← Chapters

ချီနှလုံးသားများကို အသွင်ပြောင်းခြင်း

Vol. 4 Ch. 53

ချီနှလုံးသားများကို အသွင်ပြောင်းခြင်း

Vol. 4 Ch. 53

ဝေ့ဝူယင် ထပ်၍ တုန့်ဆိုင်း မနေတော့ချေ။ သူ အလျှင်အမြန်ပင် သေတ္တာငယ်ကို ဖွင့်လိုက်၏။

ဝှစ်...

သန့်စင်သော အအေးလှိုင်းများ ထွက်ပေါ်လာလေရာ နံရံနှင့် ကြမ်းပြင်များမှာ ရုတ်ချည်း အေးခဲသွား၏။ အဖြူရောင် အမှုန်အမွှားများက နေရာယူလာကာ အခန်း၏ လေထုတစ်ခုလုံးမှာ နှင်းဖြူများဖြင့် ပြည့်နှက် သွားသည်။ ဝေ့ဝူယင်သည် အကြွင်းမဲ့ သုည ရေခဲအမတေ၏ ပတ်ဝန်းကျင် အပေါ် သက်ရောက်နိုင်စွမ်းကို ကြည့်ကာ အံ့အားသင့်သွား၏။

သူသည် အကာအကွယ် တစ်ခုကို အစောကပင် ချမှတ်ခဲ့ပြီး ဖြစ်ရာ အအေးလှိုင်းမှာ သူ့ထံသို့ ကျရောက်လာခြင်း မရှိချေ။ အကယ်၍ သူသာ သွေးကြောများဖြင့် စုပ်ယူမည် ဆိုပါက ထိုအကာအကွယ်ကို အလျင် ရုပ်သိမ်းမှ ရပေလိမ့်မည်။

သူက ချီနှလုံးသားကို ကြည့်လိုက်ရာ ၎င်းမှာလည်း အအေးလှိုင်း၏ သက်ရောက်မှုကို ခံရဟန် မရချေ။ တစ်ကြိမ် တစ်ခါမျှ မကြုံဆုံခဲ့ဖူးသည့် စိတ်လှုပ်ရှားမှု တစ်ခုကို သူခံစားလိုက်ရ၏။

“သွား...”

ဝေ့ဝူယင် ညွှန်ကြားလိုက်၏။ ချီနှလုံးသားသည် တုန်လှုပ်ချောက်ချားဖွယ် အသံတစ်ခုနှင့် အတူ သေတ္တာအတွင်း ဝင်သွားခဲ့၏။ အထဲ၌ ဘာဖြစ်နေသည်ကို ဝေ့ဝူယင် မပြောနိုင်ချေ။ သို့သော်လည်း အဖြူရောင် နှင်းခဲစွမ်းအင်များ လျှင်မြန်စွာ ကျဆင်းလာနေသည်ကို သူ မြင်တွေ့နေရ၏။

သူ၏ အမူအရာကို ချက်ချင်း ပြောင်းလဲသွားသည်။ ထိုအရာက မြန်လွန်းနေသည် မဟုတ်လော။

ဟူး... ဟူး...

တစ်မိနစ်မျှ မပြည့်ခင် အချိန်အတွင်းမှာပင်... ပတ်ဝန်းကျင်ရှိ နှင်းခဲများမှာ သေတ္တာအတွင်းသို့ ပြန်လည် ဝင်ရောက်ကာ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။ ဝေ့ဝူယင် မူလ ဝိညာဥ်ထံမှ စိတ်ကျေနပ်သည့် ခံစားချက် တစ်ခုကို ခံစားလိုက်ရ၏။ ထိုကျေနပ်မှုမှာ သူ၏ ဝိညာဥ်၊ ပို၍ တိတိကျကျ ဆိုရပါက ချီနှလုံးသားထဲရှိ ဝိညာဥ်မှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

ဝှစ်...

ချီနှလုံးသားသည်‌ သေတ္တာထဲမှ ပြန်၍ ထွက်လာ၏။ ထို့နောက် ၎င်းမှာ သူ့အား ခွဲခြမ်းစိတ်ဖြာရန် အချိန်ပင် မပေးတော့ပဲ ပါးစပ်မှ တစ်ဆင့် အထဲသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။

သူ မသိလိုက်ခင်မှာပင် ချီနှလုံးသားမှာ သူ၏ ထျန်းတျန်အတွင်း ပြန်လည် ဝင်ရောက် သွားခဲ့ပြီ ဖြစ်သည်။ ချက်ချင်းပင် ချီနှလုံးသား နှစ်ခုမှာ တံတားတစ်စင်းနှယ် ဆက်သွား၏။ ထိုတံတားသည် ရေခဲကဲ့သို့ အပြာရောင် စွမ်းအင်များကို သယ်ဆောင် ပို့လွှတ်ကာ မျှဝေနေလေတော့သည်။

“မင်းတို့က...”

