← Chapters

ဆေဘာဝိညာဉ်

Vol. 4 Ch. 49

ဆေဘာဝိညာဉ်

Vol. 4 Ch. 49

ပြောရမည် ဆိုလျှင် လူငယ်လေးသည် သူ့ထက် အလျင်ဦးစွာ ထိုနေရာကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ သူက လူငယ်လေး၏ ကံကောင်းမှုကို နောက်မှ ကုန်းပိုး လိုက်ခဲ့ခြင်းသာ ဖြစ်သည်။

"ငါတို့နှစ်ယောက်စလုံးက အဲဒီနေရာကို ဝင်ခဲ့တဲ့လူတွေ... အဲဒီ ကောင်လေးကို ကြည့်ရတာ ဒါ ပထမဆုံး အကြိမ်တောင် ဖြစ်မယ့်ပုံ မပေါ်ဘူး... ဒါပေမဲ့ ငါကတော့ ဆေဘာ ရည်ရွယ်ချက်ကို အောင်မြင် ပြီးပြီးချင်းပဲ အဲဒီ နေရာကနေ ကန်ထုတ်ခံလိုက်ရတယ်... ဆက်စပ်တွေးကြည့်ရရင် အဲဒီကောင်လေးက တာအို တစ်ခုကို ရွေးချယ်ခဲ့ပြီး အောင်မြင်သေးပုံ မရဘူး... ဒါကြောင့်ပဲ သူက အဲဒီနေရာကို ဝင်ထွက်ခွင့် ရနေတာ ဖြစ်မယ်”

ဝေ့ဝူယင်သည် ထိုအချက် အပေါ် ကိုးဆယ် ရာနှုန်း ယုံကြည်ချက် ရှိပေသည်။ သူ သက်ပြင်းတစ်ချက် ချကာ လက်ရှိ ကမ္မ တန်ဖိုးကို ဆန်းစစ်ကြည့်လိုက်၏။

၁၆၂.၄ ...

သူ၏ စိတ်အတွင်း မေးခွန်းတစ်ခု ဝင်လာ၏။ အင်ဖာနို တောင်နံဘေးတွင် ရှိစဥ်က သူ၏ ကမ္မ တန်ဖိုးမှာ အဘယ်ကြောင့် ၀.၁ တိုးလာခဲ့ရသနည်း။ ပထမ၌ ကမ္မတန်ဖိုးကို ခိုးယူရန် အတွက် အခြားလူများကို သတ်ဖြတ်ရန် လိုသည်ဟု သူတွေးခဲ့သေးသည်။ သို့သော်လည်း သေချာပြန်စဥ်းစားပါက... လမ်း၌ သေမျိုး နတ်ဘုရား ဂူဖုတုကို သူ သတ်ခဲ့သေးသည်။ ကမ္မတန်ဖိုး မပြောင်းလဲခဲ့ချေ။ ဂူဖုတု၏ ကမ္မတန်ဖိုးက သုညတော့ မဖြစ်သင့်ချေ။

“ထားလိုက်ပါလေ... ငါ အနှေးနဲ့ အမြန်တော့ သဘောပေါက် လာမှာပါ... အခု စဥ်းစားရမှာက အခြေတည် ဆေဘာ ဝိညာဥ် ဆိုတာပဲ...”

သူက စိတ်မျက်လုံးကို ဖွင့်ကာ ဝိညာဥ်နှင့် မူလ ဝိညာဥ်ကို ချိတ်ဆက်လိုက်၏။ ထိုအခါ... ကြက်ဥ ကဲ့သို့ ဝတ္ထု တစ်ခုကို သူမြင်လိုက်ရသည်။ သူက ထိုကြက်ဥကို ဝိညာဥ် အာရုံဖြင့် ထိတွေ့ကြည့်လိုက်သည်။ မည်သည့် ထူးခြားမှုမှ ပေါ်မလာချေ။ သူ မျက်မှောင်ကြုတ်လိုက်၏။

“ဪ... ဟုတ်သားပဲ...”

