← Chapters

ဧဒင်ကမ္ဘာဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 60

ဧဒင်ကမ္ဘာဂိုဏ်းသို့ ဝင်ရောက်ခြင်း

Vol. 5 Ch. 60

ချူးလမ့်ရှီးက ပြုံးကာ ဝေ့ဝူယင်ကို ကြည့်လိုက်သည်။ သူ၏ အံ့အားသင့်နေသော အမူအရာကို မြင်ရသည့်အခါ သူမ၏ နှလုံးသားထဲတွင် ဂုဏ်ယူသည့် ခံစားချက် တစ်ခုက လေးနက်စွာ ထွက်ပေါ်လာသည်။

ဝေ့ဝူယင်သည် အမှန်ကတယ်ပင် ထိုမြင်ကွင်း၏ ဖမ်းစားမှုကို ခံနေရသည်။ သူ၏ ငွေရောင် မျက်လုံးများသည် တဖျပ်ဖျပ်လက်နေကာ သစ်ပင်ကြီးကို စူးစမ်းနေခဲ့၏။ သို့သော်လည်း သူ စကားတစ်ခွန်းပင် မပြောချေ။ ထို့အစား အ,အ တစ်ယောက်လိုသာ တိတ်ဆိတ်နေခဲ့၏။

သူစကား မပြောရသည့် အကြောင်းရင်းမှာ မိန်းကလေးက သူ့အား အ,အ တစ်ယောက်ဟု ယူဆနေသောကြောင့် ဖြစ်သည်။ သူသည် သူမအား ကွက်ကျော်ရိုက်ထားနိုင်သလို စိတ်ထဲတွင် ခံစားနေရသည်။ ထို့ကြောင့်ပင် သူမအား ဘယ်တော့မှ စကား မပြောရန် ဝေ့ဝူယင် ဆုံးဖြတ်ထားသည်။

ဂိုဏ်းဆီ သူတို့ ပျံသန်းလာကြစဥ်မှာပင် အလျား ငါးမီတာ၊ အနံ သုံးမီတာခန့် ရှည်လျားမည့် သစ်ရွက်ကြီး တစ်ခုသည် သူတို့ထံ လွင့်မြောလာ၏။ ယင်းသည် စွမ်းအင်တစ်မျိုးကို ထုတ်လွှတ်နေပြီး ထူးခြားသည့် ဝင်္ကပါဖြင့် ဖွဲ့စည်းထားပုံ ရသည်။ အလယ်ဗဟို၌ ရှိသည့် အရာဝတ္ထုအချို့သည် လေစွမ်းအင်ကို ထုတ်လွှတ်ကာ သစ်ရွက်ကို လွင့်မြောနိုင်အောင် ပံ့ပိုးပေး၏။

ဝေ့ဝူယင်တို့သည် တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ သစ်ရွက်ကြီး ပေါ်တွင် မိန်းမ တစ်ယောက် စီးနင်းလာကြောင်း တွေ့လိုက်ရသည်။ သူမသည် ဆံပင်တိုတို ညှပ်ထားကာ အစိမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသည်။

ထိုမိန်းမက တင်းမာသော အမူအရာဖြင့် သူတို့ကို တားလိုက်၏။

“ရပ်လိုက်စမ်း...”

ချူးလမ့်ရှီးမှာ ထိုအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။ သူမက ကြိုးကြာဖြူကို လေထဲ၌ နေရန် ညွှန်ကြားပြီးနောက် လေးစားသော အမူအရာဖြင့် ထိုအမျိုးသမီးကို ထွက်တွေ့လိုက်၏။ သူမကား လုံခြုံရေး အပါအဝင် ဂိုဏ်း၏ ကိစ္စအဝဝကို စီမံရသည့် မြစိမ်း အထူး အမျိုးသမီး အဖွဲ့မှ တစ်ဦးပင် ဖြစ်ပေသည်။