ဝေ့ဝူယင်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့၏။

ထိုအပြာရောင် ရေခဲစွမ်းအင်များကား အကြွင်းမဲ့သုည အေးခဲခြင်း စွမ်းအင်များပင် ဖြစ်လေသည်။ ၎င်းတို့သည် သူ၏ ယင်ယန် စွမ်းအင်ကဲ့သို့ သန့်စင်လှ၏။

ဝေ့ဝူယင် စိတ်ကို ထိန်းချုပ်ကာ ချီနှလုံးသားအတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်သည်။ ထိုအရာက ပထမဆုံး အကြိမ်အဖြစ် မည်သည့် အားစိုက်ထုတ်မှုမှ မလုပ်ရပဲ ကျင့်ကြံခြင်း တစ်ခုကို ‌အောင်မြင်သွားခဲ့ခြင်း ဖြစ်သည်။

နာရီအနည်းငယ် ကြာပြီးနောက်၌... သူ၏ ချီနှလုံးသားများမှာ အပြန်အလှန် ဖလှယ်မှု ပြီးဆုံးသွား၏။ ရေခဲ အငွေ့အသက်များမှာ သူ၏ ငွေရောင် မျက်လုံးများမှ ထွက်ပေါ်လာကာ အေးခဲခြင်း စွမ်းအင်များဖြင့် လင်းလက် နေလေတော့၏။

“ငါ တကယ်ကြီး အကြွင်းမဲ့သုည ရေခဲချီကို မွေးဖွားလိုက်နိုင်တာလား...”

ထိုအရာက မွေးရာပါ အရည်အချင်းကြောင့်လော သို့မဟုတ် မြင့်မားသည့် ကမ္မ တန်ဖိုးကြောင့်လော သူ မသိချေ။ သို့သော်လည်း ယခုတစ်ကြိမ်၏ လွယ်ကူမှုက သူ့အတွက် ရယ်စရာပင် ကောင်းလွန်းခဲ့၏။

ခန္ဓာကိုယ်အား သူ စစ်ဆေးကြည့်လိုက်ရာ မူလကထက် အဆပေါင်းများစွာ သက်တောင့်သက် ဖြစ်နေသည်ကို သူခံစားလိုက်ရသည်။ သန့်စင်ထားသော အကြွင်းမဲ့သုည ‌အေးခဲခြင်း စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်နေခဲ့ချေပြီ ဖြစ်သည်။ ကျင့်ကြံမှု အောင်မြင်ခြင်း အပေါ် တွေးတော ကျေနပ်ရင်း တစ်စုံတစ်ခုကို သူ ပြန်လည် သတိရလိုက်၏။ အောင်ပွဲခံသည့် အပြုံးတစ်ခုက သူ၏ နှုတ်ခမ်းထက် နေရာယူ လာခဲ့လေသည်။

“ငါနိုင်ပြီ...ဟဟ”

...

တစ်ပတ်ကြာပြီးနောက်...

သန့်စင်သည့် စွမ်းအင်များသည် ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ဝိုက်၌ အမှီအခိုကင်းစွာ ဝန်းရံနေကြသည်။ သူ အသက်ရှူလိုက်တိုင်း ထိုစွမ်းအင်များမှာ နှာခေါင်း၊ ပါးစပ်တို့ အပြင် အခြား ဒွါရပေါက်များမှပါ သူ၏ ခန္ဓာကိုယ် အတွင်း  စီးဝင်နေကြသည်။ ထိုအခိုက်၌ ဝေ့ဝူယင်ကား ခန္ဓာကိုယ် ထွက်ပေါက်တိုင်းမှ အသက်ရှူနေသည့် အတိုင်းပင်။

ထိုတစ်ပတ်လုံး၌ သူသည် မီး၊ ရေ၊ လေ၊ မြေကြီး၊ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်နှင့် ရေခဲ စွမ်းအင်များကို တစ်ခုတည်း အဖြစ် ပေါင်းသည်းရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ထိုအရာမှာ ဒြပ်စင်စွမ်းအင် မွေးဖွားခြင်း၏ ကနဦး ဖြစ်စဥ် တစ်ခုပင်...

