေးပစ်ဒုံးကျည်.. ကုန်ဆုံး.တာတိုပစ်ဒုံးကျည်.. ကုန်ဆုံး.ဗုံးများ..ကုန်ဆုံးအပူအာရုံခံဒုံးကျည်လေးစင်းသာကျန်ရှိ ""ဝုန်း....."f22တိုက်လေယာဥ်မှ သူ၏နောက်ဆုံးသော ဒုံးကျည်လေးစင်းပစ်ခွင်းလိုက်၏။တိုက်လေယာဥ်သည် စနစ်မှထပ်မံမွမ်းမံခြင်းမရှိရာ သူ၏လက်နက်များမှာ အကန့်သတ်ရှိ၏။ထို့ကြောင့် သူ၏နောက်ဆုံးလက်ကျန်ဒုံးကျည်လေးစင်းအားပစ်ခွင်းလိုက်၏။စွန်ရဲငှက်မှာ ရှောင်တိမ်း၏။ သို့သော်လည်း အပူအာရုံခံစနစ်ပါရှိသော ဒုံးကျည်လေးစင်းလက်မှ လွတ်မြောက်ရန်မဖြစ်နိုင်ပေ။"ဝုန်း""ရွှမ်း"စွန်ရဲငှက်အား ဒုံးကျည်လေးစင်းလုံးထိမှန်ပေါက်ကွဲသည်နဲ့လေချာက္က ရာဓားတစ်ခုကလည်း ထွက်ပေါ်လာပြီး တိုက်လေယာဥ်အားထိမှန်တော့၏။"ဝုန်း"ထိုလေချာက္က ရာဓားမှာပြင်းထန်သောကြောင့် တိုက်လေယာဥ်၏တောင်ပံအား ထိမှန်တော့၏။ထိုအခါတောင်ပံတစ်ဖက်မှမီးခိုးများအူထွက်လာပြီး ဟန်ချက်ထိန်းနိုင်ခြင်းမရှိတော့ပဲမြေပေါ်သို့ပြုတ်ကျသွားရတော့၏။စွန်ရဲငှက်သည်လည်း ဒုံးကျည်လေးစင်းပေါက်ကွဲမှုကြောင့်မြေပြင်သို့ပြုတ်ကျလာ၏။"ဘုတ်""သောက်ခွေးမသား"ထိုအသံက စွန်ရဲငှက်နဲ့အတူမြေသို့ကျလာပြီးနောက် ကုန်းရုန်းထပြီး ဆဲလိုက်သော စွန်ရဲပြည့်ရှင်ပင်ဖြစ်၏။သူလျော့တွက်မိသွားသောကြောင့် တိုက်လေယာဥ်၏ဒုံးလေးစင်းကို သူ၏ငှက်မှ ခံလိုက်ရ၏။ယခုသူ၏ငှက်သည် လုံးဝမဲတူးချိတ်ပြီး သေဆုံးနေပြီဖြစ်၏။သူသည်ပင် သူ၏ကိုယ်၌ဆင်ယင်ထားသောချပ်ဝတ်တန်ဆာကြောင့် မသေသည်ဖြစ်၏။သူ၏အကြည့်များကမြေပြင်၌ရောက်နေသော တိုက်လေယာဥ်ကိုကြည့်လိုက်ကာပြုံးလိုက်၏။သူသည်သာ ထိုတိုက်လေယာဥ်ကိုရပါက အနည်းဆုံးတော့ငှက်သေရခြင်း၏တန်ဖိုးကို ကာမိမည်ဖြစ်၏။ထိုအခိုက်၌တိမ်မဲကြီးများအုပ်ဆိုင်းလာကြောင်း တွေ့လိုက်ရ၏။"ဘာဖြစ်တာလဲဟ"ထို့နောက် မိုးကြိုးများကျဆင်းလာကြောင်းပါတွေ့လိုက်ရ၏။ထိုမိုးကြိုးများကျဆင်းရာနေရာသည် သူ၏စစ်သည်တော်များရှိရာနေရာပင်ဖြစ်၏။ဂျိန်းးးးးးးးးးးးဂျိန်းဂျိန်းမိုးကြိုးလျှပ်စီးများက စစ်သည်များရှိရာနေရာသို့ ကျဆင်းလာ၏။သနားခြင်းကြင်နာခြင်းလုံးဝမရှိ အညှာတာမဲ့စွာ ကျဆင်းလာ၏။စစ်သည်တော်များသည် အစွမ်းတော်သည်ဆိုနိုင်သော်လည်း မိုးကြိုးလျှပ်စီးများအား ခုခံသည်အထိတော့စွမ်းဆောင်နိုင်ခြင်းမရှိပေ။ထိုမိုးကြိုးလျှပ်စီးများက စွန်ရဲအင်ပါယာစစ်သည်များ၏အသက်များအား စတင်ကာဖျက််စီးလိုက်တော့၏။ဖြစ်စဥ်ကား လုံးဝပရမ်းပတာပင်။မိုးကြိုးများလျှပ်စီးများကြောင့် စွန်ရဲအင်ပါယာစစ်သည်များမှာ သေကုန်ကြ၏။ထိုမိုးကြိုးများသည် ဆယ့်စက္က န့်မျှပစ်ခတ်ပြီးသည်နဲ့ ချက်ချင်းပင်ပျောက်ကွယ်သွား၏။တိမ်မဲကြီးများသည်လည်း ချက်ချင်းပင်ပေါက်ကွယ်သွား၏။ထိုအခါ ကျန်ရှိနေသောအရာများကား ကံကောင်းထောက်မစွာ ရှင်ကျန်နေသောစွန်ရဲအင်ပါယာစစ်သည်များနဲ့ သေဆုံးနေသော မဲတူးနေသည့်စစ်သည်ရုပ်ကြွင်းအလောင်းများပင်ဖြစ်၏။(."