သူက နဖူးကို ရိုက်လိုက်၏။ ထို့နောက်... ဒုတိယ အကြိမ်အဖြစ် ဆေဘာရည်ရွယ်ချက်ကို ထုတ်ဖော်ကာ သူ ဥကို ထိလိုက်သည်။ ထိုအခါ ဥမှာ တုန်ရီလာက စတင် ကွဲအက်လာ၏။ စက္ကန့်ဝက်မျှ အတွင်းမှာပင် ၎င်းသည် ထက်ခြမ်းကွဲသွားကာ ဆေဘာ တစ်ခု ဖြစ်ပေါ်လာသည်။

ဆေဘာဓားသည် ပေါ်လာလာချင်းပင် အလင်းတန်း တစ်ခုကို ဝေ့ဝူယင်၏ စိတ်မျက်လုံးဆီ ပို့လွှတ်လိုက်၏။ အမျိုးမျိုးသော သတင်း အချက်အလက်များသည် သူ၏ စိတ်အတွင်း စီးဝင်လာသည်။

“ဆေဘာဝိညာဥ်...”

ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။ သူသည် ၎င်း၏ ဇစ်မြစ်၊ အသုံးပြုပုံတို့နှင့် ဆက်စပ်သည့် အချက်အလက်များကို လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ၎င်းသည် ဆေဘာတာအိုမှ မွေးဖွားလာသည့် ဆေဘာ ဝိညာဥ်၏ မူလ ဝိညာဥ် တစ်ခုပင် ဖြစ်ပေသည်။ ဆေဘာဝိညာဥ်မှာ လူတိုင်း စိတ်ကူးယဥ်နိုင်သည့် အဆင့်ထက် ပိုမို ရှားပါးကာ ကောင်းကင်ကိုပင် လှုပ်ခါစေနိုင်သည့် ဖန်တီးမှုမျိုး ဖြစ်သည်။

ဆေဘာဓား ဝိညာဥ်တွင် ၎င်း၏ မွေးဖွာလာခြင်းမှ လွဲ၍ မည်သည့် မှတ်ဉာဏ်မျှ မရှိသေးသော်လည်း ဆန္ဒတစ်ခုကိုမူ ပိုင်ဆိုင်ထား၏။ ထိုဆန္ဒသည် ဆေဘာ ရည်ရွယ်ချက်ကို ထုတ်ဖော်လိုက်တိုင်း၌ ဝေ့ဝူယင်နှင့် ချိတ်ဆက်သွားသည်။ ထိုအခိုက်၌ ၎င်း၏ ဆန္ဒသည် သူ၏ ဆန္ဒပင်လျှင် ဖြစ်သည်။

ဝေ့ဝူယင် စိတ်မျက်လုံးကို ပြန်လည် ရုတ်သိမ်းကာ စတင် ကျင့်ကြံလိုက်၏။ ကောင်းကင်နှင့် မြေကြီး၏ အမတေများသည် သူ၏ သွေးကြောများ အတွင်း စီးဝင်သွားကြသည်။ ၎င်းတို့သည် ဆေဘာ အမတေများ အသွင် ပြောင်းကာ ထျန်းတျန်ဆီ စီးဝင်သွားကြတော့၏။

ချီနှလုံးသားများသည် ဆေဘာ အမတေများ၏ အရသာကို ခံစား သိရှိပြီးနောက် စတင် စုပ်ယူလိုက်ကြသည်။ သူတို့သည် ဆေဘာ အမတေများကိုကို အမြုတေများသို့ ရောက်သည်အထိ ဆွဲသွင်းကာ စွမ်းအင် အဖြစ် သန့်စင်နေကြသည်။ ဆေဘာရည်ရွယ်ချက်၏ လွှမ်းမိုးမှုတွင် ထွက်ပေါ်လာသော စွမ်းအင်များသည် ဆေဘာ၏ ထက်ရှခြင်း၊ အင်အားကြီးခြင်း စသည့် လက္ခဏာများနှင့် ပြည့်နှက်နေ၏။ ၎င်းတို့ကား ဆေဘာစွမ်းအင်များပင် ဖြစ်ကြလေသည်။

အတွေးတစ်ချက်ဖြင့်ပင် ဆေဘာစွမ်းအင်များသည် ရုပ်လွန်ချီ အဖြစ် ပြောင်းလဲကာ အမြုတေ တစ်ဝိုက်တွင် မုန်တိုင်းများ အသွင် တိုးဝှေ့ကြ၏။ မျက်စိတစ်မှတ် အတွင်းတွင်ပင် ထိုချီများသည် သူ၏ လက်ဝါးဆီသို့ ရောက်ရှိလာကာ ဆေဘာဓား‌မော့တစ်စင်း ဖြစ်ပေါ်လာသည်။

“ဒါက ဆေဘာချီပဲ...”