ဒြပ်စင်စွမ်းအင်ကို ပေါင်းစည်ရန်မှာ မခက်ခဲလှချေ။ အမှန်တကယ်အားဖြင့်... ဒြပ်စင်များ မွေးဖွားလာရန် ကြိုးစားရခြင်းမှာ ၎င်းတို့အား တစ်ခုတည်း အဖြစ် ပေါင်းစည်းပစ်ခြင်းထက် ပို၍ ခက်ခဲလှသည်။ ဥပမာပေးရလျှင် ဒြပ်စင်ကိုးခုမှာ အရုပ်ဆက်သည့် ပဟေဠိ အပိုင်းအစလေးများနှင့် တူကာ ထိုအပိုင်းအစလေးများကို တစ်ခုတည်း အဖြစ် အံဝင်ခွင်ကျ တပ်ဆင်၍ ရသည်။

သို့ဖြစ်လေရာ... ဒြပ်စင်စွမ်းအင် ဖွဲ့စည်းခြင်းမှာ မခက်လှချေ။ ထို့အတူ ချီနှလုံး အသွင်ပြောင်းလဲခြင်း ဖြစ်စဥ်မှာလည်း အတူတူပင် ဖြစ်သည်။ ဝေ့ဝူယင် တစ်ပတ်ကြာသည် အထိ အချိန်ယူနေခဲ့ရသည့် အဓိက အကြောင်းရင်းက ရိုးရိုး ဒြပ်စင် စွမ်းအင်ကို မဟုတ်ပဲ “ဆန်းကြယ် ဒြပ်စင် စွမ်းအင်”ကို ဖွဲ့စည်း နေခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

“ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား”ကို ဖွဲ့စည်းရန် အတွက်ဆိုလျှင် အမြုတေ အတွင်းရှိ ဒြပ်စင် စွမ်းအင် ကိုးမျိုးကို အစစ်အမှန် ဒြပ်စင်စွမ်းအင်များ အဖြစ် လုံးလုံးလျားလျား အစားထိုးပစ်ရန် လိုအပ်သည်။ ထိုဖြစ်စဥ် အပြီးတွင် သူသည် အကြွင်းမဲ့သုည စွမ်းအား သို့မဟုတ် အသက်မြက် သစ်သားစွမ်းအားတို့ကို ပိုင်ဆိုင်တော့မည် မဟုတ်ပဲ ဆန်းကြယ် ဒြပ်စင်စွမ်းအင်ကို ပိုင်ဆိုင်လာလိမ့်မည် ဖြစ်သည်။

ဆန်းကြယ် ဒြပ်စင်စွမ်းအားသည် ၎င်းပေါင်းစပ်ထားသမျှ ဒြပ်စင်အားလုံး၏ မွေးရာပါ စွမ်းအင် အားလုံးကို ပိုင်ဆိုင်ကာ စွမ်းအားတစ်ခုချင်းစီတွင်လည်း မူလကထက်ပင် အဆပေါင်းများစွာ ပိုမို အစွမ်းထက် ပေလိမ့်မည်။ ဝေ့ဝူယင်သည် ထိုဖြစ်စဥ်အတွက် တစ်ပတ်လုံး အချိန်ဖြုန်းကာ မဟေဠိ အပိုင်းအစများကို ပြီးပြည့်စုံသော ရုပ်ပုံ ဖြစ်လာအောင် ဆက်နေခဲ့ခြင် ဖြစ်သည်။

ဝေ့ဝူယင်၏ အမြုတေသည် ရောင်စုံ မဟုတ်တော့ပဲ စင်ကြယ်သည့် အဖြူရောင် အဆင်းသို့ ပြောင်းလဲ သွား၏။ ယင်၊ ယန်၊ ယင်ယန်နှင့် ဆေဘာစွမ်းအင် အငွေ့အသက် အချို့မှာ ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း ၎င်း၏ ဖွဲ့စည်းပုံမှာ စစ်မှန်သော ဒြပ်စင် စွမ်းအားတစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

“ငါ့မှာ ချီနှစ်လုံးသား နှစ်ခုရှိတယ်... တစ်ခုကို ခုတင်ပဲ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား အဖြစ် အသွင်ပြောင်းလဲ ပြီးပြီ... နောက်တစ်ခုပဲ ကျန်တော့တယ်”

ဝေ့ဝူယင် ရေရွတ်ရင်း ဒုတိယမြောက် ချီနှလုံးသားကို စစ်ဆေးကြည့်လိုက်၏။ ၎င်း၏ အမြုတေမှာ ရောင်စုံ အဖြစ် ရှိနေဆဲ ဖြစ်ကာ အခြေခံ စွမ်းအင်များ အပါအဝင် စွမ်းအင် ဆယ့်သုံးမျိုးမှာ ပါဝင်နေဆဲ ဖြစ်သည်။