မြစိမ်းအဖွဲ့၏ အဖွဲ့ဝင်တစ်‌ယောက်ချင်းစီမှာ အဂ္ဂိရတ် ပညာရပ်တွင်သာ မက၊ တိုက်ခိုက်ခြင်းများတွင်မှာပါ အလွန် ထူးချွန်ကြသည်။ သူတို့သည် မကြာခဏဆိုသလို အဆင့်တူ လူငါးယောက်လောက်ကို အမှောက်သိပ်နိုင်ကြသည်။

ချူးလမ့်ရှီးမှာ အဂ္ဂိရတ် ပညာရပ်တွင် မထူးချွန်သလို ကျင့်ကြံခြင်း ပါရမီတွင်လည်း နိမ့်ပါးလှရာ ထိုအဖွဲ့သို့ ဝင်နိုင်ရန် မဖြစ်နိုင်သလောက် ဖြစ်သည်။ သို့သော်လည်း အနည်းဆုံး သူမတွင် မျှော်လင့်ချက်များ ရှိပေသေးသည်။

“နှုတ်ဆက်ပါတယ်ရှင်...”

သူမက လက်နှစ်ဖက်ကို ဆုပ်လျှက် ဦးညွှတ်ကာ လေးလေးစားစား ဂါရဝပြုလိုက်၏။

မိန်းကလေးမှာ ထိုအရာကို အသားကျနေဟန် ရကာ လျစ်လျူလိုက်သည်။ ထို့အစား သူမက အဝတ်ဗလာ ဝေ့ဝူယင်နှင့် ကြိုးကြာဖြုူတို့ကိုသာ အကဲခတ်သည်။ သူမ၏ ဝိညာဥ်အာရုံက ဝေ့ဝူယင်တွင် မည်သည့် ကျင့်ကြံခြင်းမျှ ရှိမနေကြောင်း အတည်ပြုပေး၏။

ထိုလူညစ်ပတ် အမျိုးသားမှာ အသက် သုံးဆယ်ခန့် ရှိပြီဖြစ်သည့်တိုင် ကျင့်ကြံခြင်း အမှုကို တစ်ကြိမ် တစ်ခါမှ မပြုဖူးသည်လား...။

သူမက စိတ်ရှုပ်ထွေးစွာပင် ချူးလမ့်ရှီးဘက်သို့ လှည့်ကြည့်လိုက်သည်။

“နာမည်... အဆင့်နဲ့ ရည်ရွယ်ချက်...”

ချူးလမ့်ရှီးက လျှင်မြန်စွာပင် အဖြေပေးလိုက်၏။

“နာမည်က ချူးလမ့်ရှီပါ... အစိမ်းရောင်နည်းလမ်း ခန်းမကပါ... အခု ဂိုဏ်းအတွက် နာမည်ခံ တပည့် တစ်ယောက် ခေါ်လာတာပါ”

သူမက တိုတိုတုတ်တုတ်ဖြင့် အားလုံး ပြည့်စုံအောင် ဖြေကာ စကားအဆုံး၌ ဝေ့ဝူယင်ကို ညွှန်ပြလိုက်သည်။

မြစိမ်းအဖွဲ့ဝင် မိန်းကလေး၏ နဖူးတွင် အရေးအကြောင်း အချို့ ပေါ်လာသော်လည်း နောက်ဆုံး၌ သူမက ‌ခေါင်းကိုသာ ခါယမ်းလိုက်သည်။

“နင်တို့ သွားလို့ရပြီ...”

ပြောပြီးသည်နှင့် မိန်းကလေးမှာ လေထဲ၌ ဝဲနေသည့် သစ်ရွက်တစ်ရွက် အလား ထွက်ခွာသွားတော့သည်။

ချူလမ့်ရှီးက တိတ်တဆိတ် သက်ပြင်းချရင်း အေရီယာကို ပျံသန်းရန် ညွှန်ကြားလိုက်သည်။

“တစ်နေ့ကျ ငါ နင်တို့ထဲက တစ်ယောက် ဖြစ်လာရမယ်...”