ဝေ့ဝူယင်၏ မျက်လုံးထဲတွင် အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာ၏။ သူက အတွေးတစ်ချက်ဖြင့်ပင် ဝိညာဥ်အာရုံကို အပြင်သို့ ထုတ်လွှတ်လိုက်သည်။

ဝိညာဥ်အာရုံအား အပြင်သို့ မရောက်အောင် သူကိုယ်တိုင် တားဆီး ချမှတ်ထားသည့် ဝင်္ကပါများသည် အသက်ဝင်လာ၏။ သို့သော်လည်း ဆေဘာတစ်စင်း၏ လှုပ်ရှားမှုကို မည်ကဲ့သို့ လွယ်လလွယ်ကူကူ ဟန့်တားနိုင်ပါမည်နည်း။ ၎င်းမှာ ထက်ရှမှုနှင့် ပြတ်သားမှုတို့တွင် ပြိုင်ဘက်ကင်းလှသည်။

သူ၏ ဝိညာဥ်အာရုံသည် ဝင်္ကပါ၏ တားဆီးမှုကို တိုက်ရိုက် ပိုင်းဖြတ်ပာ အပြင်သို့ လွတ်လွတ်လပ်လပ် စီးဆင်းသွားသည်။

“ငါ့ရဲ့ ဝိညာဥ်အာရုံက ခုဆိုရင် ဆေဘာနဲ့ တူတဲ့ အရည်အသွေးတွေကို ပိုင်ဆိုင်နေပြီ... တိုက်ခိုက်ရေး ဝိညာဥ် အစီအရင်တွေကို သုံးလိုက်ရင် ဘယ်လောက်အထိ အစွမ်းထက်လာမလဲ”

ဝေ့ဝူယင်သည် ထိုအသစ်ရရှိလာသည့် စွမ်းအင် အတွက် ဂုဏ်ယူ ဝမ်းသာနေမိ၏။ သူက လက်ဝါးကို ဆန့်ထုတ်ကာ ချီနှလုံးသားများထဲမှ အမြုတေ စွမ်းအင်များကို လှည့်ပတ်ကြည့်လိုက်သည်။ ဆေဘာနှင့် အခြေခံ အမတေ စွမ်းအင်များ အပါအဝင် စွမ်းအင် အမျိုးအစား ဆယ့်သုံးမျိုးသည် တစ်ခုတည်း အဖြစ် ပေါင်းစပ်ကာ ထွက်ပေါ်လာ၏။

“ဆေဘာဝိညာဥ်...”

သူက ရေရွတ်လိုက်ရာ မူလ ဝိညာဥ်တွင် တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာ၏။ ရုတ်တရက်... သူ၏ လက်ထဲတွင် ဆေဘာဓား တစ်စင်းကိုင်ထားသည်ကို သူ တွေ့လိုက်ရသည်။ ၎င်းသည် သန့်စင်သော အဖြူရောင် အဆင်း ရှိကာ ကိုယ်ပိုင် ရုပ်ခန္ဓာအဖြစ် တည်ရှိနေသည်။

ထိုအရာကား သူ၏ ဆေဘာဝိညာဥ် ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် ဆေဘာဝိညာဥ်၏ ရုပ်ဝတ္ထုခန္ဓာပင် ဖြစ်၏။