ဝေ့ဝူယင် စဥ်းစားလိုက်၏။ ပထမ၌ သူသည် ချီနှလုံးသား နှစ်ခုစလုံးကို ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသား အသွင်ပြောင်းရန် အစီအစဥ်စွဲထားခြင်း ဖြစ်သည်။ ယခုတွင်မူ သူ့တွင် အခြေတည် ဆေဘာ ဝိညာဥ် ရှိနေပြီ ဖြစ်ရာ ပြန်လည် စဥ်းစားရန် လိုအပ်သည်။ သူ့အနေဖြင့် ဆေဘာချီကို ပိုမို မြှင့်တင်လိုပါက ဆေဘာချီ နှလုံးသားကို တည်ဆောက်ရန် လိုအပ်သည်။

သို့သော်လည်း ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားနှင့် ယှဥ်လိုပါက ရိုးရိုး ဆေဘာချီ နှလုံးသား ဖြစ်၍ မရချေ။ ဆေဘာချီ ဆန်းကြယ် နှလုံးသား ဖြစ်ရပေမည်။

ဆန်းကြယ် နှလုံးသား...

ဆန်းကြယ်ဟူသည့် စကားလုံး တစ်လုံးသာ ကွာသည့်တိုင် ၎င်းမှာ ရိုးရိုးချီ နှလုံးသားများနှင့် လုံးဝ ကွာခြားလှ၏။ ဒြပ်စင်ချီ ဆန်းကြယ် နှလုံးသားကို ရရှိပြီးနောက် ဝေ့ဝူယင်၏ စိတ်များမှာ လုံးဝ ကြည်လင်နေ၏။ သူသည် ဒွိဟဖြစ်ခြင်း၊ ညောင်းညာ ကိုက်ခဲခြင်းနှင့် ဗိုက်ဆာခြင်းတို့ကို ယခုထိ မခံစားရသေးချေ။

ထို့အတူ... သူ၏ သွေးကြောများမှာလည်း အပြောင်းအလဲ ဖြစ်စဥ်များနှင့် ကြုံတွေ့ရသည်။ ယင်းတို့သည် မူလကနှင့် ကွာခြားစွာပင် ဒြပ်စင်စွမ်းအင်များကို အသက်ရှူ သကဲ့သို့ လွယ်လွယ်ကူကူ စုပ်ယူနိုင်အောင် သူ့အား ခွင့်ပြုထားသည်။ တစ်ဆက်တည်းပင် သူ၏ ဝိညာဥ်အာရုံမှာလည်း ဒြပ်စင်ကိုးခုစလုံး၏ သွင်ပြင် လက္ခဏာများဖြင့် ပေါင်းစပ်နေကာ မည်သည့် အတားအဆီးကို မဆို ဖြတ်ကျော်နိုင်စွမ်း ရှိအောင် ထောက်ပံ့ထား၏၊

ထို့နည်းတူစွာပင်... ဆန်းကြယ် နှလုံးသား၏ ဒြပ်စင်ချီ တစ်ခုချင်းစီမှာ သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ အ‌ပေါ် များစွာ အကျိုးဖြစ်ထွန်း စေခဲ့လေသည်။

မြေကြီး - ကြံ့ခိုင်မှုနှင့် တာရှည်ခံမှု

ရေ - ပျော့ပြောင်းမှုနှင့် ချောမွေ့မှု

လေ - ခန္ဓာကိုယ် ထိန်းချုပ်မှုနှင့် အမြန်နှုန်း

မီး  - အပူဒဏ်နှင့် အအေးဒဏ်ကို ခံနိုင်ရည်ရှိမှု

သတ္တု - ခိုင်မာမှု၊ တာရှည်ခံမှုနှင့် မာကြောမှု

လျှပ်စီး - တုံ့ပြန်မှုနှင့် လှုပ်ရှားမှု အမြန်နှုန်း

သစ်သား - လိုက်လျောညီထွေ နေထိုင်နိုင်မှု၊ ဒဏ်ရာ ကုသနိုင်စွမ်း

ချော်ရည်ပူ - အပူဒဏ်ကို အဆုံးထိ ခိုင်နိုင်ရည် ရှိမှု

ရေခဲ - အအေးဒဏ်ကို အဆုံးထိ ခံနိုင်ရည်ရှိမှု...