သူမက စိတ်ထဲတွင် လေးလေးနက်နက် ကျိန်ဆိုလိုက်လေသည်။

...

“ဟီ... ဟီ...”

ဝေ့ဝူယင်သည် သစ်သား ရေချိုးဇလုံ တစ်ခုထဲတွင် ဆော့ကစားရင်း ရေချိုးနေခဲ့၏။ သူသည် ခန္ဓာကိုယ် အနှံ့ကို အဝတ်ပြားတစ်ခုဖြင့် ပွတ်တိုက်နေခဲ့ခြင်း ဖြစ်ပြီး သူ၏ မျက်လုံးများမှာ ကျေနပ်မှုဖြင့် ပြည့်နှက်နေလေသည်။ ရေများမှာ သစ်သားစွမ်းအင်ဖြင့် ပြည့်နှက်၍ အစိမ်းရောင် သမ်းနေရာ ဝေ့ဝူယင်မှာ ထိုအထိအတွေ့ အရသာကို နှစ်ခြိုက်နေ၏။ သူကား နာရီဝက်ကြာပြီ ဖြစ်သည့်တိုင် ရေချိုးဇလုံ၏ အပြင်သို့ မထွက်သေးချေ။

သူတည်ရှိနေသည့် အခန်း၏ နံရံများကို သစ်ခေါက်များဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ အခန်းတွင် တံခါး တစ်ခုတည်းကာ ရှိကာ လူဆယ်ယောက်ခန့် ရပ်ရုံလောက်သာ ကျယ်ဝန်းသည်။

ရှပ်... ရှပ်...

မိန်းကလေး တစ်ယောက်သည် ခြေသံ ကျယ်ကျယ်ဖြင့် ရေချိုးခန်း အတွင်း ဝင်ရောက်လာ၏။

ချူးလမ့်ရှီး ပင်... ။

ချူးလမ့်ရှီးသည် ချိုသာသော အပြုံးကို ဆင်မြန်းရင်း ပိန်ပါးသော ခန္ဓာကိုယ်အား လှုပ်ခါကာ လျှောက်လာနေခဲ့ခြင်း ဖြစ်သည်။ သူမသည် အညစ်အကြေး၊ ချေးညှော်ကင်းကာ သန့်စင်နေသည့် ဝေ့ဝူယင်ကို ကြည့်ကာ အံ့သြတုန်လှုပ်သွားလေ၏။

ဝေ့ဝူယင်၏ ‌ငွေ‌ရောင်မျက်လုံးများမှာ သူမ တစ်ခါမျှ မမြင်ဖူးသည့် ဖြူစင်၊ တောက်ပမှုများနှင့် ပြည့်နှက်နေသည်။ သူ၏ ကြွက်သားများမှာ ပန်းပု ထွင်းထုထားသယောင် ထင်ရကာ ယောက်ျား တစ်ယောက်၏ ခန့်ညားမှုကို အစွမ်းကုန် ဖော်ကြူးနေ၏။ များစွာ တွေးမယူရပါပဲ သူမ၏ နှလုံးသားမှာ မီးတောက်များဖြင့် လောင်ကြွမ်းသွားသည်။

ဝေ့ဝူယင်က ချူးလမ့်ရှီးကို ညင်သာစွာ ပြုံးပြလိုက်၏။ သွားမပေါ်သော အပြုံးက သူ၏ ရုပ်ရည်ကို ပို၍ပင် တမူ ထူးခြားစေသည်။ သို့သော်လည်း...

အကယ်၍ သူသာ ပါးစပ်ကို ဖွင့်ကာ ပြုံးလိုက်ပါက ချူးလမ့်ရှီးမှာ သူ၏ သွားအချို့ ကျိုးနေကြောင်း သတိပြုမိသွားလိမ့်မည် ဖြစ်သည်။ သူသည် ဒဏ်ရာများကို ပြန်လည် ကုသရန် အတွက် မည်သည့် ဆေးဝါးကိုမျှ မတတ်နိုင်သေးရာ သူ၏ သွားများမှာလည်း ပြန်လည်ပေါက်နိုင်စွမ်း နည်းပါးလွန်းလှသည်။

“အဟမ်း...”