ဝေ့ဝူယင်သည် သူ၏ ဆေဘာဝိညာဥ် အစစ်အမှန် ကမ္ဘာသို့ ဝင်ရောက်နိုင်ရန် အတွက် သန့်စင်သော စွမ်းအင်မျိုးစုံကို သုံးကာ ခန္ဓာတစ်ခု ဖွဲ့စည်းလိုက်ခြင်းပင် ဖြစ်သည်။ သူ ထိုခန္ဓာကို ထိကိုင်ကြည့်လိုက်ရာ အတွင်း၌ အသင်္ချေသော စွမ်းအင်များ စီးဆင်းနေသလို ခံစားလိုက်ရ၏။ သို့သော်လည်း ထိုစွမ်းအင် အားလုံးကို ထိန်းချုပ်ထားသည့် ခေါင်းဆောင်ကား ဆေဘာရည်ရွယ်ချက်ပင် ဖြစ်လေသည်။

၎င်းသည် ချီခန္ဓာ တစ်ခု မဟုတ်ချေ။ ဆေဘာစွမ်းအင်နှင့် ရည်ရွယ်ချက်တို့က အပြည့်အဝ ထိန်းချုပ်ထားသည့် သန့်စင်သော စွမ်းအင်တစ်မျိုးသာ ဖြစ်သည်။ ထို့အပြင်... သူတို့သည် လိမ္မာသော ကလေးများ ကဲ့သို့ အမိန့်နာခံ တတ်ကြပေသည်။

“မင်းကို သန့်စင်ပစ်ဖို့ အတွက် ငါ့အနေနဲ့ ပထမဆုံး ဝိညာဥ်နဲ့ ရုပ်ဝတ္ထုကို အားဖြည့်ပေးနိုင်တဲ့ ရင်းမြစ်တွေ လိုအပ်တယ်... ကံမကောင်းစွာပဲ အဲဒီလို ရတနာမျိုးတွေက ဝူတိုင်းပြည်မှာ ရှိလောက်မယ် ငါမထင်ဘူး... ဒါပေမဲ့ ငါ မင်းကို အစစ်အမှန် ဆေဘာဓားတစ်စင်း အနေနဲ့ အသုံးပြုနိုင်သေးတယ်... မင်း ပိုအစွမ်းထက်လာတာနဲ့ အမျှ ငါလည်း အစွမ်းထက်လာမှာပဲ... နောက်ပြီး ငါ ပိုအစွမ်းထက်လာတာနဲ့ မင်းလည်း အစွမ်းထက်လာမှာပဲ ဟုတ်တယ်မလား”

မှတ်ဉာဏ်များ အရဆိုလျှင် ထိုအရာမှာ အဆင့်တစ် ဆေဘာ ဝိညာဥ် ဖြစ်သည်။ ၎င်တွင် အခြေခံ အကျဆုံး အဆင့်တွင်သာ ရှိသည့်တိုင် မွေးရာပါ စွမ်းအင်များ အချို့ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ၎င်း ပိုမို အစွမ်းထက် လာသည်နှင့် အမျှ အသစ် အသစ်သော၊ ပိုမို အားကောင်းသော စွမ်းအင်များမှာလည်း ထွက်ပေါ် လာပေလိမ့်မည် ဖြစ်သည်။

“ငါမင်းကို ဒြပ်စင်လေးလို့ ခေါ်မယ်...”

၎င်းမှာ ကမ္ဘာပေါ်ရှိ သာမန် ဒြပ်စင်နှင့် အဆင့်မြင့် ဒြပ်စင် အားလုံးနီးပါးကို ဆေဘာစွမ်းအင်၏ ဦးဆောင်မှုအောက်၌ ပိုင်ဆိုင်ရန် နီးကပ်နေရာ ထိုနာမည်မှာ သင့်တော်သည်ဟု သူ ခံစားရသည်။ ၎င်းသည် မကြာမီတွင် အခြား လောကဒြပ်စင်များ၏ ဘုရင် ဖြစ်လာပေလိမ့်မည်။

ဒြပ်စင်လေးကို လက်ထဲ၌ ကိုင်ရင်း ဝေ့ဝူယင်၏ မျက်လုံးများမှာ တဖျပ်ဖျပ် လက်လာ၏။ သူ တိုက်ခိုက်ချင်သည်။