မိုးကြိုးပုလင်းငါးပုလင်းကြောင့် စွန်ရဲအင်ပါယာစစ်သည်ပေါင်း သုံးသိန်းရှစ်သောင်းနှစ်ထောင်လေးရာ့ငါးဆယ်ယောက် ထပ်မံသေဆုံးသွားပါသည်။")(."စွန်ရဲအင်ပါယာမှစစ်သည်များကျန်ရစ်သူပေါင်း ရှစ်သောင်းခုနှစ်ထောင်တစ်ရာငါးဆယ့်ငါးယောက်ဖြစ်ပါ၏။")စနစ်မှ ဂျိတ်အားရှင်းပြ၏။ဂျိတ်လည်း ခေါင်းညိတ်လိုက်၏။သူသုံးလိုက်သော ဆေးပုလင်းငါးပုလင်းမှာ အစွမ်းထက်သောကြောင့် သုံးသိန်းကျော်ပင်သေဆုံးကြရလေ၏။ဆေးပုလင်းကြောင့်သေဆုံးသူများနဲ့အစောပိုင်းကတိုက်လေယာဥ်၏လက်ချက်များနဲ့ပေါင်းသောအခါ ထိုမျှသာကျန်ရှိတော့ခြင်းဖြစ်၏။ကျန်ရှိနေသောစွန်ရဲစစ်သည်တော်များလည်း သွေးပျက်နေပြီဖြစ်၏။သဘာဝဖြစ်ရပ်ဆန်းများပါ ပါရှိနေပြီး မိမိတို့၏စစ်သည်များမှာလည်း မိုးကြိုးပစ်ခံရပြီးသေဆုံးကုန်သောကြောင့် ဆက်လက်တိုက်ခိုက်ချင်စိတ်လုံးဝပျောက်ဆုံးသွားကြလေ၏။"ဆက်လက်တိုက်ခိုက်နေမယ်ဆိုရင် အကုန်လုံးကိုသတ်ရလိမ့်မယ်"ဂျိတ် ၏အသံက ဟိန်းထွက်လာ၏။ဂျိတ်၏အသံကြောင့်ကျန်ရှိနေသေးသော စွန်ရဲစစ်သည်များလည်း မိမိတို့ကိုင်ဆောင်ထားသော လက်နက်များ ပစ်ချလိုက်၏။ယခုချိန်၌မိမိတို့သည် ဘယ်အချိန်သတ်သတ် ရနိုင်သောကြက်ကလေးများပမာဖြစ်နေကြောင်း ရိပ်စားမိ၏။ထို့ကြောင့်လည်း တိုက်ခိုက်လိုစိတ်များမရှိကြတော့ပေ။"ဂရိတ်ဘုရင် ငါနဲ့လာတိုက်စမ်း မင်း နိုင်ရင် လျော်ကြေးပေးမယ် ငါနိုင်ရင် မင်းဖမ်းထားတဲ့ဓားစာခံတွေပါပြန်လွတ်ပေး"စွန်ရဲပြည့်ရှင်သည် ဂျိတ်အားအော်လိုက်၏။ထိုအော်သံကို ဂျိတ်မှ ကြားသော်လည်း ဂရုမစိုက်ပေ။("စနစ်အသိပေးချက် စွန်ရဲအင်ပါယာပြည့်ရှင်သည်ကောင်းကင်စည်းမျဥ်းအသက်သွင်းလိုက်ပါ၏။ထိုစည်းမျဥ်းအရ သင်သည်သူနဲ့ တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဖြစ်၏။နိုင်ပါက သူပြောသောအကြောင်းရာကို ခံစားခွင့်ရမည်။ငြင်းပယ်ပါက ကံဆိုးမိုးမှောင်ကျမည်")စနစ်အသိပေးမှုကြောင့် စွန်ရဲအင်ပါယာပြည့်ရှင်သည် မိမိအား တွန်းအားပေးနေကြောင်း သိလိုက်၏။မိမိမှာ မိမိ၏ခွန်အားမပြသလိုသော်လည်း စွန်ရဲအင်ပါယာပြည့်ရှင်သည် တောင်းဆိုနေသည်ဖြစ်ရာ လုပ်ရှုားရတော့မည်ဖြစ်၏။"ကောင်းပြီ ငါတို့တိုက်ကြတာပေါ့"ဂျိတ်သည် စွန်ရဲအင်ပါယာပြည့်ရှင်၏စကားကို လက်ခံလိုက်ပြီဖြစ်၏။