ချူးလမ့်ရှီးက ကိုယ့်ကိုယ်ကို ပြန်လည် ထိန်းသိမ်းလိုက်၏။ သူမ၏ လက်ထဲတွင်မူ အညိုနှင့် အဖြူ‌ရောင်တို့ ‌ရောနှောကာ ချုပ်လုပ်ထားသည့် ဝတ်စုံတစ်စုံကို ကိုင်ထားသည်။ ထိုအရာကား ဂိုဏ်း၏ နာမည်ခံ တပည့်များ၏ ဆင်တူဝတ်စုံပင် ဖြစ်လေသည်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင်... နာမည်ခံ တပည့်များမှာ ဂိုဏ်းတိုင်းတွင် ကျွန်အဆင့်သာသာ အဆင့်အတန်းများကိုသာ ပိုင်ဆိုင်ကြပေသည်။ အကယ်၍ ဝေ့ဝူယင်သာ နေသွေးနီနီဂိုဏ်းရှိ အချိန်များကို မှတ်မိပါက ထိုတပည့်များ၏ နိမ့်ကျမှုကို ပြန်လည် အမှတ်ရလိမ့်မည် ဖြစ်သည်။ သူတို့သည် အရေအတွက်အားဖြင့် အလွန် များပြားကာ၊ နာမည် ဂုဏ်သတင်း ကင်းမဲ့၍ အရေးမပါသူများသာ ဖြစ်သည်။

သို့သော်လည်း... လက်ရှိ ဝေ့ဝူယင်ကမူ ထိုအရာများကို ဂရုစိုက်ဟန် မရချေ။ သူက ရေချိုးဇလုံထဲမှ ထွက်လာကာ ချူးလမ့်ရှီးထံသို့ လျှောက်လာခဲ့၏။ ဝတ်စုံလေးအား ကြည့်ရသည်က နူးညံ့ဟန် ရသည်။ သူ နူးညံ့သော အရာများကို သဘောကျပေသည်။

ချုးလမ့်ရှီးက ပြောလိုက်၏။

“နင် စာရင်းသွင်းထားပြီးပြီ... ဒီနေ့ကစပြီး နင် ငါတို့ အစိမ်းရောင်နည်းလမ်း ခန်းမရဲ့ နာမည်ခံ တပည့် တစ်ယောက်၊ ဧဒင်ကမ္ဘာဂိုဏ်းရဲ့ တပည့် တစ်ယောက် ဖြစ်သွားပြီ”

သူမက ဝေ့ဝူယင်အား ဝတ်စုံနှင့် စာအုပ်တစ်အုပ်ကို လှမ်းကမ်းပေးလိုက်သည်။ စာအုပ်၏ ထိပ်ဆုံး စာမျက်နှာတွင် “ဧဒင်ကမ္ဘာရဲ့ စည်းကမ်း ၁၈၀” ဟု ရေးသားထား၏။

ဝေ့ဝူယင်က ဝတ်စုံကို လှမ်းယူကာ လျှင်မြန်စွာပင် ဝတ်လိုက်သည်။ မကြာခင်မှာပင် သူ ဝတ်ဆင်ပြီးစီးသွား၏။ ထိုဝတ်စုံမှာ သူနှင့် တိုင်းချုပ်ထားသည့်အလား ကွက်တိပင်..။

“ကောင်းတယ်...”