သို့သော်လည်း... လောလောဆယ် မဖြစ်နိုင်ကြောင်း သူသိထားသည်။ သူ ဤနေရာသို့ ရောက်လာခြင်းတွင် အကြောင်းပြချက် ရှိသည်။ ဆန္ဒအလိုကို လိုက်၍ လမ်းလွဲသွားခြင်းမျိုးကို သူမလိုလားချေ။ အမတေ ကျောက်တုံးများကို လက်တစ်ဖက် တစ်ချက်ဖြင့် ကိုင်ရင်း မိုးလင်းသည် အထိ ကျင့်ကြံရန် ဝေ့ဝူယင် ဆုံးဖြတ်လိုက်တော့သည်။

မနက်မိုးလင်းသည်နှင့် သူချက်ချင်းပင် စူရဗီ ကုန်တိုက်ကြီးဆီ ထွက်ခွာလာခဲ့၏။

စူရဗီ ကုန်တိုက်ကြီးမှာ အမှန်ပင် အထင်ကြီးဖွယ်ရာ ကောင်းလှသည်။ ၎င်းမှာ အထပ် နှစ်ဆယ်ခန့် မြင့်မားကာ အလွန် ကြီးမားလှသည်။ ဝေ့ဝူယင်သည် ၎င်း၏ တည်ရှိမှုကို ကြည့်ကာ စကား မပြောနိုင်အောင်ပင် ဖြစ်သွားခဲ့သည်။ ထိုကုန်တိုက်ထက် အဆပေါင်းများစွာ မြင့်မားသည့် နေသွေးနီနီတောင် ပင်လျှင် သူ့အား ယခုလောက် မအံ့သြစေနိုင်ခဲ့ချေ။

“မယုံနိုင်စရာပဲ...”

ထိုအရာက သူ့တစ်သက်လုံး တွေ့ဖူးသမျှထဲတွင် အကြီးဆုံး အဆောက်အဦ ဖြစ်ပေသည်။ သူသည် မြေ၊ ရေ၊ လေ၊ မီးတို့ကို ထိန်းချုပ်နိုင်သည့် သေမျိုး နတ်ဘုရား တစ်ပါး ဖြစ်နေခဲ့ပြီ ဖြစ်သည့်တိုင် ကြောက်ရွံ့ ထိတ်လန့်မှုကို ခံစားနေရဆဲ ဖြစ်၏။

စူရဗီ ကုန်တိုက်ထဲကို ဝင်လာသော အခိုက်၌ သူ၏ မျက်လုံးများက ပို၍ ကျယ်ပြန့်လာသည်။

ကြီးမား ခန့်ညားလှသည့် တန်းဆွဲ ဖန်မီးတိုင်များ၊ လက်ရာ မြောက်စွာ ထွင်းထုထားသည့် ပန်းပုလက်ရာများ၊ ကြည်လင် အေးမြသော ရေများ စိမ့်ထွက်နေသည့် ရေပန်းများ...

အရာအားလုံးမှာ စိတ်ကူးယဥ်ဆန်ကာ အံဝင်ခွင်ကျ သေသပ်လွန်းသည်။ သူသည် နံရံများ အတွင်း သို့မဟုတ် အနီး၌ အမျိုးမျိုးကို ဆိုင်များကို တွေ့ရ၏။ ၎င်းတို့သည် နီယွန်မီးများဖြင့် တောက်ပ ဖြာထွက်နေကာ အလွန် ဆွဲဆောင်မှု ရှိစွာ ခင်းကျင်းထားသည်။

ဝေ့ဝူယင် လမ်းလျှောက်လာရင်း လှေကားထစ်များ ဘက်သို့ ရောက်လာခဲ့၏။

“နေဦး... ဘာလဲ...”