ထိုအရာများကား ယေဘုယျအားဖြင့် ဒြပ်စင်ချီ ဆန်ကြယ်ချီ နှလုံသားကြောင့် ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများ ဖြစ်သည်။

ဝေ့ဝူယင်သည် “အစွမ်းထက်မှု” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်ကို ရှာတွေ့သွားသလို ခံစားနေရ၏။ သူသည် ခန္ဓာကိုယ် ခွန်အား သက်သက်ဖြင့်ပင် သေမျိုး နတ်ဘုရား တစ်ယောက်ကို သတ်ဖြတ်နိုင်ရန် ယုံကြည်ချက် ရှိနေပေသည်။

အကယ်၍ ဆေဘာချီ ဆန်းကြယ် နှလုံးသားကိုပါ ထပ်မံ ဖွဲ့စည်းပါက မည်မျှ အထိ အစွမ်းထက် လာမည်နည်း။

ဝေ့ဝူယင် သက်ပြင်းတစ်ချက်ချကာ အိတ်ထဲမှ အမတေ ကျောက်တုံးများကို ထုတ်ယူလိုက်သည်။ သူကား ဒုတိယမြောက် ချီနှလုံးသားကို အသွင်ပြောင်းတော့မည် ဖြစ်သည်။

ဆယ့်ခြောက်ရက် ကြာပြီးနောက်၌...

ရက်စက်ကြမ်းကြုတ်သော ဆေဘာချီမှာ မွေးဖွားလာကာ ပြင်းပြသော သတ်ဖြတ်လိုစိတ်များ တရစပ် ထွက်ပေါ်လာသည်။ ဂရုဏာကင်းမဲ့သော ဆေဘာ တေးသွားများသည် လေထုကို ခွဲဖျက်ကာ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံးကို ထက်ပိုင်းပိုင်း၏။

ဝေ့ဝူယင် မတ်တပ်ရပ်လိုက်သည်။ သူ၏ ညာဘက်လက်တွင် “ဒြင်စင်” ကို ဆွဲကိုင်ထားသည်။ (ဤနေရာရှိ ဒြပ်စင် ဆိုသည်က ဆေဘာဝိညာဥ်ကို သူ ပေးထားသည့် နာမည် ဖြစ်သည်။)

ဒြပ်စင်၏ ကွေး‌ကောက်သော ကျောရိုးနှင့် ချွန်ထက်သော ဓားသွားအစွန်းတို့မှာ သတ်ဖြတ်ခြင်း အငွေ့အသက် ခြေရာများကို သယ်ဆောင်ထားလေသည်။

“ဒီတော့ ဒါက ဆေဘာချီ နှလုံးသား တတ်နိုင်တဲ့ အရာပေါ့”

ဝေ့ဝူယင် စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။ သူသည် ကျင့်ကြံခြင်းတွင် အရှိန်အဟုန်နှင့် အခုန် ခုန်ပေါက် ကျော်လွှားနေခဲ့သော်လည်း တစ်ချိန်တည်း၌ ငရဲ၏ ကပ်ဘေး ဆယ့်ရှစ်ခု ဖိအားများကို ခံစားနေရဆဲ ဖြစ်သည်။ ထိုအရာက မည်သည့် အချိန်တွင် မည်ကဲ့သို့ ပေါ်လာမည်ကို သူမသိချေ။

ဒြပ်စင်ချီ ဆန်းကြယ်နှလုံးသား၊ ဆေဘာချီ ဆန်းကြယ် နှလုံးသားတို့နှင့် အတူ သူ၏ ကိုယ်ရောင်ကိုယ်ဝါ တစ်ခုလုံးမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူသည် လောကနှင့် တစ်သားတည်း အဖြစ် တည်ရှိနေကာ သဘာဝနှင့် ပေါင်းစည်းနေခဲ့၏။

သန့်စင်သော ချီမှာ ဒြပ်စင်၏ ပတ်လည်တွင် လှည့်ပတ်နေ၏။ ၎င်းရွေ့လျားချိန်တိုင်း၌ မည်သည့် ရောင်စုံ အလင်းတန်းများမှ ထွက်ပေါ်မလာပဲ အဖြူရောင် စင်းကြောင်း တစ်ခုသာ ကျန်ရစ်၏။ သာမန်ကြည့်ပါက ထိုအဖြူရောင် စင်းကြောင်းမှာ ဓားအလင်း တစ်ခုဟုသာ ထင်ရသည့်တိုင် အမှန်တကယ်တွင်မူ အသန့်စင်ဆုံး အဆင့်မြင့် ဒြပ်စပ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ နတ်ဘုရား ဧကရာဇ် ဟန်ရှဲ့ပင် ထိုအဆင့်ကို မရောက်ခဲ့ချေ။

***

All Chapters