ချူလမ့်ရှီးက ဝေ့ဝူယင် အဝတ်အစား ဝတ်ဆင်နေသည်ကို မျက်တောင်တစ်ချက် မခပ်ကြည့်ရင်း မှတ်ချက်ချ လိုက်သည်။ သူမတွင် လုပ်စရာ အစီအစဥ်များ ရှိနေသော်လည်း ရင်ထဲရှိ အပူရှိန်မှာ ပိုမို မြင့်တက်လာနေခဲ့၏။ သူမက လက်သန်း၌ စွပ်ထားသော လက်စွပ်ကို ငုံ့ကြည့်လိုက်သည်။

ထိုလက်စွပ်တွင် မည်သည့် အလှဆင် ကျောက်မျက်ရတနာမှ ပါရှိမနေချေ။ လက်စွပ်တစ်ခုလုံးမှာ အဖြူရောင် ဆွတ်ဆွတ် ဖြစ်၏။ ၎င်း၏ အလယ်တွင် အနီရောင် ဖြင့် ရေးသားထားသည့် “အဖော်” ဟူသော စကားလုံး တစ်ခုသာ ပါရှိသည်။ ထိုလက်စွပ်ကို ကြည့်ရင်း သူမ၏ ခံစားချက်များမှာ ရှုပ်ထွေးလာသည်။

သူမက ဝေ့ဝူယင်ကို နောက်တစ်ကြိမ် ပြန်လည်ကြည့်လိုက်၏။ ထိုလူငယ်မှာ ကျင့်ကြံခြင်း အခြေခံ ပျောက်ဆုံး နေသည့်တိုင် သူ၏ ခန္ဓာကိုယ်က အလွန် ဆွဲဆောင်မှု ရှိလွန်းသည်။ ပို၍ အရေးကြီးသည့် အချက်ကား ထိုလူငယ်မှာ အ,အ တစ်ယောက် ဖြစ်နေခဲ့ခြင်းပင်...။

ထိုအရာမှာ ရှားပါးလွန်းသော အခွင့်အရေး ဖြစ်သည်။ အကယ်၍ ထိုအခွင့်အရေးကိုသာ လက်လွှတ်ခဲ့ပါက သူမ တစ်ဘဝလုံး နောင်တ ရနေမိလိမ့်မည် ဖြစ်သည်။

“ဒီဝတ်စုံက နည်းနည်း ချောင်နေသလိုပဲ... မမ လမ့်ရှီး မင်းကို ကူညီပေးမယ်နော်...”

သူမက ပြောရင်း ဝေ့ဝူယင်၏ အဝတ်များကို ဖြည်းညင်းစွာ တဖန် ပြန်လည် ချွတ်ချလိုက်၏။ ဝေ့ဝူယင်မှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း သူမက သူ့အား အဝတ်များ ပေးထားသူ ဖြစ်ရာ မငြင်းဆန်ခဲ့ချေ။ များမကြာမီမှာပင် သူကား နောက်တစ်ကြိမ် ကိုယ်လုံးတီး ဖြစ်သွားခဲ့ပြန်ပြီ ဖြစ်သည်။

ချူးလမ့်ရှီးမှာ ရီဝေဝေ အကြည့်များဖြင့် သူမ၏ အဝတ်များကိုပါ ချွတ်ချပစ်လိုက်၏။ သူမ၏ ပိန်ပါးသော ခန္ဓာကိုယ်နှင့် မို့မောက်မောက် တင်သားတို့ပါ အပြည့်အဝပင် ပေါ်လွင်လာခဲ့လေသည်။ သူ၏ ရှည်လျားသော အရပ်၊ လုံးဝန်းသည့် ရင်အုံနှင့် မိန်းမဆန်သည့် အကွေ့အကောက်များမှာ‌ ဝေ့ဝူယင်အား အကြည့် မလွှဲနိုင်အောင် ပြုစားထားသယောင်ပင်။

သူမက အောက်နှုတ်ခမ်းကို ခပ်ဖွဖွ ကိုက်ရင်း ဝေ့ဝူယင်၏ မျက်နှာကို ညာဘက်လက်ဖြင့် ပွတ်သပ်လိုက်သည်။ တစ်ချိန်တည်း၌ သူမ၏ ဘယ်ဘက်လက်ကမူ ယောကျ်ားတို့၏ ပျမ်းမျှ စံနှုန်းထက် ကျော်လွန်နေသည့် အရာ တစ်ခုကို ထိတွေ့သွားသည်။

“မမလမ့်ရှီး မင်းကို ကောင်းအောင် လုပ်ပေးမယ်နော်... မင်း လိုချင်တယ်မလား...”