ထိုလှေကားထစ်များမှာ သူ့အလိုလို ရွေ့လျားနေသည်။ ဝေ့ဝူယင် ၎င်းတို့ကို အချိန်အတန်ကြာ အံ့သြတကြီး စိုက်ကြည့်နေမိ၏။ မကြာခင်မှာပင် ထိုအရာများမှာ ခရီးသည်ကို အလိုရှိသည့် အထပ်သို ရောက်အောင် သဘာဝကျကျ ပို့ဆောင်ပေးနိုင်သည့် မြေချီဝင်္ကပါဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ကြောင်း သူ သဘောပေါက်လာ၏။

လူများမှာ လွယ်လွယ်ကူကူ သွားလာနေကြသည့်တိုင် ထိုအရာကို မြင်ရသည်က ရှုပ်ထွေးသော ဝင်္ကပါ တစ်ခုလိုပင်။

သူ တံတားတစ်ခုကို ရွေးချယ်ကာ အပေါ်သို့ တက်လာခဲ့၏။ အထပ်တိုင်းမှာ ကြီးကျယ် ခမ်းနားလှကာ ရာပေါင်းများစွာသော လူများ လှုပ်ရှားသွားလာနေကြပေသည်။ ဝေ့ဝူယင်သည် ဟိုငေးသည်ငေးရင်း နှစ်ဆယ်မြောက် အထပ် အထိ ရောက်လာခဲ့သည်။ ထိုအထပ်၌ တံတားမှာ ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဝေ့ဝူယင် ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။ ထိုနေရာ၌ လူကြီး၊ လူငယ်များ၊ ကလေးများမှာ သွားလာ ဝင်ထွက် လှုပ်ရှားနေကြပေသည်။ အချို့မှာ စကားပြောဆိုနေကြကာ အချို့မှာမူ စားသောက်ဆိုင်ထဲရှိ စားပွဲများတွင် ထိုင်ကာ စားသောက်နေကြပေသည်။

“အတော်မိုက်တယ်....”

ဝေ့ဝူယင်မှာ ထိုယဥ်ကျေးမှုကို ကြည့်ကာ အားကျလာမိ၏။ နှိုင်းယှဥ်ရပါက သူ့တိုင်းပြည်မှာ စုတ်ချာကာ ရှေးကျလွန်းသည်။ နေသွေးနီနီတောင်တွင် အဘယ်ကြောင့် ဤကဲ့သို့သော နေရာ မရှိရသနည်း။

သူ တွေးတောနေစဥ်မှာပင် ဝန်ထမ်းဟု ယူဆရသည့် မိန်းကလေး တစ်ဦးမှာ သူ့ထဲ ချည်းကပ်လာ၏။ သူ၏ ကြောင်တိကြောင်ကြား အမူအရာနှင့် ငေးမော အံ့အားသင့်နေသည့် မျက်လုံးများက သူမအား ဆွဲဆောင်သွားဟန် ရသည်။

သူမက ဖော်ရွေသော အသံဖြင့် ဝေ့ဝူယင်ကို ဝေ့ဝူယင်ကို မေးလိုက်၏။

“အကိုလေး... အကူအညီ လိုအပ်သေးလားရှင်...”

“အဟမ်း...”

ဝေ့ဝူယင်က အနည်းငယ် လည်ချောင်းရှင်းလိုက်၏။ သကြားလုံးဆိုင်‌ရောက်သည့် ကလေး တစ်ယောက် ကဲ့သို့ စိတ်လွတ်သွားကြောင်း သူ့ကိုယ်သူ သတိထားမိပေသည်။ ရှက်စရာ ကောင်းလွန်းသည်။ အကယ်၍ ထိုမိန်းကလေးကသာ သူ သေမျိုး နတ်ဘုရား တစ်ယောက် ဖြစ်ကြောင်း သိသွားပါက သူ့မျက်နှာကို မည်သို့ ထားရမည်နည်း။

“အင်း... ငါ ပစ္စည်းအချို့ရယ်၊ ဆေးတွေရယ်၊ လက်နက်နဲ့ သံချပ်ကာ နည်းနည်းရယ်ကို အမတေ ကျောက်တုံးတွေနဲ့ လဲချင်လို့... အဲဒါ ဘယ်လိုလုပ်ရမလဲ”

သူက စိတ်ပုံမှန် အနေအထားသို့ ပြန်လည် ရောက်ရှိအောင် ကြိုးပမ်းရင်း တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်သည်။

***

All Chapters