အမှန်တကယ်တွင်မူ... ထိုစကားလုံးများပင်လျှင် မလိုအပ်ခဲ့ချေ။ ဝေ့ဝူယင်၏ ခန္ဓာကိုယ်မှာ သူမ အပေါ် စိတ်အား ထက်သန်မှု အပြည့်ဖြင့် တုန့်ပြန် နေခဲ့ပြီ ဖြစ်သည်။ သူသည် မှတ်ဉာဏ်များ ပျောက်ဆုံးသွားခဲ့သည့်တိုင် ထိုဗီဇတွင်တော့ လျော့ကျသွားဟန် မရချေ။

ဝေ့ဝူယင်သည် လက်နှစ်ဖက်ဖြင့် ချူးလမ့်ရှီးအား တင်းကြပ်စွာ ပွေ့ဖက်ကာ ခမ်းကြမ်းကြမ်း ကိုင်တွယ်နေ၏။ သူ၏ နှုတ်ခမ်းများက စွဲမက်ဖွယ်ရာ အပြည့် သူမ၏ ခန္ဓာကိုယ် အပေါ် တရစပ် ကျရောက်နေသည်။

မကြာခင်... ရေချိုးခန်း တစ်ခုလုံးမှာ ရမ္မက်လွှမ်းခြုံသည့် အော်ညီးသံများနှင့် ပြည့်နှက်သွားလေတော့သည်။

တစ်နာရီခန့် ကြာပြီးနောက်...

ဝေ့ဝူယင်သည် ဂိုဏ်း၏ နာမည်ခံ တပည့် ဝတ်စုံကို ပြန်လည် ဆင်မြန်းထားခဲ့ပြီး ဖြစ်သည်။ သူသည် အမှန်တကယ်ပင် ထိုဝတ်စုံ၏ အထိအတွေ့ နူးညံ့မှုကို သဘောကျသည်။ ၎င်းက မိဖြူ၏ အမွေးများလောက် မနူးညံ့သော်လည်း နီးနီးစပ်စပ် တူပေသည်။

ဝေ့ဝူယင် သူ၏ ဝတ်စုံကို အကဲဖြတ်နေချိန်၌ ချူးလမ့်ရှီးကမူ ရေချိုးခန်း ကြေးမုံမှန်၏ အရှေ့တွင် ထိုင်ကာ သူ၏ ဆံပင်များကို ပြန်လည် ဖီးသင်နေခဲ့သည်။ သူမ၏ မျက်နှာက အနည်းငယ် နီမြန်းနေသော်လည်း သူမ၏ မျက်လုံးများကမူ တောက်ပနေ၏။ သူမက အနည်းငယ် ပြုံးလိုက်ကာ အဖြစ်အပျက်များကို ပြန်လည် စမြုံ့ပြန် လိုက်သည်။ သူမသည် ထိုအရသာကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးသလို မည်ကဲ့သို့ လုပ်ရမည်ကိုပင် မသိခဲ့ချေ။

သို့သော်လည်း... အစီအစဥ်များ အကြောင်း တွေးမိသော အခါ သူ၏ အမူအရာက ပြောင်းလဲသွား၏။ နောင်တရသလိုလို ခံစားချက် တစ်ခုက သူမ၏ အတွေးဝယ် နေရာယူ လာခဲ့သည်။

“ငါ ရက်သတ္တပတ် အနည်းငယ်လောက် စောင့်ခဲ့သင့်တာ...”

သူမက သက်ပြင်းတစ်ချက်ကို လေးလေးပင်ပင် ချလိုက်လေတော့သည်။

***

All Chapters